ကြုံခဲ့မိတာလေး
ဒီနေ့ လှည်းတန်းကနေ သမိုင်းမြို့သစ်ကို သွားတယ်.. ပြည်လမ်းကနေ အင်းစိန်လမ်းကို သုခကမ္ဘာဆေးရုံလမ်းကနေ ဝင််တယ်ပေါ့.. ကိုယ်အလျင်လိုနေမှန်းသိတော့ ကားသမားက အရှိန်လေးနဲ့တော့ မောင်းပေးပါတယ်.. ဒါပေမယ့် အရမ်းကြီးတော့ မမြန်ဘူး.. ပုံမှန်ထက် နည်းနည်းလေးပဲ ပိုတာ.. အင်းစိန်လမ်းမပေါ် တက်ကာနီးကျတော့ လမ်းသွယ်ထဲမှာ လူတွေရှိတော့ ဟွန်းတီးလိုက်ပြီး ဆက်မောင်းတယ်.. အဲဒီမှာ လူတစ်ယောက်က စွတ်မမောင်းနဲ့ဟ လို့ လှမ်းအော်သံ ကြားလိုက်တယ်.. လှမ်းပြောတာကို ကြားလိုက်ရတယ်ဆိုတော့ အရှိန်က သိပ်မပြင်းဘူးပေါ့.. ကားဆရာက ဘာမှ ပြန်မပြောဘူး.. ကိုယ်တွေတောင် အံ့ဩသွားတယ်.. ဘာလို့များ ပ
အဲ့လို အော်ရသလဲပေါ့…
လမ်းသွယ်ကနေ အင်းစိန်လမ်းမပေါ်ကို တက်ဖို့ကျတော့ ကားတွေပိတ်နေတော့ ခဏစောင့်နေရတယ်.. အဲဒီမှာ စောနကလူက မီလာပါလေရော.. ကားဆရာကို လာဟောက်တယ်.. ဟေ့ကောင်.. ဖြည်းဖြည်းမောင်းကွ.. လူလိုမောင်းကွ.. ဟွန်းတီးပြီး စွတ်မမောင်းနဲ့ ဘာညာဆိုပြီး.. ကားဆရာကလည်း မင်းကို ထိခိုက်သွားလို့လားဆိုပြီး ပြန်ပြောတော့ ကတောက်ကဆ ဖြစ်ကြရော.. ဟိုလူက မင်းမေ…. ဆိုပြီး ဆဲတယ်.. ကားဆရာက မင်းငါ့ကို မဆဲနဲ့ဆိုပြီး ပြန်ပြောတယ်… ဟိုလူက သူ့သားဖြစ်ပုံရတဲ့ ကလေးတစ်ယောက်ကို လက်ဆွဲလို့.. စိတ်ထဲကတောင် တွေးမိသေးတယ်.. သားသမီးရှေ့မှာ အဖေတစ်ယောက်က လမ်းပေါ်က ကားသမားကို ရန်လာစပြီး ပြဿနာရှာ.. ဆဲတာတွေကို ကလေးက သင်ယူမိပြီး.. ဒီကလေး ဘယ်လိုများ ကြီးပြင်းလာပါလိမ့်မလဲ လို့ပေါ့…
နောက်တော့ ကားချောင်တာနဲ့ ဆက်ဝင်လာပြီး ဗဟိုလမ်းမပေါ်ကို သွားဖို့အတွက် ကွေ့ကြောယူပြီး မီးပွိုင့်စောင့်တယ်.. အဲဒီမှာ စောနကလူ ရောက်လာပြီးတော့.. ဟေ့ကောင်..မင်းက ဘာကောင်လဲ.. စောစောက ငါ့ကလေးရှိနေလို့.. မင်းအခု ဆင်းခဲ့စမ်း ဆိုပြီး ကားထဲက ကားဆရာကို အတင်းဝင်ထိုး.. ကားပေါ်က ဆွဲချနဲ့.. လာသောင်းကျန်းပါလေရော.. ကားဆရာက ရှောင်တယ်..မဆင်းဘူး.. မီးပွိုင့်ကြီးမှာနော်.. နောက် အဲ့လူက ကားတံခါးကို အတင်းဆွဲဖွင့်ပြီး ဆွဲချတော့ ကားဆရာလည်း စိတ်မထိန်းတော့ဘဲ.. လာခဲလစမ်း ဟေ့ကောင်ဆိုပြီး ဆင်းထိုးတော့တာ.. ကားဆရာက ခပ်ဝဝ.. သူ့ထက် လူကောင်ကြီးတယ်.. တကယ်တမ်းကျတော့ ဟိုလူလည်း မခံနိုင်ဘူး.. ထွက်ပြေးပါလေရော.. ကားဆရာခမျာ.. သနားပါတယ်.. ကိုယ်တွေက အကုန်သိနေတော့.. စိတ်လျှော့ပါ ဦးလေးရယ်.. ဦးလေး မှန်ပါတယ်.. စိတ်အေးအေးထားပါနော်.. ဘာညာဆိုပြီး ဖြေပြောပြောမိတယ်.. ဦးလေးက အဲ့လူကို သိတယ်.. ဒီရပ်ကွက်ကပဲ.. ပိုက်ဆံရှိ.. နေရာရှိထဲကတဲ့..
ကိုယ်တွေကတော့ ကားဆရာကို ပြဿနာရှာမှာကိုပဲ စိုးရိမ်မိတာ..ငါကဘာ ဆိုုပြီး လူရှေ့သူရှေ့. ပါဝါပြချင်တဲ့ ဒီလိုလူမျိုးတွေကလည်း ရှိသေးတယ်.. တကယ်တမ်းကျတော့လည်း သတ္တိမရှိလှပါဘူး…
အဲ့လို အဲ့လို.. အဲ့လိုမျိုးတွေလည်း ကြုံရတယ်လို့…
11 comments
ခင်ဇော်
December 16, 2014 at 8:23 am
ဇွတ် ပါလားးးး
:a:
တချို့ ပိုက်ဆံရှိတွေဆို မသိရပါဘူးးး
Keep Low Profile ပဲ။
တချို့ က စပွန်စာပေးချင်မှ ထွက်လာတာတို့ဘာတို့။
နာလည်း သိမ်းထားတဲ့ ဖလာရီလေးတွေ ထုတ် အူးမှ။
:mrgreenn:
လုံမလေးမွန်မွန်
December 16, 2014 at 10:04 am
ဟုတ်ပါ့.. လုံးဝအရှက်မရှိနော်.. အံ့ဩလွန်းလို့.. ငါ ဘာကောင်ကွ.. ဘာကောင့်သားက ဆိုုပြီး ဖိုက်တာလုပ်ချင်ပုံရယ်.. သတ္တိမရှိတာသာ ခက်တာ..
Mr. MarGa
December 16, 2014 at 8:27 am
ဪ…….. လို့သာ…
အမူအကျင့်ဟာ ချမ်းသာမှုနဲ့ လားလားမှ မဆိုင်
လုံမလေးမွန်မွန်
December 16, 2014 at 10:06 am
အေးဟ.. နည်းမှန်လမ်းမှန် ချမ်းသာခဲ့တဲ့လူတွေ မဟုတ်လို့ပေါ့ဟာ..
kyeemite
December 16, 2014 at 9:59 am
တိုက်တိုက်ဆိုင်ဆိုင်ပါလား..မနေ့ညနေက သမီးသိပ်နေမကောင်းလို့ သူ့အမေနဲ့ဆေးခန်းသွားတယ်
အပြန်မှာအဲ့ရန်ပွဲကိုတွေ့ခဲ့လို့ပြန်ပြောပြနေသေးတယ် မွန်မွန်ရဲ့…အင်း..တစ်နေ့တစ်နေ့ကားမောင်းရတာလည်း တထိတ်ထိတ်နဲ့ပါကွယ်.. :a:
လုံမလေးမွန်မွန်
December 16, 2014 at 10:09 am
ဟုတ်တယ် ဦးမိုက်ရယ်.. လူသွားဖို့ သီးသန့်မရှိတဲ့မြို့.. ယာဉ်ကြောတွေနဲ့ ပိတ်ကျပ်နေတဲ့မြို့မှာ ကားပေါ်ကလူ.. လမ်းပေါ်ကလူ အားလုံးက ဒေါသတွေ ကိ်ုယ်စီနဲ့ပေါ့.. ချုပ်ထိန်းနိုင်တဲ့ အသိမရှိရင် ဆုံးရှုံးကြရတော့တာပဲ..
Kaung Kin Pyar
December 16, 2014 at 11:17 am
တိုက်တိုက်ဆိုင်ဆိုင် မနက်ကတင် ဖယ်ရီပါ်မှာ Anthony Hopkins ရဲ့ The Edge ကို သွားသတိရမိသေးတယ်….။
ပိုက်ဆံရှိတိုင်း၊ ပညာတတ်တိုင်း…လူကြီးလူကောင်းဖြစ်တာတော့ မဟုတ်
ဒါကြောင့်လဲ..စွမ်းအားရှင်တွေလက်ထဲ အာဏာထည့်လိုက်တော့ ဗြောင်းဆန်ကုန်တာပ…
အင်း…
ဘာတွေ ပြောမိနေလဲ မသိဘူး…
ဦးသု
December 16, 2014 at 11:28 am
ကျွန်တော့်လိုကောင်မျိုးဆို ကားဆရာနဲ့ပေါင်းပြီးဝိုင်းထိုးတယ်
Ma Ma
December 16, 2014 at 5:34 pm
ပြီးခဲ့တဲ့ရက်က မင်္ဂလာဈေးနားမှာ တက္ကစီသမားကို ပစ်ကပ်တစ်စီးက လီဗာသံ ဗျူ းဗျူ းဗြဲဗြဲနဲ့ အတင်းဝင်တိုးတော့ တက္ကစီသမားက ခြေထောက်နားမှာ ချထားတဲ့ ဓားမြှောင်ကို ထုတ်ပြီး တံခါးဘောင်မှာ စိုက်ထားလိုက်တယ်။
အဲဒီကား ဆက်မတိုးရဲတော့ဘူး။
ကိုယ်ကတော့ ဘယ်အချိန်ကားပေါ်ကဆင်းပြေးရမလဲလို့ အဆင်သင့်ပြင်ထားရတယ်။ :eee:
အလင်းဆက်@မောင်သူရ
December 16, 2014 at 9:52 pm
ကြုံရဆုံရ….. မွန့်ဘဝ ဆိုပြီး.. Tag တစ်ခုဖွင့်…
ရေးဟာ….
ချချ
:k:
uncle gyi
December 17, 2014 at 10:17 pm
လောကပြောသမျှဒေါထနေမယ်ဆို
ဟောတဝပြောမရသူတွေ
မသိသလိုအသာနေလိုက်မှ
စိတ်အေးချမ်းမယ်
လုံမလေးရေ