အ ကာလ ညတွင် လင်းလက်တောက်ပသော(ဓါတ်ပုံပိုစ်)
“အ ကာလ ညတွင် လင်းလက်တောက်ပသော(ဓါတ်ပုံပိုစ်) “
နေ့ပိုင်းမှာဓါတ်ပုံရို်က်ရတာ ရိုးတော့ ည ကို ဓါတ်ဖမ်းထွက်ကြပါတယ်။
ည ဆို တော့ သဘာဝအတိုင်းလင်းလက်နေတဲ့နေရာရှိတယ်။
မှောင်မဲ နေတဲ့ နေရာတွေကို အမှောင်ခွင်းအလင်းဆောင်ပေးလိုက်ရတာရှိတယ်။
ဘာဘဲပြောပြော ထူး ခြားတဲ့ ပုံလေးတွေကိုပိုင်ဆိုင်ရတယ်လို့ ထင်မိပါတယ်။
ခံစားကြည့်လိုက်ပါအုံး။
ညမြင်ကွင်းများကို အခုမှ စမ်းသပ်ရိုက်တာကြောင့် ချို့ယွင်းချက်များရှိနေခဲ့လျင် ထောက်ပြဝေဖန်စေလိုပါသည်
ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ
16-9-2014
21 comments
Myo Thant
September 16, 2014 at 12:51 pm
နံပါတ် ၃ မိုက်တယ်
ပန်းချီကားလိုပဲ
Ma Ei
September 16, 2014 at 1:01 pm
1 အရမ်းကိုလှပါတယ် …
ပြင်ထားတယ်လို့ ထင်ရအောင်ကို လှနေတယ်…
ပြင်ထားလား..
ကိုပေါက်(မန္တလေး)
September 16, 2014 at 1:05 pm
မအိရေ မူရင်း ပုံကို နည်းနည်းလေးတော့ပြင်ထားပါတယ်။
မူရင်းပုံ နဲ့ အလင်းအမှောင်ဘဲ ကွာသွားပါမယ်
light room ဆော့ဝဲ ကိုအသုံးပြုပြီး ပြင်ထားပါတယ်။
ဒီဆောဖ်ဝဲလေးက အလင်းအမှောင်နဲ့အရောင်ဘဲချိန်လို့ရပါတယ်။
မူရင်းပုံမှာ မပါ တာတွေကိုဖြည့် လို့ မရပါဘူး။။
ပြင်လိုက်တဲ့အခါ ပုံလေးတွေကပို သေသပ်သွားပါတယ်။
Ma Ei
September 16, 2014 at 1:10 pm
ပိုလှသွားတယ်…
ကိုပေါက်(မန္တလေး)
September 16, 2014 at 1:03 pm
ပထမဆုံးဝင်ကြည့် သူ ကမျိုး ကျေးကျေးပါ
ကုသိုလ်တော်ဘုရားရယ်
မန်းလေးတောင် ပေါ်ကရယ်
တက်ရိုက်ထားတာပါ
ဇီဇီ
September 16, 2014 at 1:15 pm
အိုးးး
ပထမ ၂ ပုံ မှာတင် အတော် သဘောကျသွားတယ်။
လှလိုက်တာ။
မျက်စိ အမြင်က ဒီလောက်လှမှာမဟုတ်
🙂
ကိုပေါက်(မန္တလေး)
September 16, 2014 at 9:31 pm
ဇီဇီ မန်းလေးပြန်ရောက်ရင် တက်ကြည့် မန်းလေးတောင်ကို
အေဝမ်းဘုရားကနေ ရို်က်ထားတာပါ
ဂျက်စပဲရိုး
September 16, 2014 at 1:21 pm
ပုံ ၁ နဲ့ ၂ မှာ ပုံ ၁ ကို သဘောကျသဗျ။
ပုံ ၂ က တမျိုးကြီးပဲ လင်းလွန်း နေတယ် နဲ့တူတယ်။
ပုံ ၃ လဲ မိုက်တယ်။
ပုံ ၄ က ပုံရဲ့ အလယ်က အမဲကွက်ကြီးက မီးပျက်နေတာလားဟင် 😛
ပုံ ၅ က အရောင်တွေ မှိန်နေသလိုပဲ အူးပေါက်
အလင်း အမှောင် ကို ပြောတာ မဟုတ်ဘူးဗျ ကာလာ က မှိန်နေတာ
ဒီပေါ်တင်ရအောင် ကွာလတီ ချလိုက်လို့ အရောင်တွေ ကျသွားသလားတော့ မသိ။
ကိုပေါက်(မန္တလေး)
September 16, 2014 at 9:36 pm
မှန်တယ်ဗျာ အမှတ်2ကနည်းနည်းပိုလင်းတယ်
အရမ်းမှောင်နေလို့ အလင်းတင်ရို်က်ထားတာပါ။
အမှတ်4ပုံရဲ့အလယ်ကွက်အမဲ ကြီးက နန်းတွင်းပါ
အဲဒီညက မီးပျက်နေတော့ ရိုက်ရတာအတော်ခက်သွားပါတယ်
နံပါတ်က 5 က အလင်းမရှိချိန်မှာ အတော်ဝေးဝေး ကို ဇွမ်းဆွဲ ရိုက်လိုက် လို့ ဒီလို ဖွေးသွားတာပါ
စိတ်ထဲရှိတဲ့ အတိုင်း ဝေဖန် ပေး တဲ့ ဂျက်စာကလေး(မြစကလေးနဲ့အမျုးိတော်လားမသိ) ကို တကယ်ကျေးဇူးတင်ပါတယ်
နောင်ဒိထက်ကောင်းအောင်ကျနော်ကြိုးစားပါမယ်ခင်ဗျာ
ခင် ခ
September 16, 2014 at 1:38 pm
ပုံအားလုံး ကြည့်ရတာမဆိုးဘူးဗျ
ပုံ ၁ ကိုတော့ ပိုသဘောကျမိတယ်၊
အဲဒီပုံတော့ လိုချင်တယ်ဗျ ဘယ်လောက်နဲ့ရောင်းမလဲ၊ အဝေးဆီက ဘုရားအလင်းပါနေတာလေးကို ကြိုက်လို့လေ။
ကိုပေါက်(မန္တလေး)
September 16, 2014 at 9:43 pm
ကိုခ နှစ်သက်တယ်ဆိုရင် ပုံ ကြီး ချဲ့ ဘောင် ထည့် ပြီး လက်ဆောင်ပေးမှာပေါ့
ညီအကိုလိုပေါင်းသင်းနေတဲ့လူတွေဘဲ ဥစ္စာ။
အဝေးကဘုရားမီးလင်းနေတာက မန်းလေးတောင် တော်ပါ။
kyeemite
September 16, 2014 at 3:05 pm
.ကိုပေါက်ပုံတွေအားလုံးကြိုက်ပါတယ်…လှလည်းတော်တော်လှတယ်
.ပုံ ၅ တစ်ခုပဲနဲနဲဝါးနေသလို…
ကိုပေါက်(မန္တလေး)
September 16, 2014 at 9:44 pm
ကိုမိုက်ရေ
မှန်သဗျာ အမှတ်5 ပုံ က နည်းနည်းဝါး တယ် သိပ်ဝေးတာကို ဇွမ်းနဲ့ အရမ်းဆွဲ တင်လိုက်လို့ ဖြစ်တာ ပါ
နောက်တစ်ခါ မကျေပွဲ ရိုက်အုံးမယ်
Yae Myae Tha Ninn
September 17, 2014 at 4:54 pm
တခုပဲ လေးပေါက်.. မန္တလေးကို လာဖြစ်ရင် အဲနေရာတွေကို အဲကင်မရာနဲ့ လိုက်ပို့.. ရိုက်နည်းကိုလဲ ပြရမယ်… ဒါပဲ… 🙂
ကိုပေါက်(မန္တလေး)
September 17, 2014 at 5:59 pm
ရိုက်နည်းဆို တာ လူရိုက်နည်းရောပါလား
Yae Myae Tha Ninn
September 18, 2014 at 9:53 am
လေးပေါက်က အဲလို လုပ်တတ်မယ် မထင်… 🙂
Mr. MarGa
September 17, 2014 at 6:57 pm
လေးပေါက်
ပုံ 1 ကို မ. သွားဘီ…
အမွေ ကြိုယူသွားတယ်လို့သာမှတ်လိုက်တော့ :mrgreenn:
ကိုပေါက်(မန္တလေး)
September 17, 2014 at 11:24 pm
အောင်မာ
မပြောလဲမ
ပြောလဲ မ
မင်းမ တာတွေ များ ပေါ့
manawphyulay
September 18, 2014 at 4:18 pm
No. 1 ပုံကို အကြိုက်ဆုံးပဲ…
alinsett
September 21, 2014 at 1:54 pm
အပေါ်ဆုံးက သုံးပုံ…
တော်တော် ကြိုက်တယ်ဗျာ.. ။
ဖုန်းထဲမှာတောင် Wall Paper လုပ်ထားချင်လို ့… သိမ်းလိုက်တယ်နော် ။
လေးပေါက်…ခွင့်ပြုပါ။
ကိုပေါက်(မန္တလေး)
September 21, 2014 at 3:27 pm
စိတ်တိုင်ကျ ယူနိုင်ပါကြောင်း