ဂဇက် ရုပ်ရှင်လောက …
. အို… ဂဇက်ချစ်သူ အပေါင်း သူတော်ကောင်းတို့… ကြားရာ အရပ်မှ အမြန်ပြန်လာကြပါဗျို့….
. ဟောဒီရွာ ဝါ မန္တလေး ဂဇက်ကို ရုပ်ရှင်လောက နဲ့ ပေါင်းစပ်ပြီး ရူပကအလင်္ကာ သာ ဖွဲ့လိုက်ချင်ပါတော့တယ်…
. ရူပက အလင်္ကာဆိုတာကို နည်းနည်း လျှာရှည်ခွင့်ပြုပါ… တန်ဖိုးတူ အဓိပ္ပာယ်တူ ၂ ခုကို ပူးပြီး တခုတည်း အနေနဲ့ ဖော်ပြရင် အဲသလို ခေါ်တယ်လို့ သင်ခဲ့ဖူးပါတယ်…
. ဥ – ရွှေနှင့် ယိုးမှား ပန်းစကားပေါ့…
. ခုဆို အကယ်ဒမီပေးဖို့ ရုပ်ရှင်ကားတွေ ပါးရှားလာပါတယ်….
. ထိုနည်းတူစွာ ဂဇက်မှာလဲ ဖတ်ရွေး အကယ်ဒမီ အတွက် စာမူတွေ ပါးရှားလာတယ်…
. ကျွန်တော်လဲ အစ ကုန်ကြမ်းပေါပေမဲ့ နည်းနည်း အရေးစိပ်တော့ ကုန်ပြီဗျ…
. i.e ဦးကြီးမိုက် ပျောက်နေပါတယ်… ဟဲ.. တွေ့ပေမဲ့ ပျောက်စာရင်းထဲ ထည့်ထားသည်…
. ကိုဆာမိ ရှာဖွေဆဲပါ…
. ကိုရာဇာ (ခ) မဟာရာဇာ အံစာတုံး (ဘယ်ဆီကို မင်းရောက်နေလဲ…)
. မဝေ Search လုပ်နေပါတယ်… စ သဖြင့်ပေါ့… ကျန်ခဲ့တာတွေကို ခွင့်လွှတ်ပါ… အမှန်တော့ အများကြီး သတင်းမကြားတာပါ…
. အော် .. ဟီး… ဒါတော့ ကျန်လို့ မဖြစ်ဘူး… အဘဖော… ဘယ်တွေများ ခရီးကျွံနေပါလဲဗျာ… သူတို့တွေကို ပြန်လာစေချင်တာပါ…
. ရုံကားကြီးလောက် မတင်နိုင်လဲ… ကားသေးလေးလောက်… ဒါမှမဟုတ် ရုံကားဆိုလဲ… ပေါ့ပေ့ါပါးပါးလေးတွေ ပဲ ရိုက်တင်ကြပါ…ဗျာ… စောင့်မျှော်နေပါတယ်… လို့….
. ခုဆို ထုတ်လုပ်ရေးက အလင်းဆက်၊ ဇီဇီ၊ ကိုခင်ခ၊ မနောဖြူ၊ ဒါတွေပဲ… အံမယ် ညွှန်ချုပ်တောင် ကားတွေ ရိုက်တင်နေရတယ်… ဂလောက်ဆို သဘောပေါက်ပါဗျာ…
. သူက အခုဆို Fashion Channel တခုတောင် ထပ်ထောင်ထားသေး…
. လေးပေါက်ဆို ဇာတ်လမ်းတွဲ… ဒါတွေပဲ ရှိတယ်ဗျ… လက်ရှိထုတ်လုပ်ရေးတွေကလဲ ကုန်ကြမ်းတွေ ထပ်ပါးလာရင် ရုံတင်စရာ ကားမရှိတော့ဘူး ဖြစ်တော့မယ်ဗျ…
. သူတို့တွေလဲ မျှော်လင့်နေမှာ အမှန်ပဲလို့လဲ ယူဆပါတယ်…
. ဒါကြောင့် ရုပ်ရှင်ပဲ မကြည့်ကြပဲ… ရုပ်ရှင်လဲ ရိုက်ကြဖို့ တိုက်တွန်းရင်း နိဂုံး ချုပ်အပ်ပါတယ်…
. အထူးကျေးဇူးတင်ရှိခြင်း
လက်ရှိ ထုတ်လုပ်နေသော ထုတ်လုပ်ရေးများဖြစ်သည့်
. အရိုက်ကျဲသည့် စာကြမ်းပိုး အဖွဲ့ ( တခါထွက်ရင်လဲ ၅ ခါလောက် ပြန်ကြည့်လဲ မရိုးပါ.. )
. ကိုရင် ဘလက်ချော (နောက်ဆုံးထွက်တဲ့ ကားလေးက တော်တော်ကောင်းပါတယ်…)
. ဖိုးသကြား ( တလောက မွေးနေ့ပွဲလုပ်သွားတဲ့ ထုတ်လုပ်ရေးပေါ့… )
. နာမည်ရလာတာ မကြာသေးသော ထုတ်လုပ်ရေး အသစ် နောင်ရိုး
. မျက်နှာသစ် ထုတ်လုပ်ရေး JackSkellington
. တကျော့ပြန် အောင်မိုးသူ၊ ကိုထွန်းဝင်းလတ်၊ ကိုစစ် နှင့် အေကေကေ တို့ကို ဆက်လက် ရိုက်ကူးပေးကြပါလို့… တောင်းဆိုလိုပါတယ်…
23 comments
ဇီဇီ ခင်ဇော် (15102012)
September 12, 2014 at 12:19 pm
ရုပ်ရှင် ရိုက်မို့ပဲ။
မင်းသားရှားလို့။
:k:
Yae Myae Tha Ninn
September 12, 2014 at 1:01 pm
ကဲ… ကဲ .. ကြားကြတယ်နော်… မင်းသားသစ်ကလေးတွေ ရှိရင် လာစာရင်းပေးလိုက်ပါဦး… ကျွန်တော်ကတော့ လူရွှင်တော်နေရာက သရုပ်ဆောင်ပေးမယ်…
JackSkellington
September 12, 2014 at 12:31 pm
မျက်နှာသစ် ထုတ်လုပ်ရေး က

ဘတ်ဂျက် မရှိရှာတာ တစ်ကြောင်း
စာရေးရမှာကို ကျားမြီးဆွဲရမှာထက် ကြောက်တာ တစ်ကြောင်း
ပိဿလေး ဘေးပစ်သလို ပြောတတ် ဆိုတတ်သော အကျင့်က တစ်ကြောင်း
တစ်ခုခုရေးမယ်ဆို ရာဇဝင် အူပေါက် ဆိုသလို ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်တာ တစ်ကြောင်းတို့ကြောင့်…
သည်းခံတော် မူကြပါကုန်သော်ဝ်….
Yae Myae Tha Ninn
September 12, 2014 at 1:03 pm
အိုး.. ရပါတယ်… ဂျက်ရယ်… တချိန်လုံး ချနေတဲ့ ကားတွေထက်စာရင် ဇာတ်လမ်းဇာတ်ကွက်သာရှိရင်… ချသာချ…
အားပေးတယ်…
ခင် ခ
September 12, 2014 at 1:17 pm
” နာမည်ရလာတာ မကြာသေးသော ထုတ်လုပ်ရေး အသစ် နောင်ရိုး ”
ဟိုဘက်ကသူ့ပိုစ့်မှာ ” ဘိုင် ဘိုင် ” တော့မယ်လို့ ဆိုနေတယ်နော်။
ကျုပ်တောင် ပင်စင် ယူခါနီးနေပြီဗျ ” ပျင်း လွန် လွန်း လာ လို့ လေ “
Yae Myae Tha Ninn
September 12, 2014 at 1:43 pm
အဲလိုတော့ လုပ်ကြပါနဲ့ဗျာ.. မရိုက်တာပဲ ရှိတာပါ… ကြည့်ရှုသူတွေက ရှိပါတယ်.. မမန့်တာပဲ ရှိတာပါဗျ.. အဲလိုတော့ လွယ်လွယ် လမ်းမခွဲကြပါနဲ့….
ကိုပေါက်(မန္တလေး)
September 12, 2014 at 1:47 pm
တင်မယ်ဆိုရင်တော့ အများကြီး
ရေးထားပြီးသားလဲ ရှိတယ်
ဟိုရက် က တင်မယ့် သူ မရှိသလောက်
တစ်ရက် 2 ပုဒ် တင်ပေးတယ်
ပေါ့ပေါ့ပါးပါး
အခုရက်လူပြန်စည်လာ ပြီ
တင်တာ နည်းနည်းလျော့ မယ်
ဓါတ်ပုံ တွေ က တင် စရာ အမြဲ ရှိ တယ် ဗျ
ဒါပေမယ့် တင်လို့ အရမ်းခက် တယ် ကြာ တယ်
အဲ့ လာ လေး လာ ပြောတာ
Yae Myae Tha Ninn
September 12, 2014 at 2:14 pm
ဒါကြောင့် လေးပေါက်က သက်တော်ရှည်ဘွဲ့ နဲ့ လူချစ်လူခင်ပေါတာဗျ…

ကျေးဇူးပါ.. လာမန့်လို့…
ဇာတ်လမ်းတွဲတွေလဲ စောင့်စားနေပါတယ်.. ဓာတ်ပုံပို့စ်တွေလဲ တင်ပါခင်ဗျာ…
kyeemite
September 12, 2014 at 4:02 pm
.ကိုရေမြေ့သနင်းရေ…ဇတ်ကားကြီးရိုက်ဖို့ကြံစီထားပါတယ်
.အကယ်ဒမီရှော့တွေနဲ့ပေါ့ဗျာ…မကြာမီလာမည်မျှော် :k:
Yae Myae Tha Ninn
September 12, 2014 at 4:21 pm
ဟုတ်.. စောင့်မျှော်နေပါတယ်… ဦးကြီးမိုက်… အကယ်ဒမီ မှန်းနိုင်တဲ့ သူတွေဆိုတော့ ပိုလုပ်သင့်ပါတယ်လို့ အကြံပြုပါရစေ…
awra-cho
September 12, 2014 at 4:11 pm
Yae Myae Tha Ninn
September 12, 2014 at 4:23 pm
လာရောက် အားပေးလို့ ကျေးဇူးတင်ပါတယ်… awra cho… ပုို့စ်ထဲမှာ နာမည် မပါသွားလို့.. ဆော်ရီးပါနော်…
alinsett
September 12, 2014 at 5:31 pm
ထုတ်လုပ်ရေးလား
ကျုပ်လည်း ခပ်စိပ်စိပ်မထုတ်နိုင်တော့ဘူးဗျ။
ရေးဖို့မအားသလို အရင်လို ဝိုင်ဖိုင် ဖရီးမရတော့ဘူးလေ။ အလုပ်ပြောင်းလိုက်တာ အခု ဝိုင်ဖိုင်မရှိတဲ့နေရာ ရောက်နေတာ။
တစ်မိနစ် လေးကျပ် နဲ့ ထုတ်လုပ်ရတာ အရှုံးပေါ်တယ်
တစ်နာရီလေးရာနဲ့ ပိုစ့်တစ်ပု ်တင်ရင် နှစ်နာရီလောက် အကုန်အကျခံပြီး ထုတ်လုပ်ရတာ အရှုံးပေါ်တယ်လေ။
ရတဲ့လစာ က အရှုံးခံနိုင်လောက်အောင် များလာတဲ့တစ်နေ့. . .
မျှော်နေတယ်
Yae Myae Tha Ninn
September 13, 2014 at 10:19 am
ဟားဟား.. အလုပ်ရသွားပြီလား.. ဝမ်းသာပါတယ်ဗျာ… ဒါပေမဲ့ စာလေးတွေ ကွန်ပျူတာနဲ့ စုထားပေါ့… အွန်လိုင်းရတာနဲ့ ကူးပြီးတင်လိုက်ပေါ့… ပုံမှန်လည်ပတ်တဲ့ ထုတ်လုပ်ရေးတွေက မထုတ်လုပ်ဘူးဆိုလဲ လွမ်းတယ်ဗျ… အမှန်တိုင်း ပြောရင် ကိုယ်က သိပ်မဖတ်ဖြစ်တောင် ဖတ်ဖြစ်တဲ့ သူတွေ မမန့်ဘဲ ဖတ်တဲ့သူတွေက ပိုလွမ်းမှာပါဗျာ… စောင့်မျှော်ကြည့်ရှုနေတဲ့သူတွေ ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်…
surmi
September 12, 2014 at 6:16 pm
တိုင်ပတ်နေလို့ပါဗျာ
ကျေးကျေး
Yae Myae Tha Ninn
September 13, 2014 at 10:24 am
ဟုတ်ကဲ့ပါ.. ကိုဆာမိရယ်… လာမန့်တာပဲ ကျေးကျေးးပါ.. တခုပဲ ပျောက်ပြီး ပြန်ပေါ်လာရင်တော့ ဆက်တိုက်ထုတ်လုပ်ရမှာနော်… ဆရာကြီးလဲ အကယ်ဒမီ နီးစပ်တဲ့သူတွေပါ…
သုဘရာဇာ သံချောင်း
September 13, 2014 at 1:23 pm
နေကောင်းတယ်နော် ကိုရေမြေ့သနင်း

နေမကောင်းရင် ကြိုပြောပါ ငှဲငှဲ
Yae Myae Tha Ninn
September 13, 2014 at 2:18 pm
ကောင်းပ့ါ ဆရာ သံချောင်းရယ်.. ဆရာ့လိုပဲ ဒေါင်ဒေါင်မြည်…
Yae Myae Tha Ninn
October 9, 2014 at 4:41 pm
အနီရောင်ပို့စ်…
ခင် ခ
October 9, 2014 at 11:55 pm
ရဲဗလောင်း ခတ်နေပါလား အားပေးကြတာ။
ကိုရေမြေသနင်း သူအလုပ်သူလုပ်တာ သွားမခံစားနဲ့နော်။
Yae Myae Tha Ninn
October 10, 2014 at 8:56 am
ဟုတ်… ကိုခ… ဘယ်ပို့စ်တခုလဲ မသိဘူး… တိုးအကြောင်းပြောတဲ့ ပို့စ်ထင်တယ်… ကိုယ့်ထက်ပိုဆိုး.. ဆယ်ဂဏန်းလောက်ရှိတယ်…
မြစပဲရိုး
October 10, 2014 at 2:16 am
ရဲရဲတောက် တို့ဗမာ တွေ ..
သတ္တိခဲ တွေ …
မို့
လာပြီး အားပေးတာ ဂုဏ်ယူပါလေ။
နောက်တစ်ခု ဖြစ်နိုင်တာက
ဒီလောက် လက်အညောင်းခံပြီး လုပ်နေတာ
လူ လဲ ဟုတ်ချင်မှ ဟုတ်မှာ။ (Program က ဝင်ပြီး နှောက်နေတာလားတောင် ထင်မိ)
လူဟုတ်လဲ မူး ပြီး မြင်ရာ ရမ်း နှိပ်နေတာ ထင်ရဲ့။ lol:-)))
Yae Myae Tha Ninn
October 10, 2014 at 8:58 am
ကျေးဇူးပါ အရီးရေ… အခုလို အားပေးတာ… တခုပဲ ဆန်းစစ်ကြည့်တယ်… ငါ ဘာမှားလဲ လို့…

ဒါပေမဲ့ ကျေနပ်တယ်.. ဒီပို့စ်ပြီး မကြာဘူး… ပို့စ်တွေနဲ့ ပြန်စည်ကားလားလို့… ဟီး.. တိုက်ဆိုင်တာ ဖြစ်မှာပါ… နော်…