“အတွေးရူး”
“အတွေးရူး ”
လူ့ဘဝကြီးထဲကို
ဘာလို့ငါတို့
ရောက်လာခဲ့ကြသလဲလို့
တွေးကြည့်တော့အဖြေမရှိ။
နေ့စဉ်နေ့တိုင်း
မရပ်မနား
ဘာလို့ငါတို့
အလုပ်တွေလုပ်နေကြရသလဲလို့
တွေးကြည့်တော့အဖြေမရှိ။
တနေ့နေ့တချိန်ချိန်မှာ
အသေအချာ
ငါတို့သေသွားခဲ့ရင်
ဘာတွေဖြစ်လို့
ဘယ်တွေရောက်မလဲမေးကြည့်တော့
မရေရာသောအဖြေတွေဘဲရှိ။
ဒါပေမယ့်
ငါတို့အားလုံး
ငါတို့ မပိုင်သော
ဘဝလေးကို တွယ်တာ
သေရွာကိုလွယ်လွယ်နဲ့
မသွားချင်ကြတာ
အမှန်ပါနော။
ကိုပေါက်လက်ဆောင်အတွေးစဉ်
17-9-2014
6 comments
ခင် ခ
September 17, 2014 at 8:44 pm
နောင်ဘဝဆိုတာ
ဘာရယ်မှန်းမသိ
ရနေခဲ့တဲ့ဒီဘဝ
သေချာလှသမို့
နေချင်သေးရဲ့
အသက်ရှည်။
ကိုပေါက်(မန္တလေး)
September 17, 2014 at 10:54 pm
သေတာတွေများနေလို့ မသေချင်သေးဘူးလို့ကြေညာလို်က်တာပါ
မြစပဲရိုး
September 18, 2014 at 2:25 am
နံရံ၏အခြားတစ်ဖက် မှာ ပိုပြီး စိတ်လှုပ်ရှားစရာ တွေ ရှိနိုင်မှာပါ ကပေါက်ကြီး ရဲ့။ 🙂
ကိုပေါက်(မန္တလေး)
September 18, 2014 at 12:10 pm
အစမ်းသေကြည့်မှ တဲ့ တူတယ်
kyeemite
September 18, 2014 at 11:02 am
.မသေခင်လေး
.သေမှာမတွေးပဲ
.နေစရာကမာ္ဘလေးထဲ
.ပျော်စရာရှာတွေးဆဲ…. :))
ကိုပေါက်(မန္တလေး)
September 18, 2014 at 12:46 pm
တစ်ခါ တစ်လေ ပျင်းပျင်းနဲ့ တွေးကြည့် မိတာပါ ကိုမိုက်