အော်… အံ့ဩပါရဲ့… ငွေငါးသိန်း … ဟုတ်စ……
– အဟွာကို ရေပြန်နူးတာ မဟုတ်ပါ… တအုံ့ နွေးနွေး ဖြစ်ဖြစ်နေတာကို ရင်ပြန်ဖွင့်တာပါ.. ခုချိန်ထိ လတ်ဆတ်နေဆဲပဲ…
– ဖြစ်ပုံက ဒီလိုဗျ…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကလင်.. ကလင်… ကလင်….။အောင်လေးလား???။ဟုတ်.. ကိုကြီး…။အဖေ ဆီးကြိတ်တည်နေလို့ ခွဲရမယ်… ရန်ကုန် တက်လာရမယ်တဲ့…။လာခဲ့လေ.. အမေ့တုန်းကတော့ ဂျပန်ဆေးရုံမှာ အဆင်ပြေသွားတယ်…။အေး .. ရောက်တော့ တိုင်ပင်တာပေါ့… ခုက ဆီးပိုက်နဲ့.. ငွေလဲ ၁ဝ သိန်း လောက်ပဲ ပါလာမယ်…။ဟုတ်.. လာခဲ့လေ… အဆင်ပြေအောင် ဝိုင်းစဉ်းစားပေးမယ်…။အေး.. အေး ဒါဆို ဒါပဲနော်…။ဟုတ်…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– (ဇနီးလောင်းနဲ့ တိုင်ပင် ဖြစ်ပုံ)…
– ဝါရေ… အကို တဝမ်းကွဲတော့ ရန်ကုန် လာမယ်တဲ့…
– အဲဒီတော့…
– သူ့အဖေက ဆီးကြိတ်ဖြစ်လို့ ခွဲရမယ်တဲ့ …ဆီးပိုက်နဲ့တဲ့… ပိုက်ဆံကလဲ ၁ဝ သိန်းပဲ ပါမှာတဲ့…. ဒီတော့ ကို တို့ တသိန်းလောက် ပေးလိုက်ကြမလား…????
– အခြေအနေအရ ၅ သောင်းဆိုလဲ ၅ သောင်းပေါ့… အမျိုးတွေ ဆေးဖိုးကူဦးမှာပါ… (အမေဆေးရုံတင်တုန်းက ဆေးဖိုးဆိုပြီး စုစုပေါင်း ၅ သိန်းလောက် ဆေးဖိုးလာပေးကြတယ်…)
– စာကြွင်း။ ။ အဲအချိန်က အမေ ဆေးရုံက ဆင်းပြီး နည်းနည်း ကြာနေပါပြီ… သို့သော် အဲတုန်းက အကြွေးများလဲ ဆပ်နေတုန်း… မင်္ဂလာဆောင်ကလဲ ရှေ့ ၃ လလောက်ဆို ရက်ရွေး ဘာရွေး နဲ့ စတော့မယ်… သိတဲ့အတိုင်း လခစား နဲ့ ဆေးဖိုးတဖက်၊ အကြွေးတဖက်၊ မင်္ဂလာဆောင်စရိတ်တဖက် အဖက်ဖက်က ဆိုတာလို အဲအချိန် မှာ စဉ်းစားနေကြတာပါ….
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– ရန်ကုန်ရောက်ပြီ…
– သား… နင့် ကိုကြီးရောက်နေပြီ…
– ဟုတ်လား… အိမ်မှာလဲ အိတ်တွေ မတွေ့ပါလား…
– အေး.. နင့် အန်တီ တဝမ်းကွဲ အိမ်မှာ တည်းတယ်တဲ့… ဒုက္ခမပေးချင်လို့တဲ့…
– အော်… ရပါတယ်… ဘာပဲ ပြောပြော အမျိုးတွေပဲ… ကူညီရမှာပေါ့…
– ဒီလိုနဲ့ မသွားဖြစ်သေးဘဲ ဖုန်းဆက်လိုက်တယ်…
– ရောက်နေတယ်ဆို… ကိုကြီး
– အေး… အဖေကိုတော့ အာရှတော်ဝင် တင်ထားလိုက်ပြီ…
– ဗျာ…
– ဂျပန်ဆေးရုံမတင်ဘူးလား… ဟိုမှာလဲ ကောင်းပါတယ်… ဆရာဝန်ကြီးတွေက တနေ့ ၂ ကြိမ် မကဘူး… Round လှည့်တယ်…
– မေးပြီးသွားပြီ… ခွဲမယ်ဆို စောင့်ရမယ်တဲ့… ကြာမှာတဲ့…ငါတို့မှာ ပိုက်ဆံ အဲလောက်မရှိဘူး… ဒါကြောင့် မြန်မြန်ခွဲလို့ ရအောင် အာရှတော်ဝင်ပဲ တင်လိုက်တယ်…
– အင်းလေ… အဆင်ပြေတယ်မလား…
– ပြေပါတယ်…
– ဒါဆိုလဲ ပြီးရောလေ…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– ဒီလိုနဲ့ မသွားဖြစ်ခဲ့ဘူး… တကယ်တော့ အဲတုန်းက စနေဆို အရှေ့ဒဂုံမှာ ပညာဒါနသင်နေတယ်…
– တနင်္ဂနွေဆို ရွှေမြယာကို သွားပြီး တနေကုန် မနက် ၄ နာရီထ သွား… ည ဆို ၈ နာရီကျော်မှ ပြန်ရောက်တယ်…
– ကားချည်းပဲ စီးရတာ ၃ နာရီ အသွားအပြန်ဆို ရ နာရီလောက်က ကားစီးရတာ…
– တနင်္ဂနွေနေ့ သွားဖို့ ညမှာပဲ ဖုန်းလာတယ်… အဒေါ်ဆီက
– အောင်ငယ်… နင့် ဦးလေးလာတာ လာမကြည့်ဘူးလား… ???
– လာမယ်… မအားသေးလို့…
– နင့် အားကိုးပြီး လာတဲ့ ဟာကို…
– ဟုတ်တယ်လေ… အခု အဒေါ်တို့ဆီမှာ တည်းတယ်.. ဆေးရုံလဲ တင်ထားပြိဆို…
– အေး.. ဘာပဲ ဖြစ်ဖြစ် .. နင့် ဦးလေးပဲလေ… လာကြည့်လိုက်ဦး…
– ဟုတ်…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– သက်သာ မြန်ဆန်အောင် ကြိုးစားခြင်း…
– တကယ်တော့ မအားရပါဘူး… ဆားဗစ်တွေကလဲ ဆက်တိုက်ပါပဲ.. မိုးရွာတုန်းလဲ ရေခံမှလေ…
– ပေးမယ့် ပိုက်ဆံ ၅ သောင်း ဒါမှ မဟုတ် ၁ သိန်းတောင် ဖျစ်ညှစ်ပြီး ပေးရမှာ… အမျိုးကိုး…
– ဒါနဲ့ … ဆေးအတွက် မလေးရအောင်… အမေ့ကို ကုပေးတဲ့ ဆရာဝန်ကြီးဆီသွား… အကူအညီတောင်း…
– သူကလဲ ၃ ခုပဲ ပြောပါတယ်… တစ် သူပင်စင်ယူလိုက်ပြီ… နှစ် သူက Medical ပါ… သုံး အဲလို အကူအညီကတော့ မရနိုင်ပါတဲ့…
– ကျွန်တော်က ဘာသွားတောင်းတယ် ထင်လို့လဲ… တန်းစီရတာကို ကျော်လို့ရလားလို့… မေးမိတာ ဘောင်တောင် ကျော်သွားတယ်… စိတ်မဆိုးတာ ကံကောင်း…
– ဒါနဲ့ လက်မလျှော့ပါဘူး… ဆေးရုံတက်ခဲ့တုန်းက ခင်ခဲ့တဲ့ သူတွေကို ဖုန်းဆက် ဘယ်မှာ အဆင်ပြေမလဲပေါ့…
– ညွှန်းပါတယ်… မြောက်ဥက္ကလာဆေးရုံမှာတော့ ဆရာဝန်တယောက်ရှိတယ်တဲ့… ဆေးရုံတက် စစ်.. စက်ကိရိယာကတော့ သူ့ကိုယ်ပိုင်ဆေးခန်းမှာ မစုံဘူးပေါ့…
– ပြီးရင် ဆေးရုံဆင်းပြီး ဆေးခန်းမှာခွဲပေါ့… ပိုက်ဆံကလဲ သိပ်မကုန်ဘူး… အိုကေဆိုပြီး… ကျွန်တော်လဲ ဆေးရုံကို သတင်းအစုံအလင်နဲ့ သွားလိုက်ပါတယ်…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– အမေ့ရဲ့ စေတနာ…
– အမေ နဲ့ သူ့အစ်ကို (ဦးလေး) က လုံးဝ မတည့်ပါဘူး… စကားလဲ မပြောပါဘူး…
– ကျွန်တော့်ကို ဖုန်းဆက်တဲ့ အကြောင်း အမေ့ကို ပြောတော့… အေး.. သွားကြတာပေါ့ဆိုပြီး….
– ကျွန်တော်တို့ လင်မယားက အရင် သွား… နောက်မှ အမေတို့က လိုက်လာပေါ့…
– ဟိုရောက်တော့ လူတွေ အများကြီး နဲ့ အခန်း… ဘယ်လောက်လဲ ဆိုတော့ ၁ သောင်းနီးပါး….
– ဈေးနှုန်းတွေက သိတယ်… ဘကြီး တယောက် ကျောက်ကပ်ဆေးလိုက်.. ဆေးရုံတက်လိုက်နဲ့ ဆိုတော့… နောက်ဆုံး သီးသန့် အသက်သာဆုံး အခန်းက ၁ သောင်းခွဲလေ…
– အခုနေတဲ့ အခန်းဆို ဆရာဝန်ကြီး လာချင်လာမယ်… လာရင် ပိုက်ဆံ ထပ်ပေးရသေးတယ်… ဂျပန်ဆေးရုံမှာက လူနာစေ့ ကြည့်တယ်… တနေ့ကို အမေ့တုန်းကဆို ၄ ကြိမ်လောက် Round တယ်…
– အဲကွန်း ခန်း သီးသန့်ဆို ၅ ထောင်ကျပ်… အပြင်ခန်းဆို အခမဲ့…
– ခွဲမယ်ဆိုရင် ဦးလေးက အသက် ၈ဝ ရှိပြီ… အားလိုတယ်… အားမွေးရင် ရက်ကြာမယ်… ဒါဆို Cost က တက်နေမှာလေ…
– ဒါကြောင့် ဂျပန်ဆေးရုံ ရွေးခိုင်းတာ… ခွဲမယ်ဆို ဆရာဝန် စရိတ် ပစ္စည်း စရိတ်ရှိသေးတယ်…
– အမေက အားမွေးရမယ် ဆိုတော့ သူ မနိုင်တဲ့ ကြားထဲက ထမင်းတွေ သွားပို့… ကြက်စွတ်တွေ လုပ်ပြီး ပို့နဲ့…
– တကယ်ဆို မခေါ်ကြဘူးနော်… အမေက အရမ်း စိတ်ကြီးတာ…ဘူးဆို ဖရုံလုံးဝ မသီးဘူး…
– သို့သော် ဒုက္ခရောက်နေတယ် ဆိုတော့ … မောင်နှမကလဲ အရင်း ဖြစ်တော့… နောက်တခုက ကျွန်တော်လုပ်စာ စားနေတော့ ကူနိုင်တာ ဒါပဲ ရှိတော့… သူ မနေနိုင်ရှာပါဘူး…
– နောက်တခုက ကျွန်တော် မအားတာကြောင့်လဲ ပါချင်ပါမှာပေါ့… တကယ်တမ်းတော့ ဦးလေးဆိုသူက အဘွားဆုံးတုန်းက တခါ လာလို့ မြင်ဖူးတယ် ဆိုတာပဲ ရှိတယ်…
– အကိုကတော့ ငယ်ငယ်က ၂ နှစ်ကျော်လောက် ထိန်းဖူးတယ်… ပြောချင်တာက သိပ်တောင် မရင်းနှီးဘူးပေါ့… အမျိုးတော့ တော်တယ်…
– အဲအတွက်လဲ စဉ်းစားပေးပါတယ်… လူရော၊ စိတ်ရော အကုန် လိုက်လုပ်ပေးထားပါတယ်… မရောက်ဖြစ်တော့တာပဲ ရှိတယ်…
– ရောက်တုန်းက အကြံပေးခဲ့ပါတယ်… အဒေါ်တယောက်ကိုရော.. အကို့ကိုရောပေါ့… ပိုက်ဆံ မလောက်လောက်ဘူး…ဆေးရုံပြောင်းမလား…
– ကျွန်တော်တို့လဲ မလွယ်လောက်ဘူး… မင်္ဂလာဆောင် အတွက် ရုန်းနေရတယ်… စိုက်စရာ အကူအညီပေးဖို့ရာ မရှိဘူးလို့…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– ဖုန်းထပ်ဆက်ပြီ…
– ဟဲ့ …နင်တို့က မလာတော့ဘူးလား…
– လာတယ်လေ… ဒီမှာပဲ ခွဲမယ်ဆို… ပြီးတော့ အန်တီတို့လဲ ရှိနေတာပဲ…
– နင့်ဦးလေး အရင်းခေါက်ခေါက်လေ… နင်တို့ကို အားကိုးပြီး တက်လာတာလေ…( တကယ်ဆို ကျွန်တော့်ကို အားကိုးရင် အိမ်မှာတည်းပေါ့…အတင်းခေါ်သွားတာလဲပါတယ်.. အိမ်က ညစ်ပတ်လို့တဲ့… )
– ကျွန်တော် မအားလို့ပါ… ဆေးရုံကလဲ မပြောင်းတော့ဘူးဆို… ( အကိုမပြောင်းဖြစ်တာ သူက ဒီမှာပဲ ခွဲ … သူ့ဆရာဝန်ဆိုပြီး ပြောထားတယ်တဲ့… )
– ဂျပန်ဆေးရုံမှာဆို အားမွေးလဲ အပြင်ခန်းမှာ နေရင် ပိုက်ဆံ မကုန်ဘူးလေ… အခန်းခ ပေးရလဲ ခွဲခ မပေးရဘူးလေ…
– တန်းစီရမှာ ဟဲ့… အဲလောက် အချိန်မရဘူး… ကောင်းကောင်း(အကို) မှာ အလုပ်ရှိသေးတယ်… ( အဲတုန်းကသာ အလုပ်ရှိတယ် တင်းခံတယ်… အခု အလုပ်ကထွက်လိုက်ပြီတဲ့… အဖေဖြစ်တုန်းက မထွက်ပဲနဲ့.. )
– မြန်မြန်ခွဲ မြန်မြန်ပြန်ပေါ့…ပိုက်ဆံ ပြန်ရှာရင် ရတယ်… ( အကို ကားမောင်းနေတာ ၁ လ ၁ သိန်းခွဲပဲ ရပါတယ်… မောင်နှမ အရင်း ၅ ယောက်ရှိပါတယ်… စုလိုက်တာ ၁ဝ သိန်းလောက်နဲ့ တက်လာတာ… တကယ်တော့ ဂျပန်ဆေးရုံမှာတက်ခွဲဖို့ပါ… ရန်ကုန်ရောက်ရောက်ချင်း အဒေါ်ကလာခေါ်သွားတာ… သူ ကုမယ်တဲ့.. ဒါဆို သူဆက်လုပ်ပေါ့.. ကျွန်တော်တို့က ဘေးက ဝိုင်းကူပေါ့ .. အဲလို ထင်ထားတာ… ပြီးတော့ သူ့ ညီမ ၂ ယောက်လုံးက ရထားတာ သူဌေးတွေချည်းပဲ…နောက်ဆုံး အကြွေးတင်ပြီး ပြန်သွားရတယ်… သူပဲ ပြန်ရှာ ပြန်ဆပ်နဲ့… )
– ကျွန်တော် စုံစမ်းတော့ သိန်း ၂ဝ လောက်ကုန်မယ်တဲ့… သူ့မှာ အဲလောက်မှာ မရှိတာ… ( ဂျပန်ဆေးရုံမှာဆို ထပ်မကုန်တော့ဘူး… )
– ဒါဆို နင်ပေးလိုက်ပေါ့…
– ကျွန်တော့်မှာ အဲလောက်မှ မရှိတာ… မင်္ဂလာဆောင်ဖို့လဲ ရှိသေးတယ်… အမေ့ဆေးဖိုးလဲ ရှိသေးတယ်… ( ကျွန်တော့် လစာ ၂ သိန်းခွဲမှာ… အမေ့ဆေးဖိုးက ၁ သိန်းခွဲလောက်ရှိပါတယ်.. အခုဆို ၂ သိန်းကျော်နေပါပြီ… ဆောင်ဖြစ်တော့ ဖုန်းငွေဖြည့်ကဒ်က အမြတ်ရယ်… တနှစ်စာ ဘောနပ်ရယ်… ငွေတိုးပေးထားတဲ့ ပိုက်ဆံတွေရယ်.. အကုန် ထုတ်သုံးထားရတာ… လက်ဖွဲ့ ပြန်မရခဲ့ရင် အကုန် အသစ်က ပြန်စပဲ… မိုက်မိုက်ကန်းကန်းကို ဆောင်ခဲ့တာပါ… အခြေအနေကလဲ အဲလို ဖြစ်လာတာကိုး… မှန်းထားတဲ့ Plan ထက်လဲ ပိုပို ကုန်မယ့် အရေးကလဲ မြင်ထားတော့…)
– ရတယ်လေ… ငါးသိန်းပေးလိုက်ပေါ့….
– ဗျာာာာာာာာာာာာာာာာ…
– ကျွန်တော် ဘာပြန်ပြောရမလဲဗျာ… အခုပြောနေသူ အဒေါ်က ကျွန်တော်နဲ့ အသက်ချင်းယှဉ်ရင်… အကိုတို့နဲ့ ရင်းနှီးမှု ယှဉ်ရင်… အမျိုးလဲ တန်းတူလောက် တော်တယ်…
– သူ့သမီးတယောက်ကိုလဲ သူဌေး တယောက် နဲ့ ပေးစားထားသေးတယ်… အဲလို လူတယောက်က သူက မကူပဲ … ကျွန်တော့်ကို ကူခိုင်းတယ်…
– အမေ ဆေးရုံတက်ရတာလဲ အသိ… ကုန်တာ လဲ အသိ… မင်္ဂလာဆောင်ဖို့ လုပ်နေတယ်… ကိုယ့်ဘာသာ ပိုက်ဆံ ရှာနေရတယ်… လစာဆိုလဲ ကြားဖူးနေတယ်…
– ဒီစကား ဘယ်က ပြောထွက်တာလဲ… ပြောလိုက်သေးတယ်.. နင့်အမေ ရွှေတွေ ရှိတယ်တဲ့… အော်.. အော်…
– သားအရင်း ကျွန်တော်တောင် ဘယ်လောက် ကြပ်ကြပ်… ဆေးရုံတက်တုန်းကတောင် အဖေက ရောင်းဆိုတာတောင် ရတယ်.. သားရအောင် ရှာမယ်… ရအောင် ကုမယ်…
– မင်္ဂလာဆောင် အတွက် သား ရွှေရောင်းမလားဆိုတော့.. နေနေ… အမေတို့ အိုစာ မင်းစာ ထား…
– ဒါကို ကျွန်တော်က မိုက်ရိုင်းတယ် ပဲထား.. ကျေးဇူးခံ ကျေးဇူးစား မရှိတဲ့ သူ အတွက် ရွှေတွေ ထုတ်ပဲ ရောင်းပေးရဦးမယ်…
– ကြား ပဲ မကြားဖူးပေါင်ဗျာ…..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
PS…..ကျွန်တော် မှန်တယ်လို့ မပြောလိုပါဘူး… ဒါပေမယ့် မလွန်ဘူး ထင်ပါတယ်နော်… ကော်မန့်တွေ ပေးကြပါဦး… ကိစ္စရှိလို့ အမျိုးတွေ ဆုံလိုက်တိုင်း ပြန်တွေ့ရရင် .. အဟောင်းတွေ အသစ်ဖြစ်ကုန်တယ်… သူတို့(အဒေါ်) မခေါ်တော့သလို ကျွန်တော်တို့ တမိသားစုလုံးလဲ – ဖတ်ကို မလုပ်တော့ပါ…
ဆုံးအောင် ဖတ်ပေးသွားရင် ကျေးဇူးပါနော်… ရင်တွင်းဖြစ်ပါ… 🙂 🙂 🙂
43 comments
တောင်ပေါ်သား
October 28, 2014 at 4:10 pm
အင်းးးးးး ကျနော်တို့က အမျိုးတွေနဲ့ ဝေးတယ် ၊
ရန်ကုန် နဲ့ ကချင်ပြည်နယ်လေ ၊
ဒီတော့ သူတို့ဖြစ်ရင်လည်း မြစ်ကြီးနား ဒါမှမဟုတ် မန္တလေးမှာတင်ပဲ ၊
ဆိုတော့ ကျနော်တို့ သိပ်မပါဖြစ် ၊ ဆေးရုံဆင်းမှ သိရတာမျိုး ၊
ကိုယ့်မိသားစုမှာတော့ သိန်းချီကုန်မယ့် အရေး မကြုံခဲ့သေးပါဘူး ၊
အမျိုးတွေက ဝေးလို့ထင်ပ ၊ အရမ်းချစ်ကြတယ် ၊
အင်းလေ ဘဝမျိုးစုံ လူမျိုးစုံ အတွေ့အကြုံမျိုးစုံပေါ့ ၊
Yae Myae Tha Ninn
October 28, 2014 at 4:15 pm
ကျွန်တော်တို့ လဲ ကိုယ်တိုင် ကိုယ်ကျ သိရတဲ့ ဆေးရုံတင်တာလဲ… အမေ နဲ့ အခု ဦးလေး လောက်ပဲ… တက်တော့လဲ ဆိတ်အထွာနဲ့ဆို သောက်သောက်လဲ ပြောရမှာပေါ့… 🙂
etone
October 28, 2014 at 5:01 pm
ပြောရလျှင် ကိုယ့်ရှိမှ ကိုယ်စားရတာပါ … ။
အမျိုးဆိုတာမျိုးက ကိုယ်က ပေးနိုင်ကျွေးနိုင်မှ … ဒါပေမယ့်လည်း သိုက်သိုက်ဝန်းဝန်း အသိုင်းဝိုင်းရှိတယ်ဆိုတာကလည်း မင်္ဂလာတပါးပါပဲ .. ကိုယ်ကလည်း ဘာမှ မမျှော်လင့်နဲ့ … မျှော်လင့်ချက်လည်း မပေးနဲ့ပေ့ါနော် ကျွေးနိုင်ပေးနိုင်လျှင် ဒီတိုင်း ပေးလိုက်တာက စိတ်ချမ်းသာရာရမယ် … ။
Yae Myae Tha Ninn
October 28, 2014 at 5:08 pm
ဒီတိုင်းပဲ ကျင့်သုံးတာပါ အိတုန်ရယ်.. အမျိုးတွေ အိမ်ဆို သွားတောင် မသွားဘူး… ဆင်းရဲတော့ လာတောင်းစားတယ် ထင်မှာစိုးလို့… ( ဒါက အမေထည့်ပေးလိုက်တဲ့ စိတ်ဓာတ် ) ကိုယ်ကိုယ်တိုင် ရှိအောင် ကြိုးစားတယ်.. ရရင် နိုင်သလောက် ကူညီပါတယ်.. ဒါတောင် ခလုတ်လာတိုက်တာ… 🙂
လုံမလေးမွန်မွန်
October 29, 2014 at 12:12 am
အွန်.. တစ်ခါတစ်လေများ ငါးရာတောင် လက်ထဲမရှိချင်ဘူးရယ်.. ငွေငါးသိန်းဆိုပဲ… အဒေါ်ါ်ဆယ့်ငါးသိန်းစိုက်ရင် ကျွန်တော်ပေးမယ်လို့ ြြပြန်မေပြာလိုက်ဘူးလား ❆ 🙂
Yae Myae Tha Ninn
October 29, 2014 at 9:05 am
ဒါမျိုးကျတော့ ယောကျာင်္းလေးတွေက နှုတ်တွန့်တယ်… မွန်မွန်ရဲ့… အဒေါ်ဖြစ်နေတော့ စိတ်လျှော့ပြီး ပြန်မပြောတာလဲ ပါတယ်… 🙁
MAUNG
October 29, 2014 at 6:49 am
မရှိ မကောင်း၊ ရှိမကောင်းပေါ့ ဘရို
အပေါ်က မအိတုန် မန့်သွား သလိုစိတ် ထားနိုင် တာအကောင်း ဆုံးနေမှာပါ ဗျာ…
Yae Myae Tha Ninn
October 29, 2014 at 9:07 am
စိတ်ကတော့ ထားပါတယ်ဗျာ.. နိုင်သလောက်ကူဖို့ စိတ်ရှိပြီးသားပါ… အမေကလဲ သင်ထားပါတယ်… သူတို့ကကို တမျိုးမြင်နေတာ… မပေးချင်လို့ လီဆယ်တယ်ပေါ့… ( MAUNG )
အလင်းဆက်
October 29, 2014 at 7:05 am
ဘာပဲဖြစ်ဖြစ် ကို ပြောချင်ရာလေး ဝင်ပြောဦးမှ
ခီညား စာရေးပုံ အတော် သပ်ရပ်တယ်
အဲ့ဒါ တကယ်ပြောတာ
ကျနော့်အထင် ကထွဋ် ဇာတ်ညွှန်းတွေ
ဝတ္ထုတွေ ဇောက်ချ ရေးရင် အောင်မြင်မယ် ထင်
Yae Myae Tha Ninn
October 29, 2014 at 9:09 am
ဆက်ဆက်ရေ.. ဒါ ဦးကြီးမိုက်ပေးတဲ့ အကြံဉာဏ်လဲ ပါတယ်… စာရေးပုံကိုလဲ ပြောင်းပြောင်းပြီး ရေးကြည့်တာ.. ဘယ်ပုံစံကို အားသန်လဲပေါ့… အာေးပးတာ ကျေးဇူးပါ… 🙂
မမချွိ
October 29, 2014 at 8:48 am
ရှင်းရှင်းလေးးး၊
ကိုယ့် အပေါ် အလိုက်မသိ ဆက်ဆံရင် ကိုယ်လည်း အားနာနေစရာမလိုဘူးးး
ခါတလေ ရှင်းရှင်းလင်းလင်း တစ်ခါပဲ ပြော။
ရှင်းရှင်းလင်းလင်း မိတ်ဆွေခန်းပြတ် ဆွေမျိုးခန်းပြတ်တယ်။
ဟိ။
အားနာတယ် ဆိုတာ ပြောလို့သာကောင်းတာ၊.ကိုယ်က ခံဖက်ကချည်းပဲ။
ဟိ။
ပြောပစ်!!
မြှောက်ပေးလိုက်ပြီ။ ဟိ။
Yae Myae Tha Ninn
October 29, 2014 at 9:15 am
ဟုတ်ပါတယ်.. ဇီဇီ… မုန်းတော့ မမုန်းတော့ပါဘူး..:)
အကူအညီလာတောင်းရင်တော့ နိုင်သလောက်ပေးမိဦးမယ် ထင်တယ်…
မာတယ်ထင်ပေမယ့် ကိုယ့်ကိုယ်ကို သိတယ်… 🙂
ဂျက်စပဲရိုး
October 29, 2014 at 9:11 am
အမျိုးလဲ အမျိုးပေါ့ဗျာ
ကိုယ့်မှာမှ မရှိတာ
နောက်ဆုံးအဆင့် ဒါမှ မရရင် သေပါတော့မယ် တခြားလဲ ဘယ်က မှ ရစရာ မရှိတော့ပါဘူး ဆိုရင်တောင် တစ်မျိုး
ခုက သူဌေး ၂ ယောက် ယောက္ခမ ကြီး က နေပြီး အဲ့လို ပြောထွက်တယ် ဆိုတော့ ရင်ထဲ မကောင်း 🙁
Yae Myae Tha Ninn
October 29, 2014 at 9:18 am
သူဌေးတယောက် ရဲ့ ယောက္ခမပါပဲ.. ဂျက်… သူဌေး ၂ ယောက် ရဲ့ ယောက်ဖက အကိုတဝမ်းကွဲ…
တနင်္ဂနွေက မင်္ဂလာပွဲတခုမှာ သွားတွေ့လိုက်ရတော့ ရင်ထဲ ပြန်နာလာလို့… 🙁
kyeemite
October 29, 2014 at 10:51 am
.စိတ်လျှော့ ကိုထွဋ်ရေ..ဆွေမျိုးတွေဆိုတာဂလိုပဲကွ
.ဒီနေရာမှာအရေးကြီးတာက ကိုထွဋ်ပြောသလို ဆေးရုံဆေးခန်းရွေးချယ်မှုပဲ
.နှိမ်တာမဟုတ်ပါဘူး…ကုန်ကျစရိတ်ကိုတွက်ကြည့်ပြီး ကိုယ်တတ်နိုင်မဲ့နေရာရွေးသင့်တာ
.လက်ထဲ ၁ဝသိန်းရှိရင်တောင် ၅သိန်းလောက်ကုန်မဲ့နေရာရွေးသင့်တာ..ဆေးကုတယ်ဆိုတာ .ထင်တာထက်၊ မှန်းတာထက်ပိုကုန်တတ်တာချည်းပဲကိုး
.ခုနေခါမှာ အာရှတော်ဝင်လိုနေရာမှာ စရိတ်ကနဲတာမဟုတ်
.ကိုထွဋ်ကလည်းလခစားဆိုတော့ အဲ့လောက်ငွေလုံးငွေရင်းကူဖို့ဘယ်လွယ်ပါ့မလဲ
.အားနာစရာတော့မရှိပါဘူး…မနိုင်ရင်မနိုင်ဘူးပေါ့..စိတ်ဆိုးလည်းမတတ်နိုင်ဘူး
.ကိုယ်ချင်းစာပါတယ်ဗျာ 🙁
Yae Myae Tha Ninn
October 29, 2014 at 11:38 am
အာရှတော်ဝင်မှာလဲ ဒီဆရာဝန် ကုပေးမှာ.. ဂျပန်ဆေးရုံမှာလဲ ဒီဆရာဝန်.. ဆားဗစ်ကလဲ တနေ့ တသောင်းကို ဂျပန်ဆေးရုံက နာ့စ်တွေကို ခင်အောင် ပစ်ပေါင်းလိုက်… ၃၀၀ဝ ပို မကုန်ပါဘူး.. ထင်သလောက်လဲ အစိုးရ ဝန်ထမ်းတွေ မဆိုးပါဘူး… ပြောတတ်ဖို့ပဲ… လူ့အောက်ကျို့လို့ လူမပိပါဘူး… ဆရာဝန် Round လှည့်တာလဲ ကြည့်.. ဟိုမှာက ခဏပဲ… ဒီမှာက တာဝန်ကျတာလေ… စေတနာပါတဲ့ ဦးညွန့်သိန်းလို ဆရာဆို တနေ့ ၄ ၅ ကြိမ် လှည့်တယ်… ကဲ.. ဘယ်နေရာ ရွေးရမလဲ.. ???? ဦးမိုက်…
kai
October 29, 2014 at 11:54 am
အမေရိကားမှာ.. သွေးလာဖောက်လိုက်… မြန်မာပြည်ပြန်သွားလိုက်.. ဆေးစစ်ချက်လာယူလိုက်.. မြန်မာပြည်ပြန်သွားလိုက်.. ပွဲတခုလာတက်လိုက်.. မြန်မာပြည်ပြန်သွားလိုက်လုပ်နေတဲ့ ဘုန်းဘုန်းတွေဆီကအလျုခံကြည့်ပါလား..။
လေယဉ်ခ ၁၇၀ဝ အေးဆေး…အေးဆေး.. :k:
Yae Myae Tha Ninn
October 29, 2014 at 2:38 pm
အဟီး.. အဲတုန်းကဆိုရင်တော့ သွားအလှူခံပေးမိမလားပဲ… တဂျီး… 🙂
Novy
October 29, 2014 at 12:33 pm
အမျိုးတချို့က ပိုက်ဆံလိုရင် သနားအောင်ပြောပြီးချေးကြတယ်
အိမ်လာရင် အကုန်စားပြီး အပြန်အဝတ်အစားပါမကျန်ယူသွားကျတယ်
ပြီးရင်ဘယ်တော့မှ ပြန်မဆက်ဘူး ဒီအထိလက်ခံလို့ရသေးတယ်
ဘာတဲ့ပြောသွားတာ ငွေဂုဏ်မေါက်နေတဲ့ကောင်မတဲ့
အသဲနာလိုက်တာအေ…( မေမေစိတ်ဆင်းရဲမှာစိုးလို့ အသဲကိုဆုပ်ထားရတယ်)
မောင်နင်းရေ. ရှင်အဲ့လိုအပြောမခံရသေးပါဘူးအေ.
Yae Myae Tha Ninn
October 29, 2014 at 2:43 pm
ဟုတ်… Novy ရေ… အဲသလိုတော့ အလုပ်မခံလိုက်ရတာ ကံကောင်းပဲ ပြောရမယ်… 🙂
မြစပဲရိုး
October 29, 2014 at 1:56 pm
ဝမရှိဘဲ ဝိ လုပ်ချင်သူများ အတွက်
ဘီလူးစည်း လူ့စည်း ခြား သင့်ပါတယ်။
ကိုယ့်မှာ မရှိ ဘယ်သူလာပေးမှာမို့လဲ။
မင်းမမှားပါဘူး။
တစ်ခုတော့ရှိတယ်။
သူတို့ ဆီကလဲ ဘာမှ မယူခဲ့ဖူးဘူး ဆိုရင်ပေါ့။ :))
Yae Myae Tha Ninn
October 29, 2014 at 2:49 pm
အဲဒါတော့ စိတ်ချ.. အရီး.. ငယ်တုန်းက ဆင်းရဲလို့.. ခုလဲ မထူးသေးပါဘူး… သူများ ပေးတာကမ်းတာကို ယူတာ မကြိုက်… လာလည်ရင်တောင် လာတောင်းတယ် ထင်မှာစိုးလို့ အမျိုးတွေအိမ် သီတင်းကျွတ် ကန်တော့တဲ့ အချိန်ကလွဲရင် သွားကို မသွားဘူး… အမေက စိတ်ဓာတ်သွင်းပေးထားတာ… ကိုယ်က အပေးပဲ ရှိခဲ့တာပါဗျာ… အမေ ဖြစ်တုန်းကလဲ အမျိုးတွေကို မပြောဘဲ ကိုယ်ဘာသာ ကြိတ်ကုတာ.. နောက်မှ သိလို့ လာကူကြတာ… မင်္ဂလာပွဲမှာတော့ လာပြီး အကျိုးသက်ရောက်ပါတယ်… လက်ဖွဲ့ငွေသားကိုပဲ တကယ် အရင်းကျေခဲ့တယ်… အမေကို ပြုစုတဲ့ တန်ခိုးပေါ့… 🙂
မွသဲ ( 17082011 )
October 29, 2014 at 4:31 pm
အမျိုးဆိုတာ ပေးနိုင်တုန်းကောင်းတယ်။ မပေးနိုင်တဲ့အခါဆိုမကောင်းဘူး။ အော်သူဟိုတခါပေးခဲ့တာပဲဆိုတာမျိုးမလာဘူး။ လိုတိုင်းပေးနိုင်နေမှကောင်းနေတာ။ တကယ်စိတ်ကုန်တယ်။
Yae Myae Tha Ninn
October 29, 2014 at 4:44 pm
ကျွန်တော်ကတော့ ကိုယ့်ကျေးဇူးကို မေ့ထားပါ… သူ့ကျေးဇူးကို သတိရပါ… ဆိုတာလေးကိုပဲ နှလုံးသွင်းပါတယ်.. မွသဲရယ်… 🙂
ခင် ခ
October 30, 2014 at 10:52 am
အမျိုးအဆွေ အခြွေအရံ ဟူသည် ခြွေ မှ ရံ ၏ ဟု အများကဆိုလေ၏။
ဤစကားရပ်သည် မှန်သည်ဟုလည်း မတိုက်တွန်းလို မှားသည်ဟုလည်း မဆိုသာပေ သကား။
ထိုကြောင့် ကြည့်ပေါင်း ဟူသကဲ့သို့ အခြေအနေ ကြည့် သာ ပေါင်း ကြကုန်ရ၏။
Yae Myae Tha Ninn
October 30, 2014 at 2:55 pm
နဂို အကြောင်းသိတွေပါ.. ကိုခင်ခ… အခုတော့ ကြောင်းပိ.. ကြည့်ပေါင်း ရတော့မှာပေါ့… 🙂
ဦးဦးပါလေရာ
October 30, 2014 at 3:57 pm
.တော်တော်ကိုမှ တော်တော့်ကို ခံစားချက်ချင်း တိုက်ဆိုင်လှပါတယ် ရေမြေသနင်းရယ်….
.ကျုပ်မလဲ အဖက်ဖက်က အမျိုးပေါင်းစုံမှာ
.အလကားမပေးလို့ရယ်
.လိုချင်သလောက်မပေးလို့ရယ်
.အကုန်မပေးလို့ရယ်..
.အဲသည်အကြောင်းတွေနဲ့ အပြောခံ အမုန်းခံနေရတာ များလှပြီ…
.နောက်ပိုင်းကျတော့ လူရည်လည်လာတယ်..
.အမြင်ကတ်ခံရမယ့်အတူတူ ပိုက်ဆံမကုန်ပဲ အမြင်ကတ်ခံရတာကပိုကောင်းတယ်လို့ စိတ်ကူးပြီး
.တော်တော်မောက်မာတဲ့ စကားလုံးတွေကို
.အမျိုးတွေကြားထဲ မောင်းလိုက်ထုမယ့်သူဆီ တနည်းနည်းနဲ့ အရောက်ပို့လိုက်တယ်…
.အဲသည်ကစပြီးတော့မှ တကောင်ကြွက်ဖြစ်ပြီး နားအေးသွားတော့တာ….
pooch
October 31, 2014 at 2:31 pm
ဟုတ်ကဲ့ ဦးပါ အဲ့နည်းကို အနော်လည်း ခုကစပြီး သုံးတော့မယ်
ဒီလိုပဲ သက်ကြီး စကား သက်ငယ်ကြားရတာ :mrgreenn:
ကိုယ့်ရှိမှ ကိုယ့်ပိုက်ဆံပါ
ကိုယ်မရှိ ဘယ်သူမှ ပေးတာမှ မဟုတ်တာ ကွကိုယ်ရှာစားရတာပဲကို
မပေးနိုင်ရင် မပေးဘူး မုန်းချင်မုန်း မမုန်းချင်နေ :loll:
Yae Myae Tha Ninn
October 31, 2014 at 2:47 pm
မယ်ပုလေးလဲ လာအားပေးတာပဲ… ကျေးဇူးပါ… ဟီး… စကား အတင်းစပ်တာ… ပို့စ်လေးက လူတောင် စုံတုံတုံ ဖြစ်လာပြီ… 🙂
Yae Myae Tha Ninn
October 30, 2014 at 4:59 pm
ဦးပါရဲ့… ငါးသိန်း နဲ့ ခေါင်းစဉ် နည်းနည်း ဆင်သွားတယ်… ဟီး…
ကျွန်တော်တို့က နဂိုမရှိလို့..
အထင်မသေးအောင် သွားမပတ်သက်ပါဘူး… လာရင် လာတောင်းတယ် ထင်မှာစိုးလို့…
မရှိပါဘူးဆိုတာကို အမေ့ရဲ့ အိုစာမင်းစာကို လာထိခိုက်တော့ တင်းတာပေါ့ဗျာ…
ကျွန်တော်တို့ကတော့ ဒုံရင်း တမိသားစုက တမိသားစုပဲ…
ကိုပေါက်(မန္တလေး)
October 31, 2014 at 10:16 am
ဆွေမျိုးဆိုတာေ ဝး ဝေး နေ ကြ ရင် ပိုချစ်တယ်
အဲတော့ အိမ်ထောင်ကျ တဲ့ နေ့ က စပြီး အားလုံးနဲ့ ဝေး ဝေး နေတယ်
ဒီတော့ စိတ်ချမ်းသာတယ်
Yae Myae Tha Ninn
October 31, 2014 at 10:31 am
ကောင်းတဲ့ သူတွေလဲ ကောင်းပါတယ်… အကုန်မကောင်းတော့ မဟုတ်ပါဘူး… ဖျက်မြင်းတွေပေါ့ လေးပေါက်ရာ… 🙂
ကေဇီ
October 31, 2014 at 12:15 pm
ဒါနဲ့ အရင် Mee Wah ဆိုတဲ့ အကောင့် က
မဒမ်နင်း မှတ်တယ်??
:kwi:
Yae Myae Tha Ninn
October 31, 2014 at 12:38 pm
ဟုတ်တယ်… ဇီဇီ… ဘာလို့… တင်ထားတဲ့ ရုပ်နဲ့ .. ဓာတ်ပုံနဲ့ တူနေလို့လား… 🙂
ကေဇီ
October 31, 2014 at 12:49 pm
အင်းးး
ထင်လိုက်လို့ပါ။
စနိုဒင် ဇီ ပါ ဆို။
😉
Yae Myae Tha Ninn
October 31, 2014 at 12:54 pm
ဟားဟား… တခြားသူတွေဆီက ကြားတာမလား… ဦးမိုက်တို့.. စိန်ကြက်ဆင်တို့… ကိုမတ်တို့.. မွန်မွန်… တော်တော်များများ သိတယ်လေ… ဟိုတခေါက် စုစည်းကြတုန်းက… 🙂
ကေဇီ
October 31, 2014 at 1:00 pm
မဟုတ်ဘူးးး
ဒီ ပို့(စ) မတင်ခင်ကတည်းက သိတာ မမေးဖြစ်လို့။
ဒီရွာက ဘယ်သူကမှ ဘယ်သူ့ အကြောင်းမှ မပြောတတ်ဘူးကွဲ့။
:kwi:
နာမည်မှာ ဝါ ပါတာရော။
အဲဒီတုန်းက တစ်ဖွဲ့တည်းလို့ သိထားလိုက်တာရော။
နင်းနင်းထက်တောင် ရွာက လူတွေကို သိတာရော။ (ကျုပ် နာမည်ပြောင်းတုန်းက ရှင်မသိဘူးး၊ သူသိတယ်)
မင်ဂါဆောင် ဓာတ်ပုံတွေ မြင်တော့ ပို သေချာသွားသလိုမို့။
ဆိုတော့
မှန်းပြီး မေးကြည့်လိုက်တာပါ။
:kwi:
Yae Myae Tha Ninn
October 31, 2014 at 1:34 pm
နင်းနင်းထက်တောင် ရွာက လူတွေကို သိတာရော။ (ကျုပ် နာမည်ပြောင်းတုန်းက ရှင်မသိဘူးး၊ သူသိတယ်)
အဲဒါကို အနော် မသိဘူး…
ဒါထက် ကိုယ့်ပို့စ်ထဲမှာပဲ .. ကိုယ် ကြိုပြောထားတာ… အလှူအတွက် ရုံးက မုန့်နဲ့ ကော်ဖီ အလှူခံတာ ရတယ်.. နည်းတာ များတာပဲ ကွာမယ်… ဟဲ…
ပိုက်ဆံကတော့ နည်းနည်း အလှူလိုက်ခံလိုက်ဦးမယ်… ပြီးမှ Update လိုက်တင်မယ်… 🙂
မွသဲ ( 17082011 )
November 1, 2014 at 5:57 pm
အံ့ဩလိုက်တာ အံ့ဩလိုက်တာ။ ဒီဆိုက်က ကွန်မင့်တွေဆိုတာ တပျော်ကြီးနီနေတာကြာပေါ့။ အနီချင်းပြိုင်ဆိုတဲ့ပြိုင်ပွဲတောင်လုပ်ခဲ့ရတာ။ ခုတော့ စိမ်းနေတာမှ ၁၂ ခုတွေဘာတွေထိတောင်ဖြစ်လို့ဘာလား။ အောင်မယ်လေး မှတ်တမ်းတင်ထားရမဲ့ပိုစ့်ပါတော့။
Yae Myae Tha Ninn
November 3, 2014 at 10:07 am
ဟဲ… ပို့သတဲ့ မေတ္တာတွေ ကြောင့် ထင်ပ… မွသဲရေ… 🙂
အောင် မိုးသူ
November 15, 2014 at 4:48 pm
လူတစ်ယောက်ကိုပြောပြနေတဲ့ ဟန်နဲ့တူမနေဘူးလား။ ခေါင်းတွေလည်းခွဲထားတော့ ဘာလဲလို့ တွေးမိရဲ့။ အဓိက စကားပြောတွေများပြီး ရှုပ်နေတာပါပဲ။ စကားပြေသက်သက် စကားပြောသက်သက် ခွဲပြီးရေးလိုက်ရင် တော့ စိတ်ဝင်စားဖို့ကောင်းလာမှာပါ။ ဒိုင်ယာလော့တွေပြွတ်သိပ်နေပြီး စကားပြေမပါပဲ ရောထွေးနေသလို ခံစားရတယ်။
အောင် မိုးသူ
November 15, 2014 at 4:51 pm
ခေါင်းစဉ်တွေလည်းခွဲထားတော့လို့ပြောတာပါ။
uncle gyi
November 15, 2014 at 10:55 pm
ရှိလို့ပေးရတာအကြောင်းမဟုတ်ပေမဲ့
ကိုယ့်နည်းနေတုန်းအရှိလုပ်ပြီးပေလိုက်တာထက်
မပေးလိုက်တာကကိုယ့်အတွက်
ရေရှည်ပ်ိုအဆင်ပြေမယ်ဆို
မပေးသင့်ပါဖူး
သူတို့ကလည်းယူဖို့အားမနာမှ
ကိုယ်ကလည်းပေးဖို့အားနာရန်မလို