မဆုံးတဲ့ ဆုံးမစာ
#
မဆုံးတဲ့ ဆုံးမစာ
!!!
ဖြူတာတော့ အဆုံးစွန်ထိ ခွင့်ပြုတယ်။
A4 လောက်တော့ မပါးစေနဲ့ပေါ့။
တချို ့က ဖြဲတတ်တဲ့ ဝါသနာရှိတယ်။
သွားပါများ ခရီးရောက်တယ်ဆိုပြီး
ခြေတိုအောင် လျှောက်မနေနဲ ့။
ထိုင်ရာမထဘဲ ပန်းတိုင်ထဲရောက်နိုင်တဲ့ နည်းတွေ
ခင်ဗျားဆီမှာ ရှိတတ်တယ်။
ကိုယ့်ကို ကိုယ် ရှာတတ်ဖို့တော့ လိုလိမ့်မယ်။
မေးပါများ စကားရတယ်ဆိုပြီးလည်း
အမြှုပ်ထအောင် လျှောက်မေး မနေနဲ့။
မမေးဘဲသိနေရမယ့် အဖြေတွေကို
ကိုယ့်ဘာသာ တွက်ချက်တတ်ရမယ်။
လူကြီးတော့ဖြစ်ခဲ့ပြီ။
လူကောင်းဖြစ်ဖို့ မကောင်းမှုတွေကို လွှင့်ပစ်ပါ။
ကောင်းဆိုးအမှန် ခွဲချန်နိုင်စွမ်းတော့
ပါမသွားစေနဲ့။
မြန်မြန်လုပ်။
လူဆိုတဲ့ အသက်ကြိုးက တိုနေပြီ။
ပြုံးတတ်အောင် သင်ပါ။
ပြင်တတ်တာကို သုံးပါ။
တစ်လှေထဲ စီးရတဲ့ခရီးမှာ
ငါးခုံးမကြီး မဖြစ်ဖို့ . . .
သိမ်မွေ ့စွာ မာကြောပါ။
တစ်ခါတစ်ရံတော့
မောမှာပေါ့။
လူ ့ဘဝဆိုတာ
အနမ်းပေါတဲ့ ပန်းတောမှ မဟုတ်တာ။
လှမ်းခေါ်ပါ။
လာတဲ့သူကို လက်ကမ်းကြိုပါ။
နားထောင်ပါ။
ခေါ်သံကြားရင် သွားကြည့်ပါ။
(စိတ်နဲ့ပဲ ဖြစ်ဖြစ်)
တချို ့က အရိပ်လိုတယ်။
မင်းဆီမှာ ပိုသလောက်လေးနဲ့
ယူထိုက်သူကို ပေးနိုင်ပါစေ။
တချို ့က အမှောင်ထဲမှာ စမ်းတဝါးဝါးပေါ့။
အလင်းကို လိုသူတွေမို့ . . .
အပူတော့ မတိုက်သင့်။
တချို ့ကို ချစ်ပါ။
တချို ့ကို မုန်းပါ။
တချို ့ကိုတော့ အာရုံထဲက ထုတ်ထားပါ။
ရန်သူရဲ ့ ရန်သူဟာ မိတ်ဆွေပါ။
မိတ်ဆွေရဲ့ မိတ်ဆွေနဲ့အတူ နယ်မြေသစ်ကို ရှာဖွေပါ။
ပင်လယ်ကို ယုံပြီး လက်ပစ်တော့ မကူးနဲ့။
မဟာလူသားတောင်မှ ကယ်တင်သူကို လိုအပ်တယ်။
တစ်။နှစ်။သုံး. . .
အားအင်သုံးပြီး အော်လိုက်ပါ။
သူရဲကောင်းဆိုတာ နဂါးလို မျက်စောင်းမထိုးတတ်ရင်တောင်
အသံကျယ်ကျယ် အော်တတ်ရမယ်။
ကဲ. . . စရအောင် ။
&&&&&&&&&&&&&&&
အလင်းဆက် (Gazette)
၂၀၁၄ ခုနှစ်၊နိုဝင်ဘာလ၊၄ ရက်။
မွန်းတည့်လွန် ၃ နာရီ။
12 comments
kyeemite
November 17, 2014 at 4:14 pm
.Good poem!!
အလင်းဆက်
November 18, 2014 at 6:41 am
ဟုတ် ဦးကြီး
ကျေးဇူးပါ
aye.kk
November 17, 2014 at 11:13 pm
စိတ်အတွေးကောင်းတဲ့သူ။
အလင်းဆက်
November 18, 2014 at 6:39 am
ကျေးဇူးပါ အန်တီအေး
😆
padonmar
November 18, 2014 at 8:49 pm
စကားလုံးတွေ အားပါတယ်။အတွေးကြိုက်တယ်။
uncle gyi
November 18, 2014 at 10:52 pm
တစ်။နှစ်။သုံး. . .
အားအင်သုံးပြီး အော်လိုက်ပါ။
သူရဲကောင်းဆိုတာ နဂါးလို မျက်စောင်းမထိုးတတ်ရင်တောင်
အသံကျယ်ကျယ် အော်တတ်ရမယ်။
ဟေ့ဒီရွာမှာဘယ်သူအမိုက်ဆုံးလဲ
အဲကောင်ဘေးဖယ်နေကျန်တဲ့ကောင်ထွက်ခဲ့
ဦးကြောင်ကြီး
November 19, 2014 at 1:43 pm
ဓညင်းသီးလောက် နန္ဒာ ခွေးလွှတ်တယ်.. ဝက်ကြီးလောက်တော့ မဝစေနဲ့ပေါ့..။ ကျားလား ခြင်္သေ့လား ဓညင်းဝက်.. ငါးပိရည်နဲ့ တို့စားပစ်မှာ။
ကေဇီ
November 19, 2014 at 2:39 pm
ဆုံးမစကားဆိုရင်
ကိုယ့် အတွက်က နည်းနည်း
သူတို့ အတ္တနဲ့ ယှဉ်တဲ့ ဆုံးမ စကား (အယောင်ဆောင်) တွေကို နားမထောင်ချင်ဘူးးး
:h:
အလင်းဆက်
November 20, 2014 at 7:22 am
& အန်တီဘုံမှာ = ကဗျာလေးကို လာရောက် ဖတ်ရှု ခံစားပေးသွားတဲ့အတွက် ကျေးဇူးပါ။
& အန်ကယ်ကြီး အဲ့လိုကြီး သတိ္တ ချိတာပေါ့နော်။ အဟိ။ အန်ကယ်ကြီးလည်း ပျော်ပျော်နေတတ်တာပဲ။
& ဦးကြောင် = တော်တော်ဆိုး
& မမဂျီး ဇီ = မနိုနဲ့ တိတိ။ အကြမ်းပညာရှင်ပီပီ
:k:
ဖတ်ရှု အားပေးကြသူများ အားလုံးကို ကျေးဇူးပါခင်ဗျ။
အလင်းဆက်
November 20, 2014 at 7:24 am
ဖတ်ရှု အားပေးကြသူများ အားလုံး ကျေးဇူးပါ။
ခုန တယောက်ချင်းစီကို နာမည်လေးတွေ တပ် ရေးထားတဲ့ comment လေး ပျောက်တွားဒယ်
😥
CharTooLan
November 20, 2014 at 4:15 pm
လျှာရှည်ထှာ…. ပီးကို..မပီးနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ် 😀
ကောင်းတယ်ခည.. ဂဗျာ အဆုံးနဲ့ အစကိုစွဲစိပလိုက်မယ်
နလဘိန်းတုံးလေးတွေရှာပီး…
ကဲ…. စဖြဲကြရအောင် :k:
အလင်းဆက်
November 20, 2014 at 5:06 pm
တိန်
ဒမာလည်း အကြမ်းပညာရှင် တယောက်
:k: