တချို့တွေ… ကျဆုံးကုန်ကြပြီ

alinsettAugust 27, 20141min36611

01

 

တချို့တွေ… ကျဆုံးကုန်ကြပြီ 

 

မောင်သူရတို့ ရပ်ကွက်ထဲက ဈေးမှာရွှေဆိုင် ၃ / ၄ ဆိုင် ရှိတယ် ။
ဈေးအတွင်းပိုင်းက ဆိုင်တွေရဲ့ အနေအထားကို မောင်သူရ သိပ် မသိပါဘူး ။
ဒါပေမယ့် မောင်သူရကြီး အလုပ်အသွားအပြန် မြင်နေရတဲ့ ဈေးအပြင်ဘက် လမ်းမတန်းပေါ်က
ရွှေဆိုင် နှစ်ဆိုင်ရဲ့ အခြေအနေကိုတော့ မောင်သူရ ကောင်းကောင်း သတိပြုမိတယ် ။
တစ်ဆိုင်က ရပ်ကွက်ထဲက လူတွေ ပြောသလိုပြောရရင် အပေါက်ဆိုးတယ် ။
နောက်တစ်ဆိုင်က သဘောကောင်းတယ်ပေါ့ ။
အဲဒီ သဘောကောင်းတဲ့ ဆိုင်ရဲ့ အနေအထားနဲ့ အပေါက်ဆိုးတယ်ဆိုတဲ့ ဆိုင်…
အနေအထားလေးတွေ သိသိသာသာ ကွာသွားတာလေးသတိပြုမိတယ်ဆိုပါတော့ဗျာ.. ။
…………………………………
ဆိုင်နှစ်ဆိုင်ကိုနာမည်တွေတော့ အတိအကျပြောမနေတော့ပါဘူး ။
အမှတ်အသားဖြစ်အောင်
အပေါက်ဆိုးတဲ့ဆိုင်နာမည်ကို (ဘီ ) လို ့ မှတ်ပေးထားဗျာ။
သဘောကောင်းတယ်ဆိုတဲ့ ဆိုင်နာမည်ကတော့ (အေ)ပေါ့ ။
……………………………………

 

(ဘီ)

 

ဘီ ရွှေဆိုင်က… ဘယ်လိုဖြစ်နေလဲဆိုတော့ သူ ့ဆိုင် ကိုရွှေဝယ်ချင်လို ့ ဝင်လာသူ ကို မျက်နှာထားတင်းတင်းနဲ ့ကြိုဆိုတယ် ။
တော်ရုံတန်ရုံ အဝတ်အစားခပ်နွမ်းနွမ်းနဲ့ ဝင်မိသူကိုတော့ရွှေဝယ်နိုင်မှာ မဟုတ်လောက်ပါဘူး ။

လာစပ်စုတာနေမှာပါ ဆိုတဲ့ မျက်နှာထားနဲ့ ကြည့်တယ် ။
ဒီထက် ပို နွမ်းပါးတဲ့ ပုံပေါက်ရင်တော့အလစ်သုတ်မလားလုမလားဆိုတဲ့ မျက်နှာထား
အတင်းမာဆုံးမသင်္ကာတဲ့အကြည့်နဲ့ကိုအားရပါးရကြိုဆိုတယ်ဗျ ။
ပြီးတော့ရွှေဆိုင်ပိုင်ရှင် မိန်းမကြီးက ရွှေဆွဲကြိုးကြီး အကြီးကြီးကိုဆွဲထားပြီး
စိန်ပဲဆိုပါတော့… နားကပ်ပြူးပြူးကြီးနဲ့ပေါ့ဗျာ ။
ပါတိတ်ဝမ်းဆက်ကြီးနဲ့မျက်နှာကိုမော့ထားချီထားလိုက်တာမှ ။
ငါ … ဟဲ့..ရွှေဆိုင်ပိုင်ရှင်ကြီးဆိုတဲ့ အပေါက်ပေါ့ ။
နောက်ပြီးဆိုင်ရဲ့ ရွှေထည် ထည့်ပြထာတဲ့ ကောင်တာအတွင်းဘက်မှာရွှေဆိုင်ပိုင်ရှင်သူဌေးမကြီးကအောက်မှာ ခုံ ခုပြီးမတ်တပ်ရပ်နေတာဗျ ။
ဒီတော့.. ရွှေဝယ်ဖို ့လာသူတွေကသူ ့ကိုမော့ကို ကြည့်ရတာပေါ့ ။
သူကအပေါ်စီးကနေဘာယူမလဲ ပြော ။
ထုတ်ပြမယ်ပေါ့ ။ထုတ်ပြတယ်ဆိုတာလည်း ကြည့်ဦး… ။
ဝယ်မယ့်သူကဒီလက်စွပ်လေးပြပါဆိုရင် မျက်နှာ ခပ်တင်းတင်းနဲ့နှိုက်ယူလိုက်တယ်.. ။
ချိန်လိုက်တယ်။ တွက်လိုက်တယ် ။
ပြီးတော့… တစ်သိန်းဆို တစ်သိန်းကျတယ်လို ့ ပြောပြီးဝယ်မယ့်သူလက်ထဲမယုံသင်္ကာ ဟန် အပြည့်နဲ့ ထည့်ပေးတယ် ။
ကြာကြာမကြည့်ရ ။ ရွှေထည်ကို ပြန်ဆွဲယူလိုက်တယ် ။
ဒီတစ်ခု စိတ်တိုင်းမကျသေးလို ့နောက်တစ်ခုလောက်ပြပါဆိုရင်…
စိတ်မရှည်တဲ့ ပုံစံက အထင်းသားကြီးပေါ်လာပြီ။
လေသံကဘယ်တော့ဖြစ်ဖြစ် ဝယ်သူကို စိတ်မရှည်တဲ့လေသံ။
စိတ်မရှည်တာအပြင် ဝယ်သူက ရွှေထည်လေးတစ်ခု နှစ်ခုပဲဝယ်နိုင်မယ့်သူ…

သူကိုယ်တိုင်က ရွှေဆိုင်ပိုင်ရှင်ကြီးဆိုတဲ့ အမူအယာကြီး ဖြစ်နေတာ ။
ဝယ်မယ့်သူကသူ ့ဆိုင်ကရွှေထည်လေးတစ်ခုကို သဘောကျလို ့ဝယ်ဖို ့ဆိုလည်း
သူ ့မျက်နှာကြီးကြည့်ပြီး…အလျော့တွက်လေး ၊ လက်ခလေး..နည်းနည်းလျှော့ပါဦးဘာညာ…
ပြောချင်စိတ်ကိုမရှိတော့ဘူး ။

 

သူက များများလည်း မလျှော့ဘူး ။ စကားလည်း…အပိုမပြောဘူး ။
မျက်နှာထားကသူ့လုပ်စာကိုကျန်တဲ့သူတွေက ထိုင်စားနေကြသလိုကို…ဖြစ်နေတော့…
ဝယ်ရတာ စိတ်မသက်သာဘူး ။

 

စိတ် Comfortable မဖြစ်ဘူး ။
မောင်သူရကိုယ်တိုင် အဲဒီဆိုင်နဲ့ ဆက်ဆံကြည့်ဖူးတယ်။
မောင်သူရတို့ အလုပ်ထဲက မိတ်ဆွေတစ်ယောက်က
သူတို ့ရဲ့ Wedding Ring အနေနဲ့ လက်စွပ်လေး ဆင်တူနှစ်ကွင်း လုပ်ချင်တာ… ။
အလေးချိန် တစ်ကွင်းကို ၃ ဂရမ်လောက် နဲ့ နှစ်ကွင်း..ဘယ်လောက် ကျနိုင်မလဲ ။
အလျော့တွက် လက်ခ ဘယ်လောက် ကျမလဲ ။
ဘယ်လို ဒီဇိုင်းလေးတွေ လုပ်ပေးနိုင်မလဲ

အထည် အပ်ရင် ဘယ်လောက်ကြာရင် ရနိုင်မလဲ …စသည်ဖြင့်… အသေးစိတ်လေးစုံစမ်းပေးပါဆို လို ့…
အဲဒီ ဒေါ်ပေါက်ဆိုးရဲ့ဆိုင်ကို ဝင် စုံစမ်းတာ… ။

 

သူ ့မျက်နှာထားနဲ့ လေသံခပ်တင်းတင်း ခပ်ပြတ်ပြတ် မျက်နှာတိမျက်နှာထားကြီးကို ကြည့်ပြီး…

မောင်သူရတော့ စကား လေးငါးခွန်းအပြင် ပိုမပြောဖြစ်ခဲ့ဘူး ။
ပြန် လှည့်ထွက်လာခဲ့လိုက်တယ် ။
…………………………………………………………………………………………………………………………….
မောင်သူရ တော့ ဒီလို တွေးတယ် ။
သူ ့ဆိုင်က ရွှေလည်းရောင်းတန်းရွှေပဲ ။
ဘာမှ ထူးပြီးကောင်းနေတယ်လည်းသတင်းမထွက်ဘူး ။
တစ်ကျပ်သားဝယ်ရင်ငါးမူးသား ပိုပေးနေတယ်လို့လည်းမရှိဘူး ။ တစ်ရွေးသားမှလည်း အပိုမရဘူး ။
ဒီတော့… ရွှေချင်းအတူတူ ၊ ဈေးနှုန်းချင်းလည်းအတူတူဆိုရင်…
ဆက်ဆံရေး ပြေပြစ်တဲ့ ဆိုင် ၊ ဝယ်သူကို တလေးတစားနဲ့
စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးတဲ့ဟိုဘက်ဆိုင်မှာပဲဝယ်မယ် ။
အဲဒီလိုပဲတွေးတယ် ။
တကယ်တမ်းမှာလည်းမောင်သူရလို တွေးလိုက်တဲ့သူတွေအများကြီးဖြစ်နေတယ် ။
ဘာက သက်သေလဲဆိုတော့….
အခုနောက်ပိုင်းဆိုအဲဒီ မိန်းမကြီးရဲ့ မျက်နှာထားတင်းတင်းရွှေဆိုင်ကြီးမှာ
ဝယ်သူတစ်ယောက်မှကို မတွေ ့ရတော့ဘူး ။ တကယ့်ကို ဝယ်သူ မတွေ့ရသလောက်ပဲနော် ။
သူ ့ဘေးကဆိုင်ခန်းတစ်ခန်းကျော်လေးက ဆိုင်မှာတော့ အချိန်တိုင်း ကြိတ်ကြိတ်တိုး ဝယ်နေကြတယ် ။
အပေါက်ဆိုးတဲ့ ရွှေဆိုင်ပိုင်ရှင် သူဌေးမကြီး ကတော့အဲဒါကို ကြည့်ပြီး
ပေစောင်းစောင်းနဲ့မျက်နှာကြီး စူလို ့ပုပ်လို ့…မျက်စောင်းတခဲခဲ ဖြစ်နေလေရဲ ့။
………………………………………………………………………………………………………

 

(အေ)

ဒီဆိုင်ကတော့…
ဟို ဆိုင်(ဘီ)နဲ့ တော်တော်ကွာခြားတယ် ။
ဆိုင်ထဲ ဝင်လိုက်တာနဲ့ရွှေတွေ ထည့်ထားတဲ့ ကောင်တာကို ကပ်မိဖို ့တခြား ဝယ်သူတွေကို နည်းနည်း တိုးလိုက်ရမယ်။ ဝယ်သူ မပြတ်ဘူးလေ ။
ကပ်မိသွားပြီဆိုရင်တော့…
ရွှေဆိုင်ပိုင်ရှင် ဇနီးမောင်နှံရဲ ့ အပြုံးနဲ့ လှိုက်လှိုုက်လှဲလှဲ ကြိုဆိုသံလေး ကြားရမယ် ။
ဆိုင်ရဲ့ အရောင်း ဝန်ထမ်းလေးတွေကလည်းပြုံးပြီး..
ဘာဝန်ဆောင်မှုပေးရမလဲဆိုတဲ့ အကြည့်လေးနဲ ့နွေးထွေးနေတယ် ။
(အရောင်း ဝန်ထမ်းကောင်မလေးတွေ တူညီဝတ်စုံ ဝတ်ထားတယ် ။
ဟိုဘက်က ဒေါ်ပေါက်ဆိုးဆိုင်မှာ ဝန်ထမ်းတောင် မရှိဘူး ။ )
မကြာခင်မှာပဲ …
အရောင်းဝန်ထမ်းတစ်ယောက်က
ဗန်းလေးထဲမှာ အချိုရည် အေးအေးလေးတွေ တစ်ယောက်တစ်ခွက်သောက်ဖို ့ ယူလာပေးတယ် ။
ထိုင် သောက်ဖို ့ပြောင်လက် သန့်ရှင်းနေတဲ့ စတီးခုံတန်းလေးတွေလည်း ရှိတယ် ။
ထိုင်သောက်ပြီးမှကိုယ်လိုချင်တာကို ပြောလိုက် ၊
ချိန်တာတွေ ဈေးတွက်တာတွေ မလုပ်သေးပဲ…
အဲဒီ ပစ္စည်းရဲ ့ လက်ရာလေးက ဘယ်လိုကောင်းကြောင်း…
ရွှေရည် ပြည့်မှီကြောင်း…
ဝယ်သူနဲ ့ လိုက်ဖက်မယ် ထင်ကြောင်း..
ဝတ်ကြည့်စေချင်ကြောင်း…
ဒီတစ်ခုကို သဘောမကျသေးလည်းတခြား ဒီဇိုင်း တခြားပစ္စည်းကိုပြပေးဦးမှာ ဖြစ်ကြောင်း…
ပြုံးပြုံးရွှင်ရွှင်နဲ့ကိုစိတ်ရှည်လက်ရှည် ရောင်းတယ်။
ရွှေထည်ကို ဝယ်သူ ့လက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်တယ် ။
စိတ်ကြိုက်လှည့်ပတ်ကြည့် ။ ဝတ်ကြည့် ။
တစ်ခုမကြိုက်လို ့ နောက်တစ်ခုနောက်တစ်ခုတွေစိတ်ကြိုက် ရွေးချယ် ဝယ်ယူခွင့်ပေးထားတယ် ။
ဝယ်သူတွေဟာတနယ်တကျေးက လာကြတာလည်း မဟုတ်တော့… ဒီမြို့နယ် ၊ ဒီရပ်ကွက်တွေအတွင်းကပဲ..ဆိုတာ

သေချာလို ့မသင်္ကာတဲ့ အကြည့်လည်း ကြည့်စရာမလိုဘူး။
မသင်္ကာသလို စိတ်မရှည်သလိုမျိုးသူတို ့ဆိုင်က ဝန်ထမ်းတွေကအစ  မကြည့်ဘူး ။
ဒါထက် ပိုကောင်းတာကရောင်းသူတွေရဲ့မျက်နှာမှာ အထင်းသားပေါ်နေတာက…
ဆိုင်ထဲ ဝင်လာပြီးမေးမြန်းစူးစမ်းဝယ်ယူမယ့်သူမှန်သမျှဟာသူတို့ဆိုင်ကို အသိအမှတ်ပြု အားပေးတဲ့

Customer မို ့ကျေးဇူးရှင်လို့ သတ်မှတ်ထားတဲ့ မျက်နှာထားလေးတွေကထင်းနေတာပဲ ။
မဝယ်ဖြစ်သေးလို ့နောက်မှ လာမယ်နော်ဆိုလည်း… ပြုံးပြုံးရွှင်ရွှင်ပဲ… ဟုတ်ကဲ့ပါရှင့်… လာအားပေးပါဦးရှင့် ဆိုပြီး
နောက်တစ်ခါလာဖြစ်အောင်လာဝယ်ချင်စိတ်ပေါက်သွားစေမယ့်နွေးထွေးမှုမျိုးလေး ပေးလိုက်သေးတယ်။
ဝယ်ဖြစ်သည် ဖြစ်စေ ၊ မဝယ်ဖြစ်သည် ဖြစ်စေ…
အဲဒီဆိုင်ထဲဝင်လိုက်ရတဲ့ အတွက် စိတ် ကျေနပ်တယ်။

သက်တောင့်သက်သာဖြစ်တယ် ။
ကိုယ့်ကို ဂရုစိုက်ပြီး အသိအမှတ်ပြု ကျေးဇူးတင်နေကြတဲ့အတွက် ဝမ်းသာမိတာအမှန်ပဲ ။

 

ရွှေချင်းအတူတူ ဈေးနှုန်းချင်းအတူတူ ဆိုရင်
Services ကောင်းကောင်း ပေးနေတဲ့ဆိုင်မှာ သွားဝယ်မှာပေါ့။
ကိုယ့်ကို လိုလိုလားလား ကြိုဆိုတဲ့ ဆိုင်မှာပဲဝယ်မှာပေါ့ ။
ရေရှည်ဆက်ဆံဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့

ကိုယ့်ကို သူတို့ဆိုင်ရဲ့ ဖောက်သည်အဖြစ် အသိအမှတ်ပြုတဲ့ဆိုင်…
ကိုယ့်ကို Care နေတဲ့ ဆိုင်ကိုပဲသွားမှာပေါ့ ။
…………………
မောင်သူရလို ခံယူချက်မျိုးတွေ များလာတဲ့အခါ….
(အေ)ဆိုင်မှာဝယ်သူတွေ မပြတ် စည်ကားရောင်းချနေရပြီး
(ဘီ)ဆိုင်ခမျာတော့ ငူငူငေါင်ငေါင်ကြီး ထိုင်နေရရုံပဲပေါ့ ။
Quality ချင်းတူရင် Services ပိုကောင်းတဲ့ဆိုင်ကို ရွှေးချယ်ပြီး ဝယ်ယူချင်သူများလာတဲ့ခေတ်မှာ….
Customer ကို ရေရှည်ဆက်ဆံဖို ့ဆိုတဲ့ မျှော်လင့်ချက် ရှိရပါမယ် ။
ဝယ်သူဟာ… ကိုယ့်ဆိုင်ထဲ ဝင်လာပြီး ဟိုကြည့်ဒီကြည့်လာကြည့်ပြီဆိုကတည်းက
ကိုယ့်ဆိုင်ကို စိတ်ဝင်စားလို ့ အချိန်ပေးပြီးလာခဲ့တာ ဆိုတာနဲ့ စ အသိအမှတ်ပြုရပါမယ် ။
ပြီးရင်တော့…
ကိုယ့်ဆိုင်မှာ အားပေးဖြစ်သွားအောင်(အရောင်းအဝယ်ဖြစ်အောင်) ဝယ်သူကို ဆွဲဆောင်နိုင်ရပါမယ် ။
ဖြစ်နိုင်ခဲတဲ့ ကံစမ်းမဲတွေ ၊ မက်လုံးတွေနဲ့ ဆွဲဆောင်တာကို ကျနော်တို ့ (Customer တွေ) သိပ်စိတ်မဝင်စားတော့ပါဘူး ။
လက်တွေ့ကျတဲ့ ဂရုစိုက်မှု၊ အသိအမှတ်ပြုမှု ၊ စိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှုတွေနဲ့
နွေးထွေးစွာ ကြိုဆိုတာကို လိုချင်ပါတယ် ။

 

အဲဒီလို အသိအမှတ်ပြုနိုင်ရပါမယ် ။
လူတွေက အသိအမှတ်ပြုတာကို ခံချင်ကြပါတယ် ။
ဝယ်သူကို ရောင်းသူက အသိအမှတ်ပြုမှရောင်းသူကို ဝယ်သူတွေက ပြန် အသိအမှတ်ပြုမှာပါ ။

 

ဒါမှ ရောင်းသူဟာ ရေရှည် ရောင်းချလို ့ရမှာပါ ။

 

အလျော့တွက် လက်ခ ရဖို ့
ဝယ်သူ့ အိတ်ကပ်ထဲက ပိုက်ဆံကို တောင်းယူတဲ့နေရာမှာ…
မျက်နှာထားခပ်တင်းတင်းနဲ့…
နင်..ဒါဝယ်ရင်..ဒီလောက် အလျော့တွက် လက်ခပေးစမ်း ဆိုတဲ့ အချိုးနဲ့ တောင်းရင်တော့..
ဘယ်သူမှ ကြည်ကြည်နှုးနှုူးပေးချင်မှာ မဟုတ်ပါဘူး ။
အဲဒီလိုအချိုးနဲ့ဆိုရင်တော့…
(ဘီ)ဆိုင်ကြီးကျဆုံးသလို ကျဆုံးမှာပဲ။
(ဘီ)ဆိုင်လိုမျိုးဆက်ဆံပုံ ညံ့ဖျင်းမှုကြောင့်…
မျက်စိရှေ့မှာကျဆုံးသွားတဲ့ အရောင်းဆိုင်တွေအများကြီးရှိပါသေးတယ် ။
……………………………………………………………………………………..
ကျဆုံးတယ် ဆိုရာမှာ…
ဆိုင်ကြီးပိတ်ပစ်လိုက်ရတဲ့အထိကျဆုံးတာက တစ်ပိုင်း….
ဝယ်သူနည်း / လာသူနည်းပြီးခြောက်ကပ်တိတ်ဆိတ်၊ အရောင်းကျ ဇာတ်မျောသွားတာကတစ်ပိုင်းဆိုပြီး နှစ်ပိုင်းမကွဲပါဘူး ။
(ဘီ)ဆိုင်ကြီး(အေ)ဆိုင်လိုမရောင်းရတော့တာဟာ …
ဆိုင်ပိတ်ပစ်ရတဲ့အထိတော့ မဟုတ်ပေမယ့် ကျဆုံးတာပါပဲ။
(အေ)ဆိုင်လည်း ရွှေအစစ်ကို ရောင်းတာပဲ ။
(ဘီ)ဆိုင်လည်း…ရွှေအစစ်ရောင်းတာပဲ ။
ရောင်းတာချင်းအတူတူ…

(အေ)ဆိုင်မှာဝယ်သူတွေ ကြိတ်ကြိတ်တိုးပြီး…
(ဘီ)ဆိုင်မှာဝယ်သူ တစ်ယောက်မှ မရှိတော့တာဟာ….

(ဘီ ဆိုင်ကြီး ပိတ်မပစ်ရပေမယ့်) ကျဆုံးတာပါပဲ ။

အဲဒီလို ကျဆုံးတဲ့ အခါ…
ဘယ်လိုနည်းနဲ့ ပြန်ဆယ်ယူမလဲ ဆိုတာကလည်းအရေးကြီးပါတယ် ။
……………………………………………………………………………………………………………
(ဘီ)ဆိုင်ကြီးဟာသူ့ဆိုင်ကို ပြန် ဆယ်ယူဖို ့
(အေ)ဆိုင်ကို နမူနာယူရုံနဲ့ ရပါတယ် ။
ဒါပေမယ့်….တချို့ဆိုင်တွေက
ဗမာပီပီလက်ရှိအခြေအနေကိုပဲအဟုတ်ကြီးထင်နေတာလား…
သေတာတောင် ချီးပန်းမရပ်ချင်တာလားပဲ ။
ခပ်တည်တည် ခပ်တင်းတင်းပဲ…. ကျဆုံးသွားတာကို မသိချင်ယောင်ဆောင်၊ ဟန်မပျက်ဆက်နေပါတယ်။
တော်တော် မှားပါတယ် ။
ဗမာအရောင်းဆိုင် တော်တော်များများဟာ(အရောင်းဆိုင် အသေးအမွှားလေးတွေကို ပြောချင်တာပါ )
တလွဲမာနတွေနဲ့ အရောင်းဆိုင်ဖွင့် စားနေကြပါတယ် ။
ငါတို့ကဒီနေရာမှာ ဆိုင် ဖွင့်စားလာတာနှစ် နှစ်ဆယ်ကျော်ပြီကွ….ဆိုတဲ့ အပြောမျိုးနဲ့
မာနကြီးနေကြပါတယ် ။
ကြံဖန် ဂုဏ်ယူတာပေါ့ ။
( အမှန်တော့
အဲဒီနေရာမှာ…သူ အနှစ်နှစ်ဆယ်မကလို့အနှစ်ငါးဆယ်လောက် ထိုင်ရောင်းခဲ့လည်းဂုဏ်ယူစရာ မရှိပါဘူး ။
အနှစ်နှစ်ဆယ်လုံးလုံး ဒီဆိုင်လေး၊ဒီအခြေအနေလေးကနေ ထပ် တိုးတက်မလာတာရဲ့ သက်သေမို ့…
ရှက်ဖို့တောင် ကောင်းပါသေးတယ် ။)
……………………………………………………………………………………………………………………..
Customer အမြဲတမ်းမှန်တယ် ဆိုတဲ့ စကားက အမြဲတမ်း မမှန်ပါဘူး ။
တချို့ Customer တွေ တော်တော် ရစ်ကြပါတယ် ။
အားမနာတမ်း ကိုယ့်ဘက် ကိုယ်ယက်တဲ့ Customer တွေ ရှိပါတယ် ။
ဒါပေမယ့် ဘယ်လို Customer မျိုးကိုမဆို လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံပေးရမယ့် ဝတ္တရား ထားရှိသင့်ပါတယ် ။
Customer တွေမှာ…စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့် ရှိပါတယ် ။
အဖြူရောာင် ပိတ်စလိုချင်တယ်လို ့ Customer ကပြောရင်
ရောင်းသူက အဖြူရောင် ပိတ်စတစ်စ ထုတ်ပြမယ်ဆိုပါစို ့။
Customer ဟာ… အဲဒီပိတ်စကို စိတ်ကြိုက် ကြည့်ရှုစစ်ဆေးပြီးမှ….
ကျနော်လိုချင်တာ ဒီအဖြူရောင် မဟုတ်ဘူးဆိုပြီး… ငြင်းခွင့်ရှိပါတယ် ။
ရောင်းသူက ဒါအဖြူရောင်ပဲလေ…ဆိုပြီး ဇွတ်ပြောလို ့မရဘူး ။ စိတ်ဆိုးလို ့မရဘူး ။
ပစ္စည်းကို ကြိုက်ပြီး ဈေးကို မကြိုက်ရင်လည်း သူပေးချင်တဲ့ဈေးကို ဆစ်မှာပဲ ။

 

ဆစ်ခွင့် ရှိရမယ် ။ သူဆစ်တဲ့ဈေးနှုန်းနဲ့ ရောင်းသူက မပေးနိုင် /

မရောင်းနိုင်ဘူးဆိုရင်လည်း (သူပေးနိုင်တဲ့နှုန်း မရဘူးဆိုရင် ) Customer မှာ လှည့်ထွက်သွားပိုင်ခွင့် ရှိတယ် ။
(ရောင်းသူနဲ့ဝယ်သူကြားမှာ တင်းမာမှုအနေနဲ ့ ရှိနေမြဲ အရာကတော့..ရောင်းသူဟာ ရောင်းတဲ့ပစ္စည်းကို ဈေးနှုန်းမြင့်မြင့် ရချင်တယ် ။

ဝယ်သူကတော့ ဝယ်ရမယ့်ပစ္စည်းကို ဈေးနှုန်းအတန်ဆုံးနဲ့ ရချင်တယ် ။

ဒီသဘာလေးကို ရောင်းသူက သိထားရမယ် ။ ဝယ်သူ စိတ်ကျေနပ်မှုကို ဦးစားပေးသင့်တယ် ။ )
ရတနာလို ပစ္စည်းမျိုးဆို ပိုရွေးချယ်ခွင့်ရှိသင့်ပါတယ် ။
စိတ်တိုင်းကျသည်အထိ ဝတ်ဆင်ကြည့်ခွင့်တောင် ပေးသင့်ပါတယ် ။
အခုနောက်ပိုင်း ကျောက်မျက်ရတနာ အရောင်းဆိုင်ကြီးတွေမှာ
အေးအေးဆေးဆေး ထိုင်ကြည့်ပြီး စဉ်းစားဆုံးဖြတ် ဝယ်ယူဖို့အတွက် ထိုင်ခုံတွေ စားပွဲတွေ နဲ ့…
ကြည့်မှန်တွေ ချပေးပြီး..

စိတ်ကြိုက် ရွေးချယ်ခွင့်ပေးလာတဲ့ အရောင်းပုံစံကို ဖန်တီးနေကြပါပြီ ။
ဝယ်သူကို အစားအသောက်တွေနဲ့တောင် ဧည့်ခံပြီး ဂရုစိုက်ပြနေကြပါပြီ ။
အဲဒီလောက် ဂရုစိုက်ပြီး ဝန်ဆောင်မှုပေးတာတောင်မှ မဝယ်ဖြစ်ပဲ…

လှည့်ပြန်သွားတဲ့ Customer ကိုလည်း ခွင့်လွှတ်နားလည်မှုအပြည့်နဲ့ စိတ်ရှည်ပေးရမှာပါ ။
သူ…ကိုယ့်ဆိုင်ကို ဝင်လာတာကိုက..အမြတ်ပါ ။
ကိုယ့်ဆိုင်ထဲ ဝင်လာလို ့ ကိုယ်ပေးနေတဲ့ ဝန်ဆောင်မှုကို သူ မှတ်မှတ်ရရဖြစ်သွားအောင် လုပ်ဖို့က အရေးကြီးပါတယ် ။
သူကနေ…တဆင့်…ကောင်းသတင်းတွေ ပျံ ့သွားဖို ့/ကောင်းသတင်းကြားရလို ့
စိတ်ဝင်စားပြီးရောက်လာတဲ့ Customer အသစ်တွေ ရရှိဖို ့လည်း ရည်ရွယ်ရပါဦးမယ် ။
………………………………………………………………………………………………………………..
အရင်တုန်းက ခေတ်ဟာ အတွေ ့အကြုံကို ဦးစားပေးတဲ့ခေတ်ဆိုရင် …..
အခုခေတ်ဟာ အသိကိုရှေ့တန်းတင်တဲ့ခေတ်ပါ ။
Customer ကို စိတ်ကျေနပ်မှုဖြစ်အောင် ဝန်ဆောင်မှုပေးမယ်ဆိုတဲ့ အသိ မှ မရှိရင်

”မူလလက်ဟောင်း”တို ့”နှစ်ပေါင်းများစွာ ဖွင့်လာတဲ့ ဆိုင်သက်”တို ့က ဘာမှ အသုံးမဝင်ပါဘူး ။
မောင်သူရရဲ့ ဟောဒီအတွေးကို သဘောတူကြမလား မသိ ။
…………………………………………………………………………………………………………………
မောင်သူရ မျက်စိရှေ့မှာပဲ ဝန်ဆောင်မှုညံ့ဖျင်းလို ့ ကျဆုံးသွားတဲ့ဆိုင်တွေ ရှိပါသေးတယ် ။
အကြောင်းသင့်ရင် ရှစ်မိုင်Junction 8 ထဲက ဆိုင်နှစ်ဆိုင်အကြောင်း ထပ်ပြောပြချင်ပါသေးတယ် ။
……………………………………………………………………………………………………………..

 

မိတ်ဆွေများလွတ်လပ်ငြိမ်းချမ်းကြပါစေ…
လေးစားစွာဖြင့် …

 

အလင်းဆက်(Gazette)

၂၅ ၊ ၈ ၊ ၂၀၁၄ ၊ တနင်္လာနေ့ မနက် ၁ဝ း ဝ၄

 

 

 

11 comments

  • ခင် ခ

    August 27, 2014 at 9:44 am

    ပြုံးကာသာ စကားချို
    ပျူဌာစွာ ဧည့်ဝတ်ပြု
    သိလိုတာ ရှင်းကာပြ
    ဖော်ရွေလှ ဆိုကြရင်
    ဈေးရောင်းကောင်းမယ်ထင်။

    • alinsett

      August 27, 2014 at 2:50 pm

      လေးခ ရေ
      လမ်းညွှန်ကဗျာလေး…
      ချစ်စရာလေးဗျ…

      :mrgreen:

  • ဦးကြောင်ကြီး

    August 27, 2014 at 11:35 am

    ဓါးတုံးဂျီးနဲ့ မလှီးသင့် ဆိုချဉ်တာလား… မှန်အိ မှန်အိ.. မြနေအောင် သွေးထားတဲ့ ဓါးဂျီးနဲ့ ရွှပ်ခနဲ ရွှပ်ခနဲ ပြတ်သွားအောင် လှီးရမကွဲ့…

    • alinsett

      August 27, 2014 at 2:42 pm

      ဓါးထက်ထက်နဲ့ ဖြတ်တော့… ခံသာတာပေါ့။
      ဒါမယ့်..ပြတ်တာကတော့ ပြတ်တာပဲ… ဟဲဟဲ ။

      :mrgreen:

  • kai

    August 27, 2014 at 2:48 pm

    ကျုပ်ကွန်ပူတာမှာ.. ကိုရင့်ပို့စ်ကအပေါ်ပိုင်းကို ဘလော့လိုက်တယ်ဗျ…
    အောက်ကအတိုင်းစာပေါ်နေတယ်..။
    ဘာတွေဒုံး..။ :a:

    Blocked
    Phishing Site Blocked
    This phishing site has been blocked by the Netcraft Toolbar.

    Please try the following:

    If you believe this site has been blocked in error, please report it.

    Phishing Site Blocked

    • alinsett

      August 27, 2014 at 3:25 pm

      တိန်

      ဘာကြီးတုန်း… ။

      ကျနော်လည်း..မသိဘူး ။

      ကျနော် ပြန်ဖွင့်ကြည့်နေတာတော့ …ပုံမှန်အတိုင်းပါပဲ… ။

      ကျန်တဲ့သူတွေရော… ဘယ်လိုအခြေအနေရှိလဲ…မသိ ။

  • alinsett

    August 27, 2014 at 3:26 pm

    ဒီမှာ…ဒီမှာ….
    တစ်ပုဒ်လုံး…ဒါအကုန် …

    တချို့တွေ… ကျဆုံးကုန်ကြပြီ

    မောင်သူရတို့ ရပ်ကွက်ထဲက ဈေးမှာရွှေဆိုင် ၃ / ၄ ဆိုင် ရှိတယ် ။
    ဈေးအတွင်းပိုင်းက ဆိုင်တွေရဲ့ အနေအထားကို မောင်သူရ သိပ် မသိပါဘူး ။
    ဒါပေမယ့် မောင်သူရကြီး အလုပ်အသွားအပြန် မြင်နေရတဲ့ ဈေးအပြင်ဘက် လမ်းမတန်းပေါ်က
    ရွှေဆိုင် နှစ်ဆိုင်ရဲ့ အခြေအနေကိုတော့ မောင်သူရ ကောင်းကောင်း သတိပြုမိတယ် ။
    တစ်ဆိုင်က ရပ်ကွက်ထဲက လူတွေ ပြောသလိုပြောရရင် အပေါက်ဆိုးတယ် ။
    နောက်တစ်ဆိုင်က သဘောကောင်းတယ်ပေါ့ ။
    အဲဒီ သဘောကောင်းတဲ့ ဆိုင်ရဲ့ အနေအထားနဲ့ အပေါက်ဆိုးတယ်ဆိုတဲ့ ဆိုင်…
    အနေအထားလေးတွေ သိသိသာသာ ကွာသွားတာလေးသတိပြုမိတယ်ဆိုပါတော့ဗျာ.. ။
    …………………………………
    ဆိုင်နှစ်ဆိုင်ကိုနာမည်တွေတော့ အတိအကျပြောမနေတော့ပါဘူး ။
    အမှတ်အသားဖြစ်အောင်
    အပေါက်ဆိုးတဲ့ဆိုင်နာမည်ကို (ဘီ ) လို ့ မှတ်ပေးထားဗျာ။
    သဘောကောင်းတယ်ဆိုတဲ့ ဆိုင်နာမည်ကတော့ (အေ)ပေါ့ ။
    ……………………………………
    (ဘီ)

    ဘီ ရွှေဆိုင်က… ဘယ်လိုဖြစ်နေလဲဆိုတော့ သူ ့ဆိုင် ကိုရွှေဝယ်ချင်လို ့ ဝင်လာသူ ကို မျက်နှာထားတင်းတင်းနဲ ့ကြိုဆိုတယ် ။
    တော်ရုံတန်ရုံ အဝတ်အစားခပ်နွမ်းနွမ်းနဲ့ ဝင်မိသူကိုတော့ရွှေဝယ်နိုင်မှာ မဟုတ်လောက်ပါဘူး ။

    လာစပ်စုတာနေမှာပါ ဆိုတဲ့ မျက်နှာထားနဲ့ ကြည့်တယ် ။
    ဒီထက် ပို နွမ်းပါးတဲ့ ပုံပေါက်ရင်တော့အလစ်သုတ်မလားလုမလားဆိုတဲ့ မျက်နှာထား
    အတင်းမာဆုံးမသင်္ကာတဲ့အကြည့်နဲ့ကိုအားရပါးရကြိုဆိုတယ်ဗျ ။
    ပြီးတော့ရွှေဆိုင်ပိုင်ရှင် မိန်းမကြီးက ရွှေဆွဲကြိုးကြီး အကြီးကြီးကိုဆွဲထားပြီး
    စိန်ပဲဆိုပါတော့… နားကပ်ပြူးပြူးကြီးနဲ့ပေါ့ဗျာ ။
    ပါတိတ်ဝမ်းဆက်ကြီးနဲ့မျက်နှာကိုမော့ထားချီထားလိုက်တာမှ ။
    ငါ … ဟဲ့..ရွှေဆိုင်ပိုင်ရှင်ကြီးဆိုတဲ့ အပေါက်ပေါ့ ။
    နောက်ပြီးဆိုင်ရဲ့ ရွှေထည် ထည့်ပြထာတဲ့ ကောင်တာအတွင်းဘက်မှာရွှေဆိုင်ပိုင်ရှင်သူဌေးမကြီးကအောက်မှာ ခုံ ခုပြီးမတ်တပ်ရပ်နေတာဗျ ။
    ဒီတော့.. ရွှေဝယ်ဖို ့လာသူတွေကသူ ့ကိုမော့ကို ကြည့်ရတာပေါ့ ။
    သူကအပေါ်စီးကနေဘာယူမလဲ ပြော ။
    ထုတ်ပြမယ်ပေါ့ ။ထုတ်ပြတယ်ဆိုတာလည်း ကြည့်ဦး… ။
    ဝယ်မယ့်သူကဒီလက်စွပ်လေးပြပါဆိုရင် မျက်နှာ ခပ်တင်းတင်းနဲ့နှိုက်ယူလိုက်တယ်.. ။
    ချိန်လိုက်တယ်။ တွက်လိုက်တယ် ။
    ပြီးတော့… တစ်သိန်းဆို တစ်သိန်းကျတယ်လို ့ ပြောပြီးဝယ်မယ့်သူလက်ထဲမယုံသင်္ကာ ဟန် အပြည့်နဲ့ ထည့်ပေးတယ် ။
    ကြာကြာမကြည့်ရ ။ ရွှေထည်ကို ပြန်ဆွဲယူလိုက်တယ် ။
    ဒီတစ်ခု စိတ်တိုင်းမကျသေးလို ့နောက်တစ်ခုလောက်ပြပါဆိုရင်…
    စိတ်မရှည်တဲ့ ပုံစံက အထင်းသားကြီးပေါ်လာပြီ။
    လေသံကဘယ်တော့ဖြစ်ဖြစ် ဝယ်သူကို စိတ်မရှည်တဲ့လေသံ။
    စိတ်မရှည်တာအပြင် ဝယ်သူက ရွှေထည်လေးတစ်ခု နှစ်ခုပဲဝယ်နိုင်မယ့်သူ…

    သူကိုယ်တိုင်က ရွှေဆိုင်ပိုင်ရှင်ကြီးဆိုတဲ့ အမူအယာကြီး ဖြစ်နေတာ ။
    ဝယ်မယ့်သူကသူ ့ဆိုင်ကရွှေထည်လေးတစ်ခုကို သဘောကျလို ့ဝယ်ဖို ့ဆိုလည်း
    သူ ့မျက်နှာကြီးကြည့်ပြီး…အလျော့တွက်လေး ၊ လက်ခလေး..နည်းနည်းလျှော့ပါဦးဘာညာ…
    ပြောချင်စိတ်ကိုမရှိတော့ဘူး ။

    သူက များများလည်း မလျှော့ဘူး ။ စကားလည်း…အပိုမပြောဘူး ။
    မျက်နှာထားကသူ့လုပ်စာကိုကျန်တဲ့သူတွေက ထိုင်စားနေကြသလိုကို…ဖြစ်နေတော့…
    ဝယ်ရတာ စိတ်မသက်သာဘူး ။

    စိတ် Comfortable မဖြစ်ဘူး ။
    မောင်သူရကိုယ်တိုင် အဲဒီဆိုင်နဲ့ ဆက်ဆံကြည့်ဖူးတယ်။
    မောင်သူရတို့ အလုပ်ထဲက မိတ်ဆွေတစ်ယောက်က
    သူတို ့ရဲ့ Wedding Ring အနေနဲ့ လက်စွပ်လေး ဆင်တူနှစ်ကွင်း လုပ်ချင်တာ… ။
    အလေးချိန် တစ်ကွင်းကို ၃ ဂရမ်လောက် နဲ့ နှစ်ကွင်း..ဘယ်လောက် ကျနိုင်မလဲ ။
    အလျော့တွက် လက်ခ ဘယ်လောက် ကျမလဲ ။
    ဘယ်လို ဒီဇိုင်းလေးတွေ လုပ်ပေးနိုင်မလဲ

    အထည် အပ်ရင် ဘယ်လောက်ကြာရင် ရနိုင်မလဲ …စသည်ဖြင့်… အသေးစိတ်လေးစုံစမ်းပေးပါဆို လို ့…
    အဲဒီ ဒေါ်ပေါက်ဆိုးရဲ့ဆိုင်ကို ဝင် စုံစမ်းတာ… ။

    သူ ့မျက်နှာထားနဲ့ လေသံခပ်တင်းတင်း ခပ်ပြတ်ပြတ် မျက်နှာတိမျက်နှာထားကြီးကို ကြည့်ပြီး…

    မောင်သူရတော့ စကား လေးငါးခွန်းအပြင် ပိုမပြောဖြစ်ခဲ့ဘူး ။
    ပြန် လှည့်ထွက်လာခဲ့လိုက်တယ် ။
    …………………………………………………………………………………………………………………………….
    မောင်သူရ တော့ ဒီလို တွေးတယ် ။
    သူ ့ဆိုင်က ရွှေလည်းရောင်းတန်းရွှေပဲ ။
    ဘာမှ ထူးပြီးကောင်းနေတယ်လည်းသတင်းမထွက်ဘူး ။
    တစ်ကျပ်သားဝယ်ရင်ငါးမူးသား ပိုပေးနေတယ်လို့လည်းမရှိဘူး ။ တစ်ရွေးသားမှလည်း အပိုမရဘူး ။
    ဒီတော့… ရွှေချင်းအတူတူ ၊ ဈေးနှုန်းချင်းလည်းအတူတူဆိုရင်…
    ဆက်ဆံရေး ပြေပြစ်တဲ့ ဆိုင် ၊ ဝယ်သူကို တလေးတစားနဲ့
    စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးတဲ့ဟိုဘက်ဆိုင်မှာပဲဝယ်မယ် ။
    အဲဒီလိုပဲတွေးတယ် ။
    တကယ်တမ်းမှာလည်းမောင်သူရလို တွေးလိုက်တဲ့သူတွေအများကြီးဖြစ်နေတယ် ။
    ဘာက သက်သေလဲဆိုတော့….
    အခုနောက်ပိုင်းဆိုအဲဒီ မိန်းမကြီးရဲ့ မျက်နှာထားတင်းတင်းရွှေဆိုင်ကြီးမှာ
    ဝယ်သူတစ်ယောက်မှကို မတွေ ့ရတော့ဘူး ။ တကယ့်ကို ဝယ်သူ မတွေ့ရသလောက်ပဲနော် ။
    သူ ့ဘေးကဆိုင်ခန်းတစ်ခန်းကျော်လေးက ဆိုင်မှာတော့ အချိန်တိုင်း ကြိတ်ကြိတ်တိုး ဝယ်နေကြတယ် ။
    အပေါက်ဆိုးတဲ့ ရွှေဆိုင်ပိုင်ရှင် သူဌေးမကြီး ကတော့အဲဒါကို ကြည့်ပြီး
    ပေစောင်းစောင်းနဲ့မျက်နှာကြီး စူလို ့ပုပ်လို ့…မျက်စောင်းတခဲခဲ ဖြစ်နေလေရဲ ့။
    ………………………………………………………………………………………………………

    (အေ)

    ဒီဆိုင်ကတော့…
    ဟို ဆိုင်(ဘီ)နဲ့ တော်တော်ကွာခြားတယ် ။
    ဆိုင်ထဲ ဝင်လိုက်တာနဲ့ရွှေတွေ ထည့်ထာတဲ့ ကောင်တာကို ကပ်မိဖို ့တခြား ဝယ်သူတွေကို နည်းနည်း တိုးလိုက်ရမယ်။ ဝယ်သူ မပြတ်ဘူးလေ ။
    ကပ်မိသွားပြီဆိုရင်တော့…
    ရွှေဆိုင်ပိုင်ရှင် ဇနီးမောင်နှံရဲ ့ အပြုံးနဲ့ လှိုက်လှိုုက်လှဲလှဲ ကြိုဆိုသံလေး ကြားရမယ် ။
    ဆိုင်ရဲ့ အရောင်း ဝန်ထမ်းလေးတွေကလည်းပြုံးပြီး..
    ဘာဝန်ဆောင်မှုပေးရမလဲဆိုတဲ့ အကြည့်လေးနဲ ့နွေးထွေးနေတယ် ။
    (အရောင်း ဝန်ထမ်းကောင်မလေးတွေ တူညီဝတ်စုံ ဝတ်ထားတယ် ။
    ဟိုဘက်က ဒေါ်ပေါက်ဆိုးဆိုင်မှာ ဝန်ထမ်းတောင် မရှိဘူး ။ )
    မကြာခင်မှာပဲ …
    အရောင်းဝန်ထမ်းတစ်ယောက်က
    ဗန်းလေးထဲမှာ အချိုရည် အေးအေးလေးတွေ တစ်ယောက်တစ်ခွက်သောက်ဖို ့ ယူလာပေးတယ် ။
    ထိုင် သောက်ဖို ့ပြောင်လက် သန့်ရှင်းနေတဲ့ စတီးခုံတန်းလေးတွေလည်း ရှိတယ် ။
    ထိုင်သောက်ပြီးမှကိုယ်လိုချင်တာကို ပြောလိုက် ၊
    ချိန်တာတွေ ဈေးတွက်တာတွေ မလုပ်သေးပဲ…
    အဲဒီ ပစ္စည်းရဲ ့ လက်ရာလေးက ဘယ်လိုကောင်းကြောင်း…
    ရွှေရည် ပြည့်မှီကြောင်း…
    ဝယ်သူနဲ ့ လိုက်ဖက်မယ် ထင်ကြောင်း..
    ဝတ်ကြည့်စေချင်ကြောင်း…
    ဒီတစ်ခုကို သဘောမကျသေးလည်းတခြား ဒီဇိုင်း တခြားပစ္စည်းကိုပြပေးဦးမှာ ဖြစ်ကြောင်း…
    ပြုံးပြုံးရွှင်ရွှင်နဲ့ကိုစိတ်ရှည်လက်ရှည် ရောင်းတယ်။
    ရွှေထည်ကို ဝယ်သူ ့လက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်တယ် ။
    စိတ်ကြိုက်လှည့်ပတ်ကြည့် ။ ဝတ်ကြည့် ။
    တစ်ခုမကြိုက်လို ့ နောက်တစ်ခုနောက်တစ်ခုတွေစိတ်ကြိုက် ရွေးချယ် ဝယ်ယူခွင့်ပေးထားတယ် ။
    ဝယ်သူတွေဟာတနယ်တကျေးက လာကြတာလည်း မဟုတ်တော့… ဒီမြို့နယ် ၊ ဒီရပ်ကွက်တွေအတွင်းကပဲ..ဆိုတာ

    သေချာလို ့မသင်္ကာတဲ့ အကြည့်လည်း ကြည့်စရာမလိုဘူး။
    မသင်္ကာသလို စိတ်မရှည်သလိုမျိုးသူတို ့ဆိုင်က ဝန်ထမ်းတွေကအစ မကြည့်ဘူး ။
    ဒါထက် ပိုကောင်းတာကရောင်းသူတွေရဲ့မျက်နှာမှာ အထင်းသားပေါ်နေတာက…
    ဆိုင်ထဲ ဝင်လာပြီးမေးမြန်းစူးစမ်းဝယ်ယူမယ့်သူမှန်သမျှဟာသူတို့ဆိုင်ကို အသိအမှတ်ပြု အားပေးတဲ့

    Customer မို ့ကျေးဇူးရှင်လို့ သတ်မှတ်ထားတဲ့ မျက်နှာထားလေးတွေကထင်းနေတာပဲ ။
    မဝယ်ဖြစ်သေးလို ့နောက်မှ လာမယ်နော်ဆိုလည်း… ပြုံးပြုံးရွှင်ရွှင်ပဲ… ဟုတ်ကဲ့ပါရှင့်… လာအားပေးပါဦးရှင့် ဆိုပြီး
    နောက်တစ်ခါလာဖြစ်အောင်လာဝယ်ချင်စိတ်ပေါက်သွားစေမယ့်နွေးထွေးမှုမျိုးလေး ပေးလိုက်သေးတယ်။
    ဝယ်ဖြစ်သည် ဖြစ်စေ ၊ မဝယ်ဖြစ်သည် ဖြစ်စေ…
    အဲဒီဆိုင်ထဲဝင်လိုက်ရတဲ့ အတွက် စိတ် ကျေနပ်တယ်။

    သက်တောင့်သက်သာဖြစ်တယ် ။
    ကိုယ့်ကို ဂရုစိုက်ပြီး အသိအမှတ်ပြု ကျေးဇူးတင်နေကြတဲ့အတွက် ဝမ်းသာမိတာအမှန်ပဲ ။

    ရွှေချင်းအတူတူ ဈေးနှုန်းချင်းအတူတူ ဆိုရင်
    Services ကောင်းကောင်း ပေးနေတဲ့ဆိုင်မှာ သွားဝယ်မှာပေါ့။
    ကိုယ့်ကို လိုလိုလားလား ကြိုဆိုတဲ့ ဆိုင်မှာပဲဝယ်မှာပေါ့ ။
    ရေရှည်ဆက်ဆံဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့

    ကိုယ့်ကို သူတို့ဆိုင်ရဲ့ ဖောက်သည်အဖြစ် အသိအမှတ်ပြုတဲ့ဆိုင်…
    ကိုယ့်ကို Care နေတဲ့ ဆိုင်ကိုပဲသွားမှာပေါ့ ။
    …………………
    မောင်သူရလို ခံယူချက်မျိုးတွေ များလာတဲ့အခါ….
    (အေ)ဆိုင်မှာဝယ်သူတွေ မပြတ် စည်ကားရောင်းချနေရပြီး
    (ဘီ)ဆိုင်ခမျာတော့ ငူငူငေါင်ငေါင်ကြီး ထိုင်နေရရုံပဲပေါ့ ။
    Quality ချင်းတူရင် Services ပိုကောင်းတဲ့ဆိုင်ကို ရွှေးချယ်ပြီး ဝယ်ယူချင်သူများလာတဲ့ခေတ်မှာ….
    Customer ကို ရေရှည်ဆက်ဆံဖို ့ဆိုတဲ့ မျှော်လင့်ချက် ရှိရပါမယ် ။
    ဝယ်သူဟာ… ကိုယ့်ဆိုင်ထဲ ဝင်လာပြီး ဟိုကြည့်ဒီကြည့်လာကြည့်ပြီဆိုကတည်းက
    ကိုယ့်ဆိုင်ကို စိတ်ဝင်စားလို ့ အချိန်ပေးပြီးလာခဲ့တာ ဆိုတာနဲ့ စ အသိအမှတ်ပြုရပါမယ် ။
    ပြီးရင်တော့…
    ကိုယ့်ဆိုင်မှာ အားပေးဖြစ်သွားအောင်(အရောင်းအဝယ်ဖြစ်အောင်) ဝယ်သူကို ဆွဲဆောင်နိုင်ရပါမယ် ။
    ဖြစ်နိုင်ခဲတဲ့ ကံစမ်းမဲတွေ ၊ မက်လုံးတွေနဲ့ ဆွဲဆောင်တာကို ကျနော်တို ့ (Customer တွေ) သိပ်စိတ်မဝင်စားတော့ပါဘူး ။
    လက်တွေ့ကျတဲ့ ဂရုစိုက်မှု၊ အသိအမှတ်ပြုမှု ၊ စိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှုတွေနဲ့
    နွေးထွေးစွာ ကြိုဆိုတာကို လိုချင်ပါတယ် ။

    အဲဒီလို အသိအမှတ်ပြုနိုင်ရပါမယ် ။
    လူတွေက အသိအမှတ်ပြုတာကို ခံချင်ကြပါတယ် ။
    ဝယ်သူကို ရောင်းသူက အသိအမှတ်ပြုမှရောင်းသူကို ဝယ်သူတွေက ပြန် အသိအမှတ်ပြုမှာပါ ။

    ဒါမှ ရောင်းသူဟာ ရေရှည် ရောင်းချလို ့ရမှာပါ ။

    အလျော့တွက် လက်ခ ရဖို ့
    ဝယ်သူ့ အိတ်ကပ်ထဲက ပိုက်ဆံကို တောင်းယူတဲ့နေရာမှာ…
    မျက်နှာထားခပ်တင်းတင်းနဲ့…
    နင်..ဒါဝယ်ရင်..ဒီလောက် အလျော့တွက် လက်ခပေးစမ်း ဆိုတဲ့ အချိုးနဲ့ တောင်းရင်တော့..
    ဘယ်သူမှ ကြည်ကြည်နှုးနှုူးပေးချင်မှာ မဟုတ်ပါဘူး ။
    အဲဒီလိုအချိုးနဲ့ဆိုရင်တော့…
    (ဘီ)ဆိုင်ကြီးကျဆုံးသလို ကျဆုံးမှာပဲ။
    (ဘီ)ဆိုင်လိုမျိုးဆက်ဆံပုံ ညံ့ဖျင်းမှုကြောင့်…
    မျက်စိရှေ့မှာကျဆုံးသွားတဲ့ အရောင်းဆိုင်တွေအများကြီးရှိပါသေးတယ် ။
    ……………………………………………………………………………………..
    ကျဆုံးတယ် ဆိုရာမှာ…
    ဆိုင်ကြီးပိတ်ပစ်လိုက်ရတဲ့အထိကျဆုံးတာက တစ်ပိုင်း….
    ဝယ်သူနည်း / လာသူနည်းပြီးခြောက်ကပ်တိတ်ဆိတ်၊ အရောင်းကျ ဇာတ်မျောသွားတာကတစ်ပိုင်းဆိုပြီး နှစ်ပိုင်းမကွဲပါဘူး ။
    (ဘီ)ဆိုင်ကြီး(အေ)ဆိုင်လိုမရောင်းရတော့တာဟာ …
    ဆိုင်ပိတ်ပစ်ရတဲ့အထိတော့ မဟုတ်ပေမယ့် ကျဆုံးတာပါပဲ။
    (အေ)ဆိုင်လည်း ရွှေအစစ်ကို ရောင်းတာပဲ ။
    (ဘီ)ဆိုင်လည်း…ရွှေအစစ်ရောင်းတာပဲ ။
    ရောင်းတာချင်းအတူတူ…

    (အေ)ဆိုင်မှာဝယ်သူတွေ ကြိတ်ကြိတ်တိုးပြီး…
    (ဘီ)ဆိုင်မှာဝယ်သူ တစ်ယောက်မှ မရှိတော့တာဟာ….

    (ဘီ ဆိုင်ကြီး ပိတ်မပစ်ရပေမယ့်) ကျဆုံးတာပါပဲ ။

    အဲဒီလို ကျဆုံးတဲ့ အခါ…
    ဘယ်လိုနည်းနဲ့ ပြန်ဆယ်ယူမလဲ ဆိုတာကလည်းအရေးကြီးပါတယ် ။
    ……………………………………………………………………………………………………………
    (ဘီ)ဆိုင်ကြီးဟာသူ့ဆိုင်ကို ပြန် ဆယ်ယူဖို ့
    (အေ)ဆိုင်ကို နမူနာယူရုံနဲ့ ရပါတယ် ။
    ဒါပေမယ့်….တချို့ဆိုင်တွေက
    ဗမာပီပီလက်ရှိအခြေအနေကိုပဲအဟုတ်ကြီးထင်နေတာလား…
    သေတာတောင် ချီးပန်းမရပ်ချင်တာလားပဲ ။
    ခပ်တည်တည် ခပ်တင်းတင်းပဲ…. ကျဆုံးသွားတာကို မသိချင်ယောင်ဆောင်၊ ဟန်မပျက်ဆက်နေပါတယ်။
    တော်တော် မှားပါတယ် ။
    ဗမာအရောင်းဆိုင် တော်တော်များများဟာ(အရောင်းဆိုင် အသေးအမွှားလေးတွေကို ပြောချင်တာပါ )
    တလွဲမာနတွေနဲ့ အရောင်းဆိုင်ဖွင့် စားနေကြပါတယ် ။
    ငါတို့ကဒီနေရာမှာ ဆိုင် ဖွင့်စားလာတာနှစ် နှစ်ဆယ်ကျော်ပြီကွ….ဆိုတဲ့ အပြောမျိုးနဲ့
    မာနကြီးနေကြပါတယ် ။
    ကြံဖန် ဂုဏ်ယူတာပေါ့ ။
    ( အမှန်တော့
    အဲဒီနေရာမှာ…သူ အနှစ်နှစ်ဆယ်မကလို့အနှစ်ငါးဆယ်လောက် ထိုင်ရောင်းခဲ့လည်းဂုဏ်ယူစရာ မရှိပါဘူး ။
    အနှစ်နှစ်ဆယ်လုံးလုံး ဒီဆိုင်လေး၊ဒီအခြေအနေလေးကနေ ထပ် တိုးတက်မလာတာရဲ့ သက်သေမို ့…
    ရှက်ဖို့တောင် ကောင်းပါသေးတယ် ။)
    ……………………………………………………………………………………………………………………..
    Customer အမြဲတမ်းမှန်တယ် ဆိုတဲ့ စကားက အမြဲတမ်း မမှန်ပါဘူး ။
    တချို့ Customer တွေ တော်တော် ရစ်ကြပါတယ် ။
    အားမနာတမ်း ကိုယ့်ဘက် ကိုယ်ယက်တဲ့ Customer တွေ ရှိပါတယ် ။
    ဒါပေမယ့် ဘယ်လို Customer မျိုးကိုမဆို လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံပေးရမယ့် ဝတ္တရား ထားရှိသင့်ပါတယ် ။
    Customer တွေမှာ…စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့် ရှိပါတယ် ။
    အဖြူရောာင် ပိတ်စလိုချင်တယ်လို ့ Customer ကပြောရင်
    ရောင်းသူက အဖြူရောင် ပိတ်စတစ်စ ထုတ်ပြမယ်ဆိုပါစို ့။
    Customer ဟာ… အဲဒီပိတ်စကို စိတ်ကြိုက် ကြည့်ရှုစစ်ဆေးပြီးမှ….
    ကျနော်လိုချင်တာ ဒီအဖြူရောင် မဟုတ်ဘူးဆိုပြီး… ငြင်းခွင့်ရှိပါတယ် ။
    ရောင်းသူက ဒါအဖြူရောင်ပဲလေ…ဆိုပြီး ဇွတ်ပြောလို ့မရဘူး ။ စိတ်ဆိုးလို ့မရဘူး ။
    ပစ္စည်းကို ကြိုက်ပြီး ဈေးကို မကြိုက်ရင်လည်း သူပေးချင်တဲ့ဈေးကို ဆစ်မှာပဲ ။

    ဆစ်ခွင့် ရှိရမယ် ။ သူဆစ်တဲ့ဈေးနှုန်းနဲ့ ရောင်းသူက မပေးနိုင် /

    မရောင်းနိုင်ဘူးဆိုရင်လည်း (သူပေးနိုင်တဲ့နှုန်း မရဘူးဆိုရင် ) Customer မှာ လှည့်ထွက်သွားပိုင်ခွင့် ရှိတယ် ။
    (ရောင်းသူနဲ့ဝယ်သူကြားမှာ တင်းမာမှုအနေနဲ ့ ရှိနေမြဲ အရာကတော့..ရောင်းသူဟာ ရောင်းတဲ့ပစ္စည်းကို ဈေးနှုန်းမြင့်မြင့် ရချင်တယ် ။

    ဝယ်သူကတော့ ဝယ်ရမယ့်ပစ္စည်းကို ဈေးနှုန်းအတန်ဆုံးနဲ့ ရချင်တယ် ။

    ဒီသဘာလေးကို ရောင်းသူက သိထားရမယ် ။ ဝယ်သူ စိတ်ကျေနပ်မှုကို ဦးစားပေးသင့်တယ် ။ )
    ရတနာလို ပစ္စည်းမျိုးဆို ပိုရွေးချယ်ခွင့်ရှိသင့်ပါတယ် ။
    စိတ်တိုင်းကျသည်အထိ ဝတ်ဆင်ကြည့်ခွင့်တောင် ပေးသင့်ပါတယ် ။
    အခုနောက်ပိုင်း ကျောက်မျက်ရတနာ အရောင်းဆိုင်ကြီးတွေမှာ
    အေးအေးဆေးဆေး ထိုင်ကြည့်ပြီး စဉ်းစားဆုံးဖြတ် ဝယ်ယူဖို့အတွက် ထိုင်ခုံတွေ စားပွဲတွေ နဲ ့…
    ကြည့်မှန်တွေ ချပေးပြီး..

    စိတ်ကြိုက် ရွေးချယ်ခွင့်ပေးလာတဲ့ အရောင်းပုံစံကို ဖန်တီးနေကြပါပြီ ။
    ဝယ်သူကို အစားအသောက်တွေနဲ့တောင် ဧည့်ခံပြီး ဂရုစိုက်ပြနေကြပါပြီ ။
    အဲဒီလောက် ဂရုစိုက်ပြီး ဝန်ဆောင်မှုပေးတာတောင်မှ မဝယ်ဖြစ်ပဲ…

    လှည့်ပြန်သွားတဲ့ Customer ကိုလည်း ခွင့်လွှတ်နားလည်မှုအပြည့်နဲ့ စိတ်ရှည်ပေးရမှာပါ ။
    သူ…ကိုယ့်ဆိုင်ကို ဝင်လာတာကိုက..အမြတ်ပါ ။
    ကိုယ့်ဆိုင်ထဲ ဝင်လာလို ့ ကိုယ်ပေးနေတဲ့ ဝန်ဆောင်မှုကို သူ မှတ်မှတ်ရရဖြစ်သွားအောင် လုပ်ဖို့က အရေးကြီးပါတယ် ။
    သူကနေ…တဆင့်…ကောင်းသတင်းတွေ ပျံ ့သွားဖို ့/ကောင်းသတင်းကြားရလို ့
    စိတ်ဝင်စားပြီးရောက်လာတဲ့ Customer အသစ်တွေ ရရှိဖို ့လည်း ရည်ရွယ်ရပါဦးမယ် ။
    ………………………………………………………………………………………………………………..
    အရင်တုန်းက ခေတ်ဟာ အတွေ ့အကြုံကို ဦးစားပေးတဲ့ခေတ်ဆိုရင် …..
    အခုခေတ်ဟာ အသိကိုရှေ့တန်းတင်တဲ့ခေတ်ပါ ။
    Customer ကို စိတ်ကျေနပ်မှုဖြစ်အောင် ဝန်ဆောင်မှုပေးမယ်ဆိုတဲ့ အသိ မှ မရှိရင်

    ”မူလလက်ဟောင်း”တို ့”နှစ်ပေါင်းများစွာ ဖွင့်လာတဲ့ ဆိုင်သက်”တို ့က ဘာမှ အသုံးမဝင်ပါဘူး ။
    မောင်သူရရဲ့ ဟောဒီအတွေးကို သဘောတူကြမလား မသိ ။
    …………………………………………………………………………………………………………………
    မောင်သူရ မျက်စိရှေ့မှာပဲ ဝန်ဆောင်မှုညံ့ဖျင်းလို ့ ကျဆုံးသွားတဲ့ဆိုင်တွေ ရှိပါသေးတယ် ။
    အကြောင်းသင့်ရင် ရှစ်မိုင်Junction 8 ထဲက ဆိုင်နှစ်ဆိုင်အကြောင်း ထပ်ပြောပြချင်ပါသေးတယ် ။
    ……………………………………………………………………………………………………………..

    မိတ်ဆွေများလွတ်လပ်ငြိမ်းချမ်းကြပါစေ…
    လေးစားစွာဖြင့် …

    အလင်းဆက်(Gazette)

    ၂၅ ၊ ၈ ၊ ၂၀၁၄ ၊ တနင်္လာနေ့ မနက် ၁ဝ း ဝ၄

  • တိမ်မည်း

    August 27, 2014 at 4:34 pm

    ကျွန်တော့်ကတော့ customer service အပိုင်းမှာတော့ လုပ်ဖူးပေမယ့်…. ရွေ လိုမျိုး သေးသေးလေးန ဲ့ ဈေးကြီး လွန်းတဲ့ ပစ္စည်း မျိုးရှိတဲ့ဆိုင်တော့ လုပ်ဖူးဘူးရယ်….

    အေ ဆိုင်က လင်မယားက ဒီရွေထည်ပြတာကို စိတ်ချ လက်ချ သံသယ တစက်မှ မရှိပဲ ပြနိုင်တာတော့ တကယ်ချီးကျူးတယ်ဗျာ…..

    ကျွန်တော် သာ ဆို ပြနိုင်ဖို ့ မလွယ်လောက်ဖူး…. စီးပွားရေး ဆိုတာ တနိုင်တပိုင် လုပ်တဲ့အမျိုးကို ကိုယ့်ဟာလေး အရင်းပြုတ်မှာတော့ ကြောက်ကြတာပေါ့….

    ဟို ဘီ ဆိုင်က မိန်းမကတော့ အထူး ပြောစရာ မရှိပါဖူး… သူ ရှေ ့မှာ တယောက်တည်းရှိတဲ့ ဈေးဝယ်သူကို အဆင်မပြေဖူးဆိုတော့… သူ ့ဘဝက သွားပီ…

    • alinsett

      August 27, 2014 at 4:50 pm

      ရွှေထည်ကို…ဝယ်သူလို ့…ထင်ရတဲ့ ဆိုင်ထဲ ဝင်လာသူ လက်ထဲ..
      စိတ်ချလက်ချ ထည့်လိုက်နိုင်ဖို ့…
      ဆိုင်ရှင်တွေ အနေနဲ ့ ကြို စီစဉ်ထားသင့်ပါတယ် ။
      ကြို စီစဉ်ထားရင်… စိတ်ချလက်ချ မထည့်ရဲစရာ မရှိပါဘူး ။

      ဆိုင်ဖွင့်ထားတဲ့နေရာဟာ.. အများပြည်သူ သွားလာလှုပ်ရှားနေတဲ့… မသမာမှု မဖြစ်လောက်တဲ့နေရာဆိုရင်..တစ်ချက် အားသာမယ် ။
      အဲဒီနေရာ အနေအထားအပြင်..ဆိုင်ရှင်က ကြို စီစဉ်ထားသင့်တာက…
      ရွှေဆိုင်လို ဆိုင်မျိုးဖွင့်ပြီဆိုမှ… မသိမသာ ကြည့်နေမယ့်..Security ဝန်ထမ်း အနည်းဆုံးတစ်ယောက် ရှိသင့်တယ် ။
      ဆိုင်က ကြီး ရင်… CCTV လိုမျို း လုံခြုံရေးပိုင်းဆိုင်ရာ Save ဖြစ်စေမယ့်…ကိရိယာတွေ ရှိသင့်တယ်ပေါ့ ။

      အေဆိုင်မှာက… ဝန်ထမ်းတွေ ရှိတယ် ။ ဝန်ထမ်းတွေကို.. Security ပိုင်းဆိုင်ရာ အသိလေး ..
      နည်းနည်း ထည့်ပေးထားရင်..အိုကေတယ်ပေါ့ ။

      ပစ္စည်းကို..ပြနေရင်းနဲ ့… ပြသူ ( အရောင်းစာရေး) တစ်ယောက်ကနေ နောက်တစ်ယောက် မပြောင်းသင့်တာမျိူး….
      ရောင်းသူ(ပြသူ)က… သူ ထုတ်ပြလိုက်သမျှ ပစ္စည်းကို… မှတ်မှတ်သားသားလေး… ထုတ်ပြ ရောင်းချသင့်တာမျိုး…

      ဆိုင်ရဲ ့ အပေါက်ဝနားမှာ.. Security ဝန်ထမ်း(သို့) စောင့်ကြည့်သူတစ်ယောက်ယောက် ရှိနေစေတာမျိုးပေါ့… ။

      ဒါလေးတွေ..ကြိုစီစဉ်ထားရင်….
      အိုကေပါတယ်… ။

      SECURITY ပိုင်းဆိုင်ရာကို..ဆိုင်ကြီးရင်..ကြီးသလို… ထောင့်ပေါင်းစုံက…ကြိုစီစဉ်ထားသင့်တယ်..ထင်တယ်။

  • မြစာကလေး (23122011)

    August 28, 2014 at 12:09 am

    အပြိုင်အဆိုင် တွေ မရှိချိန် Customer Service က အရေးမကြီးပါ။
    အပြိုင်အဆိုင် တွေ ရှိလာချိန်မှာတော့ အတော်လေး သတိပြုရမဲ့ အရေးကြီးဆုံး အကြောင်းပါဘဲ။
    ဒီလို Post လေး အတွက် Bravo ပါ ဆက်ဆက်ရေ။

    • alinsett

      August 28, 2014 at 5:48 pm

      အရီးရေ…
      ကျနော့်အတွေး အရေးလေး..လာဖတ်ပြီး.အာေးပးလို ့ကျေးဇူးပါနော်

      ဒီနေ့လက်ရှိခေတ်မှာ.. .Customer Service က…တော်တော်အရေးကြီးနေတယ်လို ့….
      မြင်မိတော့…အဲဒီဆိုင်နှစ်ဆိုင်ကို သက်သေပြပြီး ရေးချင်လာတာလေ.. ။

      Customer Service က…အရည်အသွေးလောက် နီးနီး..အရေးကြီးတယ်လို ့ မြင်မိပါကြောင်း….

      😆

Leave a Reply