အသဲ ကွဲပါစေ – ဘီ(လ်) နှင့် မီလင်ဒါ ဂိတ်(စ်) တို့၏ ၂၀၁၄ ခုနှစ် စတင်းဖို့(ဒ်) တက္က္ကသိုလ် ဘွဲ့နှင်း မိန့်ခွန်း

မြစပဲရိုးNovember 3, 20142min71937

မူရင်း မိန့်ခွန်း

၁။ http://news.stanford.edu/news/2014/june/gates-commencement-remarks-061514.html့
၂။ https://www.youtube.com/watch?v=wug9n5Atk8c

ဘာသာပြန်သူ – ကိုမိုး

(ဘီ(လ်) ဂိတ်(စ်) မှ မိန့်ခွန်းကို စ ပြောပါသည်)

ဘီ(လ်) ဂိတ်(စ်) – ၂၀၁၄ ခုနှစ် ဘွဲ့ရမောင်မယ်များ ကို ချီးကျူး ဂုဏ်ပြု ပါတယ်။ (လက်ခုပ်သံများ) ဒီဘွဲ့ နှင်းသဘင်ကို တက်ရောက်ရခွင့်လို့ မီလင်ဒါနဲ့ ကျွန်တော်တို့ အထူးပဲ ဝမ်းမြောက်မိပါတယ်။ စတင်းဖို့(ဒ်) တက္က္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ခံရတဲ့ သူတိုင်း ဝမ်းမြောက်မိမှာပါ။ ဒါပေမဲ့ မီလင်ဒါ နဲ့ ကျွန်တော်တို့ အတွက်တော့ ထူးထူးခြားခြား ပိုပြီးတော့ ဝမ်းသာစရာ ဖြစ်ရပါတယ်။

စတင်းဖို့(ဒ်) တက္က္ကသိုလ်ဟာ ကျွန်တော်တို့မိသားစုရဲ့ အကြိုက်ဆုံး တက္က္ကသိုလ် အလျင်အမြန် ဖြစ်လာနေပါတယ်။ မိုက်ကရိုဆော့(ဖ်) နဲ့ ကျွန်တော်တို့ ဖောင်ဒေးရှင်းရဲ့  အကြိုက်ဆုံးတက္က္ကသိုလ် ဖြစ်နေခဲ့တာတော့ နှစ်ပေါင်း အတော် ကြာခဲ့ပါပြီ။ ကျွန်တော်တို့ အဖွဲ့အစည်း တွေရဲ့ ပုံသေနည်း ကတော့ အတော်ဆုံး၊ ဖန်တီးနိုင်စွမ်း အကောင်းဆုံး သူတွေကို အရေး အကြီးဆုံး ပြဿနာတွေကို ကိုင်တွယ်ခွင့် ပေးခြင်းပါ။ ဖြစ် ချင်တော့ အဲဒီလိုတော်တဲ့လူတွေ စတင်းဖို့(ဒ်) တက္က္ကသိုလ် မှာ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ (လက်ခုပ်သံများ)

ဒီနေ့မှာတော့ ကျွန်တော်တို့ ဖောင်ဒေးရှင်းရဲ့ သုတေသန ပရိုဂျက် ၃ဝ ကျော်ကို စတင်းဖို့(ဒ်) တက္က္ကသိုလ်မှာ သုတေသန ပြုလုပ်လျက်ရှိပါတယ်။ ကမ႓ာ့ အဆိုးဆုံး ရောဂါတွေကို ပျောက်ကင်းအောင် ကုဖို့ ရောဂါခုခံမှုစနစ်ကို လေ့လာချင်တယ် ဆိုရင် ကျွန်တော်တို့ စတင်းဖို့(ဒ်) နဲ့ တွဲပြီး သုတေသန ပြုပါတယ်။ ဆင်းရဲတဲ့ ကျောင်းသားတွေ ကောလိပ် ဒီဂရီတွေ ပိုပြီးရလာအောင်လို့ အမေရိကန် တက္ကသိုလ်တွေရဲ့  ပြောင်းလဲလာပုံ တွေကို လေ့လာချင်တယ် ဆိုရင် ကျွန်တော်တို့ စတင်းဖို့(ဒ်) နဲ့ တွဲပြီး သုတေသန ပြု ပါတယ်။ (လက်ခုပ်သံများ)

ဒီ တက္က္ကသိုလ်မှာ အလွန် ထက်မြက်တဲ့ ဉာဏ်ပညာ အလင်းဓာတ် ရှင်သန်လျက်ရှိပါတယ်။

အပြောင်းအလဲကို တံခါးဖွင့် ကြိုဆိုတဲ့ အသစ်အဆန်းကို စိတ်အားထက်သန်တဲ့ ပျော့ပြောင်းတဲ့ စိတ်ဓာတ်လဲ ဒီ တက္က္ကသိုလ်မှာ ရှိပါတယ်။ ဒီ တက္က္ကသိုလ်ဟာ အနာဂါတ်ကို တွေ့အောင်ရှာဖို့ လာကြရတဲ့ နေရာ၊ အနာဂါတ်ကို ပျော်ပျော်ကြီးရှာကြတဲ့ နေရာလဲ ဖြစ်ပါတယ်။

(မီလင်ဒါ ဂိတ်(စ်) မှ မိန့် ခွန်း ကို ဆက်ပြော ပါ သည်)

မီလင်ဒါ ဂိတ်(စ်) – တချို့ လူတွေကတော့ မောင်မယ်တို့ တွေကို စာကြောင်တွေ လို့ခေါ်ပါတယ်။ အဲဒီ နံမည်ကို မောင်မယ်တို့ကလဲ ဂုဏ်ယူစွာ ခံယူထားကြပါတယ်။ (လက်ခုပ်သံများ)

ဘီ(လ်) – ဟုတ်ပါတယ်၊ တို့တွေကလဲ  ဂုဏ်ယူပါတယ်။

(မီလင်ဒါ နှင့် ဘီ(လ်) တို့ စာကြောင်မျက်မှန် ကို ထုတ်၍ တပ်ကြသည်။ ရယ်သံများ နှင့် လက်ခုပ်သံများ။ ဘီ(လ်) မှ မိန့် ခွန်း ကို ဆက်ပြော ပါ သည်)

stanford-graduation_2014_B&M

ကျွန်တော် တပ်နေကြ မျက်မှန်နဲ့ သိပ်မကွာ ပါဘူး။ (ရယ်သံများ) ဟောဒီ စတင်းဖို့(ဒ်) တက္က္ကသိုလ်မှာ ပြောစမှတ်ပြုစရာတွေ အများကြီးပါ။ ဒါပေမဲ့ မီလင်ဒါ နဲ့ ကျွန်တော့ကို စတင်းဖို့(ဒ်) က ဘာကို အကြိုက်ဆုံးလဲဆိုတာကို စကားတစ်ခွန်း ထဲနဲ့ပြောပါဆိုရင်တော့ “အကောင်းမြင်စိတ်” လို့ပြောရပါမယ်။ အသစ်အဆန်း တီထွင် ဖန်တီးမှုတွေက ပြဿနာ အားလုံးနီးပါးကို အဖြေရှာပေးနိုင်တယ် ဆိုတဲ့ အသိ၊ အဲဒီ ကူးစက်ပြန့်ပွါးတတ်တဲ့ အသိ ဒီ တက္က္ကသိုလ် မှာ ရှိနေပါတယ်။

အဲဒီ ယုံကြည်မှု အသိစိတ်ကပဲ ကျွန်တော့ကို ၁၉၇၅ ခုနှစ်မှာ ဘော့(စ်)တွန်မြို့ပြင် ကောလိပ်တစ်ခုကနေ ထွက်ခွါပြီး မဆုံးနိုင်တဲ့ ခွင့်ရက်ရှည်ယူဖို့ တွန်းအားပေး ခဲ့တာပါ။ (ရယ်သံများ) ကွန်ပျူတာ နဲ့ ဆော့(ဖ်)ဝဲ(ရ်)တွေရဲ့  ဆန်းကျယ်တဲ့ မှော်ပညာက ကမ႓ာ့ ပြည်သူတွေကို စွမ်းအားတွေ မြှင့်ပေးပြီး ကမ႓ာကြီးကို ပိုပြီး ကောင်းသထက် ကောင်းအောင် လုပ်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။

အဲဒီလို ယုံကြည်ခဲ့တာ နှစ်ပေါင်း ၄ဝ နီးပါး ရှိခဲ့ပါပြီ။ မီလင်ဒါ နဲ့ ကျွန်တော်တို့ရဲ အိမ်ထောင်သက်လဲ နှစ် ၂ဝ ရှိပါပြီ။ ကျွန်တော်တို့ နှစ်ယောက်စလုံး အခုဆိုရင် အရင်ကထက်တောင်မှ ပိုပြီး အကောင်းမြင်စိတ် ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အိမ်ထောင်သက်အတွင်းမှာ ကျွန်တော်တို့ရဲ့  အကောင်းမြင်စိတ်ဟာ ဆင့်ကဲ ပြောင်းလဲခဲ့ပါတယ်။ အဲဒီ သင်ခန်းစာတွေကို မောင်တို့မယ်တို့ကို ပြောပြချင်ပါတယ်။ ပြီးတော့ ဒီနေ့ ပြောပြချင်တာက မောင်တို့မယ်တို့ရဲ့ အကောင်းမြင်စိတ် နဲ့ ကျွန်တော်တို့ရဲ့ အကောင်းမြင်စိတ်တွေဟာ အများပြည်သူတွေကို ဘယ်လိုပိုပြီးတော့ အကျိုးပြု ပေးနိုင်မယ် ဆိုတာပါ။

ပေါ(လ်)အယ်လင် နဲ့ ကျွန်တော်တို့ မိုက်ကရိုဆော့(ဖ်) ကို စတင်ခဲ့တဲ့ အချိန်က ကွန်ပျူတာ နဲ့ ဆော့(ဖ်)ဝဲ(ရ်) တွေရဲ့ စွမ်းအားတွေကို အများ ပြည်သူတွေကို ပေးချင်ခဲ့ကြ တာပါ။ အဲဒီလိုပဲ ကျွန်တော်တို့ လှုံ့ဆော် ကြေငြာခဲ့ ပါတယ်။ ကွန်ပျူတာ လောကရဲ့ ရှေ့ဆောင်လမ်းပြ စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံး ပေါ်မှာက လက်သီးဆုတ်ပြီး လက်မြောက်ထားတဲ့ ပုံနဲ့ပါ။ စာအုပ် နာမည်ကလဲ ကွန်ပျူတာ လွတ်မြောက်ရေး (Computer Lib) တဲ့။  အဲဒီ အချိန်က စီးပွါးရေး လုပ်ငန်းကြီးတွေမှသာ ကွန်ပျူတာ ဝယ်နိုင်တာပါ။ ကွန်ပျူတာရဲ့ အဲဒီလို စွမ်းပကားတွေကို သာမန်ပြည်သူတွေကို ကျွန်တော်တို့ ပေးအပ်ချင်ခဲ့ပါတယ်။ ကွန်ပျူတာ စွမ်းပကားကို ဒီမိုကရေစီ ရအောင် လုပ်ပေးချင်ခဲ့ ပါတယ်။

၁၉၉ဝ ခုနှစ်တွေ ကို ရောက်တဲ့ အခါမှာတော့ ကိုယ်ပိုင်သုံး ကွန်ပျူတာ တွေဟာ ပြည်သူတွေကို ဘယ်လောက်အထိ အားပြင်းပြင်း နဲ့ စွမ်းအားမြှင့်ပေးနိုင်တယ် ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီ အောင်မြင်မှုကပဲ အကျပ်အတည်း ပြဿနာ အသစ် တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ တကယ်လို့ ချမ်းသာတဲ့ ကလေးတွေမှာ ကွန်ပျူတာရှိပြီး၊ ဆင်းရဲတဲ့ ကလေးတွေမှာ ကွန်ပျူတာ မရှိခဲ့ရင် ဒီနည်းပညာက လူတန်းစား မညီမျှမှုကို ပိုပြီး ဆိုးအောင်လုပ်မှာပါ။ ဒီ ပြဿနာ က ကျွန်တော်တို့ ရဲ့  အဓိက ယုံကြည်ချက်နဲ့ ပြောင်းပြန် ဖြစ်နေခဲ့ပါတယ်။ နည်းပညာက လူတိုင်းကို အကျိုးပြု သင့်ပါတယ်။ ဒါကြောင့်မို့ အဲဒီ ဒစ်ဂျစ်တယ် (ကွန်ပျူတာ) ကွာဟချက် ကို ပပျောက်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ ပြဿနာကို မိုက်ကရိုဆော့(ဖ်) မှာ ဦးစားပေးအဆင့် ထားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့  ဖောင်ဒေးရှင်း မှာလဲ ကနဦးပိုင်းမှာ ဒီပြဿနာကို ဦးစားပေးအဆင့် ထားခဲ့ပါတယ်။ အများပြည်သူသုံး စာကြည့်တိုက်တွေကို ကွန်ပျူတာတွေ လှူဒါန်းပြီး လူတိုင်း ကွန်ပျူတာကိုင်ခွင့် ရအောင် လုပ်ပေးခဲ့ပါတယ်။

ကျွန်တော် တောင်အာဖရိကကို ပထမဆုံး အကြိမ် သွားတဲ့ ၁၉၉ရ ခုနှစ်မှာတော့ ဒီ ဒစ်ဂျစ်တယ် ကွာဟမှု ပြဿနာဟာ ကျွန်တော့ရဲ့ ဦးတည်ချက်ပါ။ တောင်အာဖရိကကို ကျွန်တော် အလုပ်ကိစ္စနဲ့ သွားခဲ့တာပါ။ ဒါကြောင့်လဲ ဂျိုဟန်နက်(စ်)ဘာ့(ဂ်) မြို့လယ်မှာပဲ အစည်းအဝေးတွေ တက်ပြီး အနေများခဲ့ပါတယ်။ တည်းတော့လဲ တောင်အာဖရိက က အချမ်းသာဆုံး မိသားစုတစ်စုရဲ့ အိမ်မှာပဲ ကျွန်တော် တည်းခဲ့ပါတယ်။ အဲဒီ အချိန်က နယ်(လ်)ဆင် မန်ဒဲလား ကို ရွေးချယ်တင်မြှောက်ပြီး အသားအရောင် ခွဲခြားမှုကို အဆုံးသတ်တဲ့ အထိမ်းအမှတ် ပြုခဲ့တာ သုံးနှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော့ တည်းအိမ်မှာ အိမ်ရှင်တွေနဲ့ ညစာစားဖို့ ထိုင်ပြီ ဆိုရင် အိမ်ရှင်တွေက စားပွဲထိုးမှူးကို ခေါင်းလောင်းတီး ပြီးခေါ်ပါတယ်။ ညစာစားပြီးပြီ ဆိုရင်တော့ ယောက်ျားတစ်စု မိန်းမတစ်စု ခွဲပြီး ယောက်ျားတွေက ဆေးပြင်းလိပ် သောက်ကြပါတယ်။ ကျွန်တော် စဉ်းစားမိတာကတော့ “ဂျိန်းအော်စတင် ဝတ္ထု ဖတ်ခဲ့ဖူးလို့သာပေါ့၊ ဒါမှမဟုတ်ရင် ဘာဖြစ်လို့ ဖြစ်နေမှန်းတောင် သိမှာမဟုတ်ဘူး” လို့ပါ။ (ရယ်သံများ)

နောက်နေ့မှာတော့ ကျွန်တော် ဆိုဝေတိုမြို့နယ်ကို သွားခဲ့ပါတယ်။ ဆိုဝေတို ဟာ ဂျိုဟန်နက်(စ်)ဘာ့(ဂ်) မြို့ရဲ့  အနောက်တောင်ဘက် မှာရှိတဲ့ ဆင်းရဲတဲ့ မြို့ကလေးပါ။ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ ဗဟိုချက် ဖြစ်ခဲ့တဲ့ နေရာပါ။

ဒီမြို့နယ်ဟာ မြို့လယ်နဲ့ အနီးကလေးပါ။ ဒါပေမဲ့ မြို့နယ်ထဲကို အဝင်ကတော့ ရုတ်တရက်နဲ့ ကြမ်းတမ်း ပြင်းထန်လှပါတယ်။ ကျွန်တော် လာခဲ့တဲ့ ကမ႓ာနဲ့ လုံးဝကွဲပြားတဲ့ ကမ႓ာတစ်ခုကို ရောက်သွားခဲ့တာပါ။

အဲဒီ ဆိုဝေတိုခရီး ကတော့ ကျွန်တော် ဘယ်လောက် ညံ့သေးသလဲ ဆိုတာကို အသိပေးတဲ့ ရှေးဦးသင်ခန်းစာ ဖြစ်ခဲ့ပါတယ်။

မိုက်ကရိုဆော့(ဖ်) ကနေပြီး ဆိုဝေတိုက လူထုရိပ်သာ တစ်ခုကို ကွန်ပျူတာ နဲ့ ဆော့(ဖ်)ဝဲ(ရ်)တွေ လှူခဲ့တာပါ။ အမေရိကန်မှာ ကျွန်တော်တို့ လှူခဲ့တဲ့ အတိုင်းပါပဲ။ ဒါပေမဲ့ ဆိုဝေတို ဟာ အမေရိကန် မဟုတ်ဖူး ဆိုတာကို ကျွန်တော် အလျင်အမြန်ပဲ သဘော ပေါက်ခဲ့ ပါတယ်။

ဆင်းရဲမွဲတေမှု အကြောင်း စာရင်းဇယားတွေ ကို ကျွန်တော် တွေ့ခဲ့ဘူး ပါတယ်။ ဒါပေမဲ့ တကဲ့ ဆင်းရဲမွဲတေမှုကိုတော့ မျက်ဝါးထင်ထင် ကျွန်တော် မတွေ့မြင်ခဲ့ဘူးပါ။ အဲဒီက လူတွေဟာ သွပ်ပြားတင်းကုပ် တွေထဲမှာ မီးမရှိ၊ ရေမရှိ၊ အိမ်သာမရှိ  နဲ့ နေ နေခဲ့ကြတာပါ။ လူအများစုမှာ ဖိနပ်လဲ မရှိပါဘူး။ လမ်းပေါ်မှာ ခြေဗလာနဲ့ လျှောက်သွား နေခဲ့ကြတာပါ။ တကယ်တော့ လမ်းဆိုတာလဲ မရှိပါ။ ရွှံ့ထဲမှာ ကားဘီးရာ အစင်းကြောင်းကြီးတွေပဲ ရှိပါတယ်။

လူထုရိပ်သာမှာလဲ ပုံမှန် လျှပ်စစ်မီး မရပါ။ ရိပ်သာကနေ ပေ ၂၀ဝ လောက်ရှည်တဲ့ မီးကြိုးကို သွယ်ပြီး အပြင်ဘက်က ဒီဇယ်မီးစက် တစ်ခုနဲ့ ဆက်ထားပါတယ်။ ဒီလို ဆက်ထားပုံ ကိုကြည့်ပြီး ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော်နဲ့ သတင်းထောက်တွေ ပြန်သွားတာနဲ့ မီးစက်ကို သူ့ထက်ပိုပြီး အရေးကြီးတဲ့ နေရာကို ချက်ခြင်းရွှေ့၊ လူထုရိပ်သာက လူတွေကလဲ ကွန်ပျူတာနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတွေကို ပြန်ပြီး ရင်ဆိုင်ဖြေရှင်းကြပါလိမ့်မယ်။

သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အခါမှာ ကြိုတင်ပြင်ဆင် ထားတဲ့အတိုင်း ကျွန်တော်ပြောခဲ့ပါတယ် “ဆိုဝေတိုဟာ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ တိုးတက်တဲ့ နည်းပညာ တွေက ဖွံ့ဖြိုးဆဲကမ႓ာကို နောက်ချန်ထားခဲ့မလား ဆိုတဲ့ ဆုံးဖြတ်ချက်ကြီး ကို ရှေ့အနာဂါတ်မှာ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။  ဒီ ကွန်ပျူတာအလှူ က အဲဒီ ကွာဟမှုကို ဖြည့်ဆည်း ပေးဖို့ပါ။”

အဲဒီ စာသားတွေကို ဖတ်နေရင်းမှာပဲ ဒါတွေဟာ လက်တွေ့နဲ့ ဘာမှ မဆိုင်တာကို သိလာခဲ့ ပါတယ်။ ကျွန်တော် မပြောခဲ့တဲ့ အချက်ကတော့ “ကြုံကြိုက်တုံးပြောရရင် ကမ႓ာပေါ်မှာ တစ်နှစ်ကို လူ ၅သိန်း ငှက်ဖျားရောဂါနဲ့ သေနေတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ခင်ဗျားတို့ကို ကွန်ပျူတာတွေ အလကားပေးမှာတော့ အကျိုးနဲအောင် သေချာပါတယ်။”

ဆိုဝေတိုကို ကျွန်တော် မသွားခင်ကတော့ ကမ႓ာကြီးရဲ့ ပြဿနာတွေကို ကျွန်တော် နားလည်တယ် လို့ ကိုယ့်ဟာကိုယ် ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ အဓိက အရေး အကြီးဆုံး အချက်တွေ ကိုတော့ ကျွန်တော် မမြင်ခဲ့မိပါ။ ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ အချက်တွေက ကျွန်တော့ကို အကြီးအကျယ် တုံလှုပ်ချောက်ခြားစေခဲ့ပါတယ်။ ဒါကြောင့် “ကမ႓ာကြီးရဲ့ အခက်အခဲဆုံး ပြဿနာ တွေကို အသစ်အဆန်း တီထွင်မှုတွေက ဖြေရှင်းပေးနိုင်မယ်လို့ ငါ ယုံကြည်သေးရဲ့လား” လို့လဲ ကိုယ့်ဟာကိုယ် မေးခွန်း ထုတ်ခဲ့ရပါတယ်။

အာဖရိကကို နောက်တခေါက် ပြန်မလာခင် လူတွေ ဘာကြောင့် ဆင်းရဲနေရတာလဲ ဆိုတာကို ပိုပြီး နားလည်အောင် လေ့လာမယ် လို့ ကိုယ့်ဟာကိုယ် သန္နိဋ္ဌာန် ချခဲ့ပါတယ်။

ဒီနောက်ပိုင်း နှစ်တွေမှာတော့ ဆင်းရဲသားများ အတွက် အရေး အကြီးဆုံး လိုအပ်ချက် တွေဟာ ဘာတွေလဲ ဆိုတာကို မီလင်ဒါ နဲ့ ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ တောင်အာဖရိကကို နောက်ထပ် သွားတဲ့ ခရီး တစ်ခေါက်မှာတော့ ဆေးမျိုးစုံ မတိုးတဲ့ တီဘီ ရောဂါ (multi-drug-resistant tuberculosis – MDR-TB) ကို ကုသပေးတဲ့ ဆေးရုံတစ်ရုံ ကို သွား ကြည့်ခဲ့ပါတယ်။ အဲဒီ MDR-TB ရောဂါ ကို ကုသပျောက်ကင်း တဲ့ နှုန်းက ၅ဝ ရာနှုန်း တောင်မရှိပါဘူး။

အဲဒီ ဆေးရုံ ကိုတော့ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ နေရာတစ်ခု အဖြစ် အမှတ်ရမိပါတယ်။ ဆေးရုံ ကတော့ လူနာတွေ ပြည့်နှက်နေတဲ့ ဧရာမ ခန်းမကျယ်ကြီး တစ်ခုပါ။ နှာခေါင်းစွပ် တွေစွပ်ပြီး ညဝတ်အကျႌတွေ ဝတ်ထားတဲ့ လူနာတွေ ဟာ ခန်းမကြီးထဲမှာ တလှုပ်လှုပ် နဲ့ သွားနေကြပါတယ်။

ကလေးတွေ အတွက်ကတော့ သီးသန့် အထပ်တစ်ထပ် ရှိပါတယ်။ ကလေး အငယ်လေး တွေကလဲ အဲဒီ အထပ်မှာပဲ ခုတင် ကလေးတွေ နဲ့ပါ။ ကျောင်းတက်နိုင်လောက်အောင် နေကောင်းတဲ့ ကလေးတွေ အတွက်တော့ ဆေးရုံမှာပဲ ကျောင်းလေး တစ်ကျောင်းလဲ ရှိပါတယ်။ ကလေး အများစု ကတော့ ကျောင်းမတက်နိုင် ကြပါဘူး။ ဆေးရုံ ကလဲ ကျောင်းကိုဆက်ပြီး ဖွင့်ထားသင့်သလား၊ မသင့်သလား သိပုံမရပါဘူး။

အသက် သုံးဆယ်ကျော်သာ ရှိသေးတဲ့ အမျိုးသမီး လူနာတစ်ယောက်နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူဟာ တီဘီ ဆေးရုံ တစ်ခုမှာ အလုပ်လုပ် နေရင်း ချောင်း စဆိုး ပြီး ရောဂါဖြစ်လာခဲ့တာပါ။ ဆရာဝန်ကို သွားတွေ့တဲ့ အခါမှာတော့ ဆရာဝန်က သူ့ကို ဆေးမတိုးတဲ့ တီဘီ ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ သူ့မှာ AIDS ရှိနေတာ တွေ့ခဲ့ပါတယ်။ သူသိပ်ပြီး ကြာကြာ နေရတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ခုတင် နေရာလွတ်သွားရင် အဲဒီ နေရာကို ယူဖို့ စောင့်နေတဲ့ MDR တီဘီ လူနာတွေ ကလဲ အများကြီးပါ။

ဒီ ငရဲဘုံ မှာက တန်းစီစနစ် နဲ့ပါ။

ဒီ ငရဲဘုံ ကို မြင်ခဲ့ရပေမဲ့ ကျွန်တော့ရဲ့ အကောင်းမြင်စိတ် ကို လျော့မသွားစေခဲ့ပါဘူး။ လမ်းကြောင်းတောင်မှ ဖော်ပေးခဲ့ပါသေးတယ်။ ဆေးရုံက ထွက်ပြီး ကားထဲကို ရောက်တာနဲ့ ကျွန်တော်တို့နဲ့ အလုပ်လုပ် နေတဲ့ ဆရာဝန်ကို ပြောပါတယ်။ “ဒီ MDR-TB ကို ကုသဖို့ ခက်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီလူနာတွေ အတွက် ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ပေးနိုင်ဖို့ သင့်တယ်” လို့ပြောခဲ့ပါတယ်။ အခုနှစ်မှာတော့ တီဘီဆေး စနစ် အသစ် ကို စတင်ခဲ့တာ တတိယအဆင့် အထိ ရောက် ရှိခဲ့ပါပြီ။ ဆေးနဲ့ လိုက်တဲ့ လူနာတွေမှာ ဆိုရင် အရင်က ၁၈ လ ကြာပြီး ဒေါ်လာ ၂၀၀ဝ ကုန်မှ ၅ဝ ရာခိုင်နှုန်း ပဲ ပျောက်တယ် ဆိုတဲ့ နှုန်းအစား ၆ လ အကြာမှာ ဆေးဖိုး ဒေါ်လာ ၁၀ဝ တောင်မှ မကုန်ပဲနဲ့ ၈ဝ – ၉ဝ ရာခိုင်နှုန်း ပျောက်တဲ့အထိ ကုသ ပေးနိုင်ပါပြီ။

ဒီ ပျောက်ကင်းနှုန်း ဟာ အဆပေါင်းတစ်ရာပိုပြီး ကောင်းတဲ့ နှုန်းထားပါ။ (လက်ခုပ်သံများ)

အကောင်းမြင်စိတ် ကို လွဲမှားသော မျှော်လင့်ချက် ဆိုပြီး ပြစ်ပယ်လေ့ ရှိပါတယ်။ ဒါပေမဲ့ လွဲမှားသော မျှော်လင့်ချက် ကင်းမဲ့ခြင်း ဆိုတာလဲ ရှိပါတယ်။

ဆင်းရဲ မွဲတေမှု နဲ့ ရောဂါဆိုး တွေကို ဘယ်တော့မှ အနိုင်ရနိုင်မှာ မဟုတ်ဘူးလို့ ပြောတဲ့ စိတ်ဓာတ်မျိုး ကသာ လွဲမှားသော မျှော်လင့်ချက် ကင်းမဲ့ခြင်း ပါ။

ကျွန်တော်တို့ နိုင်မှာ လုံးဝ သေချာပါတယ်။

(မီလင်ဒါ ဂိတ်(စ်) မှ မိန့် ခွန်း ကို ဆက်ပြောပါသည်)

မီလင်ဒါ ဂိတ်(စ်) – အဲဒီ တီဘီ ဆေးရုံ က အပြန်မှာ ဘီ(လ်) ကျွန်မကို ဖုန်း ဆက်ပါတယ်။  ပုံမှန်အတိုင်း ဆိုရင်တော့ ခရီးထွက်ရာက ဖုန်းဆက်ရင် တစ်နေ့တာရဲ့ အစီအစဉ် ကို ပြန်ပြောလေ့ ရှိပါတယ်။”ဒီနေ့ ဘာလုပ်ခဲ့တယ်။ ဘယ်တွေ သွားခဲ့တယ်။ ဘယ်သူတွေကို တွေ့ခဲ့တယ်။” လို့ပြောလေ့ ရှိပါတယ်။ အဲဒီနေ့ ကတော့ အဲဒီလို မဟုတ်ပါဘူး။ ဘီ(လ်) က “ဒီနေ့ ဘယ်တုံးကမှ မရောက်ဘူးတဲ့ နေရာမျိုးကို ရောက်ခဲ့တယ်” တဲ့ ပြီးတော့ သူ့အသံ ဆို့ဝင်သွားပြီး စကား ဆက်မပြောနိုင်တော့ပါဘူး။ နောက်တော့ “အိမ်ပြန်ရောက်ရင် အဲဒီအကြောင်းကို ပြောပြမယ်” လို့ပြောပြီး ဖုန်းချသွားပါတယ်။

ဘီ(လ်)ရဲ့ စိတ်ထဲမှာ ဘယ်လိုခံစား နေခဲ့ရတယ် ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေသူများကို မြင်ရတဲ့အခါမှာ ကျွန်မတို့မှာ ရင်နင့် ကြေကွဲကြရပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးချင်ရင်တော့၊ အဆိုးဆုံး တွေကို တွေ့မြင်ကြရမှာပဲ။ အဲဒီနေ့က ဘီ(လ်) ခံစားခဲ့ရတာ အဲဒီအတိုင်းပါပဲ။ ကျွန်မမှာလဲ အဲဒီလို ခံစားခဲ့ရတဲ့ နေ့မျိုးတွေ ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်က ကျွန်မ အိနိ္ဒယ ကို မိတ်ဆွေတွေနဲ့ ခရီးသွားခဲ့ ပါတယ်။ အဲဒီ ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာ ကြေးစားကာမလုပ်သား အမျိုးသမီးများနဲ့ တွေ့ဆုံ စကားပြော ခဲ့ပါတယ်။ ကျွန်မက သူတို့တွေကို AIDS ရဲ့ အန္တရာယ်တွေကို ပြောပြမယ်လို့ မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ပြောချင်တာက သူတို့တွေ ဘယ်လို အနှိမ်ခံ ဖိနှိပ်ခံ နေကြရတယ် ဆိုတဲ့ အကြောင်းပါ။ ဒီ အမျိုးသမီးတွေ ထဲက အများစုဟာ လင်ယောက်ျား တွေရဲ့ စွန့်ပစ်ခြင်း ခံခဲ့ရသူ တွေပါ။ ဒါကြောင့်လဲ ကြေးစားဘဝကို ရောက်လာခဲ့ ကြသူတွေပါ။ သူတို့ရဲ့ ကလေးတွေ စားလောက်ရုံ ရဖို့အတွက် ပိုက်ဆံရှာ နေကြရတာပါ။ လူ့အသိုင်းအဝိုင်းရဲ့ အောက်ဆုံး အဆင့်လို့ အမြင်ခံရတဲ့ အတွက် သူတို့တွေကို ရဲတွေပါ အပါအဝင် လူတိုင်းက မုဒိမ်းကျင့်နိုင်၊ ဒါးမြတိုက်နိုင် ပါတယ်။ အဲဒါကိုလဲ ဘယ်သူကမှ ဂရုမစိုက်ပါဘူး။

သူတို့တွေ နဲ့ သူတို့တွေရဲ့  ဘဝအကြောင်းတွေကို ပြောရတာ အလွန်ပဲ စိတ်ထိခိုက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မ အမှတ်အရဆုံး အချက်ကတော့ သူတို့တတွေ ကျွန်မကို ဘယ်လောက်တောင် ထိကြည့်ချင်တာ၊ ဘယ်လောက်တောင် သူတို့ကို ထိတာကို ခံချင်တာ ပါပဲ။ အသားချင်း ထိလိုက်ရရင် သူတို့ မှာ တန်ဖိုးရှိကြောင်း သက်သေ သာဓက ရသွားသလို ပါပဲ။ ကျွန်မ ပြန်ခါနီးကြတော့ ကျွန်မတို့အားလုံး လက်တွေချိတ်ပြီး ဓာတ်ပုံတစ်ပုံ ရိုက်ခဲ့ကြပါတယ်။

အဲဒီနေ့ နေ့ခင်းပိုင်းမှာတော့ ကွယ်လွန်ခါနီး လူမမာတွေကို ပြုစုပေးတဲ့ ဂေဟာ တစ်ခု မှာ အချိန် အတော်ကြာခဲ့ပါတယ်။ အဲဒီ ဂေဟာထဲကို ဝင်လိုက်တော့ ခန်းမကျယ်ကြီး တစ်ခုထဲမှာ ခုတင်တွေ အတန်းလိုက် အတန်းလိုက် ချထားတာကို တွေ့ရပါတယ်။ ခုတင်တိုင်းမှာတော့ လူနာစောင့် တွေနဲ့ပါ။ ဒါပေမဲ့ အဝေးဆုံးထောင့်က ခုတင် တစ်ခုမှာတော့ ပြုစုမဲ့သူ မရှိတာကို တွေ့ရလို့ ကျွန်မလဲ အဲဒီ ခုတင်ဆီကို လျှောက်သွား ခဲ့ပါတယ်။ လူနာကတော့ အသက် သုံးဆယ်ကျော်လောက် လို့ထင်ရတဲ့ အမျိုးသမီး တစ်ယောက်ပါ။ သူ့ရဲ့  မျက်လုံးတွေကို ကျွန်မ မှတ်မိ နေပါတယ်။ ကြီးမား ဝိုင်းစက်ပြီး ဝမ်းနည်းရိပ်သန်းနေတဲ့ အညိုရောင် မျက်လုံးတွေပါ။ သူ့ရဲ့ ခန္ဓာကိုယ်ကတော့ ပိန်ချုံးနေပြီး ကွယ်လွန်ခါနီး တဲတဲကလေးပဲ လိုတော့တဲ့ ပုံပါ။ သူ့ရဲ့ အူသိမ်တွေကလဲ ဘာကိုမှ ထိန်းမထားနိုင် တော့ပါဘူး။ ဒါကြောင့် သူ့ကို အခင်းမှာ အပေါက်ပါတဲ့ ခုတင်ကို ပေးထားပါတယ်။ အဲဒီတော့ ခုတင်အောက်မှာရှိတဲ့ အိုးထဲကို အကုန်လုံး ဒလဟော သွန်ပြီး ကျနေတာပါပဲ။

သူ့မှာ AIDS ရှိနေတယ်လို့ ကျွန်မပြောနိုင်ပါတယ်။ သူ့ရဲ့ပုံစံကို ကြည့်ရတာရယ် ပြီးတော့ ခန်းမရဲ့ ထောင့်မှာ တစ်ယောက်ထဲ ထားတာရယ်ကြောင့်ပါ။ AIDS ရောဂါ ကြောင့် အနှိမ်ခံ ရတာကတော့ ရက်စက်လွန်းပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အပေါ်မှာ ပိုပြီးဆိုးပါတယ်။ အပြစ်ပေးတဲ့ နည်းကတော့ စွန့်ပစ်ခြင်းပါ။

သူ့ရဲ့  ခုတင်ဘေးကို ရောက်သွားတဲ့ အခိုက်မှာတော့ လုံးဝမျှော်လင့်ချက် ကင်းမဲ့ မှုကို ကျွန်မ ရုတ်တရက် ခံစားလိုက်ရ ပါတယ်။ သူ့ကို ကျွန်မ ကူညီပေးနိုင်တာ ဘာတစ်ခုမှ မရှိပါ။ သူ့ကို မကယ်နိုင်တော့ဘူး ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို တစ်ယောက်ထဲ မထားနိုင်ပါ။ အဲဒီတော့ ခုတင်ဘေးမှာ ဒူးထောက်ပြီး သူ့ရဲ့  လက်ကို လှမ်းပြီး ထိလိုက်ပါတယ်။ ကျွန်မရဲ့ လက်နဲ့ ထိလိုက် မိတာနဲ့ လက်ကို ဆုတ်ထားပြီး ပြန်လွှတ် မပေးတော့ပါဘူး။ လက်ကိုကိုင်ပြီး ထိုင်နေတုန်းမှာ ကျွန်မပြောတာကို သူ နားမလည်မှန်း သိရက် နဲ့ “အားလုံး ကောင်းသွားမှာပါ။ အားလုံး ကောင်းသွားမှာပါ။ ဒါ မင်းအပြစ် မဟုတ်ပါဘူး။ ဒါ မင်းအပြစ် မဟုတ်ပါဘူး။” လို့ပြောနေမိပါတယ်။

တော်တော်ကြာမှ သူ့ရဲ့ လက်ညိုးနဲ့ အပေါ်ကို ညွှန်ပြပါတယ်။ နေ့အလင်းရောင် ရှိခိုက်မှာ ဆေးရုံရဲ့ အမိုးပေါ်ကိုတက်ပြီး အပေါ်မှာထိုင်ချင်တယ်လို့ ပြောချင်တာကိုတော့ ကျွန်မ အတော်ကြာမှ သဘောပေါက်ခဲ့တာပါ။ ဆေးရုံ အလုပ်သမ တစ်ယောက်ကို လုပ်ပေးလို့ရမလားလို့ မေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာလဲ စောင့်ရှောက်စရာ လူနာတွေ အများကြီးနဲ့မို့ အလုပ်မအားပါဘူး။  သူကပြောပါတယ် “ဒီအမျိုးသမီးက ကွယ်လွန်ခါနီး တဲတဲကလေးပဲ ကျန်တော့တာပါ။ ကျွန်မမှာက ဆေးတွေ ဝေပေးရမဲ့ တာဝန် ရှိပါသေးတယ်” တဲ။့ နောက်တစ်ယောက် ကို ထပ်မေးတော့လဲ ဒီအဖြေပဲ ရပါတယ်။ ညနေစောင်းလာတော့ နေဝင်ခါလဲ နီးလာပါပြီ။ ကျွန်မလဲ ပြန်ရတော့မှာပါ။ ဘယ်သူကမှ သူ့ကို အပေါ်ထပ်ကို ပို့ပေးချင်တဲ့ပုံ မပေါ်ပါဘူး။

ဒါနဲ့ နောက်ဆုံးတော့ ကျွန်မ ကိုယ်တိုင်ပဲ သူ့ကို ပွေ့ပြီး ချီလိုက်ပါတယ်။ သူ့မှာက အရိုးပေါ်အရေတင် နဲ့ အရိုးချည်းသာ ကျန်တော့တာပါ။ ကျွန်မသူ့ကို အပေါ်ထပ်ကို ပွေ့ပြီး သယ်ခဲ့ပါတယ်။ အမိုးပေါ်မှာတော့ လေတိုက်ရင် လဲတတ်တဲ့ ပလပ်စတစ် ကုလားထိုင်မျိုးတွေ ရှိနေခဲ့ပါတယ်။ ကျွန်မသူ့ကို အဲဒီ  ကုလားထိုင် တစ်ခုပေါ်မှာချ၊ နောက် ကုလားထိုင် တစ်ခုပေါ်မှာ သူ့ရဲ့ ခြေထောက်တွေ ကိုတင် ပြီးတော့ စောင်တစ်ခုကို ခြေထောက်တွေ ပေါ်မှာ လွှမ်းထား ပေးခဲ့ပါတယ်။

သူက အဲဒီမှာ အနောက်ဘက် ကို မျက်နှာပြုပြီး နေဝင်တာကို ငေးကြည့် နေခဲ့ပါတယ်။ ဆေးရုံက အလုပ်သမားတွေကို လူနာကို အပေါ်ထပ်ကို တင်ပေးခဲ့ကြောင်းနဲ့ ပြီးလို့ နေဝင်သွားရင် အောက်ကို ပြန်ပြီးချပေးဖို့ သေသေချာချာ မှာထားခဲ့ပါတယ်။ ပြီးတော့ ကျွန်မ သူ့ကို ထားခဲ့ရပါတယ်။

ဒါပေမဲ့ သူကတော့ ကျွန်မကို ဘယ်တော့မှ ခွဲခွါ မသွားတော့ပါ။

ဒီအမျိုးသမီးရဲ့ ကွယ်လွန်ခါနီးဆဲဆဲ အချိန်မှာ ကျွန်မဟာ ဘက်ပေါင်းစုံက လုံးဝ အစွမ်းအစ မရှိတဲ့ သူလို့ ခံစားခဲ့ရပါတယ်။

ဒါပေမဲ့ တခါတလေမှာတော့ ကိုယ်က အကူအညီ မပေးနိုင်တဲ့သူတွေဟာ ကိုယ့်ကို စိတ်ဓာတ်ခွန်အား အပေးဆုံးသူတွေ ဖြစ်နေပါတယ်။

မနက်ပိုင်းက ကျွန်မနဲ့ လက်ချင်းချိတ်ခဲ့တဲ့ ကြေးစားကာမလုပ်သား တွေဟာ ညနေပိုင်းမှာ ကျွန်မအပေါ်ကို ချီမပြီး တင်ပေးခဲ့ရတဲ့ အမျိုးသမီး ဖြစ်သွားနိုင်တယ် ဆိုတာ ကျွန်မ သိပါတယ်။ သူတို့ကို လူ့အသိုင်းအဝိုင်းက အနှိမ်ခံရတာကို မတွန်းလှန် နိုင်ရင် သူတို့လဲ အဲဒီ ဘဝကို ရောက်သွား ကြမှာပါ။

ပြီးခဲ့တဲ့ ၁ဝ နှစ် အတွင်းမှာတော့ ကျွန်မတို့ရဲ့  ဖောင်ဒေးရှင်း က ကြေးစားကာမလုပ်သား တွေကို အပြန်အလှန် ပံ့ပိုးပေးဖို့ အဖွဲ့တွေ ဖွဲ့ရာမှာ အကူအညီ ပေးပါတယ်။ ဒီအဖွဲ့တွေ က အန္တရာယ်ကင်းတဲ့ ကာမအလုပ်ဖြစ်ဖို့ ပွင့်ပွင့်လင်းလင်း ပြောရဲအောင်နဲ့ သူတို့ရဲ့  ဖောက်သည်တွေကို ရာဘာအစွပ်သုံးဖို့ တောင်းဆိုရဲအောင် အားပေးပါတယ်။ သူတို့ရဲ့  သတ္တိနဲ့ ကြိုးစားမှုကြောင့် ကြေးစားကာမလုပ်သား တွေရဲ့ ကြားမှာ HIV ကူးစက်နှုန်း နည်းပါး ခဲ့ပါတယ်။ ပြီးတော့လဲ အိန္ဒိယ မှာ AIDS ကပ်ရောဂါကြီး အကြီးအကျယ် မဖြစ်ပွါးခဲ့ခြင်းရဲ့ အဓိက အကြောင်းတစ်ခုဟာ ဒီ ကြိုးစားမှုကြောင့်ပဲ ဆိုတာကို သုတေသန အများအပြား မှာ တွေ့ရပါတယ်။

ကြေးစားကာမလုပ်သားတွေ AIDS ကူးစက်မှု ပပျောက်ရေးကို ကူညီဖို့ စုဝေးကြရာက မမျှော်လင့်ခဲ့တဲ့ အံ့ဩစရာကောင်းတဲ့ အရာတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ ဒီ အစုအဝေးဟာ ဘာမဆို လုပ်လို့ရတဲ့ အခြေခံအဖွဲ့ ဖြစ်လာပါတယ်။ ထိုးကြိတ် ရိုက်နှက် အကြမ်းဖက်တာကို ခံရရင် အကူအညီခေါ်ဖို့ အရေးပေါ် တယ်လီဖုန်းလိုင်း ကို သူတို့ ထူထောင်ခဲ့ကြပါတယ်။ သူတို့တွေကို မုဒိန်းကျင့်၊ ဒါးမြတိုက်ခဲ့ကြတဲ့ ရဲတွေရော တခြားသူတွေပါ ပြစ်မှုကနေ လွတ်အောင် မပြေးနိုင်ကြတော့ ပါဘူး။ ငွေစုတာကို ပံ့ပိုး ပေးတဲ့ စနစ်တွေ ကိုလဲ ဒီ အမျိုးသမီးတွေက ထူထောင်ခဲ့ကြပါတယ်။ ငွေကြေး ဝန်ဆောင်မှု စနစ် တွေကိုလဲ သူတို့တွေ သုံးခဲ့ကြပါတယ်။ တချို့ကတော့ အဲဒီ အကူအညီနဲ့ စီးပွါးရေး လုပ်ငန်းတွေ စပြီး ကာမအလုပ်ကနေ လွတ်မြောက်ခဲ့ကြပါတယ်။ ဒါတွေအားလုံးဟာ လူ့အသိုင်းအဝိုင်းရဲ့ အောက်ဆုံးရဲ့ အောက်ဆုံးအလွှာ လို့ သတ်မှတ်ထားတာ ခံရတဲ့သူတွေက လုပ်ခဲ့တာပါ။

ကျွန်မ အတွက်တော့ အကောင်းမြင်စိတ် ဆိုတာ အားလုံး ကောင်းသွားမှာပါလို့ ထိုင်ပြီး မျှော်လင့်နေတဲ့ စိတ်မျိုး မဟုတ်ပါဘူး။ အားလုံးကောင်းသွားအောင် ငါတို့ လုပ်နိုင်တယ် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်စိတ်မျိုးပါ။ ဘယ်လို ဒုက္ခမျိုးတွေကို တွေ့မြင်ရပါစေ၊ ဘယ်လောက်ပဲ အခြေအနေ ဆိုးပါစေ တို့တွေ အားမလျော့ရင် တို့တွေ မျက်နှာမလွှဲရင် လူအများကို တို့တွေ ကူညီနိုင်တယ် ဆိုတဲ့ စိတ်မျိုးပါ။

(လက်ခုပ်သံများ။ ဘီ(လ်) မှ မိန့် ခွန်း ကို ဆက်ပြော ပါ သည်)

ဘီ(လ်) – မီလင်ဒါ နဲ့ ကျွန်တော်တို့ ပြောပြခဲ့ တာတွေဟာ အကြီးအကျယ် ဝမ်းနဲစရာ မြင်ကွင်းတွေပါ။ ဒါပေမဲ့ အကောင်းမြင်စိတ် ရဲ့ စွမ်းပကားကို ကျွန်တော်တို့ သက်သေ သာဓက ခိုင်ခိုင်မာမာ ထုတ်ပြချင်ပါတယ်။ အင်မတန် ဆိုးဝါးတဲ့ အခြေအနေမျိုးမှာ တောင်မှ အကောင်းမြင်စိတ်ဟာ တီထွင် ဖန်တီးမှုတွေကို မီးထိုးပေးနိုင်ပါတယ်။ အဲဒီ တီထွင် ဖန်တီးမှုတွေကနေ ဒုက္ခတွေကို ဖယ်ရှား ပေးနိုင်တဲ့ လက်နက်ကရိယာတွေ ပေါ်ထွက်လာနိုင်ပါတယ်။  ဒါပေမဲ့ တကယ် ဒုက္ခတွေ့ နေကြသူ တွေကို အမှန်တကယ် မမြင်ဘူးဖူး ဆိုရင်တော့ မောင်တို့မယ်တို့ ရဲ့ အကောင်းမြင်စိတ် ကလဲ သူတို့တွေကို ကူညီပေးနိုင်မှာ မဟုတ်ပါ။ မောင်တို့မယ်တို့လဲ သူတို့ရဲ့ ကမ႓ာကို ဘယ်တော့မှ ပြောင်းလဲပေးမှာ မဟုတ်ပါ။

အဲဒီ အချက်ကနေပြီး ကျွန်တော့ အမြင်ပြောရရင် ဝိရောဓိ ပြဿနာ တစ်ခု ပေါ်လာပါတယ်။

သိပ္ပံ နဲ့ နည်းပညာ လောကကြီးကနေပြီး အင်မတန် ထူးခြားဆန်းကြယ် တဲ့ တီထွင်မှု တွေကို မောင်းနှင်ပေးနေပြီး စတင်းဖို့(ဒ်) တက္ကသိုလ် က အဲဒီ တီထွင်မှုတွေရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ ဒီ တက္ကသိုလ်က စီးပွါးရေး ကုမ္ပဏီ အသစ်တွေ၊ ဆုတံဆိပ်ရ ပါမောက္ခတွေ၊ အလွန် ပြောင်မြောက်တဲ့ ဆော့(ဖ်)ဝဲ(ရ်) တွေ၊ ထက်မြက်တဲ့ ဆေးစွမ်းကောင်းတွေ၊ အတော်ဆုံး ဘွဲ့ရကျောင်းဆင်းတွေ မွေးထုတ် ပေးနေပါတယ်။ လူသား အချင်းချင်း အပြန်အလှန် အကူအညီ ပေးနိုင်ဖို့ အတွက် အင်မတန် အံ့ဩစရာ ကောင်းတဲ့ တီထွင်မှု တွေ ပေါ်ပေါက်လာဖို့ရာ တဲတဲကလေးပဲ လိုတော့တဲ့ အချိန်ကို ကျွန်တော် တို့တတွေ ရောက်နေပါပြီ။ ဒီ တက္ကသိုလ်က လူများကလဲ အနာဂါတ် အတွက် အလွန် စိတ်အား တက်ကြွနေကြ ပါတယ်။

အဲဒီ အချိန်မှာပဲ အမေရိကန်ပြည် တဝှမ်းက လူတွေကို “ခု လာမဲ့ အနာဂါတ်ဟာ အတိတ်ကထက် ပိုပြီး ကောင်းလာမလား”  ဆိုတဲ့ မေးခွန်းကို မေးခဲ့ရင် လူအများစုက “မကောင်းပါဘူး။ တို့ကလေးတွေရဲ့ လက်ထက် ကြရင် တို့တွေထက် ပိုပြီး ဆိုးပါလိမ့်မယ်။” လို့ ဖြေကြပါ လိမ့်မယ်။ အသစ်အဆန်း တီထွင်မှုတွေက သူတို့ရဲ့ အတွက်ရော သူတို့ကလေး တွေရဲ့ အတွက်ပါ ကမာ္ဘကြီး ကို ပိုပြီးကောင်းလာအောင် လုပ်ပေး နိုင်မှာ မဟုတ်ဘူးလို့ သူတို့ ထင်ကြပါတယ်။

အဲဒီလိုဆိုရင် ဘယ်သူတွေက မှန်ပါသလဲ။

တီထွင်မှုတွေက အခွင့်အလမ်း အသစ်တွေ ဖန်တီးပေးပြီး ကမာ္ဘကြီးကို ပိုပြီး ကောင်းအောင် လုပ်ပေးမယ်ဆိုတဲ့ သူတွေက မှန်သလား။

ဒါမှမဟုတ်

အဆင့်အတန်း ကွာဟမှု နဲ့ အခွင့်အလမ်း ရှားပါးလာမှုတွေ ဖြစ်လာတာကို မြင်နေတဲ့၊ တီထွင်မှုတွေက ဒါတွေကို ပြောင်းလဲမှာ မဟုတ်ဘူး ဆိုတဲ့ သူတွေက မှန်သလား။

အဆိုးမြင်ဝါဒီ တွေက မှားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ စိတ်မနှံ့တဲ့ သူတွေတော့ မဟုတ်ပါဘူး။ တကယ်လို့ နည်းပညာကို ဈေးကွက် တစ်ခုုထဲ ကသာ တွန်းအားပေးမယ် ဆိုရင်၊ ကျွန်တော်တို့ရဲ့ တီထွင်မှုတွေကို မတရားမှုကြီးတွေ အပေါ်မှာ ဦးတည်ချက် မထားခဲ့ရင်၊ ကမာ္ဘကြီး ကို ပိုပြီး ကွဲသထက် ကွဲအောင် ခွဲမဲ့ ဆန်းကြယ်တဲ့ တီထွင်မှု မျိုးတွေ ပေါ်ထွက် လာနိုင်ပါတယ်။

အစိုးရကျောင်းတွေလဲ ပိုပြီး ကောင်းလာတော့မှာ မဟုတ်ပါဘူး။ ငှက်ဖျားရောဂါ ကိုလဲ ပျောက်အောင် ကုနိုင်တော့မှာ မဟုတ်ပါဘူး။ ဆင်းရဲမွဲတေမှုလဲ ပပျောက်တော့မှာ မဟုတ်ပါဘူး။ ဆင်းရဲတဲ့ လယ်သမားတွေ ကမာ္ဘကြီး ရဲ့ ပြောင်းလဲလာတဲ့ ရာသီဥတု နဲ့ အညီ စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့ တီထွင်မှုတွေလဲ ပေါ်ထွက်လာတော့မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ အကောင်းမြင်စိတ်က လူသားပေါင်း မြောက်များစွာကို ဒုက္ခ ပေးနေတဲ့ ပြဿနာတွေကို အလေးမထားဘူး ဆိုရင်၊ ဒီအကောင်းမြင်စိတ်မှာ ကိုယ်ချင်းစာ ကရုဏာ စိတ် လိုအပ်နေပါတယ်။ ကရုဏာစိတ်က ကျွန်တော်တို့ရဲ့  အကောင်းမြင်စိတ်ကို လမ်းကြောင်း ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့  မြင်ကွင်းထဲမှာ ဆင်းရဲမွဲတေမှုတွေ၊ ရောဂါဆိုးတွေနဲ့ မကောင်း တဲ့ စာသင်ကျောင်းတွေ ပေါ်လာပါလိမ့်မယ်။ ဒီ ပြဿနာတွေကို ကျွန်တော်တို့ရဲ့  တီထွင်မှုတွေနဲ့ ဖြေရှင်းပြီး အဆိုးမြင်ဝါဒီတွေ အံ့အားသင့် သွားအောင် ကျွန်တော်တို့ လုပ်ပါ့လိမ့်မယ်။

နောက် မျိုးဆက်သစ် တစ်ခု အဖြစ် စတင်းဖို့(ဒ်) ဘွဲ့ရ မောင်မယ်တို့ဟာ တီထွင်မှု လှိုင်းသစ်တွေကို ဦးဆောင်ပါလိမ့်မယ်။ ပြီးတော့ ဒီတီထွင်မှုတွေ ကို မောင်မယ်တို့ ရဲ့ ကမာ္ဘမှာ လက်တွေ့ အသုံးချကြ ပါလိမ့်မယ်။ ဘယ်လို ပြဿနာမျိုး တွေကို မောင်တို့မယ်တို့ ဖြေရှင်းကြမလဲ။ မောင်တို့မယ်တို့ ရဲ့ ကမာ္ဘက အကြီးကြီး ဆိုရင်တော့ တို့တွေအားလုံး လိုချင်တဲ့ အနာဂါတ်ကို မောင်တို့မယ်တို့ တည်ဆောက်နိုင် ပါတယ်။ မောင်တို့မယ်တို့ ရဲ့ ကမာ္ဘက သေးသေးကလေး ဆိုရင်တော့ အဆိုးမြင်ဝါဒီတွေ ထိတ်လန့်နေတဲ့ အနာဂါတ်ကို တည်ဆောက်မိတာမျိုး ဖြစ်နိုင်ပါတယ်။

ကျွန်တော် ဆိုဝေတိုမှာ စပြီး ရခဲ့တဲ့ သင်ခန်းစာ ကတော့ ကျွန်တော်တို့ရဲ့ အကောင်း မြင်စိတ် နဲ့ လူတိုင်းကို အကျိုးပြု ပေးချင်တယ် ဆိုရင် ကမာ္ဘ့နေရာ အနှံ့ က လူတွေကို အားဖြည့် ပေးချင်တယ် ဆိုရင် တကယ် လိုအပ်နေတဲ့ လူတွေရဲ့ ဘဝတွေကို တကယ် မြင်ဘူး ရပါမယ်။ တကယ်လို့ ကျွန်တော်တို့မှာ အကောင်းမြင်စိတ်ပဲ ရှိပြီး ကိုယ်ချင်းစာတတ်တဲ့ ကရုဏာစိတ် မရှိဘူး ဆိုရင်တော့ ဘယ်လောက်ပဲ သိပ္ပံပညာ ရဲ့ လျှို့ဝှက်ချက်တွေ ကို တတ်ကျွမ်းပါစေ ဘယ်ပြဿနာကိုမှ ကျွန်တော်တို့တွေ တကယ် ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါ။ ပဟေဠိတွေ ကို အဖြေရှာတမ်း ကစားနေသလိုပဲ ဖြစ်မှာပါ။

ကျွန်တော် ထင်ပါတယ် မောင်တို့မယ်တို့ အများစုမှာ ကျွန်တော် မောင်မယ်တို့ အရွယ်က ရှိခဲ့တဲ့ ကမာ္ဘ့အမြင်ထက် ပိုပြီးကျယ်ပြန့်တဲ့ အမြင် ရှိကြပါတယ်။ မောင်တို့မယ်တို့ ကျွန်တော့ထက် ပိုပြီး အောင်မြင်အောင် လုပ်နိုင်ပါတယ်။ မောင်မယ်တို့ နှလုံးသားရော ဦးဏှောက်ပါ အားစိုက်ပြီး ကြိုးစား လိုက်မယ် ဆိုရင်၊ အဆိုးမြင်ဝါဒီ တွေကို အံ့အားသင့် သွားအောင် လုပ်နိုင်မှာပါ။ အဲဒီ အချိန်ကို ကျွန်တော်တို့ တွေ့ မြင်ချင် လှပါပြီ။

(လက်ခုပ်သံများ။ မီလင်ဒါ မှ မိန့် ခွန်းကို ဆက်ပြော ပါ သည်)

မီလင်ဒါ – မောင်တို့မယ်တို့ရဲ့ အသဲ ကွဲပါစေ။ အသဲကွဲလိုက်ရင် မောင်တို့ မယ်တို့ရဲ့ အကောင်းမြင်စိတ် နဲ့ ဘာလုပ်သလဲ ဆိုတာကို ပြောင်းလဲသွားစေပါလိမ့်မယ်။

ကျွန်မရဲ့ အာရှတိုက် တောင်ပိုင်း ခရီး တစ်ခုမှာ အင်မတန် ဆင်းရဲတဲ့ ကလေး အမေ တစ်ယောက်နဲ့ တွေ့ခဲ့ရ ပါတယ်။ သူ့ရဲ့ ကလေး အငယ်လေး နှစ်ယောက်ကို ကျွန်မဆီကို ခေါ်လာပြီး “သူတို့ကို အိမ်ကိုခေါ်သွားပါ” လို့ အသနားခံပါတယ်။ ကျွန်မ ကို ခွင့်လွှတ်ပါလို့ တောင်းပန်ပြီး ခေါ်မသွားနိုင်တဲ့ အကြောင်းပြောတော့ “အဲဒီလိုဆို တစ်ယောက်တော့ ခေါ်သွားပါ” တဲ့။

နောက် လော့(စ်)အိန်ဂျလိ(စ်)မြို့ တောင်ပိုင်းကို သွားတဲ့ ခရီးတစ်ခေါက် မှာတော့ ခပ်ကြမ်းကြမ်း ရပ်ကွက်တစ်ခုထဲက အထက်တန်း ကျောင်းသူ၊ ကျောင်းသား တစ်စု နဲ့ စကား ပြောခဲ့ရပါတယ်။ အဲဒီ အထဲက မိန်းကလေး တစ်ယောက်က ကျွန်မကို ပြောပါတယ် “ကျွန်မတို့ကို သူများတွေရဲ့ ကလေးတွေ၊ တာဝန်မယူချင်တဲ့ မိဘတွေရဲ့ ကလေးတွေ၊ ထမင်းသိုး ဟင်းသိုးလေးတွေ လို့ မထင်ဘူးလား” တဲ့။

ဒီအမျိုးသမီးတွေက ကျွန်မကို အသဲ ကွဲစေခဲ့ပါတယ်။ ခုထက်ထိလဲ အသဲ ကွဲလျက်ပါ။  “ငါလဲ သူတို့လိုပဲ ဖြစ်နေနိုင်တယ်” လို့ ကိုယ့်ကိုကိုယ် အသိပေး လိုက်မိရင် ပိုပြီးတော့တောင်မှ ကရုဏာ ဖြစ်မိပါသေးတယ်။

ခရီးသွားရင်း တွေ့ကြုံရတဲ့ မိခင်များနဲ့ စကားပြောရတဲ့ အခါ ကျွန်မတို့ရဲ့ ကလေးတွေ အတွက် ဘာလိုချင်သလဲ ဆိုတာ မိခင်တွေမှာ ကွဲပြားမှု မရှိဘူး လို့ တွေ့ရပါတယ်။ ကလေးတွေကို ဖြည့်ဆည်းပေးနိုင်စွမ်း ကျွန်မတို့မှာ ရှိ မရှိ ဆိုတဲ့ အချက် တစ်ခုထဲသာ ကွာခြားသွားတာပါ။

ဘယ်အတွက် ကြောင့် အဲဒီလို ကွာခြားရပါသလဲ။

အဲဒီ အကြောင်းကို ဘီ(လ်) နဲ့ ကျွန်မတို့ ညစာ ထမင်းဝိုင်း မှာ ကျွန်မတို့ရဲ့ ကလေးတွေ နဲ့ ဆွေးနွေးလေ့ ပါတယ်။ ဘီ(လ်) ဟာ သူ့ရဲ့ အောင်မြင်မှု အတွက် အင်မတန် ကြိုးစား ခဲ့ရပါတယ်။ လုပ်ငန်းမှာ စွန့်စားခဲ့ရပါတယ်။  အောင်မြင်မှု အတွက် စတေးခဲ့ရပါတယ်။  ဒါပေမဲ့ အောင်မြင်မှုမှာ မရှိမဖြစ် အရေးပါတဲ့ အကြောင်း တစ်ခုလဲ ရှိပါသေး တယ်။ အဲဒါ ကတော့ ကံကောင်းခြင်း ပါ။ ကံကောင်းခြင်း စစ်စစ် မှ လုံးဝ ကံကောင်းခြင်း စစ်စစ်ပါ။

ဘယ် တုံးက မွေးသလဲ။ မိဘတွေ က ဘယ်သူ တွေလဲ။ ဘယ် အရပ်မှာ ကြီးပြင်းခဲ့ သလဲ။ ဒါတွေကို ကျွန်မတို့ ကြိုးစားပြီး ရလာခဲ့တာ မဟုတ်ပါဘူး။ ကျွန်မတို့ကို ပေးအပ်ခဲ့တာ တွေကို ယူခဲ့ရတာပါ။

ကျွန်မတို့မှာ ကံကောင်းခြင်း နဲ့ အခွင့်ထူး ရခဲ့တာတွေသာ မရှိခဲ့ရင် ဘယ်ကို ရောက်နေမလဲလို့ တွေးကြည့်လိုက်ရင် ဆင်းရဲသူ၊ ဆင်းရဲသား များနဲ့ တွေ့တဲ့အခါ ရောဂါဝေဒနာ ခံစားနေရ သူများနဲ့တွေ့တဲ့အခါ “ငါလဲ သူတို့လိုပဲ ဖြစ်နေနိုင်တယ်” လို့ စဉ်းစားဖို့ ပိုပြီး လွယ်ကူသွားပါတယ်။ ဒါဟာ ကိုယ်ချင်းစာ ကရုဏာစိတ် ပါပဲ။ ဒီ ကရုဏာစိတ်ဟာ အတားအဆီး တွေကို ဖယ်ရှားပြီး အကောင်းမြင်စိတ် အတွက် နယ်ပယ်သစ်တွေ ဖွင့်လှစ်ပေးပါတယ်။

ဟောဒါ ကတော့ မောင်တို့မယ်တို့ အားလုံးအတွက် တို့တွေရဲ့ မေတ္တာရပ်ခံချက်ပါ။ စတင်းဖို့(ဒ်) တက္ကသိုလ်က ထွက်ခွါ သွားတဲ့ အခါမှာ မောင်မယ်တို့ ရဲ့ အလွန်ထက်မြက်တဲ့ ဉာဏ်စွမ်းပကား နဲ့ အကောင်းမြင်စိတ် နဲ့ ကရုဏာစိတ် တွေကို ယူဆောင်သွားပြီး ကမာ္ဘကြီး ကို ပြောင်းလဲကြပါ။ အခြား လူသား သန်းပေါင်းများစွာ မှာလဲ အကောင်းမြင် စိတ်တွေ ဖြစ်ပေါ်လာစေမဲ့ နည်းမျိုးတွေ နဲ့ ကမာ္ဘကြီး ကို ပြောင်းလဲကြပါ။

အဲဒီလို လုပ်ဖို့အတွက် အလျင်လိုဖို့ မလိုပါ။ မောင်မယ်တို့မှာ ဘဝ တက်လမ်းကို ရှာရ ပါဦးမယ်။ ပေးဆပ်စရာတွေ ရှိပါသေးတယ်။ ဘဝကြင်ဖော်နဲ့ တွေ့ရ အိမ်ထောင်ပြုကြရ ပါဦးမယ်။ လောလောဆယ်တော့ ဒီလောက်ဆို လုံလောက်ပါပြီ။

ဒါပေမဲ့ မောင်မယ်တို့ရဲ့ သက်တမ်း တလျှောက်မှာ ကြိုတင်စီစဉ် မထားပဲနဲ့ မောင်မယ်တို့ ရဲ့ အသဲကို ကွဲစေမဲ့ ဒုက္ခ နဲ့ ဝေဒနာ ဆိုးတွေကို တွေ့မြင်ကြရ ပါလိမ့်မယ်။

အဲဒီလို ဖြစ်တဲ့အခါမှာ၊ ဖြစ်ဖို့လဲ သေချာပါတယ်။ မျက်နှာလွှဲပြီး လှည့်ထွက်မသွားပါနဲ့၊ ရှေ့ကိုလှည့် ပြီး တဲ့တဲ့ ရင်ဆိုင်ပါ။

အဲဒီ အခိုက်အတန့် ဟာ အပြောင်းအလဲ ကို မွေးဖွားတဲ့ အချိန်ပါ။

ဘွဲ့ရမောင်မယ် တွေကို ချီးကျူး ဂုဏ်ပြု ပါတယ်။ ကံကောင်းကြပါစေ။

(အားလုံး မတ်တတ်ရပ်၍ လက်ခုပ်ဩဘာ ပေးကြသည်)

မူရင်း မိန့်ခွန်း

၁။ http://news.stanford.edu/news/2014/june/gates-commencement-remarks-061514.html
၂။ https://www.youtube.com/watch?v=wug9n5Atk8c

ဘာသာပြန်သူ – ကိုမိုး

37 comments

  • မြစပဲရိုး

    November 3, 2014 at 2:56 am

    ဘာသာပြန်ထဲမှာ အမှားများ တွေ့ပါက ပြင်ပေးခြင်း၊ ပိုမိုကောင်းမွန်အောင် အကြံပြုဝေဖန်ပေးခြင်း များ ရှိပါက ဝမ်းမြောက်ဝမ်းသာ လက်ခံ ပါတယ်။

    ကမာ္ဘ့ အချမ်းသာဆုံး တွေ ရဲ့ လူသားဆန်ဆန် တွေးခေါ်နေတဲ့ အကြောင်း တွေ စကား တွေ ကို
    ကိုယ့်တိုင်းပြည် ထဲ က အင်အားရှိရှိ ပြောင်းလဲ ပေးနိုင် သူများ ကိုလဲ ဖတ်စေချင်တာမို့ မျှဝေ ပေး နိုင်သမျှ မျှဝေ ပေးပါက
    အထူးဘဲကျေးဇူးတင်ပါတယ်။

    {{
    ကျွန်တော် ဆိုဝေတိုမှာ စပြီး ရခဲ့တဲ့ သင်ခန်းစာ ကတော့ ကျွန်တော်တို့ရဲ့ အကောင်း မြင်စိတ် နဲ့ လူတိုင်းကို အကျိုးပြု ပေးချင်တယ် ဆိုရင်
    ကမာ္ဘ့နေရာ အနှံ့ က လူတွေကို အားဖြည့် ပေးချင်တယ် ဆိုရင် တကယ် လိုအပ်နေတဲ့ လူတွေရဲ့ ဘဝတွေကို တကယ် မြင်ဘူး ရပါမယ်။
    တကယ်လို့ ကျွန်တော်တို့မှာ အကောင်းမြင်စိတ်ပဲ ရှိပြီး ကိုယ်ချင်းစာတတ်တဲ့ ကရုဏာစိတ် မရှိဘူး ဆိုရင်တော့ ဘယ်လောက်ပဲ သိပ္ပံပညာ ရဲ့ လျှို့ဝှက်ချက်တွေ ကို တတ်ကျွမ်းပါစေ
    ဘယ်ပြဿနာကိုမှ ကျွန်တော်တို့တွေ တကယ် ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါ။ ပဟေဠိတွေ ကို အဖြေရှာတမ်း ကစားနေသလိုပဲ ဖြစ်မှာပါ။
    (ဘီ(လ်) ဂိတ်(စ်))
    }}

    {{
    ကျွန်မတို့မှာ ကံကောင်းခြင်း နဲ့ အခွင့်ထူး ရခဲ့တာတွေသာ မရှိခဲ့ရင် ဘယ်ကို ရောက်နေမလဲလို့ တွေးကြည့်လိုက်ရင် ဆင်းရဲသူ၊ ဆင်းရဲသား များနဲ့ တွေ့တဲ့အခါ ရောဂါဝေဒနာ ခံစားနေရ သူများနဲ့တွေ့တဲ့အခါ
    “ငါလဲ သူတို့လိုပဲ ဖြစ်နေနိုင်တယ်” လို့ စဉ်းစားဖို့ ပိုပြီး လွယ်ကူသွားပါတယ်။
    ဒါဟာ ကိုယ်ချင်းစာ ကရုဏာစိတ် ပါပဲ။
    ဒီ ကရုဏာစိတ်ဟာ အတားအဆီး တွေကို ဖယ်ရှားပြီး အကောင်းမြင်စိတ် အတွက် နယ်ပယ်သစ်တွေ ဖွင့်လှစ်ပေးပါတယ်။
    (မီလင်ဒါ ဂိတ်(စ်) )
    }}

    စိတ်ရှည်လက်ရှည် အချိန်ပေးပြီး ဘာသာပြန်ပေးသူ “ကိုမိုး” ကိုလဲ အထူးကျေးဇူးတင်ပါတယ်။

  • YUYA MON

    November 3, 2014 at 8:35 am

    GREAT …….THANKS!!!!!!!

  • အလင်းဆက်

    November 3, 2014 at 8:52 am

    အသဲလား..ကွဲဖူးတယ်…
    အဲ…ခဏခဏ ပြန်ဆက်ခဲ့ဖူးတယ်..

    :k:

    ဗဟုသုတရပါအိ။

  • Yae Myae Tha Ninn

    November 3, 2014 at 11:32 am

    ကျွန်တော်လဲ ပေါ်လီယာနာလို အကောင်းမြင်စိတ်မျိုး ကြိုးစားမွေးမြူ နေပါတယ်… 🙂

  • kai

    November 3, 2014 at 12:55 pm

    Microsoft was donating computers and software to a community center there – the kind of thing we did in the United States. But it became clear to me very quickly that this was not the United States.
    =
    မိုက်ကရိုဆော့(ဖ်) ကနေပြီး ဆိုဝေတိုက လူထုရိပ်သာ တစ်ခုကို ကွန်ပျူတာ နဲ့ ဆော့(ဖ်)ဝဲ(ရ်)တွေ လှူခဲ့တာပါ။ အမေရိကန်မှာ ကျွန်တော်တို့ လှူခဲ့တဲ့ အတိုင်းပါပဲ။ ဒါပေမဲ့ ဆိုဝေတို ဟာ အမေရိကန် မဟုတ်ဖူး ဆိုတာကို ကျွန်တော် အလျင်အမြန်ပဲ သဘော ပေါက်ခဲ့ ပါတယ်။
    =
    United States ကို အမေရိကန်လို့.. ဘာလို့ပြန်လိုက်သလည်း.. တွေးလို့မရ..
    မြန်မာတွေဟာ.. တိုင်းပြည်နဲ့ အဲဒီတိုင်းပြည်နေနိုင်ငံသားကိုရောထွေးခေါ်ဝေါ်နေကြတယ်လို့.. သဘောပေါက်မိတာ..တော်တော်ကြာပြီ..
    မြန်မာလူမျိုးနဲ့. မြန်မာစာ… မြန်မာနိုင်ငံ.. မြန်မာနိုင်ငံသားတွေကို.. အင်္ဂလိပ်လို။မြန်မာလို.. ခေါ်ဝေါ်သုံးစွဲရာမှာလည်း.. တိတိကျကျခွဲခြားမထားတာကို…. က.. တခြားနိုင်ငံတွေမှာ.. မရှိ.. ပြဿနာ.ကြီး.. တခု..။

    =
    အပေါ်ကဖတ်လာတာ.. အဲဒီနေရာမှာတင်.. ဘာသာပြန်ဆရာရဲ့အစွမ်းကြောင့်.. ရပ်သွားပြီး.. ဆက်မဖတ်ဖြစ်တော့… :k:

  • kyeemite

    November 3, 2014 at 1:29 pm

    .တကယ်လို့ ကျွန်တော်တို့မှာ အကောင်းမြင်စိတ်ပဲ ရှိပြီး ကိုယ်ချင်းစာတတ်တဲ့ ကရုဏာစိတ် မရှိဘူး ဆိုရင်တော့ ဘယ်လောက်ပဲ သိပ္ပံပညာ ရဲ့ လျှို့ဝှက်ချက်တွေ ကို တတ်ကျွမ်းပါစေ
    ဘယ်ပြဿနာကိုမှ ကျွန်တော်တို့တွေ တကယ် ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါ။ ပဟေဠိတွေ ကို အဖြေရှာတမ်း ကစားနေသလိုပဲ ဖြစ်မှာပါ။
    (ဘီ(လ်) ဂိတ်(စ်))

    ဆင်းရဲသူ၊ ဆင်းရဲသား များနဲ့ တွေ့တဲ့အခါ ရောဂါဝေဒနာ ခံစားနေရ သူများနဲ့တွေ့တဲ့အခါ
    “ငါလဲ သူတို့လိုပဲ ဖြစ်နေနိုင်တယ်” လို့ စဉ်းစားဖို့ ပိုပြီး လွယ်ကူသွားပါတယ်။
    ဒါဟာ ကိုယ်ချင်းစာ ကရုဏာစိတ် ပါပဲ။
    ဒီ ကရုဏာစိတ်ဟာ အတားအဆီး တွေကို ဖယ်ရှားပြီး အကောင်းမြင်စိတ် အတွက် နယ်ပယ်သစ်တွေ ဖွင့်လှစ်ပေးပါတယ်။
    (မီလင်ဒါ ဂိတ်(စ်) )

    အဖိုးတန်လှတဲ့ သွန်သင်မငလေးကိုမျှဝေပေးလို့ ကျေးဇူးပါအရီးမုတ်ဆိတ်ရေ

  • ကေဇီ

    November 3, 2014 at 1:38 pm

    ကျွန်မ အတွက်တော့ အကောင်းမြင်စိတ် ဆိုတာ အားလုံး ကောင်းသွားမှာပါလို့ ထိုင်ပြီး မျှော်လင့်နေတဲ့ စိတ်မျိုး မဟုတ်ပါဘူး။ အားလုံးကောင်းသွားအောင် ငါတို့ လုပ်နိုင်တယ် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်စိတ်မျိုးပါ။
    ဘယ်လို ဒုက္ခမျိုးတွေကို တွေ့မြင်ရပါစေ၊ ဘယ်လောက်ပဲ အခြေအနေ ဆိုးပါစေ တို့တွေ အားမလျော့ရင် တို့တွေ မျက်နှာမလွှဲရင် လူအများကို တို့တွေ ကူညီနိုင်တယ် ဆိုတဲ့ စိတ်မျိုးပါ။


    (မီလင်ဒါ ဂိတ်(စ်) )

  • Mr. MarGa

    November 3, 2014 at 1:53 pm

    အသဲ ကွဲပါစေ တဲ့
    ကွဲပြီးသွားပြီ :a:
    stanford ကို မြင်မိတော့
    IT ကို
    အဲ့လို တက်ကသို ဂျီးဒွေမှာ ထပ်ပီး သင်ချင်လိုက်ထှာ…

    • ကေဇီ

      November 3, 2014 at 1:55 pm

      နိ အသဲကွဲတာကို
      နာ သီချင်းဆိုပြီး နှစ်သိမ့်ပေးပြီလေဟာ။
      ဟိဟိ

      :mrgreenn:

  • မြစပဲရိုး

    November 3, 2014 at 3:16 pm

    သူကြီး ရဲ့

    ကျွန်မ မှာလေ မကောင်းတဲ့ ညစ်ကျယ်ကျယ် အကျင့် ရှိတယ်။ သိလား။
    အငြင်းသန်သူ ချင်း ငြင်း ကြချိန် တစ်ခါတစ်ခါ လဲ ကောင်းလား တော့ မသိ။
    တစ်ခြားမှာသာ ဦးဏှောက် မကောင်းရင်နေမယ်။
    ဒီလို သူများ ကို ကလိ ဖို့ ကတော့ အင်မတန် ဦးဏှောက် ကောင်း ပါ့။

    သူကြီးမင်း ကိုယ်တိုင် တင်ထား တဲ့ “အရောင်ရင့်မှတ်တမ်း ဩဂုတ် ၂၀၁၄” က ၃၁-၈-၂၀၁၄ မှာ မှတ်ချက် ထဲ မှာလေ။ သိလား။
    တစ်ခု ကိုဖတ်မိထားလို့ သိမ်းထားတာ။
    ဒီလိုမျိုး ကြုံ လာရင်ပြဖို့။ lol;-))

    +++++++++++++++
    kai says:
    တရုတ်နိုင်ငံ World View မဂ္ဂဇင်း၏ သတင်းထောက်ချုပ်ဖြစ်ပြီး Southwest China University of Political Science \ Journalism and Communications ဌာန ပါမောက္ခ Yin Hongwei သည် ဩဂုတ် ၂၈ ရက်တွင် Eleven Media Group သို့ လာရောက်ခဲ့ကာ
    တရုတ်-မြန်မာ ဆက်ဆံရေးအခြေအနေနှင့် ပတ်သက်ပြီး Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
    ပါမောက္ခ Yin Hongwei သည် ၂၀၁၂ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး ဒေါက်တာသန်းထွဋ်အောင်နှင့် တွေ့ဆုံကာ တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေများအကြောင်း ဆွေးနွေးခဲ့ဖူးသူဖြစ်သည်။
    ယခုဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးချက်များထဲမှ ပါမောက္ခ Yin Hongwei ၏ မေးမြန်းချက်နှင့် ဒေါက်တာသန်းထွဋ်အောင်၏ ဖြေကြားချက်အပြည့်အစုံကို ပါမောက္ခ Yin Hongwei ၏ သဘောတူခွင့်ပြုချက်ဖြင့် ဖော်ပြလိုက်ပါသည်။

    မေး ။ ကျွန်တော် မြန်မာနိုင်ငံမလာခင် တရုတ်နိုင်ငံမှာ အမေရိကန်ရယ်၊ ဗြိတိန်ရယ်၊ ကနေဒါရယ်ပေါ့။ ကောင်စစ်ဝန်တွေနဲ့ တွေ့ခဲ့တယ်။ ကျွန်တော်မေးတယ်။
    ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့ပေးမလားပေါ့။ သူတို့ကပြန်ဖြေတယ်။ ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့မှုပေးမှာ မဟုတ်ဘူး။
    ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကိုတော့ အဲဒါကိုတော့ ထောက်ပံ့မယ်ပေါ့။ သူတို့ရဲ့ ပြောဆိုချက်ကို ခင်ဗျားဘယ်လိုထင်လဲ။

    မေး ။ ဒီကိုမလာခင် အမေရိကန်က လွှတ်တော်အမတ် တစ်ယောက်နဲ့တွေ့တယ်။ တွေ့တော့မေးတဲ့အခါ လွှတ်တော်အမတ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်လိုက်ပြီပေါ့ဗျာ။
    ချုပ်ပြီးလို့ အကောင်အထည် ဖော်တဲ့အခါမှာ ဘယ်သူက လာကြီးကြပ်မလဲ၊ ဘယ်လိုအကောင်အထည် ဖော်မလဲပေါ့။ ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။

    ++++++++

    ဒီမှာလဲ အမေရိက ကို အမေရိကန် ပြောထားတာနော်။
    ဒါကျ သူကြီးမင်းက တင်ထားသားဘဲ။
    အဲဒါကိုလဲ ဆက်မဖတ်ခဲ့ဘူး ထင်ရဲ့။
    နောက်တာပါလေ။ :))

    ဒီ Post မတင်ခင် ဘာသာပြန်သူ ကို ကျွန်မ ပြောခဲ့တယ်။
    ရွာထဲ က သူကြီးမင်းက အမေရိက ကို အမေရိကန် ခေါ်တာ မကြိုက်ဘူးလို့။
    အသဲ နဲ့ နှလုံး မကွဲကြတာ မကြိုက်ဘူး လို့။
    သူက ရီပြီး တင်သာ တင်ပါ တဲ့။
    တစ်ခါတစ်ခါ မြန်မာမှုပြု တာ ကိုယ့်မြန်မာ တွေ သုံးလေ့ ရှိတာ လေး ထည့်သုံး တော့ ပို လျှာတွေ့ လို့ပါတဲ့။

    ဘာဘဲဖြစ်ဖြစ် အမှားပြင်ပေးတာ ကို ကျေးဇူးတင်ပါတယ် သူကြီး။
    ဟိုတစ်ယောက်ကို “ကဲ … ကိုယ်ပြောတာ မမှန်လား” လို့ ပြောလို့ ရသွားပြီပေါ့။
    .နှလုံး ကိုလဲ နဲနဲ ဝင်ပြောလိုက်ပါဦးလား။ ပိုပြီး မှန်သွားရအောင်လို့။
    မြန်မာလို မဖတ်ချင်လဲ ရင်းဂလိတ် လိုလေးကို တော့ ဖတ်ပါ သူကြီးရယ်။
    တကယ်ကောင်းလို့ပါ။
    :))

    • kai

      November 3, 2014 at 4:23 pm

      သတိထားမိပါ့…
      နောက်တာတော့မဟုတ်..။ ဆက်မမှတ်ဖြစ်တော့ပါဘူး…။ ဘာသာပြန်တော်တော်ညံ့တယ်လို့ အကုန်လုံးခြုံအထင်သေးမိတာပါပဲ..။

      ပြောရရင်.. ဗီအိုအေရဲ့ကိုသန်းလွင်ထွန်းနဲ့တောင် အဲဒီကိစ္စ ငြင်းဖြစ်ခဲ့ဖူးသေး..။
      ဒါကို အမေရိကက.. မြန်မာ-အမေရိကန်တွေရဲ့မီဒီယာကမပြင်ပေး.. ဘယ်သူပြင်ပါ့မလဲပေါ့..
      တာဝန်အရှိဆုံးတခုလို့ယူဆထားလို့ဖြစ်ပါကြောင်း.. အင်္ဂလိပ်မှာနေတဲ့.. အရီးလတ်ရေ့..။ :k:

      • မြစပဲရိုး

        November 3, 2014 at 4:37 pm

        သူကြီးမင်း

        အခုဟာက သူများ ငြင်းတာ မဟုတ်။
        အခုဘဲ သူငယ်ချင်းတစ်ယောက် အီးမေး ပို့လို့။

        သူက ပြောတယ်။
        တကယ်ဘဲ “United States” လို့ပြောရင်တဲ့ အမေရိက (America) လို့ ပြောတာထက် စတိတ် (ဒါမှမဟုတ်) ယူအက်စ် လို့ ပိုပြီး ပြောကြတယ် ဆိုလား။
        အာ့ ကို လှမ်းပြောနေလို့။
        ရှင်းပါဦး။

        America is not a country, it’s a whole continent.
        United States of America means that the United States belongs to America and
        America doesn’t belongs to the United States.

        :))

        • twitty

          November 4, 2014 at 11:25 am

          အမရေ
          အမပြောတာ ဟုတ်တယ်..။
          အမေရိက တိုက်ကြီးတတိုက်လုံးကို ပြောချင်ရင် အမေရိက လို့ သုံးနှုံးကြတာတော့ သေချာပါ တယ်.။ အမေရိက တိုက် ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ United State ကျတော့ အမေရိကန် လူမျိုး များနေထိုင်သော ပြည်ထောင်စု ဆိုတဲ့ အဓိပ္ပာယ်နဲ့ အမေရိကန် ပြည်ထောင်စုလို့ သုံးနှုံးရင်း အတိုကောက် ရေးသား ပြောဆိုတဲ့အခါ အမေရိကန် ဖြစ်သွားတာပါ..။ တချို့လဲ U.S ၊ အမေရိက စသဖြင့် သုံးနှုံးကြပါတယ်..။

        • kai

          November 4, 2014 at 2:08 pm

          ဂျပန်.. စပိန်.. ဖိလစ်ပင်း အီရန် ဂျူးစသဖြင့် စတဲ့လူမျိုးများရဲ့ မီဒီယာများကတော့.. ယူအက်စ်ကို.. အမေရိကားလို့ပဲသုံးပါတယ်..။
          တကယ်တော့ ဒီအသုံးက.. မြန်မာတွေလည်း.. အရင်ကသုံးခဲ့တာပါ..။

          ယူအက်စ်ဟာ မြောက်အမေရိကတိုက်ထဲပါဝင်ပြီး.. မြောက်အမေရိကတိုက်မှာ.. ပါတဲ့နိုင်ငံကြီးတွေ.. ကနေဒါနဲ့မဟီကို.. ကလည်း.. ယူအက်စ်ကို.. အမေရိကလို့ သုံးတာအသိအအှတ်ပြုပါတယ်..။

          ယူအက်စ်ကိုယ်တိုင်ကတော့.. သူ့ရဲ့မိန်းစရင်းမီဒီယာအပါအဝင်.. သတင်းတွေမှာ.. ယူအက်စ်.. United States လို့ပဲသုံးတာများပါတယ်..။
          အမေရိကန်တွေကိုယ်တိုင်ကတော့.. States မှာနေတယ်လို့ပြောကြတာရှိသလို့.. တကယ့်နိုင်ငံရေးဆန်ဆန်.. ကြွေးကျော်ရင်တော့.. USA အပြည့်အစုံပါ..။

          ယူအက်စ်ကို.. အမေရိကန်လို့သုံးနှုန်းလို့.. မရပါကြောင်းနဲ့.. အမေရိကန်ဆိုတာ.. US နေ.. နိုင်ငံသားတွေဖြစ်ပါကြောင်းရယ်လို့..။
          ထိုင်းကို.. မြန်မာတွေယိုးဒယားလို့ခေါ်တာမျိုးက.. ယိုးဒယားဆိုတာ.. အင်္ဂလိပ်လိုတခြားအဓိပ္ပါယ်မရှိတာမို့.. ပြဿနာမရှိပေမယ့်.. အမေရိကား… အမေရိကန် အဂ်လိပ်လို.. သူ့ဖာသူအဓိပါယ်ရှိပြီးသားကို… အဓိပ္ပါယ်မှား.. ကောက်ယူသုံးစွဲနေတာ.. မဖြစ်သင့်ပါ..။

          သဘောကတော့.. အရီးလတ်ရှိနေတဲ့.. အင်္ဂလန်ကို.. အင်္ဂလိပ်လို့ခေါ်တာနဲ့သဘောတူတာမို့ပါ..။

          မပြင်ကြလည်း.. သဘောပါပဲ..။
          ကျုပ်ရှိနေတဲ့.. မီဒီယာပေါ်ရောက်ရင်တော့..ဖြစ်နိုင်သလောက် ပြင်ပေးမှာဖြစ်ကြောင်းနဲ့.. အမေရိကားကို.. အမေရိကန်လို့.. သုံးတဲ့မီဒီယားများကိုလည်း.. ဘာသာပြန်စွမ်းရည်နဲ့.. အယ်ဒီတာတွေရဲ့.. နိုင်ငံတကာဗဟုသုတကြွယ်မှုအပေါ် သံသယထားပါကြောင်း..။ :k:

      • မြစပဲရိုး

        November 3, 2014 at 4:43 pm

        အခုမှ သတိရတယ်။
        USA က သူငယ်ချင်း တွေ သူ့တို့ဟာသူ ပြောရင် စတိတ် မှာ လို့ ပြောလေ့ရှိတာကို။
        သများကတော့ စတိတ် ဆို beef ဘဲ မြင်လယ်။ lol:-))

        ကဲ ကဲ သူကြီး အိပ်တော့။ မနက်နိုး မှ ပြန်လာရှင်း။ :))

  • မြစပဲရိုး

    November 3, 2014 at 3:20 pm

    ဝင်ပြီး အားပေးခဲ့တဲ့
    ယုယ၊ ဆက်ဆက်၊ နင်းနင်း၊ သူကြီးမင်း၊ ကကြီးမိုက်၊ ဇီကလေး၊ ဖိုးသိကြား
    တို့ ကို ကျေးဇူးတင်ပါတယ်။
    မှတ်ချက်မတို့ ဘဲ ဝင်ဖတ်သွားသူ အားလုံး ကိုလဲ ကျေးဇူးတင်ပါတယ်။ :))

  • ကန္နားစီး မိဂီ

    November 3, 2014 at 4:50 pm

    ကျော်ဆို အသီးကွဲလေ စာဖတ်လို့ပိုကောင်းလေဗျဲ

    ရှမ်းရိုးမကိုလွမ်းသလို နန်းမိုးခမ်းပိုငိငိ

    • မြစပဲရိုး

      November 4, 2014 at 3:45 am

      ကျေးဇူးပါ မောင်ဂီ။
      စာများများ ဖတ်နိုင်အောင် အသဲများများ ကွဲပါစေ။
      :))

  • မြစပဲရိုး

    November 4, 2014 at 3:44 am

    သူကြီး၊ သူကြီး
    ပွဲစား ဝင်လုပ် ပါရစေဦး။
    ဘာသာပြန်သူ ကို ကျွန်မ မေးကြည့်ခဲ့ပါတယ်။
    ပြောထားသလိုဘဲ သူကြီးမင်းတော့ ထဲမယ် သောင်းကျန်းနေပြီ။
    အမေရိ က နိုင်ငံ လို့ ပြင်လိုက်ရမလားလို့။

    ဘာသာပြန်သူ က ပြန်ပြောပါတယ်။
    အမှားထောက်ပြပေးခဲ့လို့ ကျေးဇူး တင်ပါတယ်တဲ့။
    သူကြီး အခေါ်အဝေါ် အမှား ဆိုတာကို ပြင်ဆင်ဖို့ ကြိုးစားတာကိုလဲ လေးစားပါတယ်တဲ့။

    သူကတဲ့
    ဟင်းကောင်းလေးစားရချိန် အဲလို ဟင်းမျိုး ကို ကိုယ့် တိုင်း ကိုယ့်ပြည် က တစ်မြေထဲဖွား သားချင်း များ လဲ ပြန်ချက်စရာမလို အလွယ်တစ်ကူ ခူးခတ် စားနိုင်အောင် ကြိုးစားပြီး ချက်ကျွေး တဲ့ သဘောပါတဲ့။
    ပရော်ဖက်ရှင်နယ် ဟင်းချက်သမား မဟုတ်လို့ မူရင်း လို မကောင်းနိုင်မှန်း သိပေမဲ့ စေတနာ အပြည့်ပါတဲ့။
    အရသာ ကိုလဲ သူတို့ သုံးနေကျ စားနေကျ ဟာတွေ ထည့်ရင်း မူရင်းလဲ မပျက်အောင် ချက်လိုက်တာပါတဲ့။
    သူက ဒီစာ ကို ဘာသာပြန်တာ လဲ ဒီသဘောပါတဲ့။
    အင်္ဂလိပ်လိုဖတ်တတ်ကြောင်းပြဖို့ ဗဟုသုတအင်မတန်ကြွယ်ဝကြောင်း ပြဖို့ မြန်မာလို ပြန်တာ မဟုတ်ပါဘူးတဲ့။
    ပြည်တွင်းက လူတွေ နဲ့ အမြဲ ဆက်သွယ်ပြီး ကိုယ်သိတာလေး တွေ မျှဝေ ပေးချင်တဲ့ သဘောမို့
    သူတို့ က ဤ ကို ကျွဲ ဖတ် ရင် ကိုယ်ကလဲ ကျွဲလို့ ဖတ်ရင်း ကိုယ်ပြောချင်တာလေး ပြောလိုက်ချင်တာပါတဲ့။
    သူတို့ နဲ့ အမြဲ ထိတွေ့ နေချင်ရင် သူတို့ နဲ့ တစ်သားထဲ ကျ အောင် နေနိုင်မှ ဆိုလား။
    သူ့ရည်ရွယ်ချက် က ဤ ကို ကျွဲပြင်ဖို့ မဟုတ်တာမို့ မပြင်နိုင်တာ ခွင့်လွှတ် ပါတဲ့။ (ကျွန်မ ဆိုပြင်လိုက်ပါတယ်။ အခုတော့ ကိုယ့် မဟုတ်တော့ မပြင်တော့ပါ)
    သူ့ရဲ့ နောက်ဆက်တွဲ လက်ချာ တွေ က မရပ်တာ နဲ့ အတင်း ဖြတ်လိုက်ရတယ်။ 🙄

    သူကြီး အမေရိက ကန်ပိန်း အောင်မြင်ပါစေ။
    ဒါထက် သများ မေးထားတာလေး ရှင်းပေးဦးနော်။
    lol:-)) :))

  • Iris

    November 4, 2014 at 5:29 am

    ပညာရှင်​​တွေကိုအမှား​ထောက်​​ရတာခက်​တယ်​ထင်​တယ်​ အရီး။ မှားမှန်​းသိ​ပေမဲ့ အ​ကြောင်​းပြချက်​အမျိုးမျိုးရှိ​နေတတ်​တယ်​။ ဟိုဘက်​မှာ အလင်​းဆက်​က ​ရေးထားတယ်​..အ​မေရိက နိုင်​ငံသားတဲ့..အ​မေရိကန်​ ဆို ရသားနဲ့..

  • မြစပဲရိုး

    November 4, 2014 at 2:00 pm

    မှတ်ချက် လေး အတွက် ကျေးဇူးပါ တွစ်တီ။
    { အမေရိကန် လူမျိုး များနေထိုင်သော ပြည်ထောင်စု ဆိုတဲ့ အဓိပ္ပာယ်နဲ့ အမေရိကန် ပြည်ထောင်စုလို့ သုံးနှုံးရင်း အတိုကောက် ရေးသား ပြောဆိုတဲ့အခါ အမေရိကန် ဖြစ်သွားတာပါ..။}
    ဒီလိုမျိုး မတွေးလိုက်မိဘူး။
    It does make sense. Thanks a lot. :))

    မှတ်ချက်လေး အတွက် ကျေးဇူးပါ အိုင်းရစ် ရေ။
    ဆက်ဆက် သုံးတယ် ဆိုတဲ့ “အမေရိက နိုင်ငံသား” ဆိုတာကတော့ လွဲ မလား။
    “အမေရိက နိုင်ငံ” (America Country) ဆိုတာမှ မရှိတာမို့။

    သူကြီး က ဘာ ထပ်ငြင်း (အဲ) ဘာထပ်ဖြည့်ချင်ဦးမလဲ မသိ။
    အမှန်က မြန်မာပြည်ထဲ အမေရိက / အမေရိကန် ကန်ပိန်း အစား
    USA ထဲမယ် “United-Statesian” or “”United Stater” လို့ ဖြစ်အောင် ကန်ပိန်း ပိုလုပ်သင့်သလားဘဲ။ ဟိ။ lol:-))
    ဟောဒီမှာ တွေ့တာ။
    http://en.wikipedia.org/wiki/Names_for_United_States_citizens
    Alternative terms
    The only officially and commonly used alternative for referring to the people of the United States in English is to refer to them as citizens of that country.[15] Several single-word English alternatives for “American” have been suggested over time, including “Usonian”, popularized by Frank Lloyd Wright,[16] and the nonce term “United-Statesian”.[17] The writer H. L. Mencken collected a number of proposals from between 1789 and 1939, finding terms including “Columbian”, “Columbard”, “Fredonian”, “Frede”, “Unisian”, “United Statesian”, “Colonican”, “Appalacian”, “USian”, “Washingtonian”, “Usonian”, “Uessian”, “U-S-ian”, “Uesican”, and “United Stater”.

    သူနဲ့ ငြင်းလိုက်မှ ပို သိရတဲ့ အကြောင်း တွေ တိုးလာတယ်။
    အမေရိကတိုက် ထဲ တစ်ချို့ သူ တွေ က USA က လူ တွေ က သူတို့ဘဲ အမေရိကန် လို့ မောင်ပိုင်စီး နာမည် ယူထားတာကို နောက် နေတာ တောင် ဖတ်လိုက်ရတယ်။
    အာရှတိုက်ထဲ နေသူများ ကို အေရှန်
    ဥရောပတိုက် ထဲ နေသူများ ယူရိုပီယန်
    အာဖရိကတိုက် ထဲ နေသူများ အာဖရိကန်
    ဒီလိုလေ။
    အမေရိကတိုက် ထဲ နေသူများ အားလုံး ကို အမေရိကန် လို့ မှ ခေါ်လို့ မရတာ မို့တဲ့။

    ကျွန်မတို့ မြန်မာနိုင်ငံ နဲ့ မြန်မာလူမျိုး ကတော့ ၂၀၁၅ ပြီးရင် Burma/ Burmese ပြန်သုံး ရင် အလွယ်လေးပေါ့။
    အလံ ပါပြန်ပြောင်းမှာ။ :))
    ပြောသာပြောတာပါ။
    ဒါထက် ပို အရေးကြီးတာ တွေ ပြင်ဖို့ တွေ ကလဲ အများသား ကို။

    သူကြီး သူ့ ကန်ပိန်း ကို ထိပါး နေလို့ စိတ်တော့ တို မနေပါဘူးနော်။ :D’ :))
    စိတ်တို မဲ့ ပုံတော့ မရှိပါဘူး။
    ဒီလူ ဒီလူ ချင်း တွေ ဟာကို။

    • kai

      November 4, 2014 at 2:15 pm

      အမေရိကန်.. American အပေါ်မှာကန်င်ပိန်းလုပ်စရာမရှိပါဘူး..
      USA ကို.. American လို့ခေါ်တာကိုသာ.. မှားကြောင်းထောက်ပြတာပါ…။
      =

      A·mer·i·can

      əˈmerəkən/
      adjective
      adjective: American
      1.
      of, relating to, or characteristic of the United States or its inhabitants.
      “the election of a new American president”
      relating to or denoting the continents of America.
      “the American continent south of the tropic of Cancer”
      noun
      noun: American; plural noun: Americans
      1.
      a native or citizen of the United States.
      a native or inhabitant of any of the countries of North, South, or Central America.
      2.
      the English language as it is used in the United States; American English.
      =
      American (word) – Wikipedia, the free encyclopedia
      en.wikipedia.org/wiki/American_(word)
      Wikipedia
      In modern English, Americans generally refers to residents of the United States; among native English speakers this usage is almost universal, with any other use of the term requiring specification.

    • kai

      November 4, 2014 at 2:27 pm

      အမေရိကနိုင်ငံဆိုတဲ့ အသုံးအနှုန်းက.. အမေရိကန်နိုင်ငံဆိုတာထက်စာရင်.. ပိုမှန်ပါတယ်..။
      အပြည်အစုံ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့.. အမေရိကပြည်ထောင်စုပေါ့..။
      အင်္ဂလိပ်လိုရေးရင်.. United States of America ကိုး..။ United States of American မှမဟုတ်တာကိုး..။

      သမိုင်းလိုက်ကောက်ရင်.. အမေရိကားကို.. နိုင်ငံတွေစုပြီးထောင်ထားတဲ့အဓိပါ္ပယ်ပါပဲ..။
      နိုင်ငံတွေကို.. State လို့ခေါ်မယ်လေ..။
      ပြည်တွင်းစစ်ဖြစ်တော့.. အဲဒီနိုင်ငံတွေမှာ.. တောင်နဲ့မြောက်အုပ်စုကွဲပြီး.. ချကြတယ်…။
      သမ္မတာလင်ကွန်းပြန်ပေါင်းထုတ်ပေးလိုက်တော့.. United States တွေဖြစ်လာတာပေါ့…။

      အရင်က.. ကယ်လီဖိုးနီးယား..တက်ခ်ဆပ်..။ အာရီဇိုးနား စတဲ့ပြည်တွေက.. မက်ဟီကိုလက်အောက်မှာပါ…
      စစ်နိုင်တော့.. အဲဒီနိုင်ငံတွေကို.. အကုန်ပေါင်းပြီး.. United စုပေါင်းထားတာ..။
      အမေရိကားအခြေခံဥပဒေအရ.. State တွေမှာ…ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေထုတ်ခွင့်ရှိတဲ့အပြင်.. United လုပ်ထားတာကနေခွဲထွက်ခွင့်လည်းရှိပါကြောင်း..။
      ဖယ်ဒရယ်စနစ်ဖြစ်ပါကြောင်း..။

      သေသေချာချာလေ့လာရင်.. Founding Fathers တွေရဲ့.. မျှော်မှန်းချက်ကိုရိပ်မိသလိုလိုဖြစ်မိမယ်.. ထင်သား..
      တချိန်ချိန်မှာ.. မြောက်အမေရိကတခုလုံး.. တောင်အမေရိကတခုလုံးကို.. United States of America… အဲလိုဖြစ်သွားစေချင်တဲ့.. ဆန္ဒရှိမယ်ထင်ကြောင်း…။

      • twitty

        November 5, 2014 at 1:11 pm

        လက်တဖက်တည်းကိုပဲ တယောက်က လက်ဖဝါးဘက်က ကြည့်ပြော..၊ နောက်တယောက်က လက်ဖမိုးဘက်က ကြည့်ပြော.. ဆိုသလိုဖြစ်နေပြီ..။

        ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုး ကို English မှာ Japan နဲ့ Japanese ကွဲပြားပေမယ့် မြန်မာလိုပြောရင်တော့ နိုင်ငံလည်း ဂျပန်..၊ လူမျိုးလည်း.. ဂျပန် လူမျိုး လို့ အပြည့်အစုံပြောရင်ပြော..၊ မဟုတ်ရင် ဂျပန်လို့ပဲ ပြောပါတယ်..။ ဂျပန်နီး(စ်) လို့ မြန်မာသံ ဖလှယ် ထားခြင်း မရှိပါ..။ ဒီတော့ မြန်မာစကားနဲ့ ရေးသား ပြောဆိုနေချိန်မှာ (ဂျပန်လူမျိုးတွေက) လို့ဆိုလိုချင်ရင် (ဂျပန်တွေက) လို့ပြောလဲ မှန်ပါတယ်..။ ဂျပန်နီး(စ်) တွေက လို့ပြောရန်မလိုပါ..။ သို့သော် English လို ရေးသား ပြောဆိုတဲ့ အခါမှာတော့ လူမျိုးကို (Japan) လို့ ရေးသား ပြောဆိုရင်မှားပါတယ်..။

        ဒီတော့ မှားတယ်၊ မှန်တယ် ဆိုတာ ဘယ်ဘာသာ စကားနဲ့ ရေးသား ပြောဆိုနေတာလဲ ဆိုတဲ့ပေါ်လဲမူတည်သွားပါပြီ..။ မြန်မာလို ရေးသား၊ ပြောဆိုတာဆိုရင် မြန်မာသဒ္ဒါ / မြန်မာ အဓိပ္ပာယ်နဲ့စစ် ၊ English လိုဆို English သဒ္ဒါ / English အဓိပ္ပာယ်နဲ့စစ် ၊ (ပြောသာ ပြောနေတာ ခုတောင် ကပြား သဒ္ဒါ သုံးထားသေးတယ်..။)

        အမေရိက ၊ အမေရိကန် ကို မှန်၊ မမှန် အငြင်းပွားခြင်း မဟုတ်ပါ..။ မြန်မာစာ ၊ မြန်မာစကားမှာ ဒီလိုမျိုး ရှိတယ်၊ ဒီလိုမျိုး အဓိပ္ပာယ် သက်ရောက်တယ် ဆိုတာကိုသာ ပြောလိုရင်း ဖြစ်ပါတယ်..။ ထောက်ပြ ဝေဖန်တာတွေကို ကြိုဆိုရမှာပါ…။

        *********
        အမ…. အရီးခင်လတ်ရေ…
        post ပါ အကြောင်းအရာ ကို မဆွေးနွေးပဲ ငြင်းတဲ့ အကြောင်းအရာပေါ် စိတ်ဝင်စားနေမိတဲ့ အတွက် ခွင့်လွှတ်ပါ…လို့…။

  • Shwe Ei

    November 4, 2014 at 4:18 pm

    ဖြစ်သင့်တာလေးတွေ မြင်မိတယ်…

    ” ကြေးစားကာမလုပ်သားတွေ AIDS ကူးစက်မှု ပပျောက်ရေးကို ကူညီဖို့ စုဝေးကြရာက မမျှော်လင့်ခဲ့တဲ့ အံ့ဩစရာကောင်းတဲ့ အရာတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ ဒီ အစုအဝေးဟာ ဘာမဆို လုပ်လို့ရတဲ့ အခြေခံအဖွဲ့ ဖြစ်လာပါတယ်။ ထိုးကြိတ် ရိုက်နှက် အကြမ်းဖက်တာကို ခံရရင် အကူအညီခေါ်ဖို့ အရေးပေါ် တယ်လီဖုန်းလိုင်း ကို သူတို့ ထူထောင်ခဲ့ကြပါတယ်။ သူတို့တွေကို မုဒိန်းကျင့်၊ ဒါးမြတိုက်ခဲ့ကြတဲ့ ရဲတွေရော တခြားသူတွေပါ ပြစ်မှုကနေ လွတ်အောင် မပြေးနိုင်ကြတော့ ပါဘူး။ ငွေစုတာကို ပံ့ပိုး ပေးတဲ့ စနစ်တွေ ကိုလဲ ဒီ အမျိုးသမီးတွေက ထူထောင်ခဲ့ကြပါတယ်။ ငွေကြေး ဝန်ဆောင်မှု စနစ် တွေကိုလဲ သူတို့တွေ သုံးခဲ့ကြပါတယ်။ တချို့ကတော့ အဲဒီ အကူအညီနဲ့ စီးပွါးရေး လုပ်ငန်းတွေ စပြီး ကာမအလုပ်ကနေ လွတ်မြောက်ခဲ့ကြပါတယ်။ ဒါတွေအားလုံးဟာ လူ့အသိုင်းအဝိုင်းရဲ့ အောက်ဆုံးရဲ့ အောက်ဆုံးအလွှာ လို့ သတ်မှတ်ထားတာ ခံရတဲ့သူတွေက လုပ်ခဲ့တာပါ။ “

  • မြစပဲရိုး

    November 5, 2014 at 1:33 am

    ဝင်ပြီးဖတ်ပေးသွားလို့ ကျေးဇူးပါကရွှေအိလေး။
    ဒီ Speech က အရင် ဘွဲ့နှင်း Speech တွေ ထက် မြန်မာပြည် ရဲ့ အခြေအနေ နဲ့ အတော်လေး ထင်ဟပ်လို့ ရတာ မို့ မြန်မာပြည် က လူ တွေ ကို ကူညီ ဖို့ စိတ်ကူး ရှိနေသူတိုင်း ဖတ်သင့်လို့ပါ။

    ကူညီသူတွေ ထဲ ပြည်တွင်းအင်အား ကလဲ မသေးတာကြောင့် ဒီ စာတွေ ကို ပြည်တွင်း က လူတွေ အတွက် အချိန်မကုန်၊ အချိန်ယူစရာ သိပ်မလိုဘဲ အမြန် ဖတ်နိုင်အောင် ရည်ရွယ်ပါတယ်။
    စကားလုံးတိုင်းမှာ အဓိပ္ပါယ်ရှိတယ်။

    ပိုက်ဆံ တတ်နိုင်လို့ လှူတိုင်း လဲ အနာ နဲ့ ဆေး မတဲ့ သလို အကျိုးဖြစ်ထွန်းမှု မရှိတာ ကို လဲ မြင်ကြစေချင်တယ်။
    ဘီလ်ဂိတ်စ် တို့ ရဲ့ တန်ဖိုးမဖြတ် နိုင်တဲ့ ကိုယ်ပိုင် အတွေ့အကြုံ ကနေရလိုက် တဲ့ သင်ခန်းစာ ကို မြန်မာပြည်ထဲ မှာ လဲ ဆင်ခြင်နိုင်တယ်။ တစ်ချို့ဟာတွေ အတုခိုးနိုင်တယ်။
    အခု ရွှေအိ ကောက်နှုတ်ထားတဲ့ စာထဲ က လိုမျိုးပေါ့။

    သူတို့ ကွန်ပျူတာတွေ လှူ တော့ မီးမရှိ တဲ့ နေရာ မှာ မီးစက်ကြီးမောင်း ပြီး ဖွင့်တာ မြင်ကထဲ က သူ သဘောပေါက်လိုက် တာလေး ကလဲ မြန်မာပြည် နဲ့ ကွက်တိဘဲ။
    {{
    လူထုရိပ်သာမှာလဲ ပုံမှန် လျှပ်စစ်မီး မရပါ။ ရိပ်သာကနေ ပေ ၂၀ဝ လောက်ရှည်တဲ့ မီးကြိုးကို သွယ်ပြီး အပြင်ဘက်က ဒီဇယ်မီးစက် တစ်ခုနဲ့ ဆက်ထားပါတယ်။ ဒီလို ဆက်ထားပုံ ကိုကြည့်ပြီး ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။
    ကျွန်တော်နဲ့ သတင်းထောက်တွေ ပြန်သွားတာနဲ့ မီးစက်ကို သူ့ထက်ပိုပြီး အရေးကြီးတဲ့ နေရာကို ချက်ခြင်းရွှေ့၊ လူထုရိပ်သာက လူတွေကလဲ ကွန်ပျူတာနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတွေကို ပြန်ပြီး ရင်ဆိုင်ဖြေရှင်းကြပါလိမ့်မယ်။
    }}
    မြန်မာပြည်ထဲ မီးမရှိတဲ့ နေရာ တွေမှာ သုံးမရ ဖြစ်နေတဲ့ ကွန်ပျူတာတွေ အစား တစ်ခြား လက်တွေ့ အကျိုးဖြစ်နိုင်တာလေး လုပ်ပေးနိုင်ရင် ပို မကောင်း ပေဘူးလား။
    ဒီလို ပညာ နဲ့ ဆင်ခြင် သုံးသပ် ဝေဖန် အကြံပြုပေးနိုင် မဲ့ သူ တွေ အများကြီး လို နေတာပါ။
    တိုင်းပြည် ကို တကယ်ဘဲ ထူထောင်ခွင့် ရခဲ့ချိန် သဲတစ်ပွင့် တိုင်း ကို အလဟဿ .
    မဖြစ်အောင် တတ်နိုင်သ၍ ကြိုးစားပေးမဲ့ သူတွေ အများကြီး ပေါ်လာဖို့ မျှော်လင့် မိတာပါ။
    လောလောဆယ်တော့ အိမ်မက်ပေါ့။

  • kai

    November 5, 2014 at 3:44 am

    မတော်လို့ပေါ့လေ….
    မြန်မာတွေ.. မြေကြီးကရွှေသီးပြီး ချမ်းသာလာရင်…
    တခြားနိုင်ငံ..လူမျိုးတွေကို.. ရန်လို..စစ်တိုက်မယ်..
    စေတီတွေကို.. ထုံးကနေ.. ရွှေ…ရွှေကနေ.. စိန်..။ စိန်ကနေ.. ပတ္တမြား.. စသဖြင့်မပြီးနိုင်တဲ့လောဘနဲ့လုပ်မယ်..
    သမိုင်းမှာ.. အစဉ်အဆက်ပြခဲ့ဖူးပြီ..။

    ဒီလိုဒီလို.. လူသားဆန်.. ကောင်းမွန်မြတ်တဲ့.. အလုပ်တွေ.. အလှူတွေလုပ်မယ်လို့.. မထင်ရေးချ.. မထင်..။
    အခုလောလောဆယ်ကို.. ချမ်းသာလှပါတယ်ဆိုတဲ့..သူဌေး ထေရာဝါဒဝင်မြန်မာများ..ဘာလုပ်နေတယ်ကြည့်…
    အသိသာကြီး..ဖြစ်၏.။

    အတွေးအခေါ်တို့၏.. အချုပ်သည်.. ဘာသာရေး..။ period.

    • မြစပဲရိုး

      November 8, 2014 at 4:08 pm

      ဝင်ပြီး မှတ်ချက်ပေးသွား တဲ့
      ကြောင်ကြောင် နဲ့ အန်ကယ်ကြီး တို့ ကို ကျေးဇူးပါ။ :))

      သူကြီး ကို ဒီမှာ စိမ်းပေးထားတာ
      {{ အတွေးအခေါ်တို့၏.. အချုပ်သည်.. ဘာသာရေး..}}
      ဆိုတာ ကို ပြန်ငြင်းဖို့ပါ။
      သို့ပေသည့် ဒီရက် တော့ အလှည့်မပေး နိုင်သေး မို့
      နောက်မှ အချိန်ပေးနိုင်ချိန် တစ်ခြား ကြုံ တဲ့ နေရာမှာ ဝင် ပြောဖို့ မှတ်ထားလိုက်တဲ့ အကြောင်းလေး
      ကြို ပြောထားတာပါ။

      ဘာဘဲ ဖြစ်ဖြစ် ဝင်ဆွေးနွေး ပေးတာ ကျေးဇူးပါ ရှင့်။ :))

  • kai

    November 5, 2014 at 4:43 am

    အချိန်ရလို့. အစအဆုံးဖတ်ဖြစ်တယ်..။
    ဘာသာပြန်သူနဲ့.. တင်ပေးသူအရီးလတ်တို့ရဲ့. စေတနာကို.. လွန်စွာ အသိအမှတ်ပြုပါကြောင်း..

    ဆိုတော့.
    ဒီဘိတ်လုပ်စရာတွေ.. တွေးစရာတွေ တပုံကြီးထွက်လာတယ်.. လို့.. :k:

  • pooch

    November 5, 2014 at 3:44 pm

    တကယ်က ဟုတ်တယ် တောင်ပေါ်ဒေသတွေ အညာဒေသတွေကို သွားကြည့်ရင်လေ အသဲက ကွဲရုံတင် မဟုတ်ဖူး အက်ပြီး ကြွေကျသွားမှာ
    အခုနောက်ပိုင်း လက်ခံလာတဲ့ အတွေးတွေထဲမှာ မမြင်ရသေးတဲ့ အရာတွေထက် မြင်နေရတဲ့ အရာတွေ ပေါ်မှာပဲ အာရုံစိုက်ပြီး ကူညီပေးသင့်တယ်ဆိုတာလေးပဲ
    အနည်းဆုံးတော့ လက်လေးတဖက်ကမ်းပေးလိုက်တာကလည်း အကူအညီဖြစ်တယ်

    • မြစပဲရိုး

      November 6, 2014 at 12:25 am

      မှတ်ချက်လေးအတွက် ကျေးဇူးပါ Pooch လေး။
      တောင်ဂတုံး တွေ အတွက် အသဲကွဲ စာတမ်း ရေးပါဦး။ :))

  • မြစပဲရိုး

    November 6, 2014 at 12:22 am

    အဟိ။
    အယ်ဒီတာ့ မကြိုက် က နေ အယ်ဒီတာ့ ချွိုင့် ဖြစ်တွားပြီ။
    .ကျေးဇူးပါ သူကြီးမင်းရှင့်။
    ဤသို့ ပြုရ ကုသလကြောင့် သူကြီးမင်း ရဲ့ ရည်မှန်းချက်များ ပိုပြီး အောင်မြင်ပါစေ။
    အိမ်မက်များ အမြန် အကောင်ထင်ပါစေ။
    ယုံရင် ယူပါ့ရှင်။ :))

    ယေဘူယျ ကျ တဲ့ အကြောင်းတွေ နဲ့ ဝင်ပြီး အားဖြည့်ပေးတဲ့ တွိတီ လေး ကိုလဲ ကျေးဇူးပါ။
    Post ထဲ မဆိုင်တာ တွေ ပြောရင်း စဉ်းစားစရာ တွေးစရာ နောက်ထပ်အကြောင်းသစ် တွေပေါ်လာတာ တွေကို ရွာ့ အလှ တစ်ပါး ထဲ ထည့်ထားတာမို့ ဒီလိုဘဲ မကြာမကြာရွာထဲ ဝင်လာပြီး အားဖြည့် ဖို့ လဲ ဖိတ်ခေါ်ပါတယ်။

    ပြောရရင် ဒီ Speech ကို ဖတ်လိုက်ကထဲ မြန်မာပြည်ထဲမှာ ကိုယ် အသဲကွဲ ခဲ့ဘူးတဲ့ အကြောင်းတွေ၊ ရွာထဲက လူတွေ ရဲ့ အသဲကွဲ တမ်းချင်းတွေ ပေါ်လာတော့တာဘဲ။
    ဒါကြောင့်လဲ ဒီ ရွာထဲ မယ် တူရာလူတွေ စုပြီး နေနေ ကြတာဘဲ တွေးလိုက်တယ်။
    မအားတဲ့ကြား၊ ကွန်မကောင်းတဲ့ ကြားက ရွာထဲ ဝင်ဝင်လာကြတာ။
    ကိုယ်ပိုင် အတွေး အမြင်ချင်းသာ ကွဲရင်ကွဲ မယ်။
    ကိုယ့်ပြည် ကို ချစ်တာ ကိုယ့်လူတွေ ကို ဆင်းရဲမှု (ကိုယ်+စိတ်) က လွတ်စေချင်တာ ကတော့ အားလုံး ရဲ့ ရည်မှန်းချက် မို့ ငြင်း ခုန်ခြင်း ကို က ပိုကောင်း တဲ့ ရလာဒ် ကို ဖန်တီးနိုင်တာပါ။

    ကြည့်ပါလား။ ဥမပါ။
    သူကြီးမင်း ဆို မြန်မာစာ အသုံးအနှုန်း တွေ အတွက် အမြဲတမ်း အသဲကွဲ နေတာ။ (အထင်) lol:-))
    .ကပေါက်ကြီး နဲ့ အစ်မဒုံ ဆို စည်းကမ်းမဲ့ စရိုက် တွေကြောင့် အသဲကွဲရ တာမနည်း။
    . ပြုံးညီမ ဆို သူ့နားမှာ မြင်နေရတဲ့ ကျန်းမာရေးထိခိုက် တဲ့ အစာတွေ၊ အနှိမ်ခံ မိန်းကလေး တွေ အတွက် အသဲကွဲ တမ်းချင်း တွေ အမြဲ သီ နေပေါ့။
    .မွသဲ ကတော့ လူမြင်ကွင်း အမြင်မတော် ကဲ နေတဲ့ အတွဲ တွေကြောင့် ကလေးငယ် တွေ အတုခိုး မှားမှာ တွေးပြီး အသဲ ကွဲ။
    ကိုခ ကတော့ ဒီ စစ်အစိုးရ ကြောင့် ကွဲ တဲ့ အသဲ ကနေ ကဗျာ တွေဖြစ်။
    . ကြောင်ကြောင် ကတော့ရွှေပြည် က နိုင်ငံရေးလောက ရဲ့ တပ်ပျက် နေပုံ ကြောင့် အသဲ က ဟက်တက် ( ပြန်တောင် ဆက်ရမရ မသိ)
    ကိုအဘဖော ကတော့ လူမျိုးရေး ဘာသာရေး ခွဲခြားလာ လို့ ကတော့ အသဲကွဲ သီချင်း ကို ထထ ဟစ်တာ အားလုံး အသိ။
    ကိုယ့် အသဲ ကတော့ ငယ်တုန်းက ကြုံ ခဲ့တဲ့ အဖွားမြို့လေး က ထင်းစည်းကြီး ရွက်ပြီး စာသင်ခန်း အပြင် ကနေ အထဲကို ခိုးကြည့်ပြီး စာလိုက် ဆိုနေတဲ့ ကလေးမ လေးကြောင့် ကွဲ နေခဲ့ တာ မပျောက်တဲ့ အပြင် ပိုပိုပြီး အက်ကြောင်း တွေ များတာ။

    အခုဘဲ နမူနာ အသဲကွဲ မှု တစ်ခု ရွာထဲ မှာ တွေ့နိုင်ပါရဲ့။
    . ကျောက်စ် ရဲ့ နေဝင်ချိန် စွန့်ထားခံရတဲ့ လူအို တွေ အတွက် အသဲကွဲ မှတ်တမ်း ရေးဖို့ လုပ် နေတာ။
    အဲဒီမှာလဲ ဝိုင်းပြီး အသဲကွဲ ကြဖို့ တိုက်တွန်းပါရစေ၊
    အနဲ အများ ပမာဏ မဟုတ်ပါ။
    တစ်ခြား နေရာ တွေ မှာလဲ မျှ နေရဦးမှာကိုး။
    ရာ ဂဏန်း တောင်မှ စေတနာ ပါရင် အင်မတန်ဘဲ မွန်မြတ်တဲ့ ဒါနပါ။
    သဲတစ်ပွင့်ချင်း ကလဲ တန်ဖိုး ရှိပါတယ်။

    {{
    အသဲကို ကွဲစေမဲ့ ဒုက္ခ နဲ့ ဝေဒနာ ဆိုးတွေကို တွေ့မြင်ကြရ ပါလိမ့်မယ်။
    အဲဒီလို ဖြစ်တဲ့အခါမှာ၊ ဖြစ်ဖို့လဲ သေချာပါတယ်။ မျက်နှာလွှဲပြီး လှည့်ထွက်မသွားပါနဲ့၊ ရှေ့ကိုလှည့် ပြီး တဲ့တဲ့ ရင်ဆိုင်ပါ။
    အဲဒီ အခိုက်အတန့် ဟာ အပြောင်းအလဲ ကို မွေးဖွားတဲ့ အချိန်ပါ။
    (ဘီ(လ်) ဂိတ်(စ်))
    }}

    အခုတော့ ညစာ မချက် ဘဲ နေရင် ထမင်းငတ် တဲ့ ပြစ်မှု နဲ့ ကွဲ သွားမဲ့ အရေး မို့ တော်ပါရစေ။ lol:-))
    ဥမပါတွေ ဆက်ပြောရင် အများကြီးကျန်ပါသေး။ :))

  • ဦးကြောင်ကြီး

    November 6, 2014 at 1:29 pm

    တနေ့က ဖဘမှာ တယောက်က ၉၆၉တွေကို ဝေဖန်တာ ဖတ်ရတယ်။ အလကား ဆဲဆိုခြိမ်းခြောက်မည့်အစား လက်တွေ့ကူညီမှုလုပ်ငန်းတွေနဲ့ သာသနာကို ကာကွယ်စောင့်ရှောက်ကြဖို့ မရမ်းချောင် လက်ပရိုစီ ဂေဟာ ဥပမာပေးသွားတာ။ မေတ္တာရှင်ဆရာတော် လူမထွက်စဉ် သူကိုယ်တိုင် သွားရောက်အားပေး ပြုတော့ အတော်ဝမ်းသာကြသတဲ့။ ဆရာတော်မတိုင်ခင် နာရေးကူညီမှုအသင်း ပူးတွဲတည်ထောင်သူ ဒေါ်သန်းမြင့်အောင်လဲ ကူညီလှုံ့ဆော်ပေးဖူးတယ်ထင်တယ်။ အဲလိုဖြစ်ရမှာပေါ့ အခုတော့ဗျာ အင်တာနက်ကနေ ဆဲလိုက်ဆိုလိုက်… ၉၆၉ အစစ်တွေရော အတုတွေရော ယှက်တတ်ရင် လဲတေဖို့သင့်ပီ။

  • uncle gyi

    November 6, 2014 at 10:46 pm

    ဘယ်လိုငြင်းခုံကြသည်ဖြစ်စေ
    ဘာသာပြန်ထားတာမြန်မာမှုနဲ့
    ကိုက်ညီတယ်လို့ထင်မြင်ကြောင်းပါ

  • kai

    November 14, 2014 at 3:13 am

    နိုင်ငံတကာနဲ့မြန်မာကြား ငြင်းခုန်နေကြတဲ့ အသုံးအနှုန်း
    Posted by: Kamayut Media Admin on November 13, 2014 at 19:28 PM 0 Comments
    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ်က နိုင်ငံမဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ရိုဟင်ဂျာအဖြစ် ဆက်လက်ခေါ်ဝေါ်သွားမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာ ၁၂ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်
    http://kamayutmedia.com/news/politics/1981

  • kai

    November 14, 2014 at 12:49 pm

    အိုဘားမားက.. Myanmar လို့သုံးလိုက်တဲ့အပေါ်မှာ.. သတင်းဌာနတွေ.. နိုင်ငံရေးသမားတွေ.. တော်တော်အလုပ်ရှုပ်ကုန်တယ်..။

    ဘန်ကီမွန်းက..ဘင်္ဂ ါလီကို.. ရိုဟင်ဂျာလို့.. သုံးနှုန်းလိုက်တော့.. ပြဿနာတွေပွကိုတယ်…။

    ဒေါ်စုက.. ကုလားလို့ခေါ်တာ.. ကာယကံရှင်တွေကမကြိုက်ရင်.. ကုလားလို့မခေါ်ဖို့ပြောခဲ့တယ်..။

    မြန်မာပြည်မယ်.. ဘိုးဘွားအစဉ်အဆက်နေတဲ့.. တိုင်းရင်းသားမြန်မာတချို့တွေကို.. တရုတ်လို့ခေါ်ပြီး.. China ကိုလည်း.. တရုတ်ပြည်လို့.. ခေါ်တယ်..။
    တရုတ်ပြည်မှာနေတဲ့..သူတို့တိုင်းရင်းသား… နိုင်ငံသားတွေကိုလည်း.. တရုတ်လို့ခေါ်တယ်..။

    .ကိုယ့်ကိုယ်ကိုယ်ကျ… ဗမာလိုလို.. မြန်မာလိုလို… ရှမ်းလိုလို.. မွန်လိုလို…။

    ပြောချင်တာက…
    မြန်မာတွေမယ်…တိုင်းပြည်..လူမျိုး.. အမည်ခေါ်တဲ့ပြဿနာတွေတော်တော်ကြီးကြောင်း..။ အဲ..အဲ.. ပြဿနာမဟုတ်.. ပြဿနာမီးထွန်းရှာတတ်ကြောင်း..
    အမည်သညာခေါ်စရာရဲ့.. လေးနက်မှုတွေလည်း.. သေသေချာချာမသိကြကြောင်း…
    ဆိုတော့..
    သခင်မျိုးဟေ့.. ဒို့ကွိကွိ..။ :k:

    • အလင်းဆက်

      November 14, 2014 at 2:24 pm

      သခင်မျိုးဟေ့ ဒို့ ဂွစ်ဂွစ်

      :k:

      ဒီနေ့မနက်.. ဗိုလ်ချုပ်ပန်းခြံဘေးကနေ စာကြည့်တိုက်ကို ဖြတ်အလာ…
      မိကျောင်းကန် သပိတ်စခန်းမှာ.. ဆန္ဒပြနေကြတာတွေ့ခဲ့တယ်. ။
      သခင်မျိုးဟေ့ ဒို့ဗမာတောင် ပါသေး.. ။
      ဒါမယ့်..လမ်းဘေးပလက်ဖောင်းမှာ..တန်းစီ ထိုင်ပြီး…
      သူတို့ကို သေချာထ ိုင်ကြည့်နေတဲ့ ရဲတပ်ဖွဲ့အရှေ့မှာ..

      ဂွစ်ဂွစ်..

      :k:

Leave a Reply