” ဆိုးလိုက်ပုံက “
” ဆိုးလိုက်ပုံက ”
ငယ်ငယ်တုန်းက
အဖေတို့ပြော
ကိုလိုနီခေတ်က
ဒီမြန်မာဝယ်
ဆင်းရဲလှတဲ့
ကူလီကုလား
လန်ကွတ်တီဘဲ
အဝတ်များ
အခုခေတ်အခါ
တစ်ချို့များဆို
လွန်စွာဆင်းရဲ
နပ်မှန်အောင်
ထမင်းစားဖို့
အနိုင်နိုင်နဲ့
လုပ်ရသမို့
ရှေ့ဆက်ပြည်ကြီး
ခုလိုသာသွားရရင်တော့
လန်ကွတ်တီတောင်
ကျန်မယ်မထင်။
ခင်ခ။
16 comments
မွသဲ ( 17082011 )
October 18, 2014 at 9:17 am
ဟိုနေ့ကပဲ အဲ့ဒါလေးတွေးမိတယ်။ ဒီလေးနှစ်အတွင်းဆင်းရဲ မွဲတေမှု့တွေ တအားများလာတယ်လို့။ ဟို သဘာဝရိပ်သာ သွားမိတဲ့အချိန်မှာဒီအတွေးကပို ခိုင်မာခဲ့သမို့ နောင်ဆယ်နှစ်လောက်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ထက်နောက်မကျနိုင်လောက်တဲ့အခြေအနေဖြစ်တော့မယ်ထင့် 😥
ခင် ခ
October 18, 2014 at 7:31 pm
ဟုတ်ပမသဲရေ မသဲတို့ ပိုစ့်ကိုဖတ်ပြီး တော်ဆိုးလှတဲ့နိုင်ငံပါလားလို့ တွေးမိတယ်လေ
မမချွိ
October 18, 2014 at 9:28 am
အစိုးရ ကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ။
:a:
ခင် ခ
October 18, 2014 at 7:32 pm
အဲဒီဆုတောင်းနဲ့ အဲဒီသူတွေနဲ့ တော့ ပြောကိုမပြောချင်ပါဘူး
manawphyulay
October 18, 2014 at 12:09 pm
ဆင်းရဲမွဲတေမှုတွေ မြန်မာပြည့်အဆင့်တစ်ရောက်စေဖို့ ကြိုးစားနေပါသလေ… 😥
ခင် ခ
October 18, 2014 at 7:33 pm
ကြိုးစားစရာလားလို့
Yae Myae Tha Ninn
October 18, 2014 at 12:54 pm
ကြိုးစားနေတုန်းပါ… ကိုခရယ်… 🙂 မကြာမှီပေါ့…
ခင် ခ
October 18, 2014 at 7:36 pm
မကြာမှီလာမည်မျှော် ဆိုတာမှာ အဲဒါတော့ မမျှော်ပါရစေနဲ့ဗျာ
အလင်းဆက်
October 18, 2014 at 12:58 pm
ထလော့ မြန်မာ… အိုမြန်မာတို့….
============
” တို့တိုင်းပြည်”
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။
-ဆရာဇော်ဂျီ
ခင် ခ
October 18, 2014 at 7:41 pm
ဒီကဗျာက ဒီကဗျာပေါ့ဗျာ
ကြိုက်ပ
မြစပဲရိုး
October 18, 2014 at 2:45 pm
တကယ်တော့ အာခိမိဒိ စည်းမျဉ်း လို ကိုခ ရဲ့။
အရည်ထုထည် ကနေ ဖယ်လိုက်ခံရတဲ့ အလေးချိန်ဆိုတာ ဖယ်ရှားခံလိုက်ရတဲ့ အရည်ရဲ့ ထုထည်နှင့် တိုက်ရိုက်အချိုးကျသတဲ့။
ဒီလိုဘဲပေါ့။
တိုင်းပြည် ဆင်းရဲလာတဲ့ ပမာဏ က လူတစ်စု ဆီမှာ ရောက်ပြီး သူတို့ ချမ်းသာ သွားနေတာပါ။
မုဒိတာထားနိုင်ရင်တော့ ဒီ အတိုင်းသာ ဆက်လွှတ် ထားပေါ့လေ။
ခင် ခ
October 18, 2014 at 7:37 pm
အင်း မုဒိတာထားရမယ်တဲ့လားကွယ်
etone
October 18, 2014 at 3:32 pm
အရင်က ဆင်းရဲသားတွေ အစုတ်ဝတ်ကြတယ်
အခု တတ်နိုင်တဲ့လူတွေ အစုတ်ဝတ်ကြတယ် …. အစုတ်ပြဲဆိုလျှင် ဈေးပိုကြီးတယ် ။ 🙂
ခင် ခ
October 18, 2014 at 7:39 pm
ဒါဆို ချမ်းသာတဲ့သူတွေများ လာတဲ့သဘောပေါ့နော် အိတုံရေ
Fall Guy
October 18, 2014 at 6:04 pm
အသိပညာဆင်းရဲနေတာပိုဆိုးတယ်ဗျာ
ပိုပြီး ရိုင်းစိုင်းလာကြသလိုပဲ 🙁
ခင် ခ
October 18, 2014 at 7:40 pm
မှန်ပဗျာ