( အိုဘယ့် ဒီဇင်ဘာ )
ဒီဇင်ဘာ ဒီဇင်ဘာ
မရီ(ရယ်)ချင်ပါနဲ့ဗျာ
ယာဉ်အမီမလာခဲ့လို့
ဟောဒီရင်မှာဆို့
နှင်းတို့က ဝေးနေတုန်း
အမုန်းလေပြင်းကချွေ
သေလုမတတ်ခံစား
အမှန်တရားကပြောင်းပြန်
နှောင်းကံက ဒီဘက်မရှိ
တစ်ချက်တောင် မကြည့်တဲ့မင်း
ပစ်ခွင်းခဲ့ ဥပေက္ခာမြား
စုပစ်ခဲ့လေသလား
ဘာသားနဲ့ထုတာမှတ်လို့
ဝေဝါးညို့ တဲ့ ဟိုအဝေး
ခပ်ရေးရေး လမ်းကလေးမှာ
လွမ်းးအဆွေးရယ် နင် နဲ့ ငါ ၊
16 comments
ခင်ဇော်
December 3, 2014 at 11:24 am
အို
ဒီဇင်ဘာ
မင်း ဘယ်ဆီမှာ
အချစ်ရယ်
နှင်းတွေ တဖွဲဖွဲ ကျ တာ ဟိုးးးးတုန်းက!!
😥
kyeemite
December 3, 2014 at 1:39 pm
.ဒီဇင်ဘာ
.မပီပြင်ပါ
.ကြည်ရွှင်သာ
.ရီချင်စရာ..ငိငိ :))
တောင်ပေါ်သား
December 3, 2014 at 1:46 pm
ဒီဇင်ဘာ
ရီရွှင်ပါ
သတီချင်စရာ
မဒီခင်ကညာ
အပြီပြင်သာ
အတည်ကြင်မှာ ၊ 🙂
Wow
December 3, 2014 at 4:11 pm
ကချင်ဒွေ တယ်စိတ်ကြီးတာကိုးးး
တောင်ပေါ်သား
December 3, 2014 at 4:18 pm
စိတ်ကြီးလို့ ထိပ်စည်းမှာတင် လွဲလွဲနေတာ အခါခါ 🙂
Wow
December 3, 2014 at 4:26 pm
အာ့ဆို ထိပ်စီး မလောင်းနဲ့တော့လေ
တောင်ပေါ်သား
December 3, 2014 at 4:31 pm
အာ့ဆို နောက်ပိတ်ပြောပြ 🙂
Yae Myae Tha Ninn
December 3, 2014 at 4:47 pm
ထိပ်စီး အကြောင်း မပြောနဲ့… ဟင့်.. ရှေ့နှစ်ဆို ပြောင်းပြီ… ထိပ်စီးက… 🙁
ဦးမျိုး မင်္ဂလာပါ.. မတွေ့တာ အတော်ကြာ.. ဟီး…
တောင်ပေါ်သား
December 3, 2014 at 4:51 pm
ကျု ပ်က အောက်တိုဘာကတည်းက ထိပ်စီးငြိမ်သွာတာ ၊
နောက်နှစ်ဆို နောက်ပိတ်တော့ ပြောင်းဦးမပေါ့ ၊
🙂
အလင်းဆက်@မောင်သူရ
December 3, 2014 at 5:02 pm
လွမ်းနေပါတယ်ရှိုမှ
ကျအု ကျအု
😥
La Yeik
December 4, 2014 at 3:41 pm
ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ….ဆိုပီး လွမ်းချင်ပေမယ့် မအေးမြတဲ့ ဒီဇင်ဘာမှာ ဘိုလွမ်းရမှန်းတောင်မသိ…အိုက်ချမ်းဂျီး…:)
တောင်ပေါ်သား
December 5, 2014 at 12:55 pm
မနက် ၃ နာရီလောက်မှ နည်းနည်းအေးလာ ၊
ရ နာရီမှာ ပူလာပြန်ရောဆိုတော့
ရန်ကုန်ဆောင်းဟာ ပျောက်နေသလိုပါပဲ ၊
လက်ဆောင်ရထားတဲ့ ဂျာကင်လေးတောင် ထုတ်ကြွားဖို့ အချိန်မရ ၊ 🙂
ဒုက္ခ ဒုက္ခ
CharTooLan
December 6, 2014 at 9:02 am
သများတို့ ဒီဇင်ဘာဘွန်းတွေကတော့
ဒီဇင်ဘာဆို ရင်ခုန်ဇယာဒွေယီးပဲ အာဟိ 😀
တောင်ပေါ်သား
December 6, 2014 at 2:29 pm
နည်းနည်းဖောက်သည်ချဦးလေကွယ်
မြစပဲရိုး
December 6, 2014 at 10:24 pm
ရန်ကုန် မှာ ဒီ နှစ် ဆောင်းက မိုးတစ်ဝက် နွေတစ်ဝက် တဲ့။
အဖေ က ပြောနေတာ။
ဟိုးအရင်က ရန်ကုန် ဆောင်း က လဲ နယ်ဖက် တွေလောက် တော့ မအေးပါဘူး ထင်ရဲ့။
ကိုမျိုး လွမ်းလှချီ လား။
ဓာတ်ပုံလေး က အတော်လှပါ့။
စိမ်းနေတဲ့ အရောင် မှာ မှောင်နေတဲ့ တောင် နဲ့ လွင့်နေတဲ့ မြူ တွေ။
လွမ်းစရာ။
စောဒီး အစ်မအေး။
လွမ်းတာ ကို လွမ်းတယ် မှတ်နေပါတယ်။
:))
တောင်ပေါ်သား
December 8, 2014 at 10:40 am
အဲဒါ ဇွဲကပင်တောင်ပါ အရီးရေ
အပေါ်ပိုင်းက မြူ ဖုံးနေတာ