Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အွန်လိုင်းနှင့်ဆက်နွယ်သောမှုခင်းများ

ရာမညDecember 24, 20141min89720

^^^ အွန်လိုင်းနှင့် ဆက်နွယ်သော မှုခင်းများ ^^^

မှုခင်းဟုဆိုရာတွင် တည်ဆဲဥပဒေအရပြဌန်းထားသောကျူးလွန်မှု ဖေါက်ဖျက်မှုများကိုဆိုလိုပါသည် ။
( အဆိုပါဥပဒေများ ကန့်သတ်ချက်စည်းမျဉ်းစည်းကမ်းများက်ို ဝေဖန်ခြင်းမဟုတ်ပါ )

ယနေ့ မြန်မာပြည် အရပ်ရပ်တွင် တယ်လီဖုန်းများ အလွယ်တကူအသုံးပြုနိုင်ပြည်ဖြစ်သောကြောင့် အင်တာနက် ဝန်ဆောင်မှုများလည်း
လွယ်ကူစွာသုံးနိုင်လာပြီဖြစ်သည် ။
အသုံးပြုသော အခြေအပေါ်မူတည်၍ အကျိုးအပြစ် ကွဲပြားသည်မှာ ထင်ရှားပါသည် ။
အများစုအသုံးပြုနေသည်မှာ ထူးခြားသောကစားစရာတခုသဖွယ် ကိုင်တွယ်၍လည်းကောင်း ၊ အသစ်အဆန်းနည်းပညာတစ်ခုသဖွယ် ကစားခြင်းဖြင့်လည်းကောင်း ၊ လူမှုဆက်သွယ်ရေးဆိုင်ရာ ကြားခံဝန်ဆောင်မှုတခုအဖြစ်လည်းကောင်း သုံးစွဲလာကြသည် ။

ထိုကဲ့သို့ သုံးစွဲလာရာတွင် Facebook ယဉ်ကျေးမှုတော်လှန်ရေးအဖြစ် ပြောင်းလဲလာသည်ဖြစ်သောကြောင့်
ကြီးငယ်မရွေး ဖေ့စ်ဘွတ်အကောင့်များနှင့် အွန်လိုင်းပေါ်တွင် ပျားပန်းခတ်မျှ စည်ကားနေသည်ကို မြင်ရမည်ဖြစ်သည် ။
အဆိုပါ ဖေ့စ်ဘွတ်သည် မိမိကိုယ်ပိုင်စီမံပိုင်ခွင့်ရှိသော အခွင့်အရေးကိုပေးထားသောကြောင့် လည်းကောင်း ၊ သုံးစွဲရာတွင် လွယ်ကူချောမွေ့သောကြောင့်လည်းကောင်း ၊ မြန်မာပြည်၏ ဖုန်းအင်တာနက်ဝန်ဆောင်မှုများဖြင့် ကောင်းစွာသုံးနိုင်သောကြောင့်လည်းကောင်း ၊ အချိန်ကာလတိုအတွင်း လူအများကြားတွင် ကူးစက်ရောဂါသဖွယ် ပျံ့နှံ့လာသည် ။ တိုက်နယ်အဆင့် မြို့လေးများမှ မြို့ကြီးများအထိ ကလေးသူငယ်များပါ ဖေ့စ်ဘွတ်ပေါ်တွင် တွေ့နေရသည် ။

အရွယ်မတန်သေးသော တနည်းအားဖြင့်ဆိုသော် မိမိကိုယ်ကို ထိမ်းနိုင်စွမ်းမရှိသေးသော ကလေးသူငယ်များအတွက် ဖေ့စ်ဘွတ်သည် အသုံးမတတ်ပါက ခလုပ်ဖွင့်ထားသော ထောင်ချောက်တစ်ခုဖြစ်နေသည်မှာ ရင်လေးဖွယ်ဖြစ်သည် ။ သာဓကပေါင်းများစွာအနက်မှ အနည်းငယ်ထုတ်ပြရလျှင် – – —
လွန်ခဲ့သောနှစ်က အင်တာနက်ပွန်းဆိုက်တစ်ခုတွင် (14)နှစ်အရွယ် ကလေးမလေးဓတ်ပုံကိုတွေ့ခဲ့ရပါသည် ။
ထိုကလေးသည် မိမိ၏ အသိမိတ်ဆွေတစ်ဦး၏သမီးဖြစ်နေသောကြောင့် လွန်စွာစိတ်မကောင်းဖြစ်မိသည့်အားလျော်စွာ မည်သို့ဖြစ်ပျက်သည်ကို စုံစမ်းရပါတော့သည် ။

နောက်ဆုံးတွင် အဆိုပါဖြစ်စဉ်အားအောက်ပါအတိုင်းကောက်ချက်ချနိုင်ခဲ့သည် ။
ထိုသမီးငယ်သည် ဖေ့စ်ဘွတ်အကောင့်တစ်ခုကို မိဘများမသိစေပဲ ပြုလုပ်ဖန်တီးပြီးလျှင် မိမိ၏ဓတ်ပုံများကို လွတ်လပ်စွာတင်ထားခဲ့သည် ။
ထိုသမီးငယ်၏ ဖေ့စ်ဘွတ်သူငယ်ချင်းစာရင်းတွင် မသင်္ကာဖွယ် အကောင့်များစွာကိုလည်း တွေ့ရှိခဲ့ရပါသည် ။
သို့ရာတွင် ထိုသမီးငယ်သည် ဖေ့စ်ဘွတ်ဆက်တင်များကို ကောင်းစွာသိရှိအသုံးချပီး မိမိအကောင့်က်ိုကာကွယ်ထားခြင်းမပြုလုပ်ခဲ့ပါသောကြောင့် မည်သူမဆို ဝင်ရောက်ကြည့်ရှုကူးယူနိုင်ပါသည် ။
ဓတ်ပုံများမှာ ဟန်မူယာအမျိုးမျိုးဖြင့်ရိုက်ကူးထားသော်လည်း အဝတ်အစားများကိုဖေါ်ချွတ်ခြင်းမရှိပါ ။
သို့ရာတွင် အဆိုပါ ပွန်းဆိုက်တွင် စပွန်ဆာလိုအပ်နေသူဟု လုပ်ကြံလီစယ်ပြီးလျှင် ရေးသားထားခြင်းခံရပါသည် ။

မိမိသည် အဆိုပါသမီးငယ်၏မိဘများအားသိကျွမ်းနေသည့် အားလျော်စွာ ၎င်းတို့၏ ပိုင်ဆိုင်မှု ၊ စီးပွါးရေးအခြေအနေကို ကောင်းစွာသိရှိနေသည်ဖြစ်သောကြောင့် အထက်ပါလုပ်ကြံမှုအား လွန်စွာစိတ်မကောင်းဖြစ်မိသည်နှင့်အညီ အထူးတလည် ဒေါမနဿ ဖြစ်မိပါသည် ။
ထိုသမီးငယ်၏မိဘများသည် ကိုယ်ပိုင်တိုက်တာ အိမ်မြေများစွာပိုင်ဆိုင်ပြီးလျှင် လုပ်ငန်းရှင်ကြေးရတတ်များဖြစ်ပါသည် ။
ထို့ကြောင့် လုပ်ငန်းကိစ္စများဖြင့်မအားလပ်နိုင်သည်ဖြစ်သောကြောင့် မိမိကလေးအား အနီးကပ်ကြီးကြပ်နိုင်ခြင်း မရှိသည့်အပြင် ငွေကြေးတတ်နိုင်သူဖြစ်သောကြောင့်လည်း
ထိုက်သင့်သည်ထက်များစွာအလိုလိုက်ခဲ့သည်ဟုထင်ပါသည် ။

အထက်ပါဖြစ်ရပ်ကို မိဘများအားပြောဆိုအသိပေးရန်စဉ်းစားခဲ့ပါသော်လည်း သွေးဆူလွယ်သော ကလေးမအရွယ်ဖြစ်သောကြောင့်ဓါတ်ပုံကိုသာ အဆိုပါပွန်းဆိုက်မှဖယ်ရှားရန်အတွက် ပထမဦးစွာဆောင်ရွက်ခဲ့ရပါသည် ။
ထို့နောက် ၎င်းမိဘများအား အွန်လိုင်းအန္တရယ်များကို သွယ်ဝိုက်သောနည်းဖြင့်သာ အသိပေးနိုင်ခဲ့ပါသည် ။
အထက်ပါအဖြစ်အပျက်များနှင့်ဆင်တူယိုးမှားအဖြစ်အပျက်များစွာတို့သည် ပေါ်ပေါက်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သည် ။
တိုင်ချက်များစွာလည်း လက်ခံရရှိနေသော်ငြား ထိရောက်သောဆောင်ရွက်နိုင်ခြင်း မရှိသေးဟုမြင်ပါသည် ။

နည်းပညာနှင့်ဆက်စပ်ပစ္စည်းများ၏လိုအပ်ချက်ရှိနေသောကြောင့်လည်းကောင်း ၊ အခြားသော ( ……… ) အခြေအနေများကြောင့်လည်းကောင်း မိမိသားသမီးနှင့် မိမိကိုယ်သာ ကာကွယ်စောင့်ရှောက်ခြင်းသည်သာ ဦးစွာပထမ ပြုသင့်ပါသည် ။
အထက်ပါအဖြစ်အပျက်မှ မိဘများကဲ့သို့ မိမိသားသမီးအား လွတ်လပ်သင့်သည်ထက်ပို၍ လွှတ်ပေးထားပါလျှင် ဂုဏ်သိက္ခာထိခိုက်စေသော ဖြစ်ရပ်များပေါ်ပေါက်လာနိုင်ပါသည် ။
သို့ရာတွင် မိဘများ၏သဘောထားလည်းအရေးကြီးလေသည် ။တချို့သောမိဘများသည် မိမိသားသမီးကိုယုံစားလွန်းသည်နှင့်အားလျော်စွာ အခြားသူများသတင်းပေးပါက ဘူးခံ၍ ငြင်းတတ်သည် ။ထိုထက်ပိုပြီးလျှင် ရန်လုပ်ခြင်း ၊ အထင်လွဲခြင်းများဖြင့် တုန့်ပြန်တတ်သောကြောင့် အဆိုပါမိဘများအား ပြောဆိုသတင်းပေးရန် လွန်စွာခက်ခဲလှပေသည် ။

ဤတွင် အမုန်းမခံလိုသောသူများသည် ဆိတ်ဆိတ်နေခြင်းဖြင့်သာ လစ်လျူရှုတတ်ကြပါသည် ။
ထို့ကြောင့် မလိုလားအပ်သောနစ်နာမှုများ ၊ အမှုအခင်းများဖြစ်ပေါ်လာနိုင်ပါသည် ။
အဆိုပါ သမီးငယ်လေးမှာ သူ၏ဖုန်းနံပါတ်ကို ဖေ့ဘွတ်ပေါ်တွင်မရေးထားသည်မှာ ကံကောင်းသွားပါသည် ။
ပွန်းဆိုက်များစွာတွင် ပြည့်တန်ဆာဟု အမည်တပ်ပြိီးဖုန်းနံပါတ်များကို ပေးထားကြပါသည် ။
ထိုဖုန်းနံပါတ် ၉၀%သည် မိန်းမကောင်းများဖြစ်ပြီးလျှင် နေ့စဉ်စိတ်ဒုက္ခကြီးစွာရောက်လျက် မဟုတ်မမှန်ကြောင်းဖြေကြားနေရသည်ဟု ဆိုကြပါသည် ။

ဓါတ်ပုံများ အတင်ခံရသော မိန်းမကောင်းများသည်လည်း ၎င်းတို့၏ဓါတ်ပုံများ ဖျက်ပေးရန်အတွက် အပေးအယူအမျိုးမျိုး တောင်းဆိုခြင်းခံရသည်ဟုဆိုပါသည် ။
ထိုအမှုအခင်းများကိုလွန်ခဲ့သော ကာလကတိုင်ချက်ဖွင့်ပါသော်လည်း ထိရောက်သောစုံစမ်းမှု ၊ ဖေါ်ထုတ်နိုင်မှု ၊ အရေးယူမှုများ မပြုလုပ်နိုင်ခဲ့သောကြောင့်
အဆိုပါ အဖြစ်အပျက်များသည် ဆက်လက်ဖြစ်ပေါ်နေခဲ့ပါသည် ။
(ယခုလည်း အားနည်းနေသေးသည်ဟု ထင်မြင်ပါသည် )
နောက်ထပ် ဖြစ်ပွါးသောအခြေအနေတမျိုးမှာ မိမိမုန်းတီးသောသူအားလည်းကောင်း ၊
ပတ်သက်သူ ဆွေမျိုးမိန်းကလေးအားလည်းကောင်း ၊ အဆိုပါ ပွန်းဆိုက်များသို့ ဓါတ်ပုံပို့ပြီးလျှင် ပြည့်တန်ဆာ ဟုကြော်ငြာခိုင်းပါသည် ။
ပြင်ပအခြေအနေတွင်လည်း အွန်လိုင်းမှ ပြည့်တန်ဆာဝန်ဆောင်မှုများ ရှိနေပါသောကြောင့် အဆိုပါလုပ်ကြံခံရသောမိန်းကလေးတို့အား ယုံကြည်ကြသည်ကိုအပြစ်မဆိုနိုင်ပေ ။
လွန်စွာဖြေရှင်းရန်ခက်သော လူမှုရေးတိုက်ခိုက်မှုပင်ဖြစ်သည် ။

တိုက်ခိုက်မှုဟူသည် လူသားသမိုင်းအစမှ ယခုထိတိုင် ရှိနေပါသည် ။နောင်အနာဂါတ်ကာလတွင်လည်း ရှိနေပါလိ်မ့်မည် ။ သို့ရာတွင် မျက်နှာခြင်းဆိုင် စိမ်ခေါ်တိုက်ခိုက်ခြင်း ၊ အုပ်စုဖွဲ့ပြီးလျှင် စုပေါင်းတိုက်ခိုက်ခြင်း ၊ ယုံကြည်ရာအောက်လမ်းပညာများဖြင့်တိုက်ခိုက်ခြင်းတို့ရှိသည့်အနက် စိမ်ခေါ်တိုက်ခိုက်ခြင်းနှင့် အုပ်စုဖွဲ့တိုက်ခိုက်ခြင်း (စစ်ပွဲ) တို့သည်
ညီမျှသော တနည်းအားဖြင့်ဆိုသော် အထက်တန်းကျသောတိုက်ခိုက်ခြင်းတို့ဖြစ်သည် ။
(ရာဇဝတ်မှု ၊ တရားခြင်း ၊ မတရားခြင်း ကိုမဆိုလို )
ယုံကြည်ရာအောက်လမ်းပညာများဖြင့် တိုက်ခိုက်ခြင်းသည် အောက်တန်းကျသောတိုက်ခိုက်မှုပင်ဖြစ်သည် ။
တရားစွဲ၍မရ ၊ တိုင်ချက်ဖွင့်၍မရ ၊ မည်သူမှန်းမသ်ိရပဲ မမြင်နိုင်သောစွမ်းအားများသုံးပြီးလျှင် တိုက်ခိုက်ခြင်းဖြစ်သည် ။
ယနေ့အခါတွင် ထိုကဲ့သောအောက်လမ်းပညာများ တိမ်ကောပျောက်ကွယ်သွားပြီဖြစ်သော်လည်း အဆိုပါ အောက်လမ်းပညာများထက်ပိုကြောက်စရာကောင်းသော အွန်လိုင်းလုပ်ကြံမှုများ ကိုတွေ့မြင်သိရှိနေရပြီဖြစ်လေသည် ။
တချို့သောသူများသည် အွန်လိုင်းအကောင့်များတွင် မိမိ၏ပရိုဖိုင်အမှန်တင်ပြီး မိမိအလုပ်အကိုင် ၊ ဆက်သွယ်ရန်လိပ်စာ နှင့်ဖုန်းနံပါတ်များကို လွှင့်တင်ထားကြပါသည် ။
အများစုမှာ မိမိ၏ပရိုဖိုင်အမှန်ကိုတင်ခြင်းမရှိပါပဲ ရိုးသားစွာ ၊ ပြဿနာကင်းစွာ သုံးစွဲကြသည် ။
အနည်းငယ်သော လူတစုမှာ ပရိုဖိုင်အမှန်မတင်ပါပဲ ပြဿနာများဖန်တီးခြင်း ၊ ဝေဖန်အပုတ်ချခြင်းများနှင့်တကွ အထက်ဖေါ်ပြပါလုပ်ကြံမှုများကို ပုဂ္ဂိုလ်ရေး မကျေနပ်မှု ၊ ဆိတ်ကွယ်ရာဟူသောမှောင်ရိပ်ခို၍ ကြံစည်မှု ၊ အပျော်သဘောနောက်ပြောင်မှုများပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည် ။

ထို့ကြောင့် အွန်လိုင်းသုံးစွဲသူများ အနေဖြင့် မိမိအကောင့်အား ကောင်းစွာစောင့်ရှောက်ထိမ်းသိမ်းနိုင်စေရန်အလို့ငှါ လေ့လာသိရှိထားရန်လိုအပ်လှပေသည် ။
မိဘများအနေဖြင့်လည်း မိမိသားသမီးများ၏အခြေအနေကို စဉ်ဆက်မပြတ်အကဲခတ်ပြီးလျှင် လိုအပ်သလို ထိန်းချုပ်ကိုင်တွယ်သင့်သည် ။
ယနေ့ခေတ်ကာလတွင် အွန်လိုင်းပျော်များအဖြစ်အလယ်လွန်ပါက အသက်မပြည့်သေးသူ ၊ မိမိကိုယ်ကိုမကာကွယ်နိုင်သူများသည်
အဆိုပါ အွန်လိုင်းလူယုတ်မာများလက်ချက်ဖြင့် အရှက်တကွဲဖြစ်နိုင်သည်သာမက မိမိ၏ဘဝတလျောက်လုံးပင် အမည်းစက်များစွန်းထင်းသွားနိုင်ပါသည် ။
အွန်လိုင်းကြောင့်ဖြစ်ပွါးသော ရာဇဝတ်မှုများကို ဖေါ်ထုတ်ရေးသားခြင်းငှါ မဖြစ်နိုင်သောကြောင့် ချန်လှပ်ခဲ့ပါသည် ။
သို့ရာတွင် အွန်လိုင်းဟူသည် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် အသုံးပြုပါက လွန်စွာ အကျိုးရှိသည့်နည်းတူ ရည်ရွယ်ချက်မကောင်းပါက မိမိအား လောကအကျိုး သံသရာအကျိုး ထိခိုက်စေမည်ဖြစ်သည်ကို မိမိနှင့်တကွ သားသမီးများအားသတိပြုနိုင်စေခြင်းအလို့ငှါ
ပညာရှိသတိဖြစ်ခဲ ဟူ၍ သတိတရားမလွတ်စေရန် မိချောင်းမင်းရေခင်းပြမိပါတော့သည် ။

ကြိုးစားပါဦးမည်
ရာမည

20 comments

  • kai

    December 24, 2014 at 3:56 pm

    တလောက… ဟောလိဝုဒ်မင်းသမီးတွေရဲ့.. ကိုယ်တုံးလုံးပုံတွေ အင်တာနက်ထဲပြန့်သွားဖူးတယ်..။
    အိုင်ဖုံးနဲ့.. ပါစင်နယ်ရိုက်ထားတာတွေကို.. အိုင်ကလောက်ကနေ… မ,သွားတာတွေတဲ့..။

    မင်းသမီးတွေဘာများလုပ်ရသလဲဆိုတော့.. အဲဒါတွေမကြည့်ပါနဲ့.. ပါစင်နယ်တွေပါလို့.. ပရိသတ်ကြီးကိုတောင်းပန်ရတော့တာ…။

    တခြားဖြေရှင်းနည်းရှိရင်.. သိချင်သား..။
    =
    ခုရက်ပိုင်းမှာက.. ဆိုနီပစ်ချာက.. မြောက်ကိုရီးယားအကြီးအကဲလုပ်ကြံသတ်ဖြတ်တဲ့.. ဟာသကားကို..ရိုက်ပြီး.. အခုခရစ်စမတ်မှာတင်ဖို့လုပ်တာကို.. မြောက်ကကြီးဟက်ကာတွေက.. ဆိုနီထဲဝင်မွှေလိုက်တာ.. ကုမ္ပဏီပျက်သလောက်ဖြစ်သွားပါရောလား..။
    ဝန်ထမ်းတွေရဲ့..ပါစင်နယ်တွေ အကုန်ပါကုန်တာပေါ့.။
    မနေ့တနေ့ကတင်.. မြောက်ကိုရီးယားရဲ့တနိုင်ငံလုံးအင်တာနက်ကို.. တခြားကောင်တာဟက်ကာအုပ်စုတခုက.. ဖြုတ်ချပြလိုက်တယ်..။

    အခုတော့.. ဆိုနီက.. အဲဒီရုပ်ရှင်ကို.. ခရစ်စမတ်မှာပြမယ်.. ပြန်ကြေငြာလိုက်ပြီ…

    ဆိုတော့…
    ဒါက.. ဖြေရှင်းနည်းတခုလား.. သိချင်သား….။

    • ဝင့်ပြုံးမြင့်

      December 28, 2014 at 8:43 pm

      .တန်ဖိုးရှိတဲ့ ပို့စ်လေးမို့ ဖတ်ရတာ ကျေးဇူးပါ ကိုရာမညရေ။
      . အင်တာဗျူး ကားက ဒေါင်းလုပ်ပြီးကြည့်တာ စာတန်း မပါဘူး။ စိတ်ညစ်တယ်။ မျှစ်က အကြားအာရုံချို့တဲ့တယ်။ စာတန်းမပါရင် မလွယ်။ အဲဒီ ဟာသကားကို ဒီလို ကြည့်ရုံနဲ့ မြောက်ကိုရီးယားကို နားမလည်နိုင်ပါဘူး။ မြောက်ကိုရီးယား ဘာကောင်လဲဆိုတာ မကြာခင် သိရတော့မယ်လေ။

  • ”မိကျောင်းမင်း ရေကင်းပြ ”မဟုတ်ဘူးလား ကရာမည
    အဲ့စကားပုံလေး ထည့်ရေးထားတာ ဖတ်မိလို့
    အရပ်ထဲလည်း တချို့
    မိကျောင်းမင်း ရေခင်းပြလို့ပဲ ပြောကြ ရေးကြတာ တွေ့နေရတယ်

    ကျနော် ဖတ်ဖူးတာတော့ အမှန်က
    မိကျောင်းမင်းကို ”ရေကင်း” ပြ တယ် ဆိုလားးး

    ဘာရယ်မဟုတ်ပါဘူး။
    ၁၂ ကျပ်လည်း ဝင်ယူရင်း ရေကင်းလေး ဝင်ပြတာ။

    :k:

  • ခင်ဇော်

    December 24, 2014 at 4:52 pm

    One of the Good Posts in this month.
    Thank you.
    🙂

    • ဖားသက်ပြင်း

      December 24, 2014 at 5:24 pm

      One of the best လုပ်​ပါ မမယီး
      သီဟပူရသူ​တေများ ယင်​းဂလိစာ တယ်​ဟဲ့ဟဲ့ ညံ့တာကိုး

      ဇာတ်​မင်​းသား​လေသံဖြင်​့ဖတ်​ပါ

      • ခင်ဇော်

        December 24, 2014 at 7:56 pm

        One of the worst comments in this month.

        :k:

  • padonmar

    December 24, 2014 at 9:29 pm

    သတိပေးစာလေး အလွန်ကောင်းပါအိ။

  • ဖားသက်ပြင်း

    December 25, 2014 at 1:13 am

    ဆိုင်​ဘာ ဘူလီယင်​းအ​ကြောင်​း​တော့ ​နောင်​အချိန်​ရရင်​
    အ​သေအချာ ​ဆွေး​နွေးချင်​ပါ​သေးသဗျာ

  • မြစပဲရိုး

    December 27, 2014 at 5:05 am

    ဒါတွေလုပ်ရင် ဒီလို ပြစ်ဒါဏ် တွေ က စောင့်နေတယ် လို့ အသေအချာ ထုတ်ပြန်တာတွေ၊
    ပညာပေး တွေ နဲ့ မဖြစ်ခင် ကာကွယ်ရပါတယ်။
    အခု ကိုရာမည ရေးလိုက်သလိုပေါ့။
    အရမ်းကောင်းပါတယ်။

    ဒီဘက်တွေမတော့ အဲဒီ အွန်လိုင်း ဖွန်ကြောင် ဗူး တွေ ကို ထောင်ချောက်ဆင် ဖမ်း လေ့ရှိတာဘဲ ကိုရာမည ရဲ့။
    တကယ်လိုက်ချင်ရင် အစရှာလိုက်လို့ ရမှာပါ။
    အုပ်ချုပ်သူများ ရဲ့ စေတနာ နဲ့ တိုင်းပြည်က အနာဂါတ်ပန်း တွေ ကို ကာကွယ်ပေးချင်တဲ့ စိတ်ဓာတ် တွေ က အရင် လိုတာပါ။

  • ဦးကျောက်ခဲ

    December 27, 2014 at 11:03 am

    ခေတ်ကာလရေစီးကိုမပိတ်ပင်ပေမယ့်… အရွယ်ရောက်လို့ အွန်လိုင်းသုံးမယ်ဆိုရင်…
    ကောင်းကျိုး ဆိုးပြစ်နဲ့ ကာကွယ်မှူကို သင်ထားပေးပြီးမှလွှတ်ပေးတာ ပိုကောင်းမယ်… ထင်

    • Kaung Kin Pyar

      December 29, 2014 at 10:33 am

      အူးကျောက်စ် ဒီပိုစ့်လေးဖတ်ပြီး မမနှင်းမွေးပေးတာ ယောကျာင်္းလေးမို့ တမျိုးတော်သေးလို့များ တွေးနေလားဟင်…
      :k:

  • CharTooLan

    December 27, 2014 at 1:12 pm

    အာ့ဆို………….
    ဒီအင်တာနက်ဆိုတာယီးကို ဖျတ်တောက်ပိတ်ဆို့ဖို့ ဆန္ဒပြတောင်းဆိုပလိုက်ယင်မကောင်းဝူးလား
    မွေးဂဒဲကရှိနေတာမှ မဟုတ်တာ မရှိတော့လဲဘာဖစ် အံဒရယ်တောင်ကင်းသေး
    မှုတ်ဝူးလား ခိခိ 😀
    (ကောင်းချီးပေးဂျဒေါ့မယ်……)

  • Paing Lay

    December 27, 2014 at 2:27 pm

    ကောင်းလိုက်တဲ့ ပို့စ်ဗျာ။ မှန်ပါ့ ကိုရာမညရေ။ အခုလေးတင်ပဲ Celebrity လိုနေတဲ့ ကောင်မလေးတစ်ယောက် နှစ်ကြိမ်တိတိ Cyber Bullying လုပ်ခံနေရပြီးပြီ။ ဒါလည်း အမှတ်မရှိ ပုံတွေ ထပ်တင်တုန်း။ ဘဝပျက်မှပဲ မှတ်လောက်သားလောက်ရှိမယ်ထင်ပါတယ်ဗျာ။

  • manawphyulay

    December 27, 2014 at 4:39 pm

    ဒီပြဿနာတွေက အင်တာနက် စပေါ်လာတာနဲ့ ကြုံရတာတွေပါပဲ။ ခုနောက်ပိုင်းဆို ပိုပြီး ဆိုးလာတာ တွေ့ရတယ်။ သုံးတတ်ရင် ပညာရ မသုံးတတ်တော့ ဘေးထွက်ဆိုးကျိုးတွေ ရရှိကုန်ကြတော့တာပါပဲ။ လူတွေကလည်း သိသိနဲ့ကို အသုံးပြုလာကြတော့တာပဲ။ မလွယ်တော့ မလွယ်ဘူး။

  • uncle gyi

    December 28, 2014 at 8:13 am

    သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေးဆိုသလို
    သိနားလည်သူတွေက
    သုံးတတ်အောင်ပညာပေးဆောင်းပါးတွေ
    နည်းပညာဆောင်းပါးတွေများများပေါ်လာအောင်
    ဝိုင်းဝန်းလုပ်ဆောင်သင့်ပါကြောင်း

  • Ma Ma

    December 28, 2014 at 9:15 am

    ဘာမှမဟုတ်တဲ့ ကိုယ့်မေးလ်လေးတောင် ဟက်ခံရပြီး ဝင်လို့မရတော့ဘူး။
    ဝင်မရတော့လည်း မဝင်ရုံပဲ ရှိတာပေ့ါ။
    ပါစင်နယ် မေးလ်မို့လို့ပဲ။
    လုပ်ငန်းနဲ့ဆိုင်တဲ့ မေးလ်များဆို ဒုက္ခ။ 🙁

  • Shwe Ei

    December 29, 2014 at 4:20 pm

    -အကောင့်ဖွင့်ပီးတာနဲ့ password ကို strong ဖစ်တာရွေးထား
    -ဘယ်နေရာမှာဘဲ အင်တာနက်သုံးသုံး LogOut အမြဲလုပ်ပေး
    -ဖုန်းထဲမှာဆို cache တတ်နိုင်သမျှ မကြာခဏဖျက်ပေး
    -friend list ကိုအမြဲစစ် (gmail ရော facebook ရော)…မသိတဲ့လူများလာရင် ရှင်းထုတ်လိုက်
    -ခလေးတွေ အင်တာနက် အသုံးကြမ်းတာက တော့ အုပ်ချုပ်သူကိုယ်တိုင် စည်းမျဉ်းစည်းကမ်း -နားမလည်လို့ဖစ်တာများပါတယ်။ ပြသနာတက်မှ ကြောက်တတ်ကြတာမျိုးလေ။ တလောက FB မှာ -သူငယ်ချင်းတစ်ယောက် အကောင့်ပုန်းတေအကြောင်း ဟက်ကာတေအကြောင်း -သတိပေးတဲ့ပို့စ်တင်တာတောင် ဝိုင်းဆဲသူတွေ တပုံရီးးး….ဘယ်နှဲ့လုပ် ပညာပေးရပါ့ ???

  • kyeemite

    December 30, 2014 at 3:04 pm

    အလုပ်မအားတာနဲ့နောက်ကျနေတယ်ဗျာ…
    အင်မတန်ကောင်းတဲ့အသိပေးပို့စ်လေးမို့ ကျေးဇူးတင်ပါတယ်..အိမ်ကသမီးကိုလည်းပေးဖတ်ရမယ်ဗျ

  • Wow

    January 1, 2015 at 10:02 am

    အမှန်က ဖဘအကောင့်မှာ ကိုယ်မသိသူမထားတာ ကောင်းဒယ်ဗျ..
    တချို့ခေးဒွေကျ.. ကိုယ့်အကောင့်လူများတာ.. ကိုယ့်ပို့စ်မှာ like တွေများဒါ ဂုဏ်ယူကြတော့ တွေ့သမျှအကောင့်လက်ခံရာက အဲ့လိုဖစ်တာပဲ …

    • pooch

      January 2, 2015 at 12:49 am

      ဟုတ်​ပါ့ အဲ့က​လေး​တွေ ဘယ်​နှယ့်​ဖြစ်​ပြီး like အဲ့​လောက်​ကြိုက်​တယ်​မသိ
      သိတယ်​ဆိုတဲ့လူ​တောင်​ သိပ်​မရင်​းရင်​ list ခွဲထားလိုက်​တယ်​
      လူဆိုးကဂျိုမှမပါတာကိုး ​နော့်​: mrgreenn:

Leave a Reply