၇.၈.၂၀၀ရခုနှစ်ဆရာတာရာမင်းဝေရဲ့ဈာပနခရီးမှတ်တမ်း (အမှတ်တရအနေနဲ့ပေါ့)

အာဂAugust 5, 20141min1928

ကျွန်တော်လေထန်ကုန်းကိုရောက်တော့နေ့လည်၁၁း၃ဝနေပြီ။

အသုဘပို့တဲ့လူတွေမတွေတာနဲ့လေထန်ကုန်းမှာကျန်တဲ့လူတွေကိုမေးလိုက်တော့

ဗိုလ်ချူပ်အောင်ဆန်းလမ်းကရုပ်ရှင်တွေရှေ့မှာရှိသေးတယ်..အမြန်လိုက်သွားရင်မီ

လိမ့်မယ်ဆိုလို့ဗိုလ်ချူပ်အောင်ဆန်းလမ်းကိုအပြေးထွက်ခဲ့ပါတယ်။

၃၃လမ်းထိပ်မှာအသိတစ်ယောက်ကိုတွေ့တော့မေးလိုက်တယ်ကားထွက်သွား

ပြီလားလို့ပေါ။့အသိကပြန်ပြောရှာပါတယ်။-ကားတွေထွက်လို့မရဘူးပြသနာတွေ

တက်နေတယ်-တဲ့ပထမတော့ကျွန်တော်လည်းမယုံပါဘူး။ဒါပေမယ့်ကိုယ်တိုင်မြင်

မှပဲယုံခဲ့ရပါတယ်။

ကျွန်တော်ထောက်လှမ်းရေးသမား

ဝီဇီရာရုပ်ရှင်ရုံလား။ဘုရင့်ရုပ်ရှင်ရုံလားမသိဘူး။၃၃လမ်းထိပ်ကရုပ်ရှင်ရုံထိပ်ကားလမ်း

ကနေဟိုဘက်ကားလမ်းကိုကြည့်လိုက်တော့လူအရောက်၄၊၅၊၆ဝလောက်စုစုနဲ့ရပ်

တာကိုတွေ့လိုက်ပါတယ်။ဪ-ဒါနဲ့ကျွန်တော်လည်းမီသေးတယ်ဆိုပြီးကားလမ်းကူး

မယ်လို့လုပ်တုန်း။ကျွန်တော်သေသေချာထပ်ကြည့်မိလိုက်တော့ဆရာ့အသုဘကို

ပို့မယ့်လူတွေထဲကသုံးယောက်လောက်က၊စာရေးဆရာတာရာမင်းဝေ၊အသက်(၄၁)

စတဲ့စာရွက်ဖြူလေးတွေကိုင်တန်းစီပြီးရပ်နေတာတွေ့လိုက်ရတော့ကျွန်တော်သိပ်

မသင်္ကာတော့ဘူး။သူတို့ရပ်နေတဲ့ပုံစံကတစ်စုံတစ်ခုကိုဆန္ဒပြနေသရောင်ပဲလေ။

ဒါနဲ့ဒီဘက်ကားလမ်းကနေပဲအရိပ်အကဲကိုလှမ်းကြည့်နေမိတယ်။ဘေးနာကလူတွေ

ကလည်းဘာလုပ်နေကြတာလဲ၊ဆန္ဒပြနေကြတာလား၊စသဖြင့်မေးခွန်းတွေနဲ့အုံပြီး

ကြည့်နေကြတယ်။ကျွန်တော်ကလည်းတတ်နိုင်သမျှလောက်-မဟုတ်ပါဘူးအသုဘ

လိုက်ပို့ဖို့ပြင်နေကြတာပါလို့ပြောပြရသေးတယ်။သူတို့မေးမယ်ဆိုလည်းမေးလောက်

စရာအဲဒီမှာရပ်နေကြသူတွေ၊စာရွက်တွေကိုင်ထားကြသူအချို့တွေကအမျိုးသားဒီမိုကရေ

စီအဖွဲ့NLDဝတ်စုံတွေနဲ့လေ။ဒါနဲ့ကျွန်တော်လည်းဒီဘက်ကားလမ်းရုပ်ရှင်ရုံရှေ့ကနေပြီး

အခြေအနေကိုစောင့်ကြည့်ကာ။ကျွန်တော့်ကင်မရာလေးနဲ့မှတ်တမ်းဓာတ်ပုံလေးတွေရိုက်

နေလိုက်ပါတယ်။အဲ့ဒီအချိန်မှာအင်္ကျီအဖြူလည်ကတုံး၊ပုလဲပေါက်ပုဆိုးအနက်နဲ့လူ၃

ယောက်လောက်က၊စာရွက်ကိုင်ထားတဲ့လူတွေကိုရော၊အသုဘပို့မယ့်လူတွေကိုရော၊

ရုပ်ရှင်ကင်မရာနဲ့တစ်မျိုး၊ရုပ်သေကင်မရာနဲ့တစ်မျိုးရိုက်ပြီးမှတ်တမ်းတင်နေတာတွေ့

ရတယ်။ကျွန်တော့်ကလည်းကျွန်တော့်ကင်မရာနဲ့ခိုးကြောင်ခိုးဝှက်ပေါ့၊နောက်တော့အဲ

ဒီကင်မရာတွေနဲ့ရိုက်နေတဲ့သူတွေက ကျွန်တော်ဆီကိုလာရိုက်တော့တာပါပဲ။အဲဒါနဲ့

ကျွန်တော်လည်းကျွန်တော့်ကိုရိုက်ရင်ထီးနဲ့ကွယ်လိုက်လွတ်ရင်ပြန်ရိုက်လိုက်လုပ်နေ

တော့တာ။မကြာပါဘူးအဲဒီလူတွေကကျွန်တော့်ကိုပေါ်တင်ကြီးထပ်ပြီးလာရိုက်နေတော့

ကျွန်တော့်စိတ်ထဲထောက်လှမ်းရေးတွေထင်လို့အဲဒီနေရာနဲ့ခပ်လှမ်းလှမ်းနေရာကိုပြေး

ထွက်သွားလိုက်တယ်။ကျွန်တော်သွားခါနီးတစ်ချက်လှည့်ကြည့်လိုက်တော့အဲဒီကင်မာ

ကိုင်တစ်ယောက်ကနောက်တစ်ယောက်ကိုကျွန်တော့်ကိုချက်ပြလိုက်တာတွေ့လိုက်ရ

ပါတယ်။ပြီးတော့ကျွန်တော်က၃၃လမ်းထိပ်ဘက်ကကဗျာဆရာအောင်ဝေးတို့၊လေထန်

ကုန်းဆိုင်ရှင်တို့ဘက်နားမှာဝင်ရပ်နေလိုက်တော့တယ်။ဓာတ်ပုံလည်းဆက်မရိုက်ရဲတော့

ဘူး။ဆရာအောင်ဝေးတော့ကတော့ကားရဖို့စီစဉ်နေတာတွေ့ရပါတယ်။နောက်မကြာပါဘူး

ခုနကကင်မရာကိုင်အဖွဲ့ကလူတစ်ယောက်ကျွန်တော့်အနားကိုရောက်လာပြီးညီလေးက

ဘယ်ကလဲ၊ဘာလာလုပ်တာလဲလို့လာမေးတယ်။ကျွန်တော်ကလည်းသူ့မေးခွန်းနဲ့သူ့ကို

ပြန်မေးလိုက်ပါတယ်။အဲဒီတော့သူက-အကိုက၈၈မျိုးဆက်သစ်လူငယ်အဖွဲ့ကပါ။ရွှေဘုန်း

တို့နဲ့အကိုတို့ကကျောင်းတုန်းကတစ်နှစ်တည်းမိုလို့အခုလိုက်ပို့တာလေ-တဲ့ဒါနဲ့ကျွန်

တော်ကလည်းကျွန်တော့်ကစာရူးပေရူးတစ်ယောက်ပါ။ပြီးတော့ဆရာ့ကိုအရမ်းကြိုက်တဲ့

ပရိသတ်တစ်ယောက်ပါ။ဒါကြောင့်အခုဆရာရဲ့ဈာပနကိုလာပို့တဲ့သူပါလို့ပြောလိုက်တယ်။

-အဲဒီတော့မှသူကအော်မသိပါဘူး။အကိုတို့ကမင်းဟိုဘက်နေဓာတ်ပုံတွေရိုက်နေတော့

ထောက်လှမ်းရေးကလူမှတ်လို့။ပြီးတော့မင်းကလည်းအကိုအတို့ကပြန်ပြီးရိုက်ရင်ပုန်းပုန်း

နေတာကိုး-။အဲဒီတော့မှကျွန်တော်လည်းဖြစ်မှဖြစ်ရလေအကိုတို့ကိုကျွန်တော်ကလည်း

ထောက်လှမ်းရေးကမှတ်လို့ပုန်းနေတာလို့ပြန်ပြောပြလိုက်ရတယ်။ပြီးတော့သူကဒီမှာ

ပြသနာတွေတက်နေတဲ့အကြောင်းကိုပြောပြပါတယ်။အသုဘပို့တဲ့ကားတွေက၁၁းဝဝနာရီ

လောက်ကလာသွားတယ်။လူတစ်ချို့လည်းကားပေါ်တက်ထိုင်လို့ထိုင်နေကြတာပေါ့။အဲဒီ့

အချိန်မှာအမည်မသိလူနှစ်ဦးယောက်လာပြီးကားသမားတွေကိုမင်းတို့ဒီအသုဘကိုလိုက်မ

ပို့ရဘူး။လိုက်ပို့ရင်မင်းတို့တွေအဖမ်းခံရမယ်လို့လာပြောတော့ကားသမားတွေလည်း

ကြောက်ပြီးပြန်ပြေးသွားကြတာတဲ့။သူတို့ကတော့ဒါကိုအစိုးရဘက်ကလုပ်တာလို့ထင်ပြီး

အခုလိုဆရာတာရာမင်းဝေရဲ့အမည်၊အသက်တွေရေးထားတဲ့စာရွက်တွေ(အမှန်ကကား

မှာကပ်မယ့်စာရွက်ပါ)တွေကိုဆန္ဒပြလိုထောင်ပြီးတော့ကိုင်နေကြတာတဲ့။သဘောကတော့

သူတို့နိုင်ငံရေးလုပ်နေကြတာမဟုတ်ဘူး။သူ့တို့မိတ်ဆွေရဲ့အသုဘကိုလိုက်ပို့ကြတာပါ

လို့ပြောချင်တာပါ။နောက်သူတို့အခုမ-၀-တ-ဥက္ကဌကိုဖုန်းဆက်ထားတယ်တဲ့သတ်မှတ်

ချိန်အတွင်းမှကားပြန်မထွက်ရင်အုပ်စုလိုက်အခုလိုစာတန်းတွေကိုင်ပြီးချီတက်မယ်လို့ပေါ့။

ဒီတော့မှ..မ-၀-တ..ကကားတွေပြန်လွတ်ပေးမယ်ခဏစောင့်ပါဆိုတဲ့အဖြေကိုပြန်ရတယ်။ဒါ

ကြောင့်ကျွန်တော်လည်းဟိုဘက်ကားလမ်းကလူအုပ်ဆီကူးပြီးကားအလာကိုစောင့်နေလိုက်

တော့တယ်။ကျွန်တော်ကဓာတ်ပုံရိုက်မယ်လုပ်တော့သူထဲကတစ်ယောက်ကဒီမှာဓာတ်ပုံမ

ရိုက်ပါနဲ့။ရိုက်ချင်ရင်ဟိုဘက်ကားလမ်းကသွားရိုက်လို့ထပ်ပြောသေးတယ်ဗျ။ဒီတော့

သူတို့ကြားထဲကကျွန်တော့်မှာလည်းစုံထောက်ကြီးလုံးလုံးကိုဖြစ်လို့နေတော့တာပါပဲဗျာ။

ကားလာပြီ

ကားက၁၂းဝဝနာရီလောက်မှာရောက်လာပါတယ်။ကားမလာရင်လမ်းလျောက်ပြီးဒီအတိုင်း
သွားမယ်ဆိုလို့လားမသိဘူး။မ-၀-တကစီစဉ်ပေးတာတဲ့။စုစုပေါင်းကားအရေအတွက်က
တော့(၄)စင်းပါ။ကံဆိုးချင်တော့ကျွန်တော်စီးတဲ့ကားကနောက်ဆုံးမှရေးဝေးကိုရောက်တဲ့
ကားဖြစ်နေတယ်လေ။ကားတစ်ကားလုံးလည်းနိုင်ငံရေးသမားတွေချည်ပါပဲဗျာ။ကားပေါ်က
အဖိုးကြီးတစ်ယောက်ကကျွန်တော့်ကိုနိုင်ငံရေးအကြောင်းအချို့ပြောပြတယ်။ဆရာအကြောင်း
ကိုလည်းပြောပြပါတယ်။သူတို့ထောင်ထဲမှာနေခဲ့ရတုန်းကရွှေဖုန်းကဘယ်လိုကဗျာတွေထထ
ရွတ်ကြောင်း။အဲဒီကဗျာတွေကိုလည်းကြိုက်တဲ့အကြောင်း။သူအကို-ကိုအောင်ဒင်ကဘာ
တွေလုပ်ကြောင်း။ဆရာမသေခင်ကသူဆရာကိုတွေ့ရတော့ဆရာကအရက်ပြတ်ပြီးလိုပြော
ကြောင်း။အမှန်ကအရက်သာပြတ်တယ်လို့ပြောတာခေါင်ရည်ပြောင်းသောက်နေတာသူမသိ
ကြောင်း။အရင်ကတဲဆရာကပိုက်ဆံရှိရက်သားနဲ့ချက်အရက်(ဘီ.အီး)ကိုသာစွဲစွဲလမ်းလမ်း
သောက်သူဖြစ်ကြောင်းသူအခုလိုဖြစ်ရတာလည်းအဲဒီချက်အရက်ကြောင့်ဟုသူထင်ကြောင်း
စသဖြင့်ဆရာ့အကြောင်းတွေအပြင်အစိုးရပိုင်းကိုသူမကျေနပ်ချက်များကိုလည်းအားရပါရပြော
ကြားခဲ့ပါသေးတယ်။သူကအဲဒီလိုကျွန်တော့်ကိုအရွမ်းဝေဝေပြောပြီးမကြာဘူးသူ့ဘေးနား
လူတစ်ယောက်ကသူကိုဘာတွေကပ်ပြီးပြောလိုက်လည်းမသိဘူး။အဲဒီလူကြီးကကျွန်တော့်
ချက်ခြင်းပဲ၊-အေးခုနကငါပြောခဲ့တဲ့စကားတွေကိုမင်းရဲ့အထက်ကလူကိုပြန်ပြောချင်လည်း
ပြောလို့လေသံမာမာနဲ့လာပြောပြန်တယ်။ပထမတော့ကျွန်တော်လည်းအနည်းငယ်ကြောင်
သွားတာပေါ့။နောက်မှဪငါ့ကိုထောက်လှမ်းရေးထင်နေပြန်ပါကောလားဆိုပြီး။ကျွန်တော်
ကအနည်းငယ်ပြန်ပက်လိုက်ပါတယ်။ဦးတို့ကလည်းအကုန်လုံးယုန်ထင်ကြောင်ထင်နဲ့ပါ
လားဗျာ။ကျွန်တော်ကအပြင်ကအရပ်သားပါ။ဦးကကျွန်တော့်ကိုဒီအကြောင်းတွေသက်သက်
လာပြောနေတော့စိတ်ထဲမှာဦးကိုတောင်ထောက်လှမ်းရေးကလူမှတ်လို့ကျွန်တော်ဘာစကား
မှသိပ်ပြီးတော့ပြန်မပြောတာ။ရော့ဗျာမယုံရင်ဒါတွေကိုသာကြည့်တော့ဆိုပြီးကျွန်တော့်ဝန်
ထမ်းကတ်တို့။ကျောင်းသားကတ်။တို့မှတ်ပုံတင်တို့တို့စိတ်တိုတိုနဲ့ထုတ်ပြလိုက်တော့တယ်
။ဒီတော့မှသူတို့လည်းငြိမ်သွားတယ်။ဪတယ်လည်းခက်တဲ့နိုင်ငံရေးလောက။

ရေဝေးသို့ရောက်ပြီ

ရေဝေးကိုရောက်တော့၁းဝဝနာရီကျော်နေပါပြီး။ကံဆိုးချင်တော့ကျွန်တော်စီးတဲ့ကားက
နောက်ဆုံးမှရောက်တဲ့ကားဖြစ်နေတယ်လေ။ရောက်ရောက်ခြင်းကျွန်တော်ကားပေါ်က
အမြန်ပြေးဆင်းပြီး။ဆရာရုပ်ကလာပ်ရှိရာခမ်းမဆီကိုအမြန်ပြေးရတာပေ့ါ။ကံကောင်းချင်
တော့ဆရာကိုမီယုံကလေးရောက်ခဲ့တာပါ။ခမ်းမထဲမှာစာပေအသိုက်အဝန်းကလူတွေရယ်။
နိုင်ငံရေးလောကလူတွေရယ်။ပရိသတ်အချို့ရယ်နဲ့တော်တော်များများရောက်နေတာတွေ့
ရပါတယ်။ဆရာရဲ့ရုပ်ကလာပ်ရှေ့မှာတော့အခန်းအနားမှုးအဖြစ်ဆောင်ရွက်နေတဲ့ဇာဂနာ
ကိုတွေ့ရပါတယ်။ကျွန်တော်ရောက်တဲ့အချိန်မှာဇာဂနာကကျွန်တော်တို့ရဲ့မိတ်ဆွေကြီး
တာရာမင်းဝေကိုဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့အားလုံးပဲ(၁)မိနစ်လောက်ငြိမ်သက်
ပေးကြဖို့ပြောလိုက်တော့အားလုံးခေတ္တငြိမ်သက်ပေးကြပါတယ်။ဆရာရုပ်ကလာပ်ရဲ့အပေါ်
ဝှိုက်ဘုတ်မှာမှင်နီရေးထားတဲ့စာသားလေးတွေကလည်းအသက်ဝင်လှပါတယ်။ဘာတွေရေး
ထားလည်းဆိုတော့-ဒေါင်းအလံကိုင်တဲ့ဘုန်းရွှေကိုထောင်ထဲပို့တော့။ကလောင်ကိုင်တဲ့တာ
ရာမင်းဝေအဖြစ်ပြန်ခဲ့သူ(သို့မဟုတ်)လွတ်လပ်ခြင်းနတ်သမီးနဲ့မပေါင်းဖက်ရသူကြယ်ကြွေ
သတို့သားရဲ့နောက်ဆုံးနှုတ်ဆက်ခရီး
-၈၈မျိုးဆက်ကျောင်းသားများအဖွဲ့။လို့ရေးထားတာ
ပါ။နောက်ကိုမင်းကိုနိုင်ကတာရာမင်းဝေအတွက်အောက်ပါကဗျာတစ်ပုဒ်ကိုရွတ်ဆိုကာမီး
သင်းဂြိုဟ်စက်ထဲသို့ဆရာရဲ့ရုပ်ကလာပ်ကိုပို့ဆောင်ကြပါတော့တယ်။ငိုတဲ့သူကငို၊စိတ်
မကောင်းတဲ့သူကမကောင်းနဲ့ပေါ့ဗျာ။အခမ်းအနားကျင်းပပုံကအရမ်းမြန်ဆန်လွန်းတယ်လို့
လည်းထင်မိပါတယ်။

ကိုမင်းကိုနိုင်ရွတ်ဆိုသွားတဲ့ကဗျာ-
သူငယ်ချင်းမင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း
မွေးခဲ့တယ်….။
သူငယ်ချင်းမင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်းထွန်းခဲ့တယ်…။
သူငယ်ချင်းမင်းဟာ
ကိုယ့်အနာ ကိုယ့်လျာနဲ့ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ…။
သူငယ်ချင်းမင်းဟာ
ကိုယ့်အရေပြားကိုယ်လွာ၊ ကိုယ့်အရိုးကို်အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ် ချုပ်လို့ ကျကျနနလှခဲ့ပြီးပြီးပဲ။
သူငယ်ချင်း………..
သွားနှင့်သူငယ်ချင်း
ကြယ်အစင်းစင်းကြွေခဲ့…ဟောဒီကမ္ဘာမြေရဲ့
အနာတရ တွေကိုစွမ်းသမျှကုစားဖို့
ငါတို့နေရစ်ခဲ့ဦးမယ်………။
သွားနှင့်သူငယ်ချင်း
နေအစင်းစင်းပူတဲ့ ကမ္ဘာမြေရဲ့ဒဏ်ရာကို
လက်ဖဝါးတွေနဲ့ကာကွယ်ဖို့ ငါ့တို့ နေရစ်ခဲ့ဦးမယ်..။
သွားနှင့်သူငယ်ချင်း
ကမ္ဘာမြေရဲ့ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ကဗျာတွေမာတိကာပြင်ဖို့
ငါ့တို့နေရစ်ခဲ့ဦးမယ်….။
သွားနှင့်သူငယ်ချင်း….
ကျောင်းနံရံတစ်ဝိုက်…
ဒေါင်းအလံပြန်စိုက်တဲ့တစ်နေ့…..
ငါ့တို့………………….။

အရာရာဟာပြီးဆုံးချုပ်ငြိမ်းသွားခဲ့ပါပြီ

ဆရာရဲ့ရုပ်ကလာပ်မီးသင်ဂြိုဟ်စက်ထဲထည့်ပြီးတော့စိတ်ထဲတစ်မျိုးကြီးနဲ့
ဝမ်းနည်းမိရပါတယ်ဆရာ။ဆရာကိုချစ်တဲ့တစ်ပြည်လုံးကပရိသတ်တွေလည်း
ကျွန်တော်နဲ့ထပ်တူဝမ်းနည်းနေကြရမှာအသေချာပါဆရာရယ်လို့စိတ်ထဲ
တီးတိုးရေရွတ်ကာဆရာဈာပနအတွက်အမှတ်တရပေးတဲ့လက်ကမ်းစာစောင်
လေးကိုအများလိုတိုးတိုးဝေ့ဝေ့ယူခဲ့ကာဆရာရဲ့လက်ရေးမူနဲ့နောက်ဆုံးရေးခဲ့
ကဗျာလေးတွေကိုကြည့်နေရတဲ့ခံစားမှုကတော့။ပြန်ရေးချမပြတက်အောင်
ပါပဲ။အဲဒီဈာပနပွဲမှာဆရာနဲ့ကွဲနေတဲ့ဆရာရဲ့ချစ်ဇနီးနဲ့သားတို့ဘာလို့မလာတာ
လဲလို့လည်းကျွန်တော်ဝမ်းနည်းစွာမေးခွန်းထုတ်နေမိတယ်။ဆရာဟာဒီလိုအိမ်ထောင်
ရေးပြိုကွဲမှုတွေရဲ့အကျိုးဆက်တွေကြောင့်အရက်ကိုရက်စက်သောက်တတ်နေတယ်
ဆိုတာကျွန်တော်အရင်ကတည်းကကြားဖူးခဲ့ပါတယ်။ဒါပေမယ့်ဒီလောက်အထိဖြစ်မယ်
လို့မထင်ခဲ့မိပါဘူး။ဒါပေမယ့်ဆရာရယ်…..အခု….တော့……
ကျွန်တော်တို့ကောင်းကင်ယံမှာ ကြယ်တစ်လုံးကြွေခဲ့ပြီပေါ့….။

.သူတို့ရဲ့ ဝမ်းနည်းမှတ်တမ်းများ…



ရွှေဘုန်း

လုပ်စရာတွေ အများကြီးရှိသေးတယ်။
နှမြောမိတယ်။

သင့်အစ်ကို
(ကိုရဲ)သစ္စာနီ

ကြယ်တွေကို ချစ်တဲ့ သူငယ်ချင်း
မင်းလည်း ပဲ ကြယ်တစ်ပွင့်
ဒါပေမဲ့….
ဘယ်တော့မှ မကြွေတဲ့ကြယ်။

(မျိုးကိုမျိုး)

ရွှေဘုန်း

နေဦးပေါ့ကွာ

(ဇာဂနာ)

သူငယ်ချင်းရွှေဘုန်း
မင်း………
ကမ္ဘာမြေအတွက်
တာဝန်ကျေတယ်…။

(ပဉ္စမံဒီရိုင်း )

ဆရာ တာရာမင်းဝေ

ဆရာ မသေပါ။

လေးစားလျက်။

(အောင်ဝေး)

ရွှေဘုန်း
မင်းငါ့အရင် စောပြီး
သွားနှင့်ဦးပေါ့ကွာ……။

(မြင့်ဦးဦးမြင့်)

8 comments

  • ခင် ခ

    August 5, 2014 at 6:04 pm

    အင်း ပြန်လည်သတိရ ရှိလှပါတယ် ထိုနေ့ ထိုမြင်ကွင်း ဒို့ရင်တွင်း

    • အာဂ

      August 5, 2014 at 6:07 pm

      ကျေးဇူး ပါကိုခင်ခ..အဲဒီခေတ်တုန်းက အခြေအနေက အသုဘတောင်ကောင်းကောင်းမချရဲတဲ့ခေတ်…

  • အလင်းဆက်

    August 5, 2014 at 6:16 pm

    ဒီအချိန်ကိုရောက်ရင်… လွမ်းတုန်း..ကြေကွဲရတုန်းပါပဲဗျာ.. ။
    သူနဲ ့ သူ ့အနုပညာကို…ပြန်တမ်းတပြီး… ရင်ထဲမှာ..နင့်နင့်နဲနဲ..ခံစားရတုန်းပါပဲ.. .။
    ————–
    သူ ့အလွမ်းပြေဆိုပြီး.. ပိုစ့်လေးတစ်ခုတောင်..တင်ဖို ့ လုပ်ထားသေးတယ်.. ။
    ပုံလေးတွေနဲ ့.. သူ ့ကဗျာလေးတွေနဲ ့ပါ… ။

    တင်ဖြစ်မယ်..မတင်ဖြစ်ဘူးတော့..မသေချာသေး.. ။

    အခုကို …တော်တော် လွမ်းနေပြီ… ။

  • ဇီဇီ ခင်ဇော်

    August 5, 2014 at 7:04 pm

    ၂၀၀ရ ဟာ ကျနော် ချစ်တဲ့ အနုပညာသည် ၂ ယောက် လူ့လောကထဲက ထွက်သွားခဲ့တဲ့ နှစ်။

    😥

  • ဇီဇီ ခင်ဇော်

    August 5, 2014 at 7:44 pm

    တာရာမင်းဝေ
    **************

    တာရာမင်းဝေရဲ့ အမည်ရင်း ကတော့ ချစ်ညီညီ ဖြစ်ပြီး၊ ၁၉၆ရ စက်တင်ဘာ (၁၃) ရက်နေ့မှာ ရန်ကုန် တောင်ဥက္ကလာတွင် သတင်းထောက် ဦးကျော်ရှိန်နှင့် ဒေါ်လှကြည် တို့က မွေးဖွား ခဲ့တယ်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက် သားဖြစ်တယ်။

    သူငယ်တန်း ကနေ စတုတ္ထတန်း အထိ တောင်ဥက္ကလာ အမက (၁ဝ) တွင် လည်းကောင်း၊ ပဉ္စမတန်း ကနေ ဒဿမတန်း အထိ ရန်ကင်း အထက (၂) မှာ လည်းကောင်း ပညာ သင်ကြားခဲ့ပြီး၊ ၁၉၈၆ မှာ အခြေခံ အထက်တန်းကို မြန်မာစာ ဂုဏ်ထူးဖြင့် အောင်ခဲ့တယ်။ ရန်ကုန် တက္ကသိုလ် (လှိုင်) ကို အင်္ဂလိပ်စာ အဓိကနဲ့ တက်ရောက် သင်ကြားပြီး ဘွဲ့ရခဲ့တယ်။ မြောက်ဒဂုံ (၄၅) ရပ်ကွက်၊ ပီမိုးနင်း (၁) လမ်းမှာ နေထိုင်သူ ဖြစ်ပါတယ်။

    ရွှေဘုန်းလူ ဆိုတဲ့ နာမည်နဲ့ ဗကသ အဖွဲ့ချုပ်က ထုတ်ဝေတဲ့ စာစောင်တွေမှာ ကဗျာတွေ စတင် ရေးသား ခဲ့ပါတယ်။ ရှစ်လေးလုံး လှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင် ခဲ့သလို၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှာ တက်ွ့ွကစွာ ပါဝင် လှုပ်ရှားခဲ့တယ်။ ၁၉၈၉ ဗကသ ပြန်ဖွဲ့ချိန်မှာ ဗကသ ခေါင်းဆောင် တယောက် အဖြစ် တာဝန် ယူခဲ့ပြီး၊ ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နဲ့ ဒုဥက္ကဋ္ဌတွေ ဖြစ်တဲ့ ကိုကိုကြီးနဲ့ ကိုအောင်ဒင်တို့ အဖမ်း ခံရချိန်မှာ ဗကသ ခေါင်းဆောင်မှုကို တာဝန် အပြည့် ယူပြီး ဒေါင်းအလံကို ဆက်ကိုင်ခဲ့သည်။ ၁၉၉ဝ မှာ အဖမ်း ခံရပြီး၊ ၁၉၉၄ ခုနှစ် အထိ စစ်အစိုးရရဲ့ ဖမ်းဆီး ချုပ်နှောင်တာကို ခံခဲ့ရတယ်။ အင်းစိန်၊ သာယာဝတီနဲ့ သရက် ထောင်တွေမှာ ချုပ်နှောင် ခဲ့ရပြီး၊ ထောင်က လွတ်လာ ပြီးတဲ့ နောက်မှာတော့ စာပေလောက ထဲကို ခြေစုံပစ် ဝင်ရောက် ခဲ့ပါတယ်။ ထင်ရှားတဲ့ ကဗျာတွေ ကတော့ အကျဉ်းထောင်တွေ အတွင်းမှာ ရေးစပ်ခဲ့တဲ့ “ကျောင်းဖွင့်ချိန်”၊ “ဥဒါန်း” နဲ့ “ကျောင်းသား အတ္ထုပ္ပတ္တိ” တို့ပဲ ဖြစ်တယ်။

    ၁၉၉၄ ခု မေလထုတ် ရင်ခွင်သစ် မဂ္ဂဇင်းမှာ ‘ရေစီးကြောင်းထဲမှ လူများ’ ဝတ္ထုတိုမှာ ‘တာရာမင်းဝေ’ ဆိုတဲ့ ကလောင် အမည်ကို စတင် အသုံးပြု ခဲ့ပါတယ်။ ၁၉၉၅ မှာ တာရာမင်းဝေ ကလောင် အမည်နဲ့ ‘ပန်းခေတ်က လမင်း’ ဆိုတဲ့ သူ့ရဲ့ ပထမဆုံး လုံးချင်း ဝတ္ထု ထွက်ပြီး ချိန်မှာတော့ လူငယ် စာဖတ် ပရိသတ် တွေရဲ့ အားပေးမှုကို ရရှိ ခဲ့ပါတယ်။ ၁၉၉၆ – ၉ရ ထုတ် သရဖူ မဂ္ဂဇင်း တွေမှာ မောင်ယော ကလောင် အမည်နဲ့ လည်းကောင်း၊ စုဖွဲ့ ကလောင် စန်တီယာဂိုနဲ့ ကလောင် အမည်နဲ့ လည်းကောင်း စာပေ ဝေဖန်ရေးတွေ၊ စာပေ သဘော တရား သီဝရီတွေ ရေးသားခဲ့တယ်။ မောင်ဓား၊ ဦးဦးအံဘွယ် စတဲ့ ကလောင် အမည်တွေ နဲ့လည်း ရေးသားခဲ့တယ်။ စုစုပေါင်း လုုံးချင်း ဝတ္ထု (၄၂) အုပ် ရေးသားခဲ့ပြီး၊ ဝတ္ထုတိုတွေ ကဗျာတွေလဲ ရေးသား ခဲ့ပါတယ်။ ဟန်သစ် မဂ္ဂဇင်းပါ “အားလူး စားသူများ” ဝတ္ထုတိုနဲ့ ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့တယ်။

    စာပေ အပြင် ပန်းချီ ဆွဲခြင်း၊ ရုပ်ရှင် ဗီဒီယို ဇာတ်ညွှန်း တွေနဲ့ သီချင်းတွေလဲ ရေးသားခဲ့သည်။

    ပထမဆုံး ဗီဒီယို ဇာတ်ညွှန်း ကတော့ “ရွှေရောင် ဖိနပ်မှာ အစိမ်းရောက် ကြက်ခြေခတ်နဲ့ ကောင်မလေး” ဖြစ်ပါတယ်။ တာရာမင်းဝေရဲ့ ဝတ္ထု အချို့ကို ဗီဒီယို ရုပ်ရှင် ရိုက်ကူး ခဲ့ရာမှာ၊ အဲဒီ အထဲက မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးကာ ဒွေး၊ နန္ဒာလှိုင်တို့ သရုပ်ဆောင်ထားတဲ့ “ကောင်းကင်အကြွေ ကောက်တဲ့လက်”၊ ဒါရိုက်တာ လွင်မင်း ရိုက်ကူးကာ နေတိုး၊ အိန္ဒြာကျော်ဇင်တို့ သရုပ် ဆောင်ထားတဲ့ “တစ်ကိုယ်တော်ရေးတဲ့ ကကြီး ခခွေး”တို့ဟာ ထင်ရှားတယ်။ ဒါရိုက်တာ မောင်သူရ (ဇာဂနာ) ရိုက်ကူးခဲ့တဲ့ “မြင်းစီးထွက်သော အိပ်မက်များ” ရုပ်ရှင် ကတော့ ပြည်တွင်းမှာ ပြသခွင့် မခဲ့ပါဘူး။

    ၁၄ – ၂ – ၉၈ မှာ မခင်မေဝင်း (စာရေး ဆရာမ မနော်ဟရီ) နဲ့ လက်ထက် ခဲ့ပြီး၊ သား တစ်ဦး ထွန်းကားခဲ့တယ်။

    “လူနံပါတ် (၁၃)” ဝတ္ထုတို စုစည်းမှုနဲ့ “နက္ခတ် ရစ်သမ်” ကဗျာ စာအုပ် တအုပ် ရေးသား ထုတ်ဝေရန် စီစဉ်နေဆဲ၊ ၂ဝဝရ ခု၊ ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ဝ မှ မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်၊ ကွန်လွယ်ချိန်မှာ ဇနီး ဖြစ်သူ စာရေး ဆရာမ မနော်ဟရီနဲ့ သားဖြစ်သူ ခေတ်နေ (ခ) ကြယ်စင်မင်းဝေတို့ ကျန်ရစ် ခဲ့ပါတယ်။

    ——————————————————————————

    ———————

    ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်များ

    ကိုးမရှိတဲ့နဝင်း

    ကောင်းကင်အကြွေ ကောက်တဲ့လက် (ဇန်နဝါရီ ၂ဝဝ၆)

    ကိုယ်ရေးကိုယ်တာ ပုရပိုက် (ဖေဖော်ဝါရီ ၂ဝဝ၇)

    ကိုယ့်လက်နဲ့ ဖမ်းမိတဲ့နဂါးငွေ့တန်း (အောက်တိုဘာ ၂ဝဝ၂)

    ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ အကြောင်း (စက်တင်ဘာ ၂ဝဝ၅)

    ကျွန်တော်နှင့် ဆောင်းရာသီ ဒဿန (ဇန်နဝါရီ ၂ဝဝ၇)

    ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု

    ကျွန်တော်နှင့် ကြယ်မြင်လမြင် လောကဓံ

    ကျွန်တော်နှင့် ဧဒင်ကချေသည်

    ကျွန်တော်မှ အပြန် (ဩဂုတ် ၂ဝဝ၆)

    ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် ရခဲ့သော် (ဒီဇင်ဘာ ၂ဝဝ၆) ဒုတိယအကြိမ်

    နတ်ပျိုမအတွက် ပန်း (ဒီဇင်ဘာ ၂ဝဝဝ)

    ပန်းခေတ်က လမင်း

    ပန်းလက်ဖဝါးမှာ ပါးအပ်ခွင့်မရှိတဲ့ ကောင်မလေး

    ပြာ

    ပြိုင်မြင်းတို့ရဲ့ ခွာသံ (ဇန်နဝါရီ ၂ဝဝ၅) ဒုတိယ အကြိမ်

    ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ပုံပြင် (ဇွန် ၂ဝဝ၆)

    မနက်ဖြန်ခါမှာ ထားခဲ့တဲ့မျက်နှာ

    မိုးခေါင်လို့ တီးတဲ့ဗုံသံ (ဇူလိုင် ၂ဝဝ၄)

    မြင်းစီးထွက်သော အိပ်မက်များ (နိုဝင်ဘာ ၂ဝဝ၆)

    မှော်ဆရာရဲ့ ကျောင်းစာအုပ်

    ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး (ဇန်နဝါရီ ၂ဝဝ၆) တတိယ အကြိမ်

    လူငယ်တယောက်ရဲ့ ကျောက်ထွင်းရာဇဝင်

    ဝင်္ကပါကို ဖွင့်တဲ့သော့ (စက်တင်ဘာ ၂ဝဝ၆)

    သူ့အိုးပုတ်ကလေးကို ကျွန်တော် ပြန်မပေးပါ (ဇူလိုင် ၂ဝဝ၇)

    သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည် (ဇွန် ၂ဝဝရ) တတိယ အကြိမ်

    အရှေ့မြို့ရိုးမှ မိုးရေစက်များ

    အလံမထူခဲ့သော လက်များ (မေ ၂ဝဝ၇)

    အာလာဒင်မသိလိုက်တဲ့ မီးခွက် (ဇူလိုင် ၂ဝဝ၆)

    တာရာမင်းဝေကို ကျနော့်ရဲ ့သူရဲကောင်းလို ့ကျနော်အမည်ပေးခဲ ့တယ်…ကျနော် ရင်ခုန်တတ်စ အရွယ်ကစလို ့ကျနော့်ဆရာ့ကဗျာတွေချစ်ခဲ ့တယ်..ကျနော်ဘဝရဲ ့ဟီးရိုးပါဘဲ…

    (Credit to-လွမ်းနေဆဲ ရွှေအိမ်စည်)

    တာရာမင်းဝေ Page မှ ကူးယူဖော်ပြပါသည်။

  • kai

    August 6, 2014 at 6:07 am

    သူ့အကို အောင်ဒင်ရဲ့စာတွေ.. ကဗျာတွေလည်းကောင်းပါတယ်..
    တလောက.. ရန်ကုန်မယ်ကဗျာစာအုပ်ထွက်နေတယ်…

    အားပေးကြပါဦး..
    ခုထိလူပျိုကြီးလုပ်နေလေသလားပဲ..။ :k:

  • kyeemite

    August 6, 2014 at 9:48 am

    ကျောင်းသားခေါင်းဆောင်လုပ်ခဲ့သူက အရေးတော်ပုံနှစ်ပါတ်လည်နားနီးမှာ ကွယ်လွန်ရှာတာကိုး
    အမှတ်တရတင်ပေးတာကျေးဇူးပါ ကိုရင်အာဂ

  • Yae Myae Tha Ninn

    August 7, 2014 at 2:04 pm

    ကျွန်တော်နှင့် အဝါရောင်ဗီးနပ်စ် က ဘယ်နှခုနှစ်လဲ…ဗျ… 🙂

Leave a Reply