“သာယာသော ညနေခင်းများ က ငါ့ အတွက်မဟုတ်တော့ဘူး“
“သာယာသော ညနေခင်းများ က ငါ့ အတွက်မဟုတ်တော့ဘူး“
ကောင်မလေးရေ…………………………
ဒို့ဝေးနေတာ
ကြာခဲ့ပေမယ့်
အတိတ်ဆို တာ ကလဲ
ပြန်တွေးရင်ခဏလေးပါ။
မင်းတို့ ငါတို့ရဲ့
ဟိုအရင်က
ည နေခင်းလေးတွေဆိုတာ
သာသာယာယာ။
ဘာညာ ဘာညာ
မဖြစ်ကြသေးပေမယ့်
ဟိုသွား ဒီသွား
ဒီရောက် ဟိုရောက်
အချိန်များတောင် မ လောက်နိုင်အောင်ပါဘဲ။
နေဝင်စ ညနေ ခင်းလေးတွေဆိုရင်
အေးငြိမ်းရာ
မြက်ခင်းစိမ်းစိမ်းပေါ်မှာ
အတူထိုင်
အပြာရောင်ကောင်းကင်ထက် က
ရွက်လွှင့်တိမ် တွေကို
ငေးမောရင်း
စကားတွေ ဖောင်ဖွဲ့
မောတယ် မထင်ခဲ့ တာလဲ အမှန်။
တစ်ခါတစ်ရံမှာတော့
သူငယ်ချင်းများနဲ့ အတူ
လက်ဖက်ရည်ဆိုင်
အအေးဆိုင်
အကြော်ဆိုင်
ထိုင်ချင်ရာထိုင်
ပြောချင်ရာတွေပြော
သောသောညံညံ
ဟန်ပန်ဆိုတာမရှိကြတဲ့
ဘဝများစွာ ကလူတွေ
အတူ ဆုံ
အော် ………………………………
ပျော်ခဲ့ ကြ ပုံများ
ပြန်တွေးရင်လွမ်းပါတယ်ဗျာ။
အခုများမှာတော့
စားရေး
သွားရေး
သားအရေး
သမီးအရေး
အရေး
အရေး အရေး
အရေး တွေကလဲ များ စွာ။
ဘဝခရီးသွားဖော်
အတွက်
ဟို အတွက်
ဒီအတွက်
အတွက်
အတွက် အတွက်
အတွက် အတွက် အတွက်
အတွက်ပေါင်းများစွာအတွက်
ဘဝ ဝဲဂယက်ထဲ ငါက ဘဲ သက်ဆင်း သလား
ဂယက်ဝဲက ဘဲ ငါ့ ကို ဆွဲ သွင်း သလား
ငါက ဘဲ အချိန်တွေ ကို စားလိုက်သလား
အချိန်တွေက ဘဲ ငါ့ကို မျို ဝါး သွားလား
ဘာလား ညာ လား
နေ့လား ညလား
ငါ မ စဉ်း စား အား
ညနေခင်းဆိုတာငါ့အတွက်မရှိ
သေချာခြင်းတစ်ခုကတော့
ကောင်မလေးရေ……………………………
သာယာသော ညနေခင်းများ က ငါ့ အတွက်မဟုတ်တော့ဘူး
သာယာသော ညနေခင်းများ က ငါ့ အတွက်မဟုတ်တော့ဘူး
သာယာသော ညနေခင်းများ က ငါ့ အတွက်တော့မဟုတ်ဘူး
ငါ့အတွက်မဟုတ်တော့ဘူး
မဟုတ်တော့ဘူး။
ကိုပေါက်လက်ဆောင်အတွေးစဉ်
12-8-2014
23 comments
weiwei
August 13, 2014 at 8:50 am
ကိုပေါက်ကဗျာဖတ်ရင်း နားထဲကို သံစဉ်တစ်ခုရောက်လာတယ် ..
ဒါပေမယ့် တွံတေးသိန်းတန်အသံကြီးဖြစ်နေလို့ အလွမ်းကဗျာပေမယ့် ရယ်ချင်စိတ်ပေါက်သွားတယ် …
ကိုပေါက်(မန္တလေး)
August 13, 2014 at 8:59 am
အော် ရှားရှား ပါး ပါ း
တွေးမှ တွေး တတ် ပလေ
မဝေဝေ
ခင် ခ
August 13, 2014 at 10:25 am
တစ်ယောက်ယောက်အတွက်တော့
တစ်ခုခုလိုနေမယ်ထင်။
ကိုပေါက်(မန္တလေး)
August 13, 2014 at 11:26 am
ကိုခရေ
သတိ ရ တတ် သူ အဘို့ကတော့ အတိတ် ဆို တာ
သတိရတိုင်းလွမ်းစရာတွေနော်
kyeemite
August 13, 2014 at 10:43 am
-သာယာသော ညနေခင်းများ…ကို
-တစ်ခါတစ်ခါတော့ ပြန်ရှာဖို့ကောင်းပါရဲ့
-စဉ်းစားကြည့်တော့လည်း လူ့ဘဝကြီးဟာ
-ချားရဟတ်လို တစ်ပါတ်ပြန်လည်တတ်တာမို့
-အသက်ကြီးလာရင်တော့………သာယာသော ညနေခင်းများ ပြန်ရနိုင်မယ်မျှော်လင့်မိပါတယ် :i:
ကိုပေါက်(မန္တလေး)
August 13, 2014 at 11:27 am
ကိုမိုက်ရေ
သာ ယာ သော ည နေ ခင်း များ ကို
ပြန်ရနိုင်တဲ့ အချိန်ထိ
အသက်ရှင်ပါ့ မလား လို့ တွေး နေ မိ ပါ တယ်
Kaung Kin Pyar
August 13, 2014 at 12:07 pm
စိုင်းစည်တွမ်ခမ်းလေးနဲ့သာ စိုင်းစိုင်းပြောသလို…အိမ်ပြန်ချိန်တွေ အတူလျှောက်လည်ရမယ်ဆိုရင်ဖြင့်…အဲ့ညနေ အတော်သာယာသွားမှာပဲ…လေးပေါက်ရေ့…….
ဇီဇီ ခင်ဇော်
August 13, 2014 at 12:46 pm
ဘာရယ်?? သများ ရဲ့ စိုင်း ၂ စိုင်း လုံးကို ဦး ချင်တာ လား ယောက်မရေ။
အိမ်ပြန်ချိန်tတွေ အတူလျှောက်လည်~~~
နေဝင်ချိန် ဆို အတူရှိမယ်~~~
ကိုယ် တကယ် ချစ်သော မိန်းခေးနဲ့ အတူရှိတဲ့ ဘွ ဘယ်လောက် ကောင်းလိုက်မလဲ~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေးပေါက်ရေ။
ဒီ ကဗျာလေးကို လေးပေါက်ရိုက်ထားတဲ့ တစ်ညနေခင်း ဓာတ်ပုံလေး တစ်ပုံနဲ့ တွဲလိုက်ရင် ပိုလှမယ်ဗျ။
🙂
Kaung Kin Pyar
August 13, 2014 at 1:25 pm
စိုင်းစည်တွမ်ခမ်းကို…မမကေဇီဆီ…လွှဲအပ်ခဲ့ပါတယ်…။ ဒါပေသိ သူ့ခမျာ မကေဇီလက်ထဲ မနေနိုင်လို့ပါလို့ ငိုယိုတောင်းပန်နေလို့ သနားထှာနဲ့ ပြန်လက်ခံထားလိုက်ရတယ်…ငိငိ… 😀
စိုင်းစိုင်းကိုတော့ အပြင်မှာ တစ်ခါလား မြင်ဖူးပေမယ့် သေချာမကြည့်ဖြစ်ခဲ့…. အဲ..အိမ်က အငယ်မ ပြောမှ…စိတ်ထဲ တစ်ညိုးဖစ်သွားဒယ်….ဘာတဲ့..
ပြင်ဦးလွင် စိုင်းစိုင်းလာတော့ သူရို့ဆရာမတစ်သိုက် ဆိုင်ကယ်ကိုယ်စီနဲ့ သွားအားပေးသတဲ့….။ စင်ပေါ်ကနေ စိုင်းစိုင်းလှမ်းကြည့်ပြီး ပြုံးပြလိုက်တဲ့ အပြုံးဟာ…ဘယ်လို သံလိုက်ဓာတ်ပါမှန်းမသိတဲ့ကွယ်…
မမကေဇီလဲ …အပြုံးပြ ခံလိုက်ရတယ်ထင့်…..
ဒါနဲ့ ဇဂါးမစပ်… ယောက်မ အတွက် ကျေးဇူး….
:chit:
ဇီဇီ ခင်ဇော်
August 13, 2014 at 1:52 pm
ပြုံးပြရုံတင်မဟုတ်…
စကားလက်ဆုံကျ၊
ဓာတ်ပုံတွဲရိုက်
တိတ်ခွေမှာ သို့ မဆွိ အတွက် Happy New Year ဆိုပြီး လက်ဆောင်ပေးး
:chit:
ပြုစားခံရသူရယ်ပါ။
:s:
ကိုပေါက်(မန္တလေး)
August 13, 2014 at 1:41 pm
ရန်တော့ မဖြစ်ကြပါ နဲ ့
ဥ ထားတဲ့ အလွမ်းတွေ
လန့်ပြေးသွားပါအုံးမယ်
ကိုပေါက်(မန္တလေး)
August 13, 2014 at 12:16 pm
ကောင်းကင်ပြာရေ
ပျော်စရာကောင်းခဲ့သောအချိန်တွေလွန်ခဲ့ရင်
လွမ်းစရာကောင်းသော တမ်း တ ခြင်းတွေက အလိုလိုရောက်လာတတ်ပါတယ်
Kaung Kin Pyar
August 13, 2014 at 12:32 pm
ပျော်စရာကောင်းခဲ့သောအချိန်တွေလွန်ခဲ့ရင်
လွမ်းစရာကောင်းသော တမ်း တ ခြင်းတွေက အလိုလိုရောက်လာတတ်ပါတယ်
ပြောင်းပြောပါလား..လေးပေါက်ရေ…။ လွမ်းစရာကောင်းသော တမ်းတခြင်းတွေ လွန်ခဲ့ရင် ပျော်စရာအချိန်တွေ အလိုလို ရောက်လာတတ်တယ်လို့…။
ကောင်းဖို့ပဲ မျှော်ပါတယ်..
Mr. MarGa
August 13, 2014 at 2:49 pm
သာယာသော ညနေခင်းများက ငါ့အတွက် မဟုတ်ခဲ့ဘူး 🙁
အိမ်ပြန်ချိန်က အမြဲတမ်း လရောင်အောက်ပဲ ဖြစ်နေလို့ 😥
ကိုပေါက်(မန္တလေး)
August 13, 2014 at 3:05 pm
လရောင် အောက်မှာရှိနေလို့ တော် သေး တာပေါ့။
နို့မို့ဆိုရင် လရောင်ဝေး ဆို တဲ့ ကဗျာ လေး တစ်ပုဒ်ဆက်ရေးဖြစ်အုံးမယ်
TNA
August 13, 2014 at 3:47 pm
လေးပေါက် ရင်ဒွင်းဖြစ်ကဗျာလေးလားဟင်။ ခုလဲ သာသာယာယာပဲမဟုတ်လားဟင်
ကိုပေါက်(မန္တလေး)
August 13, 2014 at 11:04 pm
မယ်သဲရေ
စာရေးသူဆိုတာ
သူများရင်ထဲကို ဝင် ကြည့် နို်င်သူတွေလေ
အငှားခံစားသူတွေလဲ
ကို်ယ်တိုင်လဲခံစားတတ်သူတွေလေ
အဲတော့
ဘယ်လိုပြောရမှန်းတောင်မသိ တော့ ပါဘူး
ဒါပေမယ့် ကိုပေါက်ဘဝ က အမြဲ အေးဆေး သာယာနေ ပါ တယ် မယ် သဲ
အလင်းဆက်
August 13, 2014 at 4:27 pm
ဖတ်သွားပါတယ်..
ကဗျာ ဆိုတော့… ခံစားကြည့်ရမှာ…
အခုတလော… ကဗျာရေးချင်စိတ်တော့..အတော်ဖြစ်နေတယ်.. ။
ကဗျာတွေ..လည်း..ဖတ်ပဲ..ဖတ်ချင်နေတယ်.. ။
ကဗျာ ရဲ ့..အထဲထဲအထိ..ခံစားကြည့်လိုက်ဖို ့ရာက….
ဘယ်လိုပြောရမလဲ…
အခု..နည်းနည်း… လေ နေသေးလို ့..
😆
ကိုပေါက်(မန္တလေး)
August 13, 2014 at 11:06 pm
အလင်းဆက်ရေ
စာရေး သူဆို တာ
အတွေးတွေ မထူ သမျျ
အတွေးတွေ မအူ သမျှ
စာကောင်းပေကောင်းတွေ ရ နေမှာပါ
မဟာရာဇာ အံစာတုံး
August 14, 2014 at 3:38 am
ကောင်မလေး ကလည်း ကောင်မကြီး ဖြစ် …
ကောင်လေး ကလည်း ကောင်ကြီး ဖြစ် …
ဒီလိုနဲ့ …
ဘဝမှာ လူတွေကို နေရစ်ဖို့ တာ့တာ ပြရတော့မယ့် အချိန်ကို ရောက်တော့မယ် ….
ဒီလို ဖေပေါက်တို့တော့ ပါပါဘူးနော် …
ကိုပေါက်(မန္တလေး)
August 14, 2014 at 8:32 am
အကောင်လတ်ကလေးရေ
ဟိုရက်က ဖောင်ကြီး ပိုစ်အတွက်ဓါတ်ပုံဟောင်းတွေပြန်ရှာရင်း
တက္ကသိုလ်တက်တဲ့ရက်တွေက ဓါတ်ပုံတွေကိုပြန်တွေ့တော့
ငယ်ဘဝတွေကိုပြန်သတိရ သွားတာအေ့
thadar moe
August 14, 2014 at 11:36 am
သာယာသောညနေခင်းဆိုတာကိုယ်ကရှိနေတယ်လို့မြင်ရင် ကိုယ်နဲ့အတူရှိနေမှာပါ ကိုပေါက်ရေ…….
အပိုအနေနဲ့ ရင့်ကျက်မှုုတွေ….တည်ငြိမ်မှုတွေနဲ့ပေါ့….
နေတတ်ရင်ကျေနပ်စရာပါ 🙂
ကိုပေါက်(မန္တလေး)
August 14, 2014 at 12:24 pm
ပထမဆုံးသော ကော်မင်းလေးကို ကျနော်ကဗျာလေးမှာ လာ မန်းတဲ့အတွက် ကျေးဇူး တင်ပါတယ်။
နေတတ်ရင်ကျေနပ်စရာ ဆိုပေမယ့် ကျေနပ်စွာ နေနိုင်ဘို့ အတွက်အတော်လေးကို အားစိုက်ရပါတယ်ခင်ဗျာ။
လွန်လေပြီး သော ကာ လ တစ်ခု ကပေါ့ သာယာသော
ညနေခင်းလေးတွေကို မမြင်ရတဲ့ နံရံလေးဘက်ကြားထဲက ထပ် ခိုး ကျဉ်းကျဉ်လေးထဲမှာ
ကွန်ပြူတာတစ်လုံးရယ် စာရင်းစာရွက်တွေ တစ်ပုံ တစ်ခေါင်း နဲ့ ဆယ်စု နှစ် တစ် ခု လောက်
အလုပ် လုပ်ဘူး ခဲ့ တာကို ပြန်သတိရ တာန ဲ့ ဒီ ကဗျာလေး ဖြစ် သွားခဲ့ တာပါ။