Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီနေ့ ဘလက်ချော ရဲ့ ချက်တင် မှတ်တမ်း…။

black chawDecember 15, 20142min58716

ဒီနေ့ မနက် ရွာထဲက လူ ၅ ယောက်နဲ့ FB မှာ ချက်တင် ဝင်မိတယ်။

အဲဒါလေး အမှတ်တရ ပြန်ရေးပြမလို့။

ပထမဆုံး က စင်္ကာပူက။ ခင်ဇော်လေ။ သိတယ်မဟုတ်လား။

လူမိုက်ဘွဲ့ခံထားတဲ့ ခင်ဇော်ပေါ့။

အောင်မလေး။ သူကလည်း လေသံကိုက ကြောက်စရာဗျ။

သူ့အဖေကလည်း ရုပ်ရှင်ထဲက လူမိုက်ကြီး ဝါးခယ်မရဲမောင်ဆိုလား။

ဂီဂီ (ဖားသက်ပြင်း) ပြောတာပဲဗျာ။

စင်္ကာပူကနေ January’ 2015 Plan ကို အသေးစိတ်ညွှန်ကြားပြီး

ဖြစ်အောင်လုပ်ပါ ဆိုတဲ့ ညွှန်ကြားချက်ကို ပေးတယ်ဗျာ။

အဲ့ဒါနဲ့ လူကောင်ကြီးပြီး ကြောက်တတ်တဲ့ ကျွန်တော် ခေါင်းညှိတ်လိုက်ရပါတယ်။

လူမိုက်ပြီးတော့ ကဗျာဆြာနဲ့ ဆက်ချက်ပေါ့။

ဘယ်သူရှိရမှာလဲဗျာ။ နှပ်ချေးကို ချစ်စရာကောင်းအောင် ရေးပြတတ်တဲ့

Come Way ကမ်းဝေး ပေါ့။

အောင်မယ် သူက ချက်ထဲမှာ ကဗျာဒိုင်လေးတွေ ရေးသွားတာများ။

သေလောက်တယ် ကိုယ့်လူရေ။

ဘာတဲ့ ကိုယ်တုတ်ကွေးမိနေတယ်ဆိုတော့

တူးပက်လောက် ကြက်ဥနဲ့ခလောက်ပြီး မော့ လိုက်ပါလားဗျာ

တဲ့။

အဲဒီအထိတော့ ကဗျာမဆန်သေးဘူးဗျ။ အဲ..အဲ ကဗျာဆြာတော့ ဆန်စပြုနေပါပြီ။

ကျွန်တော်က အနံ့တောင်မခံချင်လောက်အောင်ဖြစ်နေပါတယ်ဆိုတော့…။

အာ…..အဲဒီလို အနံမခံချင်လေနောက်ပိုင်းမှာ

ပိုမို သောက်ဖြစ်အုံးမယ်ဆိုတဲ့ နိမိတ်ပုံဗျ

ဆန့်ကျင်ဖက်ချင်း သိမ်မွေ့တဲ့ အနုညာရဲ့ သဘောက ဒီနေရာမှာ ကွက်တိရယ်

 

ဆိုပဲ။ ကြည့်စမ်း ဘယ်လောက်ကဗျာဆန်လိုက်ပါသလဲ။

နောက်…ကဗျာဆန်တဲ့ ဒိုင်လေးတစ်ခု ရှိသေးတယ်။

ဖတ်သာကြည့်တော့ဗျာ။

 

အရင် လူဟောင်းတွေ ဆုံချင်လိုက်တာဗျာ

 အစ်ကို လွမ်းလို့ရေးတဲ့စာကိုဖတ်ပြီးတော့ သတိတွေရလာတာ

 ပြီးတော့ အခုက ဒီဇင်ဘာလေဗျာ

ဒီဇင်ဘာဟာ နှလုံးသားကို မျှားတဲ့နေရာမှာ

 နှစ်ယောက်မရှိအောင် ပလီတတ်တယ်ခင်ဗျ။

 

ဟား…မိုက်လိုက်တဲ့ ဒိုင်ယာလော့ခ်။

လူမိုက်က လူမိုက်ဆန်တဲ့ စကားတွေ ပြောပြီးသကာလ

ကဗျာဆြာက ကဗျာဆန်တဲ့ စကားတွေ ပြောသွားတယ်ပေါ့။

 

နောက်တစ်ယောက်က Aung Khing Swe ကိုဆွေပါခင်ဗျာ။

ကျွန်တော်က ဟိုင်းလို့ နှုတ်ဆက်တော့။

သူက

 

ရှင် အသက်ရှည်ဦးမယ် ရှင့်အကြောင်းကိုမိုက်နဲ့ ပြောနေတာ

 

တဲ့။ တွေ့လား ကွယ်ရင်မေ့ တွေ့ရင်သေအောင်လွမ်းတတ်သူကြီး။

ပြီးတော့ဆက်ပြောသေးတယ်။

 

FB ပေါ်က ကဗျာလေး ဖတ်နေတာ။ မချိုပြောတာလေး ကို သဘောကျလို့

 

တဲ့။ ဟုတ်မှာပါ သူလည်း လောကကြီးကို အရွဲ့တိုက်လိုက်တာ လမ်းဘေး

ရောက်သွားဖူးတယ်ထင်ပါရဲ့။ ဟေးဟေး။

ဘယ်ပျောက်နေတာတုန်း အချစ်ဆုံးကြီးရယ်…။

တဲ့။

ဒီလောက် fb ပေါ်မှာ ဖလန်းဖလန်းဖြစ်နေသူကို သူက မေးရတယ်ရှိသေး။

 

ယောက်ျားခြင်း ချစ်ရသူတွေထဲက ကိုဘလက်ကို အချစ်ဆုံးပါနော်…လွမ်းနေတာသိလား။

 

တဲ့။ ကြည့်ဦး။ ယောက်ျားခြင်း လူပျိုပြန်လှည့်နေသေးတာ။

 

ဆုံကြဦးစို့ လို့ သူက ဆက်ပြောတော့ ကျွန်တော်က ထုံးစံအတိုင်း

 

လွတ်လပ်စွာပျံသန်းနိုင်တဲ့ တစ်နေ့ ကောင်းကင်မှာ တွေ့ကြတာပေါ့ လို့ပြန်ပြောပါတယ်။

 

သူက

 

ခဏခဏ ပျံသန်းချင်တယ်ကွယ်

 

တဲ့။

 

ချစ်စရာကောင်းလိုက်တဲ့လူကြီး။

၄ ယောက်မြောက်ချက်မိသူကြီးကတော့ ယာမကာလုလင်ငယ်လေး Thaung Sein ကိုမိုက်ပေါ့။

ယာမကာလုလင်ဆိုတော့ ထုံးစံအတိုင်း ယာမကာစကားပဲ ပြောတာပေါ့လေ။

တတ်နိုင်ဘူးဗျာ။

 

Blackchaw ; ဟေ့လူကြီး
ကိုဆွေ နဲ ့ ပြောနေကြတာဆို။

 

Ko Mike   ; ဟုတ်တယ်ေျာ

ခင်ဗျားအားတဲ့နေ့ပေါ့..ကိုဖေါက ဂိုးလ်လေဘယ်တစ်လုံးရှိသတဲ့။

 လာမယ့် စနေည ဆိုရင် အိုကေ မလား။

 

ကဲကြည့်။ စကားမှ မစရသေးဘူး လေဘယ်တွေက ပါလာပြီ။

ဒီက သိတ်စိတ်ခိုင်တာ မဟုတ်ဘူးလေ။ သိတယ်မဟုတ်လား။

နည်းနည်းတော့ အိုက်တင်လေး နည်းနည်းပေးဦးမှဆိုပြီးတော့။

 

ပြန်ပြောမယ် ဗျ
ကိုယ့်ကိုယ်ကို မပိုင် သေးလို ့ပါဗျာ။
ပိုင် ရင် ၂ ခါ မ ပြောရပါဘူး

ဒီက စောင့် နေသူရယ်ပါ

 

ပေါ့။ ဟေးဟေး။ စနေနေ့ည ရွှေ နဲ့ တွေ့ဖို့ အခုကတည်းက ရင်ခုန်နေပြီ

ကိုမိုက်ရေ။ အဲဒါလေး ဒီနေရာကပဲ အဖြေပြန်ပေးလိုက်ပြီနော်…နော်…နော်လို့။

 

ပဉ္စမ တစ်ယောက်ကတော့ ရွာထဲက အစ်မ အေးကေကေဗျ။

အစ်မဘက်က စပြောလာတာပါ။

 

ကိုဘလက်ချောရေ ဒေါက်တာ ထွန်းလွင်က အာသောက မှာရေးထားတွေ ့ရတယ်။

 မနက်ဖန်ကစပြီး ၆ရက်တိတိ မှောင်မယ်တဲ့ နေမုန်းတိုင်းကြောင့်လို့ နာဆာက

 ကြေညာထားတယ်တဲ့ သတင်းအတည်ဆိုရင် ရွာမှာ အသိပေးသင့်တယ် ထင်မိတယ်။

 

တဲ့။ အစ်မက ရွာကလူတွေကို စိတ်ပူတယ် ထင်ပါရဲ့။ လှမ်းတိုင်ပင်လာတာပါ။

ရွာအပေါ် အစ်မထားတဲ့ စေတနာကို ပေါ်လွင်စေပါတယ်ဗျာ။

အဲဒါနဲ့ ကျွန်တော်ကပြန်ပြောပါတယ်။

 

အဲ့ဒိ သတင်းက အမှားကြီးလို ့ဒေါက်တာထွန်းလွင် ဖဘ မှာ
ပြန် ရှင်း ထားတာ ဖတ်လိုက်ရတယ် အစ်မ ရေ။
ဆိုတော့ဒီလိုသတင်း မျိုးက တော့ မှန်ခဲ့ရင် တစ်ကမ္ဘာလုံး
ပွက်လောရိုက်မယ့် သတင်းမျိုးမို ့ စိတ်မပူပါနဲ ့ ဗျာ။

 

ကဲ ဒီကနေ့ ကျွန်တော့်ရဲ့ ချက်တင် မှတ်တမ်းကို ခင်ဗျားတို့ကို

အပျော်သဘော တင်ပြတာပါ။

 

ရယ်စရာပါတော့လည်း ရယ်ပေါ့ဗျာ။ ဆဲစရာပါတော့လည်း ဆဲပေါ့။

အရည်မရအဖတ်မရတွေ လျှောက်တင်နေတာပါလို့ ထင်ရင်လည်း

နောက် ဝင်မဖတ်နဲ့ပေါ့နော့။

အမှန်ကတော့ စိတ်လက်ပေါ့ပါး စေချင်တဲ့ စေတနာ အပြည့်နဲ့ တင်ထားတာပါ။

မြင်အောင်ကြည့်ကြပါဗျာ။

 

ချစ်ခင်လေးစားတဲ့ ဘလက်ချော။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

16 comments

  • ဦးသု

    December 15, 2014 at 6:16 pm

    အပေါ်ဆုံး လူမိုက်ကြီးကိုခင်ဇော်ရဲ့ အဖေ
    ရဲခယ်မဝါးမောင် အဲလေယောင်လို့ ဦးဝါးခယ်မရဲမောင်ဆိုတော့
    ဟိုဘက်လမ်းဒီဘက်လမ်း ကပ်ရက်ပဲဗျ

    • ခင်ဇော်

      December 16, 2014 at 8:37 am

      ရပ်ဆွေ ရပ်မျိုးတွေပေါ့နော်??

      :mrgreenn:

  • kai

    December 16, 2014 at 7:40 am

    အဲလို.. အလျှားလိုက်ဆွေးနွေးပြောကြတာမျိုးတွေကို.. တီဗီသတင်းအနေနဲ့လွှင့်ချင်တာ….
    သိပ်မကြာတဲ့တနေ့နေ့ပေါ့…။

    ဆိုင်တဆိုင်ဆိုင်မှာထိုင်.. မလာနိုင်တဲ့သူ.. ဆဲလ်ဖုံးဗီဒီယိုလေးရိုက်ပေါ့..။ ပြောချင်တာဟော.။ တွေးချင်တာရေး..။ နွေးချင်ရာအေး..။
    ပြီးရင်.. တီဗီသတင်းအနေနဲ့လွှင့်..
    ကြည့်ချင်ချင်မကြည့်ချင်ချင်.. ကြည့်ကြ..။

    သမ္မတကြီးထက်တောင်.. လူကြိုက်များသွားနိုင်.. :k:

    • ခင်ဇော်

      December 16, 2014 at 8:34 am

      အကြံကြီးတာ။
      ည ၁၂ နာရီ နောက်ပိုင်း အစီအစဉ်မှာ ထည့်မို့လား??

      :k:

  • ခင်ဇော်

    December 16, 2014 at 8:06 am

    ငင်။
    ဂစ်ဂစ်။
    :p:
    လျှို့ဝှက်ချက်လို့ ပေါလိုက်လို့များ ရပ်သိရွာသိ ပြောလိုက်တာလားဟမ်?

    အမည်မဖော်လိုသူ ခင်ဇော် ရဲ့ လူတိုင်း သိတဲ့ လျှို့ဝှက်ချက်ကြီး ဖြစ်ပါပေါ့ ဟော့ဟော့။
    :mrgreenn:

    ဒါနဲ့ ဝါးခယ်မ ရဲမောင် သမီးဆိုတော့ အာတီဒုံတို့နဲ့တောင် အမျိုးတော်နိုင်တယ်။
    ကိကိ။
    အဲ ကိစ္စက ကိုဖက်ကက် အရင်ဆုံး ဖွတဲ့ ကိစ္စဂျီးးးးး
    :mrgreen:

    ဟိုလူဂျီးတွေကလည်း တွေ့တာနဲ့ သောက်ဖို့ အကြောင်းပြောနေကြတာလားးး

    (ဟွာ။ စားတာသောက်တာ စားဖို့ သောက်ဖို့ အကြောင်း ပြောတာ၊ ဂိဂိ)
    :mrgreenn:

  • Crystalline

    December 16, 2014 at 8:16 am

    တ​နေ့ည Miss World ပွဲလာ​တော့ ဦးဘလက်​ကိုသတိရ​သေး.. လိုင်​းမှာမ​တွေ့လို့.. ဖိုးသဂျားကို​ပြော​တော့ စိတ်​ဝင်​စားပုတဲ့.. 😀

  • Mr. MarGa

    December 16, 2014 at 10:02 am

    တိုင်းသိပြည်သိ လျှို့ဝှက်ချက်များ 😀

  • kyeemite

    December 16, 2014 at 10:59 am

    .တော်တော်ဆိုးတဲ့ နားစွန်နားဖျားဆြာဂျီးဘဲ
    .မတွေ့တာတောင်တော်တော်ကြာပေါ့
    .တစ်မြို့ထဲနေ တစ်ပုလင်းထဲသောက်…အဲလေ..မွှားကုန်ပြီ
    .တရေထဲသောက်နေပြီး လူချင်းမဆုံတာကြာပေါ့
    .ရဲဘော်ဘလက်နဲ့ အရက်သောက်ပြီးရန်ဖြစ်ချင်နေတာဗျ :k:

  • Ma Ma

    December 16, 2014 at 6:08 pm

    ရသဘယ်နှစ်ပါး ရှိတယ်ဆိုတာ…..
    ဒီစာကိုဖတ်ပြီး ရေတွက်ကြည့်ရင်ရတယ်။
    စုံပါပေ့……… ။ :k:

  • aye.kk

    December 17, 2014 at 2:32 pm

    အင်တာနက်သတင်းတွေဖတ်ရင်း
    ဩဇီသတင်းကြားရလို ့ရွာသားဖုန်းကျော်တောင်လှမ်းပြီးသတိရမိသေးတယ်။
    မဟုတ်တော့လည်းဝမ်းသာမိရပါတယ် ။။

  • black chaw

    December 17, 2014 at 2:57 pm

    ပေါ့ပေါ့ပါးပါး ရေးထားတာလေးကို
    ပေါ့ပေါ့ပါးပါး ဖတ်ပြီးသကာလ
    ပေါ့ပေါ့ပါးပါး ကွန်းမန့်လေးများပေးသွားတဲ့
    မိတ်ဆွေများအား…လုံးကို
    ဘုရားသခင်ကောင်းချီးပေးပါစေလို့
    ခရစ္စမတ် အခါတော်ကာလမှာ
    ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Wow

    December 19, 2014 at 3:13 pm

    ဒီတစ်ခါ ခေးမဒွေအကြောင်း ဟိုအကြောင်း ဒီအကြောင်းတွေ မပါတော့ တဂဲ့ဘလက်ချော မဟုတ်သလိုပဲ :mrgreen:

    • ခင်ဇော်

      December 19, 2014 at 7:50 pm

      နာ က မိန်းးခေးးး မုန့် လို့ ဘာာာာတုန်းးးးးးးး
      :mrgreen:

      • ဖားသက်ပြင်း

        December 19, 2014 at 9:26 pm

        အာလဖွားဂျီး​လေ

        • Wow

          December 22, 2014 at 9:10 am

          နာတို့ကိုများ စမူဆာလဲပေးရသေး စောမရကား မော်ရကား ပြန်ပေး ဂျပန်ဖိနပ်နဲ့ ဖလာရီ ၂ စီး :mrgreen:

Leave a Reply