အဘွားအိမ်မှာ…

ကုိ ထြဋ္December 13, 20142min24712

အဘွားအိမ်မှာ…

နာရီရဲ့ ချက်ချက်မြည်သံ

မှန်မှန်ပေါ်ထွက်နေတယ်

အချိန်တွေ ကျော်ဖြတ်သွားပြီ

ငါ ဘတ်စ်ကားမှ မှီပါ့မလား။

မပူပါနဲ့ လူကလေးရယ်

အချိန်မှီမှာပါ

ဒါပေမဲ့

ထမင်းတော့ မကျက်သေးဘူးနော်တဲ့။

စိတ်တိုတာတွေ၊ ဒေါသထွက်တာတွေ

အရေးကြီးနေတာတွေ

ရင်ထဲ ပြည့်လျှံနေတယ်

ဒီလူအိုကြီးတွေဟာ

အချိန်ဆိုတာကို နားမလည်ဘူးလို့

တွေးလိုက်မိတယ်

ဒါပေမဲ့

နှုတ်လှန်မထိုးလိုက်တော့ပါဘူး။

ထင်းခွဲနေတဲ့အသံ ကြားလိုက်လို့

အပြင်ထွက်လာခဲ့တယ်

တုန်တုန်ရီရီလက်တွေနဲ့

ဖြည်းဖြည်းချင်း ဂရုတစိုက် ထင်းတွေခွဲစိတ်နေတာ

အဘွားပေါ့။

ကြီးမားလှတဲ့ ဒီမေတ္တာကို

မိုက်လုံးကြီးစွာ မလေးမခန့်ပြုမိလို့

နောင်တမျက်ရည်တွေ ငါ့မျက်လုံးထဲ ပြည့်လျှံနေခဲ့ရပြီ။

 

OKUMBA MIRUKA

ကင်ညာ

(အတွေးရှင်း၊ အရေးရှင်း၊ စာရှုခင်း) လူထုဦးစိန်ဝင်း

ဖတ်ရင်း စိတ်ထဲ တမျိုးဖြစ်လာလို့ တင်ပေးလိုက်ပါတယ်….

ရေမြေ့သနင်း

12 comments

  • kai

    December 13, 2014 at 3:03 pm

    နုပျိုတဲ့လက်တွေနဲ့…
    မြန်မာနို်င်ငံတော်ကိုထုဆစ်ခဲ့တယ်..။
    ရုပ်လုံးပေါ်လုလုမှာ
    ပန်းပုဆရာကိုယ်တိုင် မြေခကြွေကျခဲ့..
    အောင်ဆန်း တဲ့..
    အဖိုးပေါ့..။

    • Yae Myae Tha Ninn

      December 15, 2014 at 9:30 am

      ကောင်းလိုက်တာ တဂျီးရယ်… ဘာလိုလိုနဲ့ နှစ် ၁၀ဝ ပြည့်တော့မယ်နော်… 🙂

    • Yae Myae Tha Ninn

      December 15, 2014 at 9:48 am

      I Hope Xo… 😀

  • Ma Ma

    December 13, 2014 at 4:57 pm

    ကိုယ်တိုင်လည်း ငယ်ရွယ်သူတွေရဲ့ မထီမဲ့မြင်ပြုမှု၊ စေတနာကို အလေးမထားမှု စတာတွေကို ခံနိုင်ရည်ရှိအောင် ကြိုတင်စဉ်းစားထားရတယ်။
    သမိုင်းတပတ်ပြန်လည်လာမှာကို ကြောက်နေတယ်။
    (ကိုယ့်တုန်းကလည်း လုပ်ခဲ့တာကိုး)

  • Yae Myae Tha Ninn

    December 15, 2014 at 10:09 am

    အဘွားကို ရုတ်တရက် အရမ်းသတိရသွားမိတယ်… ငယ်ငယ်တုန်းက အဘွားပိုက်ဆံတွေ ဘုန်းပြီး သုံးဖူးတယ်… ရိုက်ရင် အဘွားကို ပတ်ရှောင်ပြေးခဲ့တယ်.. ဆုံးတော့ ကျွန်တော့် လက်ပေါ်မှာပဲ… 🙁

  • kyeemite

    December 15, 2014 at 10:26 am

    .အလှည့်ကျ မနွဲ့စတမ်းပေါ့ကွာ :b:

  • Yae Myae Tha Ninn

    December 15, 2014 at 10:58 am

    ဟုတ်.. ဦးမိုက်… စိတ်ထားတတ်အောင်ပဲ အရင်ကြိုးစားရမှာ… 🙂

  • Kaung Kin Pyar

    December 15, 2014 at 1:11 pm

    အသက်ကြီးလာရင်…ဟိုဟိုဒီဒီတွေသွားလို့မရတော့ အိမ်မှာပဲနေ…၊ စကားပြောဖော်မရှိ၊ ဘာတွေဖြစ်နေလဲ သိချင်…။ ရောဂါတွေ ထူပြော….
    ကိုယ်တွေအလှည့်ဆို ပိုဆိုးမလားမသိ…။
    အစက အိမ်က အဖွားကို နားမလည်နိုင်ခဲ့ဘူး…။ အကုန်လိုက်သိချင်နေပြီး…စကားလဲအရမ်းပြောချင်တာပဲလို့….။ အားနေရင် အချိန်ပေးနိုင်ပေမယ့်…အလောတကြီးဖြစ်နေတဲ့အချိန်မျိုးဆို စိတ်တိုမိတယ်…။
    အရင်အလုပ်က ပရဟိတအဖွဲ့တစ်ခုနဲ့ ဘိုးဘွားရိပ်သာတစ်ခုလိုက်သွားရင်း…အဲ့ဒီက အဖိုးအဖွားတွေနဲ့ စကားတွေ အကြာကြီးပြောဖြစ်တော့မှ…အဖိုးအဖွားတွေ ဘဝကို ကိုယ်ချင်းစာမိပါတယ်…..။
    အင်းးးးး ကိုယ့်အလှည့်ဆို…ပိုဆိုးမယ်….

  • Yae Myae Tha Ninn

    December 15, 2014 at 1:32 pm

    အဘွားကြောင့် ထမင်းစားမြန်လာတာ.. သူတို့ခေတ်က စစ်က အမြဲ ဖြစ်နေတော့ ထမင်း ကောင်းကောင်း မစားရဘူးလေ… အဲဒါမျိုးဆို ငါတို့တုန်းက ဖုန်း ဆိုတာ ပြေးရတာတဲ့.. အဲလို နှေးရင် ငတ်မှာတဲ့… 🙂

  • ဦးသု

    December 16, 2014 at 11:12 am

    နှစ်တန်းလောက်အထိ ရေတက်တဲ့အချိန်ကျောင်းသွားရင် ကုန်းပိုးပြီးလိုက်ပို့တယ်

  • Yae Myae Tha Ninn

    December 16, 2014 at 11:54 am

    ဟုတ်… ဦးသု… အမေအဖေတွေထက် အချိန်ပိုပေးပြီး အနီးကပ်နေခွင့်အရဆုံးက အဘိုးအဘွားတွေပဲ… 🙂

Leave a Reply