” Adolph Eichmann ကို ဝေဖန်ခြင်း ‘
” Adolph Eichmann ကို ဝေဖန်ခြင်း ” = အလင်းဆက်(Gazette)
———————————————————————” All There is to know about Adolph Eichmann ”
Eyes …..medium
Hair …..medium
Weight …..medium
Hight …..medium
Distinguishing Features …..none
Number of Fingers …..ten
Number of Toes: …..ten
Intelligence …..medium
What dit you expect ?
Talons ?
Oversize incisors ?
Green Saliva ?
Madness ?
—————
Leonard Chohen
၊။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ရုတ်တရက် ဖတ်လိုက်မိသူအတွက်တော့…. အထက်ပါ စာသားတွေဟာ…
ကိုယ်ရေးအကျဉ်းလိုလို မှတ်ပုံတင်ကတ်ပြားလိုလိုဖြစ်နေပါလိမ့်မယ် ။
မဟုတ်ပါဘူး ။
အဲဒါ… ကဗျာတစ်ပုဒ်ပါ။
ကဗျာတစ်ပုဒ် အသေအချာဖြစ်ခဲ့တဲ့ ”စာသား”တွေပါ။
(စာသားများ လို့ အသေအချာ ပြောလိုက်ပါတယ်။
ကဗျာဖြစ်ဖြစ် ဝတ္ထုဖြစ်ဖြစ် အနှစ်ထုတ်လိုက်ရင် စာသားပဲ ဆိုတဲ့ အယူအဆနဲ့ ပိုစ့်မော်ဒန်အတွေးအခေါ်တချို့ကို
ကျနော် လက်ခံမိတဲ့ ထောင့်ကနေ ရေးသားတင်ပြပါဦးမယ်။
အကြောင်းသင့်ရင်ပေါ့။ လောလောဆယ်တော့ ဒါဟာ ကဗျာတစ်ပုဒ်(သို့မဟုတ်)စာသားများ ဖြစ်ကြောင်းး လေးနက်အောင် ပြောခဲ့ပါတယ်။)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တရုတ်နိုင်ငံ၊ University of Nanjing မှာ အင်္ဂလိပ်ဘာသာစကားနဲ့ စာပေသင်ကြားပို့ချရေးဆိုင်ရာ သင်တန်းတစ်ခု ကျင်းပခဲ့ချိန်က….
Workshops လုပ်ခဲ့ပါတယ်။
တရုတ်တစ်ပြည်လုံးလိုလိုရဲ့ တက္ကသိုလ် ဆရာ/မတွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီ သင်တန်းကြီးကို ဦးဆောင် ဆွေးနွေး ပို့ချကြတာကတော့ ပညာရေးလောကမှာ ထင်ရှားကျော်ကြားတဲ့
အင်္ဂလိပ်စာပါမောက္ခတွေ ၊ Linguistics ပါမောက္ခတွေပါ ။
Department of linguistics and modern English language . Institute of English language education က….ပုဂိ္ဂုလ်ကျော်တွေပေါ့…။
အဲဒီသင်တန်းကြီးမှာ တင်သွင်းပြီးဆွေးနွေးခဲ့ကြတဲ့ ကဗျာတစ်ပုဒ်လို့ ဖတ်မှတ်လေ့လာဖူးပါတယ်။
နည်းနည်း အံ့ဩစရာကောင်းနေတဲ့ ရေးဟန် နဲ့ တင်ပြပုံ ၊ အကြောင်းအရာ ပါနေလို့ … ကျနော်က တဆင့်ပြန်ပြောပြချင်မိတာပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
”Adolph Eichmann ဆိုတဲ့ လူတစ်ယောက်အကြောင်း..သိသင့်သိထိုက်တာတွေ”ဆိုပြီး….
စီရီရေးချလိုက်တဲ့ ကိုယ်ရေးအချက်အလက်တွေပါ… လားးး !!!!!!!!!!!
မျက်လုံး—- ပုံမှန်ပဲ….
ဆံပင် ——ပုံမှန်ပါပဲ…
ကိုယ်အလေးချိန်—–ဒါလည်း ပုံမှန်ပဲ…
အရပ်အမြင့်—– ဒါလည်း ပုံမှန်
ထူးခြားတဲ့အမှတ်အသား—- မရှိ
လက်ချောင်းတွေရဲ့ အရေအတွက်—–၁၀
ခြေချောင်းတွေရဲ့ အရေအတွက်——-၁၀
ဉာဏ်ရည်—–ပုံမှန်ပဲ
မင်း ဘာကိုမျှော်လင့်ထားလို့လဲ ?
လက်သည်းချွန်ကြီးတွေလား ?
မဟာ အစွယ်ကြီးတွေလား ?
သွားရည်အစိမ်းရောင်ကြီးတွေလား ?
(ဒါမှမဟုတ်)
ရူးသွပ်ခြင်းလား ?
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ခပ်ငေါ့ငေါ့လေး ရေးထားတဲ့ ဟန်ကိုတွေ့ရတယ် ။
ငါလိုလူစားမျိုးက ပုံမှန်ပဲ… ။ ဘာကိုများ ထူးပြီး မင်း မျှော်လင့်နေတာလဲ…ဆိုပြီး…
ခပ်ပြတ်ပြတ် (ခပ်ရွဲ့ရွဲ့) မေးလိုက်တဲ့ မေးခွန်းလေးတွေက..စိတ်ဝင်စားစရာကောင်းပါတယ်။
ဒီကဗျာကို ဖတ်တော့… အံ့ဩမှုရသမြောက်တယ် လို့ ကျနော် သတ်မှတ်တယ်။
ဘာမှ အံ့ဩစရာ မရှိတဲ့ ပုံမှန်ပါ ဆိုတဲ့အကြောင်းရေးထားတဲ့ကဗျာတစ်ပုဒ်ကို အံ့ဩမှုရသမြောက်တယ်လို့…ပြောရတာ…
အံ့ဩစရာကောင်းပါတယ်။
ဒါပေမယ့်…..
ပြောထိုက်လို့…ပြောလိုက်ပါတယ်။
ဒီကဗျာမှာ…. ရစ်သမ်တွေ ကာရန်တွေ… ရှာမတွေ့ဘူး… ။
ရိုးရှင်းလင်းပွင့်တဲ့ အဖွဲ့နဲ့…. ခပ်ရှင်းရှင်းပဲ…ရေးချထားတာ… ။
တကယ်တော့… ရိုးရိုးအုတ်ခဲကျိုးကြီးနဲ့…ကောက်ပေါက်ထားတာလို့တောင် ပြောလို့ရတယ်။
ဖတ်မိသူက…. ရှောင်နိုင်မှာ မဟုတ်ဘူး ။
ထိ မှာပဲ… ။
ဒါပေမယ့်…မနာပါဘူး ။
ထိသွားတာလေးကိုတောင် သဘောကျပြီး နှစ်သက်ကြည်နူးမှုလေး..ရနိုင်တယ်။
သူ ဖန်တီးတဲ့ အနုပညာကို တအံ့တဩလေး…ခံစားကြည့်မိသွားတယ်… ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တစ်ခါတစ်ခါကျတော့…. ကျနော်တို့ဘဝမှာ..အဲဒီလို ခပ်ရင့်ရင့် မေးလိုက်ချင်လောက်အောင်ပါပဲ… ။
ကျနော်တို့ဆီက… တအားမျှော်လင့်ထားတဲ့…(ကျနော်တို့ဆီက ပိုပိုသာသာရလိမ့်မယ်လို့ မျှော်လင့်နေတဲ့) ပုဂိ္ဂုလ်တွေနဲ့ ဆက်ဆံရတဲ့အခါ…
ကျနော်တို့ ဘက်က…လိုက်လျောနိုင်စွမ်း အရစ်ကုန်သွားတဲ့အထိ…. ကျနော်တို့ဆီက..ထပ်လိုချင်နေသေးသူတွေကို…
အဲဒီလိုမေးလိုက်ချင်ပါတယ်… ။
လက်သည်းချွန်ကြီးတွေလား ?
မဟာ အစွယ်ကြီးတွေလား ?
သွားရည်အစိမ်းရောင်ကြီးတွေလား ?
(ဒါမှမဟုတ်)
ရူးသွပ်ခြင်းလား ?
…………………………………..
ဘာအဖြေမှ ပြန်မရခင်….
မေးမိတဲ့ ကိုယ့်ကိုပဲ…
ရူးသွပ်သွားပြီလို့….ထင်ချင် ထင်သွားပါလိမ့်မယ်။
ကိစ္စတော့ မရှိပါဘူး ။
ပေးနိုင်သည် ဖြစ်စေ…မပေးနိုင်သည်ဖြစ်စေ….
မေးသူရော ဖြေသူပါ….တစ်ခါတစ်ရံ ရူးတတ်ကြပါတယ်။
အဲဒါကိုက….ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းကြပါစေ….
လေးစားစွာဖြင့်….
အလင်းဆက်(Gazette)
၂၀၁၄၊ စက်တင်ဘာ၊ ၂ဝ ရက် (စနေနေ့)
မနက် ဝ၉ း ဝ၀
အလင်းဆက် <alinsett.art@gmail.com>
21 comments
ဂျက်စပဲရိုး
September 20, 2014 at 6:27 pm
လူဆိုးတွေ လူကောင်းတွေ လူယုတ်မာတွေ သူတော်စင်တွေ ဆိုတာ ဘာမှ သူများထက် ထူးမနေပါဘူး။
အကုန်လုံးက သူလို ငါလို လူတွေ ပါပဲ လို့လား။
alinsett
September 21, 2014 at 6:00 am
ဟုတ်တယ် ဂျက် ရေ
😆
ခင် ခ
September 21, 2014 at 6:18 pm
လူဟာ လူပါဘဲ ဒါပေမယ့် စိတ် အား ကိုယ်အား ပါဝါတွေမှာ ကွဲရင် လူချင်းတူသော်လည်း ကွဲလွဲမှုတွေဖြစ်လာတာပါ
Iris
September 20, 2014 at 7:00 pm
အင်းးဒါပေမဲ့ ကက်ပတိန် ဟုတ် ကတော့ထူးတယ်.မျက်လုံး…တစ်လုံး…လက်ချောင်း…၅ချောင်း.နဲ့ချိပ်တစ်ခု…:-P
ဘာသာပြန်ကဗျာတွေသိပ်နားမလည်ဘူး။ ရှင်းပြတာကျေးဇူးပါ။
alinsett
September 20, 2014 at 8:47 pm
—–
ကျနော်တော့ ခုတလော
ဒီလို နိုင်ငံခြားကဗျာလေးတွေ ပြန်ဖတ်ဖြစ်နေတယ်ဗျ။
ကိုယ်တိုင် ကဗျာရေးဖို့ထက်
သူများရေးထားတာလေးတွေကို ဖတ်ချင် ဝေဖန်ဆွေးနွေးချင်နေတာပေါ့ဗျာ
လာ ဖတ်သွားတဲ့အတွက် ဇူးဇူးပါ
😆
ဝင့်ပြုံးမြင့်
September 21, 2014 at 2:17 am
ဘုရား ဘုရား ကောင်းလိုက်တဲ့ ကဗျာ။ အစ်ခ်မင်း ကတော့ ဆရာလင်းယုန်မောင်မောင် ကျေးဇူးနဲ့ ထိတွေ့လာတာ ကြာပေါ့။ အခု ဒီကဗျာဖတ်လိုက်ရတော့ အစ်ခ်မင်းသရဲပြန်ခြောက်လာတယ်။
alinsett
September 21, 2014 at 5:59 am
ဒီကဗျာ ကြိုက်တယ်ပေါ့ အစ်မပြုံး
pooch
September 21, 2014 at 3:23 am
အလင်းဆက်ရဲ့ ကဗျာကို ခံစားသက်ဝင်နိုင်စွမ်းက အတော်ကောင်းတာပဲ
ဖွင့်ထားတာလေး သဘောကျတယ်
ဟုတ်ပါ့ ဘာတွေများ ထပ်လိုချင်နေကြသေးတာလဲ
ပြူးပြ ပြီး အစွယ်တွေပဲ ထုတ်ပြဖို့ ကျန်တော့တယ်
alinsett
September 21, 2014 at 5:55 am
အဲ့ဒါ အဲ့ဒါ အစ်မရေ
အဲ့လို မေးလိုက်ချင်တဲ့စိတ်ကလေး
ဒီကဗျာကို ဖတ်ရင်း ပေါ်လာလို့။
ကျနော် ကဗျာရေးသူကို လုံးဝ မဝေဖန်ရဲဘူး။
ကဗျာကိုလည်း ပြည့်စုံလုံခြုံအောင် မဝေဖန်နိုင်စွမ်းပါဘူး။
ဒါကြောင့် ခံစားသက်ဝင်မှုလေးနဲ့သာ ပါးပါးလေး ရေး ပြောကြည့်လိုက်တာ
လာရောက် ခံစားပေးသွားတဲ့အတွက် ဇူးဇူးပါ။
ကန္နားစီး မိဂီ
September 21, 2014 at 12:35 pm
လီယိုနတ်ကိုဟင်န် အကြောင်း တကယ်သိလို့လား အူးလေး ….
jk
alinsett
September 21, 2014 at 12:40 pm
သူ့အကြောင်းလား…
လေးလုံးမကွဲသေးဘူးလေ…
အကြော်တဲမှာထိုင်ရင်း… တစ်ပုဒ်နှစ်ပုဒ်လောက် ရှုပ်ကြည့်ဖူးရုံ….
😆
ဇီဇီ
September 21, 2014 at 4:30 pm
ဟိ။ မမဂျီးက
မြန်မာ ကဗျာကိုတောင် မနည်း မှီအောင်လိုက်ရတာ။
အင်္ဂလိပ် ကဗျာဆို ပိုဆိုးး…
:a:
မမဂျီး ဆီမှာ ဆရာ မောင်သာနိုးရဲ့ နိုင်ငံတကာ ကဗျာ ခံစားမှု စာအုပ်လေး ရှိတယ်။
အတော်တောင် ဟောင်းနေပြီ။
ဝင့်ပြုံးမြင့်
September 21, 2014 at 7:06 pm
.ဒီကဗျာကို ခံစားဖို့ဆိုတာ ကဗျာဆရာအကြောင်းတောင် သိစရာမလိုဘူးလေ။ အဒေါ့အိုက်ခမန်း က ဂျ ူ း ၂ သန်းကျော်သတ်ခဲ့တယ်ဆိုတာနဲ့ တင် ဒီကဗျာကို ခံစားဖို့ လုံလောက်သွားပြီလေ။
မြစပဲရိုး
September 21, 2014 at 8:41 pm
အာ ဟား ….
ကျေးဇူး ဘဲ မပြုံး။
ဆက်ဆက် က တော့ ဘယ်လို စိတ်ကူး နဲ့ ကြိုက်လဲ မသိ။
အရီး ကတော့ မပြုံး ပြောလိုက် တဲ့
{ အဒေါ့အိုက်ခမန်း က ဂျ ူ း ၂ သန်းကျော်သတ်ခဲ့တယ်ဆိုတာနဲ့ တင် ဒီကဗျာကို ခံစားဖို့ လုံလောက်သွားပြီလေ }
ဆိုတာ နဲ့ ခံစားပြီး အဓိပ္ပါယ် ဖွင့်လိုက်တယ်။
ကဗျာ ထဲ က “medium” နဲ့ နာဇီ (ဖက်ဆစ်) တွေ ရဲ့ အယူဝါဒ ကို ဆက်စပ်ပြီး တော့ပေါ့။
သိလား။
ဖက်ဆစ် စနစ်မှာ “medium” တွေ “average” တွေ ကို လက်ခံတဲ့ fairness မရှိဘူး။
မဟာလူမျိုးကြီး သူတို့ ဘဲ ကမ္ဘာကြီး မှာ ရှိရမတဲ့။
ဒါကြောင့်မို့ သူတို့ ဂျူး တွေ ကိုသတ်တာ။
သေချာတာပေါ့။
ဒီ စနစ် သာ သက်ဆိုးရှည်ခဲ့လို့ ကတော့ မြန်မာ တွေလဲ ပြုန်း နေလောက်ပြီလား မသိ။
ဒါကြောင့် ကဗျာ ဆရာ က မဟာလူမျိုးကြီး ဝါဒ သမား အဲဒီ နာဇီ ဟာလဲ “medium” လို့ ပြောနေတာ ထင်တာဘဲ။
What did you expect?
ကတော့ ဖက်ဆစ်စနစ် ရဲ့ နောက် က ထွက်လာတဲ့ ရူးသွပ်ခြင်း တွေ ပါဘဲ လို့ ပြောတယ်လို့ လဲ ထင်တာဘဲ။
ထင်တာနော်။ အမှန် လို့ မဆိုလို။ 😉
အတွေး တွေ အများကြီး ရခဲ့ လို့ ကျေးဇူးပါ ဆက်ဆက်၊ မပြုံး နဲ့ မောင်ဂီ။
မောင်ဂီ
Leonard Cohen အကြောင်း ဆက်ဖွလိုက်တော့ သူ့ ရဲ့ POPULAR PROBLEMS သီချင်း အယ်လ်ဘမ် ကိုတောင် နားထောင်လိုက်တယ်။
သူက Zen Buddhist Centre, San Gabriel Mountains, California မှာ တရားဝင်ဖူး သတဲ့။
http://www.theguardian.com/music/2014/sep/21/leonard-cohen-life-as-an-outsider-80th-birthday
:-)))
ဂျက်စပဲရိုး
September 21, 2014 at 10:58 pm
ကျနော့် အထင်တော့ ကဗျာဆရာ ပြောချင်တာက
ဒီ အိုက်ခမန်း ဆိုတဲ့ လူကြီးဟာ လူမဆန်တဲ့ ရက်စက်မှုတွေ အများကြီး လုပ်ခဲ့တယ်
ဒီတော့ သူ့ရဲ့ legend ကလဲ မကောင်းဆိုးဝါးကြီး တစ်ကောင်လိုဖြစ်လာတယ်။
ဒါကြောင့် လူတွေက အိုက်ခမန်းဟေ့ လို ဆိုလိုက်ရင် မကောင်းဆိုးဝါးကြီး ဘီလူးသဘက်ကြီးလို ထင်နေကြလို့
ဒီလူဟာလဲ သူလို ကိုယ်လို ပုခုံး ၂ဖက်ကြား က ခေါင်းပေါက် နေတဲ့ လူပါပဲ။
လူသာမန်တွေနဲ့ ဘာမှ မကွာပါဘူး
ဒီလူကို သရဲတစ်ကောင်လို nightmare တစ်ခုလို ကြောက်မနေသင့်ဘူး
ဒီတော့ လူဆိုး ဆိုတာတွေက သူများတွေထက် ပိုထူးနေတဲ့လူတွေ မဟုတ်ဘူး
လူတွေကို သူတို့ရဲ့ ရုပ်သန္တာန်နဲ့ မဆုံးဖြတ်ဘဲ လုပ်ရပ် နဲ့ ဆုံးဖြတ် သင့်တယ်။
အဲ့လို ပြောချင်တယ် ထင်တာပဲဗျ။
မြစပဲရိုး
September 21, 2014 at 11:08 pm
ဒီလို အမြင်ကွဲ လေးတွေ ကို ဆွေးနွေးနိုင်လို့ ဒီ နေရာ လေး က ချစ်ဖို့ကောင်းတာ။
မောင်ဂျက် ရေ
ဒီ အတိုင်း ဆိုရင် အရီး လဲ ဟိုဘက် ဒီဘက် တွေးမိနေမလားဘဲ။
ကဗျာရှင် က Jewish Canadian musician ဆိုတာ ကို ဖမ်းမိ လိုက်တာမို့ သူဟာ နာကျည်းချက် ကင်းကင်း နဲ့ ရေးထားတာ မဟုတ်ဘူး လို့ ကောက်ချက်ချ မိတာလေ။ :-))
အမှန်ကတော့ ကဗျာ ဆိုတာ ဖတ်သူတွေ ကိုယ့်ဟာကိုယ် စိတ်ကြိုက်လိုရာ ကောက်ချက်ချနိုင်အောင် ရေးနိုင်လေ ပိုပြီး ရသ မြောက်လေ နေမှာ။
ဒါမျိုး အမြင်ကွဲ တွေ ရှာပြီး ဖွပါဦးလေ။
ငြင်းချင်လို့။ 😉
ဒါက Internet ထဲမှာ ရှာတွေ့တဲ့ တစ်ခြားလူ တစ်ယောက် ရဲ့ ကဗျာ ကို ဝေဖန်ချက်။
It is this sort of information in the ‘identity card’ part of the poem which,
when added to our knowledge of Eichmann’s crimes against humanity, leads us to infer that, although he was thought of as a monster he did not look like one.
မြစပဲရိုး
September 21, 2014 at 11:39 pm
ဆက်ဆက်
ဒီနေ့ ၂၁ရက် က Leonard Chohen ရဲ့ အသက် ၈ဝ ပြည့် မွေးနေ့တဲ့။
တိုက်တိုက်ဆိုင်ဆိုင် သူ့ ကဗျာ ကို တို့တွေ ဆွေးနွေး နေကြတာ။ 🙂
မနက်ဖြန် ၂၂ ရက် နေ့ မှာ သူ့ရဲ့ Popular Problems ဆိုတဲ့ သီချင်း အယ်လ်ဘမ် ထွက်မှာ လို့လဲ သတင်းထဲ တွေ့ပြန်တယ်။
A Very Happy Birthday Mr Leonard Norman Cohen! 🙂
alinsett
September 22, 2014 at 12:04 am
ဟုတ်ပါ့နော် အရီး
ဒီနေ့ သူ ့မွေးနေ့မှာမှ
ကျနော်တို့ သူ ့ကဗျာတစ်ပုဒ်ကို ထိုင်ဆွေးနွေးဖြစ်ကြတာ
သူ့အတွက်ရော
ကျနော်တို့အတွက်ပါ
အမှတ်တရပါ
😆
အရီးရေ
ဝင်ဆွေးနွေးပေးထားတဲ့အတွက်
ဇူးဇူးပါ
kyeemite
September 22, 2014 at 10:21 am
.ဂျက်စပဲရိုး ပြောတဲ့အဆိုကိုသဘောတူတယ်…တကယ်တော့ သာမန်လို့ထင်ရတဲ့ လူတွေထဲမှာ
.အိုက်ခ်မန်းလိုလူတွေထုနဲ့ဒေးရှိနေနိုင်တာကလား..လူကိုသာမန်ကြည့်ရုံလောက်နဲ့တော့
.လူဆိုး လူကောင်းခွဲဖို့မလွယ်ဘူးဆိုတာ ပြောချင်ပုံရတယ်…
.မြန်မာရုပ်ရှင်တွေထဲတော့ လူဆိုးဆိုရင် ဘောင်းဘီဝတ်၊ ကုတ်အင်္ကျီ (သို့) .လယ်သာဂျာကင်ဝတ်(လောင်းကုတ်ဆိုပိုကောင်း)နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေးထား..ခိခိ :k:
.
kyeemite
September 22, 2014 at 2:12 pm
.မဝင့်ပြုံးမြင့်ပြောသလိုပဲ.. ဆရာလင်းယုန်မောင်မောင် ကျေးဇူးနဲ့ နာဇီတွေရဲ့ ရက်စက်ပုံတွေ
.အများကြီးဖတ်ခဲ့ရဖူးတယ်..စစ်ကြီးပြီးတော့ အစ္စရေးက မော့ဆက်အဖွဲ့ကြီးက
.အဓိကနာဇီခေါင်းဆောင်ရာဇဝတ်ကောင်တွေကို .ကမာ္ဘအနှံ့ခြေဆန့်လို့ရှာခဲ့ပြီး နုရင်ဘတ်စစ်ခုံရုံးတင်အပြစ်ပေးခဲ့ကြတယ်
.“အိုက်ခ်မန်းစစ်ဆင်ရေး” ဆိုတာတော်တော်ဖတ်လို့ကောင်းတာပေါ့
:i:
alinsett
September 22, 2014 at 6:17 pm
ဝင်ရောက် ဆွေးနွေးပေးသွားတဲ့အတွက်
ဇူးဇူးပါ ဦးဦး
😆