” ဗူးဘုရား ထူးခြား ဒူးယား “
” ဗူးဘုရား ထူးခြား ဒူးယား “
ထူးခြားအောင်
ဗူးဘုရားမှာ
ဒူးယားသောက်ခဲ့ပါ
ဗေဒင်ဆရာယတြာပေးလို့
ဗူးဘုရားရောက်တုန်း
ဒူးယားစီးကရက် အသာခဲကာ
မီးခြစ်ကာညှိမယ်ကြံရွယ်
နောက်တော်ကရောက်ခါအော်လိုက်သံ
စီးကရက်ကိုပြတ်ပြီကတိပေးတာကို
အခုတော့ကတိဖျက်သောက်မယ်ကြံသူရေ
နေရစ်တော့ နင့်ကိုမုန်းတယ်ဆို
ရှင်းပြတာအခါခါ လက်မခံဘူး
အခုတော့ကျုပ်မှာရူး
တစ်ယောက်ထဲလွမ်းဆွေးကာ ကျန်ရစ်ဖြစ်လေတယ်။
ခင်ခ။
8 comments
alinsett
September 4, 2014 at 10:35 am
ယတြာကောင်းတော့…အသည်းလောင်းတောင် ပျောက်တယ်ပေါ့နော်..
ဂွစ်ဂွစ်စ်
ကိုပေါက်(မန္တလေး)
September 4, 2014 at 11:54 am
ခက်စ်
စကတည်းက စီးကရက်နံ့ခံ နိုင်တဲ့ကောင်မလေးရွေးကြိုက်တာတော့ မဟုတ်ဘူး
ဇီဇီ ခင်ဇော် (15102012)
September 4, 2014 at 2:22 pm
အိုဗျာ။
ရှင်းပြလို့မရအောင် တယူသန်တဲ့ သူများတော့ မလွမ်းလောက်ပါဘူးး
:k:
ခင် ခ
September 4, 2014 at 4:42 pm
အဲလို ဖြစ်ရမှာနော်၊ မှန်၏
မြစာကလေး (23122011)
September 5, 2014 at 4:49 am
ဟယ် ကိုခ ဂလောက်တောင် စွံလား။
နေကြာပန်း ကြောင့် ပစ် သွားတာ တစ်ယောက်
ဒူးယားကြောင့် စွန့် သွားတာ တစ်ယောက်။
:-)))
ခင် ခ
September 5, 2014 at 10:18 am
ငယ်ငယ်က လဖက်ရည်ဆိုင်ထိုင်လိုက် ကိုချင်းချင်းသွားလိုက် သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား လုပ်လိုက်နဲ့ လူရှုပ် လူပွေ လူငတေ ဇာတ်လမ်းတွေတောင် ရှိသေးတယ် အရီးရဲ့။
manawphyulay
September 5, 2014 at 12:25 pm
ဒါပေါ့ စတည်းက လိမ်တာ ညာတာတွေ မကြိုက်ပါဘူးဆို
ခုတော့ ဗူးဘုရားမှ လူမိရတယ်လို့…
Yae Myae Tha Ninn
September 5, 2014 at 12:35 pm
တကယ် ထူးခြားသွားတာပေါ့… ကောင်းပါလေ့.. တကယ်ချစ်ခဲ့ရင်တော့ မကောင်းပါလေ့… သို့ပေမဲ့ ကောင်းပါလေ့… ဘာလို့ဆိုတော့ ရေရှည်ကျတော့ ဇာတိကို ပွတ်တိလုပ်မရဘူးလေ… ကျွန်တော်ဆို ကွမ်း အရက် ကြိုက်တယ်… မိန်းမက ကွမ်းဆို ၂၀ဝ ဖိုးဆို ဆိုင်ကိုလိုက် ၁၀ဝ ဖိုးပဲစား.. ဘာပဲဖြစ်ဖြစ် စားရတာပဲ ဟုတ်… အရက်ဆို ၂ ပက်သောက် .. အဲလို ညှိရမှ အဆင်ပြေမှာ… ဖူးစာ မပါလို့ပဲ သဘောထားပေါ့… နော့်…. 🙂