ပညတ်တွေ အတင်မှားကြရင်ဖြင့်
(၁)ကျမမှာ Linguistic ဘာသာစကားတွေ စိတ်ဝင်စားတဲ့ စောလွင်ဆိုတဲ့ တပည့်ကျော် တယောက်ရှိပါတယ်။
ငယ်ငယ်က ကျမ တရုတ်စာသင်တန်းတက်ရင် သူလည်း လိုက်တက်တာပဲ။
သူများမသိစေချင်တာတွေကျရင် ကျမတို့ ဆရာတပည့် တရုတ်လို Broken ညှပ်ပြောကြတာပေါ့။
အခု တရုတ်လို ဈေးနှုန်းစကားတွေဆို သူက ကျမထက် ပိုကျွမ်းနေသေး။
တခါတလေကျရင် ဘိုလိုလည်း ကြားဖူးသမျှ ရောကျော်ချတတ်ကြသေးတယ်။
တရက်တော့ စောလွင်အမေ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်ပါလေရော။
(ဖုတ်ဝင်တယ်ဆိုတဲ့အကြောင်း ရေးဖူးတဲ့ လူနာလေ) ဆေးရုံပေါ်ရောက်ပြီး ၂ရက်လောက်မှာ လူနာက သတိမလည်လာရတဲ့ ကြားထဲ ဆီးကလည်း မထွက်တော့ဘူး။
အဲဒီညနေ စောလွင်က ငိုမဲ့မဲ့လေသံနဲ့ ဖုန်းဆက်လာတယ်။
`အမရေ၊လူနာက ဆီးမထွက်လို့ ဦးနှောက်နဲ့ အာရုံကြောဆေးရုံကနေ ဆီးနဲ့ ကျောက်ကပ်ဆေးရုံကို ရွှေ့ရမယ်တဲ့´
`ဟာ၊မဟုတ်တာ၊လူနာက သတိတောင် မရဘူး၊သေမလား၊ရှင်မလားမသိ၊လှုပ်လို့ရော ပိုဆိုးသွားမလားတောင် မသိတဲ့ အခြေအနေကို ဘယ်လိုလုပ် ဆေးရုံပြောင်းရမှာလဲ၊ဦးနှောက်သွေးကြောပေါက်တာထက် ပိုအရေးကြီးရအုံးမလား၊မပြောင်းချင်ဘူးလို့ ငြင်းလိုက်´
အဲသလို မှာတမ်းချွေပြီး နောက်နေ့မနက်ကျတော့ မောင်စောလွင် ဖုန်းဆက်လာပါတယ်။
`အမရေ၊ဆီးနဲ့ ကျောက်ကပ်က ဆရာဝန်ကြီး လာရောင်းသွားပြီ၊ ဘော်ဒီကို မရွှေ့ရတော့ဘူး။ချက်စ်ပဲ သွားပြရတော့မယ်တဲ့´
`ဟင်၊ဟင်…ဘာပြောလိုက်တယ်၊နင့်အမေ ဘယ်လိုနေလို့လဲ´
`အမေက သတိတော့မရသေးဘူး၊အခု ဆီးနည်းနည်းပြန်ထွက်လာပြီ၊အဲဒါကြောင့် ဘော်ဒီ မရွှေ့နဲ့တော့တဲ့။ကျနော်ပဲ ချက်စ်ကို ယူသွားပြပြီး ဘာဆေးဆက်ပေးရမယ်ဆိုတာ သူတို့ ရေးပေးလိုက်မယ်တဲ့´
`အော်၊အေး၊အေး၊သဘောပေါက်ပြီ၊ လူနာကို ဆေးရုံရွှေ့စရာမလိုတော့ဘူးပေါ့၊Chart ပဲ ပြပေးရမယ်၊အဲသလိုလား´
`ဟုတ်ကဲ့အမ´
`အေး၊ကောင်းပါတယ်´
အဲတော့မှပဲ သက်ပြင်းချရပါတော့တယ်။
ဆေးရုံမှာ ကျမတို့ဟောက်ဆာဂျင်ဆင်းချိန်တွေတုံးကတော့ ဘော်ဒီဆိုရင် Dead Body ကိုပဲ အတိုကောက်ခေါ်လိုက်တာပါ။
ဒါ့အပြင် လူနာ မှတ်တမ်း Chart ကို ကျမဆြာက ရမ်းတုပ်ပြီး Chest လို့ အသံထွက်လိုက်တော့ ကျမမှာ သူ့အမေများ ဘာဖြစ်ပြီလဲ။
ရင်ခေါင်းကို ဘာတွေများ လုပ်ကြပါတော့မလဲလို့ မျက်ကလူးဆန်ပြာဖြစ်သွားတော့တာပါပဲ။
……………………………………………………………………………………………………..
(၂)ကျမရဲ့ မွေးသဖခင်ကြီးက သူ့အဖိုးဟာ တိုင်းရင်းဆေးဆရာပါတဲ့၊အဲတော့ သူက မျိုးရိုးအရ ဆေးပညာတတ်ပြီးပြီလို့ ထင်နေပါတယ်
။ဆေးတော့ ကုဖို့ ဝါသနာမပါပေမယ့် ရှားပါးဆေးတွေဆို အဆင်သင့်ဝယ်ဆောင်ထားပြီး လိုတဲ့သူတွေကို ပေးပါတယ်။
သမီး ၃ယောက်ဆရာဝန်ဖြစ်တာတောင် သူ့လောက် ဆေးပညာမတတ်ဘူးဆိုပြီး ကျန်းမာရေးနဲ့ ပတ်သက်ရင် ခံငြင်းလေ့ရှိပါတယ်။
ကျမ ဆရာဝန်ဖြစ်ကာစကပေါ့။
တနေ့မှာ အဖေက ကျမကို
`ငါဝမ်းသွားတာ အူနံရံက အညှိတွေပါတယ်´ လို့ပြောလာပါတယ်။
ဆရာဝန်ပေါက်စ ကျမကလည်း အဖေပြောတာကို ရောဂါအမည် စဉ်းစားလိုက်တာ (ကိုယ့်အဖေဆိုတော့ စိုးရိမ်စိတ်လည်း လွန်ကဲပြီး) အူမကြီးကင်ဆာလား၊အစာအိမ်ကင်ဆာလားတွေထိ ရောက်ကုန်တော့တာပဲ။ဆေးစာအုပ်တွေ လှန်ဖတ်၊ဘာရောဂါများ ဖြစ်နိုင်မလဲ၊ဘယ်လို ရောဂါရှာရပါ့မလဲလို့ တွေးပူပြီး အဖေ့ကို ဘာဆေးမှလည်း မပေးတတ်တော့ဘူး။
နောက်တနေ့ကျတော့ အကိုက ကျမကို ပြောလာပါတယ်။
`ဟဲ့၊ပါပါးများ ဝမ်းကိုက်နေလားမသိဘူး၊အိမ်သာ ခဏခဏ ဝင်နေတာတွေ့တယ်´
အဲတော့မှ ကျမလည်း ဖတ်လက်စ ဆေးစာအုပ်တွေ ပိတ်ပြီး
`ပါပါး၊ဝမ်းသွားတာ ချွဲတွေ ၊သွေးတွေပါလား၊ဗိုက်ကော နာလား၊တနေ့ ဘယ်နှစ်ခါတောင် သွားနေလဲ´ လို့ ဆရာဝန်လေနဲ့ မေးရပါတယ်။
အဖေကလည်း မလျှော့ဘူး။
`အေးလေ၊နင့်ကို ငါပြောတာပဲ။အူနံရံက အညှိတွေ ပါပါတယ်လို့´
ဆရာဝန်မကြီး ခမျာ အဲဒီတော့မှ Metro ထုတ်ပြီး အဖေ့ကို တိုက်လိုက်ရပါတော့တယ်။
………………………………………………………………………………………………………………………..
(၃)ကျမရဲ့ ချစ်လှစွာသော အကိုကြီးကတော့ ဘိုလိုလည်း ကျမထက် အဆတရာလောက် သာပြီးတတ်ပါတယ်။
သူက လက်တန်းတောင် Debate လုပ်နိုင်သေးတယ်။ဒါ့အပြင် သူကလည်း ညီမ ဆရာဝန်၃ယောက်ရဲ့ အကိုပီပီ Medical terms တွေကို ဘိုလို ညှပ်ပြောရတာ သဘောကျပါတယ်။
တနေ့ မနက်မှာ အကိုက `ငါ Chest Pain ရနေတယ်´လို့ပြောလာပါတယ်။
ဒီအချိန်မှာ အရည်ပျော်ဦးနှောက်ချာဝန်မကြီးက Chest Pain ဆိုရင် နှလုံးသွေးကြောပိတ်တဲ့ Myocardial Infarct ပဲ ပြေးမြင်တော့တာပဲ။
ဒီအကိုကိုပဲ ကပ်ပြီးစားနေရတာ၊သူသေလို့ မဖြစ်ဘူး။ရောဂါအမြန်ရှာ အမြန်ကုမှဖြစ်မယ် ဆိုပြီး အထူးကုဒေါ်ခေမာရီဆီ ချီတက်၊
ဆရာမကြီးနဲ့ မတွေ့ခင် ECG ဆွဲ၊ရင်ဘတ်ဓာတ်မှန်ရိုက်၊ဆရာမကြီးနဲ့တွေ့တော့ ရီလိုက်တာ၊
ဒီလို အကောင်းတိုင်းလျှောက်လာတာ နှလုံးသွေးကြောပိတ်တာ လုံးဝမဟုတ်ပါတဲ့။Exercise ပြင်းပြင်းလုပ်မိလားရှာလိုက်တာ မြက်ရိတ်စက်ကို စလွယ်သိုင်းပြီး ကိုယ်တိုင်မြက်ရိတ်ထားမိတော့ ဒါကြောင့် Muscle pain ကြွက်သားတွေ နာတာနေမှာပါလို့ မှတ်ချက်ချပြီး ပျော်ရွှင်စွာ ပြန်လာပါတော့တယ်။နောက် နေ့ကျတော့မှ နာတဲ့နေရာက ရေယုန်ပေါက်တာ ထွက်လာတယ်၊မျက်စိကို လည်သွားရော။
………………………………………………………………………………
(၄)ကျမက အလုပ်သွားရင်း ကားပေါ်မှာ အကို့ကို ကျောင်းမှာ သင်တဲ့ တရားတွေ ကြုံရင် ကြုံသလို ပြောပြတတ်တယ်။
အကိုဆိုတာ ကိုယ့်ထက် ငယ်တဲ့ ညီမတတ်တာဆို အကုန်တတ်ပြီးသား။
သူက တရားစကားတွေလည်း နားရည်ဝတော့
`တရားထိုင်ပြီး နာရီဝက်လောက်ဆို ပီတိလေးစရတယ်။´
`၃ရက်လောက် ဆက်ထိုင်မိရင် ခဏိက သမာဓိ ရပြီ´
အဲသလိုတွေ သုံးပြီး ပြောပါလေရော။
ကျမလည်း `အေး၊အခုဒီလိုနာမည်တပ် ပြောတာ ကိစ္စမရှိဘူး၊တကယ်တရားအားထုတ်ချိန် တရားစစ်တဲ့ ဆရာတော်ကို အဲသလိုတွေ သွားနာမည်မတပ်နဲ့။စိတ်ပျံ့တာနည်းသွားတယ်၊စိတ်လက်ပေါ့ပါးတယ်။စိတ်ချမ်းသာတယ် စသဖြင့်ပဲ သုံးပါ၊တရားစစ်ဆရာတော် မျက်စိလည်သွားမယ်´လို့ အကို့ကို ကြိတ်မှာရပါတယ်။
………………………………………………………………………………………….
ပညတ်ဆိုတာ လူတွေ နားလည်အောင် အမည်တပ် မှည့်ခေါ်တာပါ။အရပ်ဒေသ အချိန်ကာလကို လိုက်လို့ အမည်တပ်တဲ့ ပညတ်တွေ ကွာတတ်ပါတယ်။
ဒါပေမယ့် အကြောင်းအရာကို ပညတ်တင်တဲ့အခါ အများနားလည်ဖို့ သမုတ်အပ်တဲ့ သမုတိသစ္စာဆိုတဲ့ အမှန်တရားဘောင်ကနေ မလွတ်သင့်ပါဘူး။
ကျမ တပည့်စောလွင် ဘိုလို မှုတ်ရင်း မှားတာကို ကျမတည့်ပေးလို့ရတယ်။
ကျမအဖေရဲ့ အူနံရံ အညှိတွေလည်း နောက်ဆုံးတော့ ကျမ ဆေးကုပေးလို့ရခဲ့တယ်။
ကျမအကိုရဲ့ Chest Pain လည်း အထူးကုနဲ့တွေ့တော့ အနာသိသွားတယ်။
ကျမအကိုရဲ့ ပီတိတို့၊ခဏိကသမာဓိတို့လည်း ဆရာကောင်း၊လမ်းစဉ်မှန် တွေ့ထားပြီးမို့ သူတရားလျှောက်ရတဲ့အခါ ဆရာတော်က တည့်ပေးသွားမှာပါ။
ကျမ မိတ်ဆွေရဲ့ အတင်မှားနေတဲ့ ပညတ်တွေကိုတော့ ဘယ်လို ဖြည်ရပါ့မလဲ။
ကိုယ့်ကိုယ်ကိုယ် တကယ်မဟုတ်သေးပဲ ပန်ပန်၊ဂါမ်ဂါမ် ထင်နေမိရင်၊
လမ်းမှန်ပေါ် အချိန်မီမရောက်ရင်၊
ဒီလမ်းကိုပဲ မှန်တယ်၊လွယ်တယ်၊အချိန်တိုနဲ့ ထိရောက်တယ်လို့ သူတပါးကိုပါ လမ်းညွှန်နေရင်ဖြင့် …………………………………………………
…………………………………………..`
42 comments
YUYA MON
November 20, 2014 at 7:14 am
VERY NICE POST…..THANKS!!!!!
YUYA MON
November 20, 2014 at 7:15 am
VERY NICE POST….THANKS
kai
November 20, 2014 at 8:04 am
အမည်ပေး..အမည်ခေါ်.. စာ..စကားမွေးယူ. မွေးစား.. ဗမာတွေတော်တော်ညံ့ပါတယ်..။
ခေတ်သစ်မြန်မာစာပေရဲ့ဖခင်ကြီးတွေလို့ခေါ်ရမယ့်..ဆရာယုဒသန်တို့..။ မစ္စတာဝါရင်တို့..။ ဦးဖေမောင်တင်တို့.. မစ္စတာဖာနီဗယ်တို့.. သခင်ဗသောင်းတို့.. သိပ္ပံမောင်ဝတို့ခေတ်ထဲက…အကြိမ်ကြိမ်ကြိုးစားပြင်ကြတာလည်း…မရ..။
အရင်ကတော့.. အဲဒီအကြောင်းသူတို့ရေးတဲ့.. စာတွေဖတ်ပြီး.. အူကြောင်ကြောင်ဖြစ်မိသား..။
နောက်ပိုင်း.. တခြားဘာသာစကား.. ၂ခုလောက်ဖတ်လေ့လာ..သုံးစွဲနေတော့မှ.. ဗမာတွေတော်တော်အခြေအနေဆိုးနေတာ..သတိပိုပြုမိတာ…
ဆိုတော့…
မြန်မာစာပေထင်ရှားပေါ်တာက… နှစ်၈၀ဝလောက်ရှိသေးတာ…။
အင်္ဂလိပ်စာပေက.. နှစ်၁၀၀ဝ ကျော်…။
ရှေးမင်းတွေသုံးစွဲတဲ့ခေတ်ကလို.. ကွန့်ညွှန့်ဖားတာတွေ..။ စကားကြွယ်ပါတယ်ဆိုပြီး.. တန်ဆာဆင်ပြီး.. ပြောရေးသုံးတာတွေလျှော့.. တိုတိုနဲ့လိုရင်း.. အင်္ဂလိပ်စာတချို့..တိုက်ရိုက်ယူမွေးစားသင့်တယ်ထင်…။
အဲ.. ပါဌိကို.. နောက်မြီးကအသတ်ထည့်ပြီး.. မြန်မာစာ/စကားလုပ်ပစ်လို့တော့.. မကောင်းဘူးပေါ့..။
ဆိုလိုတာက..
စာ/စကားရေးသားပြောဆိုသုံးစွဲကြတဲ့အခါ.. လူနားလည်အောင်.. ရိုးသားကြပါလို့… ပြောချင်တာပါပဲ.။
မှတ်ချက်.။ ။ မြန်မာပြည်ဆတော်ကြီးများတွင်….. ပန်ပန်..ဂမ်ဂမ်.. တပါးမှမရှိ..။
တပါး(တပါး) ရှိလျှင်.. မြန်မာပြည်ဤသို့.. မဖြစ်..။
The end justifies the means! :k:
Foreign Resident
November 20, 2014 at 12:05 pm
kai says:
” မှတ်ချက်.။ ။ မြန်မာပြည်ဆတော်ကြီးများတွင်….. ပန်ပန်..ဂမ်ဂမ်.. တပါးမှမရှိ..။
တပါး ( တပါး ) ရှိလျှင်.. မြန်မာပြည်ဤသို့.. မဖြစ်..။ ”
အင်းးးးး ၊ ဒီကိစ္စ မှာတော့ ၊ မဟုတ်သေးဖူး ထင်တယ် ။
အင်းးးးး ၊ သူကြီးကို အပြိုင် ငြင်းပစ်ချင်လိုက်တာလေ ။
အင်းးးးး ၊ ကိုယ့်ထက် တော်တဲ့လူတွေ လာလိမ့်မပေါ့ ။
စောင့်ကြည့်လိုက်ပါဦးမယ် ။
အကြမ်းဖျင်းအားဖြင့် ၊ ပန်ပန်..ဂမ်ဂမ် တွေက ၊
လောကီ ( မြန်မာပြည် ) ကိစ္စတွေထဲ မပါတော့ဘူးလေ ။
သူ့ဖာ့သာသူ အေးဆေးတဲ့နေရာမှာ နေတော့မှာလေ ။
မြန်မာပြည် ဆင်းရဲ ချမ်းသာ တာ ပန်ပန်..ဂမ်ဂမ် တွေနှင့် မဆိုင် ။
kai
November 20, 2014 at 2:57 pm
အဲဒီလိုဆိုထားတာကိုက.. မြန်မာပြည်က.. ပန်ပန်..ဂမ်ဂမ်မဖြစ်နိုင်တဲ့သူတွေ.. လူအထင်ကြီးအောင်..
မျက်စိလည်အောင်..အကြံအဖန်လုပ်ထားတာလို့ပဲ.. ထင်မိတယ်..။
ကြိုကန်ထားတာပေါ့..။
ဗုဒ္ဓလက်ထက်က.. ပန်ပန်ဂမ်ဂမ်တွေ.. လူကြားထဲနေ.. ဟောပြော..ဆုံးမ.. နေကြတာလို့.. ဖတ်နေခဲ့ကြရတာပဲ..။
လော့ဂျစ်ချကောက်ကြည့်ရင်လည်း..
ဘုရားတဆူပွင့်ရင်လူတွေအင်မတန်အကျိုးများတယ်ဆိုတာ…ဘုရားက..နတ်ပြည်ထဲ.. တောထဲသွားထိုင်နေလို့မဟုတ်ပဲ.. လူတွေထဲနေ..လူတွေကို.. တရားဓမ္မတွေရှင်းလင်းဟောပြောနေလို့.. လူတွေအသိအမြင်မှန်ကန်တာမို့.. လူမှုကိစ္စတွေ.. နိုင်ငံရေးတွေ.. လုပ်တာမှာ သန့်ရှင်းမြင့်မြတ်ပြီးအောင်မြင်တဲ့လမ်းရောက်ကုန်တာလို့.. တွေးမိတယ်.။
တောထဲကနေ.. အုံဖွဆိုပြီးလှမ်းလုပ်နိုင်တာ.. ပန်ပန်ဂမ်ဂမ်မဟုတ်.. ဘိုးတော်နဲ့ဝိဇ္ဇာပဲ..။
ဆိုတော့..
အရိယာဆိုတာလည်း.. လူတွေထဲနေ..လူတွေကို တရားဟောဆုံးမ.. ဒီသဘောဖြစ်ကို..ဖြစ်ရမယ်.. လို့..။ :k:
padonmar
November 20, 2014 at 9:05 pm
.အဘနဲ့ သူကြီး ၂ယောက်လုံးမမှန်ဘူးလို့ ပြောချင်ပါတယ်။
.သောတာပန်၊သကဒါဂါမ်၊အနာဂါမ် အထိ .လူဝတ်နဲ့ နေလို့ရတာကြောင့် လူ့လောကထဲမှာ .ရှိနေနိုင်ပါတယ်။
.ရဟန္တာ ဆိုတာ ရှေ့က လျှောက်သွားရင် နောက်ကပါလာတဲ့ .ကပ္ပိယကတောင် ရဟန္တာမှန်း မသိနိုင်ဘူးဆိုတဲ့ .စကားရှိပါတယ်။
.အရိယာတို့စိတ်ကို ပုထုဇဉ်မသိနိုင်။
.အထက်အရိယာတို့ရဲ့ စိတ်ကို အောက်အရိယာက .မသိနိုင်ပါ။
.အနာဂါမ်တွေဟာ သူတို့ အနာဂါမ်ဖြစ်တယ်ဆိုတဲ့ .ဂုဏ်ပုဒ်ကို သူတကာသိမှာတောင် .မသိစေချင်လောက်အောင် ရိုးစင်းတဲ့ ဂုဏ်ရည်ရှိတယ်လို့ .ဃဋိကာရ အိုးထိန်းသည်ဇာတ်မှာ လာပါတယ်။
.သောတာပန် တယောက်ရှိရင်တောင် သူ့ရဲ့ ကောင်းတဲ့ .စိတ်ဓာတ်ကြောင့် .သူ့ဘေးပတ်ဝန်းကျင်တောင် ကောင်းတဲ့အလေ့အကျင့် .ကူးစက်ပြီး စိတ်ချမ်းသာရတယ်လို့ ဆိုရိုးရှိပါတယ်။
.ဒါပေမယ့် ကျမတို့လောကကြီးက မကောင်းတဲ့သူက အနန္တ ၊ကောင်းတဲ့လူက ရေပေါက်ရေစက်လောက်ဆိုတော့ အရမ်းနီးကပ်တဲ့ သူတွေမှသာ ခံစားနိုင်မှာပါ။
padonmar
November 20, 2014 at 6:59 pm
သူကြီးနော်
အဲဒါ သူကြီးစကား၊ကျမ ဆိုလိုတဲ့ထဲ အဲဒါ မပါဘူး။
padonmar
November 20, 2014 at 8:54 pm
ဗျို့သူကြီး
မှတ်ချက်.။ ။ မြန်မာပြည်ဆတော်ကြီးများတွင်….. ပန်ပန်..ဂမ်ဂမ်.. တပါးမှမရှိ..။
တပါး(တပါး) ရှိလျှင်.. မြန်မာပြည်ဤသို့.. မဖြစ်..။
အဲဒါ ကျမ ဆိုလိုတဲ့ အာဘော်မဟုတ်ဘူးနော်။ကျမကတော့ လောကမှာ အရိယာ မဆိတ်သုဉ်းသေးဘူးလို့ ယုံပါတယ်။
ကေဇီ
November 20, 2014 at 9:05 am
ပို့(စ) ကို ဖတ်ရင်း လေးစားစိတ်က ပိုပိုလာတယ်။
ခက်တာက ဘာမဆို နာမည်တတ်လိုက်ရမှ အဆင်ပြေတဲ့ လောကကြီးဆိုတော့လည်း..
ထင်ရာမြင်ရာ တင်လိုက်မိတဲ့ ပညတ်တွေ ဘုန်းဘလအောတိုက်….
နာ့ အာတီဒုံ၊
အဘိဓမ္မာ သင်တန်းတက်ပြီးးး
သူတပါး အတွေးအမြင်မမှန်မှာ၊ မှားယွင်း ယူဆမှာတွေကို ပိုစိုးရိမ်နေသလားးးးး
:mrgreenn:
ကိုယ် စိတ်ပူ .. စိုးရိမ်လာတာ များရင် ဒီ လိုပဲတွေးလိုက်ပါ။
“ဒီ လမ်းက တစ်ကိုယ်စာပဲ လျှောက်ရတဲ့ လမ်းမို့ ကိုယ့် တစ်ကိုယ်စာ အယူမှန်ရင်ပဲ တော်ပါပြီ” လို့။
:mrgreenn:
padonmar
November 20, 2014 at 9:08 pm
ဇီကလေးရေ
အန်တီဒုံ အသက်ကြီးတော့ အရာရာ ဆရာလုပ်ချင်လာတာကြောင့်ဖြစ်မှာ။
ဒါတွေကြောင့်လည်း ကိုယ့်ကို တည့်မတ်ပေးနိုင်ကြတဲ့ ဂဇက်ရွာထဲ ပျော်တာပါ။
အခုလည်း ဇီကလေး တည့်ပေးတာကို ဝမ်းမြောက်ဝမ်းသာ ခံယူပါတယ်။
weiwei
November 20, 2014 at 9:26 am
ဒီပို့စ်မှာတော့ ကွဲလွဲပါရစေ အန်တီဒုံ ..
အန်တီဒုံ ဘာကိုဆိုလိုတယ်ဆိုတာ နားလည်မိလို့ပါ ..
တကယ်တမ်းပြောရရင် အန်တီဒုံအနေနဲ့လဲ ဘယ်ဟာက အမှန် ဘယ်ဟာက အမှားဆိုတာ သေချာမဝေဖန်နိုင်တဲ့ကိစ္စတွေရှိပါတယ် .. ဆရာလုပ်တယ်လို့တော့ မထင်ပါနဲ့ …
တကယ်လို့ အန်တီဒုံက မှန်နေရင် ပြသနာမရှိပေမယ့် မှားခဲ့ရင် ပြသနာက တော်တော်ကြီးပါတယ် ..
အဲဒါကြောင့်မို့လို့ပါ ..
ချစ်လို့ပြောတယ်မှတ်ပေးပါ ..
weiwei
November 20, 2014 at 3:27 pm
ဒီကွန်မန့်က မပေါ်လာလို့ အောက်ကဟာကို ထပ်ရေးလိုက်ရတာ .. အခု ဘယ်လိုဖြစ်ပြီး ပြန်ပေါ်လာတာလဲ မသိဘူး .. မျက်လှည့်ပြနေတာများလား … 🙂
weiwei
November 20, 2014 at 10:00 am
နံပါတ် (၁) ကနေ (၄) အထိ ပြောခဲ့တာတွေကတော့ နံမည်အခေါ်အဝေါ်နဲ့ ပါတ်သက်တာမို့လို့ သိလွယ် မြင်လွယ်ပါတယ် ..
ဒါပေမယ့် …
နံပါတ် (၅) မှာတော့ ပညတ်အတင်လွဲတယ်ဆိုတဲ့ စကားလုံးနဲ့ သုံးလို့မရဘူးလို့ထင်ပါတယ်…
အန်တီဒုံဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မနားလည်ပါတယ် ….
ဒါပေမယ့် အန်တီဒုံ .. ဒီလိုကိစ္စဆိုတာ လောကီနယ်က စကားလုံးမဟုတ်တဲ့အတွက် သာမန်လူတွေအတွက် ဝေဖန်ပိုင်းခြားဖို့ ခက်ခဲပါတယ် ..
မှားနေတယ်လို့ ကိုယ်ကထင်ပြီး ပြောပေမယ့် မှန်ချင်ရင် မှန်နေမှာဆိုတော့…. ဘာပညာနဲ့တိုင်းတာပြီး ပြောမလဲ ..
ဘာပဲဖြစ်ဖြစ်ပေါ့လေ … ကိုယ်ကမှားပြီးဝေဖန်မိရင် အလွန်အပြစ်ကြီးတဲ့ကိစ္စမို့လို့ ကိုယ်မသိတာကိုတော့ မဝေဖန်ပါနဲ့လို့ပဲ အကြံပေးချင်ပါတယ် ..
ဘယ်နေရာမဆို မရောက်ဖူးရင် မသိနိုင်ဘူး … ဘယ်အစားမဆို ကိုယ်တိုင်မစားဘူးရင်လဲ အရသာမသိနိုင်ဘူး .. ဘယ်တရားမဆို ကိုယ်တိုင်အားမထုတ်ဘူးရင် မသိနိုင်ပါဘူး ..
padonmar
November 20, 2014 at 8:53 pm
.ဝေဝေ့စေတနာကို လေးစားသောအားဖြင့် .နံပါတ်(၅)ကို ပြန် ဖြုတ်ပေးလိုက်ပါတယ်။
.အောက်က စာတွေတော့ အဆက်အစပ်မရှိဖြစ်မယ်။ကြည့်သာဖတ်ကြတော့။
အောင် မိုးသူ
November 20, 2014 at 10:38 am
လေးစားပါတယ် အန်တီ။ ဗဟုသုတလည်းရပါတယ်။
aye.kk
November 20, 2014 at 10:42 am
အရိယာမဖြစ်သရွေ ့ပုထုဇဉ်က ပုထုဇဉ်ပါပဲ ။
နည်းမှန်လမ်းမှန်နဲ ့သတိပဌာန်ပွားများ အားထုတ်ထားရင် ကြာကြာ အားထုတ်ထားရင်
ပြောင်းလည်းသွားတာ စိတ်ပါပဲ ။
ကိလေသာတွေ ထူပြောနေတဲ့ မီးခိုးမှိုင်း စိတ်အညစ်အကြေးတွေ တဖြည်းဖြည်းပါးကုန်တာ
ကိုယ်တိုင်အားထုတ်ဘူးမှ ကိုယ်တိုင်သိမြင်ရတာမို ့ စာတွေ ပေတွေနဲ ့ရှင်းပြလို ့မရနိုင်တဲ့အရာကို
ပြောပြရင် ပြောပြတဲ့သူမောရုံပေါ့ ။ ကိုယ်တိုင်ကျင့်မှသိနိုင်တာ သတိပဌာန်ပါပဲ ။
အရိယာပုဂ္ဂိုလ်ဖြစ်မှသာ သာသနာပြန် ့ပွားအောင်ဆောင်ရွက်နိုင်ပါတယ် ။။
padonmar
November 20, 2014 at 9:10 pm
တရားအားထုတ်မှုမှာ အတွေ့အကြုံများတဲ့ အေးကေကေရဲ့ ကွန်မန့်တွေကို တန်ဖိုးထား ကျေးဇူးတင်ပါတယ်။
aye.kk
November 20, 2014 at 10:49 am
ပညတ်ကင်းစင်မှသာ နိဗ္ဗာန်မြင်ရတာ ။
နိဗ္ဗာန်မြင်ရင် ချမ်းသာစစ်မှန်တွေ ့ပြီပဲ ။
ပညတ်ကိုနိဗ္ဗာန်လို ့တော်သင့်ယုံဉာဏ်လောက်နဲ ့ထင်မြင်တတ်တဲ ့သဘောရှိတာ
အချို ့ယောဂီတွေ သဘောမပေါက်ကြပါဘူး။
တရားစစ်တဲ့ဆရာတော်တွေ ကမ္မာန်း ဆရာတော်တွေက အရိယာပုဂ္ဂိုလ်စစ်မှန်ရင်တော့
တည့်မတ်အောင်စစ်ဆေးပေးနိုင်ပါတယ် ။။
aye.kk
November 20, 2014 at 10:59 am
ပညတ်ကင်းစင်မှသာ နိဗ္ဗာန်မြင်နိုင်ပါတယ် ။
နိဗ္ဗာန်မြင်ရင် ချမ်းသာစစ်မှန်တွေ ့ပြီပဲ ။
တော်သင့်ယုံဉာဏ်လောက်နဲ ့အချို ့ယောဂီတွေက ပညတ်ကို နိဗ္ဗာန်နဲ ့အမှတ်မှားကြပါတယ်။
တရားစစ်ပေးတဲ ့ဆရာတော်တွေက အရိယာပုဂ္ဂိုလ်စစ်မှန်ရင် တည့်မတ်အောင် ပြင်ပေးပါတယ် ။
aye.kk
November 20, 2014 at 11:17 am
အရိယာမဖြစ်သရွေ ့ပုထုဇဉ်ပုဂ္ဂိုလ်တွေပါပဲ ။
ကြောက်ရွံ ့ခြင်းကင်းစင်တာ အရိယာပုဂ္ဂိုလ်တွေပါ ။
အရိယာမဖြစ်သေးသရွေ ့ကြောက်ရွ ံ့ခြင်းရှိနေတာ ပုထုဇဉ်တွေပါ ။
ခွဲခြား ကွဲပြားသိဘို ့လိုအပ်ပါတယ်။
ကိလေသာတွေ ထူပြောနေတဲ့ ပုထုဇဉ်တွေမှာ စိတ်အညစ်အကြေးတွေနဲ ့ပြည့်နှက်နေတာပါ။
မဟာသတိပဌာန်တရားကို နည်းမှန်လမ်းမှန်နဲ ့ကြာကြာလေး ပွားများအားထုတ်ထားနိုင်ရင် စိတ်ဆိုတာ
တစ်မျိုးတစ်မည်တော့ ပြောင်းလည်းသွားပါတယ်။
ဘယ်လိုပြောင်းလည်းသွားနိုင်လည်းလို ့မေးရင် ကိလေသာစိတ်တွေထူပြောရာကနေ
နည်းပါးသွားပါတယ် ။ လောဘ ဒေါသ မောဟတွေပေါ့နော်။
စိတ်ကိုပြုပြင်ပေးနိုင်တာက သတိပဌာန်မဂ္ဂင်ရှစ်ရပ် အကျင့်မှန် ဖြစ်လို ့ပါပဲ ။
padonmar
November 20, 2014 at 9:38 pm
အေးကေရေ၊
ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။
ကျမ ရေးထားတဲ့ထဲ(ဖျက်လိုက်တဲ့ထဲပါသွားတဲ့) ကြောက်တယ်ဆိုတာကို မန့်ထားတာထင်လို့ ပြန်ဆွေးနွေးပေးချင်ပါတယ်။
ကြောက်တယ် ၊စိုးရိမ်တယ်၊သောကရောက်တယ် ဆိုတာတွေက ကျဒေါသ ခေါ်တဲ့ ဒေါသစိတ်တမျိုးပါ။သောကနဲ့ဒေါသဟာ အနာဂါမ်ဖြစ်မှ ပယ်နိုင်ပါတယ်။
တရားအားထုတ်ဆဲ ပုထုဇဉ်ဆိုရင် ကြောက်အုံးမှာ မလွဲပါဘူး။
ဒါပေမယ့် အနိစ္စဆိုတာ အိုးကွဲတာ လူသေတာမှ အနိစ္စမဟုတ်ပဲ ခဏမစဲ ဖြစ်လိုက်ပျက်လိုက် မတည်မြဲတာကို ပြောတာဖြစ်သလို၊
ဒုက္ခဆိုတာလည်း နာကျင်တဲ့ ဝေဒနာကို ပြောတာမဟုတ်ဘဲ ဖြစ်ပြီးရင်ပျက်၊ပျက်ပြီးရင်ဖြစ် ထပ်တလဲလဲ နှိပ်စက်လွန်းလို့ ဒုက္ခလို့ ပြောသလို၊
ကြောက်တယ်ဆိုတာလည်း အဲဒီလိုဖြစ်ခြင်းပျက်ခြင်းတွေ မပြတ် နှိပ်စက်တာကို တွေ့လာတော့ ဒီလောကကြီးထဲ ငါအားကိုးစရာ ဘာမှ မရှိပါလားလို့ ကြောက်မိတာကို ဆိုလိုတာပါ။
အဲဒါကို သရဲကြောက်၊အမှောင်ကြောက်တာလည်း ပါတယ်လို့ ထင်နေကြမှာစိုးတာပါ။
ပျင်းရိငြီးငွေ့တယ်ဆိုတာလည်း ဒီဖြစ်တာပျက်တာတွေကိုပဲ မပြတ်တမ်း ရှုနေရတော့ ဆက်လည်း မမှတ်ချင်တော့ဘူး၊ဒါပေမယ့် မမှတ်ပဲလည်း မနေနိုင်ဘူးဆိုတဲ့ အခြေအနေကို ပြောတာ တချို့က တရားအားထုတ်ရတာ ပျင်းလို့ အိမ်ပြန်ချင်တာကို ပြောတယ်ထင်ကြပါတယ်။
ဒါတွေက တရားကိုတကယ်တမ်း နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်လို့ အဲဒီ အဆင့်ရောက်ရင်လည်း သိနိုင်သလို စာပေ ပရိယတ္တိတွေမှာလည်း လေ့လာတဲ့သူ သိနိုင်ပါတယ်။
ပရိယတ်မကင်းတဲ့ ပဋိပတ်နဲ့ ပဋိပတ် မကင်းတဲ့ ပရိယတ် ဖြစ်စေချင်တဲ့ စေတနာနဲ့ ပြောတာပါ။
aye.kk
November 20, 2014 at 1:03 pm
အဘဖောရေ
ဗုဒ္ဒဘာသာ ဘုရားဟောတာ ကြောင်းကျိုးဝါဒပါ။
ကိုယ်ပြုတဲ ့စိတ်စေတနာကောင်းခဲ့ရင် ကံကောင်းမှာပါပဲ ။
မင်းလုပ်အုပ်ချုူပ်နေတဲ့သူတွေ စိတ်စေတနာကောင်းရင် တိုင်းပြည်ကောင်းမှာပါပဲ ။
စိတ်စေတနာတွေ မွဲနေမှတော့ ကံလည်းမွဲမှာပဲ ။
အားလုံးကလူတွေလေ လူလိုသိရင် ချမ်းသာမှာအမှန် ။
kyeemite
November 20, 2014 at 1:18 pm
.အင်း..ဘာပြောရမှန်းတောင်မသိ
.စကားပြောမှားတာလောက်က အာတီဒုံပြောသလို ပြင်လို့လွယ်ပါတယ်
.နောက်..စကားအပြောအဆို ရိုးရှင်းလွယ်ကူ မှနားထောင်သူအဖို့နားရှင်းမယ်..နားလည်မှုမလွဲမယ်
.အဓိကကတော့ တတ်ယောင်ကားမဖြစ်ဖို့လိုပါတယ်
.ဆရာတင်မှားရင်လည်း အပ်နဲ့ထွင်ရမဲ့နေရာ ပုဆိန်နဲ့ထွင်းရတတ်တယ်..ဒါကြောင့် ဘယ်ကိစ္စမဆို
.မှန်ကန်ကျွမ်းကျင်တဲ့ဆရာရွေးမိဖို့အရေးကြီးပါတယ်…
padonmar
November 20, 2014 at 9:44 pm
ဟုတ်တယ် ဦးမိုက်၊တတ်ယောင်ကားမလုပ်မိဖို့ ပြောချင်တာ။
kyeemite
November 20, 2014 at 2:01 pm
:harr:
မဟာရာဇာ အံစာတုံး
November 20, 2014 at 2:35 pm
ကျော်ဂဒေါ့ ဘုသုတအဖြစ်
ဖတ်တွားဘာဒယ် တီတီဒုံ ..
ကျန်ဒါတော့ ပြောတတ်ဘူး ….
padonmar
November 20, 2014 at 9:52 pm
ကျော်ရဲ့ ဘုသုတကို ၄စားပါဒယ်။
aye.kk
November 20, 2014 at 2:58 pm
ဖြစ်ပျက်မြင်ရင် နိဗ္ဗာန်ဝင်ပြီ။
ဦးဦးပါလေရာ
November 21, 2014 at 1:40 am
.နံပါတ်(၅) ကို မဖတ်လိုက်ရလို့ ဘာမှ ဝင်ပြောလို့မရတော့ပါ..။
.ဒါပေသိ –
.ပညတ် ဆိုတဲ့ စကားလုံးလေးတစ်ခုအပေါ်တော့ နဲနဲ ပြောကြည့်ချင်ပါတယ်..။
.ပညတ် ဆိုတာ လူအချင်းချင်း တစ်ယောက်ပြောလိုတာ တစ်ယောက်နားလည်အောင် ဘာသာစကားကို .အသုံးပြုပြီး အမည်ပေး ခေါ်ဝေါ်သတ်မှတ်တာကို ဆိုတာပါ။
.ဒီတော့ ကျောက်တုံး ကောင်းကင် နေ လ ကြောင် ခွေး ရေ မီး စတဲ့ noun တွေကိုခေါ်ဝေါ်ရာမှာ .ရည်ညွှန်းရာမှာတော့ တစ်ယောက်ပြောလိုတာ အခြားတစ်ယောက်က အမှန်အကန်အတိအကျ .သိနိုင်ပါတယ်။ အဲဒါတွေက အပြင်မှာ မြင်ဖူး ထိတွေ့ဖူး တယ်လေ။
.ဒါပေမယ့် အသိ အမြင် ခံစားချက် နဲ့ဆိုင်ရာ တွေမှာတော့ တစ်ယောက်ပြောလိုတာ .အခြားတစ်ယောက်တိုင်း(တိုင်း) က အတိအကျ မသိနိုင် ပါဘူး။
.လွယ်လွယ်ဥပမာတစ်ခုထုတ်ရရင်-
.ချစ်တယ် ဆိုတာကို တစ်ယောက် သိ/ခံစား/နားလည် တာနဲအခြားတစ်ယောက်တိုင်းက သိ/ခံစား/နားလည်တာ မတူပါဘူး…။
.အခြားတစ်ယောက်ဆိုတာကို ထားဦး …
.ကိုယ်တစ်ယောက်ထဲကိုပဲ
.အသက် ၂ဝ မှာ အသက် ၃ဝ မှာ အသက် ၄ဝမှာ အသက် ၅ဝ မှာ သိ/ခံစား/နားလည်တာ မတူတော့ပါဘူး…။
.ဒါပေမယ့် ဘယ်လောက်ပဲမတူသည်ဖြစ်စေ ဘုံသုံးအများသုံးစကားလုံးအနေနဲ့တော့
.သတ်မှတ်ထားတာ(ပညတ်)
.ဒီတစ်လုံးထဲ ရှိလို့ ဒီတစ်လုံးပဲ သုံးရပါတော့တယ်။
.ဒါဖြင့် ပညတ်(သတ်မှတ်ထားတဲ့စကားလုံး/အခေါ်)တွေကို ဘယ်လိုဆိုရင် .မှန်မှန်ကန်ကန်နားလည်နိုင်မလဲဆိုတော့-
.ရိုးသားရင် (ရိုးသားရင်) မှန်မှန်ကန်ကန် ချဉ်းကပ်နားလည်နိုင်ပါမယ်။
.ဘာတဲ့…
.မေတ္တသုတ်မှာ ကြားဖူးတာ…..
ဦးဦးပါလေရာ
November 21, 2014 at 1:42 am
.နံပါတ်(၅) ကို မဖတ်လိုက်ရလို့ ဘာမှ ဝင်ပြောလို့မရတော့ပါ..။
.ဒါပေသိ –
.ပညတ် ဆိုတဲ့ စကားလုံးလေးတစ်ခုအပေါ်တော့ နဲနဲ ပြောကြည့်ချင်ပါတယ်..။
.ပညတ် ဆိုတာ လူအချင်းချင်း တစ်ယောက်ပြောလိုတာ တစ်ယောက်နားလည်အောင် ဘာသာစကားကို .အသုံးပြုပြီး အမည်ပေး ခေါ်ဝေါ်သတ်မှတ်တာကို ဆိုတာပါ။
.ဒီတော့ ကျောက်တုံး ကောင်းကင် နေ လ ကြောင် ခွေး ရေ မီး စတဲ့ noun တွေကိုခေါ်ဝေါ်ရာမှာ .ရည်ညွှန်းရာမှာတော့ တစ်ယောက်ပြောလိုတာ အခြားတစ်ယောက်က အမှန်အကန်အတိအကျ .သိနိုင်ပါတယ်။ အဲဒါတွေက အပြင်မှာ မြင်ဖူး ထိတွေ့ဖူး တယ်လေ။
.ဒါပေမယ့် အသိ အမြင် ခံစားချက် နဲ့ဆိုင်ရာ တွေမှာတော့ တစ်ယောက်ပြောလိုတာ .အခြားတစ်ယောက်တိုင်း(တိုင်း) က အတိအကျ မသိနိုင် ပါဘူး။
.လွယ်လွယ်ဥပမာတစ်ခုထုတ်ရရင်-
.ချစ်တယ် ဆိုတာကို တစ်ယောက် သိ/ခံစား/နားလည် တာနဲအခြားတစ်ယောက်တိုင်းက သိ/ခံစား/နားလည်တာ မတူပါဘူး…။
.အခြားတစ်ယောက်ဆိုတာကို ထားဦး …
.ကိုယ်တစ်ယောက်ထဲကိုပဲ
.အသက် ၂ဝ မှာ အသက် ၃ဝ မှာ အသက် ၄ဝမှာ အသက် ၅ဝ မှာ သိ/ခံစား/နားလည်တာ မတူတော့ပါဘူး…။
.ဒါပေမယ့် ဘယ်လောက်ပဲမတူသည်ဖြစ်စေ ဘုံသုံးအများသုံးစကားလုံးအနေနဲ့တော့
.သတ်မှတ်ထားတာ(ပညတ်)
.ဒီတစ်လုံးထဲ ရှိလို့ ဒီတစ်လုံးပဲ သုံးရပါတော့တယ်။
.ဒါဖြင့် ပညတ်(သတ်မှတ်ထားတဲ့စကားလုံး/အခေါ်)တွေကို ဘယ်လိုဆိုရင် .မှန်မှန်ကန်ကန်နားလည်နိုင်မလဲဆိုတော့-
….ရိုးသားရင် (ရိုးသားရင်) မှန်မှန်ကန်ကန် ချဉ်းကပ်နားလည်နိုင်ပါမယ်။
.ဘာတဲ့…
.မေတ္တသုတ်မှာ ကြားဖူးတာ…..
padonmar
November 21, 2014 at 7:45 am
.ဦးပါရေ
.အရာရာမှာ
.ဥဇူစ=ကိုယ်/နှုတ်ဖြောင့်မတ်ခြင်း
.သုဟုဇူစ=စိတ်နှလုံးဖြောင့်မတ်ခြင်း
.တွေသာ ရှိရင် တလောကလုံး သာယာပြီပေါ့။
.ဖြောင့်နိုင်သမျှဖြောင့်လေ အကျိုးကျေးဇူးများလေပါပဲ။
.ABCD တွေ တတ်မတတ် အစစ်ခံပြီး လူဖြစ်ကြောင်း ခဏခဏ သက်သေပြပြီးမှ မန့်ပေးကြတဲ့ သူတွေကို ကျေးကျေးပါ။
အလင်းဆက်
November 21, 2014 at 8:37 am
အဲ
ဖတ်တော့ ဖတ်ပြီးပြီ။
ဘာ ပြောရပါ့
နေပါဦးးး
ဝမ်းစာ ရှာလိုက်ပါဦးမယ်
aye.kk
November 21, 2014 at 9:09 am
မပဒုမ္မာရေ
သခါင်္ရုပေက္ခာဉာဏ်အရင့်ပိုင်းရောက်ရင် ပညတ်သဘောပျောက်ကွယ်ပြီး
ပရမတ်ကိုသိမြင်ပါတယ် ။ ဖြစ်တဲ့သဘော ပျက်တဲ့သဘော နှစ်ခုလုံးချုူ ပ်ငြိမ်းသွားပါတယ်။
နိဗ္ဗာန်ကိုမြင်ရပြီ ။ မဂ်ဉာဏ်ပါ ။အဲဒါလည်း မိနစ်ပိုင်း နာရီပိုင်း အများဆုံးပါ။
သောတာမဂ်ရပြီ ။ အရိယာဖြစ်တဲ ့အတွက် ကိလေသာအကြမ်းစားမှန်သမျှပယ်သတ်ပြီး ဖြစ်ပါတယ် ။
ကြောက်စိတ်လုံးဝကင်းစင်သွားပါပြီ။ ငါးပါးသီလ ခိုင်မြဲသွားတာမို ့သေမှာကြောက်ရွံ ့ခြင်း
အလျင်းမရှိတော့ပါဘူး။ သတ္တဝါမှန်သမျှ သေရာမှာ ကြောက်ပါတယ် ။ အရိယာဖြစ်မှသာ
ကြောက်ရွံ ့ခြင်း အလျှင်းကင်းစင်သွားပါတယ် ။
padonmar
November 22, 2014 at 7:33 pm
အေးကေရေ
အေးကေပြောချင်တာ သဘောပေါက်ပြီ။
သောတာမဂ်ရရင်ကို အပါယ်ကျဖို့ မကြောက်ရတော့တဲ့အတွက် သေမှာတောင် မကြောက်တော့ဘူး။ဒါကြောင့် မကြောက်တတ်တော့ဘူးလို့ ပြောတယ်ဆိုတာ ရှင်းပါပြီ။
aye.kk
November 22, 2014 at 9:16 pm
အရိယာဖြစ်လျှင် ကြောက်စိတ်အလျှင်းမရှိတော့ပါ ။
ကြောက်စိတ်ကင်းစင်သွားတာပါ ။ အကြောက်တရားလုံးလုံးမရှိတော့ပါ။
လုံမလေးမွန်မွန်
November 21, 2014 at 10:36 am
ပညတ်ဆိုလို့.. ငယ်ငယ်က တရားထိုင်ရင် ဝင်တယ် ထွက်တယ်ဆိုပြီး စိတ်ထဲက လိုက်ဆိုဖူးတယ်.. ကြားရင် ကြားတယ်မှတ် ဆိုလို့ ကြားတယ်ြကြားတယ် လို့ လိုက်ဆိုဖူးတယ်.. ြပြီးခဲ့တဲ့နှစ်ကမှ ဝင်သိထွက်သိ သဘောတရားကို သဘောပေါက်တာ…
သဘောပေါက်ပြီး ဘာမှဆက်မလုပ်တော့ဘူး.. လော ဒေါ မော ထဲ ရှင်သန်နေဆဲ
ဦးကြောင်ကြီး
November 21, 2014 at 12:54 pm
အာတီဒုံ… အနော့်ဂို ပင်းညက် အတင်မှားနေဗီ… အနော့်မှာ ဗာအပျစ် ယှိယို့ယဲ…
La Yeik
November 22, 2014 at 11:53 am
စာကောင်း ပေကောင်းဖတ်ခွင့်ရလို့ ကျေးကျေးပါ…
မြစပဲရိုး
November 22, 2014 at 10:50 pm
အစ်မဒုံ ပြောတဲ့
ပညတ်တွေ ပရမတ် တွေ ပန်တွေ ဂါန် တွေ က ကိုယ်နဲ့ဝေး လို့
ဆင့်ပွါးမှတ်ချက် လေး
{ .ဦးပါရေ
.အရာရာမှာ
.ဥဇူစ=ကိုယ်/နှုတ်ဖြောင့်မတ်ခြင်း
.သုဟုဇူစ=စိတ်နှလုံးဖြောင့်မတ်ခြင်း
.တွေသာ ရှိရင် တလောကလုံး သာယာပြီပေါ့။
.ဖြောင့်နိုင်သမျှဖြောင့်လေ အကျိုးကျေးဇူးများလေပါပဲ။
}
ကို ဘဲ ဝင် ဆွေးနွေးပါတော့မယ်။
ကျွန်မ ကိုယ်ပိုင် အမြင် အရတော့ လူတစ်ယောက်မှာ တရားရှိ/မရှိ ကွယ်ဝှက်ထားလို့ မရပါဘူး ထင်ပါတယ်။
တရားစကား ဘယ်လောက်ပြောပြော တရားတွေ ဘယ်လောက်ကျင့်တယ် ဆိုဆို သူ့ရဲ့ နီးစပ်ရာ လူ တွေ ကို အေးချမ်းမှု မပေးနိုင်သမျှ တရားအစစ် မရ သေးပါဘူး။
သူ့ဟာသူ ကြိုးစားဆဲ လဲ ဖြစ်တော့ နေမှာပါ။
ကျွန်မ မှာ ငယ်တုန်းက အဖွားမိတ်ဆွေ အဖွားကြီး နှစ်ယောက် ရှိတယ်။
တစ်ယောက် က တရားကျောင်း သွား စခန်း တွေဝင် ထွက်လာတိုင်း တရားတွေကြောင့် သူ့ရင်ထဲ ရေချမ်းအိုး လေးလို အေးမြ နေတာဘဲ လို့ အမြဲပြောတယ်။
ပြီးလဲပြီးရော ချွေးမ ဘယ်လို ဆိုးကြောင်း ဘယ်လို စိတ်ထား မကောင်းကြောင်း ဆက်ပြီး တရားဟောတတ်တယ်။
နောက်တစ်ယောက် က တော့ တရားလုပ်ပေမဲ့ တရားစကားသိပ်မပြောဘူး။
ဒါပေမဲ့ ထူးခြားတာက အဲဒီ အဖွား က မျက်နှာလေး အရမ်းကြည်တာဘဲ။
သူ့ သား၊ သမီး ချွေးမ က အစ သူ့ ခမည်းခမက် တွေ အကြောင်း အမြဲဘဲ အကောင်းပြောတယ်။
ဘာဘဲဖြစ်ဖြစ် အဆိုးကို မမြင်တာ။ အံ့ရော။
သူ့နားနေရတာ ကိုက အေးချမ်းတာ။ ကျွန်မ ကတော့ သူကို တကဲ့ တရားစစ်ပိုင်ရှင်လို့ ကို သတ်မှတ်ထားတာ။
မချမ်းသာပေမဲ့ လောဘလဲ မရှိ။ ပူပင်မှုလဲ မထား။
စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း ဒေါသလဲ ဘယ်တော့မှ မတွေ့ဘူး။
သူ့ရှိ သမျှ ပေးကမ်း နေတာဘဲ။
သူ ဆုံးတော့ ၉ဝ အတော်ကျော်ပြီ ထင်တယ်။
အလောင်းကို မီးသဂြိုလ် တော့ သူ့ နှလုံး ကို မီးမစွဲဘူး ပြောတာဘဲ။
ဘယ်လို သိကြလဲ တော့ မသိဘူး။
အဲဒါကို ဘာလုပ်လိုက်လဲလို့လဲ မမေးမိဘူး။
ဒါပေမဲ့ သေချာတာက သူ အသက်ရှင်တုန်း သူ့ နီးစပ်ရာ ကို အေးချမ်းတဲ့ မေတ္တာတွေ မျှပေးခဲ့တာတော့ အသေအချာပါဘဲ။
PS –
Robot ပါလို့ ပြောလဲ မယုံဘူး အစ်မရေ။
ဘာကြီးမှန်းလဲ မသိ။ lol:-)))
padonmar
November 23, 2014 at 7:52 pm
ဟုတ်ပ မလတ်ရေ၊
အပြောထက် အကျင့်က အရေးကြီးပါတယ်။
(ကိုယ်တောင် အပြောထဲပါနေပြီ ထင်ပါရဲ့)
တကယ်တရားကျင့်(လေးစားလိုက်နာ)တဲ့သူနဲ့ နေရတာ တကယ့်ကို အေးချမ်းပါတယ်။သိသာပါတယ်။
aye.kk
November 23, 2014 at 10:57 am
အမှန်သိဉာဏ်ရထားရင်
အကောင်းမြင်တဲ ့စိတ် အကောင်းမြင်တဲ့အာရုံ ကြည်လင်နေတဲ့အာရုံဖြစ်သွားပြီမို ့ပါ။
ဒေါသဆိုတာအနာဂါမ်အဆင့်မှပယ်သတ်တာပါ။ မိန်းမဘဝမှာ ရဟန္တာဖြစ်ရင် ရ ရက်ပဲခံပြီးသေတာ ။
မေတ္တာဘယ်လောက်ထားနိုင် ဒေါသဆိုတာ အနုစားတော့ကျန်နေပါသေးတယ်။
ကိုပေါက်(မန္တလေး)
November 23, 2014 at 10:39 pm
မမာရေ
ကျနော်တို့သာမန်လူတွေကတော့ သူပြောဟုတ်နိုးနိုး
ကိုယ်ပြောမှန်နိုးနိုးနဲ့ အမှတ်တွေလွဲတဲ့အခါ
ရှေ့လူပြောခဲ့တဲ့ပညတ်(သတ်မှတ်ချက်)ကိုပရမတ်(အမြဲမှန်တယ်)လို့ ထင်မိတဲ့ အခါ
ကိုယ့်အမှားကိုကြာမှ ဘဲသိနို်င်ပါတယ်။
ကိုယ်သိတာမှန်တယ်လို့ ထင်တာတွေက မှားယွင်းနေကြောင်းဆိုတာရယ်
ငါလုပ်သမျှ အမြဲမှန်တယ် လို့ ယုံကြည်တာတွေကမမှန်ကြောင်းသိလာတဲ့အခါမှသာ
အထိတ်တလန့် နဲ့ အတိတ်ကိုပြန်ကြည့်ဖြစ်ကြတာပါ။
မိမိကိုယ်မိမိ အမှန်အတိုင်းပြန်မြင်နိုင်ဘို့ကတော့ အတွေ့အကြုံ နဲ့ ဆင်ခြင်တုံတရား မပါသမျှ မမြင်နိုင်သေးပါဘူး၊
အခုလို ကျနော်ပြောနေပေမယ့ ခုချိန်ထိမိုက်လုံးကြီးနေသေးတဲ့ ကိုပေါက်အဖြစ်ရှိနေတုန်းပါ မမာရေ