မျောက်ဆိုသည်မှာ
မိုးကုတ်နဲ့ မုံရွာဘက် ခရီးထွက်ဖြစ်တဲ့အတွက် ဓါတ်ပုံတော်တော်များများ ရိုက်ဖြစ်ခဲ့ပါတယ်။ ခရီးသွားပို့စ်ကို တစ်နေရာချင်းစီ တင်ဖို့အစီအစဉ်လဲရှိပါတယ်။
ပထမဆုံးပို့စ်ကို မျောက်ပုံတွေနဲ့ စလိုက်ချင်တယ်။ (ဆွေမျိုးတွေကို ဦးစားပေးတဲ့သဘောပေါ့ .. 🙂 )
မုံရွာ ဖိုလ်ဝင်တောင်မှာ စိတ်ဝင်စားစရာ ရှေးဟောင်းစေတီပုထိုးလက်ရာများအပြင် သဘာဝအတိုင်း ပျော်ပါးနေထိုင်နေကြတဲ့ မျောက်တွေလဲရှိပါတယ်။ လူတွေနဲ့ ယဉ်ပါးနေတဲ့မျောက်တွေမို့လို့ အနီးကပ် ဓါတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။
တောင်ပေါ်မှာ မျောက်တွေက အုပ်စုဖွဲ့ပြီးနေထိုင်ကြတယ်။ အုပ်စုကြီးတစ်စုမှာ မျောက်မများနဲ့ မျောက်ကလေးများအတူတူနေထိုင်ကြတယ်။ သူတို့နားမှာ မျောက်ထီးမတွေ့မိခဲ့လို့ မေးကြည့်တဲ့အခါမှာတော့ အထီးတွေက သင်းကွဲကောင်တွေဖြစ်ပြီး သီးသန့်နေကြရတယ်တဲ့။ မျောက်မတွေကိုတော့ အင်အားကြီးတဲ့ မျောက်ထီးကြီးတစ်ကောင်ကပဲ အပိုင်သိမ်းထားတာဆိုပဲ။ မျောက်မနားကပ်ချင်ရင် အဲဒီအကောင်ကြီးကို အနိုင်တိုက်ခိုက်ပြီး ဗိုလ်လုပ်နိုင်မှ ရမယ်တဲ့လေ။
















မျောက်တွေမြင်တော့ ဘောင်းဘီဝတ်ပေးချင်စိတ်ပေါက်ခဲ့တယ်။
မျောက်ပုံတွေကြည့်ရင်း အပျင်းပြေနိုင်ပါစေ …
18 comments
ခင် ခ
October 9, 2014 at 11:33 pm
ပုပ္ပားက မျောက်နဲ့ အခုဖိုလ်ဝင်တောင်ကမျောက် ဘယ်မျောက် သာပါလိမ့်။
ပုပ္ပားက မျောက်ကတော့ လူမလစ်လိုက်နဲ့ ပစ္စည်းလာဆွဲတာများ မြန်မှမြန်ရယ်။
weiwei
October 10, 2014 at 8:29 am
ပုပ္ပားကမျောက်တွေက ဆိုးတယ် … ပိုလဲရိုင်းတယ် ..
ဖိုလ်ဝင်တောင်မှာတော့ တော်တော်အေးအေးဆေးဆေးနဲ့ ယဉ်ကြတယ် …
မျောက်တွေက အပူကြောက်တယ်တဲ့ … နေ့ခင်းအရမ်းပူတဲ့အချိန်မှာ အရိပ်ရှိတဲ့နေရာမှာပဲနေကြတယ် …
ကထူးဆန်း
October 10, 2014 at 10:10 am
မဝေ ပြောသလိုဘဲ .. ပုပ္ပါး မျောက်တွေက ဆိုးတယ် ..အစာ ဝင်လုတာရှိတယ်။ လူကိုလည်းကိုက်တတ်တယ် ။
ဖိုလ်ဝင်တောင် မျောက်တွေက လူ အနားသိပ်မကပ်ဘူး ။ သိပ် ပြဿ နာ မရှာဘူး… ဈေးရောင်းတဲ့ သူတွေကြောင့်လည်း ပါမယ်ထင်တယ် ..
kai
October 10, 2014 at 1:35 am
အမွေးတွေတဖားဖားနဲ့တော်တော်လှတယ်..
သားမွေးအကျီ ်လုပ်… ဈေးကောင်းကောင်းနဲ့ရောင်မလား…
လူတွေအကျုးိပြုတဲ့.. ဆေးသိပ္ပံစမ်းသပ်ခန်းတွေကို.. ရောင်းစားပြီးငွေရှာနိုင်မလား.. တွေးနေမိတယ်…
မျောက်တွေ.. လူတွေကြားထဲရောထွေးနေတာကို…
အကျိုးနဲ့အပြစ်ချိန်ဆဖူးတဲ့သူများ… ရှိသလားမသိ…။
မတော်.. အီဘိုလာလို.. တိရိစ္ဆာန်က.. စတဲ့ရောဂါတခုခုရဲ့.. ကပ်ဆိုးဝင်လာရင်.. ဒုက္ခမသေး… :k:
Diseases Transmissible From Monkeys To Man – Monkey to …
http://www.2ndchance.info/mnky2man.htm
Product 97 – 8800 – But humans are primates of a sort – similar to monkeys – and many of the disease-causing organisms that belong in sub-human primates, can .
weiwei
October 10, 2014 at 8:49 am
အဲဒီနေရာက လူအရောက်အပေါက်နဲပါတယ် …
လူတွေနဲ့လဲ ရောထွေးနေနေတာမဟုတ်လို့ ရောဂါအတွက် မစိုးရိမ်ရလောက်ပါဘူး။
သဘာဝအတိုင်းနေနေကြတာကို လူတွေဖျက်စီးလွန်းလို့ မျိုးတုန်းသွားမှာတောင် စိုးရိမ်နေရတယ် ..
ရွှေဘတောင်ကတောင်တွေဆိုရင် အစာရေစာမရှိတော့လို့ တစ်ကောင်မှတောင် မရှိတော့ဘူး ..
မြစပဲရိုး
October 10, 2014 at 2:01 am
မကြာသေးဘူး။
ဒီမှာ ဘီဘီစီ ကနေ Monkey Planet ဆိုပြီး documentary တစ်ခု ကြည့်လိုက်ရသေးတယ်။
ချင်ပန်ဇီ တွေက လူတွေ နဲ့ အတော်နီးစပ်တာ။ သူတို့ မှာလဲ လူတွေ လို ဝမ်းနည်းတာ၊ ဝမ်းသာတာ၊ ကိုယ်ချင်းစာတာ အပြင် self-awareness ပါရှိတာ တဲ့။
အခု ဝေ့ ပုံလေးမှာလဲ ပုံ (၂) နို့တိုက်မိခင် ရဲ့ မျက်နှာကို ကြည့်ပါလား။နူးညံ့ နေတာလေ။
ပုံ (၃) ကလေးထိန်းနေသော မိခင် ကျတော့ တကဲ့ကို အသေအချာ ထားပြီး သင်ပေးနေသလိုဘဲ။
စိတ်ဝင်စားစရာ။
ဘောင်းဘီ ကိစ္စ ကတော့ ငယ်တုန်းက ဘုရားပွဲ မှာ မျောက်ပွဲ ကြည့်ရင် သူရို့ ဝတ်တဲ့ စကပ်တွေ၊ ဘောင်းဘီ အကျီင်္ တွေ လှ မှလှ လေ။
အပေါ် မှာ သူကြီးမင်း မန့်ထား တဲ့
“သားမွေးအကျီ ်လုပ်” ကို အပြင်းအထန် ကန့်ကွက်ပါကြောင်း။
စမ်းသပ်ခန်းတွေမှာ သုံးတာကတော့ ထားပါတော့။
ခရီးသွားပို့စ်ကို ဆက်ပါဦးနော်။ :))
weiwei
October 10, 2014 at 8:55 am
သူတို့တွေကို ကြည့်နေရတာနဲ့တင် စိတ်ဝင်စားစရာကောင်းတယ်။ ချစ်စရာကောင်းတဲ့ အမူအယာတွေကို မြင်ရတော့ စိတ်ထဲမှာ ကြည်နူးမှုခံစားရလို့ ခရီးသွားအစီအစဉ်ကို မျောက်ကနေ စဖြစ်လိုက်တာပါ ..
မျောက်တွေက လူနဲ့အတော်တူတဲ့အတွက် ဒီအတိုင်း ဟောင်းလောင်းနဲ့အနေအထိုင်မတတ်ကြတာမြင်တော့ ဘောင်းဘီဝတ်ပေးချင်စိတ် ပေါက်မိတယ် 🙂
ကေဇီ
October 10, 2014 at 5:07 am
ကျန်းးးကျန်းးး

အတော် အချိန်ပေးးး ရိုက်လာပုံပေါ်တယ်။
သများး မျောက် ကို ချစ်ဘူးးး
ဟီးးးဟီးးးး
မိုးးးကုတ် နဲ့ မုံရွာ ဟုတ်လားးးး
ဇီ ကို သေစေညွှန်းးးရော့ သလားးး ချစ်ဝေ
:k:
weiwei
October 10, 2014 at 9:00 am
အချိန်သိပ်မပေးနိုင်ခဲ့ဘူး… မျက်စိရှေ့တွေ့တာကို အမြန်ရိုက်ခဲ့ရတာ … ဖြစ်နိုင်ရင် သေသေချာချာစောင့်ပြီး ရိုက်ချင်ပါသေးတယ် ..
မိုးကုတ်ရော .. မုံရွာပါ သွားရကျိုးနပ်လောက်အောင် လှပတယ် ..
ပုံတွေများလို့ တစ်နေရာချင်းစီကို ပို့စ်တစ်ခုစီနဲ့ တင်မယ်စိတ်ကူးထားတယ် ..
နောက်ပို့စ်ကို မိုးကုတ်နဲ့ပဲ အရင်စလိုက်မယ် ..
ဒီနေ့ .. သို့မဟုတ် မနက်ဖြန် သို့မဟုတ် ….
ဦးကျောက်ခဲ
October 10, 2014 at 11:08 am
မဝေရဲ့ ဓာတ်သေကို ရှုစားပြီး သော်တာဆွေရဲ့ “တာတီးနဲ့ မဲတူ” ကို သွားသတိရတယ်…
ဒီမျောက်တွေကြည့်ရတာ အေးဆေး ၊ ဘာသိဘာသာ နေတတ်ပုံပဲ…
အဲ… ပုပ္ပားမျောက်တွေကတော့ ရိုင်းတာထက် မျောက်ပါးဝလွန်းတယ်…
ဒုတိယနှစ်ကွင်းဆင်းတော့ ပုပ္ပားမှာ မျောက်နဲ့ကျောက်စ် ငြိုးသူရန်ဘက်တွေဖြစ်လို့…
သားရေကွင်းနဲ့ပစ်လို့ အနားမကပ်ရဲတော့ အမြင့်ကနေ မတော်တရော်လုပ်ပြတယ်…
:k:
pooch
October 10, 2014 at 4:50 pm
အံ့ဩပါ့ ဦးကျောက်တို့များ မျောက်တောင် သားရေပင်နဲ့ ပစ်ပြီး ရန်ဖြစ်တယ်။ :mrgreenn:
အနော်တော့ မျောက်ဆို ကြောက်လွန်းလို့ ဝေးဝေးက ရှောင်တယ်။
မဝေရေ အနော်တော့ ကပ်ကျော် ဖိုလ်ဝင်တောင် ခုထိမရောက်ဖြစ်ဖူး။
ခေါ်လည်း မျောက်ပေါတယ် ကြားလို့ သွားရမှာ တွန့်နေတာ။
weiwei
October 10, 2014 at 7:51 pm
မျောက်တွေက သူ့ဟာသူနေတာပါ .. ဘယ်သူ့ကိုမှ ရန်မပြုကြဘူး ..
ခရီးလမ်းကြုံရင်သွားလိုက်ပါ .. ဖိုလ်ဝင်တောင်တစ်ခုပဲ ရှေးဟောင်းလက်ရာတွေ ကျန်နေတာ ..
kyeemite
October 10, 2014 at 3:48 pm
.မျောက်စပါယ်ရှယ်ပို့စ်လေးဝင်ငေးသွားပါတယ် :))
အလင်းဆက်
October 10, 2014 at 8:06 pm
မိုးကုတ်ဘက် ရောက်ဖူးချင်နေတာ… ။
ကိုပေါက်(မန္တလေး)
October 10, 2014 at 10:56 pm
တစ်နှစ်က ဆီက မုံရွာမှာအ ပူချိန် 108 ဖာရင်ဟိုက်လောက်ထိရောက်
ရေ တွေ ပြတ်
အဲဒီမှာ ရေကန်တွေထဲ ကို ရေ အပြည့် ဖြည့် ပြီးချိန်
မျောက်တွေ က ရေ ငတ်နေတော့ ရေ ကို အငန်းမရ သောက်လို်က်တာ
အတော်များများသေသွားတယ်လို့ ကြား ရ ဘူးတယ်
မဟာရာဇာ အံစာတုံး
October 11, 2014 at 1:11 pm
ကျော်ကတော့ …
မျောက်တွေဆို အသည်းယားတယ် …
မတော် .. ကိုယ့်အပေါ် တက်လာယင် ဒုတ်ခွ ..
ဟီး .. :mrgreenn:
kai
October 11, 2014 at 2:45 pm
ဒီပို့စ်ကို.. အောက်ကလင့်ခ်ကပို့စ်နဲ့တွဲဖတ်လို့လည်းရတယ်..
http://myanmargazette.net/97806
ဒီဖိုလ်ဝင်တောင်ခရီးအကြောင်း.. သတင်းစာထဲလွန်ခဲ့တဲ့၆လလောက်က ပုံနှိပ်ဖေါ်ပြဖူးပါတယ်..။
ဦးကြောင်ကြီး
October 12, 2014 at 1:40 am
အနော်လဲ အားကြီးအောင် ဝိတ်မ၊ အားဆေးသောက်တာပဲ။ ဒါပေမဲ့ လူမတွေကို အပိုင်သိမ်းလို့ မရပါဗျာ.. ဟွန့် လူပါးကိုဝလွန်းတဲ့ လူမဒွေ.. လခွီး…။