မင်္ဂလာဆောင် အခမ်းအနား ကျင်းပ…
ဒီတခါတော့ ဆောင်ပါပြီ… လေးပေါက်ရယ်… မပြီးသေးသော်လဲ… ပြီးသွားပြီလေ… အထွန့်တက်ပြီး ဟန်းနီးမွန်းသွားလို့ ၅ ပိုင်း ဖြစ်သွားတာ…
စုပြီး လေးပေါက်ဖတ်လို့ ရပါပြီလို့… တက်တောင် မင်္ဂလာဆောင်ပို့စ်ဆိုပြီး စုစည်းလို့ ရအောင် အတူတူပေးထားတယ်…
တကယ်တော့ စိတ်ထဲမှာ စာစီနေလို့ ကြာသွားတာပါ… မကျန်သင့်တာ မကျန်ရအောင်ပါဗျာ.. နော်… 🙂
ဆောင်ကြမယ်ဟေ့… ဆိုတော့… တန်းဆောင် မရပါဘူးဗျ… ငွေက တလုံးတည်း မရှိတာရော… အလောသုံးဆယ် လုပ်ရင် မှားမှာ စိုးတာရယ်… တသက်တခါဆိုတော့ စိတ်ကြိုက်လုပ်ချင်တာရယ်ကြောင့်ပါ…
ကြိုက်ပြီးကတည်းက ငါ သူ့ကို ယူမှာဆိုတဲ့ အသိရယ်… အိမ်ကို လာရင် အထင်သေးမှာ စိုးတဲ့ အသိရယ်နဲ့… ကြိုပြင်ဆင်ရပါတယ်…
အရင်ဆုံး မဒမ်နဲ့ ကြိုက်ပြီး ၁ လ အကြာမှာ သင်္ကြန် ၁ဝ ရက် စ ပိတ်တာနဲ့ ကြုံတာပါပဲ… အိမ်က အရင် ပန်းထိမ်ဌားတော့ ခင်းထားတဲ့ လျှာထိုးတွေကို ခွာရပါတယ်…
လူဌားရင် ပိုက်ဆံကုန်မှာစိုးလို့ ပန်းထိမ်သမားတွေနဲ့ ခွာတော့ ပျက်စီးကုန်တယ်… သူတို့ ပြောင်းသွားတော့ ပြန်ခင်းတယ်… ဘယ်ကောင်းတော့မလဲဗျာ… အိမ်ကို ဝင်ရင် သိုင်းကွက်နင်းရတယ်…
ဒါတောင် ထောင်ချောက်တွေက ကြိုသိမှ… ဒါနဲ့ ကြွေပြား စ ခင်းပါတယ်… နောက် တီဗွီကလဲ ၁၄ လက်မ ဒါကိုမှ ခုံမရှိလို့ ဘီရိုပုလေးပေါ်ထားကြည့်ရတာဗျ… အောက်စက်ကလဲ စက်ကန်းဟန်း…
ဒါနဲ့ပဲ တီဗွီတင်တဲ့ခုံ၊ တီဗွီ အောက်စက် အကုန် အသစ်လဲလိုက်တယ်… ပန်ကာဆိုလဲ အပေါင်ဆုံး ပန်ကာအစုတ် ကြိုးတွေက ပြတ်နေလို့ ဓာတ်ခဏခဏ လိုက်သေးတယ်… အင်း… လာရင် အရှက်ကွဲမှာ…
ဒီတော့ လဲတာပေါ့… ပထမတော့ လေးထောင့် ပန်ကာလေး… နောက် အဲကူလာ… နောက်ဆုံး အဲကွန်းတပ်လိုက်တယ်…
မီးဖိုဆိုလဲ ငယ်ငယ်ကတည်းက ကျောက်မီးဖို… မိဘတွေလဲ အန္တရာယ်များ… မော်ဒန်ဖြစ်အောင် မကနက်တစ် မီးဖို တလုံး ဝယ်လို်က်တယ်…
အဝတ်လျှော် တကယ်တော့ လက်နဲ့ လျှော်တာ သဘောကျပါတယ်… သူ့အိမ်မှာကျ လျှော်ပြီး ငါ့အိမ်ရောက်မှ လက်နဲ့လျှော်နေရမဟဲ့ ဆိုပြီး… ဝယ်ပါတယ်…
ပန်းကန်ဆေးတဲ့ ဘေစင်… အစ ရှိသဖြင်ပေါ့… တအိမ်လုံးကို ပြောင်းပစ်ခဲ့တယ်… ပိုက်ဆံလေး နည်းနည်း ပိုလိုက် ပစ္စည်း ဝယ်ထည့်လိုက်ပေါ့…
၂ နှစ်လောက် စုရတာ… လစာ က နည်း… အမေ့ ဆေးဖိုးက ထောင်း… မဟေသီကပဲ ကံပါတာ ထင်ပါတယ်… ကြိုက်ပြီး စီးပွားတက်လာတယ်… အပြင်အလုပ်တွေ အောင်မြင်လာတယ်…
သူနဲ့ ကြိုက်ပြီး မကြာဘူး… ၂ သိန်း တန် ဖုန်းတွေ ပေါ်လာတယ်… အင်စတောမယ်နဲ့ ၂ သိန်းခွဲ ၅ လဆိုပြီး… အလုံး ၄ဝ ရောင်းရတယ်… သူငယ်ချင်းတွေနဲ့ စပ်တူပေါ့…
ဖုန်းငွေဖြည့်ကဒ်ကလဲ အစက အမြတ် ၅ ရာပေးတယ်… လပေးနဲ့ဆိုတော့ ၅ ရာ ထပ်ယူတယ်… ၁ ကဒ် ၁ ထောင်လောက်မြတ်တယ်… ၆ သိန်း ရင်းတာ .. ၁ နှစ်တွင်း သိန်း ၃ဝ ရတယ်…
ဒါက ၃ ယောက် စပ်တူ… ၁ဝ သိန်းလောက် ကျန်တယ်… ဒါက မင်္ဂလာဆောင် စရိတ်မှာ တော်တော် အထောက်အပံ့ ရတယ်ဗျ… ဒါက ခန်းဝင် အကြို ဝယ်တာ…
ဆောင်ကြစို့ ဆိုရင် အရင် ဆုံး ရက်သတ်မှတ်မှ ရမယ်လေ… ဒီတော့ ပဲခူးသွားကြတယ်… ဆရာတော်က အားလုံးအေးဆေးတာက ကြာသပတေးတဲ့… အမှန်တော့ ဂိုက်လိုင်းက ပေးပြီးသား…
မေလ ၁ ရက်ဆောင်ချင်တယ် ဘုရား… အဆင်ပြေလားလို့ မေးတာပါ…ဘာလို့ဆိုတော့ ဧပရယ်ဆို ရုံးက ဘောနပ် ကောင်းကောင်းပေးတယ်ဗျ… ပြီးရင် ပိတ်… ကုန်အောင်တော့ မသုံးလောက်ဘူးဗျ…
ပြီးတော့ လဆန်းရက်… ကြာသပတေးပြီး… သောကြာတက်.. စနေနေ့ဝက်နဲ့ တနင်္ဂနွေခံပြီး… ဟန်းနီးမွန်းဆိုပြီး တွက်ထားတာ… တကယ်တွက်တော့လဲ ရက်ကောင်းပဲ ဗျ…
အဲနှစ်က ဧပရယ် လ က မကောင်းဘူးလို့ ပြောတယ်… တိုက်ဆိုင်ရင် ခွင့်လွှတ်ပါနော်… ကြားတဲ့ အတိုင်း ပြောပြတာပါ… ကိုယ်တွေက ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ မေလ ရွေးလိုက်တာပါ…
ဒါနဲ့ ပထမ အဆင့် အောင်သွားတယ်… ရက်ရွေး…
ပြီးတော့ ခန်းမ… တခုကြိုမှာချင်တာက ဆောင်တော့မယ်ဆို လူကြီးတွေနဲ့ နေရာကို သေချာ ညှိဖို့ပါ… ပြတ်အောင် ညှိပါ…
ကျွန်တော်ဆို ပထမက ဘုန်းကြီးကျောင်း… မြိတ်ကျောင်း မြို့မကျောင်းလမ်းက ကျားကျောင်းမှာ ဆောင်မယ်ပေါ့… တယောက် ၂၀၀ဝ စားနဲ့… အဖေက အဲမှာ အော်ဂနိုင်စာလေ…
ဒါနဲ့ အပီပဲဆိုပြီး လုပ်ထားတာ…. ပြီးမှ ယောက္ခထီးက လောကီ ကိစ္စ ဘုန်းကြီးကျောင်းနဲ့ မအပ်စပ်ဘူးထင်တယ်တဲ့… မဆောင်နဲ့ မပြောပါဘူး… သို့သော် သိပ်သဘောမကျဘူးဆိုတော့…
ကိုယ့်အဖေဆိုလဲ မမှားဘူးဆိုတော့ လိုက်လျောရမှာပေါ့… ဒါနဲ့ သူငယ်ချင်းတယောက်က နန်းထိုက်တော်ဝင် ဘီယာဆိုင်မှာ ဆောင်တယ်… တယောက်က စိန် ၃ သမိုင်းနားက ဆိုင်မှာ ဆောင်တယ်…
ကဲ .. ဆောင်မဟဲ့ ဆိုတော့… အဖေရင်းက သဘောမတူဘူး.. ငါ အားမပေးဘူးတဲ့… သေပြီ ဆရာပဲ… နေရာကလဲ မိန်းမက ဒဂုံ… ကိုယ်က ကြည့်မြင်တိုင် အလယ်ကျမှ ဖြစ်မှာလေ…
လက ဒါတောင် ၈ လ ၁ နှစ်လောက် လိုသေးတာ… ကဲ… ဒါဆို ကြားချရမယ်…. စဉ်းစားတယ်… စဉ်းစားတယ်… နှင်းဆီကုန်း ဘိုးဘွားရိပ်သာ… ဘုန်းကြီးကျောင်းလဲ မဟုတ်… ဘီယာဆိုင်လဲ မဟုတ်…
ရက်သွားတောင်းပြီဆိုတော့ … သူများဦးသွားပြီ… တကယ် ဦးတာတော့ မဟုတ်ဘူး… တွေ့ရမယ့် တာဝန်ရှိသူနဲ့ တွေ့ခဲ့တာ မဟုတ်သလို… စရန်လဲ မချထားဘူးဗျ…
သို့သော် ကိုယ်ဆောင်ချင်သလို သူများလဲ ဆောင်ချင်မှာပဲ ဆိုပြီး… ဖုန်းဆက်ခိုင်းလိုက်တော့ လုပ်ပါမယ်တဲ့ ဘယ်နေ့ စရန်လာချမယ်ဆိုတော့… ကိုယ်ပဲ နောက်ဆုတ်လိုက်တယ်… ဟူးးးးးးးးးးးးးးးးးးးးးးးးး
ခန်းမတွေက ရှိသေးတယ်.. ဌားခက ဈေးများတယ်ဗျ… ကျွန်တော်က အ ဝ စားမှ ကြိုက်တာ.. ထမင်းကို ကျွေးချင်တာ… မထူးပြီ… နေ့လည်စာ မအိုကေလဲ… မနက်စာ ဆိုပြီး… လိုက်ရှာလိုက်တာ…
Dolphin နဲ့ အိုကေသွားတယ်… ဒင်းဆမ်းကလဲ ကောင်းတယ်လေ… ဗိုက်လဲ ဝ တယ်… မနက်စာ အနေနဲ့… လှမ်းဖုန်းဆက် ဘိုကင် လုပ်ရတယ်…
ဒါမျိုးက နှစ်နဲ့ချီ ကြိုယူရတာဗျ… ဆောင်မှာက နွေဆိုတော့ မနက်ပိုင်းလေးလဲ လုပ်ချင်တယ်… မဟုတ်ရင် ပရိသတ်တွေ နေပူမှာကိုး… ဒါတောင် သူတို့သမီး နာမည်ကို မှားလို့…
သွားရတာ အကြိမ်ကြိမ်… မင်္ဂလာဆောင် အပြီးထိ တက်စီခ ကို တွက်ရင် ၃ သိန်းလောက် ရှိတယ်… တနေကုန် ဌားတာတွေ ရှိတယ်… ကိစ္စတခုနဲ့ တနေရာဆို အနည်းဆုံး ၃ ၄ ကြိမ် သွားကြည့်တယ်…
ဖုန်းလဲ ခဏခဏ ဆက်တယ်… မမှားချင်ဘူး.. စိတ်တိုင်းကျချင်တယ်… ပန်းအိုးက အစ… ဆိုင်းဘုတ်… ဖွင့်တဲ့သီချင်း… သီချင်း အတိုးအကျယ်…လူနည်းရင် တိုးထား… လူများလာရင် စကားပြောရုံ ချဲ့…
အစားအသောက်.. ဒင်းဆမ်းကို ကြိုမချခိုင်းဘူး… အေးသွားရင် စား မကောင်းဘူး… ထမင်းကြော်ကို ပြင်ခိုင်းတယ်… ဒင်းဆမ်း ၄ မျိုး… ထမင်းကြော်… ကော်ဖီ … ရေခဲမုန့်… ဝ ပါတယ်…
အကုန် ကိုယ်တိုင် စီစဉ်တယ်… ပလန်ချရတယ်… ဒါနဲ့ပဲ… ပြီးပြီ ခန်းမ…
တခုခုဆို ၁ လ လောက်ကို လုပ်တာ… ဒီလ ဒါဆို ဒါပဲ တလလုံး… မကျန်အောင် ချရေး အမှတ်ခြစ်ရတယ်… ပိုက်ဆံကလဲ ၁ လ ၁ ခုစာပဲ နိုင်တယ်…
စရန်လိုက်ချ.. ဒါတောင် အနည်းပဲ ချတာ.. အမေ့ ကျန်းမာရေး မကောင်းရင် ရက်ရွှေ့မရရင် ဆုံးပြီလေ… နေကောင်းပါစေ ဆုတောင်း … သေချာ ပြုစု… 🙂
ဖိတ်စာ… သူ့နေရာနဲ့ ထိုက်တန်တဲ့ ဖိတ်စာ… ဒဂုံကတော့ အကောင်းဆုံး… ၂၀၀ဝ ကျော်က စ တာဆိုတော့ နိုင်ဘူး… ဖိတ်စာကို ဘူးလေးနဲ့ ဖြစ်ချင်တယ်… ရှိပြိးသား ဒီဇိုင်းမလိုချင်ဘူး… ဈေးလဲ မျှတရမယ်…
ပုဇွန်တောင်ကနေ ဗိုလ်ချုပ်ဈေးထိ တလမ်းဝင် တလမ်းထွက် လမ်းလျှောက်ပြီး ဆိုင်လိုက်ရှာတယ်… မဒမ်နဲ့ အတူတူပေါ့… နောက်ဆုံး ရွှေတောင်တန်းနဲ့ အဆင်ပြေသွားပါတယ်..
ဘူးလဲ ပါတယ်.. ဈေးလဲ မျှတယ်.. အရောင်ကလဲ လိုချင်တဲ့ ပန်းခရမ်း… ဝတ်စုံနဲ့ ပုံစံတူပေါ့… ဒါကို ကိုယ့်ဘာသာ ပြန်ကွန့်… ငွေနဲ့ ပြန်ဖောက်လိုက်တယ်… ဘိုဆန်သွားတယ်…
ရေမွှေးမထည့်ဘူး… စာသားလဲ တိုတို တုတ်တုတ်ပဲ… ဘွဲ့တောင် မထည့်ချင်တာ… အကုန် ဝိုင်းပြောလို့… အဖေ ၂ ယောက် ဂုဏ်ဒြပ်တွေ မထည့်ဘူး… ရထားတဲ့ ကဒ်ပြားတွေ မထည့်ဘူး…
နောက်ဆုံး တော့ ၃၀ဝ နဲ့ ဖိတ်စာ စ လုပ်ဖြစ်တယ်.. နောက်တော့ ထပ်တိုးမယ်တဲ့ ၄၅ဝ လောက်လုပ်တဲ့… အမျိုးတင် အရင်းကို ဖိတ်စာ ၃၆ဝ ရှိတယ်… ဒါက ပြုစုသူ အဖေ…
သူ့ဘက်မပါသေးဘူး… ရုံးမပါ… သူငယ်ချင်းတွေ မပါဆိုတော့… အဖေ လျှော့.. နယ်ကို လဲ ပို့ရမယ်… ဒီတိုင်းဆို ဖိတ်စာနဲ့တင် မွဲမယ်… ကြားချတော့ ၃၅၀… အမျိုး ၁၆ဝ ကို ချန်ခဲ့တယ်…
နယ်က ၆၀… သတို့သမီးက ၁၀၀… ကျန်တာကို ရုံးရယ်… အမျိုးရယ် မျှ ဖိတ်တယ်… လူရင်းဆို ဖိတ်စာပြ.. မြင်ဖူးပြီလား… ပြန်တောင်း တခြားလူ ထပ်ဖိတ်ပဲ… ဟဲ…
လုပ်ထားတာ ၃၀ဝ စား… ပိုလဲ ၅ဝ ဆိုပြီး လုပ်ထားတာ… ခန်းမက ဆရာမများက အမြော်အမြင်နဲ့ … ၁၀ဝ စာ လုပ်ထားတော့ ကွက်တိပဲ… ဟီး…
ဝတ်စုံ… အစကတော့ ရိုးရိုးပဲ လုပ်မလို့… နောက်တော့ ဟယ်… ဒီလောက် သုံးပြီးမှ ပွဲထွက်ပါလား.. သိပ်မကုန်ပါဘူးတဲ့… ဟုတ်တယ်… မေးလိုက်တော့ ဝတ်စုံချည်းပဲ… ၈ သိန်းရှိတယ်…
တိုင်မကွယ်ဘူး ဟဲ့ … လျှောက်လမ်းက ရှည်တော့ လှတယ်.. ဟဲ့… ဆိုတော့… မဒမ်က … အင်း… အဲ… လုပ်မနေနဲ့… ပေါက်တဲ့ နဖူး မထူးဘူး… ချ… ဆိုပြီး… ဒူးတယ်…
Forver အရန်နဲ့တင် မွဲမယ်… 7 Picture ဟီး မထူးပါဘူးကွယ်… ဒါနဲ့ Aroma ပိုဆိုး.. အပြီးအစီးတော့ အပြီးအစီးပဲ… ကင်မရာ အကောင်းစားနဲ့ဆို ဈေးက လန်နေတယ်…
ပြီးတော့ ဝတ်စုံတွေက အသစ်ဆို ၁၆ သိန်းလောက်ရှိတယ်… ဈေးနည်းတာက ဖွတ်သလွတ်… အရှေ့မှာ အကိုဝမ်းကွဲဆောင်တုန်းက ဝတ်တော့ မကြိုက်ဘူးရယ်…
ဒါမျိုးကျတော့ အမျိုးသမီးကတော်တယ်.. အွန်လိုင်းမှာ ရှာတယ်… စိတ်ကြိုက်ကိုပဲ… ရှီမိဇု… ဒီဇိုင်နာ ဌေးဌေးတင့်ရဲ့ လက်ရာ.. သန္တာလှိုင် ဝတ်တဲ့ ပန်းခရမ်းသဘောကျတယ်…
ဈေးပေးတော့ ၈ သိန်း.. လာခဲ့ပါတယ်.. ဈေးညှိပေးမယ်ဆိုတော့.. သူကလဲ အခုမှ နာမည်ယူ စ လေ… Channel 7 က အိမ်မက်ဆုံရာမှာ မြန်မာဝတ်စုံ စပွန်ဆာပေးတယ်လေ….
ရောက်တော့ ပိုဆိုးတယ်… နောက်တစုံကို ပိုကြိုက်တယ်… အဲဒါက ၁၆ သိန်း… ဂိန်.. ဒါနဲ့ပဲ… ကြည့်ထားတဲ့ ဝတ်စုံကို ဈေးညှိလိုက်တယ်.. အဆင်ပြေသွားတယ်… ၅ဝ ရာခိုင်နှုန်း လျှော့ပေးတယ်…
ပြီးတော့ သန္တာလှိုင်ရယ်… အရှေ့မှာ တယောက်ပဲ ဌားရသေးတယ်.. ကြည့်လိုက်တော့လဲ လတ်တယ်ဗျ… ကျောက်တွေကလဲ ယိုးဒယားမိတ် ကျောက်တွေ…
တကယ်တော့ဗျာ… မင်္ဂလာဆောင်တယ်ဆိုတာ သတို့သမီး ဝတ်ပြီး… ကျန်တဲ့ ဖရီးကစ်တွေကို သတို့သားက ဝတ်ရတာပါ… ကျွန်တော်လဲ ပူဆာတာပေါ့… အကျီင်္ကို ကျောက်တွေ ကနုတ်တွေ ထည့်ပေးဖို့…
သွားလိုက်ရတာ ပြန်ပို့တာနဲ့ဆို ရ ခေါက်ပဲ… ဖူး…. အရန်အတွက် နဲ့ မိဘတွေ အတွက်ကတော့ ပလာဇာကို မွှေပလိုက်တယ်… 🙂
လက်စွပ်… ဒါကလဲ ရိုးရိုးပဲ လုပ်မလို့ပါ… ဒီဇိုင်းတော့ အွန်လိုင်းမှာ ရှာနေတုန်း… သီတင်းကျွတ်လို့ အဖိုးကို သွားကန်တော့တယ်.. မင်းတို့ ယူတော့မလားတဲ့ … ဟုတ်… ဘယ်တော့လဲတဲ့… လိုသေးတယ်လို့…
လက်စွပ်လုပ်ပြိးပြီလားတဲ့.. ခုမှ ဒီဇိုင်းရှာတုန်းဆိုတော့.. သူရွေးနေတဲ့ ထဲ က ကြိုက်တာ ၂ ခု ဆင်တူ ယူသွားဆိုတော့ ကျွန်တော်လဲ မ ပြီး ပြန်တာပေါ့… ဟီး..
ဒီဇိုင်းကလဲ မရိုးဆန်း… တော်ကြာ လက်ခ နဲ့ အလျော့တွက်များနေရင် သေပြီလေ… စက်လုပ်ဆို ပိုဆိုးမယ် ထင်တယ်… ဒါနဲ့ Sign Of Love ရုပ်ရှင်ကားမဟုတ်ပါဘူး… လက်စွပ်ဒီဇိုင်း နာမည်လေးပါ…
ဓာတ်ပုံပြပြီး သွားအပ်တော့ လုပ်တတ်တယ်ဆိုတော့… တော်သေးပေါ့… ဒီလိုလေးလဲ လွယ်ဦးမှလေ… 🙂
Pre Wedding… Forever က အင်ဒေါကိုပဲ ဈေးက မနည်းဘူး.. ပြီးတော့ တော်တော်များများက အဲမှာ ရိုက်ကြတယ်… သာမန်ပို့စ်တွေချည်းပဲ … ပျင်းတယ်… Aroma ကျတော့ Pakage နဲ့ အဆင်မပြေဘူး…
နောက်တက်ထဲမှာ 7 Picture က မဆိုးဘူး… ရုံးကလဲ ထုတ်ကုန်တွေ… ပွဲတွေမှာ ခေါ်သုံးတာ တွေ့တယ်… ပိုင်ရှင်နဲ့လဲ မဒမ်လူကြီးနဲ့ ခင်တယ်လေ… ဒီတော့ ပေါင်းကြံလိုက်တာ… ဟဲ… ဟိုဓာတ်ပုံတွေ ရတာပဲ…
သွားရိုက်တဲ့နေ့က ဦးကြီးမိုက်တို့ မင်္ဂလာဆောင်တဲ့နေ့ပဲ… 🙂 မနက် ရ နာရီ ကတည်းကနေ နေ့လယ် ထမင်းစားချိန်ကျော်တယ်… မပြီးဘူး… 🙂
ကျန်တာကတော့ ဗာဟီရတွေဗျ… ဒါတွေက ပိုမောတယ်… အိမ်ကို ဆေးသုတ်တာတွေ… အမှန်က လူခေါ်ထားတယ်.. သစ်နေအောင် သင်္ကြန်တွင်းလုပ်ခိုင်းတာ မလာလို့…
ကိုယ်ဘာသာ မဒမ်နဲ့ ဆေးစပ် တအိမ်လုံး ဆေးသုတ်… အခန်းဖွဲ့… ခန်းဝင် ဝယ်တာလဲ မွေ့ယာက ကြီးပြီး ချိုးမရလို့ အခန်းကို ဖျက်ပြီး မွေ့ယာ ကိုထည့်…
အကျီင်္တွေ မှာထားတာလဲ ရက်မတိုင်ခင်ရအောင် လိုက်လုပ်…
မိတ်ကပ်ကတော့ ခင်စန်းဝင်း တပည့်ပဲ သုံးလိုက်တယ်… 7 Picture တုန်းကလဲ သူပဲဆိုတော့… အစကတော့ Gucci Aung Aung သုံးမလို့ပဲ…
နောက်တော့ အစမ်းပြင်ဖို့ အချိန်မရှိဘူးလေ… မိဘတွေ သတို့သမီး အရန် အကုန်လုံးရဲ့ လက်ဝတ်ရတနာတွေ ကိုလဲ သူ့ဆီကပဲ ဌားရတယ်…
အရေးထဲ သတို့သမီး အရန်က ကပ်မှ မလုပ်ဖြစ်တာနဲ့…ယောက်ဖ ကောင်မလေးကို မ ရတယ်… သူကလဲ လုပ်ချင်ချင်ဆိုတော့ ကွက်တိ… တကယ်ကို ရှုပ်ရှပ်ခတ်နေတာ… စာရွက်နဲ့ ချရေး… အမှတ်ခြစ်…
ပြန်လို်က်ရမယ့် ဟာဆိုလဲ ပြန်လိုက်ရမယ် Remark ရေး… မင်္ဂလာဦးည အတွက် ဟိုတယ်ကိုလဲ စုံစမ်း ဘိုကင်လုပ်… တခုခုဆို အကြိမ်ကြိမ် စစ်တယ်…
ပြီးရင် စီးမယ့်ကား၊ မိဘကား၊ လက်ဖွဲ့အတွက်ကား… မိတ်ကပ်ပြင်ပေးတဲ့သူတွေကို လဲ တကား… သီချင်းဆိုလဲ မြို့မငြိမ်းရဲ့ လက်သံ တီးလုံးချည်းပဲ ရှာရတယ်.. စုံတွဲ သီချင်းလေးတွေ ကောင်းတယ်…
အိမ်မှာလဲ နယ်က ဧည့်သည်တွေကလဲ ၂ ထပ်လုံး အပြည့်… ခေါင်းတွေခြောက်.. ခေါင်းတွေ နောက်ပဲ… ပြီးရင် ယောက္ခမ နဲ့ ခယ်မက ကားအကြာကြီး စီးရင် မူးတယ်.. အဲဒါလဲ စဉ်းစားရသေးတယ်…
ဒါတောင် ဖိတ်စာ ဖိတ်တာ … အဖေ့ သူငယ်ချင်းတွေကို အကူအညီတောင်းရတယ်… တကယ် အရပ်ကူပါ လူဝိုင်းပါ ဆိုတာ အဲဒါမျိုး…
အော်.. ဓာတ်ပုံ ဗွီဒီယို ရှိသေးတယ်… အဲဒါလဲ ၄ ခေါက်လောက်မှ စိတ်တိုင်းကျတာဗျာ… အမျိုးများတယ်.. လူစုံချင်တယ်… ဒီတော့ ကင်မရာက ၂ လုံး… ရိုက်လဲ HD ဖြစ်ချင်တယ်… ရုပ်သေရော ရုပ်ရှင်ရောပေါ့…
ဈေးလဲ တော်ရုံလိုချင်တယ်… အဖေ့သူငယ်ချင်းသားကို သုံးမလို့ပဲ… အစမ်းခွေကြည့်လိုက်တာ မကြိုက်လို့ဗျ… မီးတွေသုံးတာက အစ အန်းတိတ်မဖြစ်ချင်ဘူးလေ… အယူအဆတွေရော ပါတယ်…
ဒါနဲ့ ပဲ ယွန်း ကို ရွေးဖြစ်တယ်… ပွဲနေ့မှာ သူဌေးကိုယ်တိုင် လာရိုက်ပေးတယ်ဗျ…
လက်ဆောင် အကမ်း… ဒါလဲ သူများတွေ ပေးတာ … စာအုပ်.. ဘောပင်… ကီးချိန်း… အကုန် ပျင်းလို့… ဟန်းမိတ်ကို ပိတ်ရက်.. ကိုယ်ဘာသာ လုပ်ကြတယ်… လင်းလင်းတို့ကို အားကျတာလဲပါတယ်…
မိန်းမက ဒီဇိုင်နာဆိုတော့ သူပဲ ဒီဇိုင်းထိုင်တယ်… သူလဲ ပင်ပန်းပါတယ်… ပိုက်ဆံလဲ လိုက်စုရ… ဒိုးတူဘောင်ဖက် အကုန် လိုက်ပြီး စီစဉ်ရတော့… 🙂
ဩဘာပေးမယ့် ပုဂ္ဂိုလ်… လူတကာသုံးတာကို မသုံးချင်ဘူး… အသစ်ရှာတယ်… စာကြမ်း လာပြတယ်… အစမ်းဖတ်ပြတယ်… လူချင်းရော… ဖုန်းနဲ့ရော…
အကုန်အိုကေလား… စစ်တာ စိတ်ကို မရှည်ချင်တော့လောက်အောင်ကို စစ်တာ… 🙂
ဒီလောက် စုံစေ့အောင် လုပ်ထားတာတောင် တကယ့်ပွဲနေ့မှာ အလွဲတွေ ချည်းပဲ…
စ လွဲတာက မင်္ဂလာကား… သူငယ်ချင်းက သူ့ကားပေးမယ်ဆိုပြီး… ကလပ်သွားတယ်… မနက် ၆ နာရီမှ ပြန်လာတယ်… ရ နာရီမှာ ကားအလှသွားဆင်ရမယ်… ကားက ပေရေနေတာပဲ…
လက်ဖွဲ့ကားက ခွေးဘီလူးကို ဘောက်လေးနဲ့ ဒါလဲ ရေမဆေးရသေးဘူး… မိဘတွေ စီးမှာက ခရောင်း ဒါလဲ ထိုနည်း၎င်းပဲ… ဟိုဘက်အိမ်ကိုတော့ လိုက်အေ့ တစီးပို့ထားတယ်.. ရုံးကပေးတာ..
ဖုန်းနဲ့ လှမ်းနိုးရတယ်… အရန်တွေကိုက ရုံးမှာ မော်ဒယ်လ်တွေကို ပြင်တဲ့ ဆရာမတွေ ရှိတယ်… အိမ်ကို လိုက်အိပ်ပြီး ပြင်ပေးမှာကိုး… သူတို့ နိုးတောင် နိုးနေပြီ…
ဒိမှာက အခြောက်က မလာသေး… ကားကလဲ ရေမဆေးရသေးတော့… ရေလဲ မချိုးနိုင်ဘူး… ဒါနဲ့ မထူးဘူးဆိုပြီး.. ကားတွေ ၃ စီးလုံးကို ရေပတ် တိုက်ရတယ်… ရေလဲပိုင်းနဲ့… 🙁
အဒေါ်က ကားတွေသာ ပေးတာ.. မောင်းသမား မပါဘူး… ဘော်ဒါတွေကို မ ရတယ်… သူတို့ကိုလဲ လိုက်နှိုးရသေးတယ်… အဲတော့မှ အကုန်ထ ပြီး ကားကို ရေလိုက်ဆေးပေး…
အခုထိ အခြောက်က မလာသေး.. ဖုန်းဆက်တော့ လာနေပြီတဲ့ မြောက်ဥက္ကလာကနေ… ဒါနဲ့ မိန်းမကို အဝတ်တွေ ဝတ်ပေး..ထား.. လာတော့လဲ ပြင်တော့ မြန်သားပဲ…
အဲမှာ မပြိးခင် ဗမာ မမြင်စေနဲ့ကို ပြောရဦးမယ်.. မဆောင်ခင် ၁ လလောက်ကတည်းက ကျွန်တော်တို့ နှစ်ယောက်လုံး ရွှေအိုရောင်ဆိုးလိုက်ကြတယ်… သိတဲ့အတိုင်း ဆံထုံးက အမည်းများတယ်လေ…
ဒီတော့ ဒီအရောင်နဲ့ အိုကေမလား.. စောင့်ကြည့်နေကြတယ်… တကယ်တော့.. ဆံမြိတ်က ရွှေအိုရောင်မို့ ကြိုဆိုးထားတာဗျ… ပွဲထွက်တော့မှ အော်… ဟုတ်သား လုပ်ကြတာ…
ဒါနဲ့ ပြင်ပြီး သွားကြမယ်ဆိုတော့.. အထုပ်အပိုးတွေက များတယ်… လက်ဖွဲ့အတွက် ဆာလာအိတ်… ပိုက်ဆံထုပ်… ဒီကြားထဲ စားတာက… တောင်ရှည်ပါဆို ချုပ်မပေးလိုက်တော့…
လမ်းလျှောက်လိုက်ရင် အောက်က ဟောင်းလောင်းရယ်… ဒါနဲ့ အခြောက်က ရွှေဉာဏ်တော် စူးရောက်ပြီး… ပင်အပ်တွေ ထိုးပေးလိုက်တယ်… လမ်းလျှောက်တိုင်း ဟိုဟာကို မထိတချက် ထိတချက် လာစူးနေတယ်…
ကဲ… ဒါတွေ နင် စ လို့ ဖြစ်တာဆိုပြီး… အခြောက်ကို ဂုတ်ဆွဲပြီး ခေါ်ခဲ့လိုက်တယ်…
သွားပြီဆိုတော့… လူက နောက်ကျလို့ ဒေါသက ထွက်နေပြီ… ဒါနဲ့ ဘော်ဒါက စိတ်လျှော့ပါကွာ ဆိုပြီး… မင်္ဂလာ သီချင်းခွေ ထည့်ပေးတယ်… ဘာသီချင်းမှန်း မသိဘူး…
ဒါနဲ့ ဆောရီး… နောက်တခွေထည့်တယ်… ဝုန်းခတ်နေတယ်… တော်ပါပြိကွာ.. မောင်းပဲ မောင်းတော့ ဆိုတော့ ဒါ နောက်ဆုံးပဲ တဲ့ … သူကြိုရှာထားတယ်တဲ့…
ဖွင့်လိုက်တော့ လေးဖြူ လိပ်ပြာ အခွေ… သီချင်းကလဲ လိပ်ပြာ… အာ.. မှားပြန်ပြိဆိုတော့… တော်ပြီ… ရပြီ… ငါလဲ ကြိုက်တယ်… မိန်းမလဲ ကြိုက်တယ် ထားလိုက်တော့…
မြေနီကုန်း မီးပွိုင့် မိတယ်… ကားက မင်္ဂလာကား… အလှဆင်ထားတယ်… စပီကာက ကျယ်တော့ သီချင်းသံက တအုန်းအုန်းနဲ့… သီချင်းသံကြားရင် ခေါင်းလိုက်လှုပ်တာက အကျင့်…
ဝတ်ထားတာ တောင်ရှည် ခေါင်းပေါင်းဆိုတော့ ဘေးက ကားတွေက ကြည့်တာပေါ့… တတ်နိုင်ဘူး….
ဒါနဲ့ ခန်းမ နားကို ရောက်တော့… မိန်းမက အပေါ် ခြုံပဝါ ကျန်ခဲ့လို့တဲ့…. သေပြိ ဆရာ ဆိုတာ… အဲတာကို ပြောတာ…
ကိုယ်လဲ ခန်းမရောက်တော့ မပြုံးတော့ဘူး… ကားပေါ်က ဆင်းဆင်းချင်း ရိုက်တယ်… ပြုံးဆိုတော့ ဘယ် ပြုံးနိုင်မလဲ… တရားခံက အခြောက်မ… သူလုပ်လို့ မေ့သွားတာ…
အစ်မ တဝမ်းကွဲက အိမ်ကို ပြေးယူပေးပါတယ်… လမ်းမှာ ကားကြပ်.. မလာနိုင် ဒေါသကထွက်…
ပိုဆိုးတာက ဧည့်သည်တွေက စောရောက်နေတယ်… ရောက်တာမှ ခုံပြည့်ပဲ… သေပြီ… ပွဲမထွက်ခင် ဓာတ်ပုံရိုက်တော့ မပြုံးဘူး… ဓာတ်ပုံဆရာကလဲ ပြုံးပါဗျာတဲ့…
အခြောက်ကလဲ ဝင်ပြောတယ်… တိတ်… နင့်ကြောင့်ဖြစ်တာလို့… ဒါတောင် အကြောမသေဘူး.. တွဲလာရိုက်သွားတယ်…
တဘက်မှာလဲ ယောက္ခမ နဲ့ ခယ်မက ကားမူးလို့… ရင်မှာ ခံစား သူမမြင်နိုင်ပေ… ဖြူဖြူကျော်သိန်း နဲ့ ကော်နီလို ခေါင်းချင်းဆိုင် အန်နေတယ်…
ပို့စ်ပြောင်းတိုင်း ပင်အပ်က စူးတယ်… ဒေါသက ထွက်.. နာကလဲ နာနဲ့ ဘယ်လို ပြုံးမလဲ…
ဒါနဲ့ ပဝါ ရောက်လာလို့ လူစီတော့ အပိုခုံတွေ ထိုးတာ ၅ဝ ဖြစ်နေပြီ… လက်ဖွဲ့ကောင်တာက လာပြောတယ်… အခြေအနေ ကောင်းတယ်တဲ့…
နည်းနည်း ချွေးခြောက်သွားတယ်… မဟုတ်ရင် မူးလာမှာ… ကောင်တာကလဲ စာရင်းကိုင်တွေကို ခေါ်ထားတာ… 🙂
တကယ် ပွဲထွက်တော့ အိမ်မက် မက်နေသလိုကို ခံစားရတာ… အော်… တကယ် ဆောင်ပြီပေါ့… အောင်မြင်သွားပြီပေါ့ ဆိုပြီး… ကြမ်းနဲ့ ခြေထောက်နဲ့ မထိဘူး.. လေထဲလမ်းလျှောက်နေသလိုပဲ…
အမေလဲ ပျော်တယ်နဲ့ တူတယ်… ရုပ်တည်နေကျက ပြုံးနေတာပဲ… ကင်မရာမင်းတော်တယ်… ရအောင် ရိုက်ထားတယ်…
လျှောက်လမ်း တောက်လျှောက် အကုန် ဘော်ဒါတွေ အသိတွေဆိုတော့ ပတ်ပြီး လက်ပြနေတာ… ပြီးမှ အော်.. ငါ ဆောင်နေတာပဲ… အိန္ဒြေ လေးနဲ့ နေမှ ဆိုပြီး.. ရုပ်ပြန်တည်ပြီး ပြုံးရတယ်… ခုမှ ပြုံးတာ…
ဓာတ်ပုံတွေ တဖျတ်ဖျတ်ပဲ… ကိုယ်ကသာ အခွေ မထွက်သေးဘူး.. ရုံးနဲ့ ဖေ့ဘွတ်မှာ ပလူပျံနေပြီ…
အပေါ်ရောက်တော့ ပြန်ပြီး အသိမဲ့သွားတယ်.. ခိုင်းတဲ့ အတိုင်း ကန်တော့ဆို ကန်တော့ပဲ… စာတွေ တိုက်ထားတာ မသိတော့ဘူး… နာမည်ပဲ ကြားတော့တယ်… ကျွန်တော့် နာမည် မိန်းမ နာမည် ဒါပဲ ကြားတယ်…
သိလိုက်တာကတော့ လွဲနေတယ်ဆိုတာပဲ… ပန်းကုံးစွပ်မယ့် ဆရာနဲ့ လက်စွပ်စွပ်ပေးမယ့် ဆရာ ရှေ့နောက်လွဲတယ်… ဂုဏ်ဒြပ်တွေကလဲ ဘာသာပြန်ပေးတာ တခြား သူပြောတာက တခြား…
မေးရိုးတွေ ထောင်လာတယ်.. လက်သီးကလဲ ဆုပ်တော့… မိန်းမက စိတ်လျှော့ခိုင်းတယ်… ဆရာတွေကလဲ သား ဘာမှ မဖြစ်ဘူး.. ဆရာတို့က အတွေ့အကြုံရှိတယ်… ဒါမျိုးက ဖြစ်တတ်တယ်… နှစ်သိမ့်တယ်…
လက်တွေဆို အေးစက်နေတာပဲလေ… ကျွန်တော်က ပုကြု ပုကြု ပြောတော့ မိန်းမက ဖျန်ဖြေ နဲ့ဆိုတော့ အောက်ကလူတွေက ကြည့်တော့မှ… အော်… စိတ်ထိန်း စိတ်ထိန်း…
နောက်ကျရတဲ့ ထဲ… ပွဲက ထွက်…ဩဘာကလဲ ထင်ထားတာထက် ပိုရှည်နေတယ်… လူတွေက ဗိုက်ဆာနေလောက်ရောပေါ့.. ပြိးမယ် လုပ်လိုက်.. ပြန် စ သွားလိုက်နဲ့…
အောက်ကလူ မပြောနဲ့… ကိုယ်တွေတောင် စိတ်မရှည်ဘူး… ပြီးချင်လှပြီလေ… ဒါနဲ့ ပြီးတော့မှ ပဲ… ဒါတောင် လက်ခုပ်တီးခိုင်းတာ ၃ ၄ ကြိမ်ပါတယ်… တကယ် ဆလန်ပဲ…
ကဲ.. အလှ ရိုက်မယ်.. ရေခဲမုန့် ခွံ့ဆိုတော့… နည်းနည်း အလုတ် ကြီးသွားတယ်.. မိန်းမက ရုပ်ဆိုးမှာပေါ့ ဆိုတော့… စားပါဆိုပြိး ခွံ့တာ… ဟီး… တကယ် ရုပ်ဆိုးတာဗျ…
ပါးစပ် အကျယ်ကြီး ဟ ရတယ်… ရတယ်…လေ… ကိုယ့်အလှည့်လဲ အလုတ် အကြီးကြီးပဲ ဗျ… ဒါနဲ့ သဘောတူချက်ယူပြီး ၂ ယောက် အပြန်အလှန် ခွံ့တာကျမှ ဓာတ်ပုံလှတော့တယ်…
ပြီးတော့ အမျိုးများတယ်… ဝိုင်းပတ်မယ်ဆိုတော့… စားပါစေဦးဆိုတာ နဲ့ နေရတယ်… ကဲ.. မထူးဘူး.. စားရအောင် ဆိုပြီး.. ခွံ့မယ်ဆိုတော့ ဂျပန်တိုဖူးကို ခွံ့တာပေါ့…
အဲတော့မှ မှာထားတာ တကယ်လုပ်ပေးတယ် သိရတယ်… ပူပူလောလော ချနော်လို့ မှာထားတယ်လေ… တကယ် ချပေးတယ်… တိုဖူးဆိုတာ အပူစုပ်တယ်လေ…
ဒီတော့ မဒမ်လဲ ပူက ပူ… ထွေးလို့လဲ မရနဲ့… မျက်ရည်ပါ လည်သွားတယ်… သနားပါတယ်… ကိုယ်ပြီး သူတလှည့်လဲ ပြန်လုပ်တာလား… တိုက်ဆိုင်တာလား မသိ…
တိုဖူးပဲ ပြန်ခွံ့တယ်… ကိုယ်ကလဲ မမှတ်ဘူး… စားမိတော့ ၂ ယောက်သား အပူတွေလောင် မျက်ရည်တွေပါ ထွက်ကုန်တာ… တကယ်ဗျာ.. ပေါက်ကရတွေချည်းပဲ…
ဒါနဲ့ ဝိုင်းတွေကို လိုက်ရိုက်မယ်.. ဆိုတော့ .. လိုက်ရိုက်… လိုက်ရိုက်ပေါ့… နောက်ကျနေလို့တဲ့.. ပြန်မယ့်သူတွေ လွတ်မှာစိုးလို့… သုတ်သုတ်ရိုက်ရတာ..
လူတွေ မစုံမှာစိုးတော့.. တဝိုင်းဆို ခဏပဲ… ဘယ်လားညာလား လဲ မရှိတော့ဘူး… ၁ ၂ ၃ ဆိုတာ နဲ့ နောက်တဝိုင်း ပြောင်း … လူချင်းကပ်… ပြုံး ဖျတ်ဖျတ်… ပြီးပြီ.. နောက်တဝိုင်းနဲ့ တက်သုတ်ရိုက်ဆိုတာ အဲတာ..
ဒါပေမဲ့ တော်ပါတယ်.. အမျိုးတွေ အကုန်စုံအောင် ရိုက်နိုင်တယ်.. လူမပြည့်ခင် တခါ.. လူပြည့်ပြီး တခါ… ကျွန်တော်တို့ သွားတော့ တခါ… ကင်မရာက ၂ လုံးဆိုတော့ ကိုယ်တွေ သွား ပို့စ်ပေးနေရင်…
နောက်တလုံးက လူစုံ ထပ်လိုက်ရိုက်ဆိုတော့… တော်တော်ကို ကျေနပ်ပါတယ်.. အထွက် နှုတ်ဆက်တာ ရိုက်တော့လဲ ဗျူးယူတာ ကောင်းတယ်.. အကုန် ခြုံငုံမိတယ်… လိုက်တင်လဲ ထားထားတာ အဆင်ပြေတယ်..
ပြီးပြိဆိုတော့ လက်ဖွဲ့တွေ သယ်မယ်ဆိုတော့ လူမရှိဘူး… တောင်ရှည်နဲ့ကလဲ မအိုကေဘူးလေ… လမ်းလျှောက်တိုင်းက စူးစူးနေတာကိုး.. အစောကတည်းက ကြိုပြင်လာတာ…
အဝတ်ပိုသယ်လာတယ်လေ… အကုန် ချွတ်လဲ ပြီးတာ နဲ့… လက်ဖွဲ့တွေ ကားပေါ်တင်… ပိုက်ဆံချေ… လက်ဖွဲ့တွေကလဲ ပိုက်ဆံမစစ်နိုင်တော့ဘူး…
တကယ်တမ်း ဖိတ်တာက ၃၀ဝ စား … မှန်းတာက ၃၅ဝ စား… လာတာက ၄၀ဝ ကျော်… ဒါတောင် ၂ ဝိုင်းစာလောက်က ဖရီးကျွေးလိုက်တာတဲ့… 🙂
ဒါနဲ့ စာရင်းစစ်တွေရော ဘာရော အကုန် အိမ်ကို ခေါ်လာခဲ့တယ်… စာရင်းတွေ စစ် ပိုက်ဆံတွေတိုက် သူငယ်ချင်းတွေကို ထမင်းလိုက်ကျွေး…
ပြီးရင် ဘက်ချလာ နိုက်အတွက် ဟော်တယ် သွားမယ်ဆိုတော့… လက်ဖွဲ့တွေက အိမ်ပေါ်မှာ အပြည့်…ဧည့်သည်တွေ အိပ်စရာက မရှိဆိုတော့… လက်ဖွဲ့တွေကို အခန်းထဲ ပို့…
ဂလိုနဲ့ ၃ နာရီ ထိုးသွားတယ်… သွားရင် မတန်တော့ဘူး… မိန်းမ ဘယ်လိုလဲ ဆိုတော့ ယောကျာင်္းသဘောတဲ့.. ဒါဆို အလုပ်တွေ ဖြတ်မယ်ဆိုပြီး… ကားတွေ ပြန်လိုက်ပို့…
ဝတ်စုံတွေ လိုက်ပို့ နဲ့.. ဒါနဲ့ ဘော်ဒါတွေကို မထူးဘူးဆိုပြီး… အရက်လိုက်တိုက်လိုက်တော့တယ်… ၁၁ နာရီလောက် သိမ်း အိမ်ပြန် အိပ်မှပဲ…. သက်ပြင်းချနိုင်တော့တယ်…
တကယ်ပါ… လုပ်တာ မပြောနဲ့… ရေးတာတောင် ရေးမယ် ရေးမယ် နဲ့ စာစီတာ တော်တော်ကြာတယ်… မကျန်ရအောင်… ရသ လဲ မပျက်အောင်…
ဦးကြီးမို်က် ပြောသလို ပင်လဲ ပင်ပန်း… ပျော်လဲ ပျော်ပါတယ်… စိတ်တိုင်းကျ လုပ်ရတယ်… လူငယ်ဆန်ခွင့်ရတယ်… အစဉ်အလာတွေကို ပုံစံမပျက် မော်ဒန် ပြန်လုပ်တယ်… ကျေနပ်ပါတယ်…
အကြိုက်ဆုံး လက်ဖွဲ့တွေကိုတော့ ကြွားမယ်နော်… ဘုရားကို ပလ္လင်လေးနဲ့ ရတယ်… တော်တော်ကြီးကြီးရယ်… ဖိတ်စာ ပုံစံအတိုင်း ကျောက်စီပန်းချီကားရတယ်…
ဆရာ လက်ဖွဲ့တဲ့ နာရီနဲ့ အရုပ်နဲ့ လည်တဲ့ ဟာလေး… ကျွန်တော် ကြိုက်တဲ့ ရေမွှေး… ကျွန်တော် လွယ်ချင်တဲ့ လွယ်အိတ်… အယ်လ်ဘမ်… မိန်းမ အတွက်က ရွှေပါတိတ်… ဟီး.. ထားလိုက်တော့မယ်…ဗျာ…
ပေးတဲ့သူတွေက စိတ်ကို သိတော့ အကြိုက်တွေချည်းပဲ ဖွဲ့တာ.. မဟုတ်ရင် ပိုက်ဆံ ကောင်းကောင်းဖွဲ့ကြတယ်…
ဒီလောက်ပါပဲ ဗျာ… မလွယ်ဘူးဆိုတာတော့ သိပေမယ့် ဖတ်လို်က်ရတော့ ပိုသိသွားမယ် ထင်ပါတယ်… ဒါတောင် ချန်ထားသေးတာဗျ…
တခုပဲ ဂဇက်ထဲက မင်္ဂလာဆောင်ရင် ပြောပါ… အခမဲ့ Wedding Planner လုပ်ပေးပါ့မယ်.. ဘတ်ဂျက်ရယ်… လုပ်ချင်တဲ့ ပုံစံရယ်… ခေတ်သစ်လား ပုံမှန်ပဲလား… ပြောပါ… ကူညီပါ့မယ်…
နောက်တပိုင်းပဲ ကျန်တယ်… အဲဒါကတော့ မင်္ဂလာဆောင်ပို့စ်နဲ့ ဆိုင်လဲ ဆိုင်တယ်… မဆိုင်ဘူး ပြောလဲ ရတယ်လေ… လင်မယားဖြစ်သွားပြီး ဆောင်ပြီး ထပ်သွားတဲ့ နောက်ဆက်တွဲကိုး…
ကျွန်တော် ရက်တော်တော် အချိန်ပေးပြီး ရေးထားတာပါ… အဆုံးထိ မညီးမညူ ဖတ်ခဲ့ရင် ကျေးဇူးပါ.. အပိုင်းလဲ မခွဲချင်တော့လို့ပါ…
တကယ်လို့ ဆောင်ဖြစ်ရင် အချိန်ရအောင် ကြိုပြီး ၁ နှစ်လောက် ပြောပါဗျာ…နော်… ပလန်သေချာ ဆွဲပေးပါ့မယ်… ကိုယ့်တုန်းက လိုတာကို ထပ်ဖြည့်ပြီး အကောင်းဆုံး ကူညီပါ့မယ်…
ကျေးဇူးတင်ပါတယ်…. 🙂 🙂 🙂 ပုံ ရေမြေ့သနင်း (ခ) လူတလုံး (ခ) ကိုထွဋ်
19 comments
ဂျက်စပဲရိုး
October 18, 2014 at 8:22 am
ဖတ်ရရုံနဲ့ကို မောတယ် ဆြာရယ်..
ဒီတိုင်းဆို မင်္ဂလာ မဆောင်ဘဲ ခိုးပြေးမှ နဲ့တူတယ်….
အဲ့လို လိုက် အစီအစဉ်ဆွဲရ စီမံရတာတွေ အတော် မုန်းတာကိုး..
Yae Myae Tha Ninn
October 18, 2014 at 8:35 am
ဟားဟား… ဒါပေမဲ့ ဂျက်ရယ်… မောတော့ မောတာပေါ့… ဒါပေမဲ့ မမောဘူးပေါ့ကွယ်… 🙂
kyeemite
October 18, 2014 at 9:35 am
.ရေးထားလိုက်တာစုံစိနေတာပါလားဗျ
.ရန်ကုန်မင်္ဂလာဆောင်တွေကတော့ဒီလိုပါပဲ…ရုတ်ရုတ်သဲသဲကသုတ်ကယက်နဲ့စခန်းသွားကြရတာ
.ကျုပ်တုန်းကတော့ အဲ့လောက်ဒုက္ခမရောက်ခဲ့ပါဘူး…
.ဘုန်းကြီးကျောင်းမှာဆိုတော့…ဘာမှလည်းခမ်းခမ်းနားနားမလုပ်ပါဘူး..အလှူထမင်းဖိတ်ကျွေးသလိုပါပဲ
.အဲ..ထူးတာကတော့..ညဘက်သူငယ်ချင်းတွေနဲ့ နဂါးနီစားသောက်ဆိုင်မှာသောက်စားကြပြီး
.၁၁နာရီခွဲလောက်မှ ကားနဲ့ ပဲခူးကိုပြန်ကြတယ်..ခန်းဝင်က ပဲခူးမှာလေ
.ပဲခူးရောက်တော့ ဟိုကအဖွဲ့က သောက်စားဖို့စောင့်နေကြတော့…အုန်းတောစားသောက်ဆိုင်မှာ
.ဆက်ဆွဲ…မနက်၃နာရီမှ အခန်းပြန်ရောက်တယ်…လူလည်းလယ်ထွက်နေပြီ…ကုတင်ပေါ်ရောက်တာနဲ့
.တခေါခေါအိပ်သွားတော့တာပဲ :k:
မမချွိ
October 18, 2014 at 9:37 am
တစ်ထုထု လွဲနေသလိုလိုပဲ။
:k:
Yae Myae Tha Ninn
October 18, 2014 at 9:40 am
ဒါဆို ဦးကြီးမိုက်က ခွိ… မ ဘတ်ချလာနိုက်လိုက်ရဘူးပေါ့… 🙂 ကန်တော့နော်.. ကန်တော့…. 😀
မမချွိ
October 18, 2014 at 9:36 am
ခက်လယ်ကော်။
ဘာလို့ မြန်မာ မင်ဂါဆောင်တွေ ဒီလောက် အလုပ်ရှုပ်တယ်မသိ။
Wedding Planner လုပ်ငန်း လေး တွင်တွင်ကျယ်ကျယ်လုပ်နိုင်ရင်တော့ ကောင်းမယ်။
:k:
မဖစ်ပါဘူးးး
အဲဒီ လုပ်ငန်းလေး ပြန်လုပ်ရအောင် မင်ဂါများများဆောင် (အဲလေ ဟုတ်ပေါင်) မင်ဂါဆောင် များများကို လေ့လားအူးမှပါ။ :mrgreenn:
Yae Myae Tha Ninn
October 18, 2014 at 9:43 am
ဟုတ်တယ်ချွိ… ကျွန်တော်လဲ ဝါသနာ ထက်… ကိုယ်ခက်ခဲခဲ့တော့ သူများတွေကို အဆင်ပြေစေချင်တဲ့ စိတ်နဲ့.. ပလန်နာ လုပ်ချင်လာတယ်… 🙂
အလင်းဆက်
October 18, 2014 at 10:46 am
ဖွေးဖွေးနဲ့…အနော် မင်ဂါဆောင်ချင်တယ်.. ။
အဲ့ဒါ..ကူပါဦး ။
(မင်ဂါပွဲဖြစ်မြောက်တဲ့အထိသာ)
:k:
Yae Myae Tha Ninn
October 18, 2014 at 10:49 am
ရတယ်.. ညနေ.. အကြေအလည် ဆွေးနွေးကြမယ်… 🙂
တောင်ပေါ်သား
October 18, 2014 at 12:39 pm
ခင်ညားဟာဖတ်ရတာ ရင်မောတာာာ ၊
မိန်းမတောင် မယူချင်တော့ဘူး ၊ 🙂
Yae Myae Tha Ninn
October 18, 2014 at 12:56 pm
ကိုတောင်ပေါ်သားရယ်.. မောလဲ ပျော်ပါတယ်… မောပျော်ပေါ့… 🙂
မြစပဲရိုး
October 18, 2014 at 2:22 pm
ဖတ်လို့ ကောင်းတယ် မောင်ထွဋ် ရေ။
အချိန်မရလို့ နောက်မှပြန်ဝင်မန့်တော့ မယ်။
ဒါနဲ့ { သွားရိုက်တဲ့နေ့က ဦးကြီးမိုက်တို့ မင်္ဂလာဆောင်တဲ့နေ့ပဲ} ဆိုတော့
ကကြီးမိုက် ကလဲ ဒီနှစ်ထဲ မှ မင်ဂါဆောင် တာပေါ့။ ဝုတ်လား။ 🙄
lol:-)))
:))
Yae Myae Tha Ninn
October 18, 2014 at 2:32 pm
ဟုတ်.. အရီးရေ… ကျေးဇူး…
သွားရိုက်တဲ့နေ့က ဦးကြီးမိုက်တို့ မင်္ဂလာဆောင်ရက်ဆိုတာ မတ်လ ၂ရ ရက်နေ့လို့ ပြောတာပါဗျာ..
🙂
etone
October 18, 2014 at 3:26 pm
အိုက်လိုဒေ …. အာရုံနောက် .. အဲ မွှားရို့စ် … စီစဉ်စရာဒေများလို့ … အိမ်ထောင် မပြူ ချင်ထှာ … ခီခီ
Yae Myae Tha Ninn
October 18, 2014 at 3:33 pm
ဘယ်က စိတ်ကူးပေါက်ပြီး ရောက်ချလာတာလဲ… ဒေါ်အိတုန်… 🙂
လာမန့်ပေးတာ ကျေးဇူးပါ…နော်…
etone
October 18, 2014 at 3:43 pm
ရွာထဲမှာ အရောင်းဝယ်ကောင်းနေတယ် …. ဓါးရောင်းမို့ ခနဝင်လာတာ … အဟွတ်
Yae Myae Tha Ninn
October 18, 2014 at 3:49 pm
ရောက်တာနဲ့ လုပ်တော့မယ်… 🙂 ဒေါ်အိတုန်တယောက်တော့… 🙂
Foreign Resident
October 19, 2014 at 7:51 pm
” ဂဇက်ထဲက မင်္ဂလာဆောင်ရင် ပြောပါ… အခမဲ့ Wedding Planner လုပ်ပေးပါ့မယ် ”
ဟဲ ဟဲ ။ သူ offer ပေးနေတာနှင့် စိတ်ကူးယဉ်ကြည့်လိုက်ဦးမယ် ။
Yae Myae Tha Ninn
October 20, 2014 at 8:53 am
ဟားဟား… တကယ်ဆောင်ရင် ပြောပါ.. အဘဖောရေ… တကယ် ကူမှာပါ… 🙂