“ငါးဆယ်….ငါးဆယ် ငါးဆယ်”
“ငါးဆယ်….ငါးဆယ် ငါးဆယ်”
ဘဝဆိုတာအသက် ၁၀ဝ မနေရပေမယ့်
အမူ့ ၁၀ဝ မက ပွေရတယ်ဆိုတာ
အသေအချာ။
မသိသူ နှစ်ဦးက ခေါ်လာလို့
မရေမရာနဲ့ရောက်ခဲ့တဲ့
ဘုမသိ ဘမသိ
ဘဝထဲက
၅ဝဆိုတဲ့နှစ်များအတွင်းမှာ
ပျော်ရွှင်ခြင်းတခဏ
ဆင်းရဲခြင်းအမြဲအစဉ်
သွေလွှဲခြင်းမကြာခဏ
မှန်ကန်ခြင်းဆိုတာကတော့
ရေပွက်ပမာ။
တက်တစ်ကြိမ်
နိမ့်အခါခါ
မခေါ်ဘဲရောက်တတ်တာက
များစွာသော
ဒုက္ခ။
မလိုချင်ဘဲအမြဲရနေတာက
သောက။
မကြိုဆိုဘဲ အလည်လာသူက
ဒေါသ။
မသိမသာ အောင်းနေတာက
မောဟ။
အဆုံးသတ်မှာ သိမ်းကြုံးပြီး
ရတတ်တာ
နောင်တ။
ဘဝဆိုတာ
သေချင်လို့လဲ သေမရ
မသေချင်လို့လဲနေမရ။
ရှည်ချင်လို့လဲရှည်မရ။
ကံပေးသမျှ သာနေပေတော့။
လေ ချင် စရာတွေကတော့ များမှများ။
ကွကိုယ် ကိုယ်ဘဲ စိတ်တိုမလား။
ဘဝမချိုတာကိုဘဲအပြစ်ဆိုမလား။
ကြံရင်းနဲ့ဘဲ သေမလား။
ပြန်ရင်းနဲ့ဘဲ နေ မလား
အလျော်အစားများတဲ့လောက
မတော်မတရားများတဲ့လောက
ကျော်ခွသွားတတ်တဲ့လောက
မာယာတွေများ မှ များ တဲ့ လောက
မော်ပြနေမှ လူရာဝင်တဲ့လောက
ဒေါ်လှတွေဘဲအရေးပါတဲ့လောက
ဒီလိုလောကကြီးထဲမှာ
ဟိုလှည့် ဒီပြောင်း
ဒီကူးဟိုခုန်
ဟိုရွှေ့ဒီတိုး
ဒီရောက်ဟိုပြေး
ဟိုထားဒီနေ
ဒီသွား ဟိုလာ
“မနေမနား
တသွားထဲသွားကြတာ”ဆိုတဲ့
ဆရာကြီး ဦးသုခရဲ့
ဘဝသံသရာ
အဖန်ဖန်ကြားနေရင်း
တင်းတင်းပြည့်ပါပေါ့
အသက်၅၀
မလည်မဝယ် နှစ်အစိတ်
လည်လှပြီ ထင်တာက နှစ်ဆယ့်ငါး
ဒါနဲ့ဘဲလုံး ပါးပါး ရင်းက
ကျွင်းနှပ်ခမ်း တစ်ဝက်နမ်းနေမိတာတောင်
မှန်မကြည့်ဘူးသူတွေများမှများ
အနှစ်မပါ ဗလာသက်သက်နဲ့
ဖြတ်သန်း
ရူးရူးနှမ်းနှမ်းနဲ့
နေခဲ့ မိတ ဲ့ နှစ်ငါးဆယ်
ကဲ ……………………
သွားလရော့ ဟယ်………………………။
ကိုပေါက်လက်ဆောင်အတွေးစဉ်
28-7-2014
27 comments
ခင် ခ
August 28, 2014 at 11:41 pm
ပြီးခဲ့တဲ့ငါးဆယ်
ခဝါချလို့
ရှေ့ဆက်မယ့်ငါးဆယ်
ဘဝလှဖို့
ရွာစားရေ အသာအယာ
ဒိုးသံပေးပါဗျ
ကရအုံးမယ့်ဘဝဇတ်ခုံ
ဇာတ်ဆုံးတိုင်ထိ က ပါရစေလို့။
Mလုလင်
August 28, 2014 at 11:47 pm
အဲ့ဒီ့ ငါးဆယ် ဒီဘက် ပစ်လို်က်ပါလား . . . . လိုချင်လို့ . . . . .။
ကိုပေါက်(မန္တလေး)
August 29, 2014 at 8:26 am
ကျနော်ကတော့ ငါးဆယ်လွန်ပြီး ခြောက်ဆယ်ဘက်ဝင်လာပြီ
ကျနော်က 40 ရေးခဲ့ တဲ့ 55 ရေးခဲ့ တယ်
50 ရေးပါအုံးလို့ပြောတဲ့ မိတ်ဆွေအတွက် ရေးပေးလိုက်တာပါ
kyeemite
August 29, 2014 at 10:02 am
မလည်မဝယ် နှစ်အစိတ်
လည်လှပြီ ထင်တာက နှစ်ဆယ့်ငါး
ဒါနဲ့ဘဲလုံး ပါးပါး ရင်းက…………..မှန်တယ်ဗျာ….ရင်ဘတ်ကိုတဲ့တဲ့ 🙁
ကိုပေါက်(မန္တလေး)
August 29, 2014 at 12:33 pm
ကိုမိုက်ရေ
ကျနော်က ကိုယ်တိုင် ခံရ တာကို ပြန်ပြော ပြ တာ ဆို တော့
ခံစားချက်ခြင်းညီသွားသပေါ့
weiwei
August 29, 2014 at 10:15 am
အနှစ်သာရပါတဲ့ ကဗျာတစ်ပုဒ်ပါပဲ ..
အသက် ၄ဝ မှ ဘဝစတယ်လို့ ပြောကြတာမို့လို့ ကျွန်မလဲ ပြီးခဲ့တဲ့ အနှစ် ၄ဝ ကို လွှင့်ပစ်လိုက်ပြီး အခုကနေ အသစ်ပြန်စရင် ကောင်းမလားလို့ ..
ကိုပေါက်(မန္တလေး)
August 29, 2014 at 12:35 pm
မဝေရေ
ကုန်လွန်ခဲ့သောနှစ်များက အမှားတွေကို ပြန်စီစစ်ရင်း
ရှေ့ဆက်သွားမယ့် ခရီးမှာအမှားနည်းအောင် လုပ် ဘို့ ရည်ရွယ်ချက်ကြောင့်
အသက်လေးဆယ်မှာ ဘဝ စ တယ် ဆို ကြ တာပါ
မြစာကလေး (23122011)
August 29, 2014 at 1:21 pm
ဘူသူ့ ကို ခြိမ်းခြောက်နေတာလဲ ကပေါက်ကြီး။
ကျုပ် ကတော့ ၃ဝ ထဲ က နံပါတ် တွေ ကို မသိတော့ဘူး။ 🙂
ကိုပေါက်(မန္တလေး)
August 29, 2014 at 1:46 pm
မြစကလေး က 16နှစ် တစ်ရက်လျော့ သွား ပြီ
နတ်ရေကန်ထဲ ဆင်းလိုက်တာပြောတယ်
ဟုတ်စ
မြစာကလေး (23122011)
August 29, 2014 at 1:50 pm
ဝုတ်ပါ့၊ ဝုတ်ပါ့။
တကယ်က နဂါးရေကန် ကပေါက်ကြီး ရဲ့။
တိုး တိုး နော်။ တော်ကြာ ချိုနဂါးကြီး ကြားသွားလို့ မျက်စောင်းလှမ်းထိုး နေဦးမယ်။ lol:-)))
alinsett
August 29, 2014 at 1:32 pm
လှတယ်
မြစာကလေး (23122011)
August 29, 2014 at 1:33 pm
ဘူသူလဲ။ မြ ကိုပြောတာလား။ :-))
ကိုပေါက်(မန္တလေး)
August 29, 2014 at 1:49 pm
အော် အလင်းဆက်က လှတယ်ပြောရင် တော့ ဒေါ်ဖွားမေ ဘဲဖြစ်ရမယ်
alinsett
August 29, 2014 at 1:57 pm
ကဗျာကိုပြောတာပါ ။
ဖွေးဖွေးထက်တောင် လှနေလို ့။
alinsett
August 29, 2014 at 2:28 pm
အရီးက…သူ့ကိုယ်သူ မြ ဆိုတော့…
ရှေးမြန်မာ ဇာတ်ကားတစ်ကားထဲက…” မြဖြင့်…လန့်သွားတာပဲ..မောင်ရန်နိုင်ရယ် ”
ဆိုတဲ့ စကားကို ပြေးသတိရသွားသေးတယ် ။
အဟိ ။
(ဘယ်ဇာတ်ကားလဲ..ဘယ်မင်းသမီးလဲ..မမှတ်မိ)
ကိုပေါက်(မန္တလေး)
August 29, 2014 at 2:03 pm
ဟိုမယ် သူ့ပြောတယ် ထင် တဲ့ သူက ထင် ကုန်ပြီ
ရှင်းအောင်ရေး
kai
August 29, 2014 at 2:43 pm
ဟိုတလောက.. ဂျပန်တယောက်.. ထိုင်းမှာအငှားကိုယ်ဝန်ဆောင်ပြီး ကလေးတွေထားတယ်မို့လား..
ကလေး ၁၃ယောက်ဆိုလား.. မိတယ်လေ…
အဲဒီအတိုင်း.. တချို့နိုင်ငံကြီးသားတွေလုပ်တယ်လေ..
ဆိုတော့…
အသိမမှားရင်…
နောင် အနှစ်၅ဝအတွင်း… မြန်ရင်.. ၁ဝနှစ်အတွင်း…
လူဟာ.. ခန္ဓာကိုယ်အပိုင်းအစတွေကို.. ဖြုတ်လဲ..ပြောင်းတပ်နိုင်လိမ့်မယ်..
မှတ်ညဏ်ရှိတဲ့.. ဦးနှောက်ကလွဲလို့.. တကိုယ်လုံး.. ဖြုတ်လဲလိမ့်မယ်..
ဦးနှောက်မှတ်ဉာဏ်တောင်.. အပြင်ကွန်ြုပူတာထဲခဏသိုမှီသိမ်းနိုင်လိမ့်မယ်..။
ပုံပြင်မဟုတ်…။
အဲဒီခေတ်မှာ…
အနှစ်၅ဝဆိုတာ.. မှတ်ဉာဏ်နဲ့အတွေ့အကြုံတွေစုတဲ့.. ခရီးတိုတခုသာပါပဲ..။ :k:
ခင် ခ
August 29, 2014 at 3:27 pm
အသက်စပယ်ယာပတ်ထွင်နိုင်လာတဲ့ တစ်နေ့ ကမ္ဘာလူသားတွေအားလုံး စစ်ထဲဝင်ကြသောနေ့ ဖြစ်လာလတံ္တ သဂျီးရေ
ကိုပေါက်(မန္တလေး)
August 29, 2014 at 4:33 pm
အဲလို သာ မှတ်ဉာဏ်ကို သိမ်းထားနိုင်ခဲ့ရင်
ဘယ်လောက်များကောင်းလိုက်မလဲလို့
Myo Thant
August 29, 2014 at 4:05 pm
သူ့ကဗျာဖတ်မိမှ ကိုယ့်ကိုယ်ကိုလည်း
ထိန်ပင်နဲ့ နီးလာပါပကော လို့ တွေးတောမိတယ် ၊
ဒါပေမယ့် ဘုရင့်နောင်လမ်းက ကားပိတ်ချက်ကြမ်းသမို့
တော်တော်နဲ့ မရောက်နိူင်ဘူး လို့ ဖြေတွေးရင်း . . .
အမ့အတွက် သားဆိုးမဖြစ်ဖို့ . . .
ကလေးတွေအတွက် အဖေကောင်းဖြစ်ဖို့ . . .
အပေါင်းအသင်းတွေအတွက် သူငယ်ချင်းကောင်းဖြစ်ဖို့ . . .
ကြိုးစားရဦးမှာပါလား လို့ . . . . .
( ထိန်ပင်ဆိုတာ အနောက်ပိုင်းခရိုင်အတွက် မီးသင်္ဂြိုဟ်စက် )
ကိုပေါက်(မန္တလေး)
August 29, 2014 at 4:35 pm
ကျနော်သိသလောက် ကမျိုး က တာဝန်ကျေပါကြောင်း
ကို မျိုး က နှီး ဘီ ဆိုရင် ကျုပ် ဘယ်နားသွားနေရ မလဲ ဟင်
Myo Thant
August 30, 2014 at 11:18 am
လိုပါသေးတယ် ကိုပေါက်ရယ် ၊
လာမယ့်ဆောင်း တောင်သမန်စောင်းမှာ
ထန်းရည်သွားမော့ချင်သေးတယ် ၊ မန်းသားတွေနဲ့ပေါ့ ၊ 🙂
ကိုပေါက်(မန္တလေး)
August 30, 2014 at 11:59 am
ကိုမျုိုးလေ နဲ့ မလာ နဲ့
လူကို်ယ်တိုင်ရောက်အောင်လာပါ
manawphyulay
August 30, 2014 at 1:39 pm
ငါးဆယ်ခေတ် မဟုတ်တော့ဘူး အခု လိုင်းကားစီးရင် ဘယ်နေရာပဲ တက်စီးစီး နှစ်ရာပဲ ဖြစ်နေပြီ။ တချိို့ဆို သုံးရာတောင် တောင်းတယ်…
ကိုပေါက်(မန္တလေး)
August 30, 2014 at 4:46 pm
မယ်မနော ရေ ကျနော် တို့ မန်းလေးမှာ ဘတ်စကား မစီး ရ တော့ ဘတ်စကား ခဈေး နူန်း ကျနော် မသိဘူး ဗျာ
မွသဲ ( 17082011 )
August 30, 2014 at 8:16 pm
နှစ်ငါးဆယ်တော့လိုချင်ဘူး သိန်းငါးဆယ်လောက်ဆိုဒီဖက်ပစ်လိုက်လေးပေါက် တကယ့်ကို အမှန်တရားတွေမြင်နိုင်တဲ့ကဗျာလေးပါလေးပေါက်ရေ။ ကျေးဇူးပါ။ ဒါလဲသိမ်းထားရမဲ့ကဗျာလေးပါ
ကိုပေါက်(မန္တလေး)
August 31, 2014 at 8:51 am
လောလောဆယ် တော့ သိမ်းထားတဲ့ ငါးဆယ်ကို အရင်ယူထားလိုက်ပါ။
အမှန်တရားက ပုဂံပြား မဟုတ်ပေမယ့် ခါး တာ ကတော့ အမှန်ပါဘဲ