“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“ အမှတ်(၇)

“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“

အမှတ်(၇)

 

 

“  ပ လက် ဖောင်းအမှတ် -၂ဝ ”ကတော့ကောင်းခြင်းဆိုးခြင်းတွေနဲ့ဒွန်တွဲနေတဲ့

ကာလများဘဲဖြစ်ခဲ့ပါတယ်။

တစ်ရက်ဘတ်စ်ကားပေါ်မှာကျနော်တို့ရုံးကလူတွေအချင်းချင်းနောက်ပြောင်ပြီးလာကြပါတယ်။

“မမတင် အလုပ်နောက်ကျ ရင် ဒီကောင် ဘယ်တော့ မှ စာရင်းမမှတ်ဘူးနော် ငါတို့သိတယ်”

လို့ စပါတယ်။

ကျနော်ကလဲ “သိပ်ဟုတ်တာပေါ့ “ လို့ ပြောင်စပ်စပ်နဲ့ပြောလိုက်မိပါတယ်။

အဲလိုစလိုက်နောက်လိုက်တာလေးကကျနော် ဖြေရှင်းရဘို့ ဖြစ်လာပါတယ်။

တစ်ရက်ကျနော်ကိုရုံးခန်းကခေါ် လို့ သွားရပါတယ်။

အလုပ်နောက်ကျသူတွေကိုစာရင်းမမှတ်ဘူးလို့ အတိုင်ခံရတယ်

အဲဒါ ကိုထုခြေလွှာတင်ပါလို့ ပြောပါတယ်။

ကျနော်ကလဲ “အဲလိုပါးစပ်ပြောနဲ့ တော့ လက်မခံနိုင်ပါ

ဘယ်သူဘယ်နေ့ ဘယ်အချိန် ဆိုတာအတိအကျ နဲ့တိုင်ခိုင်းပါ”လို့ ပြန်ပြောပါတယ်။

နောက်ဆုံးတော့ ပြည်သူ့ ဝန်ထမ်းတစ်ယောက်ဆို တာ ၂၄နာရီတာဝန်ရှိတယ်။

စကားအပြောအဆိုဆင်ခြင်ပါ ဆိုတဲ့ ပြစ်ချက်နဲ့ ဝန်ခံ ကတိလက်မှတ် ထိုးရပါတယ။်

အဲဒီနေ့ က စပြီးအလုပ်နောက်ကျမှတ်တမ်းကိုဒုတိယစက်ရုံမှုးကနေတစ်ဆင့်

စက်ရုံမှူးဆီကိုတင်ရမယ်လို့ ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။

အဲဒီမှာကျနော်ကလဲတစ်ခုပြန်မေးပါတယ်။

နောက်ဆုံးဥဩဆွဲချိန် (၇) နာရီထက်နောက်ကျသူမှန်သမျှ

တင်ပေးလို့ ရ မရမေးတော့

စည်းကမ်းအတိုင်းလုပ်ပါဆိုတဲ့ အမိန့် ကိုရပါတယ်။

 

နောက်တစ်ပါတ်အကြာမှာတော့ ဒုတိယစက်ရုံမှူး က (၇) နာရီ

ဥဩ ဆွဲ ပြီး မှ စက်ရုံ ထဲကို လမ်းလျောက်ပြီးဝင်လာပါတယ်။

“လမ်း ကားပျက်နေလို့ ကွ”လို့တော့ သူကကျနော်ကိုလှမ်းပြောပါတယ်။

ဒုတိယစက်ရုံမှူး ကိုစက်ရုံကကားနဲ့ သွားကြိုရတာပါ။

ကျနော်ကလဲအလုပ်နောက်ကျ တဲ့ စာရင်းထဲမှာသူ့ နာမယ် ကိုထည့်ပြီးတင်လိုက်ပါတယ်။

၈နာရီလောက်ရောက်တော့ဒု စက်ရုံမှူး ကခေါ်တယ်ဆိုလို့သူ့ရုံးခန်းကိုသွားရပါတယ်။

“နောက်ကျ တဲ့ သူစာရင်းထဲမှာ ငါ့ နာမယ်ပါလာတယ် ကားပျက်လို့ နောက်ကျ တာလေ”

“ကျ နော်ကနောက်ကျ တဲ့ သူမှန်သမျှ အကုန်မှတ်ပါတယ်”

“ ခက်တာဘဲ လမ်းမှာ ကားပျက်နေတာ လို့မင်းကို ငါ ပြောခဲ့ တယ် လေ”

“ဆရာဖြေရှင်းချက်ပေးရမှာ က ကျနော် ကိုမဟုတ်ဘူး

စက်ရုံမူးမေးရင်ဖြေရမှာ” လို့ပြန်ပြောလိုက်တော့

ကျနော်ကိုသွားတော့ ဆို ပြီးပြန်လွှတ်လိုက်ပါတယ်။

သူကျနော်ကိုနည်းနည်းလေးတင်းသွားတာတော့ ကျနော် လဲသိပါတယ်။

သူက ပြည်သူပိုင်မသိမ်းခင်ကတည်းကစက်ရုံမှာအလုပ် လုပ် လာတာပါ။

 

အဲတော့ဒီစက်ရုံ ရဲ့အကြောင်းအရာမှန်သမျှ အကုန်သိနေသူဖြစ်ပါတယ်။

ခပ်အေးအေးနဲ့ နေတတ်ပြီး သဘောကောင်းတယ်ဆိုနို်င်ပေမယ့်

လုပ်ငန်းနဲ့ပါတ်သက်ရင်တော့ တိကျမှ နှစ်သက်သူဖြစ်ပါတယ်။

စကားပြောရင်လဲပြတ်သူဖြစ်ပါတယ်။

 

ကျနော်တို့ စက်ရုံမှူး ကစက်ရုံ ဝင်း ထဲမှာနေပါတယ်။

သူ့ ရုံးခန်းရဲ့ အနောက်ဘက် ခြံ ဝင်း ထဲကဘန် ဂလိုမှာနေတာ ပါ။

တစ်ရက်သူ ခြံထဲ က နေပြီး ( ရ ) နာရီကျော်မှ ထွက်လာပါတယ်။

ကျနော်ကလဲသူ့ကိုနောက်ကျသူစာရင်းထဲမှာထည့် မှတ်လို်က်ပါတယ်။

သိပ်မကြာခင် ကျနော်လဲရုံးခန်းကိုရောက်ရပြန်ပါတော့တယ်။

ထုံးစံအတိုင်းပေါ့ ။

“ငါကစက်ရုံ ဝင်းထဲ နေတဲ့ လူဆိုတော့မှတ်စရာမလိုဘူး”လို့အေးဆေးပြောပါတယ်။

ကျနော်ကလဲ”ဟုတ်ကဲ့ဗိုလ်မှူး ကျနော် သိ ပါ တယ် ဒါပေမယ့် ထည့် မမှတ် ဘူးဆိုပြီးတိုင် လာမှာစိုးလို့ပါ”

လို့ပြောလိုက် တော့ ။

သူကခေါင်းတငြိမ့်ငြိမ့် နဲ့ပြုံးနေပါတယ်။

နောက်မှ”တာဝန်ကျေတာတော့ ကောင်းပါတယ် လုပ်သင့် မလုပ်သင့်ဆုံးဖြတ်ချက်မှန်ဘို့ တော့ လိုတယ် “

လို့ပြောပါတယ်။

ကျနော်ကလဲ “ဟုတ်ကဲ့ပါခင်ဗျာ”

ဆိုပြီး ပြန်ထွက်လာပါတယ်။

ကျနော်နဲ့ လုပ်ဖော်ကိုင်ဘက်တွေကစိတ်ပူစွာနဲ့စောင့် နေကြပါတယ်။

ကျနော်ပြုံးပြုံးရွှင်ရွှင်နဲ့ထွက်လာမှ သူတို့ လဲ ပြုံးနိုင်ကြပါတယ်။

နေ့လည်ထမင်းစားချိန်ရောက်တော့ ကျနော်ကို ဝိုင်းဆူကြပါတယ်။

“ အုတ်နံရံခေါင်းနဲ့ မတိုက်ချင်ပါ နဲ့ ကွယ်” လို့ အမကြီးတစ်ယောက်က

စိတ်ပူပန်တဲ့ မျက်နှာပေးနဲ့ ကျနော့် ကိုကြည့် ရင်းပြောပါတယ်.။

အဲဒီအချိန်ကစပြီး

ကျနော်လဲဆင် ဆင် ခြင် ခြင် နေ ပါ တော့တယ်။

 

**************************************************************

တစ်ရက်တော့ ကျနော့်တို့ရဲ့ ရုံးအုပ်ကြီးကကျနော်ကိုခေါ်ပြီးပြောပါတယ်။

“မင်းဖောင်ကြီးတက်မလား” တဲ့။

အဲတော့ ကျနော်ကလဲ “အိမ်ကိုတိုင်ပင်လိုက်အုံးမယ်”ပေါ့။

အဲဒါနဲ့ အကိုကြီးတစ်ယောက်ကိုတိုင်ပင်တော့ တက်လိုက်လို့ပြောပါတယ်။

ဖောင်ကြီးဆိုတာကဖောင်ကြီးမြို့ မှာဖွင့်လှစ်ထားတဲ့

“ဗဟိုဝန်ထမ်းတက္ကသိုလ်ကိုရည်ညွှန်းတာပါ။

ဝန်ထမ်းတွေကိုလေ့ကျင့်ပညာပေးတဲ့ကျောင်းဘဲဖြစ်ပါတယ်။

ဝန်ထမ်းမှန်ရင် ဖောင်ကြီးမတက်လို့မရပါဘူး။

အဲဒီသင်တန်းကပင် ပန်းတယ် ကြမ်းတမ်းတယ်ဆိုတော့

ဘယ်သူမှ မတက်ချင်ကြပါဘူး။

အတူတူထမင်းစားကြတဲ့ အကိုကြီးကတော့ နောင်လဲတက်ရမယ့် အတူတူ

ငယ်တုန်းသာတက်ထားလိုက်ပေါ့လို့ တိုက်တွန်းပါတယ်။

ကျနော်ကလဲအတွေ့ အကြုံအသစ်ကိုလိုချင်ပါတယ်။

ဘယ်လောက်များခက်ခဲကြမ်းတမ်းလို့ ဒီဖောင်ကြီးကိုမတက်ချင်ကြတာလဲ

လို့ လူငယ်ပီပီစူးစမ်းချင်စိတ်လဲရှိပါတယ်။

ဖောင်ကြီးသင်တန်းတက်မယ်ဆိုရင် ပုံမှန်လစာလဲရပါတယ်။

ရုံးကနေပေးတဲ့ ထောက်ပန့်ကြေးလဲရပါတယ်။

နောက်သင်တန်းကထမင်းလဲအလကားကျွေးပါတယ်။

ဒီလိုအချက်တွေကြောင့် ကျနော်ကလဲစိတ်ပါ ပါတယ်။

ဒါနဲ့ဘဲ “အခြေခံပြည်သူ့ရေးရာ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၆) (ဗလတပ်ခွဲ)“

ကိုတက်ဘို့ရန်ကုန်ကိုထွက်လာခဲ့ရပါတယ်။

ကျနော်သင်တန်းတက်ရတဲ့ အချိန်ကမတ်လမှာပါ။

အမှတ်တရလို့ ပြောရရင် ကျနော် ရထားပေါ်တက်တဲ့အချိန်မှာမှ

ကျနော်သူငယ်ချင်းကကျနော်ဒုတိယနှစ်စာမေးပွဲအောင်တဲ့အကြောင်း

ဂုဏ်ထူး ( ၂) ခုပါ တဲ့အကြောင်းလာပြောပါတယ်။

ရန်ကုန်ရောက်တဲ့အခါစုရပ်ဖြစ်တဲ့ ကမ္ဘာအေးဘုရား ဝင်းထဲကို သွားရပါတယ်။

အဲဒီကမှ တစ်ဆင့် ကျောင်းကကားတွေနဲ့ ဖောင်ကြီးကိုလိုက်ပါ လာခဲ့ ကြပါတယ်။

ခြောက်သွေ့တဲ့အညာမြေကလာတဲ့ ကျနော်တို့ အဖို့

စိမ်းလမ်းစိုပြေတဲ့အောက်ပြည်အောက်ရွာရှူ့ခင်းတွေမြင်ရတဲ့ခါ စိတ် ထဲမှာ ကြည်လင်လာတာအမှန်ပါဘဲ။

ကျနော်တို့ ရောက်တာနဲ့ အရင်ဆုံးလုပ်ရတာကတော့  ဖောင်ကြီးကေညှပ်ရတာပါ။

ရှေ့တစ်လက်မနောက်ပြောင်ပေါ့။

နောက်တော့ သင်တန်းမှာဝတ်ဘို့ အတွက် ဝတ်စုံအဟောင်း (၂) စုံထုတ်ပေးပါတယ်။

ဦးထုတ်၊ဘွတ်ဖိနပ်၊ခါးပါတ် အစုံစုံပေါ့ဗျာ။

ညနေစောင်းရောက်တော့ တန်းစီခိုင်းပြီးတစ်နေ့ တာလုပ်ငန်းအစီအစဉ်တွေကိုဆွဲပေးပါတော့တယ်။

မနက်(၆)နာရီမှာပီတီပြေးရမယ်။

ပြီးရင်မနက်စာလက်ဖက်ရည်တစ်ခွက်နဲ့မုန့်တစ်ခုစားရမယ်။

(၈)နာရီထိုးရင် စာသင်ခန်းကိုတန်းစီပြီးသွားရမယ်။

စာသင်မယ်၊စစ်ပညာသင်မယ်၊

ပြီးရင်

နေ့လည်ထမင်းစားနားမယ်။

နောက်တစ်ခါ သင်တန်းခမ်းကိုသွားပြီးစာပြန်သင်မယ်။

ညနေလေးနာရီထိုးရင်အဆောင်ပြန်မယ်။

ရေချိုးမယ်။

ညနေ (၆)နာရီလောက်မှာထမင်းစားမယ်။

ည(၇)နာရီနေ(၉) ရီထိစာကျက်ရမယ်။

(၁၀)နာရီထိုးရင် အဆောင်မီးပိတ်လို့ အိပ်ရမယ်။

အလှည့်ကျ ည ကင်းစောင့်ရမယ်။

ကိုယ့်အိပ်ယာတွေ၊ခွက်တွေကိုစံနစ် တကျ ခေါက်ထားရမယ်။

ဆိုတဲ့ စည်းကမ်းချက်တွေကိုစပြီး ပြ ပါတော့ တယ်။
ကိုယ့်အိမ်မှာ ကိုယ်နေချင်သလိုနေခဲ့တဲ့သူတွေအားလုံး

စည်းနဲ့စံနစ်နဲ့ (စစ်သားပုံစံ)နေဘို့လေ့ကျင့်ပေးခဲ့တဲ့ကျောင်းဆိုလဲမမှားပါဘူး။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

တကယ်တော့ ဖောင်ကြီးသင်တန်းကိုဖွင့်လှစ်ခဲ့တဲ့မူလရည်ရွယ်ချက်ကတော့

ပြည်သူ့ဝန်ထမ်းများသည်တိုင်းပြည်ရဲ့အင်အားတွေဖြစ်အောင်ဘက်စုံထူးချွန်အောင်

အဆင့်မြင့်လာအောင်လေ့ကျင့် ပေးတဲ့ကျောင်းကြီးပါဘဲ။

အဲဒီကျောင်းမှာ နိုင်ငံရေးအယူ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)လဲသင်ပေးတယ်။

စာရင်းအင်းပညာလဲသင်ပေးတယ်။

ရုံးလုပ်ငန်းပညာလဲသင်ပေးတယ်။

လက်နှိပ်စက်လဲသင်ပေးတယ်။

တကယ်လို့များလိုအပ်ရင် တိုင်းပြည်အတွက်ကူညီနိုင်အောင်

စစ်ပညာကိုလဲသင်ပေးတယ်။

(တနည်းပြောရင် အခြားနိုင်ငံ နဲ့များ စစ်ဖြစ်ခဲ့ရင်ဖောင်ကြီးဆင်းတွေက

စစ်သားတွေအဖြစ်ပြောင်းလဲအမူ့ ထမ်းနိုင်အောင်လို့ ရည်ရွယ်ထားတာပါ)

ကိုယ်ခန္ဓာကြံ့ခိုင်မူ့ရှိအောင် ကာယလေ့ကျင့်ခန်းတွေလဲ လုပ်ပေးတယ်

ဆိုတော့ လူတစ်ယောက်ကို လိုလေးသေးမရှိအောင်သင်ပေးတယ်ဆိုနိုင်ပါတယ်။

အဲတော့ သင်တန်းက သာ မန်လူအ တွက်နည်းနည်းလေးကြမ်းတမ်း တယ်

ဆိုလေ တော့ ဝန်ထမ်းလောက မှာ

“ဖောင်ကြီးဆင်း     ဖင်ကြီးစောင်း” ဆိုပြီး ရီစရာပြောလေ့ရှိပြီး

ဖြစ်နိုင်ရင်ဒီသင်တန်းကို မတက်ချင်ကြပါဘူူး။

 

ဒီကျောင်းက ပဲခူးတိုင်းလှည်းကူးမြို့ နယ် ထဲ က ဖောင်ကြီးဆိုတဲ့အရပ်မှာ

“ဗဟို ဝန်ထမ်း တက္ကသိုလ်” ဆိိုပြီး ဖွင့်လှစ်ထားတာပါ။

ဒုရဲအုပ်လောင်း တွေကို “သူရ တပ်ခွဲ”

ဆရာဝန် အင်ဂျင်နီယာအပါအဝင်အရာရှိဖြစ်မယ့်သူတွေကို “ဇေယျ တပ်ခွဲ”

ကျနော်တို့လို့ စာရေးဝန်ထမ်း တွေကို “ဗလ တပ်ခွဲ”

အမည်တွေပေးလို့ ထားပါတယ်။

သစ်ကြီးဝါးကြီးပေါများတဲ့အရပ်ဖြစ်တော့ ကျနော်တို့ နေရတဲ့အဆောင်လေး

တွေကို သစ်ပင်ဝါးပင်တွေကြားထဲမှာဆောက်ထားတော့ တကယ့် ကိုအေးအေးချမ်းချမ်း။

ကျနော်တို့ နေခဲ့ရတဲ့ အဆောင်လေးဆိုရင် လမ်းမကြီးကနေ မိုင်ဝက်နီးပါးလောက်ဝင်ရပါတယ်။

ကျနော်နေခဲ့စဉ်အချိန်က ကျောင်းပုံစံလေးမြင်အောင်ပြောပြချင်ပါသေးတယ်။

“ဗဟိုဝန်ထမ်းတက္ကသိုလ်”ဆိုတဲ့ဆိုင်းဘုတ်ကြီးကို ဖြတ်ပြီး

ကျောင်းထဲကို ဝင် လာ ခဲ့ မယ် ဆို ရင်လမ်းဘယ်ဘက်ခြမ်းမှာ                                                   တစ်ခုထဲသော စားသောက်ဆိုင်တန်းဖြစ်တဲ့“ဘုရားလေးဈေး”ရှိမယ် ။

ညာဘက်ခြမ်းမှာ သန္ဓေဝန်ထမ်းအိမ်ယာတွေရှိမယ်။

ဆက်လာခဲ့ မယ် ဆိုရင်လမ်းရဲ့ဘယ်ဘက်ခြမ်းမှာ

မိန်းကလေးတွေ နေတဲ့အဆောင်ရှိမယ်။

သူ့နံဘေးမှာ တော့ အားကစားခန်းမဆိုလဲဟုတ်

ပိတ်ရက်မှာလာတွေ့ကြတဲ့ မိသားစုတွေတွေ့ဆုံတဲ့နေရာလဲဟုတ်တဲ့

အမိုးသာရှိပြီး အကာအရံမရှိတဲ့ခန်းမကြီးရှိမယ်။

သူနဲ့မျက်နှာချင်းဆိုင်မှာတော့ အခန်းအနားတွေကျင်းပတဲ့နေရာလဲဟုတ်

ရုပ်ရှင်ရုံဆိုလဲဟုတ်တဲ့ခန်းမကြီးရှိမယ်။

အဲဒီကလွန်ရင်တော့လမ်းဘယ်ဘက်ခြမ်းမှာစစ်ရေးပြကွင်းရှိမယ်။

ဆက်သွားလိုက်ရင် ကျောင်းအုပ်ကြီးရုံးခန်းနဲ့စာကြည့်တိုက်ရှိမယ်။

အဲဒီနေရာမရောက်ခင်မှာ ညာဘက်ကိုခွဲဆင်းတဲ့မြေနီလမ်းလေးရှိတယ်။

အဲလမ်းလေးအတိုင်း တော်တော်လေး ဝင်သွားလိုက်မယ်ဆိုရင်ကျနော်တို့

ရဲ့ အဆောင်လေးကိုရောက်ပါမယ်။

ကျနော်တို့ အဆောင်မရောက်ခင် မြေလမ်းကလေးကနေ ညာဘက်ကိုခွဲထွက်မယ်ဆိုရင်တော့

“သူရတပ်ခွဲ” အဆောင်ကိုရောက်မှာဖြစ်ပြီး

ကျနော်တို့ရဲ့ဘယ်ဘယ်တောင်ကုန်းပေါ်မှာတော့ “ဇေယျတပ်ခွဲ” တွေနေတဲ့

အဆောင်ရှိပါတယ်။

ကျနော်တို့ တပ်ခွဲကို ဝင် လာ မယ် ဆိုရင် စစခြင်း ရုံးခန်းရှိပါမယ်။

ရုံးခန်းရဲ့ အနောက်ဖက်မှာတော့ စားဖိုဆောင်ရှိပါတယ်။

ရုံးခန်းနံဘေးမှာတော့ အဆောင်လွတ်ကြီး ဖြစ်ပါတယ်။

အဲဒီရဲ့ ဘယ်ဘက်ခြမ်းမှာတော့ အဆောင် တွေတန်းစီပြီ း ဆောက်ထားသလို

မျက်နှာခြင်းဆိုင် မှာလည်းအဆောင်တွေဆောက်ထားပါတယ်။

အဆောင်တစ်ဆောင်မှာဆိုရင်ကျောင်းသားအယောက်နှစ်ဆယ်နေရပါတယ်။

တစ်ဖက်ကိုဆယ်ယောက်စီပေါ့။

သစ်သားကုတင်အသေးလေးတွေချပေးထားပါတယ်။

ခေါင်းရင်းမှာစင် တစ်ပေခွဲလာက်အကျယ်ရှိ တဲ့ အရှည်ကြီး တစ်ခုရိုက်ထားပါတယ်။

အဲဒီစင်က ကိုယ့်ကုတင်နဲ့ တည့်တည့် နေရာမှာ

ကိုယ်အသုံးပြုတဲ့မတ်ခွက် နဲ့ ဇွန်းခရင်းကို စနစ်တကျ ထားရပါတယ်။

ခေါင်းအုံးနဲ့ ခြင်ထောင်ကို သတ်မှတ်ထားတဲ့အတိုင်းခေါက်ပြီးထား

ခြေရင်းမှာလည်းစောင်ကို ခေါက်ပြီး သပ်သပ်ရပ်ရပ်ထားရပါတယ်။

ပါလာတဲ့ သံသေတ္တာနဲ့ တိုလီမိုလီပစ္စည်းတွေကိုတော့ အဆောင်အဝင်ဝက                                စတိုခန်းထဲမှာထားပေါ့။

 

ကျနော်တို့ ကလည်း လူ လည် ကျ ပါတယ်။

စောင်ခြင်ထောင်တွေကို ဆရာတွေပြ တဲ့ အတိုင်းခေါက်ပြီး

အဲဒါလေးကို မသုံးဘဲ ထား။

ညအိပ်တော့ အပိုယူလာ တဲ့ အဟောင်းနဲ့ အိပ်အဲလိုလုပ်ပါတယ်။

ဆရာက ပို လည် ပါ တယ် ကျနော် တို့ မရှိ ချိန် မှာ ဝင် စစ်တဲ့အခါ

အဆင်သင့်ခေါက်ထားတဲ့ စောင်တွေခြင်ထောင်တွေကို အကုန်ဖြည်ချသွားပါတယ်။

နောက်တော့ လည်း စောင်ခြင်ထောင်ကို သေသေသပ်သပ်ခေါက်တတ်

သပ်သပ်ရပ်ရပ် ထားတ တ် သွားပါတော့ တယ်။

တကယ်တော့ ကျနော် တို့ ကို ကိုယ့် တာ ဝန် ကိုယ်ယူတတ်အောင်

အခြေခံ က စပြီး သင်ပေးတာ ဘဲဖြစ်ပါတယ်။

 

ဖောင်ကြီးသင်တန်းတက်နေစဉ်ကာလတစ်လျောက်ကတော့ ကျနော်တို့က

စစ်သားတစ်ယောက်လို ပြု မူ နေ ထိုင်ရတာဘဲဖြစ်ပါတယ်။

ရုံးခန်းထဲဝင်ရင်အလေးပြုရမယ်။

လမ်းမှာ ကိုယ့် အထက်က အရာရှိနဲ့ ဆုံ ရင် ကိုယ်က အလေးပြုရမယ်။

သူကပြန်အလေးပြု တဲ့ လက် မချ မခြင်း ကိုယ်က ချ လို့ မရ ဆို တဲ့

စောင့်ထိန်းလိုက်နာရမယ့် စည်းကမ်းတွေကိုသင်ပေးပါတယ်။

ကျနော်တို့ဖောင်ကြီးကိုရောက်တာ ၁၉၇၈ခုမတ်ချ်လ၁၃ရက်ပါ။

တကယ်သင်တန်းတက်ရတာကတော့

မတ်ချ်လ ၂၃ရက်နေ့ကနေဇူလိုင်လ ၁၈ရက်နေ့အထိစုစုပေါင်းသင်တန်းကာလက

၁၁၈ရက်ဖြစ်ပါတယ်။

ဒီသင်တန်းကာလ ၁၁၈ ရက်အတွင်းမှာ တော့

ပျော်ရွှင်စရာ စိတ်ညစ်စရာ

စိတ်အားငယ်စရာ စိတ်တိုစရာ

ပင်ပန်းကြီးစွာ မောပန်းစွာ နေရခဲ့ရတဲ့ ရက်တွေပါဘဲ။

ဒီသင်တန်းကြီး ကို အသက် ငယ်ငယ်နဲ့ရောက်ခဲ့တဲ့အတွက်

သင်တန်းဖော် ဦးလေးများ အကိုကြီးများရဲ့

သွန်သင်ဆုံးမမူ့တွေလဲရခဲ့ သင်တန်းကပေးတဲ့အတွေ့အကြုံတွေလဲ

ရခဲ့ဆိုတော့ ဒီသင်တန်းကို တက်ခဲ့ရတာတန်တယ်လို့ဘဲပြောချင်မိပါတယ်။

အဲတော့ ဒီသင်တန်းကာလ ကို ဘယ် လို ဖြတ်သန်း ခဲ့ ရတယ်ဆိုတာကိုတော့

ပြောပြချင်ပါသေးတယ်။

 

 

ဆက်လက်ဖော်ပြပါမည်

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

10-8-2014

 

 

 

 

 

 

 

 

 

 

 

12 comments

  • ဦးဦးပါလေရာ

    August 11, 2014 at 11:22 am

    ကိုပေါက်ရေ-
    တကယ်တော့ ဖေါင်ကြီးသင်တန်းလို သင်တန်းမျိုးက
    အဲဒီတုန်းက အစိုးရရဲ့ ပေါ်လစီအရလဲဖြစ်သလို ကောင်းလဲကောင်း မှန်လဲမှန်ပါတယ်။

    ဒီလိုသင်တန်းမျိုးကို ရည်ရွယ်ချက်ကောင်းကောင်း နည်းစံနစ်ကောင်းကောင်းဖြစ်အောင်လုပ်ပြီး
    တနိုင်ငံလုံး အနှံ့အပြားဖွင့်သင့်တယ်။
    လူငယ်မှန်သမျှ မတက်မနေရ တက်စေသင့်တယ်…
    အဲဒီမှာ အမူအကျင့်ကောင်းတွေ အတွေးအခေါ်ကောင်းတွေ
    နိုင်ငံသားကောင်းတစ်ယောက် သိသင့်တဲ့ ကျန်းမာရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ၊ နိုင်ငံတကာဆိုင်ရာအခြေခံဗဟုသုတတွေ
    ရေကူး၊ ဆိုင်ကယ်စီး၊ ကားမောင်း လို လူတိုင်းတတ်သင့်တာတွေ စံနစ်တကျ သင်ပေးသင့်ပါတယ်…။

    ခက်တာက တနိုင်ငံလုံးမှ တစ်ကျောင်းထဲရှိသလိုဖြစ်ပြီး
    အဲဒါကလဲ စစ်ပညာသင်ကျောင်းလို ဖြစ်နေတော့တာကိုး…..

    • ကိုပါရေ

      မဆလ မှာ အင်မတန် ကောင်းသောရည်ရွယ်ချက်တွေနဲ့ လုပ်ခဲ့တာတွေအများကြီးရှိပါတယ်။
      ဒါပေမယ့်ဒီကောင်းတာ တွေက အကုန်လုံးနှီးပါးပျက်စီးသွားခဲ့ပါတယ်

  • black chaw

    August 11, 2014 at 11:30 am

    နှလုံးသားရေးရာ ကိစ္စတွေရော
    ရေးမလား ဆိုတာ စိတ်ဝင်စားမိပါတယ် ကိုပေါက်ရေ…။
    လူတိုင်းအချစ်နဲ့ မကင်းနိုင်တာ ဆိုတော့
    ရေးစေချင်တာ အမှန်ပါပဲ။
    ရသစုံသွားတာပေါ့။
    အဲဒါလေး…။

    • ကိုချော ရေ

      ပါသင့်သလောက်တော့ ပါ ပါ မယ်

      နောက်ပလက်ဖောင်း တွေမှာ ပါ လာ ပါ မယ်

      နှလုံးသားရေး ရာ ကို အကုန်ရေးမယ်ဆိုရင်တော့

      ကိုပေါက်နဲ့ က ချစ် ရ သူ
      ကိုပေါက် ကို ချစ်သူ
      ိကိုပေါက် ကို မချစ်သူ
      ကိုပေါက်နဲ့ချစ်မလိုလို ဖြ စ်သူ
      ကိုပေါက်နဲ့ချစ်ခဲ့သူ
      ကိုပေါက်နဲ့ ချစ်ပြိးမှမုန်းသွားသူ
      ကိုပေါက်နဲ့ချစ်ပြိးမှလွဲခဲ့သူ
      အဲ လို ကဏ္ဍလေးတွေ ခွဲပြီး သီးသန့် တစ်ပုဒ်ရေး ရင်ကောင်းမယ်ထင်တယ်။

  • kyeemite

    August 11, 2014 at 11:33 am

    ဒီပလက်ဖေါင်းကတော့ ဖေါင်ကြီးပလက်ဖေါင်းပေါ့ …
    ကျုပ်လည်းတက်ခဲ့ရပါတယ်…တော်တော်တော့နောက်ကျတယ်ဗျ…၁၉၈၉ မှာ ဇေယျ(၁၀၂)
    ပင်လည်းပင်ပန်း ပျော်လည်းပျော်စရာပါပဲ…ငယ်သေးတော့ ခံနိုင်သေးတာပေါ့ကိုပေါက်ရေ :i:

    • kyeemite

      August 11, 2014 at 2:53 pm

      ကိုပေါက်…ဖေါင်ကြီးတုန်းက အမှတ်တရရိုက်လာတဲ့ပုံလေးတွေမရှိဘူးလားဗျ
      ရှိရင်ပုံလေးပါတင်ပါဗျာ

      • အဲ တုန်းက ကမင် မရာ မကိုင်တော့ ကိုယ်တို်င်ရို်က်တာတော့ မရှိဘူး။

        ကိုယ့် ကို သူ များ က ရိုက်ပေးတာလေးတွေ တော့ ရှိတယ်

        တင်ပေး မယ်လေ

  • weiwei

    August 11, 2014 at 2:02 pm

    ကျွန်မကတော့ အကြိုဇေယျသင်တန်း (၁၄) ပါတ် တက်ခဲ့ရပါတယ်။ တစ်သက်တာ အမှတ်ရဆုံးအချိန်တွေထဲမှာ ဖောင်ကြီးသင်တန်းပါတယ်။ ရည်ရွယ်ချက်ကောင်းတဲ့သင်တန်းတစ်ခုအနေနဲ့ ကြိုက်တယ်။
    မနှစ်က ထပ်ပြီးတက်ခဲ့ရတဲ့ ဖောင်ကြီးသင်တန်းကိုတော့ မကြိုက်ဘူး …

    • မဝေ ရေ ကျနော် ရဲ့ အတွေးအမြင်တွေကို ပြောင်း လဲ သွား စေ တဲ့ အထဲမှာ

      ဒီဖောင်ကြီးသင်တန်းလဲ ပါ တယ်။

      တကယ် မမေ့ နို်င် လို့ လဲ အမှတ်တရ ရေးမိတာပါ။

      ဖြတ်သန်းအမှတ်(၈)ကတော့ ဖောင်ကြီးအကြောင်း သီး သန့် ရေး မှာ ပါ။

  • ခင် ခ

    August 11, 2014 at 2:06 pm

    အစိုးရဝန်ထမ်း မလုပ်ဖူးလေတော့ အဲဒီ ဖောင်ကြီးလည်း မတက်ရဘူးဗျ။

Leave a Reply