Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း။ စက်တင်ဘာ ၂၀၁၄

kaiAugust 12, 20141min72025

ဂျာမန်ဒဿနပညာရှင် ဟေဂေလ် (Hegel) က “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာ ရှိသည်” ဟု ဆိုခဲ့ဖူးသည်။
ဆရာကြီး ဒဂုန်တာရာက “နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေ ဖြစ်အောင် လုပ်တာ” ဟုဆိုကာ “ရန်သူမရှိ မိတ်ဆွေသာရှိ” အယူအဆကို မြန်မာများအတွက်ချပြခဲ့သည်။

၈။၈။၁၉၈၈ – ၈-၈-၂၀၁၄
၂၆နှစ်တိုင်ခဲ့ပြီ။
အရပ်သားနှင့်ကျောင်းသားရန်ဖြစ်ရာမှ ၈၈အရေးအခင်းဖြစ်သည်ဟူသော ခပ်နှိမ်နှိမ်အမြင်ကို ထိုစဉ်ကစစ်တပ်၏စိတ်ဓါတ်စစ်ဆင်ရေးပိုင်းမှ ရိုက်ချက်အဖြစ်ခိုက်ကာထားပေးခဲ့သည်။
အကြောင်းတရားစင်စစ်သည်ကား ၁၉၈ရ စက်တင်ဘာ ၅ရက် (လူထု၏စည်းစိမ်ဥစ္စာကို ဖျက်စီးလိုက်သည့်)ငွေစက္ကူများသိမ်းခြင်းမှဟု အတတ်ဆိုပါမည်။ ငွေစက္ကူသိမ်းသဖြင့် ဒေါသထွက်နေသော အာအိုင်တီကျောင်းသားများ အင်းစိန်လမ်းမပေါ်ပြေးထွက်ကာ

ဖြတ်မောင်းလာသောအစိုးရကားများကိုတား၍ မီးတင်ရှို့ခြင်းမှ “စ”သည်။ ၈ရကျောင်းသားထုအုံကြွမှုကို လူထုကြီးမှတိုက်ရိုက်ပါဝင်ပါတ်သက်လာမှုသည် လူထုကြီး၏စည်းစိမ်ဥစ္စာကို သိမ်းပိုက်ဖျက်စီးခံရခြင်းကြောင့်သာဖြစ်ပါ၏။

အရေးတော်ပုံဖြိုခွဲခဲ့သူတို့က “သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်”ဆိုကာ အရေးတော်ပုံအား မီဒီယာလေလုံးလှိုင်းများနှင့်ရိုက်ဖြိုခဲ့လေသည်။
စစ်၏သဘောသဘာဝတွင် မိမိနှင့်ထိပ်တိုက်ရင်ဆိုင်နေသူကို ရန်သူအဖြစ်သတ်မှတ်ကာ ပျက်စီးရာ ပျက်စီးကြောင်းရည်ရွယ်၍ချေမှုန်းပစ်ရသည်။ သို့နှင့် “သူပုန်တို့မိခင်အာအိုင်တီ”ကို တစစီဆွဲဖြုတ်ခဲ့ကြပါသည်။
လူထုနှင့်သူ၏သားများအားရုန့်ရင်းကြမ်းတမ်းစွာ ချေမှုန်းပစ်ခဲ့ကြရင်းနေရာယူခဲ့ကြသည်မှ ငွေကိုရသည်။ ရွှေကိုလည်းရသည်။ ထိုနောက်လူတွေပါရကုန်သည်။
၂၆နှစ်ကြာသော် စစ်နှင့်သူ၏ထိပ်ပိုင်းအသိုင်းအဝိုင်းတို့သည် တိမ်ပေါ်တွင်နေကြလေသည်။ မ,ထားသော လူအင်အားလည်း မနည်းတည်း။
ပြည်ခိုင်ဖြိုးပါတီတခုထဲမှပင် သန်းဆယ်ဂဏန်းမကရှိသည် ဟူသတတ်။

နောက်ကြောင်း ပြန်လင့်မပြန်လင့်
သမိုင်းကိုလေ့လာကာ မအ,အောင်မှတဆင့်တက်၍ သင်ခန်းစာယူကြပါလေ။
သမိုင်းဆက်ဆက် တဖက်နှင့်တဖက် စစ်သဘောထားအပြုတ်နှံကာတိုက်ခဲ့ကြသည်များကို ရပ်သင့်လှပြီ။
“မိုးကောင်းဆုံးရွာထားဦးပေါ့ကွာ။ ငါ့အလှည့်ကျရင်မိုးကြိုးပါပစ်ချလိုက်မယ်” ဟူသော လက်စားချေစာသည် မြန်မာတို့တွင်အမြစ်တွယ်လွန်းခဲ့ပြီ။
“ပေဖြစ်လျှင်ခံ တရံမမှု တူဖြစ်ထုလော့” သည် အစွန်းရောက်ဖက်တိမ်းညွှတ်တွန်းပို့ခြင်းကိုသာများစေသည်။
မြန်မာတို့တွင် အတိုက်အခံဟူသည်မရှိ။ “ကိုယ်ကကျူးကိုယ့်ဒူးတောင်မယုံရ ” ဟူထားသဖြင့် သွေးသောက်မိတ်ဆွေဖြစ်လင့်ကစား စိတ်သဘောမတူလျှင် “ငါနှင့်မတူငါ့ရန်သူ”ထားသည့်သဘောရှိသည်။
ထိုထို ရှေးစွန်းစွဲအတွေးအယူ များကိုလှန်၍အမြစ်နှုတ်မပြင်သမျှ အနာဂတ် တပ်အပ်နမိတ်ဖတ်နိုင်ပါသည်။
မြန်မာ့သမိုင်းဟူသည် ကွဲပြဲသမိုင်းကြီး ဖြစ်သဖြင့် နောက်ကြောင်းပြန်လင့်မပြန်လင့် မပူရပါ။ သည်ရှေးစွန်းစွဲတို့၏မူအတိုင်းဆက်သွားကြလျှင် သမိုင်းဘီးပါတ်ပါတ်လည်၍ သံသရာကိုပင်တိုင်ပတ်ကာ နောက်ကြောင်း ပြန်ကိုပြန်ပါမည်။

၆ဝစုသားများ
အမေရိက၏စီအန်အန်သည် မင်းသားကြီးတွန်မ်ဟန့်စ်ထုတ်လုပ်သော Sixties TV Series ကိုပြနေ၏။
၁၉၆ဝမှ၁၉၇ဝ ဆယ်စုနှစ်ဝန်းအတွင်း ကမ္ဘာနှင့်လူ့ယဉ်ကျေးမှု၊ နည်းပညာတို့သည် ရှိန်နှုန်းမြင့်ပြောင်းခဲ့သည်။
လပေါ်လူရောက်၏။ ရောင်စုံတီဗီခေတ်ဝင်သည်။ အီလက်ထရောနစ်နည်းပညာ၏အခြေခံတို့စသည်။ အင်တာနက်၏ ARPANET စတင်စမ်းသပ်သည်။ သမ္မတကနေဒီလုပ်ကြံခံရ၏။

အမျိုးသမီးအခွင့်အရေးဒုတိယလှိုင်းဝင်သည်။ မာတင်လူသာကင်း၏ “I Have a Dream” မိန့်ခွန်းနှင့်အတူ လူသားအခွင့်အရေးဥပဒေပြုမှု့တို့ထွက်ခဲ့သည်။ ဗီယက်နမ်စစ်ကြီးဖြစ်လာသည်။ စိနပြည်တွင်ယဉ်ကျေးမှုတော်လှန်ရေးကြီးဖြစ်သည်။ လက်နှက်ကိုင်တော်လှန်ရေးတို့၏စံလူသား ချီဂွေဗာရား

ပုံရိပ်ထွက်လာသည်။ အရှေ့အနောက်ခွဲ ဘာလင်တံတိုင်းဆောက်သည်။
၆၀-၇ဝဆယ်စုနှစ်တခုသည် ကမ္ဘာကိုကိုင်လှုပ်ခဲ့သည်။ ထိုအသီးအပွင့်များကို အမေရိကအပါအဝင် ကမ္ဘာသူသားတို့ဆက်လက်ခံစားစံစားနေနိုင်ကြပါသည်။
၆ဝစုသားများတွင် ဘေဘီဘုမ်မာ(  1946 and 1964)အငယ်ဆုံးမျိုးဆက်တို့ပါသည်။ မြန်မာတွင်လည်း ၈၈အရေးတော်ပုံကိုစခဲ့ကြသူ၊ အာဏာရှင်စနစ်ကိုထိခိုက်ပြုတ်ကျအောင်ရိုက်ခတ်စေခဲ့သူတို့မှာ ၆ဝစုတွင်မွေးဖွားသူတို့ အဓိကဖြစ်သည်ဟုသာဆိုရပေမည်။
၆ဝစုသားတို့တွင် ထူးခြားသောသင်္ကေတလက္ခဏာများရှိကောင်း၏။

အောင်မြင်/ကျရှုံး
၈၈ကြီးအောင်မြင်ခဲ့သလောကျဆုံးခဲ့သလောကို ယခုခေတ်အဖြစ်အခြေအနေတို့အား ကြည့်လျှင်သင်ကိုယ်တိုင် သမိုင်းသက်သေပြုလျှက်မြင်ရပါလိမ့်မည်။
မဆလပြုတ်ကျခဲ့ပြီ၊ ဦးနေဝင်းနှင့်အပေါင်းအပါတို့အာဏာပြုတ်လျှက် လွန်ခဲ့ပြီ။
စစ်အာဏာရှင်ကိုကား အမွေဆိုးရလို်က်၏။ ယခုအစိုးရသည် ဒီမိုကရေစီအသံနက်ဟစ်လျှက်မှ ပြောင်းယူကြည့်နေဟန်ကားမြင်ကြရသည်။
သမ္မတအိုဘားမား၏ ဝက်စ်ပွိုင့်ဆင်းစစ်သည်များအားပြောကြားသည့်မိန်ခွန်း(May 28, 2014)တွင် အောက်ပါအတိုင်းဆိုခဲ့လေသည်ကို အရကောက်လျှင် အမေရိကသည် မြန်မာ့အရေး၌ထဲထဲဝင်ဝင်ပါဝင်ပါတ်သက်မည်မှာသေချာပါသည်။
“we will have gained a new partner without having fired a shot.”
၆ဝစုသားတို့ ဘာလုပ်ကြရမည်နည်း?

၂၆နှစ်ကြာ၍ မျက်လုံးများကိုဖွင့်ကြည့်လိုက်သောအခါ ပစ္စက္ခ အခြေအနေတွင်၊မြန်မာပြည်သည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံး Least Developed Countries စာရင်းဝင်နိုင်ငံဖြစ်နေ၍နေဆဲဖြစ်နေသည်ကိုတွေ့ကြရမည်။
လက်ရှိမြန်မာပြည်သည် LDC ဖြစ်/မဖြစ်တွက်ယူရသည့် gross national income (GNI), human assets index(HAI), economic vulnerability index(EVI)  စံချိန်စံညွှန်း ၃ခုတွင် ၂ခုအံမဝင်ဟူ၍ လက်ရှိအစိုးရကဝန်ခံထား၏။
သို့ဆိုသော်ငြား လူတို့သည်ကား သောင်းသိန်းသန်းကုဋေဒေါ်လာဂဏန်းများနှင့် အမြင့်ကောင်းကင် တိမ်ပေါ်တွင်ကစားနေကြလေသည်။
သာမန်လူတန်းစားအတွက်ကား လက်မည်းကြီးများနှင့်တိမ်ပေါ်ကွင်း ကစားနေကြခြင်းကို မျှော်မော့ကြည့်ကာ အိမ်မက်တို့မက်နေကြရသတည်း။
ဤသည်က မြန်မာတို့၏ စီးပွားရေးအမှန်စရိုက်ဖြစ်သည်ဟူလို။

ဘုံအကျိုးစီးပွား
ဘက်တိုင်းတွင် ထာဝရမဟုတ်တောင် အချိန်အတိုင်းအတာတခုထိတူညီသော ဘုံအကျိုးစီးပွားတို့ရှိကိုရှိပါသည်။
ရှိသည်တို့ကို တွဲလုပ်လုပ်ခွဲလုပ်လုပ် အလုပ်ဖြစ်အောင်လုပ်ကြစေလိုသည်။
သမ္မတ၏ဘေး စစ်တပ်၏အရေးတို့တွင် ၈၈ခေါင်းကိုင်ခဲ့သူတို့တချို့ရောက်၍နေသလို နိုင်ငံတကာတွင်လည်း ၆ဝစုသား ပညာအတွေ့အကြုံပြည့်နေသူများက ရံလျှက်စောင့်ကြည့်ဝေဖန်ပေးနေပါသည်။
လွန်ခဲ့သော ၂၆နှစ်ထက်များစွာသာသော အခြေအနေနှင့်အချိန်အခါသာဖြစ်ပါသည်။ “ပျံလေတဲ့ငှက်ခါး နားမှသိမယ်”ဟု ဆိုရန်ကားမဟုတ်။
အခက်ကိုအချက်အဖြစ်မယူပဲ အကွက်ကို အချက်အဖြစ်ယူနိုင်သည်။ အိမ်ပြန်နိုင်သူတို့အကြိမ်ကြိမ်အိမ်ပြန်ကြပါ။
တိုင်းပြည်၏အခြေခံလူတန်းစားရေးကိုကြည့်ပါ။ အလယ်လတ်တန်းစားကိုထူထောင်ပါ။  “ရန်သူမရှိ မိတ်ဆွေသာရှိ”အယူအဆကို ကိုင်စွဲပါ။

အလျှင်(တစေး)အချဉ်
တကမ္ဘာလုံးတွင် ကွန်မြူနစ်ဝါဒကျဆုံးခဲ့ပြီးဖြစ်သော်ငြာ မြန်မာပြည်တွင် လွန့်လွန့်ရှိနေသေးသည်ကို သတိထားမိသည်။
မြန်မာ့နိုင်ငံရေးသဘာနှင့်ဝါရင့်လှသောသူတို့၏ အလျှင်သည် လူထုနှင့်ခေါင်းဆောင်များအပေါ်တွင် အချဉ်ဖောက်နိုင်ဆဲပင်။
“NLD ပါတီကို ဝိုင်းရံကြ “ဟူသောပေါ်လစီရှိခဲ့ငြား ယခုအချိန်တွင်တော့ ထားခဲ့ပြီ။ ဖိ၍ကြိတ်ထောင်းထောင်းနေသည့်သဘောသဘာဝတချို့ကိုပင်မြင်နေရပေသတည်း။
အနုပညာနှင့်ကွန်ဆာဗေးတစ်များအပေါ်အာဘော်ရှိလှသော ဗကပနှင့် မတ်စ်အတွေးအခေါ်များကို ရှေးစွန်းစွဲတို့၏ အတွေးအခေါ်အပေါ်ချိန်ခွင်လျှာညှိရန် ထည့်တွက်ကြည့်သင့်သည်။

အဆုံးသတ်တိုက်ပွဲ

ဩဂုတ်လ (၁၄) တွင် ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်သွားသည့်ထူးအိမ်သင်က ၈၈ သီချင်းအဖြစ် အဆုံးသတ်တိုက်ပွဲ နွှဲရမည် သီးချင်းရေးကာ အရေးတော်ပုံကို စွမ်းအားမြှင့်ခဲ့ပါသည်။
အရေးကြီးပြီ ညီနောင်အပေါင်းတို့
သွေးစည်းကာ ညီစေ ညီကြစို့
ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့ပြီ
သွေး…သစ္စာလည်း ပြုခဲ့ပြီ။
နိုင်ငံတော် အတွက်ဆို အသက်ကိုလည်း ဘာမထီ
သေပစေခွပ်ဒေါင်းသွေးဟေ့ ရဲရဲ ရှေ့ကိုချီ
လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည်
အဆုံးသတ်တိုက်ပွဲ ငါတို့ နွှဲရမည်…။

အဆုံးသတ်တိုက်ပွဲကို ဖြုတ်ထုတ်သတ်ကားလုပ်၍ကားမရ။ ပေဖြစ်လျှင်ခံ တူဖြစ်၍ထုပစ်ရန်လည်းမဖြစ်နိုင်။
စစ်သည်စစ်သား ပြည်ခိုင်ဖြိုးအင်အားသန်းချီကို ဘင်္ဂလားပင်လယ်အော်ထဲမောင်းချနိုင်မည်လော?
စမတ်ဖုံးတို့ဖြင့် လူသားတို့၏လူနေမှုဘဝအစုံစုံ တဆစ်ချိုးစေသော စမတ်တို့ခေတ်ဝယ် စမတ်ပါဝါသုံး၍ လိုချင်သည်များကို စမတ်ကျကျယူသင့်ပေးသင့်လှသည်။

အဆုံးသတ်တိုက်ပွဲမည်သို့နွှဲမည်နည်း။
အနိုင်ယူမည်လော။ တိတိရိဖြတ်ချမည်လော။
အမှန်တကယ်တွင်တော့ တမြေထဲနေ တရေထဲသောက်တို့၏နိုင်ငံရေးတွင်နိုင်သည်ရှုံးသည်မရှိ။
မည်သို့အနိုင်ယူ/မည်ဝယ်အရှုံးပေးဟူသည်သာရှိရမည်။
အဆုံးသတ်ရလဒ်အဖြစ်တိုင်းပြည်တိုးတက်သွားခြင်းဆီသို့သာ ဦးကင်းပဲ့ကိုင်ပြုသင့်သည်။

25 comments

  • အလင်းဆက်

    August 12, 2014 at 4:31 pm

    ဘယ်နိုင်ငံက.. ဘယ်ဒဿ န ဆရာတွေ..ဘယ်လိုပြောပြော…
    ကျနော် ပြောမှာကတော့…
    အဟွတ်… ။

    မြန်မာနိုင်ငံမှာ.. နိုင်ငံရေး လုပ်တယ်..ဆိုတာ..
    အချွန်အတက်တွေနဲ ့ ကျောက်တောင်ကြီးကို…
    ကြက်ဥခွံ လေးတွေက..ပြေး စောင့်တာ… ။

    အကွဲကွဲ အပြဲပြဲ…
    ကြေမွခဲ့ကြဖူးတာ..သက်သေ…

    ————————————–

    သာမန်လူတန်းစားအတွက်ကား လက်မည်းကြီးများနှင့်တိမ်ပေါ်ကွင်း ကစားနေကြခြင်းကို မျှော်မော့ကြည့်ကာ အိမ်မက်တို့မက်နေကြရသတည်း။

    အဲဒီ အပိုဒ်မှာ… အိမ်မက် ကို.. အိပ်မက် လို ့…ပြောင်းရေးမှာလား…သဂျီး.. ။

    :mrgreen:

    • kai

      August 13, 2014 at 1:24 pm

      ပြင်လိုက်ပြီဗျ..။ ပုံမနှိပ်ခင်.. စာလုံးပေါင်းထောက်ပြတာ..ကျေးကျေး..

  • မင်း ခန့် ကျော်

    August 12, 2014 at 4:54 pm

    ဒေါ်စု အနေနဲ့လူထုကိုယ်စား
    စကားပြောနိုင်ပြီလားးး ဆိုတာကလဲအရေးပါတယ်ထင်တယ်
    ဗျာ။

    ဥပမာ – အခြေအတင်ဖြစ်လာလို့ နောက်ကြောင်းပြန်အရေးယူ

    မူ့တွေကို ကျမရှိနေသရွှေ့မလုပ်ပါဘူး ဆိုတဲ့စကားမျိုး

    ကျတော်တော့ မထင် ။

    • kai

      August 13, 2014 at 1:26 pm

      ကျမမရှိတော့တဲ့အချိန်မယ်.. ယူအက်စ်ပေါ်လစီလည်း..ဝင်ရိုး ရွေ့မယ်မှန်းပါတယ်..။
      အခုအချိန်မယ်… ဒေါ်စုက..တော်တော်… တော်တော့်ကိုအရေးကြီးတယ်..။

  • thit min

    August 12, 2014 at 6:31 pm

    တိုင်းပြည်တိုးတက်ရေးသာ ဦးတည်..
    မှန်ပါတယ်..။
    ဒါပေမဲ့ ရှေ့ကသွားနေတဲ့ကောင်တွေရဲ့ဖိနပ်ကို
    လိုက်တက်နင်းပြီး ကိုယ်ကရှေ့ရောက်အောင်လုပ်နေကြတယ်..။
    အဖြေက အပြန်အလှန်နင်းကြရင်း ခရီးမတွင်ပါ..ပေါ့။
    ဒါကလောလောဆယ်ဖြစ်နေတာတွေပါဘဲ..။
    ဆက်ရရင်
    ဒီလိုဖြစ်စေချင်..ဆိုတဲ့..”ချင်”မှာလမ်းဆုံး ဆုံးနေတာကဒီနေ့ဒီအချိန်ကာလ
    ရဲ့ လက်တွေ့အနေအထားပါ..။
    သံသယမြစ်ရေတွေစီးဆင်းနေတဲ့ အာဃာတမြစ်ပြင်ကျယ်ကြီးဟာ
    ယုံကြည်မှုတံတားမထိုးနိုင်ရင်း..နိုင်ရင်း..ပိုရေစီးသန်..ပိုနက်ရှိုင်းကျယ်ပြန့်
    လို့လာနေပါတော့တယ်။
    ပိုဆိုးတာက တဘက်ကမ်းမှာတချိန်လုံး တူတူရပ်နေသူအချင်းချင်း
    ရေထဲတွန်းချဖို့ ကြံနေသူတွေက ကြံနေပြန်ကြသေး။
    ခေတ်မှီပစ္စည်းတွေ သုံးရင်း ခေတ်နောက်ကျနေတယ်လို့ ဆိုရမယ်ထင်ပါရဲ့။
    Absolutely Change မလုပ်နိုင်ရင် Partly Change တွေနဲ့သွားရမယ်လို့
    မြင်မိပါရဲ့..။

    • kai

      August 13, 2014 at 1:34 pm

      ဘီစီပေးလိုက်ပါ့ကိုသစ်ရေ…
      Ender’s Game ဆိုတဲ့ရုပ်ရှင်မှာ..Ender နောက်ဆုံးပြောစကားလေးကြိုက်မိတယ်..။
      “The way we win matters.” တဲ့..
      မြန်မာ့သမိုင်းမှာဒီတခါတော့.. အနိုင်ရရ..အရှုံးဖြစ်ဖြစ်.. “သိက္ခာ”လေးတော့ကျန်ရစ်ခဲ့စေလိုတာပါ..။

      Absolutely Change မလုပ်နိုင်ရင် Partly Change တွေနဲ့သွားရမယ်

      ဆိုတာကို.. သဘောကျထောက်ခံပါကြောင်း.. :k:

      During a particularly heated confrontation between Ender and Graff, the colonel stipulates that winning is “all that matters.” No, Ender retorts, it’s not: “The way we win matters.”

  • pooch

    August 12, 2014 at 8:53 pm

    အ​ကောင်​းဖက်​က​တွေးမယ်​ဆိုရင်​​တော့ အဆင်​းရဲဆုံးဖြစ်​​နေတာကိုလက်​ခံနိုင်​တာကိုက ဆင်​းရဲတွင်​းက လွတ်​ဖို့ကြိုးစားလို့ရ​သေးတယ်​
    အရင်​လို ဖုံးကွယ်​တာထက်​စာရင်​ အရှိကိုအရှိတိုင်​း လက်​ခံလာတယ်​​ပြောရမှာ​ပေါ့
    ကိုသစ်​​ပြောတဲ့ Partly change ကတပိုင်​တနိုင်​လုပ်​​နေကြတာ​တော့မြင်​တယ်​
    ဒီထက်​ပိုြပြီး​ဖြေ​လျော့​ပေးနိုင်​ရအုန်​းမှာ

    • kai

      August 13, 2014 at 1:40 pm

      ကျုပ်အမြင်အရတော့.. မြစ်ဆုံစီမံကိန်းလို.. ကျောက်ဖြူ-ကူမင်းရထားလမ်းလို.. ထားဝယ်ရေနက်ဆိပ်ကမ်းလို.. မဲခေါင်စီမံကိန်းလို.. အာရှ-မြန်မာလမ်းစီမံကိန်းတွေက.. တိုင်းပြည်ကို .. (သယံဇာတတွေထုတ်ရောင်းနေတာထက်စာရင်.). အဆပေါင်းများစွာ ဆွဲတင်ပေးသွားမယ်မြင်မိတယ်…
      ဆင်းရဲတွင်းကလွတ်မယ့်.. ဘိုးဘိုးအောင်မကိန်းတွေပါ…။

      ကမ္ဘာ့လူအများဆုံးနဲ့.. တိုးတက်ချမ်းသာလာတဲ့.. နိုင်ငံကြီး၂နိုင်ငံကြားနေပြီး.. ဒီလောက်မွဲနေတာ.. အံ့ဖွယ်သုတ.. x အခါ၁သန်း.. ပဲ..။

      ♩ ♪ ♬ဘယ်သူမဆို.. ♭♫ ကိုယ်တန်ရာပဲရမယ်..♮ ♯ လို့သာသီချင်းဆက်ဆိုချင်မိနေတာပါပဲ… :k:

  • manawphyulay

    August 13, 2014 at 12:20 pm

    ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ရည်အရှိဆုံးကတော့ ဘယ်နိုင်ငံမှ မြန်မာနိုင်ငံကို မမှီသေးပါဘူးရှင်…

    • kai

      August 13, 2014 at 1:43 pm

      မခံနို်င်ပါဘူး.. မနောမမရယ်..
      မနေ့ကတင်.. ရန်ကုန်ကပြန်လာတဲ့.. ၄၅အသက်တန်းလူတယောက်နဲ့စကားပြောဖြစ်တာ.. ၁ဝတန်းထဲက.. ငယ်သူငယ်ချင်းတွေထဲ.. တတန်းသားထဲမှာ.. သေကုန်ကြတာ.. ဒီနှစ်အထိ… ၁၃ယောက်ရှိတယ်ဆိုပဲ..

      ဆင်းရဲတဲ့ဒဏ်ကို.. အသက်နဲ့ပေးဆပ်နေကြ.. :i:

  • ဦးကျောက်ခဲ

    August 13, 2014 at 1:42 pm

    ၈၈၈၈-ချစ်ကိုကြီးတွေကတော့ ထောင်ထဲမှာအနေကြာခဲ့လို့ ရှိပါစေတော့…
    အူးတေဇတို့ အူးဇော်ဇော်တို့ ရွှေသံလွင်အူးကျော်ဝင်းတို့ အူးမိုးသီးတို့… တို့
    အကုန် သဂျီးပြောတဲ့ ၆ဝသားတွေချည်း… ၁ပိသာ ဝေးလို့… ၁ကီလိုတောင်မပြည့်…

    • kai

      August 13, 2014 at 1:49 pm

      ၂၆နှစ်ကြာ၍ မျက်လုံးများကိုဖွင့်ကြည့်လိုက်သော် ပစ္စက္ခ အခြေအနေတွင်မြန်မာပြည်သည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံး Least Developed Countries စာရင်းဝင်နိုင်ငံဖြစ်နေဆဲကိုတွေ့ကြရမည်။
      လက်ရှိမြန်မာပြည်သည် LDC ဖြစ်/မဖြစ်တွက်ယူရသည့် gross national income (GNI), human assets index(HAI), economic vulnerability index(EVI) စံချိန်စံညွှန်း ၃ခုတွင် ၂ခုအံမဝင်ဟူ၍ လက်ရှိအစိုးရကဝန်ခံထား၏။
      သို့ဆိုသော်ငြား စစ်သား၊လူထွက်နှင့်ခရိုနီတို့သည်ကား သောင်းသိန်းသန်းကုဋေဒေါ်လာဂဏန်းများနှင့် အမြင့်ကောင်းကင် တိမ်ပေါ်တွင်ကစားနေကြလေသည်။
      သာမန်လူတန်းစားအတွက်ကား သူတို့တိမ်ပေါ်ကွင်း ကစားနေကြခြင်းကို မျှော်မော့ကြည့်ကာ ကျလာသည့်အစအနများနှင့်အိပ်မက်တို့မက်နေကြရသတည်း။
      ဤသည်က မြန်မာတို့၏ စီးပွားရေးအမှန်စရိုက်ဖြစ်သည်ဟူလို။

      ပုံနှိ်ပ်မှာကို.. အဲလိုပြင်ရေးထားသဗျ…။ စစ်သားနဲ့ လူထွက်ကြား ပုဒ်ထီးလေး… သိသိသာသာချထားတယ်..။
      တပိဿာမပြည့်ဘာအရေးလဲဟု.. မဆိုလို… :k:

      • ဦးကျောက်ခဲ

        August 13, 2014 at 2:07 pm

        သဂျီးကလည်း တွန့်တိုနေပြန်ပြီ…
        “သို့ဆိုသော်ငြား ၆ဝသား စစ်သား၊လူထွက်နှင့်ခရိုနီတို့သည်ကား သောင်းသိန်းသန်းကုဋေဒေါ်လာဂဏန်းများနှင့် အမြင့်ကောင်းကင် တိမ်ပေါ်တွင်ကစားနေကြလေသည်။”
        ပို့မယ့်ပို့ ကုတို့သာရောက်အောင်ပို့လိုက်… :k:

  • ခင် ခ

    August 13, 2014 at 2:09 pm

    တကယ်တို့ ကျုပ်တို့နိုင်ငံ ခေတ်စနစ် ပြောင်းသင့်တဲ့ အချိန်လွန်နေပြီး။
    ပြောင်းလဲ ပြောင်းလဲ လိုကြတဲ့ လူထုက ဒုနဲ့ဒေး ရှိနေပါပြီ။
    ဒါပေမယ့် လိုအပ်နေတာက ခေတ်စနစ်အပြောင်းအလဲကို လက်ခံတဲ့ ဦးဆောင်သူနဲ့ ထိုဦးဆောင်သူအပေါ် ပုံယုံပြီး တစ်ညီထဲလိုက်ကြဖို့ အားပါဘဲ။
    ခေတ်စနစ်အပြောင်းအလဲကို လက်ခံတဲ့ ဦးဆောင်သူရှိနေပြီးသားဆိုရင်တောင် ဝါးတားတားတွေ ခဝါချပြီး ပုံယုံဖို့တော့ လုပ်သင့်ပါပြီ။
    ဘာလို့လဲဆိုတော့ ခပ်ဝါးဝါးဖြစ်အောင် သူတို့တွေလုပ်တတ်တာတော့ သိပ်ကျွမ်းပေါ့ သဂျီးရေ။

    • kai

      August 13, 2014 at 2:18 pm

      ဒေါ်စုနောက်ကိုလိုက်ဖို့အသင့်ဖြစ်နေတဲ့..အင်အားစုကြီးကို.. ဝါးတားတား..ဝေတေတေတွေဖြစ်အောင်.. လုပ်လိုက်တာက.. (အစိမ်းဂိုဏ်းနဲ့စာရင်).. အဝါဂိုဏ်းတွေသာအဓိကလို့မြင်မိတယ်…။
      ၂၀၁၅မှာ.. မြင်ရလိ်မ့်ဦးမယ်..။

      အင်း..
      နှစ်၁၀၀ဝ ကျိန်စာ..။ :k:

  • မဟာရာဇာ အံစာတုံး

    August 14, 2014 at 4:28 am

    သဂျီးရဲ့ အယ်ဒီတာ့ သင်ပုန်းကို
    ခုမှ သေချာ ဖတ်မိသဗျာ …
    ရေးထားတာ ရေလည် ကောင်းကိုးဗျ …
    (မြှောက်ပြောတာ .. တကယ် ဟုတ်ဘူး) :mrgreen:

    စကားမစပ် …
    နောက်ဆုံး စာကြောင်းကို ဖတ်ပြီး …
    ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံရဲ့ ဒုက္ခတွေကို တကယ်နားလည် ခံစားခဲ့ရပြီး
    ကိုယ့်နိုင်ငံကို တကယ် ချစ်တဲ့လူ .. ဖြစ်စေချင် .. ဖြစ်အောင် စွမ်းနိုင်တဲ့လူ … သမ္မတ ဖြစ်လာမှသာလျှင် …
    တိုင်းပြည်က တိုးတက်လာတတ်တယ် ဆိုတာ တွေးလိုက်မိတယ်ဗျာ …
    ဘရာဇီး ကို ပြောင်းလဲခဲ့တဲ့ ဟိုသမ္မတ ကို ပုံကောက်မိသွားတာပါ ….
    အဲ့ဒါ .. အဲ့ဒါ …

    • kai

      August 14, 2014 at 7:24 am

      အပြည့်ရေးထားပြီး.. အပိုဒ်တချို့ပြန်နှုတ်ထားတာ..လုံးစေ့ပါတ်စေ့နားလည်ပြီး.. ရေလည်ကောင်းအောင်ဖတ်နိုင်တာကိုက.. ပညာတရပ်ပေါ့…
      ငါကွ..

      နောက်တာပါ…
      လူတယောက်ထဲနဲ့.. တိုင်းပြည်တပြည်ပြောင်းပါတယ်..
      အဲ..
      ကမ္ဘာတောင်.. လူတယောက်ထဲနဲ့ပြောင်းသွားတတ်တာ.. သမိုင်းသက်သေ… အပြည့်… :k:

  • tun swe

    August 14, 2014 at 3:41 pm

    စည်​းကမ်​းရှိ​အောင်​ အရင်​လုပ်​ရပါမယ်​

    ဒီမိုစကီက ​နောက်​မှစဉ်​းစားတာ​ကောင်​းမယ်​

    ကျန်​တာ​တွေ​တော့ မ​ဝေဖန်​လို​တော့ပါ

    • kai

      August 15, 2014 at 2:58 am

      မြန်မာတွေ စည်းကမ်းဖောက်လို့
      ထီးနန်းပျောက်ဖြစ်ပြီ
      မှီငြမ်းထောက်အသစ်မှီတယ်
      ညစ်ပလီလူမျိုး
      မိပစ်လို့ ဖရှောင်သွေသည်
      ဂွ(ခွ)ကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
      မြန်မာခြင်း ကြွားကြချင်
      ဓားမြသွင် သူခိုး
      ကုလားမြင် သူ့အမေရိုးတော့မလို
      ခုမြေလျှိုးပုန်းရှောင်
      မိုက်မယ်နော် ပြုမဟေးရယ်နဲ့
      သူ့ပထွေးတော့ ထွက်၍မဟောင်
      ပြောရော့ဟဲ့
      ရာဇဝင်ပြောင်အောင်
      စာဇင်တောင် ဦးချလို့
      ပလူးကြပြေးကြို့ခါခါ
      ခွေးသို့ပမာ
      တွေးမိတိုင်း အရိုးနာတယ်
      အမျိုးပါဆဲချင်ပေါ့လေး…

      အချုပ်တန်း ဆရာဖေ

      =

      တော်ကြာ.. မြန်မာတွေ.. စည်းကမ်းတွေရှိလို့.. ထီးနန်းကြီးပြန်ရနေမှဖြင့်.. လူလူချင်းဘုရားထူးဖို့.. နောက်တဖွဲ့တိုးလာဥိးမယ်..
      သာဓု.. ဟု..လူပါးမဝရဲ… :k:

  • အခုမှ ဖတ်ဖြစ်လို့ ဝင်မန်း ပါ မယ်။

    လက်ရှိ အနေ အထား ကို အမှန် အတိုင်း မြင် နိုင် လက်ခံ ထားနိုင်မှ ကျနော်တို့ လို ချင် နေတာ ကို

    ပြည့် ပြည့် ဝဝ ရ ပ ါ မယ်။

    အခုအချိန်မှာ သာမန်ပြည်သူ ပြည်သားများရဲ့ အတွေး အခေါ် တွေ က ဝေ ဝါး နေတာ အမှန်ပါဘဲ။

    ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ပြည်သူ ပြည်သား အများ စု က ခို်င်မာစွာရပ်တည်နေတာကလဲအမှန်ဘဲ။

    မင်းတို့ ဘာသာ မင်း တို့ဖြစ် ချင် တာ ဖြစ ်ကြ ငါ တို့ ကတော့ ရေလိုက်ငါးလိုက်ဘဲ နေမယ် ဆို တဲ့ လူတွေက လဲ မနည်းပါဘူး။

    အခု အချိန်ထိ လက်ရှီ အစိုးရ ကို ကျေနပ်နေသူ တွေ လဲ ရှိ နေမြဲပါဘဲ။

    ဒီမိုကရေစီသဘောအရ သူ တို့ လဲ သူ တို့ ကြိုက်တာ ရွေးချယ် ခွင့် ရှိပါတယ်။

    ကျနော် ရင် ထဲမှာ စိုးရိမ်နေတာ တစ် ခု ဘဲ ရှိပါတယ်။

    2015 မှာ ရွေးကောက်ပွဲရှုံးနိမ့် သွားသူက မိမ်ိအရှုံးကိုကျေနပ်စွာလက်ခံ နိုင်ဘို့ ပါ ဘဲ။

    ခက်တာက မြန် မာပြည်မှာက ကိုယ့် အချင်းချင်းဘောလုံးကန်ရင်တောင်မှ ရှုံတဲ့ အသင်း က နိုင်တဲ့ အသင်းကို
    ပြဿ နာ ရှာ တာ က ထုံး စံ လို့ ဖြစ်နေတာကိုးဗျာ

    • kai

      August 15, 2014 at 2:54 am

      “မိုးကောင်းတုံးရွာထားဦးပေါ့ကွာ။ ငါ့အလှည့်ကျရင်မိုးကြိုးပါပစ်ချလိုက်မယ်”
      “ပေဖြစ်လျှင်ခံ တရံမမှု တူဖြစ်ထုလော့”
      “ကိုယ်ကကျူးကိုယ့်ဒူးတောင်မယုံရ ”
      “ပျံလေတဲ့ငှက်ခါး နားမှသိမယ်”

      မြန်မာတွေ “ငါနဲ့မတူငါ့ရန်သူ” သတ်မှတ်တတ်တဲ့စိတ်ဖြစ်လာအောင် သင်ကြားပဲ့ကိုင်ပြီး လက်စားချေစိတ်ထားစေတဲ့… ရှေးထုံးစကားတွေ စာရင်းလုပ်ထားတယ် ဆရာပေါက်ရေ..
      ဗုဒ္ဓအဆုံးအမတွေနဲ့ ဆန့်ကျင်ဖက်ပေါ့…။

      သိတာလေးတွေရေးဖြည့်ပါဦး..။ :k:

      • မြစာကလေး (23122011)

        August 15, 2014 at 3:14 am

        သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ
        ငါးပျံတစ်လှည့် ဘုံလုံတစ်လှည့်
        မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်
        ပေဖြစ်ရင်ခံ တူဖြစ်ရင်နှံ
        နူရာဝဲစွဲ လဲရာသူခိုးထောင်း
        ကျောချမှမှ ဓားမြမှန်းသိ
        နေသေးသပချုံထဲက၊ ချိုသွေးသပ တစ်မြမြ
        အကြံတူရန်သူ

        သို့ပေသည့်
        မုန်းစကိုတိုစေ ချစ်စကိုရှည်စေ
        ဆိုတာလဲ ရှိပါသေးတယ် သူကြီးမင်း ရှင့်။ :-)))

        • မင်း ခန့် ကျော်

          August 15, 2014 at 10:57 am

          အပေါ်ကစကားပုံတွေက ရှစ်ခုတောင်
          တခုကို ဆယ်နှစ်နုံန်းရွေ့ရင်
          နှစ်ရှစ်ဆယ်။
          ပြီးမှ မုန်းစကိုတိုစေ အလှည့်

          ဒါဆိုရင် ခုက နှစ်ဘယ်လောက်ပေါက်နေပြီလဲမသိ :mrgreen:
          ကျတော့်အထင်
          တူဖြစ်ရင်နှံ အလှည့်နဲ့တူတယ်။
          ခုတလော နှံတာတွေစိတ်နေသလားလို့ :mrgreen:

  • kai

    August 17, 2014 at 5:40 pm

    ” ထူးအိမ်သင် ”
    ( Jul 1st, 1963 – Aug 14th, 2004 )

  • ထူးအိမ်သင် ရ နှ်းပြည့် တုံးက ဆောင်း ပါ း ရေးဖြစ်တယ်

    ဆယ် နှစ်ပြည့် မှာမ ရေးဖြစ်တော့ အဟောင်းဘဲပြန်ရှယ်ပေးလိုက်ပါတယ်

Leave a Reply