” မတူကွဲပြား “
” မတူကွဲပြား “
တိုင်းပြည်အုပ်ချုပ်
ခေါင်းဆောင်လုပ်ခါ
ဒီတိုင်းပြည်ကို
လွှတ်လပ်ချင်လို့
သူပိုင်သိပ်မရှိ
ပကာသနမသိ
မျှတစိတ်ရှိတဲ့
ထိုသူမှာတော့
အများလေးစား
အာဇာနည်ယောက်ျား။
တိုင်းပြည်အုပ်ချုပ်
ခေါင်းဆောင်လုပ်ခါ
မြေကွက်လည်းပိုင်
အိမ်ပေါင်းရံလို့
စီးပွားတွေတိုး
အမျိုးကောင်းစား
ထိုသူမှာတော့
အမျိုးလေးစား
အာဂယောက်ျား။
ခင်ခ။
(ဗိုလ်ချုပ်ရာပြည့်အမှတ်တရ)
11 comments
အလင်းဆက်
January 14, 2015 at 3:27 pm
ဒီကဗျာထဲ.. ကျနော် သိတဲ့ လူနှစ်ယောက်ပါတယ်။
ကိုအာဇာနည်ရယ်…
ကိုအာဂရယ်..
:k:
နောက်တာ..
အတည်မမန့်တတ်တော့လို့..
ခင် ခ
January 14, 2015 at 4:11 pm
ကဗျာထဲက အာဇာနည်ယောက်ျားကတော့ တိုင်းပြည်အတွက် သူ့အသက်ကိုပေးဆပ်ပြီး ကျဆုံးသွားပြီနော်။ ဒါပေမယ့် သူကိုယနေ့ထက်တိုင်မမေ့နိုင်လေးစားနေစဲဗျ။
aye.kk
January 14, 2015 at 4:19 pm
မတူကွဲပြား၊လက်လှဲမလား။
သတ္တိအားခဲထား၊ငါတို ့လေးစား၊ယောကျင်္ားဘသား။
manawphyulay
January 15, 2015 at 11:23 am
အင်း လေးလေးခ ပြောမှပဲ အာဂက ယောက်ျားလေးမှန်းသိရတော့တယ်…
ကဲ နွယ်ပင်ရေ… အာဂက ယောက်ျားလေးတဲ့…
Mike
January 15, 2015 at 1:48 pm
.အမျိုးကောင်းစား ရုံ လုပ်သူတွေကိုတော့ “အာဂယောက်ကျား” လို့မခေါ်ပါနဲ့ကိုခင်ခရယ်
.အဲ့လူတွေက သူခိုးကြီးတွေပါ :dd:
kai
January 17, 2015 at 1:57 am
အာဂလူလို့ပြောရင်.. ရှေးရှေး.. အထကောက်လူတွေက.. မကြိုက်..
အာဂလူ..
အူကလာ…
အူကလာတာ.. ?? :k:
မြစပဲရိုး
January 17, 2015 at 6:01 pm
ဝက်အူချောင်း ထဲ က အသား က အူကလာတာလေ။
လူအတော်များများ အလွန်ကြိုက်ပေါ့။ lol:-))))
Ma Ma
January 17, 2015 at 3:23 pm
ဟိုရက်က ဖွဘုတ်မှာ ဗိုလ်ချုပ်နှစ်၁၀ဝပြည့်ပွဲအတွက် မုံရွာမှာ အလှူခံနေတာကို တောင်းစားတဲ့ အမယ်အိုတစ်ယောက်က ၂၀ဝ လှူသွားတာကို တွေ့လိုက်ရတော့ ဝမ်းသာဂုဏ်ယူမိသေးတော့တယ်။
Before
January 17, 2015 at 5:35 pm
အဲဒါဘဲ ဗိုလ်ချုပ်ကို လေးစားတာ ကိုပြတာလေ
မြစပဲရိုး
January 17, 2015 at 6:06 pm
ကိုခ ရေ
အောင်ဆန်း လို လူ ကတော့ တစ်သက် တစ်ယောက် ဘဲ ရနိုင်ခဲ့လား မသိပါဘူး။
ဒါပေမဲ့ ကျွန်မတို့ အပြည့် မသုံးနိုင်ခဲ့ ဘူး။
အခုလဲ ဒီလိုပါဘဲ။
နှစ်ပေါင်း ၂၅ နှစ် ကျော် နီးပါး ဒီ အတိုင်း ဘဲ ထိုင်ကြည့် နေရတာ။
ဒါထက်
ကိုခ ကို မြင်ဘူးသွားပြီ။ မှန်းတာထက် ပိုပြီး ငယ် နေပါရော့လား။ :))
Before
January 17, 2015 at 8:45 pm
အရီးရေ ဟုတ်ပ ၂၅ နှစ်လွန်ပေမယ့် ဖြစ်ချင်တာတော့ ဝေးကွာစဲနော်