စိတ်ကိုပြင်ချင် ရိပ်သာဝင် အပိုင်း (၂)
မဖြုတ်ချင်တဲ့စိတ်က ပီတိစိတ်ဆိုတာ သိတ်ပြီးတော့နားမလည်ခဲ့ပါဘူး ။
တရားထိုင်လိုက်တိုင်းလည်း ၊ မိနစ်အနည်းငယ်ဆို ကြည်လင်တဲ့စိတ်ဖြစ်ပေါ်လာတာမို ့၊ တစ်ခါတစ်ခါမှာ ကိုယ့်ဘေးက
ပါလာတဲ့အဖော်ကို အားနာမိပြီး ဖြုတ်လိုက်ရတာမျိုး လုပ်ရပါတယ် ။ ဒါက ငယ်တုန်းက တရားထိုင်ခဲ့ဘူးတဲ့ အကျိုးတရားပါ ။
အသက်အရွယ်ရလာတဲ့အချိန် ၊ကျမဘာဝနာတရား အားထုတ်ချင်တဲ့စိတ် ပြင်းပြင်းထန်ထန် ဖြစ်လာလို ့
ခင်ပွန်းသည်ကလည်း ကြည်ကြည်ဖြူ ဖြူ အားထုတ်ဘို ့ခွင့်ပြုပေး ပါတယ် ။ ကျမဘဝမှာ ဒုတိယအကြိမ် တရားအားထုတ် ဖြစ်ခဲ့ပါတယ် ။
ကျမနေထိုင်နေတဲ့မြို ့ရဲ ့ ငွေတောင်ဦးကမ္မဌာန်း ကျောင်းမှာပါ ။
ဆရာတော်ဘုရားက ဘယ်နှစ်ရက်ဝင်မှာလည်း မေးတော့ ကျမက ရက်နှစ်ဆယ်ပါ ဘုရားလို ့လျှောက်ပါတယ် ။
ရက်တိုဝင်ခွင့်ကို ဆရာတော်က ကျမကို ဝန်ထမ်းဖြစ်နေတဲ့အတွက် ခွင့်ပြုပေးခဲ့တာမို ့ဆရာတော်ကျောင်းမှာ
ရက်တိုအားထုတ်ခွင့်ရခဲ့ပါတယ် ။ ကျမရိပ်သာဝင်တဲ့အချိန်မှာပဲ ဆရာတော်ဘုရားက ရက်နှစ်ဆယ်အတွင်းမှာ
တရားကိုကြိုးစား အားမထုတ်ရင် အလကားဖြစ်မှာလို ့ပြောပါတယ် ။
မဟာသတိပဌာန် အလုပ်ပေးတရားကို သုံးရက်လောက် ရိုသေစွာ ကျကျနနနာယူမှတ်သားပြီး ၊ အမှတ်သတိ မလွတ်အောင်
ကျင့်ကြံကြိုးစား အားထုတ်ခဲ့ပါတယ် ။ ဆရာတော်ဘုရားက တရက်ခြား တရားစစ်ပါတယ် ။
ရက်နှစ်ဆယ် အတွင်းမှာပဲ ဆရာတော်ရဲ ့ချီးမွှမ်းခြင်းခံရလို ့အားထုတ်ရကြိုးနပ်ခဲ့ပါတယ် ။
ကျမဆက်ပြီးအားထုတ်ချင်ခဲ့ပေမယ့် ခွင့်ကလိုသလောက်မရခဲ့ပါဘူး ။
ကျမရဲ ့စိတ် အတော်ကိုပြောင်းလဲသွားတာ ကျမကိုယ်တိုင်လည်းသိမြင်လာပါတယ် ။
ရုပ်နာမ်တွေရဲ ့မမြဲမှုကို ကျမကိုယ်တိုင် သိမြင်သွားလို ့ပါ ။ အရင်ကတော့ ငါ့ဥစ္စာ ငါပိုင်တာ ငါဆိုတဲ့
အတ္တတွေသာ လွှမ်းမိုးနေခဲ့ပါတယ် ။ မကောင်းမြင်တဲ့ဝါဒနဲ ့ပဲအချိန်တွေကို ကုန်ဆုံးနေခဲ့ရပါတယ် ။
ဗမာပြည်မှာ နေရတာ လူဖြစ်ရကျိုးမနပ်ဘူး ဆိုတဲ့စိတ်ကလည်း အမြဲလိုလို ခံစားနေရတာပါ ။
ဟိုတုန်းက အဖေရဲ ့ သူ ့ဆွေမျိုးသားချင်းတွေ အားလုံး ၊၊ နိုင်ငံခြားမှာနေနေတာ့ ၊ နိုင်ငံခြားမှာ သွားနေချင်လား
သမီးတို့ဆန္ဒရှိရင် အဖေတို ့တစ်မိသားစုလုံး ၊ နိုင်ငံခြားမှာ ခေါ်သွားနေမယ်လို ့ပြောခဲ့ပါတယ် ။
ငယ်သေးတဲ့အရွယ် အသိမကြွယ် နားမလည်သေးတဲ့ အရွယ်တုန်းက ၊ သမီးတို ့က ဗမာပြည်မှာ ပဲပျော်တာလို ့
အဖေ့ကိုပြောတဲ့အခါ အဖေကနိုင်ငံခြားမှာ ။ မိသားစုတွေခေါ် သွားမနေဘို ့၊ ယတိပြတ် ဆုံးဖြတ်ပြီး ဗမာပြည်မှာပဲ အခြေချ နေထိုင်ခဲ့ကြပါတယ်။
နောင်နားလည်ပြီး ကြီးပြင်းလာတဲ့အရွယ်မှာ ၊ ကိုယ်လုပ်ချင်တဲ့အရာ ၊လုပ်ကိုင်နိုင်တဲ့ အခွင့်အရေးတွေ ၊ ပြည့်ပြည့်ဝဝ မရရှိနိုင်တော့
ဗမာပြည်မှာနေနေလို ့သာ ၊ ငါတို့ကောင်းကောင်းမနေရ ၊ ကောင်းကောင်းမစားရတာ လုပ်ကိုင်ချင်တာ တွေလည်းလုပ်လို ့မရနိုင်တာ
ဆိုတာကြီးက ၊ စိတ်မှာအလိုလို ခံစားနေရပြီး ၊ အရိပ်ပမာလိုပဲ လိုက်နေခဲ့တာပါ ။
လူဖြစ်ရကျိုးမနပ်ဘူး ဆိုပြီးတော့ပါ ။ ရက်နှစ်ဆယ် ဆိုတဲ့ ရက်တိုတိုအတွင်းမှာ မဟာသတိပဌာန် အကျင့်မြတ်အမှန်ကို
နည်းမှန်လမ်းမှန်နဲ ့အားထုတ်ကျင့်ကြံတဲ့ အကျိုးက ကျမဗမာပြည်မှာ လူဖြစ်ရကျိုးနပ်တာ သိမြင်နိုင်ခဲ့ပါတယ် ။
ဗမာပြည်မှာ လူဖြစ်ရတာ အရမ်းကံကောင်းတယ်ဆိုတာကို ကျမလက်ခံနိုင်ခဲ့တာပါ ။ ဗမာပြည်မှာ နေနေရလို ့သာ
ဒီတရားတွေကို သိမြင်ခွင့်ရတာ ၊ ဘယ်အရာနဲ ့မျှ လဲလို ့လည်း မရနိုင်ဘူးဆိုတာ ၊ ကျမကိုယ်တိုင် လက်ခံသွားပါတယ် ။
ကိုယ်ပြုလုပ်တဲ့ကံ အကြောင်းတရား ကြောင့်ဆိုတာကို သိမြင်သွားခဲ့ပါတယ် ၊ အကြောင်းတရားကြောင့်သာ အကျိုးတရားဖြစ်ရတာကိုပါ။
ကျမရင်ထဲမှာ မြိုသိပ်ကိန်းအောင်းနေခဲ့တဲ ့အဆိုးမြင်ဝါဒတွေ အားလုံးလည်း ကင်းစင်သွားပါတယ် ။
အရာရာကို အကောင်းမြင်တဲ့စိတ် စိတ်အသစ်ဖြစ်ပေါ်၊ ခံစားမွေးဖွားလာတယ်ဆိုတာ ၊ ကိုယ့်ရဲ ့စိတ်ကို ကိုယ်ကိုတိုင်ပဲသိမြင်မိပါတယ် ။
စိတ်ဆိုတာ ဆန်းကျယ်ပြီး အင်မတန်နက်နဲပြီး ၊ နှူးးညံ့သိမ်မွေ ့လှပါတယ် ။
ဆက်ပါဦးမည် ။
6 comments
ကိုပေါက်(မန္တလေး)
November 27, 2014 at 10:23 pm
အမအေးပြောမှကိုယ့်စိတ်ကိုယ်ပြန်ဆန်းစစ်ပါအုံးမယ်
အလင်းဆက်@မောင်သူရ
November 28, 2014 at 7:21 am
လူဖြစ်ကျိုးမနပ်ဖူးဆိုတဲ့အတွေးကို ဗမာပြည်မှာနေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ တွေးခေါ်ဖူးတယ်။
အခုအချိန်မှာတော့ ဗမာပြည်မှာနေမှ မဟုတ်
ဘယ်တိုင်းးပြည်မှာနေနေ လူဖြစ်ရှုံးစရာတွေလုပ်နေရင်
ဒါမှမဟုတ်
လူဖြစ်ကျိူး နပ်အောင် မလုပ်ရင်
လူဖြစ်ကျိုး နပ်မှာမဟုတ်ပါဘူးလို့
အတွေးက ပြောင်းလဲသွားပြီ။
ကိုယ်ဘာတွေ တွေးနေတယ်
ဘာတွေ ကြံနေတယ်ဆိုတာလေးကိုလည်း
သတိလေးကပ်ပြီး အမြဲလိုလို စောင့်ကြည့်မိလာပါပြီ။
ဒါပေမယ့် စောင့်ကြည့်ရုံသက်သက်ပဲ ဆိုရမယ်။
တရားသဘောအရ ဖြစ်ပျက် ရှုမှတ်တာမျိုးကြီး မဟုတ်လို့ပါ။
ဝေဒနာ ကို ခံစားမိတယ်
ခံစားမိတာကို နှစ်သက်ရင် သာယာတယ်
မနှစ်သက်ရင် မသာယာဘူး
သာယာနှစ်သက်တာလေးကို လိုချင်တယ်(တဏှာ)
တချို့အရာတွေကို စွဲစွဲလမ်းလမ်းလိုချင်တယ်(ဥပါဒါန်)
စွဲလမ်းမက်မောတာတွေကို ရအောင် အားထုတ်တယ်(ကမ္မ)
စက်ဝိုင်းကြီးကတော့ လည်လို့ကောင်းတုန်းပါပဲ အန်တီအေးရေ။
တတ်နိုင်သလောက် စက်ဝိုက်တစ်ခြမ်းမှာတင် ရပ်သွားဖို့
ဖြစ် ပျက် သိ မှတ်ပြီး ဖြတ်ရဦးမယ်။
လူဖြစ်ရကျိုး နပ်အောင်
:kwi:
အံမယ်
ကျနော် စကားကြီးစကားကျယ်တွေ ပြောမိပြီ။
:k:
La Yeik
November 28, 2014 at 10:09 am
သာဓုပါရှင်…ဘာဝနာတရားအားထုတ်နိုင်တာ အားကျစရာပါ…သမီးကတော့ မလုပ်နိုင်သေးပါဘူး…အကြောင်းပြချက်မျိုးစုံနဲ့ ရှောင်နေမိတုန်းပဲ….
လူတွေက မကောင်းတာကိုသာ အလွယ်တကူ နှစ်ခြိုက်စွာ လုပ်နိုင်ကြပီး ကောင်းတာကို လုပ်ဖို့ကျ ဘာလို့ခက်ခဲနေကြမှန်းမသိဘူးနော်…အဲဒါကြောင့်လည်း သံသရာစက်ဝန်းထဲမှာ လည်နေကြတာကိုးးး
kyeemite
November 28, 2014 at 11:25 am
.အတွေ့အကြုံကောင်းလေးတွေမျှဝေပေးနေတာကျေးဇူးပါခင်ဗျာ
ခင်ဇော်
November 28, 2014 at 11:39 am
ဟီးးး
အာ့ ကြောက်တာပဲ။
တရားစစ်မှာ ကို ကြောက်တတ်တာလည်း ပါတယ်။
ရိပ်သာကို သွားရမှာ လန့်တဲ့ထဲ။
:k:
aye.kk
November 28, 2014 at 2:11 pm
ကိုပေါက်
ဖတ်မှတ်သွားတာကျေးဇူးပါ။
စိတ်ဆိုတာကဆန်းကြယ်တယ်။
တစ်ခါတစ်ခါကိုယ့်စိတ်ကိုယ်၊ကိုယ်ကိုယ်တိုင်ကနားမလည်နိုင်မိတာမျိုးဖြစ်ဘူးတယ်။
အလင်းဆက်
အကောင်းမြင်တတ်ရင် ကျေနပ်စရာ ။
လရိပ်
သမီးရေလောကကိုဦးဆောင်နေတာစိတ်ပါပဲ။
ကြီးမိုက်
အပိုင်းသုံးဆက်တင်ထားပေးပါတယ်။
ဖတ်ကြည့်ဦးနော်။
ခင်ဇော်
တရားစစ်တာမကြောက်ပါနဲ ့။
အရိယာမဖြစ်သရွေ ့ငါးပါးသီလ မခိုင်သေးပါဘူးကွယ်။။