ကျွန်တော် ပြောချင်ရာပြောပါမည် (ဂျူနီယာများသို့…)
ကျွန်တော် ပြောချင်ရာပြောပါမည်
ဂျူနီယာများသို့…
သူများအကြောင်းတွေကို ပြောချင်ရာမပြောခင်၊ အရင်ဆုံး မောင်ကာကြီး အကြောင်းကိုတော့ နည်းနည်း ပြောပြထားရမယ် ထင်ပါ့။ တစ်ကယ်တော့ မောင်ကာကြီးဆိုတာ တစ်ခြားသူမဟုတ် မျိုးဆက်သစ် အင်ဂျင်နီယာများစွာကိုမွေးထုတ်ပေးနေတဲ့ သန်လျင်နည်းပညာတက္ကသိုလ်မှာ ၂၀၀ရခုနှစ်ကနေ ၂၀၀၉ခုနှစ်ထိ ပညာသင်ကြားဖူးတဲ့ သူပေါ့။
အသေးစိတ်ပြောရရင်တော့ ၂၀၀ရခုနှစ်မှာ ကျောင်းစတက်၊ ပြီးတော့ ပထမနှစ်စာမေးပွဲကိုကျကာ ၂၀၀၈မှာမှ ပထမနှစ်ကိုအောင်၊ ၂၀၀၉ခုနှစ်ကျတော့ ဒုတိယနှစ်စာမေးပွဲကို B.Techဝင်ခွင့်မပါပဲ ရိုးရိုးပဲအောင်ပြီး ကျောင်းတော်ကြီးကို လက်ပြကာ နှုတ်ဆက်ခဲ့ရသူ။ နောက်တော့ ၂၀၁၁ခုနှစ်ကလားတော့ မမှတ်မိတော့ဘူး။ အဲဒီ့နှစ်မှာ B.Tech ဝင်ခွင့်တွေပြန်ခေါ်လို့ ဝင်ဖြေရာမှာ မရှုမလှနဲ့ ထပ်ပြုတ်ကျခဲ့ပြန်သူပေါ့။ပြောရရင်တော့ ဘဝကကြမ်းပါတယ်လေ။ ဘဝက ကြမ်းပါတယ်ဆိုတာထက် မောင်ကာကြီးကိုက ဆိုးခဲ့၊မိုက်ခဲ့၊ ကြမ်းခဲ့တာလဲ ပါပေမပေါ့။
ထားဦးတော့ ထားဦးတော့။ ပြောချင်တာက ကိုယ့်အကြောင်းကိုယ်မဟုတ်။ မြင်ရတွေ့ရ ဂယက်ထနေတာတွေကို ရေးပြချင်တာ။ သိတယ်မို့လား။ အခုတလော လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အောင်စာရင်းကိစ္စကြီးလေ။ ဒါနဲ့ မေးရဦးမယ် “ညီလေး၊ညီမလေးတို့ရေ… လက်မှတ်တွေသွားထိုးပြီး ပြီလား။ ထိုးရင်လဲ မြန်မြန်ထိုးကွာ။ မင်းတို့ ပြောပြောနေတဲ့ ပညာရေးစနစ်ဆိုတာက ကိုကြီးတို့ ခေတ်ကတည်းက မကောင်းတာရယ်။ ကိုကြီးတို့တုန်းကတော့ မင်းတို့လို ဆန္ဒထုတ်ဖေါ်ဖို့မပြောနဲ့ အသံကျယ်ကျယ်ပြောမိရင်တောင် မော်စကိုရောက်သွားတက်တဲ့ခေတ်ဆိုတော့ ငြိမ်ခံခဲ့ရတာကွ။ မင်းတို့ကတော့ လုပ်ခွင့်ရှိပြီဆိုတော့ ချသာချ။ ဆွဲသာဆွဲ။”
တစ်ခုတော့ ပြောရဦးမယ်။ အစိုးရကပြောတော့ ဖြေဆိုသူဦးရေရဲ့ ၂ဝရာခိုင်နှုန်းပဲ ကျတာဆို။
အောင်မလေး အောင်မလေး။ မသိလို့မေးမိတာပါ။ အဲ့လောက်လဲ မပြောကျပါနဲ့… … …။
မောင်ကာကြီး ကိုယ်ချင်းစာပါတယ်။ အခုအောင်စာရင်းထွက်တဲ့အချိန်မှာ အောင်မြင်မှုမရခဲ့တဲ့ သူတွေရဲ့ခံစားချက်ကို မောင်ကာကြီးကိုယ်တိုင်လဲ ခံစားဖူးတော့ ကောင်းကောင်းကြီးကို ကိုယ်ချင်းစာပါတယ်။ တစ်ကယ်ပါ။ သူတို့တွေခံစားနေရတဲ့ ကျတယ်ဆိုတဲ့ ခံစားချက်အားလုံးကို မောင်ကာကြီးက ခံစားဖူးနေတာပဲ အကြီးအကျယ်ကို ကိုယ်ချင်းစာတာပါ့။ “သိပ်တော့လဲ စိတ်မကောင်းမဖြစ်ပါနဲ့ ညီလေးတို့ ညီမလေးတို့ရယ်။ ကျရှုံးခဲ့တဲ့ ကျောင်းစာမေးပွဲက အတွေ့အကြုံကို ဘဝစာမေးပွဲမှာ အောင်မြင်ဖို့ အသုံးချလိုက်စမ်းပါ။”
ရှုံးနိမ့်မှုအပေါ်သင်ခန်းစာယူပြီး နောင်တစ်ခါ ဘယ်နေရာမှာ ဘယ်လို အောင်မြင်အောင် ကြိုးစားလိုက်မယ်လို့ ခွန်အားတွေ မွေးထားလိုက်စမ်းပါ။
တစ်ကယ်တော့ ဒီကျရှုံးမှုမှာ ဘယ်သူ့အပြစ်မှမရှိပါဘူး။ ပွင့်လင်းမြင်သာမှု မရှိတဲ့ စာစစ်ပုံစံနဲ့ အမှတ်ပေးစည်းမျဉ်းဆိုတာကလဲ စည်းလွတ်ဝါးလွတ် ကြီးတော့ မဟုတ်နိုင်ပါဘူး။ အမှတ်၅ဝရရင်အောင်မယ်၊ ၈ဝကျော်ရင် (၇၅လား ၈ဝလားတော့ သိပ်မသေချာ) qualify ဖြစ်မယ်ဆိုတဲ့ စည်းမျဉ်းကိုတော့ သူတို့တွေ ပြင်လို့ရမယ်မထင်ပါဘူး။
တစ်ခါက ဆရာကြီးတစ်ယောက်က ပြောဘူးတယ်။ “အောင်စာရင်းမှာ အကျများတယ်ဆိုတာ မေးခွန်းပုံစံ ပိုခက်သွားလို့မဟုတ်ဘူး။ အရင်က အောင်မှတ်ဆိုတဲ့ ကြိုးတန်းကိုကျော်ဖို့ အောက်မှာ မော်ရေးရှင်းဆိုတဲ့ခုံလေးခုထားပေးပေမယ့် အရင်နှစ်ကတော့ အဲဒီ့ ခုံကို မထားပေးတဲ့အတွက် မကျော်နိုင်သူ များသွားတာပါ” တဲ့။ ဟုတ်တော့လဲ ဟုတ်သား။
ခဏလေး ခဏလေး။ အပြစ်တင်မစောနဲ့ဦး။ အဲ့ဒါလဲပြောဦးမှာ။ ဖတ်စာအုပ်ကအစ သင်ထောက်ကူ ပစ္စည်းတွေ မပြည့်စုံတာနဲ့ ဆရာဆရာမတွေ စာသင်တဲ့အသံက အယောက်၂၀ဝကျော် ကျောင်းသားတွေအသံကို မလွှမ်းနိုင်တာနဲ့ ပတ်သက်ပြီး ပြောဦးမှာပါ။ ဟုတ်တာပေါ့။ မောင်ကာကြီးတို့ ကျောင်းတက်တုန်းကလဲ ဖတ်စာအုပ်ဆိုတာ မြင်တောင် မမြင်ဖူးဘူး။ ပြီးတော့ ကျောင်းခန်းထဲမှာလဲ လက်ချာတစ်ခါမှ မလိုက်ဖူးဘူး။ ကိုယ့်ပါကိုယ် ကျူရှင်တက်။ ကျူရှင်မှာ ဆရာကပေးတဲ့ မှတ်စုတွေနဲ့ပဲ စာမေးပွဲကို ဖြေခဲ့ရတာပါ။ မောင်ကာကြီးတို့တုန်းကတော့ အစဉ်ပြေပါတယ်။ ပြေလို့လဲ မောင်ကာကြီးနဲ့ အပေါင်းအပါအနည်းစုက လွဲလို့ ကျန်တဲ့ same batch သူငယ်ချင်းတွေအကုန်လုံး အခုဆို အင်ဂျင်နီယာတွေဖြစ်နေပြီ။
ပြောရရင်တော့ မောင်ကာကြီးလဲ အခုဖြစ်နေတဲ့ ကိစ္စကို ကောင်းကောင်းမသိပါဘူး။ အဝေးကို ရောက်နေတာဆိုတော့လဲ သိချင်တယ်ဆိုရင်တောင် ဘယ်မှာမှ စုံစမ်းမေးမြန်းလို့မရတော့ ပိုလို့ဆိုး။ ဒါကြောင့်လဲ ဒီအကြောင်းကို သိပ်ပြီးတော့ ထဲထဲဝင်ဝင် မပြောတာပေါ့။ သို့ပေမယ့် သိသလောက်ပြောရရင် ခုတ်ရာတလွဲ ရှရာ တစ်ခြားဖြစ်နေသလားပဲ။ အကြောင်းရင်းက စာမေးပွဲမအောင်တာ (ကျတာလို့ မောင်ကာကြီး မသုံးချင်။ ကျရှုံးတာနဲ့ မအောင်မြင်တာက တူမလိုနဲ့ တော်တော်ကြီးကွဲတာရယ်)။ အကျိုးဆက်က စိတ်ဓါတ်ကျတာ၊ စိတ်မကောင်းဖြစ်တာ၊ ဝမ်းနည်းတာ။ ဒါပေမယ့် ရန်မယ်ရှာခံရတာက ပညာရေးစနစ်ဖြစ်နေရော။ ကောင်းတော့လဲ ကောင်းပါတယ်လေ။ ဒီခေတ်နဲ့ ဒီစနစ်ကြီးမှာ ဒီလိုအဖြစ်တွေက မစမ်းတော့ပါဘူး။
တော်ပါပြီလေ။ ဘာမှမပြောတော့ပါဘူး။ ဒီလောက်နဲ့တောင် မောင်ကြီးတစ်ယောက် ပိုးစိုးပက်စက် အဆဲခံနေရပြီဆိုတော့။ ထပ်ပြောရင် ချောင်းရိုက်ခံရမယ့် သဘောတောင်ဖြစ်သွားနိုင်တယ်။ ဒီတော့လဲ တော်ရုံပေါ့။
နောက်ဆုံးပြောချင်တာကတော့။ “ညီလေးတို့ ညီမလေးတို့ရေ… စိတ်ဓါတ်ကျမနေနဲ့။ သင်ခန်းစာယူ။ ကြိုးစား။ မင်းတို့ ကိုကြီး မောင်ကာကြီးလို အပေအတေမဖြစ်အောင်နေ။ တစ်ခါလဲကျတာကို အသိယူ၊ ပြီးတော့ နောက်တစ်ခါ မလဲကျအောင် သတိနဲ့နေကျဟေ့”။
ဪ… ဒါနဲ့။ နိဂုံးလေးကို မကြာခင်ကမှ ကွယ်လွန်သွားတဲ့ ဆရာကြီး ဦးအောင်သင်းရဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်ပါရစေ။
“မင် ဒီပညာရေးစနစ်ကြီးကို မကြိုက်ဘူး။ ဒီစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။
အဲဒီတော့ မင်းပြောင်းနိုင်လား။ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေါ့။
စာဖတ်နေရမယ်။ ဆည်းပူးနေရမယ်။ တစ်ဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်းဆည်းပူးရမယ်။
အဲဒီလိုမဟုတ်ပဲ မင်းဘာသာမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နေရင်တော့
မင်းဘဝမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်။”
လွန်တာရှိရင် ဝန္ဒာမိပါ
Courage
19 comments
kai
November 20, 2014 at 8:32 am
လူသည်သာလျှင်ကောင်းကင်တလျှား. ကြယ်ကိုစားသော်.. မလွဲစတမ်း.. ဝါးမြဲတန်းဟု.. :k:
ကိုပေါက်(မန္တလေး)
November 20, 2014 at 9:25 am
“မင် ဒီပညာရေးစနစ်ကြီးကို မကြိုက်ဘူး။ ဒီစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။
အဲဒီတော့ မင်းပြောင်းနိုင်လား။ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေါ့။
စာဖတ်နေရမယ်။ ဆည်းပူးနေရမယ်။ တစ်ဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်းဆည်းပူးရမယ်။
အဲဒီလိုမဟုတ်ပဲ မင်းဘာသာမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နေရင်တော့
မင်းဘဝမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်။”
မှန်တယ်ဗျာ
CharTooLan
November 20, 2014 at 10:53 am
အူးကဂျီးပြောတာလဲမှန်တာပဲ
ဆြာအောင်သင်းပြောတာ ပိုတောင်မှန်သေး
ဒီနှစ်ဖြေတဲ့ ညီမဝမ်းကွဲနှစ်ယောက်လုံး ဘီတက်ရှ်အောင်ပီး ဘီအီးဝင်လေယတ် (ကပ်ကျွား) 😛
အောင်တဲ့သူတွေအောင်နေကြတာပါပဲ ကိုယ်ကနဲနဲလိုသွားတယ်လို့မှတ်ပေါ့ (စဲပေါက်)
ဆန္ဒရှိရင်နောက်ပြန်ကြိုးစား ပညာရေးဘာပုတယ် ညာပုတယ် ထင်လဲ ကျွန်ကျောင်းခန်းကနေရောက်တဲ့နေရာမှာရပ် ကွကိုယ်အတတ်ပညာတစ်ခုခုနဲ့ ပရော်ဖက်ရှင်နယ်ဖစ်အောင် ကြိုးစားကြမယ်ကွဲ့ဆိုတဲ့ စိတ်ဓာတ်လေးသာရှိကျိ
အနဲဆုံးးးးးးး အနဲဆုံးတော့ ငါ့မိသားစုအတွက် ငါအများယီးပြောင်းလဲနိုင်တယ် ဆိုတာမျိုးဖစ်လာမှာပါ …………
CharTooLan
November 20, 2014 at 11:16 am
အူးကဂျီးပြောတာလဲမှန်တာပဲ
ဆြာအောင်သင်းပြောတာ ပိုတောင်မှန်သေး
ဒီနှစ်ဖြေတဲ့ ညီမဝမ်းကွဲနှစ်ယောက်လုံး ဘီတက်ရှ်အောင်ပီး ဘီအီးဝင်လေယတ် (ကပ်ကျွား) 😛
အောင်တဲ့သူတွေအောင်နေကြတာပါပဲ ကိုယ်ကနဲနဲလိုသွားတယ်လို့မှတ်ပေါ့ (စဲပေါက်)
ဆန္ဒရှိရင်နောက်ပြန်ကြိုးစား ပညာရေးဘာပုတယ် ညာပုတယ် ထင်လဲ ကျွန်ကျောင်းခန်းကနေရောက်တဲ့နေရာမှာရပ် ထွက်!!
ပီးရင် ကွကိုယ်အတတ်ပညာတစ်ခုခုနဲ့ ပရော်ဖက်ရှင်နယ်ဖစ်အောင်
ကြိုးစားကြမယ်ကွဲ့ဆိုတဲ့ စိတ်ဓာတ်လေးသာရှိကျိ
အနဲဆုံးးးးးးး အနဲဆုံးတော့ ငါ့မိသားစုအတွက်
ငါအများယီးပြောင်းလဲနိုင်တယ် ဆိုတာမျိုးဖစ်လာမှာပါ …………
ကေဇီ
November 20, 2014 at 11:31 am
လူငယ်ဆိုတာ ကိုယ်တိုင်ကလည်း ရပ်မနေပဲ လမ်းကြောင်း အတိုင်းးး သွားနေရင်တော့ အကောင်းဆုံးးး
အဲဒီ သွားနေတဲ့ လမ်းကြောင်းကို အဟန့်အတားး ကချော်ကချွတ်ဖြစ်စေမဲ့ စံနစ်/အစိုးရ ကို မရှိအောင် လုပ်နိုင်ရင် ပိုကောင်းးး
CharTooLan
November 20, 2014 at 12:40 pm
အူးကဂျီးပြောတာလဲမှန်တာပဲ
ဆြာအောင်သင်းပြောတာ ပိုတောင်မှန်သေး
ဒီနှစ်ဖြေတဲ့ ညီမဝမ်းကွဲနှစ်ယောက်လုံး ဘီတက်ရှ်အောင်ပီး ဘီအီးဝင်လေယတ် (ကပ်ကျွား) 😛
အောင်တဲ့သူတွေအောင်နေကြတာပါပဲ ကိုယ်ကနဲနဲလိုသွားတယ်လို့မှတ်ပေါ့ (စဲပေါက်)
ဆန္ဒရှိရင်နောက်ပြန်ကြိုးစား ပညာရေးဘာပုတယ် ညာပုတယ် ထင်လဲ ကျွန်ကျောင်းခန်းကနေရောက်တဲ့နေရာမှာရပ် ထွက်!!
ပီးရင်ကွကိုယ်အတတ်ပညာတစ်ခုခုနဲ့ ပရော်ဖက်ရှင်နယ်ဖစ်အောင်
ကြိုးစားကြမယ်ကွဲ့ဆိုတဲ့ စိတ်ဓာတ်လေးသာရှိကျိ
အနဲဆုံးးးးးးး အနဲဆုံးတော့ ငါ့မိသားစုအတွက်
ငါအများယီးပြောင်းလဲနိုင်တယ် ဆိုတာမျိုးဖစ်လာမှာပါ …………
ပန်း စံပါယ်
November 20, 2014 at 4:38 pm
ကြုံလို့ကိုုယ်တွေ့လေး ပြောချင်ပါတယ်။ ဆန့်ကျင်ဘက်အတွေးနဲ့ပြောတာမဟုတ်ပါ။ နားလည်မှုမလွဲစေချင်ပါ။ ကိုယ်တွေ့ဖြစ်ရပ်လေးကို ပြောချင်ရုံသက်သက်ပါ။
(မောင်လေးတို့ဆယ်တန်းအောင်တဲ့နှစ်ကစပြီး RIT တက်ခွင့်မပေးတော့ ခါတိုင်း RIT ဝင်ခွင့်အမှတ်ကိုမှီပေမယ့် GTI ကိုပဲရွေးချယ်ခဲ့ရတာပေါ့) ၂၀၀၁ ခုနှစ်က မောင်လေးအကြီး GTI ပထမနှစ်လား ဒုတိယနှစ်လား သေချာမမှတ်မိတော့ဘူး။ သူ B.Tech တက်ခွင့်ရချင်တဲ့အကြောင်း ကျူရှင်ယူချင်ကြောင်း ပြောပါတယ်။ ကျမလည်း ကျူရှင်ယူဖို့ ကြည်ဖြူစွာ သဘောတူခွင့်ပြုပါတယ်။ ဘယ်လောက်ပေးရမလဲ ဘယ်တော့ပေးရမလဲမေးပေမယ့် အစ်မကို စာနာနားလည်လို့ ဝန်မပိစေချင်လို့ ထင်ပါတယ် ကျူရှင်မယူပဲ သူဘာသာပဲ ရိုးသားစွာ ကြိုးစားပါတယ်။ B.Tech ဝင်ခွင့်ရပါတယ်။ B.Tech ရောက်တော့လည်း B.E ဆက်တက်ခွင့်ရချင်လို့ ကျူရှင်ယူဖို့ ပြောပြန်ပါတယ်။ ကျမလည်း ကြည်ဖြူစွာ သဘောတူခွင့်ပြုခဲ့ပါတယ်။ အရင်လိုပဲ အစ်မအပေါ် နားလည်လို့ ကျူရှင်မယူပဲ ဆရာဆီ သူငယ်ချင်းဆီသွားပြီးစာလုပ်တယ်။ B.E တက်ခွင့်ရတယ်။ အဲဒါပြီးတော့ M.E ဆက်တက်ခွင့်ပါရလို့ ကျောင်းအပ်ပြီး တစ်လလောက်ကျောင်းတက်ပြီးမှThesis လုပ်ရာမှာ ငွေကြေးကုန်ကျမှုများမှာမို့ အစ်မကို ဝန်မပိစေချင်တာကြောင့် လုပ်ငန်းခွင်ပဲဝင်တော့မယ်ဆိုပြီး M.E ဆက်မတက်ပဲ ကျောင်းထွက်လိုက်ပါတယ်။ (သူက သူငယ်တန်းကတည်းက စာမေးပွဲတိုင်း ပထမပဲရပါတယ်။ သူကဘယ်သူ့မှ သူ့ပြိုင်ဘက်လို့မသတ်မှတ်ခဲ့ပဲ အမြဲတမ်း စာအုပ်နဲ့မျက်နှာ ထိတွေ့နေသူလည်း မဟုတ်ပါပဲ သူ့မှတ်ဉာဏ်အတိုင်း အေးဆေးလေး လုပ်ရိုးလုပ်စဉ်အတိုင်း ပေါ့ပါးစွာ နေသူပါ။ မှတ်မိသလောက် သူစာကျက်တာကို သိပ်မတွေ့မိဘူး။ စာသင်ခန်းထဲမှာ သင်ပြီးတာနဲ့ ရပြီလို့ပြောတာပဲ။ သူ့ကိုပြိုင်ဘက်လို့သတ်မှတ်တဲ့ မြို့ပေါ်က ဆရာဝန်ရဲ့သမီးက သူ့ကိုအမြဲရန်လို ဒေါသဖြစ်နေတတ်တယ်ဆိုတာရယ်၊ အဲဒီမိန်းကလေးက အမြဲ ဒုတိယပဲရလို့ သူ့မိဘနှစ်ပါး ဆရာဝန်တွေက ပထမရတာ ဘယ်သူလဲမေးတိုင်း ကျမမောင်လေးဖြစ်နေတာရယ်ကြောင့် လူကိုမမြင်ဖူးပေမယ့် နေမကောင်းလို့ဆေးခန်းသွားပြတော့ နာမည်ပြောလိုက်တာနဲ့ သိနေတဲ့အထိပါပဲ။ သူ့သမီးက အမြဲတမ်း မကျေမနပ်ဖြစ်နေတဲ့အကြောင်း ရယ်ပြီးပြောတယ်လို့ မေမေတို့ကပြောတယ်)။ GTI, B.Tech, B.E တက်တဲ့အတောအတွင်းမှာတော့ စာနဲ့မျက်နှာအကပ်များလာတယ်။ ကျူရှင်မတက်နိုင်တော့ သူ့အားသူကိုးတဲ့သဘောပေါ့။ မောင်နှမတွေထဲမှာ သူ့လောက်ဉာဏ်ကောင်းတဲ့သူမရှိပါဘူး။ ကျမတို့ဆို ဆယ်တန်းကို ကပ်ပြီးအောင်တာပါ။ ဒါတောင် နှစ်ဝက်လောက်မှာ ကျူရှင် ၃ ဘာသာလောက်ယူလို့အောင်တာ။
uncle gyi
November 20, 2014 at 10:22 pm
ကိုယ့်ဖာသာကိုယ်မကြိုးစားလို့ကျတာ
စံနစ်ကဘာ သင်ရိုးကဘာနဲ့
ကိုယ့်အပြစ်ဖုံးဖို့ကြိုးစားပြောနေကြတယ်
ဟိုးအရင်ဆယ်တန်းတပြည်လုံး၅ယောက်တောင်မအောင်တဲ့ခေတ်က
ဒါမျိုးစကားတွေမကြားဖူးဘူး
padonmar
November 21, 2014 at 12:16 am
အရည်အချင်းပြည့်မှ အောင်တယ်ဆိုရင် အဲဒီ စာမေးပွဲအောင်လက်မှတ်ကို ကိုင်ပြီး အလုပ်ကို ရင်ကော့ လျှောက်နိုင်ပါတယ်။
လုံမလေးမွန်မွန်
November 21, 2014 at 10:58 am
ဘယ့်နယ်.. ၁၁ နှစ်အတွင်း အသားကျအောင် ကြက်တူရွေး စနစ် နဲ့သင်.. ဦးနှောက်တွေကို ပိတ်လှောင်.. အတွေးအခေါ်တွေကို ရိုက်ချိုး..ဒါဒါတေွနဲ့ကြီးပြင်းအောင် စနစ်တကျလေ့ကျင့်ပေးထားပြီး အခုကျမှ.. အရည်အချင်းစစ် ဆိုတဲ့စကားနဲ့ အရည်အချင်းမရှိတဲ့သူကို ြြြဖြုတ်ချမယ်ဆိုတော့ တရားသလား စဉ်းစားကြည့်ပေါ့..
အဲ့ဒီကလေးတွေ အရည်အချင်းမရှိတာ သူတို့ရဲ့ ပင်ကိုအားနည်းချက်လား…. သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ရိုက်ချိုးခံထားရတာလား …
မကြိုးစားလို့ ကျတာလို့ အပြစ်မပြောကြပါနဲ့.. ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်ဆွဲတင်ပေးကြပါ.. ၁၈ နှစ်ဆိုတဲ့ အရွယ်က အရာရာကို အစကသင်ယူဖို့ နောက်မကျသေးပါဘူး..
CharTooLan
November 21, 2014 at 2:02 pm
အမ်မလေးး ဘဲ့နှဲ့ နာ့ကွမ်းမဲ့က ဆဲ့ခွန်နခါလောက်တက်နေတာဒုံးတော်…. :'(
အောင်သွားတဲ့လူတွေကရော ဘိုကျီးပျင်းလာရလို့လဲ
ဘဝမခြားသေးတဲ့ အကိုတွေ အမတွေ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့
ပြိုင်ဘက်တွေရှိရင် ကျိပီး အားယူပါ…..
ဦးကျောက်ခဲ
November 21, 2014 at 2:32 pm
ပညာရေးကတော့ ဘိုခင်ညွန့်အကွက်ချပြီး ဖျက်ဆီးသွားတာ သုံးစားမရ…
မြန်တျန့်က B.Tech လက်သစ်လေးတွေ အလုပ်ထဲကိုရောက်လာရင် ဘာမှမသိ ဘာမှမတတ်…
သင်ပေးပြန်တော့လည်း Mindset က ထုံပေပေ… နည်းနည်းသိရင် အဟုတ်ကြီးမှတ်…
ပညာရေးဥပဒေကို ခဏထား ၊ နိုင်ငံတကာ အဆင့်မှီ သင်ရိုးညွှန်းတန်းကို တောင်းဆိုသင့်တယ်…
မျောက်ပုံပြင်လို ရေလောင်းခံရမှာကြောက်နေရင်တော့… အမျှ… အမျှ… အမျှ
အလင်းဆက်
November 21, 2014 at 3:43 pm
ဒီအစိုးရ
ဒီပညာရေးစနစ်ကို မကျေနပ်ရင်
ဘယ်သူ့ ဘယ်သူကိုမှ အပြစ်ထိုင်တင်နေလို့မရဘူး။
ဒီအစိုးရထက် သာတဲ့
ဒီပညာရေးစနစ်ထက် ကောင်းတဲ့ အခြေအနေတခု ရောက်အောင်
လုပ်ယူကြရမယ်။
ဒါလေး တွေးမိတယ်။
လုံမလေးမွန်မွန်
November 21, 2014 at 4:54 pm
ငင့်.. ကိုယ်တွေလည်း သားကောင်တွေဖြစ်ခဲ့တာပဲ.. ကိုယ်တွေလည်း ခပ်ညံ့ညံ့ပဲ.. ဒါပေမယ့် ကိုယ့်ထက်ငယ်တဲ့ ကလေးတွေက ကိုယ့်ထက်ညံ့တယ်လို် ဆရာတွေက ပြောတယ်.. စနစ်ချင်းအတူတူ နောက်တက်တွေက ပိုညံ့တယ်ဆိုတော့ ဆရာတွေက မှားပြောတာလား.. ကလေးတွေကပဲ ချို့ယွင်းချက်ပါလာတာလား.. စဉ်းစားစရာ..
မြစပဲရိုး
November 22, 2014 at 10:14 pm
လုံမရေ
ကိုယ့်တုန်းက ဆရာ၊ ဆရာမကြီး ဆိုတာက စာသင်ဖို့ ကို နှစ်ခြိုက်ကြလွန်းလို့ ဆရာလုပ်သူတွေများတယ်။
ဆရာ စိတ်အပြည့်ရှိတယ်။
သူတို့ ကိုယ်တိုင်ကလဲ စာတွေ ကို အမြဲ လုပ် ဖတ်နေသူတွေ။
စာသင်ကို သင်ဖို့ ဆရာကိုယ်တိုင် က နားမလည်ဘဲ နှုတ်တိုက် ရွတ်နေတဲ့ စာသင်နည်း တွေ နဲ့ကတော့
ဘာ နာမည်တပ်တပ် ကြက်တူရွေး ပညာသင်စနစ် ဘဲ ဖြစ်မှာဘဲ။
Courage ဆောင်းပါးလေး ကို သဘောကျပါတယ်။
အရင်တုန်းက လို သူလိုငါလို အားလုံးနီးပါး အတူတူ မို့ ကြိုးစားရတာ တန်ပါတယ်။
ကြိုးစားရင် ကြိုးစားသလောက် ရှေ့ရောက်ပါတယ်။
ဒီနေ့ မှာ ပြသနာ က ဆရာမ နဲ့ မှ ကျုရှင်မယူ ရင် သူများနောက်ပိတ် က နေရတာ။
ကိုယ့်ဟာကို ကြိုးစား ရင် ဆရာမ က မျက်စောင်းထိုးတာ။
အဲဒီ ကိစ္စတွေ က ရှိသေးတာ။
ဆရာ ကလဲ ဝမ်းတစ်ထွာဝ နိုင်ဖို့ ဆရာ့ကျင့်ဝတ် မညီနိုင်တော့။
ကျောင်းသား တွေ ဆိုပြီး ဆန္ဒပြတော့ ၈၈ ကလိုသာ လူတွေညီလို့ ကတော့ ဒီလို အွန်လိုင်းခေတ်မှာ ဝုန်းကနဲ သတင်း တွေ မပြတ်တွေ့ရတော့မှာ။
အခုတော့ ဒီမို ဆိုတဲ့ စာမျက်နှာ တွေ သွားရှာဖတ်မှ တွေ့ရပါတယ်။
အများစု က ဒီကျောင်းသားများ အရေးတော်ပုံ ဆိုတာကို စိတ်မဝင်စားကြောင်း သိသာပါတယ်။
ကိုယ့်စာမျက်နှာ တွေ ပေါ်မှာတော့ စွန့်ဦးတီထွင် လူငယ် လုပ်ငန်းရှင် ဟောပြောပွဲ တွေ နဲ့ Work shop အကြောင်း တွေ တွေ့နေခဲ့တယ်။
ဒီမှာတင် မြင်လို့ ရပါတယ်။
ဘွဲ့ရပြီး အလုပ်မရှိ ညည်း နေ သူ လူငယ် လူတန်းစား နဲ့ ကျားကုတ်ကျားခဲ ကိုယ်တိုင်ဘဲ ဖြစ်ဖြစ်၊ မိဘက ပံ့ပိုး လို့ဘဲ ဖြစ်ဖြစ် အောင်မြင်နေသူ လူငယ်လူတန်းစား ကွဲနေတာ ကို။
တကယ်တော့ ဒါက အနောက်တိုင်း ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလဲ ဒီလို အလွှာ ကွဲတာ အသေအချာ ရှိပါတယ်။
အနောက်တိုင်းမှာတော့ အစိုးရ တွေ ခမျာလဲ သူတို့ နာမည်ကောင်းဖို့ အတွက် ပညာရေး ကို အတော်ပံ့ပိုးပေးတာ တွေ့ရပါတယ်။
ဒီတော့ လူငယ်တွေ မအောင်မြင်တာက သူတို့ဟာသူတို့ မကြိုးစားလို့ ဆိုတာ က ပိုများ နေတော့ အစိုးရ ကိုချည်းပုံ ချ နေလို့ မရတော့။
Courage
January 22, 2015 at 4:35 am
ကျွန်တော့ရဲ့ ဝေ့လယ်ကြောင်ပတ် ရေးသားချက်ကို ရှင်းလင်းအောင် ပြောပြတဲ့အတွက် ကျေးဇူးကမာ္ဘပါ ဒေါ်လေးမြစပဲရိုးရေးးးးးးးး 🙂
မြစပဲရိုး
January 22, 2015 at 5:12 am
ပြန်ပေါ်လာလို့ ကျွန်မ ကလဲ ကျေးဇူးပါရှင့်။။ :))
ဒီရက်မှာ ဖြစ်နေတဲ့ ကျောင်းသား အရေး က ၈၈ ကလို အိမ်မက် လို့ မရတဲ့ အကြောင်း ဘယ်လို ပြောရပါ့။
လူတန်းစား မညီတော့ဘူး။
ဒါကို သိဖို့ကောင်းတယ်။
Shwe Ei
November 23, 2014 at 7:33 pm
ကျူရှင်ကသင်ပေးလိုက်တာတွေ တစ်ခုမှမမေးလို့ ကျ ကျတာများလား????
အိုက်လိုလုပ်မယ်ဆိုရင်တော့ စာမွဲမစစ်ခင်ကြိုပြောသင့်တယ်ထင်တာဘဲ…
ကွကိုလေ့လာဖို့အချိန်တော့ပေးရမှာပေါ့…
အငိုက်ဖမ်းပီး မေးခွန်းလှည့်တာမျိုးမဟုတ်ရင်တော့ ခလေးတွေ စာမတတ်တာသိသာတယ် 😛
Lay Pai
November 24, 2014 at 5:35 pm
ကျုပ်တို့တုံးကျောင်းတက်စဉ် ကျောင်းကြီး ဆရာ၊ဆရာမ တွေရဲ့ စေတနာ က ကျ ူ ရှင်နဲ့ အပြိုင်သင်တာဗျား။
၁ဝ တန်း အထိ ကျူ ရှင် ဟာ ဘာမှန်း မသိခဲ့ ဘူး။