အရွယ်တွေ ညောင်းပါလို့
ငယ်ပေါင်းတို့ ဘယ်မှာ
လွမ်းစိတ်တို့ ဖြာသည်
တို့ဂေဇက်ရွာ ဟိုယခင်က
စာရေးသည့်ရွာလေး…
စာရေးအတူ လှူလည်း လက်ချင်းတွဲ၍
မခွဲဘဲအတူ စိတ်ထားဖြူလျက်
အပျော်များနှင့် စာရေးသည့်ရွာမို့
မေ့ရစ်ဘူးထာဝစဉ်
စိတ်ထဲမှာ မြင်တော့တယ်
မရောက်တာ ကြာပေမယ့်
ဘာလိုလို ဟိုသည်မှန်းလို့
လွမ်းမိတယ်လေး….
Post Views: 368
18 comments
အလင်းဆက်@မောင်သူရ
December 18, 2014 at 12:46 pm
မရောက်တာ ကြာတဲ့သူတွေကိုလည်း
အမြဲလိုလို ရောက်ဖြစ်နေတဲ့ ကျနော်တို့က
လွမ်းနေကြရတာပါပဲ
:kwi:
manawphyulay
December 27, 2014 at 3:17 pm
တကယ်လွမ်းပေးတဲ့အတွက် မောင်လေး အလင်းဆက်ကိုလည်း ကျေးဇူးအထူးတင်ပါတယ်နော်
တောင်ပေါ်သား
December 18, 2014 at 1:03 pm
ပို့စ် ၉၀ဝ တဲ့ ၊ လေးစားတယ်ဗျာ ၊
kyeemite
December 18, 2014 at 1:10 pm
.အားပါးပါး…ပို့စ်၉၀ဝတောင်ရောက်သွားပြီလား..ရေးနိုင်ပါပေ့ဗျာ :n:
.အားပေးဖတ်ရှုမပျက်ပါ
CharTooLan
December 18, 2014 at 2:07 pm
ဒီအပျိုယီး ဘယ်ရဲဇားနဲ့ စိတ်ကောက်လာပြန်ပလဲမတိဝူး ခိခိ 😛
Yae Myae Tha Ninn
December 18, 2014 at 2:13 pm
ဂုဏ်ယူပါတယ်.. မနောရေ… 🙂
lu lu
December 18, 2014 at 2:42 pm
ပုံမှန်မရောက် ဖြစ်ပေမယ့် လွမ်းနေပါတယ်လေး
Zaw Lwin
December 18, 2014 at 3:09 pm
ပို့စ် ၉၀ဝ အတွက် ဂုဏ်ယူပါတယ်။
ကဗျာလေး အတွက် ကျေးဇူးတင်ပါတယ်။
Ma Ma
December 18, 2014 at 3:09 pm
ကိုယ့်မှာတော့ ပိုစ့် ၁၀ဝ မြောက်ကို မှတ်မှတ်ရရလေး ရေးချင်တာနဲ့ပဲ မရေးဖြစ်သေးဘူး။ :byae:
ခင်ဇော်
December 18, 2014 at 3:55 pm
၉၀ဝ ပြည့်တာရော၊
ဘဝရဲ့ အရေးကြီး ကိစ္စ တစ်ခုအတွက်ရော…
Congratulations…!!!
🙂
padonmar
December 18, 2014 at 10:06 pm
ခင်ဇော်အတိုင်း
Congratulationssssssssssssss.
ဝင့်ပြုံးမြင့်
December 19, 2014 at 3:39 am
. အန် မိန်းကလေးကို ကွန်ဂရက်ကျူ လေးရှင်း မလုပ်ရဘူး မဟုတ်လား။
ခင်ဇော်
December 19, 2014 at 8:18 am
ငင်။
ဟုတ်လားးး
ခိခိ။
အာ့ဆို ၉၀ဝ ပြည့်ကိုပဲ ကွန်ဂရက်လုပ်တယ်လို့ မှတ်လိုက်နော်။
:k:
padonmar
December 19, 2014 at 7:30 am
ဲပြုံးပြောမှ သတိရတယ်။
ဟုတ်ပါ့။
ဆောရီးပါ မနောရေ။
Good Luck.လို့ ပြန်ဆုတောင်းပေးပါတယ်။
(ပြုံးရေ..အဲလိုဆို မှန်ပြီထင်တယ်နော်)
manawphyulay
December 20, 2014 at 9:24 am
ဟုတ်ကဲ့ပါ ဘယ်လိုပဲဖြစ်ဖြစ် မနော လက်ခံပါတယ်နော် ဟီး…
aye.kk
December 20, 2014 at 12:21 pm
မနောရေ
လွမ်းလို ့လည်းပြန်လာမိတယ်။
ကဗျာလေးနဲ့အတူ မနောစိ်တ်ပြတင်းပေါက်လေးကို
လင်းကနဲမြင်မိလိုက်ရပါတယ် ။။
မြစပဲရိုး
December 27, 2014 at 3:30 pm
တစ်ထောင့်တစ် ကြိမ် မြောက် ပိုစုတို အတွက် ဆက်ပြီး ကြိုးစားလိုက်ပါဦး မနောရေ။ :))
ညီအစ်မ တွေပြောနေတဲ့ ကျန်တဲ့ တစ်ချက် အတွက် လဲ မှန်းတွေးပြီး ပြောလိုက်မယ်။
Well Done ပြောရမလား။
Bravo ပြောရမလား။
Carry On ပြောရမလား။
Don’t do it ပြောရမလား။
ချစ်လို့ စတာနော်။ :))
manawphyulay
December 27, 2014 at 3:55 pm
ရပါတယ်
ဘယ်လိုပဲ ပြောပြော မနော လက်ခံပါတယ်ရှန့်