ပထမ လက်သီး
ပထမ လက်သီး…။ <http://zaw357.multiply.com/journal/item/624>
တစ်ခါက…
Moshi Yono ဆိုတဲ့ ကောင်မလေး တစ်ယောက်ဟာ ကျောင်းပြီးလို့
လုပ်ငန်းခွင်ဝင်ပြီး နှစ်လလောက် ကြာတော့ သူ ထူးထူးခြားခြား လူတစ်ယောက်ကို
သတိထားမိတယ်..။ အဲဒီလူက လက်ဝှေ့သမား…။
ယိုနို တို့ ကုမ္ပဏီက စိတ်ဝါတ်ကျနေသူများကို စိတ်ဓါတ်ပြန်လည်
မြှင့်တင်ပေးရသော ကုမ္ပဏီ။ အလုပ်သမား ၊ အလုပ်ရှင် ၊ ကုမ္ပဏီပိုင်ရှင် ၊ သူဌေး ၊
နိုင်ငံရေးသမား အစရှိသဖြင့် လူမျိုးစုံတယ်.။ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက်
ကုမ္ပဏီက စိတ်ဓါတ်မြှင့်တင်ရေး လေ့ကျင့်ခန်းတွေကို လုပ်ပြီး အဆင်ပြေစွာ
ထွက်သွားကြပြီ..။ လက်ဝှေ့သမား Hozumi Hasegawa (ဟိုဇုမိ )
<http://www.edwinvalero.net/wordpress/wp-content/uploads/2009/07/hasegawa.h.png>
ကတော့..ကျန်နေစမြဲ..။
ဒီလိုနဲ့..ယိုနို လက်ဝှေ့သမား ဟိုဇုမိ ကို စိတ်ဝင်စားပြီး သူ့ကို
အသေးစိတ်လေ့လာတယ်.။ ဟိုဇုမိ က လက်ဝှေ့ကြိုးဝိုင်းထဲ မဝင်ခင် အပြင်မှာ
နှစ်နှစ်လေ့ကျင့်ခဲ့တယ်.။ ပြီးတော့..ပထမဆုံး လက်ဝှေ့ထိုးပွဲမှာ ပြိုင်ဘက်ရဲ့
ထိထိမိမိ ဖြောင့်လက်သီးဒဏ်ကြောင့် နောက်ကောက် (knock-out) ကျအောင်
အထိုးခံခဲ့ရပြီး အရှုုံးပေးခဲ့ရသူ..။
ဒီအကြောင်း အသေးစိတ်သိရတော့ ယိုနို တစ်ယောက် လက်ဝှေ့နဲ့ ပတ်သတ်တဲ့
စာအုပ်စာတမ်းတွေ လိုက်ဖတ်တယ်.။ ဒီမှာ အံ့ဩစရာ တစ်ခုကို ပညာရှင်တွေက
တင်ပြထားတယ်.။ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပထမဆုံးအကြိမ် တတ်ထိုးလို့
အလဲထိုးခံရတဲ့ လက်ဝှေ့သမား ၈၃% ဟာ ဒုတိယအကြိမ် လက်ဝှေ့ကြိုးဝိုင်းထဲကို
ဘယ်တော့မှ ပြန်မဝင်ဖြစ်တော့ဘူးတဲ့..။ ဒါကြောင့်မို့ လက်ဝှေ့ လေ့ကျင့်ရေးဌာနမှာ
လေ့ကျင့်သူတွေ များနေသလောက် နာမည်ကျော်လက်ဝှေ့သမား ဆိုတာ ရှားပါးတာလို့
ပညာရှင်တွေက တင်ပြကြတယ်.။
အဓိက အချက်ကို သိလိုက်ရတဲ့ ယိုနို တစ်ယောက် ဟိုဇုမိ ကို
အသေးစိတ်မေးတယ်.။ ဒီမှာ ဟိုဇုမိ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်မဝင်ဖြစ်အောင် သူ့ကို
ခြောက်လှန့်နေတာ ။ သူ့မျက်လုံးထဲ ၊ စိတ်ကူးထဲ ၊ အတွေးထဲ ၊
ဦးနှောက်ထဲမှာ..နောက်ဆုံးအိပ်
ပြိုင်ဘက်ရဲ့ ထိထိမိမိ သူ့မျက်နှာကို ထိုးလိုက်တဲ့ လက်သီး ဒါကို သူအကြိမ်ကြိမ်
ပြန်လည် မြင်ယောင်နေမိတယ်.။
ဒါနဲ့ပဲ..သူကြိုးဝိုင်းထဲ ပြန်ဝင်ဖို့ လေ့ကျင့်ခန်းမှာ
အတူတူကစားတဲ့ သူရဲ့ လက်သီးကို မြင်တာ နဲ့တင် မထိုးရသေးဘူး.သူပုံပျက် ပန်းပျက်
ကြိုရှောင်နေမိတယ်.။ သူပြန်လည်မထိုးနိုင်တော့ဘူး.။ မထိုးသေးတဲ့ လက်သီးကို
ကြိုတင်ရှောင်နေတာနဲ့ သူရှုံးနေတော့တာပါပဲ..။
ပြဿနာကို တွေ့လိုက်တဲ့ ယိုနို တစ်ယောက် ဟိုဇုမိ ကို
မခံချင်စိတ် ဖြစ်လာအောင် ပြောပြီး လေ့ကျင့်ခိုင်းတယ်.။ ဒါပေမဲ့..ဟိုဇုမိ
အခြေအနေက တော်တော် ဆိုးနေတာပါ.။ မျက်နှာရှေ့မှာ လက်ရွယ် လိုက်တာနဲ့
ပြန်ထိုးဖို့ထက် သူ လွတ်အောင် မျက်လုံးစုံမှိတ်ပြီး ရှောင်နေတယ်.။ ဘယ်လိုပဲ
မခံချင်စိတ်နဲ့ စိတ်ဓါတ်မြှင့်တင်ပေးပေး ဟိုဇုမိ လက်သီးမြင်တာနဲ့
ကြောက်နေတာပါပဲ.။
တစ်နေ့တော့ ဟိုဇုမိ ထိုင်နေတုန်း နောက်ကျောကနေ ပုခုံးပုတ်တာ
ခံရလို့ နောက်လှည် အကြည့်မှာ မျက်နှာကို လက်သီးပြင်းပြင်း တစ်လုံး ကျလာတယ်..။
ကမူးရူးထိုး ဖြစ်သွားပြီး နောက်ကို ယိုင်သွားတယ်.။ သူကိုယ်သူ
ပြန်မထိန်းနိုင်ခင်မှာပဲ မျက်နှာပေါ်ကို နောက်ထပ် နောက်ထပ် လက်သီးတွေ
အချက်ပေါင်းများစွာ ကျလာတယ်။ လက်သီးချက်တွေက ပြင်းတော့ မပြင်းလှပါဘူး.။
မျက်နှာပေါ်ကို လက်သီးချက်ပေါင်း ရ ချက်၊ ၈ ချက်လောက် ကျပြီးမှ ရပ်သွားလို့
သူ့ကို လက်သီးနဲ့ ထိုးသူကို ကြည်လိုက်တော့..လက်ဝှေ့အိတ်လက်မှာ
စွပ်ထားတဲ့….ယိုနို..။
“ မင်း..ဘာလို့ ငါ့ကို ထိုးရတာလဲ..။”
ဟိုဇုမိ ဒေါသတကြီး မေးလို်က်တော့…
“ ရှင် …သူရဲဘောကြောင်လို့လေ..။ ရှင်ကဘာလဲ..။
ဘာလက်ဝှေ့သမားလဲ..။ မထိုးသေးတဲ့ လက်သီးကို ကြိုရှောင်နေတဲ့ လက်ဝှေ့သမားလား..။”
“
ဟင်………..မင်း………….မင်း……………မင်း…………။”
သူဒေါသထွက်ချိန်တောင်မှ မရလိုက်ဘူး..။ မျက်နှာပေါ်ကို လျှပ်တပြက်ထိုးလိုက်တဲ့
ယိုနို့ လက်သီးချက်က ထပ်ကျလာတယ်..။ ဒီအချိန်မှာတော့ ဟိုဇုမိ မရှောင်လည်း
မရှောင်တော့ဘူး.။ ကာလည်း မကာတော့ဘူး.။ ပေပြီးခံနေတယ်.။ ထိုးစမ်းကွာ..ထိုးစမ်း
ဒီလိုမျိုး…ဟိုဇုမိ စိတ်ထဲမှာ ဖြစ်နေတယ်..။
ဒါပေမဲ့….အဲဒီလို ယိုနို ထိုးခဲ့တဲ့ စေတနာပါတဲ့
လက်သီးချက်တွေက ဟိုဇုမိ ဘဝကို ပြောင်းလဲ သွားစေခဲ့တာပါပဲ..။ သူ အညှိုးနဲ့
ပြန်လည်လေ့ကျင့်တယ်.။ သူ ပြိုင်ပွဲကို ဝင်ထိုးတယ်.. ။ ပထမတစ်ပွဲ ရှုံးတယ်.။
ဒုတိယပွဲ ရှုံးတယ်.။ အဲဒီနောက်မှာတော့ ဂျပန် မစ်ဒယ်ဝိတ် လက်ဝှေ့တန်းမှာ
ခံနိုင်ရည်အရှိဆုံးနဲ့ ရှုံးပွဲမရှိတဲ့ လက်ဝှေ့သမား ဖြစ်လာခဲ့တယ်.။ သူ့ကို သူနဲ့
ယှဉ်ထိုးရသူတွေ အားလုံးက တညီတညွှတ်တည်း ပေးတဲ့ မှတ်ချက်ကတော့ “ မျက်နှာတောင်မှ
မဟုတ်ဘူး..။ ဘယ်နေရာထိထိ မလဲတဲ့ သူ” ဆိုပဲ..။
တကယ်တော့ ဟိုဇုမိ Hozumi Hasegawa (ဟိုဇုမိ )
<http://www.edwinvalero.net/wordpress/wp-content/uploads/2009/07/hasegawa.h.png>မှ
မဟုတ်ပါဘူးဗျာ..။ ကျွန်တော့် တို့ဘဝမှာလည်း မျက်နှာကို ထိထိမိမိ
အထိုးခံလိုက်ရသလို အထိခံလိုက်ရတဲ့ ဘဝရဲ့ ရိုက်ပုတ်မှုပေါင်း များစွာ
ကြုံကြရမှာပါ..။ ဒီဘဝထိုးချက်တွေက ကျွန်တော်တို့ စိတ်ဓါတ်ကို ရိုက်ချိုးသလို
ဖြစ်စေနိုင်ပါတယ်.။ ဒါနဲ့ပဲ …ကျွန်တော်တို့ ဒါကို အကြောင်းပြပြီး ဘဝအတွက်
ဘာမှ မလုပ်ရဲ ၊ မကိုင်ရဲ ဖြစ်နေသင့်ပါလား.။ ဒီလို ဆိုရင်တော့ ဘဝတစ်ခုဟာ ပထမဆုံး
အထိခံလိုက်ရတဲ့ လက်သီးချက်မှာတင် နစ်မြှပ်သွားပြီပေါ့..။
ဒါကြောင့်..ဘဝမှာ ဘယ်လို ပြင်းထန်တဲ့ လက်သီးချက်ပဲ ထိခဲ့
ထိခဲ့ အဲဒီထိုးနေတဲ့ လက်သီးတွေ ခြေကုန်လက်ပန်းကျပြီး ကိုယ်က မာကျောလာအောင်
လေ့ကျင့်ပြီး ထပ်ခါထပ်ခါ ကြိုးစားနေ ကြည့် ရအောင်ဗျာ..။ ကျွန်တော့်ဘဝမှာ
ကံကောင်းတာ တစ်ခုကတော့ ကျွန်တော် စိတ်ဓါတ်ကျ စိတ်ပျက်နေတဲ့ အချိန်မှာ ဒီလို
ခွန်အားဖြစ်စေမဲ့ စာလေးတွေ အလိုလို ဖတ်မိတာပါပဲ..။
အခုအချိန်မှာ ကျွန်တော့်ဘဝမှာ လက်သီးချက် ပြင်းပြင်းထန်ထန်
ခံနေရတာပါ..။ စိတ်ပျက်နေတဲ့ အချိန်ဆိုလည်း ဟုတ်ပါတယ်.။ ဒီအချိန်မှာ
ဘယ်ရယ်မဟုတ်ပဲ..။ ဂျပန်ဆိုက်တစ်ခုကနေ ဒီစာလေးကို တွေ့လိုက်လို့ ဘာသာပြန်ပြီး
ရေးလိုက်တာပါ..။ မူရင်းကတော့ Great Guide လို့ ခေါင်းစဉ်တပ်ပါတယ်.။
ကျွန်တော်ကတော့ “ ပထမ လက်သီး ” ဆိုတာ က ပိုအဆင်ပြေမယ် ထင်လို့..ဒီလိုပဲ
ခေါင်းစဉ်ကို ရေးလိုက်ပါတယ်.။ အားလုံးပဲ ဘဝလက်သီးကို မြည်းဖူးကြပါသလား…။
Haruki Murakami
<http://selfdivider.com/base/wp-content/uploads/2007/08/murakami5.jpg>ရဲ့ Great
Guide ကို zaw357@gmail.com <http://zaw357.multiply.com/>ဘာသာပြန်သည်..။