“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“ အမှတ်(၉)(ဖောင်ကြီးအမှတ်တရများ တစ်)
“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ“
အမှတ်(၉)(ဖောင်ကြီးအမှတ်တရများ တစ်)
ကျနော် တို့သင်တန်းတက် တဲ့ အခါ စာသင်ရတာကတော့ မပင်ပန်းပါဘူး။
ကိုယ်ကြားဘူးနားဝရှိပြီးသာစာတွေသင်ရတော့ပြဿနာမရှိ။
နေ့လည်ပိုင်း စာရင်းကိုင်ပညာ အချိန်ရောက် ရင်တော့ အားလုံးစိတ်ညစ်ပါတယ်။
ကျနော်က စာရင်းကိုင်သင်တန်းတက်ဘူးတော့အခက်အခဲမရှိပေမယ့်
စာရင်းအင်းပညာာကို အရင်ကမသင်ဘူး သူများအဘို့ကတော့ တော်တော်နဲ့နားမလည်နိုင်ပါ။
စာရင်းကိုင်ပညာ သင်ရတဲ့အချိန်က ထမင်းစားပြီးချိန်လည်းဖြစ်တော့ အဲဒီအချိန်ဆိုရင်
တတန်းလုံးနီးပါးအိပ်ငိုက်တတ်ကြပါတယ။်
ပင်လဲ ပင်ပန်းတော့ နည်းနည်းလေးတော့ ခိုးအိပ်လိုက်ကြတာအမှန်ပါဘဲ။
ကျနော်တို့သင်တန်းက သင်တန်းသား ၂၀ဝကျော်တော့ တန်းခွဲနှစ်ခုခွဲသင်ရပါတယ်။
အုန်းတော် ခန်းမကြီးရဲ့အရှေ့ဘက်မှာစာသင်ဆောင် ၂ဆောင်ရှိပါတယ်။
ကျနော်ကတော့ ယောက်ျားလေးတွေချည်းဘဲ ပါတဲ့အခန်းမှာကျပါတယ်။
စာသင်တဲ့ အခါမှာ မတူပေမယ့် စစ်ရေးပြချိန်မှာတော့ တူ ပါ တယ်။
ဖောင်ကြီးမှာက မိန်းခလေးရှားရှားပါးပါးဆိုတော့ ကိုယ့်သင်တန်းက
သူတွေ ကိုယ်ဘဲအားပေးကြ ရတာပေါ့။
ပြောသာပြောရတယ် အားလုံး က ခရမ်းရောင်လိုလိုအပြာရောင်လိုလို
အင်္ကျ ီအဟောင်း ယူနီဖောင်းဆင်တူ
မျက်နှာကလဲ နေပူ ခံ နိုင်အောင်သနပ်ခါးဘဲကြားရိုက်တွေ
နဲ့ ဆိုတော့ သူလို ကိုယ်လို သိပ်မထူးခြားသလိုပါဘဲ။
အဲတော့ ကျနော်တို့ အဘို့ ကျားရယ် မရယ်ဆိုတာမရှိတော့ ဘဲ
အတူူတူလိုဖြစ်သွားပါတော့တယ်။
ကျနော်ဖောင်ကြီး ရောက်ပြီးမ ကြာခင်မှာ သင်္ကြန်ကျ တော့ မယ်ဆိုတော့
မန်းလေးသားဖြစ်တဲ့ကျနော့်မှာ နေမထိထိုင်မသာ။
သင်္ကြန်လွမ်းတဲ့စိတ် ကိုယ့်မြို့ ကို လွမ်းတဲ့စိတ်က ရင်ထဲမှမဖော်ပြနိုင်အောင်ပါဘဲ။
သင်္ကြန်နားနီးလေလေ စိတ်တွေက လေ လွင့် လေလေပါဘဲ။
ည စာကြည့်ဆောင်ဝင်ချိန်မှာစာမကြည့် နိုင်ပါဘူး။
ဒီအချိန်ဆို သင်္ကြန်အကတွေ တိုက်နေ လောက်ပြီ။
ဘယ်သူတွေများ သင်္ကြန်ယိမ်းထဲပါမလဲ။
သံချပ်အဖွဲ့တွေက ဘာတွေများသံချပ်ထိုးကြမလဲဆိုတာ စိတ်ထဲမှာစိုးမိုးနေပါတယ်။
လူကသာထိုင်နေတယ် နားထဲမှာသင်္ကြန်သီချင်းတွေဘဲကြားနေပါတယ်။
အဲတော့ သူငယ်ချင်းတွေဆီကိုစာတွေရေးပြီိး ကိုယ့်မြို့ ကအကြောင်းတွေမေးရပါတယ်။
အဲလိုသင်္ကြန်နားနီးတော့ နောက်ပိုးတစ်မျုးိထပြန်ပါတယ်။
“ပိတောက်ပန်း” ပိုးပါ။
အဆောင်နဲ့ မနီးမဝေးမှာတော့ ပိတောက်ပင်အသေးလေးတွေ့ထားပါတယ်။
အပင်ပေါက်လေးဆိုတော့ပိတောက်ဖူးလေးတွေ က တစ်ခက်နှစ်ခက်တော့ရှိပါတယ်။
အဲဒီအဖူးလေးဘဲ ဘယ်နေ့ ပွင့် မလဲလို့ကြည့်ရတာအမောပါဘဲ။
ကျနော်အဲလိုသဲတာမြင်တော့ အကိုကြီးတွေကရီပါတယ်။
“မီးခြစ် ဒီပိတောက်ပွင့်တော့ မင်းက ဘယ်သူ့ပေးမလို့ လဲ” လို့ဝိုင်းမေးတော့
ကျနော်မှာရီကျဲကျဲ လုပ်နေရပါတယ်။
သူုတို့က ဆက်ပြီး
“ပိတောက်ပန်းများ ပေါ မှ ပေါ မင်း မို့လို့ အရူးထ နေတယ်”
ပြောတော့ ကျနော်က နည်းနည်းတော့ စိတ်တိုပါတယ်။
သူတို့ကတော့ ကျနော်စိတ်တိုတာကိုကြည့် ပြီး ဝိုင်းဟားကြပါတယ။်
ဒါပေမယ့်လည်းအဲဒီပိတောက်ဖူးလေးကလဲ သင်္ကြန်သာပြီးသွားတယ်
မပွင့်လိုက်ရပါဘူး။
သင်္ကြန်မိုးမှမရွာတာကိုး။
ဒီလိုနဲ့ဘဲသင်္ကြန်ရက်ရောက်လာပါတယ်။
ကျနော်တို့ ရောက်တာ က တစ်လမကျော်သေးတော့ အပြင်ထွက်ခွင့်မရသေးပါ။
သင်တန်းကတော့ ပိတ်ပါတယ်။
အဲဒီသင်္ကြန်ရက်ကတော့ အားလုံးလိုုလို အိမ်ကုိုလွမ်းကြ သတိရကြတာအမှန်ပါဘဲ။
ကျနော်တို့မှာအိပ်လိုက်စားလိုက် ချက်စ် ထိုးလိုက်၊ပင်ပေါင်ရိုက်လိုက်နဲ့ဘဲနေကြရပါတယ်.။
သင်တန်းရောက်တာ မကြာသေးတော့ ဘုရားလေးဈေးလောက်ဘဲ သွားတတ်ပါတယ်။
တကယ်တော့ ဝေးဝေးလံလံ လဲ သွားခွင့်လဲမရှိပါဘူး။
သင်္ကြန်ရက်များမှာတော့လူ က သာ အိပ်ယာထဲခွေပြီးစာဖတ်နေတယ်။
စိတ်ကတော့ မန်းလေး မှာပြန်ရောက်နေပါတယ်။
ဒီအချိန်ဆိုရင် ဟိုကောင်တွေတော့ ကားနဲ့ လည်လောက်ပြီ။
ဒီအချိန်ဆိုရင်တော့ ရေပက်နေလောက်ပြီ။
ဒီအချိန်ဆိုရင်တော့ ဘယ်မဏ္ဍပ်ရောက်လောက်ပြီ။
ဒီအချိန်ဆိုရင်တော့ ဗဟိုမဏ္ဍပ် မှာ နေရာကောင်းကောင်းယူပြီး
အလှပြကားတွေ ကိုစောင့်ကြည့် လောက်ပြီဆိုတဲ့ အတွေး တွေနဲ့ ပေါ့။
ဒီအချိန်မှာတော့ သံချပ်တွေနားထောင်နေလောက်ပြီ။
လို့ တွေးရင်း “ဒီအချိန် “တွေကိုလွမ်းနေမိပါတယ်။
သင်္ကြန်နောက်ဆုံးနေ့ရောက်တော့ ထမင်းစားပြီးချိန်မှာ မယ်ဒလင်တီးတတ်တဲ့အကိုကြီး
တစ်ယောက်က သင်္ကြန်သီချင်းတွေ ကို ဆို တီး လုပ်ပါတော့ တယ်။
အဲဒီအသံလဲကြားရော ကျနော်တို့တစ်တွေလဲ သူ့အနားကိုသွားလို့
သီချင်းတွေဝိုင်းဆိုပြီး မက တတ် က တတ် နဲ့ အိုးနင်း ခွက် နင်း ကကြတော့တာပါဘဲ။
တစ်ယောက်တစ်လှည့်သီချင်းတွေဆိုကြ ကကြနဲ့အတော်ပျော်ကြပါတယ။်
ဆိုလို့ ကလို့ လဲဝရော “သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ်” လို့တစ်ယောက်က
စထောင်လိုက်တော့ အဆောင်တွေလှည့်ပြီးရေလောင်းမယ်ဆိုပြီးဖြစ်သွားပါတယ်။
ဒါနဲ့ဘဲ စားဖိုဆောင် ရေပုံးတွေ ငှား။
ဝါးလုံးနဲ့လျှိုပြီးထမ်း။
သံပုဂံပြားတွေ မတ်ခွက်တွေ ရေခွက် ကို ဇွန်း နဲ ့ ခေါက်
သင်္ကြန်သီချင်းတွေကို အမြီးအမောက်မတဲ့ဘဲဆိုချင်သလိုဆို
ပါးစပ်ထဲ တွေ့ တဲ့ သံချပ်တွေ ကို အော်ပြီး အဆောင်တိုင်းကိုရေ
လိုက်လောင်းပါတော့တယ်။
ရေကလဲ နည်းနည်းရှား၊ အဝတ်အစားတွေ အိပ်ယာတွေစိုမှာလဲစိုးတော့
တစ်ယောက်ကိုနည်းနည်းခြင်းစတိလောက်ဘဲလောင်းပါတယ်။
ကျနော်တို့ အဲလိုသောင်းကျန်းနေတာကို သင်တန်းမှူးက မြင်ပေမယ့်
ဘာမှ မပြောဘဲ ပြုံးပြုံးကြီးးလုပ်နေပါတယ်။
အော်သူလဲ သင်္ကြန်ဆိုတော့ ပျော ်နေမယ်လို့ တွေးမိပါတယ်။
ဘဝမှာပျော်စရာကောင်းတဲ့ သင်္ကြန်လေးတစ်ခု အဖြစ်ပြန်တွေးတိုင်းအမှတ်ရမိပါတယ်။
ကျနော်ပိတောက်ပန်းရူး ခဲ့ တာနဲ့ ပါတ်သက်ပြီး ရီစရာတစ်ခုကတော့
ကျနော်တို့ကျောင်းပိတ်တဲ့ မေလ တစ်ရက်နေ့မှာ ပိတောက်ပန်းတွေ အကုန်ပွင့်တာပါဘဲ။
ကျနော်က သတိမထားခဲ့ လို့ ကျောင်းအဝင်ဝလမ်းတစ်လျောက်မှာ ပိတောက်ပင်တွေ
ရှိတာကိုကျနော်မသိခဲ့တာပါ။
အဲဒီနေ့ မှာ ပိတောက်တွေကပင်လုံးကျွတ်ပွင့်တော့ တစ်ကျောင်းလုံး ပိတောက်ပန်းရနံ့တွေနဲ့
မူးယစ် ရီဝေလို့ နေလို်က် တာ ကြာတော့ခေါင်းတွေတောင်နောက်လာပါတယ်။
အကိုကြီး တွေ က တစ်ယောက်တလဲ ကျနော်ကို ရီကျဲကျဲ နဲ့ စကြပါတ.ယ။်
“မီးခြစ် ပိတောက်ပန်းတွေပွင့်ပြီ သွားမခူးဘူးလား” ပေါ့။
သူတို့မသိတဲ့တစ်ချက်က ကျနော်က ပိတောက်ပန်းလေးတစ်ခက်ကို စာအုပ်ကြားမှာ
ညှပ်ထားပြီးတာကိုပါ။
ကျနော်ချစ်သူ ကိုပေးဘို့ ပေါ့။
*************************************************************
ကျနော်တို့ သင်တန်းမှာသင်ရတာကတော့ အခက်အခဲရယ်လို့ သိပ်မရှိလှပါဘူး။
လက်တွေ့စစ်ပညာသင်ရတာရယ် လက်နှိပ်စက်သင်တန်းရယ်သာ
နည်းနည်လေးအားစိုက်ရတာပါ။
ကျနော်တို့ခေတ်က တော့ လက်နှိပ်စက်စာရေး က မင်းသား ပါ ဘဲ။
ရုံးလုပ်ငန်းမှန်သမျှ လက်နှိပ်စက်ကိုဘဲအားကိုးရတာကိုး။
ဒါကြောင့်လဲ လက်နှိပ်စက် စာရေး ဆိုရင် ကိုယ့်ရုံးစာလေးတွေမြန်မြန်ရိုက်ပေးအောင်
မျက်နှာချိုသွေးရပါတယ်။
အဲဒီခေတ်က လက်နှိပ်စက်အမျုးိမျုးိထဲမှာ” အိုလံပီယာ”တံဆိပ်ကတော့
ဆရာကြီးပေါ့။
ပုံစံလဲသွက် ရိုက်ရ တာလဲ အလွန်ပေါ့တော့ လူ သက်သာပါတယ်။
ကျနော်တို့ သင်တန်းမှာတာ့ “ရီမင်တန်”လို့ခေါ် တဲ့ လက်နှိပ်စက်အဟောင်းတွေနဲ့ရိုက်ရတာပါ။
စစခြင်းလက်နှိပ်စက် ထဲကို စာရွက်ထည့် တာ မှင်လုံးထည့် တာတွေ သင်ပေးပါတယ်။
နောက်တော့ လက်နှိပ်စက်လက်ကွက်ကိုလေ့ကျင့်ရပါတယ်။
စ သင် စ မှ လက်နှိပ်စက်ကိုလက်နဲ့မ ထိရပါဘူူး။
“ဆ” “တ” “န” “မ” “အ”
“သဝေထိုး “ “ယပင့် “ “ဝဆွဲ “ “ငသတ်“
“ဖ” “ထ” “ခ” “လ” “ဘ ”ဆိုတဲ့ လက်ကွက်တွေကို
ပါးစပ်ကအော်ပြီး လက်နဲ့ ခုံ ကိုခေါက်ရပါတယ်။
ညာဘက်လက်နဲ့ ဆိုရင်
ခုံကို ခေါက်တယ်ဆိုတဲ့နေရာမှာလဲ သူ့ အက္ခရာ ကို သူ့ လက်နဲ့ အတိအကျ ခေါက်ရတာပါ။
ဆ ဆို ရင် လက်သန်း တ ဆို ရင် လက်သူကြွယ်
န ဆိုရင် လက်ခလယ် အ နဲ့ မ ကတော့လက်ညိုး
စာလုံးခြားတဲ့ ဘားတန်းကို တော့ လက်မ နဲ့။
ဘယ်ဘက်လက်နဲ့ ဆိုရင်
ပစောက်နဲ့ က ကြီး ကို လက်ညိုး နဲ့
င ကိုတော့ လက်ခလယ်
သ ကိုတော့ လက်သူကြွယ် စလုံးနဲ့ ဟ ကိုတော့ လက်သန်းပေါ့။
နောက်အဲလိုစားလုံးတွေကို အောက်ပြီးခုံခေါက်တာအလွတ်ရပြိဆိုမှ
လက်နှိပ်စက်ပေါ်လက်တင်ပြီး လက်ကွက်ကိုမကြည့် ဘဲ unseen ရိုက်ရပါတယ်။
ရိုက်တာကလည်း တဖြည်းဖြည်း အမြန်နူန်းကို တင်ပြီးရိုက်ရပါတယ်။
တစ်မိနစ်ကို ၄၅လုံးနဲ့ အလုံး၆ဝကြားရအောင်ရိုက်ရပါတယ်။
လက်နှိပ်စက် က အစုတ် မောင်းတန် လေးလေးကြီးတွေနဲ့လေ့ကျင့်ရတာ လက်နှိပ်စက်သင်ခန်းစာ
ပါတဲ့ နေ့ တွေ ဆို ရင် လက်ထိပ်တွေ နာ လက်မောင်းတွေ အောင့် လို့နေပါတယ်။
(အဲဒီလိုသင်ခဲ့တော့ ကွန်ပြူ တာ ပေါ်လာလို့သုံးတဲ့အခါမှာ
ကျနော်ကလက်ကွက်ကိုအလွတ်ရပြီးသားဖြစ်နေပါတယ်။
ကွန်ပြူတာစပေါ်ကာစ က သုံးတဲ့ လက်ကွက် Ce Collection font ကမြန်မာ
လက်နှိပ်စက် လက်ကွက်နဲ့ အတူူ တူ ဖြစ်နေလို့ပါဘဲ။
ဒါကြောင့် လဲ ကျနော် ကွန်ပြူတာအသုံးပြုတဲ့အခါ စာရိုက်တာ မြန်ပါတယ်)
လက်နှိပ်စက်ရိုက်တာအခါ မှာ အင်္ဂလိပ်လိုက ပို ပြီးလွယ်ကူပါတယ်။
မြန်မာ လက်နှိပ်စက်တော့ ဗျည်းတွေ သ ရ တွေ ပါ တော့
ဟိုဟာအရင်ရိုက် ဒီဟာအရင်ရိုက်နဲ့ ကန့် သန့်ချက်တွေ ရှိတော့ ရိုက်ရတာပိုခက်ပါတယ်။
ဘယ်လိုဘဲပြောပြော ဖောင်ကြီးက ကျောင်းဆင်းပြီးလို့ လုပ်ငန်းခွင်ပြန်ရောက်တဲ့
အခါ လက်နှိပ်စက် စာရေးတွေ နဲ့ အပြိုင် ရိုက် နိုင်လာခဲ့တာကတော့အမြတ်ပါဘဲ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ကျနော်တို့သင်တန်း အပြင်ထွက်ခွင့် မရသေး ချိန်မှာမိသားစု ကနေလာ တွေ့ခွင့်ရပါတယ်။
တနင်္ဂနွေပိတ်ရက်မှာ ဖောင်ကြီး နဲ့ နေ့ ချင်းပြန်လို့ ရတဲ့ နေရာကမိသားစုတွေက
လာတွေ့ကြပါတယ်။
အားကစားခန်းမကြီးထဲမှာ ဆုံကြရတာပါ။
ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်က သင်တန်းသားတွေရဲ့အိမ်တွေကတော့လာနိုင်တာပေါ့။
အိမ်ကနေချက်ပြုတ်ယူလာကြတဲ့ ဟင်းကောင်းကျွေးကောင်းတွေနဲ့စားကြရတာပေါ့။
ကျနော်တို့ လို နယ် ကနေ လာ ကြတဲ့ လူတွေကတော့ လာတွေ့မယ့်သူမရှိတော့
နည်းနည်းလေးတော့ စိတ်ထဲမှာ ဝမ်းနည်းမိပါတယ်။
အချို့သင်တန်းသားတွေကတော့ သူတို့ နဲ့ထမင်းလာစားဘို့ခေါ်ပေမယ့် ကျနော်တို့က
မသွားကြပါဘူး။
သူတို့ ဘာသာ သူတို့ မိသားစု နဲ့ လွတ်လွတ်လပ်လပ်နေစေချင်လို့ပါ။
ဖောင်ကြီး သင်တန်းမှာ ကျနော် ကအငယ်ဆုံး လိုဖြစ်နေပြီး ပျော်ပျော်နေတတ် နေရာတကာပါတတ်တော့အဆောင်အတော်များများက
လူတွေနဲ့ ကျနော် သိ ပါတယ်။
ဒါပေမယ့် ကျနော် နဲ့ အတွဲဆုံးလူနှစ်ယောက်ကတော့
အသက်သိပ်မကွာတဲ့ ဖားအံ့ကစောထွန်းမောင်စိန်ရယ် ကျနော်တို့ အသက်နည်းနည်းလေးဘဲကြီးတဲ့
မြန်အောင်က ကိုအောင်စုးိရယ်ပါဘဲ။
အားလပ်ချိန်အတော်များများမှာသုံးယောက်က တတွဲတွဲပါဘဲ။
သူက ကိုယ်လုံးလှအောင် အလေးမ တယ် ဒိုက်ထိုးတယ်။
အဲတော့ ကျနော်တို့ နှစ်ယောက်ကလဲ အကိုအောင်စိုးလုပ်သလိုလိုက်လုပ်ကြပါတယ်။
အုတ်ခဲတွေဆွဲပြီးအလေးမ တယ် ။
ဒိုက်ထိုးတယ်။
သူတို့အပြင်အဆောင်ထဲမှာ ကျနော်ကို အမြဲ ဆုံးမပေး သွန်သင်ပေးတဲ့
သူ တွေကတော့ စစ်ကိုင်း က ဆရာချစ် နဲ့ ရန်ကုန်က ကိုကြည်ဝင်းတို့ဘဲဖြစ်ပါတယ်။
သူတို့ ကတော့ ကျနော် နဲ့ တစ်ဆောင်ထဲနေသူတွေဖြစ်ပြီး ကျနော်ကို နေပုံထိုင်ပုံ
လူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်ဘို့ ကို သင်ပေးခဲ့ တဲ့အကိုကြီးနှစ်ယောက်ပါ။
ကျနော်ကို ပေါက်ကရတွေပြော ပြ သူကတော့ အကိုကြီးကိုတင်ကြိုင်ပါ။
သူ ့ ကျောင်းသားနံပါတ်( ကသ နံပါတ်) က ၂၀၆ ။
တိုက်တိုက်ဆိုင်ဆိုင်သူက မိန်းမနှစ်ယောက်တရားဝင်ယူထားတော့
ကျနော်က သူ့ ကသနံပါတ်ကို ပြောင်းပြန်လှန်ပြီးခေါ်ရင် အစက ရှက်ပေမယ့်
ခေါ်ပါများတော့ ရိုး သွားပါတယ်။
ကျနော်က အဲလောက်ဆိုးခဲ့တဲ့သူပါ။
အဆောင်ခြင်းမတူပေမယ့်စာဖတ်တာ ဝါ သ နာ တူ ပြီး ကျနော်ကို နိုင်ငံရေးအတွေး
အခေါ်အသစ်တွေ ဆင်ခြင် ပုံ နည်းလမ်းတွေ အယူအဆတစ်ခု ကို ချဉ်းကပ်စဉ်းစား
နေနည်းတွေကို သင်ပေးသူ ကတော့ ရေနံချောင်းသား ကိုအောင်သစ်ဖြစ်ပါတယ်။
သေချာတာ တစ် ခု ကတော့ ကျနော် နဲ့ တစ်ဆောင်ထဲ နေခဲ့ ကြတဲ့ အကိုတော်တွေ
အားလုံးကျနော် ရဲ့ နောက်ပြောင်မူ့တွေ ကျနော့်ရဲ့ မသိတတ်မူ့တွေကို သီးခံခွင့်လွှတ်
ခဲ့ကြရတာကတော့ အမှန်ဘဲဖြစ်ပါတယ်။
****************************************************
သင်တန်းတက်ပြီး တစ် လကျော်ကြာတဲ့အခါမှာ ကျနော် တို့စစ်သင်တန်း
စာမေးပွဲဖြေရပါတယ။်
အဆောင်အလိုက်ဖြေရတာပါ။
အဲဒီ စာမေးပွဲအောင်မှ အပြင်ထွက်ခွင့်ရတာပါ။
ဖြစ်ချင်တော့ ကျနော်တို့ အဆောင်က စာမေးပွဲကျပါတယ်။
ဒီတော့အိမ်ပြန်ခွင့်မရတော့ဘူးပေါ့။
ကျနော်တို့ နယ်က လူ ရန်ကုန်ကိုမသွားချင်တဲ့လူကတော့ ပြဿနာမရှိပေမယ့်
ရန်ကုန်က လူတွေကတော့ အတော်လေး ကို စိတ်ဓါတ်ကျသွားပြီး
ဟိုကောင့်ကြောင့်ကျတာ ဒီကောင့်ကြောင့်ကျတာဆိုပြီး ပွစိပွစိဖြစ်ကုန်ပါတယ်။
ဒါပေမယ့်နောက်တစ်ပါတ်ဖြေတဲ့အခါ အောင်တော့ ကျနော် တို့ အဆောင်ကလဲထွက်
ခွင့် ရသွားပါတယ်။
ကျနော်တို့ ထွက်ခွင့် ရတာ က တစ်ပါတ်က နေ့ချင်းပြန်။
တစ်ပါတ်က တစ်ညအိပ်ပါ။
နေ့ချင်းပြန်တဲ့နေု့ဆို မနက်ပိုင်းအဆောင်ကထွက် ညပြန်လာရတာပါ။
ကျောင်းက ကား နဲ့ လိုက်ပို့ ပေးတာပါ။
ဆူးလေမှာ စုရပ်တစ်ခုရှိပြီး အင်းစိန်မှာလဲစုရပ်တစ်ခုရှိပါတယ်။
ကားခကတော့ ပေးရတာပေါ့။
ငါးကျပ်လားတော့မသိ သိပ်မမှတ်မိပါဘူး။
ပထမတစ်ခေါက်ည အိပ်ထွက်ခွင့်ရတော့တော့ကျနော်လဲ ရန်ကုန်ကိုလိုက်သွားပါတယ်။
အဲဒိအချိန်က ရန်ကုန် အာအိုင်တီမှာ ကျောင်းတက်နေတဲ့သူငယ်ချင်းတွေရှိတော့
သူုတို့နေတဲ့ RC-2 နားကစဉ့်ကူူးဆောင်ကိုသွားနေပါတယ်။
ဒါပေမယ့် တစ်ခါ နှစ်ခါလောက်လိုက်ပြီး မလိုက်တော့ပါဘူး။
ပိုက်ဆံကုန်တာရယ် ရန်ကုန်ရောက်ပြန်တော့လဲမိုးရွာနေရင်ဘယ်မှ သွားလို့မကောင်းတော့
မလိုက်ချင်တော့တာလဲပါ ပါတယ်။
ကျနော်တို့တက်တဲ့အချိန်က သင်တန်းသားတွေ ကံ ကောင်းသွားတာတစ်ချက်ကတော့
ဇေယျ တပ်ခွဲ မှာ နိုင်ငံအကြီးအမှူးတစ်ယောက်ရဲ့သမီးပါလာပါတယ်။
အဲတော့ သင်တန်းကို လူကြီးတွေ အာရုံ စိုက်တာပေါ့။
ဒီတော့ လည်း ကျနော်တို့သင်တန်း သားတွေရဲ့ နေရေး စား ရေးကိုလည်း
လာ စစ်တဲ့အခါ မှာ အမြင့်တင့် တယ်အောင် အဆင့်မြင့်ပေးသပေါ့။
အဲဒီအချိန်က စပြီး ဆန်ကလဲေ ကာင်း လာ ပါတယ်။
အသားဟင်းစားရတဲ့ ရက်လဲ တိုးလာပါတယ်။
အသီးအရွက်ကြော်နေ့ ဆိုရင်လဲ ရေပေါလော မဟုတ်ဘဲ ဆီရောင်မြင်လာရပါတယ်။
လက်ဖက်ရည်ဆို လဲ အရည်ကျဲကျဲကနေ ပျစ် လာပါတယ်။
ပဲဟင်းကလဲအရသာရှိလာပါတယ်။
ငပိသုတ်ကလဲ အရင်လိုဖွဲရောတဲ့ငပိမဟုတ်ဘဲအကောင်းစားဖြစ်လာပါတယ်။
ဒီတော့ အတော်စိတ်ချမ်းသာရတယ်ပေါ့နော်။
ဒီမတိုင်ခင်ကတော့ စားဖိုဆောင်နဲ့ကျနော်တို့ကျောင်းသားတွေပြဿနာတက်ပါတယ်။
ဟင်းတွေကဆီမပါဘဲ ဆီလည်ရေလည်ဘဲဖြစ်လာတာကြာတော့ စောင့် ဖမ်းကြတာ
ဆီခိုးထုတ်တာကို မိတာပါ။
ကျနော်တို့အဖွဲ့ကလဲစွာတော့ ကျောင်းအုပ်ကြီးတိုင်မယ် ဘာမယ်လုပ်ပေမယ့် ကျနော်တို့
သင်တန်းမှူးကထိန်းတတ်တော့ငြိမ်းငြိမးချမ်းချမ်းနဲ့ဘဲပြီးသွားပါတယ်။
နောက်ပိုင်းတော့စားဖိုဆောင်နဲ့အနီးဆုံးဖြစ်တဲ့ ကျနော်တို့ အဆောင်အတွက်ဆိုပြီး
ထမင်းခြောက်ကြော် တို့ ထမင်းဂျုးိကြော်တို့ကို ပို့ပို့ ပေးတော့ ကျနော်တို့ကစိတ်ဆိုးတာပေါ့နော်။
အစားမက်တဲ့ကျနော်အစားအသောက်နဲ့ပါတ်သက်ပြီး စိတ်မကောင်းဖြစ်ခဲ့ရသလို
လူတွေအကြောင်းနည်းနည်းလေးပိုသိလာသလိုပါဘဲ။
ကျနော်ရောက်စက အိမ်ကထည့်ပေးလိုက်တဲ့ ဟင်းတွေကို ပုလင်းလိုက်ထမင်းစားခန်းကို
ယူလာပါတယ်။
အဲတော့ တစ်ယောက်တစ်ဇွန်းဝိုင်းနိူက်စားကြတော့တာပေါ့။
တစ်ဇွန်းလောက်လို့လာပြောရင် မယူနဲ့လို့ ဘယ်ငြင်းနိုင်မလဲနော။
အားလုံးမဟုတ်ပေမယ့် အတော်များများ ကနိူက်စားခဲ့ကြတာပါ။
ဒါပေမယ့် သူတို့ အိမ်တွေက လာတွေ့ တဲ့အခါ၊
သူတို့ရန်ကုန်ကိုပြန်ခွင့်ရလို့ပြန်လာတဲ့အခါမှာ
သူတို့ အိမ်က နေ ယူ လာ တဲ့ ဟင်းတွေကို တော့ ကျနော်တို့ ကို မကျွေးတော့ပါဘူး။
သူတို့ စားဘို့ ဇွန်းလေး နဲ့ ဘဲ တစ်ယောက်စာ ခပ်လာတာကိုတွေ့ရပါတယ်။
စားချင်လှ လို့ရယ် မဟုတ်ပေမယ့် သိတတ်စွာ တုန့်ပြန်မှူ့ မရှိတာကို သတိထားမိတာပါ။
အဲဒီအခါကျမှ ကျနော်ဟင်းတွေ ကို ပုလင်းလိုက်ယူလာတဲ့အခါတိုင်း
ဘယ်တော့ မှ နိူက်မစားဘဲ တော်ပြီလို့ငြင်းခဲ့ တဲ့ သံလျင်သား အကိုကြီး
ကိုစိန်ဖိုးရဲ့ မထီတရီအပြုံးကို ကျနော် အဓိပ္ပါယ်ဖော်လို့ရသွားပါတယ်။
သူ့အပြုံး ကို အလွယ်ဆုံးဘာသာပြန်ရ ရင်တော့
“ခံပေအုံးတော့ င အ လေး “ လို့ဘဲ ဘာသာပြန်ချင်ပါတယ်။
အဲလို ကျနော် တို့ ပုံမှန်ဖြတ်သန်းနေရင်းကနေ ထိတ်လန်ု့စရာ သတင်းတွေက
ပျံ့နှံ့လို့ လာ ပါတယ်။
ကျနော်တို့ ဖောင်ကြီး နယ်မြေကအရင်က ကွန်မြူနစ်သူပုန်တွေခိုအောင်းနေသွားဘူးတယ်။
တိုက်ပွဲတွေဖြစ်ပြီး သေတာ မကျွတ်တဲ့ လူတွေရှိတယ် လို့ အသံထွက်လာပြီး မကြာခင်မှာဘဲ
ကျနော်တို့ နေတဲ့အဆောင်ရဲ့ အထက်တောင်ကုန်းပေါ်က ဇေယျ တပ်ခွဲကအဆောင်တွေ
မှာ သူရဲ ပူးပြီး ပြောတာ တို့ ဘာတို့ အသံကြားလာရချိန်မှာ
ကျနော်တို့နေတဲ့အဆောင်တွေရဲ့အစွန်ဆုံးအဆောင် လူ မနေ တဲ့ အဆောင်က
သူရဲခြောက်တယ်လို့ အသံထွက်လာပြန်ပါတယ်။
ည ဆို အသံ ကြားရတယ်တို့၊ဘာတို့ ညာတို့ ကို ညကင်းစောင့်တဲ့သူတွေပြောတာကိုကြားလာရပြန်ပါတယ်.။
အဲတော့ ည ကင်းစောင့် ရတယ်ဆိုရင် အဲ ဒီအဆောင်ဘက်ကိုလှည့်မကြည့် ဘဲ နေပါတယ်။
အဲဒီအချိန်မှာဘဲ ကျနော်တို့သင်တန်းသားထဲက တစ်ယောက်
ပီတီ (ကြံခိုင်ရေး )ပြေးရင်းမူးလဲတာ က နေပြီးတော့ အသက်ဆုံးပါးလို့ သွားပါတယ်။.
ဖြစ်ပုံကတော့……………………………………………………….။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
17-8-2014
9 comments
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 7:06 pm
ဖတ်လို့ ကောင်းးလိုက်တာ။
Bravo..!
ကိုပေါက်(မန္တလေး)
August 21, 2014 at 8:16 am
ဇီဇီရေ ရှေးကအကြောင်းတွေ ကို ရေးလို့ လူငယ်တွေ စိတ်မဝင်စားလောက်ဘူးလို့တော့ ထင်နေမိတယ်
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 8:19 am
မသိလိုက် မမှီလိုက်တာတွေမို့ စိတ်ဝင်စားပါတယ် လေးပေါက်။
ကျနော် အကုန်ဖတ်ဖြစ်ပါတယ်။
Ko chogyi
August 20, 2014 at 9:30 pm
ငယ်မူ။ငယ်သွေးနဲ့ အတိတ်ကိုပြန်လို့ ဆွေးနေတာပေါ့လေ
ကိုပေါက်(မန္တလေး)
August 21, 2014 at 8:17 am
ကိုချိုကြီးရေ အတိတ်အကြောင်းကို တကယ်သတိရပြီးရေးတာပါ။
ဖောင်ကြီးအကြောင်းကတော့ ရေးရင်းနဲ့ လေးပိုင်းတောင်ဖြစ်သွားပါလေရဲ့
weiwei
August 21, 2014 at 11:19 am
ဖောင်ကြီးအကြောင်းကတော့ ကြုံခဲ့ဖူးတာမို့လို့ ကိုယ်ချင်းစာစိတ်နဲ့ နားလည်တယ် ..
ဒါပေမယ့် ကိုပေါက်လောက်တော့ အသေးစိတ်မမှတ်မိဘူး .. အဲလို ပြန်ရေးမပြတတ်ဘူး ..
ကျွန်မတို့တုန်းက တပ်ခွဲ (၃) ရဲ့ အဆောင်တစ်ခုမှာ လူပေါင်း (၂၀) နဲ့ အတူတူနေခဲ့ရတယ် .. ဟောတစ်ခုထဲမှာဆိုတော့ အားလုံးမြင်နေတွေ့နေရတာပေါ့လေ .. အဲဒီလောက် လူများများနဲ့ အတူတူမနေခဲ့ဖူးဘူးဆိုတော့ အတွေ့အကြုံက တော်တော်ဆန်းခဲ့တယ် .. လူတွေအကြောင်း အဲဒီမှာမှ စသိရတယ်လို့တောင်ပြောလို့ရမယ် .. ကျွန်မတို့က အလုပ်ခွင်မဝင်ခင် အကြိုဇေယျသင်တန်း အရင်တက်ရတာဆိုတော့ ဝန်ထမ်းတွေ မဟုတ်ကြသေးပါဘူး .. ဘာလုပ်ကြရမယ်ဆိုတာလဲ ကြိုမသိရသေးတဲ့အခြေအနေ .. စမ်းတဝါးဝါးနဲ့ စိတ်ကူးတွေယဉ်နေကြတဲ့အနေအထား …
ဖောင်ကြီးဆိုတာကတော့ တစ်သက်တာမှာ အမှတ်အရဆုံးအချိန်တွေပါပဲ ..
ကိုပေါက်(မန္တလေး)
August 21, 2014 at 11:51 am
မဝေ ရေ
ဖောင်ကြိးအကြောင်း စရေး မယ် လုပ် တော့ ကျနော်လဲ သိပ်မမှတ်မိလောက်ဘူးထင်မိတာ။
တကယ်လဲချရေးရော အတော်များများက စိတ်ထဲမှာ စီကာ စဉ်ကာပေါါ်လာတော့ တာဘဲ။
မထူးဘူးဆိုပြီးရေးလက်စ နဲ့ ပြည့်စုံအောင်ရေးလိုက်ပါတယ်။
လေးပိုင်းဖြစ်သွားတယ်။
ကျနော်တို့ တက်တဲ့အဖွဲ့ကတော့ ဝန်ထမ်းဖြစ်ပြိးသား အရွယ်စုံ ဘဝစုံ အတွေး စုံ တွေပါဘဲ။
ဖောင်ကြီးတက်ဖြစ်တာတော့ ကျနော့် အတွေးအခေါ်တွေပြောင်းသွားတယ်။
ခင် ခ
August 24, 2014 at 2:59 pm
ကျွန်တော်ငယ်ငယ်က အဖေ ဖောင်ကြီးသွားတက်ရပြီး ပြန်လာတော့ အတော်ပိန်သွားတယ်ဗျ
ကိုပေါက်(မန္တလေး)
August 25, 2014 at 8:43 am
ကျနော်ကတော့ ငယ်သေးလို့ထင်ပါတယ် စားကောင်းသောက်ကောင်းနဲ့အတော်ဝလာတယ်