“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၂၀”
“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၂၀”
(ကွာခြားခြင်းများ းးးးးးးးးးးးးးးးးးးးးးးးးးးး)
ကျနော်ကျောင်းသားဘဝကာလများ အစိုးရဝန်ထမ်းကာလများနဲ့
ကျနော်လှိူင်းတေးသံသွင်းကို ရောက်တဲ့ ၁၉၈ဝ စွန်းစွန်း ကာလ များမှာ
တိုင်းပြည်ရဲ့ငွေကြေးဖောင်းပွမူ့က သိပ်ကွာခြားမူ့ မရှိ။
၁၉၇၅ခုနှစ်ကနေ၁၉၈၃ ခုနစ် ပါတ်ဝန်းကျင်အထိ
အကြော်တစ်ခု တစ်မတ်
နံပြားတစ်ချပ်ငါးမူး
အီကြာကွေးတစ်ချောင်း ငါးမူး
လက်ဖက်ရည်တစ်ခွက်တစ်ကျပ်
ထပ်တစ်ရာတစ်ချပ် တစ်ကျပ်
ဝက်သားပေါက်စီတစ်လုံးတစ်ကျပ်
ငါးဖယ် နဲ့မုန့်တီတစ်ပွဲ တစ်ကျပ်
လမ်းဘေးမှာ ထမင်း တစ်ခါ ပြင် ၂ကျပ်ခွဲ
ရှမ်းခေါက်ဆွဲပွဲသေး တစ်ပွဲ ၂ကျပ်ခွဲ
ကြေးအု့းိတစ်ပွဲ သုံးကျပ်
ခေါက်ဆွဲကြော်တစ်ပွဲ ကျပ်တစ်ဆယ် ဆို တဲ့ ဈေးနူူန်းတွေက
အတော်ကြာကြာ မပြောင်းမလဲ ရှိနေခဲ့တာအမှန်ပါဘဲ။
ငွေကြေးဖောင်းပွမူ့ ကိုထိန်းထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
အလွန်အမင်းကျပ်တည်းခြင်းမရှိသလို
ဘာမှ ပေါပေါများများလဲမရှိတဲ့ ကာလလို့ ဆိုနိုင်ပါတယ်။
ကိုယ့်ဝင်ငွေနဲ့ကိုယ်ချင့်ချိန်သုံးစွဲမှသာ ကြွေးမြီကင်းကင်းနေနိုင်ကြတာပါ။
အဲဒီအချိန်အခါမှာ အစိုးရဝန်ထမ်းအတော်များများက အပြင်လုပ်ငန်း
လုပ်သူထက်စာရင် မသုံးနိုင်မစွဲနိုင်နဲ့ ချင့် ချိန်တိုင်းထွာပြီး သုံးစွဲနေရပါတယ်။
(အချို့သော နေရာကောင်းရထားတဲ့ လာဘ်လာဘပေါများတဲ့ ဝန်ထမ်းများကတော့
သုံးနိုင်စွဲနိုင်ပါတယ်)
အစိုးရဝန်ထမ်းနဲ့ ပုဂ္ဂလိက ဝန်ထမ်း အကြားမှာခြားနားချက်တွေရှိတာအမှန်ပါဘဲ။
အပြင်လုပ်ငန်းလုပ်သူက အစိုးရဝန်ထမ်းထက် ဝင်ငွေပိုကောင်းတယ်လို့ ဆိုနိုင်ပေမယ့်
အလုပ်လုပ်ရတဲ့ပုံစံခြင်းလဲကွာခြားလွန်းပါတယ်။
အပြင်အလုပ်လုပ်သူများက အစိုးရ ဝန်ထမ်းလုပ်သူများကိုလက်ကြောမတင်းသူ။
အချောင်ခိုနေသူများလု့ိမြင်ကြပါတယ်။
အစိုးရဝန်ထမ်းအများစုကို အချိန်မလေးစားသူ အလုပ်ကိုအချိန်ဆွဲပြီးလုပ်တတ်သူလို့
မြင်ကြပါတယ်။
အလုပ်ချိန်တွေမှာလည်းအလုပ်ကိုတက်တက်ကြွကြွ မလုပ်တာကများပါတယ်။
စက်ရုံအလုပ်ရုံတွေကလွဲရင်ကျန်တဲ့ ရုံးတော်တော်များများ က အလုပ်ချိန်ကို
သိပ်အလေးအနက်မထားတာတွေ့ကြရပါတယ်။
ရုံးကိစ္စဆိုတာ အချိန်ဆွဲထားမှ အဖိုးတန်တယ်လို့ ထင်ကြသလားမသိပေမယ့်
အစိုးရ နဲ့ ပါတ်သက်တဲ့ အလုပ်မှန်သမျှ စိတ်ရှည်လက်ရှည်စောင့်
အခေါက်ခေါက် အခါ ခါ သွား၊
ဆရာတန်ဆရာ အကိုတော် အကို အမသင့် ရင့် အမ မိုးမွှန်အောင်ခေါ်
ရေလောင်းရေဖျန်း အကုန်လုပ်ပါမှ အဆင်ပြေ နိုင်ပါတယ်။
အစိုးရ ဝန်ထမ်းမှာတောင်မှာ ကာယလုပ်သားနဲ့ဉာဏလုပ်သားအလုပ်
လုပ်ရတာခြင်းမတူပါဘူး။
စက်ရုံအလုပ်ရုံတွေမှာလုပ်တဲ့ ကာယလုပ်သားတွေက အချိန်ပြည့် အလုပ်
လုပ်ရပါတယ်။
ရေသာခိုလို့ မရပါဘူး။
Papper work လို့ခေါ်တဲ့ စာရွက်စတမ်းနဲ့ အလုပ်လုပ်ရတဲ့
ဉာဏဝန်ထမ်း(စာရေးစာချီ)များကတော့ အချိန်ဆွဲလို့ရ
ရေသာခိုလို့ရပါတယ်။
ပိုိုဆိုးသွားတာကတော့ ဗဟိုဦးစီး စံနစ်လို့ ဆိုနိုင်တဲ့ ဌာနဆိုင်ရာအကြီးအကဲ
များလက်ထဲကို လုပ်ငန်းတွေထိုးအပ်ထားတော့ လူကြီးဆုံးဖြတ်မှ
လူကြီးလက်မှတ်ထိုးမှ ပြီး စီးတဲ့ ခေတ်ဆိုတော့ ဝန်ထမ်းတွေက လုပ်ငန်း
တစ်ခု ကို ခွေထား ထစ်ထား ချင်ရင်
“အထက်က ကျ မလာသေးဘူး။
အရာရှိက လက်မှတ်ထိုးမပေးသေးဘူး “ ဆိုရင် ဘာမှ ထပ်ပြောလို့ မရ
တော့ပါဘူး။
အဲတော့ လူကြီးလက်မှတ်ထိုးပေးအောင်
အထက်က ကျလာအောင် လာဘ် ထိုးရပါတော့တယ်။
အစကတော့ စာရွက်စာတမ်း မပြည့် စုံသူ
အမြန်လိုချင်သူများက သာ လာဘ်ထိုးကြတာပါ။
တောင်းလို့ရမှန်းသိလာတဲ့အခါမှာ
စာရွက်စာတမ်းပြည့်စုံသူများကို ပါ လုပ်ငန်းမပြီးစီးအောင်
တမင်ထစ်ထား ခွေထား ပြီး
အခေါက်ခေါက်အခါခါ ရုံးကိုလာခိုင်းပါတယ်။
တစ်ခေါက်လာ မပြီး နှစ်ခေါက်လာလဲ မပြီးဆိုတော့
လာဘ်မထိုးချင်ပေမယ့် လဲ လာဘ်ထိုးရပါတော့ တယ်၊
အဲဒီကစ ပြီး ဝန်ထမ်းလောက မှ ခြစား တဲ့ ဇာတ်လမ်းတွေပေါ်လာတော့ တာပါဘဲ။
ဆိုရှယ်လစ်ခေတ်မှာ ခေတ်စားခဲ့ တဲ့ ဆောင်ပုဒ်လေးတစ်ခုရှိပါတယ်။
“ အူမ တောင့် မှ သီလ စောင့် မယ်” ဆိုတဲ့စကားပါဘဲ။
ဆိုလိုရင်း ကတော့ လူ ဆိုတာ စားဝတ်နေရေးပြည့် စုံမှ
အကျင့် စာရိတ္တ ကောင်းနိုင်မယ် ဒီတော့ စားဝတ်နေရေး
ပြည့်စုံအောင်ဆောင်ရွက်ပေး ဘို့ လိုတယ် လို့ ရည်ရွယ်တာပါ။
ဒါပေမယ့်
အစိုးရဝန်ထမ်းတွေက “လခနည်းး တယ် မစားလောက်
အဲ တော့ သီလစောင့် စရာ မလို “ လို့ ဘာသာပြန်ပြီးတော့
ကောင်းကောင်းကြီး လာဘ်စား ကြ ခိုးကြဝှက်ကြပါတော့တယ်။
လာဘ်မစား တဲ့ သူ
လာဘ်စားလို့ မရ တဲ့ နေရာ ဂွင်မကောင်းတဲ့ မှာရောက်နေသူ များကတော့
အူမတောင့်ဘို့ အတွက် ချေး ရ ငှား ရ ပေါင်ရ နှံ ရနဲ့
အကြွေးသံသရာမှာ လည်နေကြတာအမှန်ပါဘဲ။
အစုးိရဝန်ထမ်းဆိုတာပြည်သူ့ ဝန်ထမ်းလို့ စာအုပ်ထဲမှာ
သတင်းစာထဲမှာရေးထားပေမယ့် အပြင်လောကမှာ
လက်တွေ့မှာ တော့ ပြည့်သူ ကို အထက်စီးကနေဆက်ဆံကြတာ
အမှန်ပါဘဲ။
အဲဒီခေတ်က အစိုးရဝန်ထမ်း နဲ့ ပြည်သူများကြားမှာ
မတူညီအောင် သီးခြားခွဲ ခြားထားသလိုပါဘဲ။
အစိုးရဝန်ထမ်း က သာမန်ပြည်သူ ထက် အခွင့်အရေးပိုရခဲ့ကြတာ
အမှန်ပါဘဲ။
ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်လို့ အဖမ်းခံရတာခြင်းအတူတူ
အစိုးရ ဝန်ထမ်းဆိုရင် လစာ နည်းတဲ့ သူလို့ သတ်မှတ်ပြီး
ဒဏ်ကြေးကိုလျော့ ဆောင်ရ ပါတယ်။
ဝန်ထမ်းရဲ့လုပ်ပုံ ကိုင်ပုံ မကျေနပ်လို့ အထက်ကလူကိုတိုင်မယ်ဆိုရင်လဲ
စာရွက်ကုန်တာသာ အဖတ်တင်ပါတယ်။
တို်င်စာတွေက ချောင်ထိုးထားတာခံရပါတယ်။
အဲလိုဖြစ်နေတော့ အစိုးရဝန်ထမ်းအတော်များများက
ပြည်သူတွေကို လုံးဝ မညာတာတော့ပါဘူး။
အလုပ်ချိန်က မနက် ကိုးနာရီကနေညနေငါးနာရီဆိုပေမယ့်
ကိုးနာရီထိုးမှာအလုပ်မစနိုင်ပါဘူး။
ရုံးရောက်မှ မုန့်စား အလှပြင် ဗာဟီရတွေများပါတော့တယ်။
လုပ်ပြီဆိုပြန်ရင်လဲ နှေးနှေးကွေးကွေး။
တစ်ခါတစ်ခါများဆိုရင် ကောင်တာရှေ့မှာလူတွေက ပြွတ်သိပ်ကျပ်ညှပ်တိုးဝှေ့။
သူတို့က ရုပ်ရှင်အကြောင်း ဟိုအကြောင်းဒီအကြောင်း စကားပြောမပျက်။
အပြင်ကလူတွေကသွေးတောင့် အောင်ရပ်စောင့် နေရပြန်ပါတယ်.။
အဲဒါ က နေရာတိုင်း ဌာနတိုင်းရုံးတိုင်းမှာ ကြုံတွေ့ နေရတာတွေပါ။
အစိုးရဆီက ရစရာရှိလို့ငွေထုတ်မယ်ဆိုရင် သူတို့ အတွက်
အမြန်ကြေးမပါရင် ဟိုဟာလိုတယ် ဒီဟာလိုတယ်ဆိုပြီး အလုပ်ကိုကြန့်ကြာအောင်
လုပ်ကြပါတော့ တယ်။
သမအရောင်းဆိုင်တွေမှာဆိုရင်လည်းထို့အတူပါဘဲ။
ရှိလားမေးရင် ခေါင်းခါပြတယ်။
ထရှာမပေး မေးရင်မဖြေ ပါဘူး။
အရောင်းဝန်ထမ်းများက မရောင်းရလေ ကြိုက်လေပါဘဲ.။
အစိုးရရုံး များက စာရင်းအင်းဘက်ဝန်ထမ်းတွေဆိုရင်လဲ
တစ်နေ့ စာ စာရင်းကို တစ်နေ့ မလုပ်။
ဝေ့နေကြတာများပါတယ်.။
ညနေအလုပ်ဆင်းမယ့် အချိန်ကိုစောင့် နေကြတဲ့သူတွေဘဲဖြစ်ပါတယ်။
အလုပ်ဆင်းခင် ကတည်းက အလုပ် ဆင်းဘို့ အတွက် အဆင့်သင့်ဖြစ်ပြီးသားပါ.။
လချုပ်တဲ့ အချိ်န်တို့ အထက်က စာရင်းတောင်းတဲ့ အချိန်များရောက်မှ
အလုပ်အကြွေးတွေကို စုပုံလုပ်ကြ
အိုဗာတိုင်ဆင်းကြနဲ့
တငြီးငြီး တငြူငြူ နဲ့ အလုပ်တွေကိုလုပ်ပြကြပါတယ်။
ကျန်တဲ့အချိန်မှာတော့ အလုပ်ကိုပုံမှန်လုပ်ဘဲ အေးဆေးနေကြပါတယ်။
ပုဂ္ဂလိက အလုပ်မှာတော့ တစ်ချိန်လုံးအနားမနေရ။
လုပ်ဟယ်ကိုင်ဟယ်နဲ့အချိန်တွေကုန်သွားကြတာပါ။
အချောင်ခိုလို့မရ အပါးခိုလို့မရ။
အချိန်ြ်ပည့် အလုပ် လုပ်ရပါတယ်။
အလုပ် ဆင်းချိန်ဆိုတာ ခေါင်းထဲမှာမရှိ။
ကိုယ့်အလုပ်အားလုံးပြီးချိန်က အလုပ်ဆင်းချိန်ပါဘဲ။
တကယ်လို့ များ ရေသာခို ခဲ့ ရင်လဲ အလုပ်ထဲမှာမျက်နှာကောင်းမရ။
ဝင်ငွေလဲ ကောင်းကောင်းမရ။
အလုပ်ထွက်ရမှာလဲ သေချာပါတယ်။
အဲတော့ကြိုးကြုးိစားစားလုပ်ကြပါတယ်။
အစိုးရအလုပ်က ဝင်ငွေနည်းမယ်။
ဒါပေမယ့် မလုပ် မရှုပ် မပြုတ်ဆိုတဲ့ စကားလေးအတိုင်း
ကြီးကြီးမားမားခိုးတာကို လက်ဆုပ်လက်ကိုင် မပြ နိုင်မခြင်း
အလုပ်က မပြုတ်နိုင်။
တိုးတက်မူ့ ဆိုတာကလဲ နှေးကွေးမယ်။
အသက်ကြီးရင်တော့ ပင်စင်ဆိုတဲ့ခံစားခွင့်လေး ရှိမယ်။
အပြင်လုပ်ငန်းကလူကတော့ ။
ရှာနိုင်တုန်းလေးကြိုးစားရှာ။
ပင်စင်ဆိုတာမရှိ။
ကြိုးစားရင်းကြိုးစားသလောက် ပိုင်ရှင်က လခကောင်းကောင်းပေးမယ်။
(ရ သင့် သလောက်မရတာတွေလဲ ရှိတတ်ပါတယ်)
ခိုးရင် မရိုး သားရင် မကြိုးစားရင် တစ်ခါ တည်း တန်းပြီးအလုပ်က ပြုတ်နိုင်ပါတယ်။
ဒီလိုခြားနားချက်တွေရှိနေတော့ အစိုးရ ဝန်ထမ်းနဲ့ ပြင်ပ လုပ်ငန်းလုပ်သူများကြားမှာ
ဝင်ငွေ စိတ်ဓါတ် ဆိုတဲ့ အရာတွေက တစထက် တစ ကွာခြားလို့သွားပါတယ်.။
ဝင်ငွေကွာတော့ လဲသုံးရစွဲ ရ တဲ့ နေရာမှာလည်းကွာခြားသွားပါတယ်။
အစိုးရဝန်ထမ်း အတော်များများ တွေက အကြွေးသံသရာနဲ့လည်ကြရပါတယ်။
ဌာနဆိုင်ရာတွေက လုပ်ပေးတဲ့ ငွေစုငွေချေးဆိုတာကလဲ အကြွေး တွင်းကို
ပိုနက်သွားစေတယ်လို့ ခံစားရပါတယ်။
ငွေစုငွေချေးထုတ်ချိန်မှာ သုံးချင်တာသုံးလိုက်။
လခ ချ ချိန်မှာ ဖြတ်တောက်ထားလိိုက်တော့အပြည့်မပါ.
ဒီလိုနဲ့ဘဲအကြွေးသံသရာ မပြတ်ဘဲ ဆင်းရဲတွင်းနက်လာပါတယ်။
အစိုးရဝန်ထမ်းထက်စာရင်တော့ အပြင်လုပ်ငန်းလုပ်သူက ခံသာတယ်ဆိုနိုင်ပေမယ့်လဲ
ဆိုရှယ်လစ်ခေတ်မှာတော့ အားလုံးက အစားဆင်းရင် အနေဆင်းရဲ
ကျပ်တည်းခြင်းများစွာကို လက်သင့် ခံထားကြတာတော့ အတူတူပါဘဲ။
လူ့ သက်တန်း က နှစ် ၁၀ဝ လို့ သတ်မှတ်ရင် ပလက်ဖောင်းအမှတ် ၂၅ အရောက်မှာတော့
ဘဝရဲ့ လေးပုံ တစ်ပုံ ကို ကျနော်ဖြတ်သန်းပြီးချိန်လို့ဆိုနိုင်ပါတယ်။
လှိုင်းမှာကျနော်လုပ်နေရင်းက ၁၉၈၃ အရောက်မှတော့ ကျနော့်ဘဝ
ရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲဖြစ်ပြန်ပါတယ်။
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
12-10-2014
4 comments
မြစပဲရိုး
October 12, 2014 at 10:06 pm
ကျွန်မတို့ တက္ကသိုလ် စတက်ချိန်လောက်မှာ တောင် ကျောင်းထဲ မှာ စားရင် ၂၅ကျပ် နဲ့ သူငယ်ချင်း ၅ယောက် ၆ယောက် လောက် ကို မွေးနေ့ ကျွေးနိုင်သေးတာ မှတ်မိတယ်။ :))
CharTooLan
October 14, 2014 at 1:50 pm
ထင်တာထက်ပို စိတ်ညစ်စယာယီးပါလား လေးလေး 🙁
kyeemite
October 14, 2014 at 3:59 pm
.ကျုပ်ကျောင်းပြီးလို့ အစိုးရအလုပ်စဝင်တော့ SAE ပို့စ်မျိုးပေါ့…ရှားပါးစရိတ် ၈ဝကျပ်ပေါင်းမှ တစ်လ .၄၀ဝရတယ်..၁၉၈ရမှာပေါ့…ဖျာပုံမှာပါ..ထမင်းအဝစား ၆ကျပ်နဲ့ရသေးတယ်
.မုန့်ဟင်းခါးတစ်ပွဲနှစ်ကျပ်…လဘက်ရည်လည်းနှစ်ကျပ်ပါပဲ
.ကျုပ်မှတ်မိသလောက် ၈၈ ပြီးမှ အစွမ်းကုန် ငွေကြေးဖောင်းပွတော့တာဗျ…
.ခုခေတ်ကလေးတွေပြောပြရင်မယုံနိုင်ကြ
.ဒါပေမဲ့လည်းလေ…ပြန်လည်းမလွမ်းချင်တော့ပါဘူး…အခုအတိုင်းကိုပဲ ဆက်ကောင်းသွားစေချင်တာပါ 🙁
ကိုပေါက်(မန္တလေး)
October 23, 2014 at 3:35 pm
မမေ့ နိုင်စရာ အဖြစ်လေးတွေပေါ့ ကိုမိုက်စ်