” နောင်တ နောင် တ နောင်မှရ”
” ” နောင်တ နောင် တ နောင်မှရ””
အခုအခါများ
စားရေး နေရေး
လုပ်ရေး ကိုင် ရေး
အရေး တွေ များ
ယားလို့ တောင်မကုတ်အား
ပြီဆိုကာမှ
ကိုယ့်ဘဝ ကိုယ်မောင်း
ကိုယ့်ဝမ်းကိုယ်ကျောင်း
ထောင်းလမောင်း
ကြေပြီဆိုကာမှာ
“အရိပ်ကလေးလို
မင်းရဲ့အပါး
ခစားခွင့်များ
အမြဲထာဝရ
ငါ
ရ စမ်း ပါ ရ စေ” လို့
ဘာညာ သရကာ
ကိုယ့်ဒုက္ခ ကိုယ်ရှာ
အရူးထ မိခဲ့တာတွေကို
တွေး ရင်း တွေးရင်း
…………………………………………..
…………………………………………
ကိုပေါက်လက်ဆောင်အတွေးစဉ်
9-9-2014
10 comments
ဇီဇီ ခင်ဇော် (15102012)
September 10, 2014 at 12:48 pm
ခွိခွိ။
ရှိခြင်း ချစ်ခြင်းရဲ့ နောက်ဆက်တွဲ က ရတဲ့ နောင်တတွေပေါ့။
ဟိ
ပုံထဲကလိုတော့ စိမ်းကားလိုက်နဲ့နော်။
:k:
ကိုပေါက်(မန္တလေး)
September 10, 2014 at 1:16 pm
ကျုုပ်တို့ သူငယ်ချင်းတွေ
ကိုမြင်ပြီး ရေး မိတာ ပါ
ကိုပေါက်က မစိမ်းပါ ဘူး
အဝါ လွန် နေတာ ကြာ ပေါ့
ခင် ခ
September 10, 2014 at 1:22 pm
ဟေ့ လူကြီး အဲလို မလုပ်ရဘူးလေဗျာ
” တစ်အားမက
နှစ်အားဖြစ်တော့
နွံနစ်ရုန်းလည်း
အပြုံးမပျက်ပေါ့ ”
အဲလိုလုပ်စမ်းပါ။
ကိုပေါက်(မန္တလေး)
September 11, 2014 at 12:56 pm
အော် ကိုခ ကလဲ
ထန်းရည်မူးနေချိန်တော့ ထန်း ပင်ကြီး ကိုအပြစ်မြင်တာပေါ့ဗျာ
အမူးပြေ သွား ရင်တော့ အရင်အတိုင်းပေါ့
Mr. MarGa
September 10, 2014 at 3:03 pm
ဃရာဝါသ ကိစ္စများမြောင် ဤလူ့ဘောင် လို့ ဆိုထားပြန်တော့လည်းးး 🙂
aye.kk
September 10, 2014 at 5:47 pm
အစက…အဆုံးကိုကြိုသိခဲ့ရင်ပေါ့နော်
aye.kk
September 10, 2014 at 5:49 pm
အစက…အဆုံးကိုကြိုသိခဲ့ရင်
မြစာကလေး (23122011)
September 11, 2014 at 5:20 am
ဟင်း .. ဟင်း ..
ဒါကြောင့်ပြောတာ
အန်တီလတ် လမ်းစဉ် လိုက်ရင် ဒါမျိုး နောင်တ မရှိစေရ။
ဒါနဲ့ ပဲညွန့်လေးလား။
ဟင်းချို ချက်သောက်လိုက်ရရင် ရှယ်ဘဲ။
Yae Myae Tha Ninn
September 11, 2014 at 3:18 pm
တကယ့်ရေး ၅ ရေးက…
လူမှုရေး
စီးပွားရေး
နိုင်ငံရေး
စစ်ရေး
ဘာသာရေး ပါ…
နောက်တာနော်… လေးပေါက် … ဂဇက်က ခြောက်ကပ်နေတော့… ကော်မန့်လေးတွေနဲ့ တပိုင်တနိုင်တင်တာ… 🙂
ကိုပေါက်(မန္တလေး)
September 11, 2014 at 9:30 pm
အချစ်ရေ း က လဲ အရေးကြီးတာပါဘဲ
ရေမြေသနင်းရေ
အခုရက်တော့ ရွာပြန်စည်လာပါပြီ