“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ် 6)
“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ် 6)
“ ပ လက် ဖောင်း အမှတ် -၁၉” ကတော့
မမေ့ နိုင်စရာ ရက် တွေ ပါဝင် တဲ့ ဘဝ အတွေ့ အကြုံအသစ်များဘဲဖြစ်ပါတယ်။
ဒီ အချိန်အခါမှာ ကျနော် ပ ထ မဆုံးစွန့်လွှတ်လိုက်ရတာတော့ ည ည ဆို
စာ ဖတ်ချင်တဲ့ အချိန် ထိ ဖတ်
အိပ် ချင် တဲ့ အချိန် မှအိပ် တတ် တဲ့ အကျင့်ကို စွန့်လွှတ်လို်က်ရခြင်းဖြစ်ပါတယ်.။
မီးခြစ်စက်ရုံ မှာ ကျနော ်အလုပ် ဝင်တော့“လုပ်ခလစာ”ဌာနမှာ တာဝန်ကျပါတယ်။
အဲဒီတော့မနက်ဆိုရင် ၆နာရီ ၄၅( ရနာရီမတ်တင်းမှာ)ကျနော်အလုပ်ဝင်ရပါတယ်။
စက်ရုံအဝင်ဝ ဂိတ်တဲ ထဲ ကနေ ပြီး ဒလဝမ်လုပ်ရ တာပါ။
အလုပ်ခွင်ဝင် မယ့် လုပ်သားတွေကို သူတို့ရဲ့ကိုယ်ပိုင်နံပါတ်တတ်ထားတဲ့
သံပြား အဝိုင်းလေးတွေကို တစ်ယောက်ခြင်းစီပေးရပါတယ်။
သူတို့ ကအဲ ဒီ သံပြားအဝိုင်းလေးတွေကို သူ တို့ ရဲ့ လုပ်ငန်းဌာနစိတ်မှာသွားချိတ်ရပါတယ်။
အဲ လို နံပါတ်တွေ ပေးရင်းကနေပြီး သူ တို့ နာမယ် တွေ ကို မ မှတ် မိ တော့ ဘဲ
သူတို့ ရဲ့ လုပ်သား နံပါတ်တွေကို ဘဲ မှတ် မိ နေ ပါတော့ တယ်။
ပြီးရင် ( ၇) နာရီဥဩဆွဲ ပြီးမှ စက်ရုံ ထဲ ကို ဝင် လာ တဲ့
အလုပ်နောက်ကျ တဲ့ သူ တွေကို စာရင်းမှတ် ရပါတော့ တယ်။
အဲတော့ အိမ်က မနက် (၆) နာရီအိပ်ယာထ။
(၆)နာရီ ၁၅ ဆိုရင်အိမ်က ထွက် မှ အလုပ်ကိုအချိန်မှီရောက်ပါတယ်။
နေချင်သလိုနေခဲ့ တဲ့ လူတစ်ယောက်စည်းနဲ့ဘောင်နဲ့ နေရတဲ့ဘဝကို
ပထမ ဆုံးအကြိမ်ရောက်ရှိခြင်းပါဘဲ။
မနက်အလုပ်သွားမယ်ဆိုရင်အိမ်ကထမင်းချိုင့်ထည့်သွားရပါတယ်။
အနောက်ကျူံးလမ်း လမ်း ၈ဝ ကနေလမ်းလျောက်ပြီး ၈၆လမ်း
၂၅ လမ်း ရေကြည်ညောင်ပင်အောက်မှာလိုင်းကားသွားစောင့်ပြီးစီးရပါတယ်။
အမှတ်(၆)ကား ဂိတ်ဆုံး ထိစီး
အဲဒီကမှ နာမယ်ကျော်
ကျောက်သပိတ်ရပ်ကွက်ကိုဖြတ်ပြီး မြစ်ဆိပ် တာရိုး နံ ဘေးမှာရှိတဲ့
မီးခြစ်စက်ကို သွားရတာပါ။
(ကျောက်သပိတ်ဆိုတာ ဖိုး ဖဲ ဖာ မူးယစ်ဆေး နဲ့လောင်းကစား အကုန်အစုံ ရ နိုင်တဲ့ အရပ်ဒေသပါဘဲ။
ခေတ်အဆက်ဆက်ပန်းပန်လျက်ပါ ဘဲ ဆို တဲ့နေရာပေါ့။)
ကျနော် အလုပ် ဝင် စ က အဲ ဒီ အနားရောက်ရင် ဧည့် ကြိုကောင်လေးတွေက
“အကို သွား မလား ရှိတယ် နော်” လို့ လာ လာ ပြောတတ်ပါတယ်။
အစကတော့ ရှက်ပါတယ်။
နောက်တော့ ကျနော်ကလဲကြားရဖန်များတော့ ရိုးသွားသလို
သူတို့ကလဲ မီးခြစ်စက်က မှန်း သိ သွားတော့ မခေါ်တော့ပါဘူး။
နောက်ပိုင်းမှာတော့ အလုပ်သွားရင် အဲဒီဘက်က မသွားတော့ဘဲ
ပေါက္ကရို အရပ် ထဲ က ဘဲ ဖြတ်သွားပါတော့ တယ်။
အတည်လား ရီစရာလား မသိနိုင်တဲ့ ဖတ်ဘူးခဲ့ တာလေး ကို ပြောပြ ချင် ပါတယ်။
တစ်ခါက ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်ခေါင်းဆောင်ရယ် အရင်းရှင်နိုင်ငံက ခေါင်းဆောင်ရယ်
ဆုံကြပါသတဲ့။
ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်ခေါင်းဆောင်က ပြောပါ သတဲ့။
သူတို့ နိုင်ငံမှာလူတန်းစားကွာခြားချက်ကျဉ်းမြောင်းသွားတဲ့အကြောင်းပြော ပြ ပါ သတဲ့။
အဲဒီမှာအရင်းရှင်ခေါင်းဆောင်က
“ညီမှာပေါ့ ခင်ဗျားတို့ က အားလုံး ဆင်းရဲအောင်လုပ်လိုက်တာကိုး။
ကျုပ်တို့ ကတော့ အားလုံးချမ်းသာချင်စိတ်ပေါက်လာအောင် တို်က်တွန်းတာ” လို့ ပြောပါသတဲ့။
သူပြောခဲ့တဲ့စကား က တကယ်မှန်ပါတယ်။
အဲဒီအချိန်က ဆိုရှယ်လစ်ကွန်မြူနစ်နို်င်ငံအားလုံးက ဆင်းရဲကျပ်တည်းမူ့ နဲ့ ကြုံ နေရ တဲ့
နိုင်ငံ တွေက အများစုဖြစ်ပါတယ်။
ဆိုရှယ်လစ် စံ နစ် ကို လူ တန်း စား ဘယ် လို ညီအောင်ညှိတယ်ပြောပြော
လူ့ အဖွဲ့ အစည်းမှာ ကွာဟချက်တွေရှိနေတုန်းပါဘဲ။
မတူညီတာကို ဇွတ်အတင်းညှိ တဲ့ အတွက် ညီ မလာဘဲ
ကွာဟချက် က ပို ပို ပြီး ကြီးထွားလာ တယ် လို့ တွေ့ မိ ပါ တယ်။
ကျနော်တို့ နိုင်ငံမှာ ဆိုရှယ် လစ် စံနစ်မအောင်မြင်ခဲ့ရတဲ့ အကြောင်းကိုပြန်စဉ်းစားလိုက်ရင်
ဒီအချက် ကြောင့် လို့ ဆို ချင် ပါ တယ်။
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်နဲ့ ချီတက်ခဲ့ ကာ လ တွေ မှာလဲ ဆင်းရဲသူနဲ့ချမ်းသာသူအကြား
ခြားနား ချက်တွေရှိနေတုန်းပါဘဲ။
လူ့ အဖွဲ့ အစည်းတွေမှာလဲ
အစိုးရဝန်ထမ်းနဲ့ကုန်သည်ပွဲစား
ပါတီဝင်သူနဲ့ မဝင်သူ
ဉာဏလုပ်သားနဲ့ကာယလုပ်သား ဆို တဲ့ လူ တန်းစားတွေကြားမှာ
ကွဲလွဲမူ့ တွေ အမြင်မကြည်လင်မူ့ တွေရှိနေခဲ့ ပါတယ်။
ကျနော်အလုပ်လုပ်တဲ့မီးခြစ်စက်မှာ ကာယလုပ်သားနဲ့ဉာဏလုပ်သားတွေ
ရောယှက်ပြီးအလုပ်တွေလုပ်ကြရတာပါ။
ကုန်ထုတ်စွမ်းအားအတွက် ကျွမ်းကျင် လုပ်သားတွေရှိပြီး
စာရင်းအင်းနဲ့အုပ်ချုပ်မူ့ အပိုင်း အတွက် ရုံးဝန်ထမ်းတွေရှိပါတယ်။
ဒီလူ တန်း စား နှစ်ရပ်က တကယ်ပြောရင် တစ်ဖက် နဲ့ တစ်ဖက်
အမြင်မကြည်လင်ကြတာအမှန်ပါဘဲ။
အထူးသဖြင့် ကျနော် တာ ဝန် ယူရတဲ့ လုပ်ခ/လစာ ဌာနနဲ့ ဆိုရင်
လုပ်သားတွေနဲ့ အမြဲ တမ်း ပြဿနာ တက်လေ့ ရှိပါတယ်။
ကျနော် တို့ က သူတို့ အလုပ်ပျက်ရက်တွေ ဘာ တွေကို တွက်ချက်ပြီး
လခထဲက နေ ဖြတ်တောက်ရ တာ ကိုး။
နောက်ပြီး သူတို့ ရဲ့ အချိန်ပို လုပ်ခတွေကို လဲ တွက်ပေး ရ သလို
ဆေးခွင့် တွေ ပင်စင်ကိစ္စတွေ ဘာတွေကို လဲ ကျနော် တို့ ဌာ န က နေ
တွက်ပေးရ ပါတယ်။
အဲ တော့ သူ တို့ ကို ဖြတ် တာ တောက်တာေ တွ
အချိန်ပို နာရီ တွေ အတွက် အမြဲ တမ်း မဟုတ်ဘူး ဟုတ်တယ်
ငြင်းရ လေ့ ရှိ ပါတယ်။
ကျနော်ရောက်စ မှာ ဒီ ဌာန ရဲ့အခေါ်ဝေါ်တွေကို နား လည်အောင်
အရင် သင်ရ ပါတယ်။
“ ပုဇဉ်း “လို့ပြောရင် အဲ ဒီလူ က ခွင့် မဲ့ ပျက် ကွက်တာ
ဘိုလို absent ကို မြန်မာအသံထွက်နဲ့ ခေါ် တာပါ။
တစ်နှစ်အတွင်းမှာ ပုဇဉ်း အကြိမ်သုံးဆယ် ကျော်ရင် အလုပ် က
ရပ်နား တာ ကို ခံ ရ ပါတယ်။
“ဖူလုံရေး “လို့ ပြောရင် အဲ ဒီ လူက အလုပ်ခွင် ကို တန်းမ လာ ဘဲ
ဖူ လုံ ရေး ဆေး ခန်း ကို သွားပြ နေ တာ။
အဲဒီအချိန်က ၂၂စီလမ်း နဲ့ ၈၂လမ်းဒေါင့် မှာ လူ မူ့ ဖူ လုံရေးဆေးပေးခန်းရှိပါတယ်။
ဆေးခွင့် ယူ ချင် တယ် ဆို ရင် အဲဒီဆေးခန်းက ထောက်ခံ စာ ပါ မှ တရား ဝင် ပါတယ်။
ဝန်ထမ်းတွေက နာ မကျန်း ဖြစ ်တယ် ဆို ရင် အဲ ဒီဖူလုံရေးဆေးခန်းကို သွားပြခွင့်ရှိပါတယ်။
အဲ ဒါ ကို အချို့ သော သူတွေက လက် တစ်လုံးခြားအသုံးချပါတော့တယ်။
ပုံ မှန် အလုပ် ခွင်ကို မနက် ရ နာ ရီမှာဝင်ရပေမယ့် ဖူလုံရေး ကို သွားတယ်ဆိုရင်
ဆယ် နာရီလောက် မှ အလုပ် ထဲ ကိုရောက်ပါတယ်.။
ခေါင်းကိုက်ဘိုက်နာ အလွယ်ရှာမ ရ တဲ့ ရော ဂ ါတွေ နဲ့ ဖူ လုံ ရေး ကို သွားပြကြပါတယ်။
(ကျနော်တို့ မြန်မာတွေက ဥပဒေ ကို လက် တစ်လုံးခြား လှည့် ဖျား တဲ့ အတတ်ပညာမှာတော့
အတော်လေးစွမ်းတယ်လို့ ဆိုနိုင်ပါတယ်။)
မနက် အလုပ် လာ တာ နောက်ကျ တာ တစ် လ အတွင်းမှာ ငါးကြိမ်ကျော်ရင် ဝမ်နိမ်ပေးပါတယ်။
အဲလို ဝမ်နိမ်တွေများ ရင် ရာ ထူး မတက် ဘူးပေါ့။
အဲတော့ လဲ အလုပ် နောက် ကျ မယ် ထင် ရင် ဖူ လုံရေး ကို ပြေးကြ တော့ တာပါဘဲ။
ကျနော်တို့ စက်ရုံ လုပ် သားတွေက အဲ ဒီနားကပေါက္ကရို ဆို တဲ့ အရပ် မှာ နေကြ သူတွေများပါတယ်။
အဲဒီပေါက္ကရို အရပ် က ခဲလန်ချောင်း လို့ ခေါ် တဲ့ ကောက်ညှင်းကျည်တောက် တွေ လုပ်ပြီးရောင်းကြ တဲ့အရပ်ပါဘဲ။
အဲ တော့ သူ တို့ အိမ်တွေကလဲ ခဲလန်ချောင်းလုပ်ကြ တာများပါတယ်။
မန်းလေးမြို့ ရဲ့ ဘုရား ပွဲ ရာ သီရောက်ပြီဆိုရင် ခဲလန်ချောင်းကို ဦးစား ပေး ပြီး လုပ် ကြ တာ များတော့
အလုပ် တွေ နောက်ကျ ကြ အလုပ် တွေ ပျက် ကြ နဲ့ ပါဘဲ။
အဲ ဒီ လတွေ ဆို ရင် လခ ချ ချိန်မှာ သူတို့ နဲ့ ကျနော် တို့ အမြဲ တမ်း အငြင်းပွားရပါတယ်။
အလုပ်ပျက်တယ် မပျက် ဘူး ဆို တာ တွေပေါ့။
တကယ် လို့ သာ လူ တစ်ယောက် က အလုပ် တစ် ခု ထည်း လုပ်ရုံ နဲ့ မိသားစု စား ဝတ် နေရေး
ပြေ လည် တယ် ဆိုရင် ဒီလို ပြဿ နာ တွေ မရှိ မှာ ကေ တာ့ သေချာပါတယ်။
အဲ ဒီအချိန်က တည်း က အိမ်ရှိ လူ ကုန် အလုပ် လုပ် မှ စား ဝတ် နေရေး အဆင်ပြေရုံလောက်ဘဲ ရှိ ပါတယ်။
ကျနော် အဲဒီအလုပ် ကို ရောက်ပြီး မကြာ ခင် မှာ ကျနော်တို့ ဌာ နမှာ ပြဿ နာတစ်ခု တက်ပါတယ်။
ဝန်ထမ်းတစ်ယောက် ပင် စင် ယူ ပြီး တစ်နှစ်ကျော် ကြာ တာ တောင်မှ သူ့ အတွက်ပင်စင်
လစာ ကျ မ လာ လို့ ပါ။
အဲ လို လဲ ဖြစ်ရော ကျနော် တို့ ကိုအပေါ်က ထု တော့ တာပေါ့။
တကယ် အဖြစ် မှန် ကတော့ အဲ ဒီလူ ရဲ့ အလုပ် ထဲ က နာ မယ် နဲ့ မှတ်ပုံတင်ထဲက
နာ မယ် လွဲ နေ လို့ ရုံးချုပ် က ချ မပေ း တာ ပါ။
နောက်မှ သေ ချာ လိုက် ပြီး စစ်ဆေး တဲ့ အခါမှာ လက်ရှိအလုပ် လုပ်နေတဲ့ သူတွေမှာလဲ
မှတ်ပုံတင် နာ မယ် နဲ့ အလုပ် ထဲက နာ မယ် လွဲေ နတာ ကို သိ လိုက်ရပါတယ်.။
အဖြစ်မှန်ကတော့ သေ သွား တဲ့ ထွက် သွားတဲ့ လူ နေရာမှာ
နောက်ထပ် လူ တစ်ယောက် ကို အစား ထိုး ပြီး အလုပ် ခန့် ခဲ့ကြ လို့ အခုလို
နာ မယ် ကွဲလွဲ ချက်တွေ ရှိ နေတာကို သိ လိုက်ရပါတယ်။
အဲဒါ ကို သိ လိုက်တဲ့ အချိန်က စပြီး တော့ ဝန် ထမ်းတွေကို နာမည်မှန်အောင် ပြန်ပြန်ဆင်ရ
ဝန်ထမ်းစာအုပ်(service book)တွေကို အသစ်ပြန် လုပ် ပေး ရ ပါတော့ တယ်။
******************************************************************
အဲဒီအချိန်မှာကတည်း က အစုးိရ ဝန်ထမ်း ဆိုရင် သာ မန် ပြည်သူ ပြည်သားထက်
တစ်ရေမြင့် နေသလိုပါဘဲ။
အစိုးရ ဝန် ထမ်း အများ စု က လဲ “မ လုပ် ၊ မရှုပ်၊ မပြုတ်”ဆိုတဲ့ ဆောင်ပုဒ်ကို
လက်ကိုင်ထားပြီးေ နကြ တာများပါတယ်။
အဲတော့ အလုပ် လုပ် ကြ တာ အား စိုက်ပြီး မလုပ်ကြ တာ များပါတယ်။
ဒီတော့ ရုံးလုပ်ငန်းနဲ့ပါတ်သက်ရင်အားလုံးကြာ ပါ တယ်။
အလုပ်တစ်ခု ခု လုပ်မယ် ဆိုရင် အချိန်ဆွဲကြပါတယ်။
အလုပ်ကို မလေး စား ကြ တာအများစုပါဘဲ။
ငွေတွေ ဘာ တွေ သွင်းရ တဲ့ နေရာ တွေမှာဆိုရင်
အပြင်က လူတွေ ဘယ်လောက်သွေးတောင့် အောင်ရပ်စောင့် နေရပါစေ
သူတို့ ကတော့ အေးအေးဆေးဆေး ပြောလိုက်ဆိုလိုက်ရယ်လိုက်မောလိုက်နဲ့ပါဘဲ။
စာရွက်တစ်စောင်က ဟိုဘက်စားပွဲနဲ့ဒီဘက်စားပွဲ ကုူးဘို့
ရက်ပေါင်းများစွာကြာပါတယ်။
ဗဟိုဦးစီး စံနစ် လို ထိပ်ပိုင်းက နေ အားလုံးကိုစုကိုင်ထားကြတဲ့အခါ
ရုံးလုပ်ငန်းနဲ့ ဆောင်ရွက် စရာတွေ ကြာ နေ လို့ မေး လိုက်ရင်
“အထက်က ပြန် ကျ မလာ သေးဘူး” ဆို တဲ့ စကားမှာတင်
အားလုံးရပ် သွားပြီး ဘာ မှ အတွန့် ထပ်တက်လို့ မရ တော့ ပါဘူး။
အဲတော့မြန်ချင် တယ် ဆိုရင် အလိုက်သိရပါတယ်။
အစကတော့ လာဘ် စားချင်လို့ လုပ်ငန်းတွေကြာတာမဟုတ်။
အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်အပျင်းထူချင်လို့အလုပ်တွေမပြီးကြတာပါ။
နောက် မြန်စေချင်သူတွေက ပိုက်ဆံ ပေး တယ်ဆိုတာကို သိ လာ တော့
လာဘ်မပေး ဘဲ မနေနိုင် အောင် အချိန်တွေဆွဲ ပညာတွေ ပြ ကြပါတော့တယ်။
အဲဒီခေတ်က ထင်ရှားတဲ့ဆောင်ပုဒ်တစ်ခုဖြစ်တဲ့
“အူမတောင့် မှ သီလ စောင့် မယ်” ဆိုတာကို တလွဲအသုံးချ ကြ တာပါ။
ဒါပေမယ့် လဲ အဲဒီခေတ် ကာ လ က အစိုးရ ဝန် ထမ်းတွေ လဲ ဘာဘဲပြောပြော
ဆင်းရဲကျပ်တည်းခဲ့ ကြတာ လဲအမှန်ပါဘဲ။
ရရစားစား ဝါး ဝါး မျို မျို ပါ ဘဲ။
လာဘ်စားတယ် ဆို တာ ကြီး က တစ ထက် တစကြီးထွားလာခဲ့ တာအခုချိ်န်ထိပါဘဲ။
အခုချိန်မှာတော့ ရှင်းလင်းဘို့ အတော်ခက်ခဲ တဲ့ ပြဿ နာအကြီးကြီးပါဘဲ။
############################################
၁၉၇၅ ခုနှစ် အလွန် ကာ လများမှာတော့ မ ဆ လ လို့ ခေါ် တဲ့ မြန်မာနိုင်ငံ ရဲ့
တစ် ခု တည်းသောပါတီကြီး
က အလွန် အင်အားကောင်းတဲ့ အချိန်လဲဖြစ်ပါတယ်.။
ဒါပေမယ့် လည်း ပညာ တတ် အများ စု ကတော့ မနှစ်သက်။
ကိုယ့် လောက်မှ မတတ်တ ဲ့ လူ က ကိုယ့် အထက်ရောက်နေတာကို မခံစားနိုင်တာ လဲ ပါ ပါတယ်.။
အဲဒီကာ လများ မှာ ပညာ တတ် တာ မတတ်တာအပထား ပါ တီ မှာ တင်းပြည့် လဲဖြစ်မယ်
အမျျိုးအဆွေလဲကောင်းမယ် အဆက်အသွယ်လဲကောင်းမယ်ဆိုရင်
ဌာနဆိုင်ရာတွေမှာ နေ ရာကောင်းကောင်းရလေ့ ရှိပါတယ်.။
တစ်ခါတစ်ခါများ မှာ ဆိုရင် ကိုယ် ပညာ သင်ပေးလိုက်တဲ့ ကိုယ့် တပည့် က
ကိုယ့် အထက် အရာရှိ ဖြစ် သွား တာတွေ ရှိလာပါတယ်။
အဲ ဒီရဲ့ အကျိုး ဆက်ကတော့ ပညာ တတ်များ က နိုင်ငံခြားကို ပြေးကြတော့ တာပါဘဲ.။
အဲဒီအချိန်မှာဖြစ်လာ ခဲ့ ဘူး တာ ကတော့
“ ဆိုက်ကား သမား လဲ တရား သူကြီးဖြစ်နိုင်တယ်” ဆိုတဲ့ကဲ့ရဲ့ စကားပါဘဲ။
ရပ်ကွက်တွေမှာ တရားရုံးဖွင့်။
အဲဒီအရပ်ထဲက လူ ကြီး အချို့ က တရား သူ ကြီးတွေဖြစ်ခဲ့ ကြ လို့ပါဘဲ၊
အဲ လူ တွေ က ဥပဒေ လဲ သေ ချာ နား မလည် ကြ။
တကယ့် ကို အမှား ကြီး မှား ခဲ့ ကြ တယ် လို့ ဆိုချင်ပါတယ်။
လုပ်ငန်းတွေထဲမှာလဲ ပါ တီ ဝင် တွေက အုပ်ချုပ်ရေးပိုင်းမှာ ဝင်ပြီး
နေရာယူ ထားပါတယ်။
သူ တို့ က ဒီ စက်ရုံ က ဝန်ထမ်းဖြစ်ပေမယ့်လည်း
ပါတီယူ နစ် က ပေးထားတဲ့ တာဝန် တွေကို ထမ်းဆောင် ပါတယ်။
ဒီတော့ လုပ်ငန်းခွင် ထဲက တာ ဝန် တွေ ကို သူတို့ မလုပ် နိုင်တော့ ပါဘူး။
စက်ရုံ ထဲက တက်လာ တဲ့ အလုပ်သမားပြဿ နာတွေကိုသာ ကိုင်တွယ်ဖြေရှင်းတာ
အဆုံးအဖြတ်လုပ်ပေးတာ ကို လုပ်ကြ ပါတယ်.။
အချို့ ဝန်ထမ်းတွေကတော့ ရပ် ကွက်တွေမှာ ပါ တီယူနစ်မှာ အီးစီ (အမြဲတမ်းအဖွဲ့ဝင်)
အဖြစ်တာ ဝန် ယူ ရ တော့ မိခင်ဌာနအ လုပ်တွေ ကိုမ လုပ် နိုင် တော့ ဘဲ
ပါတီအလုပ် တွေ ကို သာ ဆောင်ရွက်နေတော ့ သူတို့ကို
On Duty အဖြစ် သတ်မှတ် ပေး ထား ရ ပါတော့တယ်။
အစိုးရ လုပ်ငန်း ဌာ နတိုင်းမှာ On Duty နဲ့ အပြင်ရောက်နေ သူ တွေအများကြီးဆိုတော့
လုပ်ငန်း အလေ အလွင့် လို့ ပြော ရင် လဲရနိုင်ပါတယ်။
အစိုးရ နဲ့ ပါတ်သက်တဲ့ လုပ်ငန်းဌာန အတော်များများ က
မအောင်မြင်သောလုပ်ငန်းတွေများပါတယ်။
ဒါပေမယ့် လဲ အထက်လူကြီး ကိုတင်ပြ လိုက်ရင်တော့
“ အားလုံးကောင်းပါသည်ခင်ဗျား” ပါဘဲ။
မအောင်မြင်ဘူးဆိုတာကိုအမှန်အတိုင်းပြောမိသူကလဲ
ဘေးရောက်သွားတတ်တော့ အားလုံးက ညာ ပြော နိုင်အောင်ဘဲ
ကြိုးစားကြပါတော့တယ်။
ကျနော်အမြင်ကတော့ အဲဒီအချိန်က တည်းက ညာ ပွဲ ကြီးတွေ စတင်ခဲ့ ကြ တယ်လို့ထင်ပါတယ်။
အောက် က နေ အထက် ထိ တစ်ဆင့်ပြီး တစ်ဆင့် လိမ်လိမ်သွားလိုက်ကြ တော့ တာပါဘဲ။
********************************************************************
ကျနော်ကိုယ်တိုင် လဲ အလုပ် စ ဝင်စမှာတော့ ယောင်ဝါးဝါးပါဘဲ။
ကိုယ့် ထက်စောရောက်ခဲ့ တဲ့ သူ တွေ က သင်ပေး တာကို နာခံရင်း
ရုံးလုပ်ငန်းပညာရပ်တွေကိုတတ်အောင်သင်ရပါတယ်။
မြန်မာစာက ရုံး စာ လို့ သတ်မှတ် ထားပေမယ့် ရုံးစာရွက်စာတမ်းအတော်များများက
အင်္ဂလိပ်စာတွေ တွဲဘက်ပြီး ပါ နေတုန်းပါဘဲ။
ကျနော် အဲဒီမှာ အလုပ် လုပ်နေစဉ်ကာ လ မှာ စက်ထဲက လုပ်သားတွေ နဲ့ကျနော် အမြဲ ဆက်စပ်ပါတ်သက်နေရပါတယ်။
အသက်ငယ်ငယ်နဲရုံးစာရေးဖြစ်နေတော့ စက်ထဲကလူတွေက “စာရေးလေး” လို့ဘဲခေါ်ကြပါတယ်။
စ အလုပ်လုပ်ခါစ ကေ တာ့ သူတို့ နဲ့ ကျနော် သိပ်အစေးမကပ်။
ပြောရ ဆို ရ လုပ် ရ ကိုင် ရ တာ အခက်အခဲ ရှိခဲ့ပါတယ်။
နောက် တော့ ကျနော် အရင်ရောက် နေ တဲ့ အကိုကြီး တစ်ယောက်က
“မင်းသူတို့ နဲ့ ဆက် ဆံ တဲ့ အခါ သိပ် ယဉ်ယဉ်ကျေးကျေး ကြီး လုပ်မနေနဲ့။
သူ တို့ နဲ့ တစ်သား တည်းဖြစ်ချင်ရင် မင်းနဲ့ငါ့ နဲ့ပြော”
“ငါ နဲ့ ကိုင်တုတ်စရာရှိရင် တုတ် ဒါမှ မင်းသူတို့ နဲ့ ဆက်ဆံလို့ရမှာ”လို့သင်ပေးပါတယ်။
အစကတော့ အဲလို ပြော ဘို့ ုနုတ်မရဲ တာအမှန်ပါဘဲ။
နောက်တော့ ကျနော် လဲ သူတို့ လို မင်းတွေငါ တွေ နဲ့ပြော ပြီး
မအေ တွေ နှမတွေကိုင်တုတ်တတ်တဲ့ ပါးစပ်ကြမ်းသူဘဝကိုအရောက်
သူတို့ နဲ့ အလုပ်လုပ်ရ တာ တကယ် ကို့ အဆင်ချောသွားပါတော့တယ်။
သူတို့ နဲ့ အတူ အလုပ်တွေလုပ်ရင်းကနေ သူတို့ ရဲ့ ဘဝတွေကို စာန ာ မိလာတာအမှန်ပါဘဲ။
တစ်ခါကတော့ စနေနေ့ ဝက် အလုပ် ဆင်းချိန်မှာ
ဂိတ်အထွက်ကနေစစ်ဆေးချိန် ပုဆိုးခါးပုံစထဲမှာ ထည့်ပြီး မီးခြစ်တွေခိုးလာတာကိုမိပါတယ်။
အဲတော့ ရုံးထဲခေါ်ပြီး စစ် ချက်ယူရပါတယ်။
သူ ခိုးလာ တာက မီးခြစ်အလုံးငါးဆယ်။
စစ်နေရင်းကနေ အဲ ဒီလူ က အကြောက်လွန်ပြီး သတိ တွေလစ်သွားပါတယ်။
သူ ဘာကြောင့် ခိုးတယ် ဆို တာ ကျနော် မသိပေမယ့် စိတ် ထဲမှာအတော်လေးသနားသွားမိပါတယ်။
လုံလောက်တဲ့ ဝင်ငွေမရှိတဲ့ အတွက် ခိုးရ တယ်လို့ ခံစား လာမိ တာတော့ အမှန်ပါဘဲ။
အဲဒီကာလ တွေမှာ အစိုးရ ဝန်ထမ်း လုပ်နေသူ ရဲ့ လ စာက အပြင်လုပ်ငန်းလုပ်နေသူတွေရဲ့လစာ
နဲ့ယှဉ် ရင် တစ်ဝက် လောက်ကွာပါတယ်။
ဒါပေမယ့် လည်း အစုးိရအလုပ်က အာမခံချက်ရှိတယ်ဆိုတဲ့ အတွေးနဲ့ အစိုးရအလုပ်ထဲမှာ
နှစ်ပြည့် သက်ပြည့် တဲ့ အထိ စွဲ မြဲ စွာ လုပ်နေသူတွေ တစ်ပုံကြီးပါဘဲ။
အဲတော့ လဲ ဒီလို နှစ်သက်ရင့် တဲ့ လုပ်သားကြီးတွေမှာ မနက်အလုပ်လာ
ညနေဥဩဆွဲရင်ပြန် စက်ပျက်ရင် အချိန်ပို ဆင်း ဆိုတဲ့ ဘောင်ပိတ်နေတဲ့
ဘဝကြီး ထဲမှာ နေ့ စဉ်ကျင်လည်ကြရပါတယ်။
ဒီစက်ရုံ မှာ အလုပ် လုပ် တဲ့သူ အားလုံးမနက်(၇) နာရီ မတိုင်ခင်စက်ထဲရောက်ဝင်
သက်သာဆိုင်က ပြား ၃ဝတန်လက်ဖက်ရည်သောက်
မနက်(၁၁) နာရီဥဩဆွဲရင် ထမင်းစားပြန်
နေ့လည်(၁၂)နာရီထိုးရင် လုပ်ငန်းခွင်ထဲပြန်ဝင်။
ညနေ (၄) နာရီဆိုရင် အလုပ်ဆင်းအိမ်ပြန်နဲ့ ဒီသံသရာကြိးထဲမှာစက်ရုပ်တွေလို လည်ပါတ်လို့ နေခဲ့ ရပါတယ်။
မီးခြစ်စက်မှာနေခဲ့ တဲ့ ကာလမှာ သ တိအရ ဆုံးကတော့ ထမင်းဝိုင်းဖွဲ့လို့စားကြချိန်ပါဘဲ။
ကျနော်တို့ရုံးအဖွဲ့ က အကိုတွေ အမတွေ ရယ် ဘဏ္ဍာရေးအဖွဲ့ ကအမနှစ်ယောက်ရယ်
အားလုံးပေါင်း ခြောက်ယောက်ပါ။
ဘဝတူ တွေအခြင်းခြင်း သူ့ဟင်း ကိုယ့်ဟင်းဖလှယ်လို့ စကားတပြောပြော နဲ့စားကြ
လကုန်ခါနီးရက် တွေ ဆိုရင် “ရွှေခေါင်းပြောင်”လို့ခေါ်တဲ့ ဘဲ ဥ ကို ပုံစံမျုးိစုံနဲ့ချက်လာ
တာကို တွေ့ ရင် တဝါးဝါး တဟားဟားနဲ့ရီကြပေ့ါ။
ကျနော့် ဘဝ မှာ အမှတ်ရစရာအကောင်းဆုံးထမင်းဝိုင်းကြီး ဘဲ ဖြစ် ပါတယ်။
ကျနော်အလုပ်ဝင်စ ကာ လမှာ ခြောက်လ အစမ်း ခန့်လို်က်တာပါ။
အဲဒီခြောက်လမပြည့် ခင် မှာဘဲ ကျနော် တက္ကသိုလ်စာပေးစာယူ သင်တန်း
ဒုတိယနှစ်အတွက် အနီးကပ်သင်တန်းတက်ရဘို့ဖြစ်လာပါတော့ တယ်။
အဲတော့ လဲ ကျနော်ဌာန အကြီးအကဲတစ်ယောက်ရဲ့ ထောက်ခံမူ့န ဲ့
လစာမဲ့ခွင့် တစ်လ ယူ ပြီးကျောင်းသွားတက်ရ ပါတော့ တယ်။
ကျောင်းတက်ပြီးအလုပ်ခွင်ကိုပြန်အရောက်မှာတော့ ကျနော်ရဲ့ ဂျစ်ကပ်ကပ်နိုင်မူ့နဲ့
မဟုတ်မခံ စိတ်တွေကြောင့် လုပ်ငန်းခွင် ထဲမှာကျနော်ပြဿ နာ
ကြုံ ပါတော့ တယ်။
ဆက် လက် ဖော် ပြ ပါ မည်
ကို ပေါက် လက် ဆောင် အ တွေး ပါး ပါးလေး
4-8-2014
7 comments
weiwei
August 5, 2014 at 9:30 am
လွန်ခဲ့သော နှစ်ပေါင်း ၃ရ နှစ်လောက်က အစိုးရပိုင် စက်ရုံဝန်ထမ်းအကြောင်း ဖတ်ပြီးသကာလ ..
အခု ကျွန်မလုပ်နေတဲ့ စက်ရုံဝန်ထမ်းလောကနဲ့ ယှဉ်ကြည့်မိတယ် ..
အခု အစိုးရစက်ရုံဝန်ထမ်း (ကာယလုပ်သား)လစာက တစ်လ တစ်သိန်းကျော်ဆိုတော့ အရမ်းကြီး မနဲတော့ဘူး .. နေစရာလဲပေးပြီး တခြားခံစားခွင့်တွေလဲရှိသေးတယ် ..
ဒါပေမယ့် ခေတ်ကာလအရ အခုထိ ဝင်ငွေထွက်ငွေ မလောက်သေးဘူးဆိုတော့ .. အပြင်မှာကလဲ တစ်ရက်လုပ်စာက အနဲဆုံး ၅၀၀ဝ ကျပ်ကနေ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို တစ်သောင်းကျော်အထိရနေတာဆိုတော့ကာ ခွင့်ကိုရနိုင်သလောက် နည်းမျိုးစုံယူပြီး အပြင်မှာ ထွက်လုပ်ကြတယ် ..
သူတို့ရဲ့အဓိကအလုပ်ထဲမှာတော့ ခိုလို့ရသလောက် အသားကုန်ခိုကပ်ကြပါတယ် ..
နှစ်ပေါင်း ၄ဝ နီးပါး မပြောင်းလဲတာကတော့ စိတ်ဓါတ်၊ အခုခေတ်စကားနဲ့ပြောရရင်တော့ mindset ..
ခင် ခ
August 5, 2014 at 10:20 am
ပလက်ဖောင်းတွေ မဆုံးသေးလို့ လမ်းဆက်လျှောက်ပါအုံးလို့
ကိုပေါက်(မန္တလေး)
August 5, 2014 at 1:27 pm
မဝေ ရေ
မပြောင်းလဲကြ သေး တာ က တော့ အတွေးတွေ ရော ဆင်းရဲကျပ်တည်းမူ့ တွေ ရေ အတူတူ ပါဘဲ။
ကိုခ ရေ
ပလက်ဖောင်းကို သွား စလိုက်မိ တာ ဗျာ
အတော် ကို စိတ်ရော လူ ပါ ပင် ပန်း တယ်
မာရှယ်လော ရှိ နေတော့ ည 10ရီ ဆို အိမ်ထဲ ရောက်နေလို့ ရေးဖြစ်သွားတာပါ
kyeemite
August 5, 2014 at 1:52 pm
အလုပ်တစ်ခုလုပ်တယ်ဆိုတာ ဝင်ငွေလောက်ငအောင်ရရင်ရ
မလောက်ငရင်တောင်ကိုယ့်အလုပ်က အများအကျိုးရှိလို့ ပီတိဖြစ်ရင်ဖြစ်…
ကျုပ်လည်း မဆလ ခေတ်မှာ အစိုးရအလုပ်ဝင်လုပ်ဖြစ်တော့…
အပေါ်ကပြောတဲ့ နှစ်ခုလုံးမရလို့ ၈နှစ်အကြာမှာ အစိုးရအလုပ်ကိုစွန့်ခဲ့လိုက်ပါတယ်…
ဒါနဲ့ ခုမှ “ ပ လက် ဖောင်း အမှတ် -၁၉” ဆိုတော့ တော်တော်လျှောက်ရပေအုံးမှာပေါ့ 🙁
ကိုပေါက်(မန္တလေး)
August 5, 2014 at 2:12 pm
ဟုတ် ပ ကိုမိုက်ရေ
အတိုလေး ဆိုပြီး စ လိုက်မိတာ
ရေး ရင်း နဲ့ ရှည်သွားတယ်
ကျနော်ဘဝ ဇာတ်လမ်းး စုံ ပေါ့
သည်းခံ ခွင့် လွှတ်ဖတ်ရူ့ ပေတော့
အလင်းဆက်
August 5, 2014 at 6:46 pm
မဟုတ်မခံစိတ်တွေကြောင့် လုပ်ငန်းခွင်ထဲမှာပြဿနာ တွေ.. ကြုံရတာချင်းတော့… တူတယ်.. ။
ပြဿနာ ဖြေရှင်းပုံနဲ ့..ပြဿနာအသွားအလာတော့..တူချင်မှ တူမယ်ပေါ့.. ။
အဲဒီ မဟုတ်တာဆို..မခံနိုင်တဲ့..စိတ်က..ထောင်းခနဲ.. ထ ထလာတတ်လွန်းလို ့..
ကိုယ့်ကို ကိုယ် ပြန် ပြန် သတိပေးနေရတယ်.. .လေးပေါက်ရေ… ။
ကိုပေါက်(မန္တလေး)
August 6, 2014 at 7:43 am
အလင်းဆက်ရေ
လူ ဆို တာ အသက်အရွယ် အလိုက်
ိစိတ်ခံစားမူ့ အလို်က တုန့် ပြန် ကြ ပုံ ခြင်း ကွဲပြား သွားပါတယ်