ရယ်ရယုံ (၃၆)

etoneAugust 18, 20101min982

ကဲ…. ရှင်းပြီလား

မနက်စောစောမှာ မိခင်ဖြစ်သူက သားကို ကျောင်းသွားဖို့ နှိုးတယ်။
“ထတော့… သား။ ကျောင်းသွားဖို့ အချိန်ရောက်နေပြီ“
“ဘာဖြစ်လို့လဲ အမေရဲ့ ။ မသွားချင်ဘူးဗျာ“
“မင်းက ဘာကိစ္စ မသွားချင်ရတာတုံး။ အကြောင်းပြချက် နှစ်ခုလောက် ပေးစမ်းပါဦး“
“တစ်အချက် ကျောင်းသားတွေက ကျွန်တော့်ကို ကြည့်မရကြဘူး။ နှစ် အချက် ဆရာတွေကလည်း မကြိုက်ကြဘူး။ ကဲ….“
“မရဘူးဟေ့… မရဘူး။ ဘာအကြောင်းပဲ ရှိရှိ မင်းကျောင်းတော့ သွားကို သွားရမယ်“
“ကွိုင်ပဲ အမေရာ၊ ကျွန်တော့် ဘာဖြစ်လို့ ကျောင်းသွားသင့်တယ်ဆိုတဲ့ အကြောင်းပြချက်လေး နှစ်ခုလောက် ပေးပါဦး“
တွေ့ကြသေးတာပေါ့ဆိုတဲ့ မျက်နှာထားနဲ့ မိခင်ဖြစ်သူ ပြောလိုက်တာကတော့
“တစ်အချက်က မင်းအသက် ၅၃ နှစ်ရှိနေပြီ။ နှစ်အချက်က မင်းက ကျောင်းအုပ်ဆရာကြီး ဖြစ်နေလို့ပဲ“

ပြတ်စဲတာလောက်တော့ မဆိုးပါဘူး

ဇနီးမောင်နှံနှစ်ယောက် ကားမောင်းလာစဉ်မှာ ခင်ပွန်းဖြစ်သူက တစ်နာရီ မိုင် ၆ဝ နှုန်းနဲ့ မောင်းနေတဲ့ ဇနီးကို “အချစ်ရေ.. ဒို့နှစ်ယောက် ပေါင်းသင်းလာတာ နှစ် ၂ဝ ရှိပြီ။ ဒါပေမယ့် ငါ မင်းနဲ့ ကွာရှင်းချင်တယ်“ လို့ ရုတ်တရာက် ပြောလိုက်တယ်။
ဇနီးက ဘာမှ ပြန်မပြောဘဲ ကားအရှိန်ကို မြှင့်လိုက်တယ်။ ခင်ပွန်းဖြစ်သူက ဆက်ပြီး “ဒါကို မငြင်းစေချင်ဘူး။ ဘာကြောင့်လဲဆိုရင် မင်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ ငါချစ်နေလို့ပဲ။ ချစ်သအနေနဲ့ သူဟာ မင်းထက်သာတယ်“ လို့ ပြောပြန်တယ်။ ဒီတစ်ခါမှာလည်း ဇနီးက ဆိတ်ဆိတ်နေပြီး သူ့ဒေါသနဲ့အညီ ကားကိုလည်း ပိုမြန်မြန် မောင်းလာတယ်။ “ငါ အိမ်ကို လိုချင်တယ်“ လို့ ခင်ပွန်းက တောင်းဆိုတယ်။ နောက် ကားကိုလည်း တောင်းပြန်တယ်။ ဇနီးကတော့ ခပ်ဆိတ်ဆိတ်နဲ့ ကားအမြန်နှုန်းကို တိုးပြီးရင်းတိုးလို့ပေါ့။ “ဘဏ်စာရင်းရော၊ အကြွေးဝယ်ကတ်ပါ လိုချင်တယ်“လို့ ခင်ပွန်းက လောဘဇောနဲ့ တဆင့်တက်လာပြန်တယ်။ ဇနီးက ကားကို တံတားတစ်ခုဆီ ဦးတည်လိုက်တယ်။ ဒီအခါ ခင်ပွန်းက ထိတ်လန့်လာပြီး “မင်းရော ဘာလိုချင်လဲ“ လို့ မေးလိုက်တယ်။ “မလိုဘူး။ ကျွန်မလိုအပ်တာ ကျွန်မမှာ ရှိပါတယ်။ လို့ ဇနီးက ပြန်ပြေားတယ်။ “ဟုတ်လား၊ ဘာလဲ“ လို့ ခင်ပွန်းက မေးလိုက်တဲ့အခါ တံတားကို မိုင်တစ်ရာနှုန်းနဲ့ ဝင်မတိုက်မီမှာ ဇနီးက ပြုံးပြီး ပြန်ဖြေလိုက်တာက…. “အသက်ကယ် လေအိတ်လေ“ တဲ့။

ဉာဏ်ကြီးရှင်

လယ်သများတစ်ယောက် ပြစ်မှုတစ်ခုဖြင့် အချုပ်ကျနေစဉ် ဇနီးသည်က လယ်စိုက်ပျိုးရေးကိစ္စ အဝဝကို ဆောင်ရွက်နေရလေ၏။ လယ်ယာကိစ္စ မကျွမ်းကျင်သူ ဇနီးသည်က ယောက်ျားထံ အီးမေးလ် လှမ်းပို့သည်။
“ယောက်ျားရေ… ကျွန်မ အာလူးစိုက်ချင်လို့ ဘယ်အချိန်စိုက်ရင် ကောင်းမလဲ။
လယ်သမားက စာပြန်သည်။
“မိန်းမရေ.. လယ်ထဲမဆင်းနဲ့နော်။ ငါ့သေနတ်တွေ မြှုပ်ထားလို့ မင်းအတွက် အန္တရာယ်ရှိ“
အကျဉ်းထောင်အတွင်းမှ ပို့သော မေးလ်များကို ရဲများက ထုံးစံ အတိုင်းစစ်ဆေးပြီးနောက် လယ်သမား၏ လယ်မြေတစ်ခုလုံးကို တူးဆွ၍ ၎င်း၏ သေနတ်များကို ရှာဖွေကြသည်။ သေနတ်နှင့် တူသောအရာပင် ရှာမတွေ့ချေ။
ထို့နောက် လယ်သမားက မိန်းမထံ စာတစ်စောင် ထပ်ပို့သည်။
“မိန်းမရေ… အာလူးစိုက်မယ်ဆို စိုက်တော့ဟေ့။“

ရေများများလောင်းလေ ကောင်းလေ

မဂ်လာအခမ်းအနားအတွက် အစမ်းလေ့ကျင့်နေစဉ် သတို့သားဖြစ်သူက ဘိသိက်ဆရာထံ ချဉ်းကပ်ပြီး “ဆရာကြီး ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့မှာ ကျွန်တော့်ကို ကတိသစ္စာ ဆိုခိုင်းတဲ့အခါကျရင် သူ့ကို ချစ်ခင်တန်ဖိုးထားပြီး သစ္စာရှိရှိနဲ့ ရိုးမြေကျပေါင်းသင်သွားပါ့မယ်ဆု

ိတဲ့ အပိုဒ်ကို ချန်ထားခဲ့ပေးပါခင်ဗျာ။ ကျွန်တော် ဆရာကြီးကို ဒေါ်လာ ၁၀ဝ ကန်တော့ပါတယ်“ ဟု ညှိနှိုင်းပြီး ကျေနပ်စွာ ထွက်ခွာသွားသည်။
မင်္ဂလာဆောင်သည့်နေ့၊ သတိုးသား သစ္စာဆိုရမည့်အလှည့်တွင် ဘိသိက်ဆရာက သတိုးသားမျက်နှာကို စေ့စေ့ကြည့်လျက် “ကိုင်း၊ အသင် သတိုးသားကိုယ်တိုင် သတိုးသမီးရှေ့မှောက်မှာ သူ့ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်၊ အသက်ထက်ဆုံး ကြင်နာစွာ ပေါင်းသင်းသွားမယ့်အပြင် သူစိမ်း မိန်းမမှန်သမျှ စောင်းငဲ့လို့ မကြည့်ပါဘူးလို့ ကတိသစ္စာပြုပါသလား“ ဟုပြောလိုက်သည်။
သတိုးသားခမျာ လည်ချောင်းထဲတွင် တစ်ဆို့လာပြီး ဘေးဘီကို လှည်ပတ်ကြည့်ကာ လေသံခပ်သဲ့သဲ့ဖြင့် “ဟုတ်ကဲ့“ ဟုဆိုလိုက်ပြီး “ကျွန်တော်တို့ ညှိထားပြီးသားလေ ဆရာကြီးရဲ့“ ဟု ဘိသိက်ဆရာနား တိုးတိုးကပ်ပြောလိုက်သည်။ ထိုအခါ ဘိသိက်ဆရာက ဒေါ်လာ ၁၀ဝ တစ်ရွက်ကို သတိုးသားလက်ထဲ ထိုးထည့်လိုက်ပြီး တိုးတိုးလေး ပြန်ပြောသည်။
“သူပေးတာက ပိုများနေလို့ပါကွာ“