” ညဥ့်အခါ “
” ညဥ့်အခါ “
နေမင်းကြီးက ဝင်ကာပုန်းနေ
လမင်းကြီးက မင်းမူအုပ်စိုး
သူ့အလင်းကို ဖြန့်ကျက်ထိုး
ပတ်ဝန်းကျင်ရယ် တိတ်ဆိတ်ငြိမ်လျှက်
တစ်နေ့ပန်းချီကား အသက်မဲ့ပြီ
တစ်ခါတစ်ခါ ခွေးဟောင်သံဖွဲ့
လင်းနို့တောင်ပံ ခတ်သံသွဲ့လို့
ညဥ့်ဌက်အော်သံ စူးရှသံဖြင့်
အော်ကာမြည်လည်း နားထောင်သူမရှိ
နောက်နေ့နိုးထ လှုပ်ရှားကြဖို့
အားယူအိပ်စက် လူသူကင်းတဲ့
တိတ်ဆိတ်လွန်းလှ ညအခါသမယကို
ညဥ့်အခါလို့ ဆိုပေသကိုး။
ခင်ခ။
7 comments
အတွေးလေး
September 27, 2014 at 7:39 am
တစ်နေ့ပန်းချီကားအသက်မဲ့ပြီ …
အားပေးသွားပါတယ် ခင်ဗျ
manawphyulay
September 27, 2014 at 8:50 am
ညအခါ
လသာသာ
ကစားမလား
နားမလား
ခင် ခ
September 27, 2014 at 1:59 pm
ညဉ့်နက်နေပြီလေ ကစားတုန်းလားဗျ
မြစပဲရိုး
September 27, 2014 at 2:23 pm
ကိုခက
ညအခါ
လသာသာမှာ
အတွေးချဲ့ ပြီး စာတွေ ထိုင် ရေး တာပါ။
:))
ခင် ခ
September 27, 2014 at 2:28 pm
အရီးပြောတာဟုတ်တယ်လို့ပြောရမယ်ဗျ
တစ်ခါတလေ တိတ်ဆိတ်မှုက အတွေးပိုစေတယ်တဲ့လေ
အလင်းဆက်
September 27, 2014 at 2:54 pm
ကျနော့်ညတွေမှာ…
ကဗျာမပါရင်….
ကြယ်မရှိ လမရှိတဲ့ည လိုပါပဲ…
kai
September 28, 2014 at 3:38 am
နယူးယောက်၊မီလာနို၊
ပဲရစ် ဟောင်ကောင်
ညဉ့်မရှိ၊ နေ့မသိ
နေမင်းပုန်းပုန်း
လမင်းထွက်ထွက်
ထည့်မတွက်တဲ့ ညမအိပ်မြို့။