” မင်းတို့ခေတ်ရောက်ရင် “
” မင်းတို့ခေတ်ရောက်ရင် “
မီးထိန်ထိန်လင်း သူများနိုင်ငံ
သာယာသန့်ရှင်း အိမ်နီးချင်း
အဆင့်တန်းရယ် ခေတ်မှီလှတယ်
လူနေမှုအဆင့် အဆင့်မြင့်ထည်
ညညလာတဲ့ ဇာတ်လမ်းတွဲဝယ်၊
ငါတို့တွေသည် ဘယ်သောခါမှ
ထိုသာယာလှတဲ့ လူဘောင်ဘဝ
နေခွင့်ရမယ် မျှော်ရင်းမောတယ်
အရွယ်တွေက ရပ်နေမရတော့
ဇရာအိုဟောင်း သက်တွေကြီးပေါ့၊
ဟိုတုန်းခါက ကျုပ်အဖိုးစကား
ဆက်ကာသယ်လို့ ထပ်ခါမှာမလို့
ငါတို့ခေတ်တော့ တိုးတက်ပြည်မြန်မာ
မမြင်သာဘူး ငါ့မြေးတို့ရယ်
မင်းတို့ခေတ်တော့ မြင်ရကောင်းပါရဲ့ကွယ်။
ခင်ခ။
15 comments
kai
December 24, 2014 at 4:01 pm
ဒီနေ့ကပဲစလို့..
.. မြန်မာမှန်ရင်..
လူလူချင်း….. ဖူးမျှော်မာန်လျှော့ကန်တော့တာ.. မလုပ်ကြပဲနေလိုက်…။
နောက်နေ့ကစလို့.. အလင်းရောင်မြင်ရမယ်..။
နောက်တောက်လျှောက်…. တိုးတက်လာတဲ့မြန်မာပြည်ကို မြင်ရမယ်..။
ဒီလိုမှမဟုတ်…
ဘာသာရေးမျက်နှာဖုံးတတ်..
လူလူချင်းခွဲခြားကွဲပြားဆက်ဆံနေကြရင်တော့…
မြေးလည်းမမြင်.. မြစ်လည်းမဖြစ်..
တီလည်းမရောက်..
တွတ်ခေတ်မှာ.. ဖွတ်လုံးလုံးဖြစ်လိမ့်…။
ခင် ခ
December 24, 2014 at 5:23 pm
စိတ်ပေါက်ပေါက်နဲ့ ပြောရရင်တော့ သဂျီးရေ တောင်စွယ်နေကွယ်ရင် သတ်တော်ရှည်အမတ်တွေကို သတ်ချင် ချင်နော်။
aye.kk
December 24, 2014 at 4:32 pm
လူကိုလူလိုမြင်ပါမှ….။
လူဟာလူလိုသိပါမှ….။
လူဆိုတာရိုးရိုးကျင့်၊မြင့်မြင့်ကြံ၊မှန်တာပြော၊ဟုတ်တာလုပ်၊
လူကိုလူချင်းအလေးထားလေးစားတတ်ပါမှရောက်မည်ထင်။။
aye.kk
December 24, 2014 at 4:45 pm
အမေက
အဲဒီဆောင်ပုဒ်ကို
အလွတ်ကျက်မှတ်ခိုင်းခဲ့တယ်
မရခဲ့လို ့ပေါင်မှာအရှိုးရာထပ်ခဲ့တဲ့ညတွေများခဲ့ရတယ်။
အမေကထားဝယ်ကြိမ်လုံးနဲ ့ရိုက်တာ။စပ်သလားမမေးနဲ ့။
ခေါင်းကြောမာတဲ့ကျမက နားမလည်ဘူးလေ။
လူဟာလူလိုသိပါမှဆိုတဲ့အပိုဒ်က နားမလည်ခဲ့တော့
လူကလူပဲလူလိုဘာလို ့နားမလည်ရလဲ အမေ့ကိုပြန်ပြောမိပါတယ်။
အဲဒီဆောင်ပုဒ်ကို
ညရောက်တိုင်းအမေက
အလွတ်ဆိုခိုင်းခဲ့တယ်။သူငယ်တန်းအရွယ်တုန်းကပါ။
ကိုယ်ကမဆိုချင်တော့၊
အမေကရိုက်၊ကိုယ်ကလက်ပိုက်ပြီးငို၊မျက်ရည်စက်လက်နဲ ့ပေါ့။
အဖေကမြင်တော့ မနေနိုင်အမေ့ကိုဆူခဲ့တယ်။
အခုတော့ အမေ့မေတ္တာ ကောင်းကောင်းနားလည် သဘောပေါက်ခဲ့တယ် ။
အချိန်တွေက ပြန်မရတော့ဘူး။ သင်ခန်းစာပါဘဲ။ ကိုယ်ကခြေညိုးရှည်တဲ့သူလေ။။
ခင် ခ
December 24, 2014 at 5:25 pm
လူကို လူလို မြင်တတ်ဖို့ဆိုတာ အတန်းအလွှာခွဲခြားမှုကင်းမှ ဖြစ်မှာဆိုတော့ကာ အင်း အပေါ်ကသဂျီးပြောသလို ဖူးမျှော်မာန်လျော့ကန့်တော့ တာတွေများ များလေရော့လား အမအေးရေ။
အလင်းဆက်@မောင်သူရ
December 24, 2014 at 4:50 pm
အဟမ်းးး
အိမ်နီးချင်းနိုင်ငံတချို့
မီးထိန်ထိန်ညီးဖို့. . .
ကျနော်တို့နိုင်ငံထဲက စွမ်းအင်တွေ ပေးနေရတာကိုပဲ
ကုသိုလ်ရတယ်ဆိုပြီး ကျေနပ် နှစ်သိမ့်နေကြတော့မလားးးးးး
:kwi:
သူ့ဘက်ကမ်းက မီး
ဘယ်လောက် လင်းသလဲ ကြည့်ဖို့
ကိုယ့်ဘက်ကမ်းကမီး ငြှိမ်းကြည့်နေတာပါ လို့ပဲ
ကြံဖန် ဆင်ခြေပေးနေဦးမလားးးးးး
:k:
ကိုယ့်ထမင်းကိုယ်စားပြီး သူများထက် နောက်ကျတာ
ဘယ်သူ့ဂရုစိုက်ရမဒုန်းကွဆိုပြီး
တလွဲမာနနဲ့ ထုံကြ အကြ ဦးမလားးးးးး
မလားးးး
မလားးးး
😆
ခင် ခ
December 24, 2014 at 5:26 pm
ဖြည့်တွေးတတ်ပုံလေးတော့ သဘောကျမိပါ၏ဗျာ ကိုအလင်းဆက်ရေ။
အလင်းဆက်@မောင်သူရ
December 24, 2014 at 9:25 pm
အဲ… အစိမ်းလေးနဲ့ လှထာ… ။
အမှန်တော ့ရိုက်ပေါက်..
:k:
စိမ်းထားတဲ့အတွက် ဇူးဇူး လေးခ
😆
naywoon ni
December 25, 2014 at 9:25 am
ကျုပ်ဘဂျီး ဘုရားရှငိခိုးပီးတိုင်း ကြေစည်ထုတယ်ဗျာ ” မထင်” ဒဲ့ 🙂
မြစပဲရိုး
December 27, 2014 at 5:19 am
“မင်းတို့ ခေတ်ရောက်ရင်” ကြီး ကို မျိုးဆက်တိုင်းဆီ လက်ဆင့်ကမ်း တဲ့ ယဉ်ကျေးမှု ဖြစ်နေရပါပေါ့ ကိုခရေ။ 🙄
ခင်ဇော်
December 27, 2014 at 8:09 am
Commentသူတို့ခေတ် အတွက်
ကျနော်တို့ ခေတ်မှာ တိုက်ပွဲဝင်ရလိမ့်မယ်။
:a:
အတွေးလေး
December 27, 2014 at 1:48 pm
မင်းတို့ခေတ်လည်း ဒုံရင်းဒုံရင်း ထင်တာပဲ ကွယ်
manawphyulay
December 27, 2014 at 3:46 pm
ဆရာအော်ပီကျယ် အင်းစိန်စာပေဟောပြောပွဲတုန်းက ပြောတာလေး သွားသတိရမိတယ်။
လွန်ခဲ့သော နှစ် ၃ဝက အင်းစိန် ဂျီတီစီတက်တုန်းက ဒီမြို့သစ်လေးမှာ မီးလေးတွေ မှိတ်တုတ် မှိတ်တုတ်နဲ့တဲ့။ ဟော အခုလည်း သူ ပြန်လာရော မီးလေးတွေက မှိတ်တုတ် မှိတ်တုတ်ပါပဲတဲ့ သူ ပြောနေတုန်း ဗြုန်းဆို မီးပျက်သွားရော….. နောင်တစ်ချိန်ဆိုရင်ကော…. ဒီလိုပဲ မှိတ်တုတ် မှိတ်တုတ်ပဲ ဖြစ်နေဦးမလားဆိုတာ……
uncle gyi
December 28, 2014 at 8:26 am
လက်ဆင့်ကမ်းတယ်ဆိုတာယူလိုက်လို့လက်ဆင့်ကမ်းလို့ရတာပါ
မယူလိုက်ရင်လက်ဆင့်ကမ်းလို့မရပါဖူး
အဲဒီမယူတဲ့လက်ဖြစ်ဖို့
kyeemite
December 29, 2014 at 3:43 pm
.တပ်မတော်သည် အမျိုသားနိုင်ငံရေးကို ဦးဆောင်သောအခန်းကဏ္ဍက ပါနေသ၍ …..ဝေးးးးးးးးနေအုံးမည်