အမေ သို့
အောက်တိုဘာ ၂၁ လူဖြစ်လာတဲ့ငါ
အဖေဆိုတာ မမြင်ဖူး အမေကိုသာ ဦးချ
ဖြတ်သန်းရ ခရီးလမ်း အတော်ကြမ်းခဲ့တယ် ၊
မျက်နှာမငယ်စေချင်တဲ့အမေ ထားစေတဲ့ကျောင်းက တီတီစီ
မညီညာလူတန်းစားတွေကြား နေသားကျအောင်ကြိုးစား
အမေ့သား မတော်လှပေမယ့် ၁ နှစ်မှာ တစ်တန်းတက်ခဲ့
ဘွဲ့ရယ်လို့ရပြီး လောကကြီးကို စ ရင်ဆိုင်
နိူင်တာလည်းရှိ ယိုင်တာလည်းရှိ
ပြုံးတာလည်းရှိ ရှုံးတာလည်းရှိ
သိလာရ ဘဝအကြောင်း
ကောင်းချိန်မှာစံ နှောင်းချိန်မှာခံ
ကံဇာတ်ဆရာ အလိုတော်အတိုင်း
ခပ်မှိုင်းမှိုင်းဘဝလမ်းမှာ
သားဟာ အားမပါသူ မဟုတ်ကြောင်း
အမေကောင်းကောင်းသိစေဖို့
ကြိုးစားလို့ ရုန်းနေဆဲ
အရှုံးတွေထဲက အမြတ်ရှာ
ကျနော်ဟာ အမေ့သားပဲဗျာ
အားခဲကာ မာန်ကိုတင်း
ကောင်းခြင်းဆိုတာ လက်တစ်ကမ်းပါ ၊
15 comments
Yae Myae Tha Ninn
October 21, 2014 at 4:34 pm
ကိုကြီးရေ… ကြိုးစားထားပါ.. အခုလဲ အောင်မြင်တယ် မဟုတ်လား…
တောင်ပေါ်သား
October 21, 2014 at 4:38 pm
သာမန်ပဲရှိသေးတယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားဆဲပါ ၊
Yae Myae Tha Ninn
October 22, 2014 at 9:22 am
ဒါပေမဲ့ ကြားသလောက ်နေရာ တနေရာ ရတယ် သိရပါတယ်… ကျွန်တော် အဲ အသက်ရောက်ရင် အကို့လို နေရာ တနေရာ ရှိမှ ရှိပါ့မလားလို့ တွေးမိပါတယ်… 🙂
တောင်ပေါ်သား
October 22, 2014 at 9:30 am
ဘာနေရာမို့လည်းဗျ
မမချွိ
October 21, 2014 at 5:54 pm
မွေးနေ့မှာ အမေ့ ကို သတိတရ ရှိတဲ့ စိတ်ကို သာဓုခေါ်ပါတယ် အကိုကြီးးမျိုးး
🙂
ခင် ခ
October 22, 2014 at 1:18 pm
မွေးနေမဟာ မြတ်မင်္ဂလာမှာ
မိခင်တမ်းတ ဦးချလို့သာ
စာကဗျာထွင်း ရေးသီပြုလာ
တောင်ပေါ်သားမှာ ……….
ကျန်းမာချမ်းသာ ဘေးကင်းကွာလို့
နှောင်းချိန်လျှောက်ခရီး တိုးတက်ဖြစ်ဖို့
ဆန္ဒပြုသဗျို့။
တောင်ပေါ်သား
October 22, 2014 at 1:30 pm
ကျေးဇူးပါ ကိုခ ရေ
မြစပဲရိုး
October 22, 2014 at 4:13 pm
မွေးနေ့မှာ အမေကို သတိတရ ကန်တော့ တာ မင်္ဂလာရှိလိုက်တာ။
အမေကိုချစ်တဲ့ သား မို့ ဘယ်တော့မှ မဆင်းရဲဘူး ကိုမျိုး ရဲ့။
အန်တီက အရမ်းနုပျို နေတာဘဲ နော်။
. ချောတုန်းပါဘဲ။
. မွေးနေ့မှာ ရွှင်လန်း ပြီး ဆုတောင်းတွေ ပြည့် ပါစေ ရှင့်။
. အပူရှာတဲ့ ဆုတော့ မပါဘူးထင်ရဲ့။
;-)))
အလင်းဆက်
October 22, 2014 at 4:31 pm
မွေးမေမေနဲ့…အတူ…
မွေးနေ့ပေါင်းများစွာမှာ…
ချစ်သောသူတွေနဲ့…. လွတ်လပ် ငြိမ်းချမ်းပါစေကြောင်းးးး
kyeemite
October 24, 2014 at 10:55 am
.မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာ အစစအဆင်ပြေစွာနဲ့ .ချစ်သောမိသားစုလေးနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေဗျာ 🙂
Yae Myae Tha Ninn
October 24, 2014 at 11:46 am
နေရာဆိုတာ သူများက အသိအမှတ်ပြုထားတဲ့… ဒီကိစ္စဆို သူပဲ တတ်နိုင်တယ်.. ဒါမျိုးပါ… 🙂
တောင်ပေါ်သား
October 24, 2014 at 4:06 pm
( အမေကိုချစ်တဲ့ သား မို့ ဘယ်တော့မှ မဆင်းရဲဘူး ကိုမျိုး ရဲ့။ )
အရီးရေ လောလောဆယ်တော့ ရုန်း၍ ကန်၍ ရင်ဆိုင်၍ ပါပဲဗျာ ၊
အလက်ဆင်း နဲ့ ကိုမိုက်ရေ ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ၊
ကိုထွဋ်ရေ မပြောပလောက်တဲ့ တစ်နေရာမှာ ကျနော် ရပ်နေဆဲပါ ၊
Yae Myae Tha Ninn
October 24, 2014 at 4:40 pm
တရက်ဆုံချင်တယ်.. မနက်ဖြန်လာမလား… ရွှေဟသာင်္တကို.. ဦးကြီးမိုက်နဲ့ ဆက်သွယ်လိုက်လေ.. ဒါမှမဟုတ် ကျွန်တော့်မေးလ်ကို အင်ဗိုက်လိုက်ပါလားဗျာ.. muli.htut@gmail.com
တောင်ပေါ်သား
October 24, 2014 at 4:52 pm
ကျနော်က တနင်္ဂနွေ တစ်ရက်ပဲ ရုံးပိတ်ပါတယ် ၊
အချိန်တွေ ရှိပါသေးတယ်ဗျာ ၊ ကျနော့်မေးလ်က myanmargoal@gmail.com ပါ ၊
Yae Myae Tha Ninn
October 24, 2014 at 5:07 pm
ညဘက်ကို ပြောတာဗျ… ၆ နာရီလောက် ရုံးမဆင်းသေးဘူးလား… အင်ဗိုက်လိုက်ပြီနော်… 🙂