စွန်ရဲအင်းမှ……………ပုံရိပ်များ(ဓါတ်ပုံပိုစ်)
စွန်ရဲအင်းမှ……………ပုံရိပ်များ(ဓါတ်ပုံပိုစ်)
စွန်ရဲအင်းကမန်းေးလးမြို့ရဲ့တောင်ဘက်မှာရှိတဲ့ ကျောက်ဆည်မြို့အနားမှာတည်ရှိတဲ့အင်းလေးဖြစ်ပါတယ်။

မန်းလေးဘက်ကလာမယ်ဆိုရင်ရွှေသိမ်တော်ဘုရား ကို နည်းနည်း လေးအကျော်မှာရှိပါတယ်။ လမ်းဘယ်ဘက်ခြမ်း (မန်းလေးအခေါ်အရှေ့ဘက်)ကို လှမ်းကြည့် လိုက်ရင် လမ်းအလည်ခေါင်မှာ
ကျောက်ပြားကြီးတစ်ချပ် စိုက်ထားတာတွေ့ ပါလိမ့်မယ်။
အဲဒီအလမ်းအတိုင်း သုံးမိုင်လောက်အတွင်းကိုဝင်လိုက်မယ်ဆိုရင် စွန်ရဲအင်းကိုရောက်နိုင်ပါတယ်။
လမ်းတစ်ဝက်ကတော့ ကတ္တရာလမ်းခင်းထားပြီးလမ်းတစ်ဝက်ကတော့ မြေလမ်းဖြစ်ပါတယ်။

အဲဒီမှာထူးခြားစွာမြင်တွေ့ရတဲ့ ငါးဖမ်းနည်းကတော့ အင်းရေပြင်ကိုလှော်တက်နဲ့ ရိုက်ပြီး
ငါးတွေကိုခြောက်လုှန့်တဲ့အခါ ထောင်ထားတဲ့ ပိုက်ထဲကို
ငါးတွေဝင်တိုးတယ်လို့သိရပါတယ်။


စွန်ရဲအင်းကဓါတ်ပုံပညာရှင်တွေနှစ်သက်တဲ့ နေရာလဲဖြစ်ပါတယ်။
ဒီနေရာမှာဓါတ်ပုံရိုက်ပြီးဆုရသူတွေလဲအများကြီးရှိပါတယ်။



မနက်ဆိုရင်ငါးဖမ်းလှေ တွေက အင်းထဲကိုထွက်ကြပါတယ်။
အင်းထဲကို သွားချင်ရင်တော့ ကလေးမလေးတွေက တစ်ယောက်စီးလှေလေးတွေနဲ့
လိုက်ပို့ပေးပါလိမ့်မယ်။
ဓါတ်ဆရာများကတော့ လှေငှားပြီးရေလည်ခေါင်သွားဓါတ်ပုံရို်က်ကြပါတယ်။
နေမြင့်ရင်တော့ လှေတွေ ကို မတွေ့ နိုင်တော့ပါဘူး။
အင်းထဲကိုငါးဖမ်းထွက်သွားကြလို့ပါ။

ကျနော်စွန်ရဲအင်းကို နှစ်ကြိမ်ရောက်ဘူးပါတယ်။
ဇန်နဝါရီလဆန်း ဆောင်းမှာတစ်ကြီမ်။
အခုမိုးတွင်းမှာတစ်ကြိမ်ပေါ့။
ထူးထူးဆန်းဆန်းမိုးတွင်းရောက်မှ ရေ နည်း နေတာ နဲ့ကြုံနေပါတယ်။
နောက်တစ်ခေါက်လောက်တော့ ထပ်သွားချင်ပါသေးတယ်။
ဘယ်သူတွေလိုက်ကြအုံးမလဲ ဗျို့

ကိုပေါက်လမ်းသလားနေသည်။
27-8-2014
19 comments
kyeemite
August 26, 2014 at 2:05 pm
မေျရာက်ဖူးခဲ့ဘူးဗျာ..ကြည့်ရတာအတော်သာယာတာပဲ
ခင် ခ
August 26, 2014 at 2:23 pm
မရောက်ဖူးသေးဘူးဗျ
ကိုပေါက်ကိုခေါ်ပြီး တစ်ရက်သွားအုံးမှဘဲ။
တောင်ကြောနောက်ခံနဲ့ ရေပြင်ဆိုတော့ လှတာပေါ့ဗျာ။
Mr. MarGa (12512)
August 27, 2014 at 6:16 pm
လေးခနောက်ကလိုက်ပါတယ် (ဖိနပ်တက်နင်းမိတော့မယ် :mrgreenn: )
ကျနော်လဲ လိုက်ချင်တယ် ဗျိုးးးးးး
ကိုပေါက်(မန္တလေး)
August 28, 2014 at 11:17 am
ခေါ်အုံးမှာ
ကိုပေါက်(မန္တလေး)
August 26, 2014 at 2:37 pm
ကိုမိုက်ရေ
တကူး တက သွားမှရောက်တာဗျ။
ိုကိုခ ရေ
ကျနော်တို့ ပိတ်ရက်ဆုံတဲ့နေ့ မိသားစုတွေခေါ်ပြီးသွားကြတာပေါ့
alinsett
August 26, 2014 at 3:50 pm
အဲဒီလို…တောင်တန်းကြီးတွေ မြင်ရင်
တောင်တက်ချင်စိတ်က..ထိန်းမရ။
ကိုပေါက်(မန္တလေး)
August 26, 2014 at 6:01 pm
မန်းလေးကိုလာခဲ့ပါလား တက်စရာတောင်တွေအများကြီးရယ် ။
အနောက်ဖက်မှာ မင်းဝံ တောင် ရှိတယ် စစ်ကိုင်းတောင်ကနေတက်သွားရင် မင်းကွန်းအထိ တစ်ဆက်ထဲ တက်လို့ရနို်င်တယ်။
အရှေ့ဖက်မှာဆိုရင် ရှမ်းရိုးမ 16မိုင်စခန်းကနေတစတက်ရင် ဟိုးဘက် မိုးကုတ်အထိ တောက်လျောက်သွားလို့ရတယ်
လာခဲ့ လိုက်ပို့ မယ်
kai
August 26, 2014 at 10:30 pm
ငါးတွေတော်တော်ကြီးတာပဲ..
ဆာရှိမိ(အသားစိမ်းပါးပါးလွှာ)တော့ စားလို့ရမယ်မထင်…
ဓါတ်ပုံတွေ မူရင်းဖိုင်အကြီးတွေတော့ သိမ်းထားနော..
တန်ဖိုးရှိမှာ…လို့..။
ကိုပေါက်(မန္တလေး)
August 27, 2014 at 8:57 am
ဟုတ် ကိုခိုင် ကျနော်ပုံတွေကို RAW ဖိုင်တွေနဲ့ သိမ်းထားပါတယ်။
weiwei
August 27, 2014 at 10:44 am
မန်းလေးကို အေးအေးဆေးဆေး တစ်ခါလောက် လာလည်ချင်ပါသေးတယ် .. ဓါတ်ပုံတွေ လျှောက်ရိုက်ချင်လို့ …
တောင်တန်းတွေရယ် .. ရေပြင်ရယ် .. လှေငယ်ရယ် ပါတဲ့ ရှုခင်းတွေကို ကြိုက်တယ်
ကိုပေါက်(မန္တလေး)
August 27, 2014 at 11:23 am
မဝေရေ
မန်းလေးကို လာမယ် ဆိုရင် ဓါတ်ပုံ ရိုက် လို့ ကောင်းတဲ့ နေရာတွေကို လိုက်ပို့ပေးပါမယ်
ကျနော်နဲ့အမြဲတွဲနေတဲ့ ဓါတ်ဖမ်းအဖွဲ့လေး ရှိပါတယ်။
အမြဲလိုလို အလုပ်ပိတ်တာ နဲ့ဓါတ်ဖမ်းထွက်ကြတယ်
ရွာသားကြီး ဖောဂိုင်းတောင်ကျနော်မြှောက်ပေးလို့ဓါတ်ဆရာလုံးလုံးဖြစ်သွားပြီ နော်
nicolus agral
August 28, 2014 at 2:29 pm
လေးပေါက် နောက်တကြိမ်သွားရင်ပြောပါဦး
ကျနော် လိုက်ချင်လို့
ဘာမှတော့မလုပ်တတ်ဘူး
လိုက်ရှုပ်မှာ
ကိုပေါက်(မန္တလေး)
August 28, 2014 at 9:13 pm
ပြောမယ်ဗျာ
ဒီကလဲ အဖော်ရှာနေတာ
ရှုပ်တတ်တယ်ဆိုရင်တော့ အလုပ်ဖြစ်ပြီ
Ma Ei
August 29, 2014 at 10:54 am
ဘယ်သူတွေလိုက်ကြအုံးမလဲ ဗျို့…………
ဗျို့ မဟစ်ခင် ဓာတ်ပုံတွေမြင်ခတဲက
သွား( လိုက်) ချင်ချင်
🙂
ကိုပေါက်(မန္တလေး)
August 29, 2014 at 12:22 pm
မအိတို့ သာ မန်းလေးလာခဲ့ပါ
လိုက်ပို့ပေးပါမယ်
sorrow
August 30, 2014 at 12:47 pm
နံပါတ်ရှစ်က ငါးလေးနှစ်ကောင်သာကင်စားရရင်လတ်လတ်ဆတ်ဆတ်နဲ့ ချိုလိုက်မယ့်အမျိုး …ဦးပေါက်ရေ ..ကင်မစားခဲ့ဘူးလားဗျ…ရေကန်နဲ့တောင်တန်းအလှက …အမောပြေလိုက်တဲ့အမျိုး….
ကိုပေါက်(မန္တလေး)
August 31, 2014 at 8:01 am
တောင်သမန်အင်းမှာ တော့ အင်းထဲက ဖမ်းလာတဲ့ ငါးကို လတ်လတ်ဆတ်ဆတ်ကြော်ပြီး စားဘူးတယ် ။
ချိုတယ်
မွသဲ ( 17082011 )
August 30, 2014 at 8:38 pm
တခါမှမကြားဖူးတဲ့နေရာလေးပါလေးပေါက်ရေ။ ပုံကလေးတွေကလဲတကယ့်ကိုလှပါတယ်။ တကယ်လှတဲ့ အင်းလေးပဲ။ ရောက်ဖူးချင်ပါဘိ
ကိုပေါက်(မန္တလေး)
August 31, 2014 at 8:14 am
မွသဲတို့ မိသားစု အထက်အညာကိုအလည်လာတဲ့အခါ လိုက်ပို့ပေးပါမယ်
ဆောင်းမနက်ခင်းက ပိုလှတယ် အင်းလေးလောက်မကျယ်ပေမယ့် ခပ်ဆင်ဆင်