စာကြည့်တိုက်များနှင့် ကျွန်တော်

alinsettDecember 10, 20142min54026

library

တကယ် အသုံးကျသော စာကြည့်တိုက်များကို လိုအပ်ခြင်း

 

~~~~~~~~~~~

 

 

ရန်ကုန်မြို့မှာနေသည့် လူငယ်တော်တော်များများသည် အလွန်တရာ အားလပ်နေကြခြင်းတော့  မဟုတ်ချေ။

 

အများစုသော လူငယ်တို့သည် ကုမ္ပဏီများ၊ ရုံးများ ၊ စက်ရုံ လုပ်ငန်းခွင်များထဲမှာ မနက်ကနေ ညနေအထိ အချိန်ပေးထားရသည်။

 

စားဝတ်နေရေး စရိတ်မြင့်မားသော မြို့ပြမှာနေလျှင် မိဘစဉ်ဆက်က ချမ်းသာလျှင်သာ သွားချင်ရာသွား စားချင်ရာစားဖြင့် အေးအေးလူလူနေနိုင်ပေလိမ့်မည်။

 

နယ်မှ ပြောင်းရွှေ ့ လာသူများနှင့် အောက်ခြေလူတန်းစားအလွှာမှ လူငယ်များသည်

ဘဝ ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။

 

တချို့က  လစာရလျှင် ဘီယာသောက်ခြင်း၊ မိန်းမကိစ္စ လှိုက်စားခြင်း၊

လောင်းကစားခြင်းတို့နှင့် ဘဝအမောကို ပြေလိမ့်နိုးနိုး ဖြေရှင်းသည်။

အဲသည် စက်ဝိုင်းထဲ ဝင်မိလျှင် ပြန် ထွက်ရခက်သောကြောင့် သံသရာလည်ရင်း နစ်မွန်းကြရသည်။

 

တချို့ကတော့ လစာထဲမှ အင်တာနက် Facebook အလွန်အကျွံသုံးခြင်း၊

ဂိမ်းကစားခြင်း၊ လက်ဖက်ရည်ဆိုင်လို ဘိလိယက်ခုံလိုနေရာတွေမှာ

အချိန်ဖြုန်းခြင်းနှင့်

ငွေနှင့်အချိန်ကို

ကုန်မှန်းမသိ ကုန်အောင် ဖြုန်းကြသည်။

 

——————-

 

တချို့သော လူငယ်များကတော့

ရသည့် လစာထဲမှ စုသင့်တာစု ဝယ်သင့်တာဝယ်သည့်အပြင်

ရှေ့ရေးအတွက် သင်ယူလေ့လာမှုပြုသင့်တာတွေကို ရင်းနှီးမြုပ်နှံသည်။

 

ထို လူငယ်တို့သည် သက်ဆိုင်ရာ ကဏ္ဍအလိုက် စာပေလေ့လာမှုများ ပြုကြသည်။

ကွန်ပြူတာနဲ့ ပတ်သက်ဆက်နွယ်သူများက နည်းပညာဆိုင်ရာ စာအုပ်စာတမ်းများ ဝယ်ဖတ်သည်။

ကဗျာ စာပေသမားများက ရသစာပေဆိုင်ရာ စာအုပ်စာတမ်းများ ဝယ်ဖတ်သည်။

စသည်ဖြင့်. . .

 

ထိုလည်ပတ်မှုတွင် (တိုင်းပြည်တိုင်း လူမှုရပ်ဝန်းတိုင်းအတွက်) မရှိမဖြစ် အရေးပါနေသည့် အရာမှာ စာကြည့်တိုက်များဖြစ်သည်။

 

အနာဂတ်လူငယ်များအတွက်

ထို့အပြင် လက်ရှိ လူလတ်များအတွက်. . .စာကြည့်တိုက်သည် မရှိမဖြစ် ကဏ္ဍတစ်ခု ဖြစ်ပါသည်။

 

ထိုကဏ္ဍ ဖွံ့ဖြိုးတိုက်တက်ဖို့ဆိုသည်မှာ တိုင်းပြည်တစ်ပြည်ထူထောင်ရေးနှင့် ပက်သက်ဆက်နွယ်စွာ အရေးကြီးသော ကိစ္စဖြစ်ပါသည်။

 

ကျွန်တော်တို့ တိုင်းပြည်မှာ စာကြည့်တိုက်များ၏ အခြေအနေ

ဘယ်လောက် တိုးတက် ကောင်းမွန်နေပြီလဲ။

 

ထိုမေးခွန်းကို မေးပြီး အဖြေကို ထဲထဲဝင်ဝင် ရှာဖွေရပါတော့မည်။

 

လက်ရှိ ကျွန်တော့် အမြင်တွင် မြန်မာပြည်၏ စာကြည့်တိုက်များအခန်းကဏ္ဍ အလွန်တရာ မှေးမှိန်နေပါသည်။

 

ရန်ကုန်လိုမြို့ကြီးမှာပင် မြို့သူ မြို့သားများအတွက် အမှန်တကယ် အားကိုးအားထားပြုလောက်စရာစာကြည့်တိုက် မရှိပါ။

 

ရှိလျှင်ပင် ထိရောက်စွာ လုံလောက် ကောင်းမွန်ခြင်းမရှိ။

 

ကျွန်တော် နေထိုင်ရာ ရက်ကွက်အတွင်းမှာ သုတေသီဟု အမည်ရသော စာကြည့်တိုက်တစ်ခု ရှိပါသည်။

 

စာကြည့်တိုက်ဆိုသော ဆိုင်းဘုတ်သာ အမည်တပ် ထောင်ထားသည်။

ထိုအခန်းထဲတွင် မည်သည့်စာအုပ်မျှ မရှိ။

စာအုပ်စာစောင် မရှိသည့်အပြင် ထိုအခန်းကို မိသားတစ်စုအား အိမ်ငှားအဖြစ်နေထိုင်နေခြင်းကို တွေ ့ရသည်။

 

အင်မတန် မျက်စေ့ရှက်စရာ မြင်ကွင်းဖြစ်သည်။

 

စာကြည့်တိုက်ဆိုသော ဆိုင်းဘုတ်ကြီး ထောင်ထားရာ အခန်းထဲ စာအုပ်တစ်အုပ်မျှ မရှိဘဲ လူနေအိမ် အငှား ထားသည့် အဖြစ်မျိုး မည်သည့်နိုင်ငံမှာ ရှိသနည်း။

 

 

ရက်ကွက်တိုင်း မြို့နယ်တိုင်းမှာ စာကြည့်တိုက်များ ရှိပါလိမ့်မည်။

 

အစိုးရပိုင်သတင်းစာများမှာ စာကြည့်တိုက်ဖွင့်ပွဲများ စာအုပ်စာပေ လှူဒါန်းမှုများကို မပြတ်တမ်းတွေ့ ့မြင်နေရသော်လည်း  တကယ့်လက်တွေ့မှာတော့

စာကြည့်တိုက်ဆိုသော ဆိုင်းဘုတ်ကြီးများသာ ရှိပြီး ထိရောက်သော စာကြည့်တိုက်လုပ်ဆောင်မှုနှင့် အားကိုးလောက်သော စာကြည့်တိုက် စွမ်းအားကို မတွေ့ရချေ။

 

ကျွန်တော် အသင်းဝင်ထားသော စာကြည့်တိုက် နှစ်ခု ရှိပါသည်။

စာအုပ်စာတမ်း အသစ်ဟူ၍ မရှိဘဲ ခုနှစ်ဆွေးရှစ်ဆွေးတွေသာ ရှိသော ”ခေတ်မမီသော” စာကြည့်တိုက်များသာ ဖြစ်သည်။

 

ထို့အပြင် နာမည်ကြီး နိုင်ငံဂုဏ်ဆောင် အသင်းကြီးမှ တည်ထောင်ထားသော်လည်း စာထိုင်ဖတ်စရာ ထိုင်ခုံများမှာ ဂျပိုးအလွန်ကိုက်၍ ဆယ့်ငါးမိနစ်ကြာအောင် စာထိုင်မဖတ်နိုင်သည်မှာ ရှက်ဖွယ်လိလိဖြစ်ပါသည်။

ထိုအပြင် စိတ်ပျက်ဖွယ်ရာလည်း ဖြစ်ပေသည်။

 

”ရွှေပြောင်ရောင်လက်” စေတီတော်များ၊ ရုပ်ပွါးတော်များကိုသာ

ရွှေအထပ်ထပ် ချမည့်သူ ရှိသော်လည်း

စာကြည့်တိုက်များသို့  စာအုပ်အသစ်၊ ဂျာနယ်၊ သတင်းစာအသစ်များ

လှူဒါန်းမည့်သူ မရှိသလောက်ပင် အလွန်နည်းပါးလေသည်။

 

 

ဗဟုသုတများ စုပြုံပါဝင် ရောနှောနေသော စာအုပ်ပုံကြီးကြားတွင်

အလုပ် လုပ်ကိုင်နေသော စာကြည့်တိုက်ဝန်ထမ်းများမှာလည်း

အင်မတန်မှ ဗဟုသုတခေါင်းပါးစွာသော

လွန်စွာမှ ဆက်ဆံရေးညံ့ဖျင်း၍  အပေါက်ဆိုးသော  ဝန်ထမ်းများသာ ဖြစ်သည်။

 

ဗဟုသုတ ပညာ ရှာလိုသော စာဖတ်သမားများအတွက် သက်တောင့်သက်သာဖြစ်စေသော

စိတ်လက်ကြည်သာစွာ သွားချင်စရာ စာကြည့်တိုက်များ မဟုတ်။

 

ဆွဲဆောင်မှုရှိသော စာကြည့်တိုက်များ မရှိလျှင်

ဆွဲဆောင်မှုရှိသော အပျော်အပျက်များနောက်သာ

လူငယ်တွေ ကောက်ကောက်ပါသွားတော့မှာကို စိုးရိမ်စရာ ဖြစ်နေသည်။

 

နောက်ထပ် စာကြည့်တိုက်တစ်ခုကတော့ internet ကို wifi လွှင့်ပေးထား၍ free

(ကိုယ့် ကွန်ပျူတာ၊ ကိုယ့်ဖုန်းများနှင့်ကိုယ်) သုံးနိုင်သည် ဆိုသော ခေတ်မီစာကြည့်တိုက်ဖြစ်သည်။

ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ဖွင့်ပေးထားခြင်းဖြစ်သည်။

 

free ဆိုသော wifi အင်တာနက်မြန်နှုန်းမှာ

”ပတ်ကျိတစ်ကောင် ကိုယ်ဝန်ဆောင်ကြီးနှင့် သွားနေသကဲ့သို့”ပင်။

 

သုံးစားမရသော အင်တာနက်မြန်နှုန်းကို ဖြစ်ကတတ်ဆန်း လွှင့်ပေးထားကာ

‘free” ဆိုသော . . .

”ခေတ်မီ ”ဆိုသော. . . နာမည်ကောင်းကို စာတန်းချိတ်ပြပြီး အသံကောင်းဟစ်ပြထားလေ သည်။

 

ထို့အပြင် အင်မတန်အပြောအဆို ဆက်ဆံရေးဆိုးသော စာကြည့်တိုက်ဝန်ထမ်းအမျိုးသမီးလည်း ရှိနေသေးသည်။

 

စာကြည့်တိုက်ထဲ စာအုပ်လာငှားသည့်

ကျွန်တော်. . . ဘယ်စာအုပ် ဖတ်သင့်သလဲ ရွေးချယ်သောအနေဖြင့်

အစီအရီထောင်ထားသော စာအုပ်များကို လိုက်ဖတ်ကြည့်နေသည့်အခါ

သူမက မျက်စောင်းတထိုးထိုးနှင့် ရှိနေသည်။

 

စာအုပ်ရွေးချယ်နေသော ကျွန်တော်တို့ကို

”ဘယ်စာအုပ်ငှားမှာလဲ မြန်မြန်ပြော” ဟုလည်း လေသံမာမာ၊ မျက်နှာထားတင်းတင်းနှင့် ပြောတတ်သည်။ ကျွန်တော်တို့လို စာကြည့်တိုက်ကိုလာ၍ စာအုပ်ငှားသူများသည် သူတို့(စာကြည့်တိုက်ဝန်ထမ်းများ) ၏ ”လုပ်စာ” ထိုင်စားနေကြသူတွေလို ဆက်ဆံခြင်းဖြစ်သည်။

 

ထို့အပြင် ဗီရိုအပြင်ဘက်က စာအုပ်ကလေးများကို စိတ်ဝင်စား၍ ယူကြည့်မိသော

ကျွန်တော့်ကို

”စာအုပ်ကို ယူကြည့်ပြီး သေချာပြန်စီထားပါ ပြန်ပြန်စီနေရတာ အလုပ်ရှုပ်တယ် ”ဟု ပြောသည်။

 

သေချာ ပြန်မထားလျှင် ကျွန်တော့်အပြစ်ဖြစ်သည်ကား မှန်ပါသည်။

သို့သော် စာအုပ်များ ကိုင်ကြည့်သည်ကို မကျေနပ်သော မျက်နှာထားနှင့် လေသံမာမာ ဟောက်ဟမ်းတာကတော့

ကျွန်တော်တို့လို စာကြည့်တိုက်လာသူတွေကို မပြုသင့်သော ဆက်ဆံရေးဖြစ်သည်။

 

ထိုသို့သော ဆက်ဆံရေးနှင့် ထိုသို့သော စိတ်မချမ်းသာစရာ အခြေအနေများ ရှိနေသော စာကြည့်တိုက်များကိုသာ ရေရှည် အားကိုးရမည်ဆိုလျှင် ဘာတိုးတက်မှုမျှ မရရှိနိုင်ပါ။

 

နောက်တစ်ချက် စာပေဗိမာန်လိုစာကြည့်တိုက်မျိုးနှင့်

ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးဝန်ကြီး ဋ္ဌာနက ဖွင့်သော စာကြည့်တိုက်များဆိုလျှင် စာအုပ်စာတမ်း တည်ရှိမှုမှာ ရပ်ကွက် မြို့နယ်ငယ်ကလေးများဆီမှ သုံးစားမရသော စာကြည့်တိုက်များမှာထက် စာအုပ်များ ပိုပိုသာသာ ရှိနေသည်။

 

သို့သော်. . .

စနေနှင့် တနင်္ဂနွေ အပါအဝင် အစိုးရရုံးပိတ်ရက်များ၊

လပြည့်လကွယ်များမှာပါ ပိတ်ထားသောကြောင့်

အဲသည်နေ့များမှာမှ အားလပ်သော . . .

အားလပ်၍ စာကြည့်တိုက်တွင် ဗဟုသုတရှာလိုသော . . .

ပြည်သူဝန်ထမ်းများအတွက် ထိုစာကြည့်တိုက်များက အသုံးမဝင်တော့ချေ။

 

စာအုပ်ဘယ်လောက်များများ

ပိတ်ရက်များနေလျှင် . . .

စာအုပ်ငှားယူရန်နှင့် ပြန်အပ်ရန်အချိန် ညှိနှိုင်းမှု အဆင်မပြေမှုများ ရှိနေလျှင်  ထိုစာကြည့်တိုက်များသည် အသုံးမကျသော စာကြည့်တိုက်များသာဖြစ်သည်။

 

စာကြည့်တိုက်ကို လိုအပ်သူတို့အတွက် စာကြည့်တိုက်သည်

အားကိုး အားထားစရာ ဖြစ်နေရပါမည်။

 

စာပေဗဟုသုတရှာကြသူတို့သည်

စာကြည့်တိုက်ကို

အားထားစရာ ပညာဘဏ်တိုက်အဖြစ် အသိအမှတ်ပြုချင်ပါသည်။

 

အားလပ်ချိန်မှာ စာပေဗဟုသုတ ရှာမှီးချင်သူ ဝန်ထမ်းလူငယ်များအတွက်

တကယ် အသုံးတည့်သော၊

အမှန်တကယ် အားကိုးရသော စာကြည့်တိုက်များ တည်ရှိလာစေဖို့ ကျွန်တော် ဆန္ဒရှိပါသည်။

 

 

——

 

စာဖတ်သူများအား . . .

အစဉ် ချစ်ခင်လေးစားလျက်. . .

 

 

မောင်သူရ

 

၂၀၁၄ ၊ ဒီဇင်ဘာ ၊ ၇

 

 

 

 

 

 

 

 

 

 

 

 

26 comments

  • ခင်ဇော်

    December 10, 2014 at 8:18 am

    ဒီမှာဆို နေရာတိုင်း စာကြည့်တိုက်ရှိတယ်။
    ရှာချင်တဲ့စာအုပ် အဲဒီမှာ မရှိဘူးဆိုလည်း နီးရာ စာကြည့်တိုက်ကို ညွှန်းတယ်။

    နီးနီးလေးတွေ အရမ်းအဆင်ပြေတယ်။

    မမဂျီးရဲ့ လွန်ခဲ့တဲ့ ၁ဝ နှစ် က အိပ်မက်ထဲမှာ စာကြည့်တိုက် တစ်ခုပိုင်ချင်တာ ပါတယ်။
    :a:

    • ကျနော်လည်းပဲ. . .

      😆

      စာကြည့်တိုက် သို့မဟုတ်
      စာဖတ်ခန်းလိုမျိုးလေး ရှိတဲ့ စာအုပ် လေး ငါး ရာနဲ့ ရပ်ကွက်ထဲ ဖွင့်ကြည့်ဖို့ ကြိုးစားသေးတယ်
      မရဘူး

      စနစ်ကြောင့် မဟုတ်
      :k:

  • Ma Ma

    December 10, 2014 at 8:30 am

    ပဏ္ဍိတာရာမ ရွှေတောင်ကုန်း စာကြည့်တိုက်အသစ်ဖွင့်လိုက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။
    ဆရာတော်ကြီးရဲ့ စည်းကမ်းကြီးမားမှု၊ စေတနာထက်သန်မှုတွေနဲ့ ဖွင့်လှစ်ထားတာ။
    လောကုတ္တရာစာပေရော လောကီစာပေတွေပါ ရှိပါတယ်။
    ဘာစာအုပ်တွေ ရှိတယ်၊ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ကွန်ပြူတာကနေ ရှာဖွေကြည့်ရှု့နိုင်တဲ့ ခေတ်မီစာကြည့်တိုက်တစ်ခုဖြစ်ပါတယ်။
    စနေ တနင်္ဂနွေလည်း ဖွင့်လို့ အဆင်ပြေနိုင်ပါလိမ့်မယ်။
    အေးအေးဆေးဆေး စာထိုင်ဖတ်နိုင်ပါတယ်။
    အိမ်ငှားသွားချင်ရင်တော့ အသင်းဝင်ဖို့လိုပါတယ်။
    (အန်တီပဒုမ္မာကိုယ်တိုင် သွားကြည့်ထားတာတွေကို ပြောပေးတာဖြစ်ပါတယ်။)

    နိုင်ငံခြားမှာ (ဘယ်နိုင်ငံမှန်းမသိလို့) စာကြည့်တိုက်မှုးလုပ်လာတဲ့ တပည့်ဒကာတစ်ဦးက ဦးဆောင်ပေးနေတာမို့ စနစ်တကျရှိပါတယ်။

    စာကြည့်တိုက်လုပ်ငန်းကို စိတ်ဝင်စားပြီး အချိန်လည်းပေးနိုင်မယ့် ကူညီချင်သူတွေ (အသက်တော့ ကန့်သတ်ထားတယ်) ကို စာကြည့်တိုက်မှူ း သင်တန်းပေးပြီး လုပ်အားဒါနပြုဖို့လည်း ဖိတ်ခေါ်နေပါတယ်။

    • အဲ့ဒီစာကြည့်တိုက်ကို တီဒုံပြောကတည်းက စိတ်ဝင်စားနေတာ
      ဒါမယ့် ခုထိ
      ဘယ်နားရှိမှန်း (လိပ်စာ) မသိရသေးဘူး။

      😆

  • ဝင့်ပြုံးမြင့်

    December 10, 2014 at 8:40 am

    .အလက်ဇင်းရေ အဲဒါကတော့ ကျောင်းကနေ ပြန်စရတော့မယ် ထင်တာပါပဲ။ ပုဂ္ဂိလကကျောင်း များများပေါ်ထွက်ပြီး အပြိုင်အဆိုင် လုပ်ကြဖို့ပဲ မျှော်လင့်ချက်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေး မိဘတွေကိုက အပြင်စာဖတ်တာကို လုံးဝ အားမပေးကြတော့ဘူး။ ကျောင်းစာကလွဲလို့ အပြင်စာဖတ်တာနဲ့ ရိုက်တော့ တာပဲ။ ကလေးမိဘတွေအပေါ် လွှမ်းမိုးနိုင်တာ ကျောင်းပဲရှိတယ်လေ။ ဒါကတစ်ချက်။ နောက်တစ်ချက်က ခုခေတ်မှာ စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး ဖတ်နိုင်တယ်ဆိုတာ ဇိမ်ခံလူတန်းစားအတွက် ဖြစ်သွားပြီ။ စာအုပ်ဈေးကြီးတာရယ်၊ ပေးရတဲ့အချိန်ရယ်၊ ဒါကြောင့် ဇိမ်ခံပစ္စည်းလို ဖြစ်သွားပြီ။ သာမာန်လူတန်းစားအတွက်က ဂျာနယ်လောက်၊ ကာတွန်းလောက်ပဲ ရှိတော့တယ်။ စားသုတ်သုတ် သွားသုတ်သုတ် ခေတ်ကြီးမှာ စာအုပ်တစ်အုပ်ကို အရသာခံဖတ်ဖို့ ဆိုတာ အချိန်ပေါများဖို့လိုတယ်။ ဒီလိုနဲ့ စာဖတ်တဲ့လူ နည်း သွားတော့ သူနဲ့ဆိုင်ရာတွေလည်း အားနည်းသွားတာပေါ့ကွယ်။

    • Ma Ma

      December 10, 2014 at 3:30 pm

      အထက (၂) လသာ မှာ အထက်တန်းကျောင်းတက်တုန်းက ကျောင်းစာကြည့်တိုက်ကို သတိရသွာ
      ရွှေသွေး၊ တေဇ၊ ဂျာနယ်၊ သတင်းစာ၊ လုံးချင်းဝတ္ထု စသဖြင့် စာအုပ်တွေအစုံရတယ်။
      အဲဒီအချိန်မှာ ရှားရှားပါးပါး အင်္ဂလိပ်စာ သင်တဲ့စာအုပ်လေးတွေလည်း ရနိုင်သေးတယ်။

      အဲဒီတုန်းက ကျောင်းမှာ အပတ်စဉ် အားကစားလေ့ကျင့်ခန်း လုပ်ခိုင်းတယ်။
      ကိုယ်ဝါသနာပါရာကို အနုပညာ၊ အားကစား စသဖြင့် ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်စေခဲ့တယ်။

      အဲဒီအချိန်တုန်းက စည်းကမ်းကြီးတယ်၊ ဆိုးတယ်ဆိုပြီး ခပ်ရွံရွံဖြစ်ခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြူ ရယ်လ်ထွန်းကျော်ကို ခုနောက်ပိုင်းကျျမှ တွေးမိတိုင်း ကျေးဇူးတင်မိတယ်။

  • kai

    December 10, 2014 at 12:58 pm

    ငွေကြေးအဆင်ပြေသူများနေကြတဲ့.. အယ်လ်အေမှာလည်း.. ကျုပ်ကစာကြည့်တိုက်လေးတခုဖွင့်ချင်တာ…
    ိကိုယ့်မှာ.. စာအုပ်တွေအများကြီး…။ လိုက်စုလိုက်ရင်လည်း.. လူတွေစာအုပ်တွေလာပေးမှာအသေအချာ…။
    ဒါပေမယ့်….
    မတည်ငွေရှာမရ…။ မတည်ငွေရရင်.. အခန်းငှား.. လူကြီးတယောက်ထိုင်..။
    ကိုဖြစ်နို်ငရင်.. မတည်ငွေရတိုင်း.. ပုံမှန်ဝင်ငွေရတိုင်း.. အဆောက်အဦတခုလုံးငှား..။
    အခန်းတွေကန့်..။ မြန်မာဘစ်ဇနက်တွေကိုပြန်ငှား..။
    ဒီလိုနဲ့.. ကွန်ုမြူနတီကိုချဲ့ယူသွားလို့ရမယ်လို့.. ထင်နေမိတာ…….။ Little Yangon လေးတခု… ဖြစ်အောင်လုပ်မယ်တွေးနေမိတာ..။

    ဆိုတော့…
    ပြီးခဲ့တဲ့၂လက.. အယ်လ်အေမှာ.. ပဌာန်းပွဲလုပ်တာ.. နိုင်ငံတကာပြည်နယ်အသီးသီးက.. ဘုန်းတော်ကြီးတွေပင့်ဖိတ်ပြီး.. လုပ်တာ..။
    ၁ပါတ်..၂ပါတ်လောက်.. သီတင်းသုံးနေကြရင်း.. အသံမစဲပဌာန်းပွဲလုပ်တာပေါ့…။
    ပဌာန်းဖွင့်ပွဲမှာ.. ကပ္ပိယလိုတာမို့.. ကျုပ်က.. ရန်ကုန်ကကြွလာတဲ့.. ဘုန်းဘုန်းဘေးကလိုက်ပြီး.. ကပ္ပိယလုပ်… အလှူဝတ္တုပစ္စည်းတွေလိုက်သိမ်းပေး…။ ပြီးတော့.. ရတဲ့ငွေတွေလည်း.. စနစ်တကျရေတွက်ပေးရပါတယ်..။
    အဲဒီကနေ.. ပဌာန်းပွဲလုပ်တော့.. ကုန်ကျစရိပ်အထွေထွေ.. လှူဌာန်းငွေအစားစားခန့်မှန်းတွက်မိပါတယ်..။
    နှစ်စဉ်လုပ်တဲ့.. ပဌာန်းပွဲတခုအတွက်.. ဒေါ်လာ ၁သိန်းခွဲကနေ.. ၂သိန်း.. ကြား.. ကုန်ကျငွေရှိပါတယ်…။

    မြန်မာပြည်ကို.. လေ့လာရာမှာ.. မြန်မာတွေအနေအများဆုံးဖြစ်တဲ့.. လော့စ်အိန်ဂျလိစ်ကို.. Little Myanmar (မြန်မာပြည်လေး) အနေနဲ့ ပုံဆောင်ဥပမာပြုတွက်လို့ရပါတယ်..
    လွယ်လွယ်ကောက်ချက်ချလို့…ရသပေါ့…

    အဲဒါကြောင့်…
    အကြိမ်ကြိမ်အော်နေရတာ…။
    စနစ်ကြောင့်… မဟုတ်..။ စနစ်ကြောင့်မဟုတ်..။
    နှစ်၁၀၀ဝ ကျိန်စာ…။ :k:
    =======

    စေတီစပါး များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်
    ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
    တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
    ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
    မစားလေရ ဝမ်းမဝ၍

  • aye.kk

    December 10, 2014 at 4:59 pm

    စာကြည့်တိုက်က ဝါသနာပါတယ် ။
    အထက်တန်းကျောင်းသူဘဝမှာတုန်းကတော့ စာကြည့်တိုက်အသင်းအဖွဲ ့ဝင်
    အဖြစ်တာဝန်ယူခဲ့ဘူးပါတယ် ။
    စာအုပ်တွေ စုတ်ပြဲမှုရှိမရှိ၊ရက်လွန်မလွန်တာ ပြန်မပေးတာတွေကို စီစစ်ပေးရပါတယ် ။
    ရေစို ပျောက်ဆုံးပျက်စီးမယ်ဆိုရင် စာအုပ်ရဲ ့ဒဏ်ကြေးကိုလည်း ကြေးကြီးစွာ သတ်မှတ်ထားပါတယ်။
    စည်းကမ်းရှိအောင်လို ့ပါ။ ဖတ်လိုသူရဲ ့စာအုပ်တွေကို သေသေချာချာစီစစ်၊စစ်ဆေးပြီး
    မှသာငှားရမ်းပေးရပါတယ် ။ ကိုယ်ကတော့ အသင်းမှာ တာဝန်ရှိသူအနေနဲ ့ဆိုပြီး
    ဒုက္ခခံပြီး အပင်ပန်းခံပြီး ဖတ်လိုသူတွေရဲ ့စာအုပ်ကို စာကြည့်တိုက်မှာ ရှာမရနိုင်ရင်
    တာဝန်ကျဆရာမကနေ ကျောင်းအုပ်ကြီးဆီတစ်ဆင့်တင်ပြလို ့ ပြောပြပေးရပါတယ်။
    ကျောင်းအုပ်ကြီးကတော့ ဖတ်လိုသူကျောင်းသူ၊ကျောင်းသားတွေ အတွက်
    ဆန္ဒပြည့်ဝဘို ့စာအုပ်တွေကို ပြည့်စုံနိုင်သမျှ အပြည့်အစုံရရှိအောင် ထားပေးတာပါပဲ ။
    စာကြည့်တိုက်အသင်း အဖွဲ ့ဝင်ဖြစ်ခဲ့ရတာကို ဂုဏ်ယူပြီးဝမ်းသာခဲ့မိတာ ပီတိဖြစ်ခဲ့ရတာ ပြန်သတိရမိသွားပါတယ် ။

    • ကျနော်တို့ ဂဇက်ရွာသူားတွေ စုပြီး…
      စာအုပ်တွေ စု… စာကြည့်တိုက်တစ်ခု လုပ်ရင်..ကောင်းမလား…
      😆

      • aye.kk

        December 10, 2014 at 5:28 pm

        ကောင်းတယ် အန်တီလည်း အကြံပေးချင်တာ။

  • CharTooLan

    December 10, 2014 at 5:09 pm

    ဒီစာဖတ်ရတာ ၁ဝတန်းတုံးက စကားပြေကျက်ရတာကိုသတိရတယ် အောင်….. (တျဲလင်း)
    စာအုပ်ထဲကစာတွေအခပေးပီးငှားဖတ်ရတာ စရိတ်ကုန် ဇက်ကြောတက်ပါတယ် အောင်…….. (တျဲလင်း)
    လွန်ခဲ့တဲ့ရှစ်နှစ်လောက်က တာမွေမျို့နယ်က လူသူအမြဲတိတ်ဆိတ်နေတဲ့ အမျိုးသားစာကျိဒိုက်ယီးကို သိန်းတစ်သောင်းနဲ့ရောင်းပလိုက်တယ် အောင်….. (တျဲလင်း)
    အခုအိုက်နားမှာ လူအမြဲကျိတ်ကျိတ်တိုးနေဒဲ့ ဆူဆူညံညံစတိတ်ရှိုး အမျိုးမျိုးကျင်းပတဲ့
    ရွှေထွဋ်တင် ကွင်းယီးလဲရှိနေပီလေ အောင်……. (တျဲလင်း)
    အူးတို့အကြိုက် ဂျင်းပန်တိုရင်လယ်ဟိုက်ကလေးနဲ့ အလန်းလေးတွေလဲ အများယီးပဲ ဖလန်းဖလန်းထနေတယ် အောင်…. (တျဲလင်း)
    အာ့ပိုပီးပျော်စယာမကောင်းဘူးလား အောင်……. (တျဲ လင်း)
    kwi kwi 😀 (na. go ma se` ya woo naw) 😀

    • တိန်…
      ဇဂါးကို ဘယ်လိုတွေ လုပ်ပြောသွားတာလဲ…ချတူးဂွမ်

      :k:

      ကျနော်သာ စာကြည့်တိုက်ဖွင့်ဖြစ်ရင်….
      ဖွေးဖွေးအကြောင်း ရေးထားတဲ့ ဂျာနယ်တွေ စာစောင်တွေ အများကြီးတင်ထားမယ်။
      ကွကိုယ်လည်း..အားရပါးရ ဖတ်မယ်။
      ဂလုစ်

      :k:

  • uncle gyi

    December 10, 2014 at 10:40 pm

    အခုခေတ်စာကြည့်တိုက်တွေကဟန်ပြဖြစ်နေတာခက်တယ်
    ရပ်ကွက်စာကြည့်တိုက်ဖွင့်ပွဲဆိုလို့စာအုပ်တွေသွားလှူလိုက်ပါတယ်
    နောက်ဘယ်ရောက်တယ်မသိမတွေ့တော့
    ငယ်တုန်းစာပေးဖတ်မှစာထဲစိတ်ဝင်စားတော့မပေါ့
    အခုတော့စာကြည့်တိုက်မလိုအောင်ကလေးတွေ
    လည်းမအားကြပါဖူးလေ

  • မစုဉာဏ်

    December 11, 2014 at 12:34 am

    ငယ်ငယ်တုန်းက စာအုပ်ဆိုင်ကနေ စာအုပ်တွေ ငှားဖတ်ရင်၊ လူကြီးတွေ က ပျက်စီးမှာစိုးလို ့ဆိုပြီး ဆူတာကို သတိရပါတယ်။ နယူးယောက်က စာကြည့်တိုက်တစ်ခုမှာ ၂ နှစ်အရွယ် ကလေးငယ်တွေ စာဖတ်လို ့ရအောင် “Picture Books” လို ့စာအုပ်စင်သပ်သပ်ခွဲထားပေးပြီး၊ ပုံပြင်ဖတ်ပြတဲ့ ကလေးစာဖတ်ဝိုင်းတွေ ထားပေးတာ မြင်ရတော့ ကျွန်မ အတော်လေးကို အံ့ဩသွားခဲ့ဖူးတယ်။
    ကိုယ်ဝန်ဆောင် အမျိုးသမီးတွေတောင် ဗိုက်ထဲက ကလေးအတွက် စာဖတ်ပြပေးဖို ့တိုက်တွန်းတာကို လဲ ကြားဖူးကြမှာပါ။
    ဒါကြောင့် မြန်မာပြည်မှာ စာဖတ်တတ်တဲ့ အကျင့်၊ စာပေမြတ်နိုးတတ်တဲ့ အကျင့်ကို ကလေးငယ်တွေ ကနေ စသင့်တယ်လို ့ထင်ပါတယ်။

    • အဟုတ်ပဲဗျ။
      ကျနော်ငယ်ငယ်ကလည်း ကျောင်းလွယ်အိတ်ထဲ ဝတ္ထုစာအုပ်ခိုးထည့်ပြီး ဖတ်နေတာတွေ့လို့. . .မေမေက ဆူလေရဲ့။
      ဖတ်မိတာကလည်း အချစ်ဝတ္ထုတွေ
      ကလျာ(ဝိဇ္ဇာ/သိပ္ပံ)တို့. . .
      တာရာမင်းဝေတို့ . . . လွန်းထားထားတို့. . .
      အဲဒါတွေ ဖတ်ရသလားဆိုပြီး အပြင်စာဖတ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့တာလေ။

      ကျနော်ကလည်း ဘယ်ရမလဲ
      အဟဲ။
      နောက်နေ့တွေကျ စာအုပ်ပြောင်းလိုက်တယ်။
      အချစ်ဝတ္ထုမဟုတ်တော့ဘူး။
      ဟစ်တလာအကြောင်း လင်းယုန်မောင်မောင်တို့ရေးတဲ့
      ဟစ်တလာ သေ မသေတို့ဘာတို့ ခပ်တည်တည်ဖတ်ပြလိုက်တယ်။

      :k:

      ကျနော်တို့ ဗမာမေမေတွေဟာ. . .
      ကျောင်းနေအရွယ်မှာ ကျောင်းစာ တစ်ခုက လွဲရင် တခြားအပြင် ဗဟုသုတ စာပေတွေ သိပ် ဖတ်ခွင့်မပေးခဲ့ဘူး။
      ရသ ခံစားတတ်တဲ့ နှလုံးသားကိုလည်း သိပ် နားလည်မပေးကြဘူး။

      တကယ်တော့ ကျနော်တို့ဟာ
      ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက
      သုတနဲ့ ရသကို ခံစား လက်ခံချင်ကြပါတယ်။
      မိုးရေ တက်ရေ တဖွေးဖွေး
      ကွင်းကျယ်အဝေးဝေး
      လယ်စောင့်တဲလေး ခြေတံရှည် မိုးကုတ်အောက်မှာနေ. . .
      စသည်ဖြင့် ကဗျာလေးတွေ အော်ကျက်ရင်းနဲ့ ရသကို မြတ်နိုးခဲ့ကြပါတယ်။

      မေမေတွေဟာ ရသနဲ့သုတ စုံလင်စွာရှိနေတဲ့
      စာကြည့်တိုက်တွေ စာအုပ်တွေနဲ့
      ကျနော်တို့ကို ငယ်ငယ်လေးကတည်းက
      ရင်းနှီးကျွမ်းဝင်စေအောင် ဖန်တီးပေးသင့်တာပါ။

      စာကြည့်တိုက်ထဲမှာ အားလပ်ချိန်မှာ စာအုပ်ထိုင်ဖတ်နေမယ့် သားသမီးကို မမြင်ချင်ရင် အာလပ်ချိန်မှာ ဘီယာဝိုင်းဖွဲ့နေမယ့်သားသမီးကို မြင်ရနိုင်ချေ ရှိပါတယ်။

      • Kaung Kin Pyar

        December 12, 2014 at 9:51 am

        ဟုတ်တယ်…။ ကောင်းကင်ပြာ အမေလဲ ကြိုက်ဘူး…။
        ငယ်ငယ်က စာအုပ်ဆိုင်ကငှားလာပြီး ချက်ချင်းမဖတ်ရရင်…စိတ်ထဲ အဲ့စာအုပ်ပဲ..။ ဘာမှလုပ်လို့မရဘူး…။ စာအုပ်စင်အောက် ဖွက်ထား။ အမေလစ်ရင် ခါးကြားထိုး..၊ အိမ်သာထဲသွားပြီး စာအုပ်ခိုးဖတ်ရတယ်…။
        တစ်ခါတစ်လေ…ညနက်မှ တိတ်တိတ်လေးထပြီး ဓာတ်မီးထိုး စာဖတ်ခဲ့ရသေးတယ်…။ အမေနဲ့ အခန်းခွဲအိပ်လို့သာ တော်တော့…
        တစ်ခါတစ်လေ…အမေအတော်ဒေါသထွက်ပြီး ဆွဲဆုတ်ပစ်ရင် လျော်ရမှာထက် စာအုပ်ကို နှမြောလို့မဆုံး…။
        အမေခရီးထွက်မယ်…၊ အပြင်သွားမယ် ကြိုသတင်းရရင် ပျော်လို့မဆုံးဘူး…။
        ငယ်ငယ်က ဟစ်တလာ့စာအုပ်တွေ ဖတ်ဖူးတယ်…။ သူ့ဘုန်းကံကလဲ မသေးဘူးရယ်…၊ သတ်ဖို့ကြိုးစားတိုင်း အမြဲ ကံဖယ်တယ်….
        ပထမဆုံးဖတ်ဖူးတဲ့ ဘာသာပြန်စာအုပ်က အေဂျေကရိုနင်ရဲ့ နှစ်ဘဝ။ ဆရာထင်လင်း ဘာသာပြန်တာ….
        ခုခေတ်မှာ .. ခလေးတွေ အပြင်စာဖတ်ဖို့နေနေသာသာ..၊ ကျောင်းရယ်၊ အိမ်ရယ်၊ ကျူရှင်ရယ် ဂိုက်ရယ် ဖြစ်နေတော့လဲ……
        ငယ်ငယ်က စာခိုးဖတ်ဖို့အချိန်ရခဲ့တာပဲ တော်ပါသေးရဲ့…

        • ဟစ်တလာ… .ကိုးကြိမ်လောက် အလုပ်ကြံခံရပေမယ့်…
          မသေတာ…
          ကံဖယ်တယ်…ဆိုလို့…
          ကံဆိုတာ.. အလုပ်…
          သူ…အလုပ်ကြံခံရနိုင်ချေ ရှိတာကို.. ကြိုတွေးထားပြီး…
          အရှောင်အတိမ်းတွေ လုပ်သွားတာကို… သတိပြုမိတယ်။
          အစည်းအဝေးကို မနက် 09 နာရီ အရောက်လာမယ်လို့ ကြိုသတင်းလွှင့်ပြီး
          10 နာရီကျော်မှ ရောက်သွားတာ…
          ဟိုမှာက..သူထိ်ုင်မယ့် ခုံအောက်မှာ..ဗုံးပေါက်ကွဲပြီးပြီ…

          အဲဒီလိုမျိုးပေါ့… ။
          မတော်တဆ လွဲဖယ်သွားတဲ့ ကံ မဟုတ်ပဲ (ကံကြမ္မာ မဟုတ်)
          သူကိုယ်တိ်ုင် ဖန်တီးယူထားတဲ့ ကံကြောင့်.. ဖယ်ရှားနိုင်ခဲ့တာ…လို့…. ထင်တယ်..

          :k:

  • Yae Myae Tha Ninn

    December 11, 2014 at 1:11 pm

    အကိုတို့ ဖွင့်ထားဖူးတယ်.. စာကြည့်တိုက်လောက် စာအုပ်မစုံလို့ အသစ်ထွက် ဂျာနယ်တွေ… အရင်က စာအုပ်နည်းနည်းပါးပါးရယ်ပေ့ါ… အားလုံး ထောင်ဂဏန်းတော့ ကျော်မယ်.. ဒါတောင် အကို့စာအုပ်တွေ မလှူရသေးဘူး.. သို့သော် နဂိုကတည်းက ထောက်ပံ့ပေးတဲ့ သူ .. က ဆက်လက် မထောက်ပံ့ပေးတော့လို့ ရပ်ဆိုင်းထားရတယ်… ပို့စ်တောင် တင်ဖူးပါတယ်… မေတ္တာပါရမီ စာဖတ်ခန်းဆိုပြီး ၂ နှစ်လောက် တောင့်ခံလိုက်ပါသေးတယ်.. နောက်တော့ မနိုင်တော့လို့ နားတာမှ ၄ လ မပြည့်သေးပါ… 🙁

  • Ma Ei

    December 11, 2014 at 1:14 pm

    အရင်က ရုံးမှာ စာအုပ်စာတမ်းတွေဝယ်..အလှူခံ အပါတ်စဉ် လစဉ် ကောင်းနိုးရာရာ ထပ်ဝယ်လို့ စာကြည့်တိုက်လေးလုပ်ပေးဖူးတယ်…
    ဝန်ထမ်း တစ်ရာကျော်ရှိတဲ့ ရုံးမှာ နေ့စဉ် စာအုပ်ပုံမှန်ငှားဖတ်သူက ငါးဦးလောက်ထက် တက်မလာဘူး..
    အစည်းဝေးမှာ စာဖတ်ကြပါပြောတဲ့နေ့ တက်လာတယ်…နောက်ပုံမှန်ဖြစ်သွားပြန်ရော…
    ခုတော့ နောက်လူပြောင်းလာတဲ့ အခါမှာ အလုပ်ရှုပ်သတဲ့ဆိုလို့ ပျက်သွားခဲ့ရပါပြီ…

    • အင်းးးး
      ဒါလည်း… စာကြည့်တိုက်ဖွင့်မယ်ဆိုရင်.. စဉ်းစားစရာ အချက်ပဲ… အန်တီအိရေ…

      စာဖတ်သူတွေအတွက်… သက်ောတင့်သက်သာ ရှိစေဖို့..
      နောက်ထပ် အကြိမ်ကြိမ်…ထပ်လာချင်စိတ်ဖြစ်ဖို့… ဆွဲဆောင်ထားနိင်ဖို့လိုတယ်ပေါ့…
      ဒါ့အပြင်… စာဖတ် ဝါသနာမပါဘူးဆိုတဲ့ ဗမာတော်တော်များများကို…
      စာကြည့်တိုက်ထဲ..အရောက် လာစေဖို့….နည်းလမ်းတွေ လိုမယ်…

      ကြိုးစားကြည့်ဦးမယ်..
      အားတဲ့တစ်နေ့…

  • padonmar

    December 11, 2014 at 9:12 pm

    ပဏ္ဍိတာရာမ စာကြည့်တိုက်က အင်းလျားလမ်း သစ်သီးဈေးရှေ့ကဝင်လည်းရတယ်။ ဓမ္မစေတီလမ်း ခြင်္သေ့ကြီး နှစ်ကောင်ရှေ့(လင့်ခ်လမ်းဆုံ၊ခင်မြင့်မောင်ဆိုတဲ့ ယာဉ်ထိန်းရဲ ရှိတဲ့နား) က ဝင်လည်းရတယ်။

    • ဟုတ်ကဲ့။
      လိပ်စာလေးရပြီမို့ အားလပ်တာနဲ့ အပြေးသွားကြည့်ဖို့ မှတ်ထားလိုက်ပါပြီ။
      ဇူးဇူးပါ တီတီ

      😆

  • kai

    December 12, 2014 at 4:25 pm

    ဒါနရှင်တို့၏ ကမာ္ဘ့အဆင်းရဲဆုံးနိုင်ငံ

    အနောက်ဘက်မှ လူချမ်းသာ အမေရိကန်ကို ပခုံးချင်းယှဉ်လာသူက ကမာ္ဘ့ဖွံ့ဖြိုးမှု နောက်အကျဆုံး မြန်မာ။ ယှဉ်ပြိုင်သည့် နေရာက အလှူရေစက် လက်နှင့်မကွာ။

    မြန်မာတို့၏ အလှူပေးခြင်းကိုဖြင့် အံ့ဩသံသယ ဖြစ်စရာပင်မလို။ စီးပွားရေးအင်အား အကောင်းဆုံး နိုင်ငံဖြစ်သည့် အမေရိကန်ကို ယှဉ်လာခြင်းက သက်သေ။

    ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ထုတ်ပြန်သော World Giving Index စာရင်းတွင် အလှူဒါန အရာတွင် မြန်မာသည် အမေရိကန်နှင့် အဆင့်တူပင်။ အခြားနိုင်ငံများ၏ အထက်တွင် ငွားငွားစွင့်စွင့်။ မြန်မာနှင့် အမေရိကန်က ပူးတွဲချန်ပီယံ။

    စစ်တမ်း၏ အဆိုအရမူ စစ်တမ်း ကောက်ယူသည့် မြန်မာလူဦးရေ၏ ၉၁ ရာခိုင်နှုန်းသည် အလှူဒါန ပြုကြသူများ ဖြစ်သည်။ ယင်းအချက်သည်ပင် မြန်မာနိုင်ငံသည် ကမာ္ဘ့ဒါနရှင် နိုင်ငံအဖြစ်သို့ ရောက်ရှိစေခြင်း၏ အဓိက အချက်ဖြစ်သည်။

    အဆိုပါ အချက်သည် ထေရဝါဒ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း၏ အားကောင်းသော တုံ့ပြန်မှုပင် ဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။
    “သူတို့အတွက်သာ ဆန်းနေတာ ဖြစ်မယ်။ ငါတို့ အတွက်ကတော့ မွေးကတည်းက ဒီလိုပဲ လူကြီးသူမတွေ လှူတာ ကြည့်ပြီး လှူလာလိုက်တာပဲလေ” ဟု မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ရေပြည့်ကြီးကျေးရွာမှ အသက် ၆ဝ အရွယ် လယ်သမားကြီး ဦးခင်ဝင်းက မှတ်ချက်ပြုသည်။

    လယ်သမား အများစုသည် ယနေ့အချိန်တွင် စီးပွားရေး ကျပ်တည်းလာသော်လည်း မရှိသည့်ကြားမှ လှူဒါန်းဆဲ ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

    မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် သံဃာ ငါးသိန်းခန့်သည် အလှူဒါနပြုရန် စိတ်အားထက်သန်သူများ၏ ထောက်ပံ့မှု (အလှူအတန်းပြုမှု) ကို ရရှိထားသည်ဟု ဆိုသည်။ ချို့တဲ့သူများကို ပေးကမ်းသည့် အလေ့အကျင့်သည် ထေရဝါဒ ဗုဒ္ဓဘာသာ အသိုက်အဝန်းတွင် ဘာသာတရားကို (ဗုဒ္ဓဘာသာ) ကို လေးစားကြောင်း ပြသခြင်းအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ရပ် ဖြစ်သည်ဟု အဆိုပါ စစ်တမ်းက ဆိုသည်

    ..
    ဦးသိန်းအောင်ကမူ ဤသို့ မှတ်ချက် ပြုလာသည်။
    “အလှူလုပ်တဲ့နေရာ၊ အထောက်အပံ့ ပေးတဲ့နေရာမှာ နံပါတ်တစ် ဖြစ်ချင်ဖြစ်မှာပါ။ အကျိုးဖြစ်တာ နည်းတဲ့နေရာမှာ၊ အဟောသိကံ ဖြစ်တဲ့နေရာမှာလည်း နံပါတ်တစ် ဖြစ်လောက်ပါတယ်”
    – See more at: http://thevoicemyanmar.com/index.php/article/item/4569-dns#sthash.5EcfuFiq.dpuf

    • အဲ့လောက်…အမေရိကနဲ့…တန်းညီသွားလောက်အောင်…ပေးကမ်းလှူတန်းကြတဲ့…
      အလှူတွေ…အလှူတွေထဲ…
      တကယ် လိုအပ်ပြီး..တကယ်ထိရောက်တဲ့နေရာကို..လှူတဲ့(ကူညီတဲ့)အလှူ…. ဘယ်နခုလောက်ပါမလဲ…လို့
      တွေးနေမိ… ။

      ဘယ်ဘက်က.တစ်ဆုပ်ကြဲပြီး..ညာဘက်က တစ်လှည်းဝင်ချင်စိတ်နဲ့…
      အကျိုးမျှော်၍ ပေးကမ်းခြင်း…
      ပေးကမ်းလိုက်ရခြင်းကို..မုဒိတာပွါးတယ်…ဆိုပြီး.. ဂုဏ်ယူမဆုံးခြင်းတွေ …မရှိ…မပါပဲ…
      လိုအပ်တဲ့နေရာကို… နိုင်တဲ့ဘက်က…ကူညီပေးကမ်းခြင်း သက်သက်… (တကယ့် အကူအညီပေးခြင်း သက်သက်)နဲ့…. လုပ်တဲ့ အလှူအတန်းတွေမှာ..
      ဘယ်သူ သာမလဲ…လို့….
      တွေးနေမိ….

      :k:

Leave a Reply