Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်

manawphyulayAugust 14, 20145min68416

၁။ ဓမ္မရာဇက ဘုုရားအတွင်းရှိ ရေထွက်ပေါက်တစ်ခုု

ရေထွက်ပေါက်နေရာလေးတစ်ခု
ရေထွက်ပေါက်နေရာလေးတစ်ခု


၂။ အာနန္ဒာဘုုရားအတွင်းရှိသစ်သားတံခါးကြီးများ

Bagan23

Bagan45

Bagandoor

၃။ အာနန္ဒာဘုုရားအပြင်ဘက်အုုတ်ဖြင့်ပြုလုုပ်ထားသောပန်းပုုလက်ရာများ

IMG_2849

IMG_2850

IMG_2858

Arnandar2

Arnandar3

၄။ သထုုံပြည့်ရှင်မင်းကြီး အကျဉ်းချခံနေပုုံကိုုဖေါ်ကျူးတည်ထားသော မနူဟာဘုုရားကြီး

မနူဟာဘုရား
မနူဟာဘုရား

DSCN9096

၅။ စွယ်တော်ဋ္ဌာပနာထားသော ရွှေစည်းခုုံစေတီတော်မြတ်ကြီး

DSC01441

DSC01440

ရွှေစည်းခုံဘုရား
ရွှေစည်းခုံဘုရား


၆။ ဧရာဝတီကမ်းနဖူးက ဘူးဘုုရား

IMG_2771

၇။ ပုဂံရောက်ရင်ဖြင့် မသွားမနေနိုင်တဲ့နေရာလေးတစ်ခု ရွှေဆံတော်ဘုရား
DSC01372

DSC01418

DSCN9143

DSCN9145

DSCN9152

16 comments

  • ဇီဇီ ခင်ဇော် (26102012)

    August 14, 2014 at 11:06 am

    မဟာ!!
    ကြီးး မြတ် လေ သော သမိုင်းကြောင်းး များးး ဒီ မြေကြီးမှာ~~~

  • ဦးကျောက်ခဲ

    August 14, 2014 at 2:14 pm

    အဲသည့်လောက် သမိုင်းတန်ဘိုးကြီးတဲ့ ရှေးဟောင်းစေတီတွေကို…
    ထုံးသုတ် ရွှေချ ထီးတင် ပျက်နေတာတွေပြင်လိုက်တာ ရှေးလက်ရာတွေကုန်ရော…

    • surmi

      August 14, 2014 at 3:40 pm

      အဲဒါတွေနဲ့ပါတ်သက်ပြီး ဖွ အဲမှားလို့ :mrgreenn:
      ရေးဖို့ လုပ်ထားသေးတယ်
      သဂျီးအထုတ် ပိနေလို့ :kwi:

  • ခင် ခ

    August 14, 2014 at 10:18 pm

    ပြောကြတာဘဲ ပုဂံခေတ်တုန်းက မုဆိုးမတောင် ဘုရားတည်နိုင်ကြတယ်ဆိုဘဲ။

  • မြစာကလေး (23122011)

    August 14, 2014 at 10:24 pm

    ပုဂံ ဆိုတာ နဲ့ ဒဏ္ဍာရီ ကို ပြေး သတိရ တော့ တယ်။
    ဒါကိုဆက်လိုက်တော့
    “တစ်ခါကဆီ …ဒဏ္ဍာရီ” တဲ့။
    စပ်ဖူးသူရှိတယ်။
    ပိုင်ရှင် ကို သိလား မနော။

    ဒါထက်
    ခရမ်းရောင် မဟာဆန်သူလေး က ဘူတူရေး ရဲ။ :-))

    • manawphyulay

      August 15, 2014 at 9:37 am

      ညနေစောင်း နေဝင်ချိန်ကို ရွှေဆံတော်ဘုရားပေါ်က ကြည့်ရတဲ့အရသာဟာ ဘယ်အရသာနဲ့မှ မလဲနိုင်တဲ့အတွက် ပုဂံရောက်တိုင်း နေဝင်ချိန်အမှီ အပေါ်ရောက် လက်တန်းတစ်ဖက်ထဲရှိတဲ့အတွက် မနည်းတက်ခဲ့ရပုံလေး အမှတ်တရပေါ့… ဘာပဲဖြစ်ဖြစ် မြန်မာမှန်ရင် ပုဂံရောက်ရမယ်လို့ ရင်ထဲ စွဲမြဲမှတ်ထားပါတယ်။ နှစ်စဉ်သွားဖြစ်နိုင်အောင် ကြိုးစားနေပါတယ်။

  • kai

    August 15, 2014 at 3:20 am

    အာအိုင်တီရဲ့..အာခီပါမောက္ခဟောင်းဆရာကြီးကတော့.. ပုဂံကို.. ရုမ်း(ရောမ)မြို့လို.. ရှင်သန်နေစေချင်တယ်တဲ့..။
    လူတွေနေပြီး.. လူနေမှုနဲ့အတူတူပြိုင်တက်နေတာ…။
    အဟောင်းတွေရှိပေမယ့်.. အသစ်တွေအုပ်အုပ်သွားတဲ့.. စီးဆင်းနေတဲ့.. ယဉ်ကျေးမှုများနဲ့ပေါ့…။

    လူထုရဲ့မြေး.. သမိုင်းအတွက်ဒေါက်တာဘွဲ့လုပ်နေတဲ့.. ဘိုဘိုလန်းစင်ကတော့.. အဲဒါကိုသဘော(သိပ်)မတူ..

    အင်း..
    တနေ့ရယ်တဲ့တလံ…
    ပုဂံရယ်ဘယ်ဆီရွေ့ရပါ့… :i:

    • မြစာကလေး (23122011)

      August 15, 2014 at 3:40 am

      Richard Dawkins တို့ အေးသီးရစ်စ် တွေက ဒီလို ရှေးဟောင်း လက်ရာတွေ ကို ထိန်းဖို့ အင်မတန် အားပေးပါ့။
      သူတို့ က ဘာသာရေး ထက် လူ့ ယဉ်ကျေးမှု အမွေ လိုမျိုး ကို အင်မတန် တန်ဖိုးထားတာကိုး။
      အာဖကန်နစ်စတန် က ဘုရားကြီး ကို ဖြိုခံရတော့ သူတို့ က ပိုတောင် နှမြောနေသေး။

  • manawphyulay

    August 15, 2014 at 9:40 am

    ရှေးဟောင်းအမွေအနှစ်တွေကို မပြုမပြင်ပဲ ထားရင် ပိုကောင်းပေမယ့် တဖြည်းဖြည်း ဖျက်စီးယိုယွင်းမှာ ကြောက်ပြီး ပြန်လည်ပြုပြင်လိုက်တဲ့အခါ မူရင်းလက်ရာတွေ ပျောက် ပျောက်သွားတာတော့ တကယ် နှမြောမိပါတယ်ရှင်။

    • manawphyulay

      August 15, 2014 at 10:26 am

      ဟုတ်တယ်နော်။ တကယ်လို့ မန်းဂေဇက်ကအဖွဲ့တွေနဲ့ တစ်ခါလောက် သွားချင်နေမိတယ် ညီမလေး…

  • kai

    August 15, 2014 at 10:43 am

    ဘာရယ်မဟုတ်..။
    ပုဂံပေါ်အမြင်လေး၂ခုချပြကြည့်တာ…။
    မတူတာတွေရဲ့အမြင်တွေနဲ့ လှတဲ့.. ငြင်းခုန်ခြင်းရဲ့..အနုပညာ..။ :k:

    =================

    {ပါမောက္ခဦးမျိုးမြင့်စိန်}

    ၇။ ဗိသုကာပညာရှင်တစ်ယောက်အနေနဲ့ မြန်မာပြည်ကရှေးဟောင်းအဆောက်အဦးတွေ ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး ဆရာဘာပြောချင်လဲ။

    နှစ်ခုပြောချင်တယ်။ ပထမတစ်ခုက ကိုလိုနီအဆောက်အဦးတွေကို Heritageခေါင်းစဉ်ထဲထည့်တဲ့ကိစ္စ။ Heritageဆိုတဲ့အဓိပ္ပာယ်က ဘိုးစဉ်ဘောင်ဆက်အမွေ။ colonial buildingတွေဆိုတာ နယ်ချဲ့ကိုလိုနီတွေက ဆရာတို့တိုင်းပြည်ထဲလာပြီး ငါတို့အတတ်ပညာကမင်းတို့ထက်ဘယ်လောက်သာတယ်ဆိုတာ လာပြခဲ့တာ။ အပြင်ကလာတာ။ ” Revitalization of Heritage Buildings လို့သုံးကြတယ်။
    ” ံHistorical” လို့ခေါ်သင့်တယ်။ Not Heritage။ နောက်တစ်ခုက ယူနက်စကိုက ပုဂံကို ံ့Historical siteအဖြစ်လုပ်ဖို့ပြောတော့ ပုဂံအကြောင်းရေးထားတယ်။ ဆရာ့အမြင်က သူများတွေနဲ့တူချင်တူပါလိမ့်မယ်။ ပုဂံကရှေးဟောင်းအဆောက်အဦးတွေဆိုတာက Romeတို့၊ Egyptတို့က အဆောက်အဦးတွေနဲ့ လုံးဝမတူဘူး။သူတို့က static structure ငြိမ်နေတဲ့နေရာ။ပုဂံက dynamicမြို့။ ပုဂံကအဆောက်အဦးတွေက အသုံးချနေရတဲ့အဆောက်အဦးတွေ။ not stagnant။ Bagan is always moving forwards. အခြေခံကိုနားလည်ဖို့လိုတယ်။ ပုဂံဘုရားတွေက တဖြည်းဖြည်းငုံငုံတက်လာတာ။ ဘုရားတည်ကြတာ ကုသိုလ်လိုချင်လို့။ လူတယောက်မေတ္တာမဟုတ်ဘူး။ လူအများမေတ္တာရဖို့ဘုရားတည်တာ။ ဘုရားကိုအသစ်ဖြစ်အောင်လုပ်ချင်တာ။ ဒါကို ကန့်ကွက်လို့ရမလား။ လူအများကလုပ်ချင်တယ်ဆို လုပ်ခွင့်ပေးရမယ်။ ပုဂံကို dynamic cityဆက်ဖြစ်ပါစေ။ ထပ်တိုးပါစေ။ ထပ်ဆောက်ပါစေ။ ထပ်ပြုပြင်ပါစေ။ ဒီခေတ်က ဗိသူကာပညာကဒီလိုရှိတယ်။ နောက်ခေတ်က ဒီလိုရှိတယ်။ မှတ်တမ်းမှတ်ရာ သေသေချာချာလုပ်ဖို့ဘဲ အရေးကြီးတယ်။ သူ့ခေတ်ကအမွေ သူ့ဟာသူခံစားခဲ့ရတယ်။ ရှေ့ခေတ်မှာ ဆက်လုပ်ကြပါစေ။ သမိုင်းကွင်းဆက်ပေးရမယ်။ full respectပေးရမယ်လို့ မြင်တယ်။

    http://myanmargazette.net/202587
    ====================
    {ဘိုဘိုလန်းစင်}
    ၁၀။ မြန်မာပြည်မှာ ရှေးဟောင်းအဆောက်အဦတွေပြင်တဲ့ကိစ္စပေါ့လေ။ အမြင်တွေကွဲပြားတာလဲရှိကြတော့ ဘိုဘိုလန်းစင်ရဲ့ သမိုင်းပညာရှင်တယောက် အမြင်ကို သိချင်ပါတယ်။

    အရင်အစိုးရလက်ထက်ဘယ်လိုပြင်သွားတယ်ဆိုတာပေါ် မူတည်တာပေါ့လေ။ နဂိုက အုတ်ပုံလောက်ရှိတဲ့ဘုရားကို ဘုရားလက်သစ်ကြီးဖြစ်အောင် ဆောက်ပစ်တာမျိုးကျ မသိဘူးလေ။ နိုင်ငံတကာစံနှုံးတွေအရကတော့ တဦးတယောက်ရဲ့စံနှုံးနဲ့တိုင်းလို့ မဖြစ်နိုင်ဘူးလေ။ နိုင်ငံတကာလက်ခံမှု က တဦးချင်းလက်ခံမှုနဲ့မတူနိုင်ပါဘူး။ ပြင်လိုက်တဲ့အတွက် နိုင်ငံတကာလက်ခံမှုက လျှော့သွားနိုင်တယ်။ ကျနော်ကိုယ်တိုင်လည်း အန်ကောဝတ်ကိုရောက်တော့ တကယ့်အထင်ကရနေရာတွေမှာ နတ်ဘီလုူးရုပ်ကြီးတွေဆို ဖျက်ဆီးတာခံရဖန်များတော့ ခါးပိုင်းလောက်ကနေကျန်တာကို ခေါင်းတွေဘာတွေဖြည့်ဆောက်ထားတယ်။ သူ့နိုင်ငံနဲ့သူ့စံတော့ရှိပါတယ်။ ဒါပေမယ့် ခေါင်းပိုင်းလေးပြတ်နေမှ စိတ်ထဲကနေခေါင်းပိုင်းလေးဖြည့်ကြည့်လို့ရတဲ့ခံစားချက်က ပျက်သွားပြီးတော့ ပလာစတာရုပ်အသစ်ကြီးရောက်လာတယ်လို့ စိတ်ထဲမှာထင်မိတယ်ပေါ့လေ။ Rome မှာက Dynamic ဖြစ်နေတယ်ဆိုတာက ခေတ်အဆက်ဆက် တခေတ်နဲ့တခေတ်မတူတာတွေက ထပ်ထပ်ပြီး ပေါ်နေတာ။ ကျနော်ရောက်ဖူးတယ်လေ။ ခေတ်တခုနဲ့တခုမတူတာတွေပေါင်းပြီးလှနေတာပေါ့။ ပုဂံကကျတော့ Dynamic ဖြစ်ဖို့ဆိုတာက အရင်ပုံစံဟောင်းကို ပြန်တုပြီး အဲလောက်လဲမကောင်းတဲ့နောက်ထပ်အသစ် ရွှေတော့ရွှေ၊ ဒစ်စကိုရွှေပေါ့။ နဂိုပုံစံကိုပြန်တုထားတာ။ တကယ်ပုံစံအစစ်လည်းမဟုတ်ဘူး။ ပျင်းစရာကောင်းပြီး Dynamic လည်းမဖြစ်ဘဲ အီနေတာပေါ့နော်။

    နောက်ပြန်လှည့်သလိုပေါ့။ ဥပမာ- ပုဂံဘုရားဟောင်းတွေကို ငုံငုံပြီး ပြန်ဆောက်တယ်ဆိုလည်း မူလလက်ရာမြင်နိုင်အောင် ဖန်နဲ့ငုံပြီး ဆောက်တာမျိုး ဆိုရင်တော့ တမျိုးပေါ့။ လက်ခံနိုင်စရာပေါ့။ ကွန်ကရစ်လို၊ သံလိုမျိုးနဲ့ သိပ္ပံအဆောက်အဦတွေလိုမျိုးပုံစံငုံရင်လည်းငုံပေါ့။ ဒါပေမယ့် Landscape ကြီးကတော့ ပျက်မှာပဲ။ ပုဂံမှာ မျှော်စင်ကြီးဆောက်လိုက်တဲ့အတွက် ပုဂံမှာမြင်ရတဲ့ Landscape က လုံးဝပြောင်းသွားတယ်လေ။ ဗိသုကာရယ်၊ Art History လည်းရှိတယ်။ စာသမားဘက်ကမြင်တာလည်းရှိမယ်။ Philosophy ဘက်ကအမြင်လည်းရှိမယ်။

    မြို့တွေရဲ့ဝိဉာဉ်လည်းရှိတာပေါ့ ။ ကျနော်တို့ မန္တလေးသားတွေကလည်း ကျုံးကို ပြန်ပြင်တာ ဆည်နဲ့တူသွားတယ်လို့ ပြောကြတယ်လေ။ အဲဒါကို ကျုံးက ပိုခိုင်၊ ပိုသန့်သွားတယ်လို့ မြင်တဲ့သူတွေလည်း ရှိမှာပေါ့။ သူ့စံနဲ့ သူ။ သူ့ Value နဲ့သူပေါ့။
    http://myanmargazette.net/198824

    • surmi

      August 15, 2014 at 1:20 pm

      ဆရာ ဘို ကိုထောက်ခံပါတယ်

      အိမ်စာတွေပြီးမှ နံရံဆေးရေးဓတ်ပုံ အချို့နဲ့အတူ ပြန်လာပါဦးမယ် :kwi:

  • မဟာရာဇာ အံစာတုံး

    August 15, 2014 at 11:23 am

    ပုဂံ ကို ရောက်ဖူးတယ် …
    အချို့ လက်ရာတွေဆို အပြင်က ဆေးတွေနဲ့ သုတ်ပစ်လိုက်တာ …
    အတော် နှမြောဖို့ ကောင်းသွားတယ် …

    ဘာပဲဖြစ်ဖြစ် …
    ပုဂံကို မြင်ရပြန်တော့ …
    ပုဂံနဲ့ သိပ်မလှမ်းတော့တဲ့ …
    ကိုယ့်ဇာတိရွာလမ်းကို မှန်းဆရင်းနဲ့ လွမ်းမိသွားသဗျာ …

Leave a Reply