စာမကျက်ချင်လို့တဲ့လား
ကျောင်းသားအရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့အမြင်တွေကို နည်းနည်းလေ့လာကြည့်တော့
-တချို့ကျောင်းသားတွေဟာ မြှောက်ပေးလို့လုပ်ရတာပါတဲ့။
လုံးဝလက်မခံပါ။ မြှောက်ပေးတိုင်းလုပ်ရအောင် ကျောင်းသားတွေက ခွေး တွေမို့လို့လား။
ဒါကြောင့် မြှောက်ပေးတိုင်းလုပ်နေတယ်လို့ သင်ထင်နေသမျှ ကျောင်းသားတွေကို နလပိန်းတုန်း၊အဆင့်၊ ခွေးအဆင့်၊ နွားအဆင့် လောက်သာ (သင်) သဘောထားသလားလို့ မေးချင်ပါတယ်။
-နောက် ရဲအရာရှိတစ်ချို့ရဲ့မှတ်ချက်က စိတ်ဝင်စားစရာပါပဲ။
ကိုယ့်ကျောင်းစာ ကိုယ်သင်ပြီး အချိန်တန်ဘွဲ့ယူ၊ ပြီးတော့ ကြိုးစားရင် ဘဝအဆင့်အတန်းမြင့်နိုင်တာမို့ ဒီကိစ္စတွေဟာ အစိုးရသည်းခံလို့ အခွင့်အရေးယူတဲ့သဘောနဲ့ လုပ်တာပါလို့ ဆိုပြန်ပါတယ်။
ရွာကြီးတစ်ရွာလိုဖြစ်နေတဲ့ ကမ္ဘာကြီးဟာ ဒီခေတ်မှာ ပြားနေတာကို သတိမမူမိတာ အံ့ဩစရာသိပ်ကောင်းတယ်။
နိုင်ငံတကာပညာရှင်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်မှ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်မှာကိုသိနေတဲ့နောက် မြန်မာပြည်က ဘွဲ့ဆိုတဲ့တန်ဖိုးအပေါ် စိတ်ပျက်၊ စိတ်ကုန်နေကြပါပြီ။
-နောက်ထပ်လက်နက်ကိုင်အဖွဲ့အစည်းက ရဲအရာရှိတစ်ယောက်ရဲ့ ကြုံးဝါးသံဟာ ပိုတောင်အံ့ဩစရာကောင်းပါတယ်။
ဒီကောင်တွေကို သေနတ်ပြောင်းဝအောက်မှာပဲထားသင့်တယ်၊ လက်ကိုယားနေတာပဲ တဲ့။
ဪ၊ သူ့မှာလည်း ကလေးမရှိတာကျနေတာပဲဗျာ။ တကယ်လို့များ သူ့ရဲ့အဲဒီရာထူးလေးပြုတ် လို့ အလုပ်လက်မဲ့ဖြစ်ရရင် သူ့သား ဘွဲ့ရပညာတတ်ကြီးဟာ ပြည်တွင်းမှာ အလုပ်မရတာကြောင့် ပြည်ပကိုထွက်ရဦးမှာ၊ အဲဒီကျရင်လည်း ဘွဲ့လက်မှတ်ကြီးပြပြီး အလုပ်ရှာရဦးမှာ။
ရမှာပေါ့။ ဆေးသုတ်၊ မြက်ခုတ်။ အဲဒီအချိန်ကျမှ နေပူထဲ ကလေးတွေရဲ့ ကျေးဇူးကို မျက်ရည်ဝဲအောင် ပြန်သတိရပေလိမ့်မယ်။
-ဒီကြားထဲမှာ စာမကျက်ချင်လို့ ဒီလိုလုပ်တာပါလို့ပြောတဲ့သူတွေရှိပါသေးတယ်။
အဲဒီလူတွေကို မေးချင်ပါတယ်။ မင်းတို့ တစ်နေ့ မိုင် ၂ဝ လောက်လမ်းလျှောက်မလား၊ စာကြည့်မလား လို့။ အဲသလိုလူမျိူးကတော့ ထားလိုက်ပါ။ ရှင်းပြလည်းနားလည်နိုင်တဲ့ ခေါင်းမရှိဘူး။
-နောက်ထပ် သက်ကြားအိုတစ်ချို့က ဆိုပါသေးတယ်။
ငါတို့ခေတ်တုန်းက ဆရာ၊ ဆရာမဆို စေ့စေ့တောင်ကြည့်ရဲတာမဟုတ်ဘူးတဲ့၊ ဒီခေတ်ကလေးတွေဟာ နောက်ဆို ကျောင်းအုပ်ဆရာကြီးရဲ့ရုံးခန်းထဲ ဆောင့်ကန်ပြီးတောင် ဝင်မလားမသိဘူးတဲ့။
အဲသလို ဆရာ၊ ဆရာမတွေကို စေ့စေ့မကြည့်ရဲလို့ ပညာတွေတတ်ပြီး ဒုန်းပျံတွေ၊ ကွန်ပြူတာတွေထွင်နိုင်တယ်ဆိုရင်တော့ထားပါ။ အခုတော့..
ကျောင်းသားဆိုတာ မတရားမှုနဲ့ပတ်သက်လာရင်ခေါင်းငုံမခံတတ်တဲ့အတွက် အဲဒီ အစဉ်အလာရှိတာကို သတိပြုပြီး ကျောင်းအုပ်ကြီးတွေမတရားမလုပ်ကြနဲ့ပေါ့။ ဒါ ရှိတာပဲ။
အခုတော့ ကိုယ်မမှီလိုက်တဲ့ပညာရေးမျိုး တောင်းဆိုနေတဲ့ကလေးတွေအပေါ်မှာတောင် မနာလိုဖြစ်နေသလားပဲ။ အသက်ကြီးပြီးအချိန်မစီးတဲ့ လူတန်းစားတရပ်ဟာလည်း ဒီပညာရေးရဲ့ ဆိုးကျိုး တစ်ခုပါပဲ။
-နောက်ထပ်ကြားရတာက ရခိုင်ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂအလံမထောင်ပဲ ပြည်နယ်အလံထောင်သတဲ့။
ဟုတ်မဟုတ်တော့မသိဘူး။ တကယ်လို့ဟုတ်နေခဲ့မယ်ဆိုရင် စိတ်မအေးစရာပဲ။
ကျောင်းသားတွေဟာ သမဂ္ဂအနေနဲ့ ပညာရေးစနစ်ကိုသပိတ်မှောက်နေတာလေ။ ပါတီအစွဲ၊ ပြည်နယ်အစွဲတွေမှ မပါပဲ။
ဒီလို အလံ သဘောထားထွက်လာတာ မရိုးသားဘူးလို့ထင်ပါတယ်။ ဘာကြောင့် ဆိုတော့ သပိတ်မှောက်ကျောင်းသားဆိုတာ ဘယ်တုန်းကမှ အဲသလောက် သဘောထားမသေးသိမ်၊ မကျဉ်းမြောင်းခဲ့ဘူး။
14 comments
Wow
January 30, 2015 at 12:42 pm
ပြောချင်နေတာ အိုက်လောက်ဉာဏ်မမှီလို့
ကိုကြီးမိုင်းပြောသွားတာ ကွက်စ်တိ
Iris
January 30, 2015 at 12:57 pm
ကျောင်းသားလေးတွေကိုဦးညွတ်ပါတယ်။ အောင်မြင်ပါစေ။
ဦးခင်ခ
January 30, 2015 at 1:45 pm
ကောင်းပါပေ့ သုံးသပ်ပြောပုံလေး ကိုကြီးမိုင်းရေ။
ခင်ဇော်
January 30, 2015 at 2:11 pm
Thank you
Totally agree with what you said, bro.
Mike
January 30, 2015 at 2:34 pm
.ဗရာဗိုပါ ကိုကြီးမိုင်း…ကိုကြီးမိုင်းပြောတာပြည့်စုံနေတာမို့ ထပ်ပြောစရာမရှိတော့ပါ
.ကျောင်းသားတွေကိုထောက်ခံပါတယ်..လေးစားချီးကျူ းပါတယ်..
.ပို့စ်နဲ့ကိုက်နေလို့ သူများပြောထားတာလေးတွေနဲ့ထပ်ရံပေးသွားပါတယ် :))
Ko Htike
.. ဒေါ်အောင်ဆန်းစုုကြည်ကိုုလား … ထောက်ခံတယ်။
.. ဦးခွန်ထွန်းဦးကိုုလား … ထောက်ခံတယ်။
.. NLD ကိုုလား .. ထောက်ခံတယ်။
.. ၈၈ တွေကိုုလား .. ထောက်ခံတယ်။
.. ABSDF ကိုုလား … ထောက်ခံတယ်။
.. ဗကသ တွေကိုုလား .. ထောက်ခံတယ်။
.. တိုုင်းရင်းသား အခွင့်အရေး လှုပ်ရှားမှုတွေကိုုလား … ထောက်ခံတယ်။
.. ပြည်တွင်း၊ ပြည်ပ အတိုုက်အခံတွေကိုုလား .. ထောက်ခံတယ်။
.ဘာလိုု့လည်းဆိုုတဲ့ ဘုုံရန်သူက တစ်ခုုတည်းရှိနေတာကြောင့်ပဲ။
.အဲဒီ လူတွေ … အဖွဲ့တွေဟာ … လူတွေ၊ လူ့အဖွဲ့အစည်းတွေ ဖြစ်လိုု့ .. မှားတာတွေ ရှိမယ်။ ဒါတွေကိုု .တစ်ခုုခြင်းပဲ ကြည့်မယ်။
… အသေချာဆုုံးက …. ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲ။
(ကိုုထိုုက်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Ko Htike
ငါတိုု့ စစ်သားတွေက တောထဲမှာ လမ်းလျှောက် .. ခြေထောက်တွေပေါက် ပင်ပန်းဆင်းရဲခံပြီး လမ်းလျှောက်ကြရတယ်။
အခုု ကျောင်းသားဆိုုတဲ့ ကောင်တွေက လမ်းလေး နည်းနည်းလျှောက်တာကိုု အဖြစ်သည်းနေလိုုက်ကြတာ ဆိုုတာတွေလည်း တွေ့ရတယ်။
အဲဒီမှာ ပထမအချက်က ကျောင်းသားတွေက ပင်ပန်းလိုုက်တာ။ ပင်ပန်းလိုု့ ငါတိုု့ကိုု အခွင့်ထူးပေးပါလိုု့ မပြောဘူး။ စစ်သားတွေလိုု အခွင့်ထူးလည်း မယူဘူး။ လူတွေက သူ့ဘာသာ ကူညီတာ။ မရရင်လည်း ဘာမှ ပြောမှာ မဟုုတ်ဘူး။ (အများစုုပေါ့ … အနည်းစုု ဖေါက်သူ၊ ဒလျှိုဒလံတွေလည်း ပါနိုုင်တယ်လေ။)
ဒုုတိယ အချက်က ကျောင်းသားက စာသင်ယူဖိုု့ လမ်းကိုု ရွေးခဲ့ကြတာ။ လမ်းလျှောက်ဖိုု့ လေ့ကျင့်ခဲ့သူတွေ၊ ရွေးချယ်ခဲ့သူတွေ မဟုုတ်ဘူး။ စစ်သားဆိုုတာ အဲဒီလိုု အပင်ပန်းခံရမယ် ဆိုုတာကိုု သိရက်နဲ့ ကိုုယ့်ဘာသာ စစ်သားအဖြစ် ရွေးခဲ့တာ။ ဒီတော့ ခံနိုုင်ရည် ဘာညာ ဆိုုပြီး ပြောနေတာ ရီစရာ မကောင်းဘူးလား။ သိရက်နဲ့ ရွေးချယ်ပြီး… လုုပ်တာနဲ့ … မလုုပ်ချင်ပေမယ့် မရွေးချယ်ပေမယ့် လုုပ်ရေတာ ကွာခြားချက်မှာ စိတ်ခွန်အား၊ အားပေးမှု မတူတာကိုု ထပ်တူရ နှိုင်းနေတယ်။ ကျောင်းသား တပ်မတော်ဆိုုတဲ့ ABSDF နဲ့တောင် မတူဘူး။ ABSDF ဆိုုတာ ကျောင်းသားပေမယ့် စစ်တိုုက်ဖိုု့ ဆုုံးဖြတ် စစ်ဝတ်စုုံဝတ်၊ လက်နက်ကိုုင်တာ။ စစ်တိုုက်ရင် ဒါတွေ ကြုံရမယ် ဆိုုတာ သိတယ်။ အပင်ပန်းခံရတယ်။ မထူးဆန်းဘူး။ ကျောင်းသားတွေက မန္တလေး၊ ရန်ကုုန် လမ်းလျှောက်ဖိုု့ ကျောင်းတတ်တာ မဟုုတ်ဘူး။ ကျောင်းတတ်ရင်း မတရားတာ၊ မဖြစ်သင့်တာတွေကိုု ကြုံရလိုု့ ကျောင်းသား အခွင့်အရေး၊ မြန်မာ့ပညာရေး၊ မျိုးဆက်သစ် ပညာရေးအတွက် လုုပ်တာ။
ဒါကိုုတော့ သိဖိုု့လိုုမယ်။
(ကိုုထိုုက်)
kai
January 30, 2015 at 2:45 pm
အဲဒါကသာတကယ်ဆိုရင်… တော်တော်ကို ဆွေးနွေးစဉ်းစားစရာဖြစ်မှာပါ..။
အရင်က.. ယူအက်စ်မှာနေတဲ့တိုင်းရင်းသားတွေကသာ ခွဲထွက်စိတ်ရှိကြတယ်မှတ်တာ… ဖြူစင်တဲ့ကျောင်းသားတွေမှာတောင်ဒီလိုအတွေးအမြင်ရှိနေကြရင်.. ဒီကိစ္စ… သေသေချာချာ ဒီဘိတ်လုပ်သင့်ပါတယ်..။
အင်း..
သုမနကျောမှာ ဒဏ်ရာတွေနဲ့မို့..
… တိုင်းရင်းသားတွေ.. ခွဲထွက်တဲ့ပြည်ဖြစ်ဖို့… (မဝေးတဲ့အနာဂါတ်မှာ) အလားအလာများနေတယ်… ထင်..။ :i:
Mike
January 30, 2015 at 3:51 pm
.Moethee Zun
.ပြည်တွင်း ရှိ ကျောင်းသား အပေါင်းကိုု က ျနာ် အကြံပြုခြင်တာကတော့
.အနယ်အနယ်အရပ် က ကျောင်းသား ကျောင်းသူအပေါင်းအနေနဲ ့
.၁) ဖေဖေါ်ဝါရီလ (၁)ရက်နေ့မတိုင်ခင် ရန်ကုန်ကိုု အရောက်သွားကြပြီး .အစိုုးရနဲ့ ကျောင်းသားကိုု်ယ်စားလှယ်တွေဆွေးနွေးပွဲရလဒ်ကို စောင့်ကြည့် အားပေးကြဖိုု ့ .တိုုက်တွန်းလုိုပါတယ်။
.(၂) ကျောင်းသား အပေါင်း စုုဝေးရာ ဆုုံရပ်ကိုု ရန်ကုန်တက္ကသိုလ်ထဲမှာ ဆုံမှတ်ထားဖိုု ့အကြံပြုလုိုပါတယ်။
.(၃) ကျောင်းသားသမဂ္ဂ အဆောက်ဦးနေရာကို ဖွင့်ပေးဖို့ တရားဝင်တောင်းဆိုသင့်ပါတယ်။
.၄။ တောင်းဆိုချက် ၁၁ ချက် မရမခြင်း ကျောင်းသားတွေ .တစည်းတလုံးတည်းရှိနေသင့်ပြီး တောင်းဆိုချက်များ .အကောင်ထည်ပေါ်သည်အထိ စောင့်ဆိုင်း နေကြဖုို ့ တိုုက်တွန်းလုိုပါတယ်။
Courage
January 30, 2015 at 7:40 pm
အကောင်းနဲ့ အဆိုးကတော့ ဒွန်တွဲနေတာပါပဲ……
အရေးကြီးတာကတော့ ငြိမ်းချမ်းစွာ တောင်းဆိုခြင်းကနေ ဆူပူအုံကြွမှု မဖြစ်ဖို့ပါပဲ
အင်း…. ကိုယ်တွေနိုင်ငံလဲ ဒီမိုကရေစီရပြီးမှာ ကျီးလန့် စာစား နေရပါပကောလား 🙁
ဝင့်ပြုံးမြင့်
January 30, 2015 at 7:49 pm
.ဒီကိစ္စတစ်ခုလုံးကို ကျမ ကောင်းကောင်းကို နားမလည်သေးတာ။ ဥပမာ ပညာရေးမြှင့်ဖို့ သင်ရိုးမြှင့်မယ်ဆိုရင် အဲဒီ သင်ရိုးကို ဘယ်သူရေးမှာလဲ။ ရော့ အင့် ဆိုပြီး ပေးလို့မှ မရတဲ့ဟာကို။ ကျမပဲ လိုက်မမီတော့တာ ဖြစ်နိုင်ပါတယ်။ သိတဲ့လူတွေပြောတာ လိုက်ဖတ်ဦးမယ်။
မြစပဲရိုး
January 31, 2015 at 1:20 am
ကိုကြီးမိုင်း Post ကို ဖတ်လိုက်ရလို့ ဝမ်းသာမိပါတယ်။
အကြောင်းအရာ ကို မြင်လိုက် တဲ့ စိတ် အတွေး တူတာ မတူတာ အပထား။
အနည်းဆုံးတော့ ရှုဒေါင့်ပေါင်း များစွာ က ကြည့်လိုက်နိုင်တာပေါ့။
ဘယ် ဒေါင့် ကမှန်တယ် မှား တယ် ဆိုတာကတော့ ကျွန်မ လဲ မပြောနိုင်၊ မပြောတတ်ပါ။
အဲဒီ အချိန်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားလေး ကို အမြဲ သတိရမိတယ်။
(We all wish for change, but there is no guarantee that change will take place or that it will live up to expectations.
There is always an element of risk when we step out into the unknown.
Aung San Su Kyi – The Essential Flame)
သူ့စကား ထဲ ကလိုပါဘဲ။
အနာဂါတ် မှာ ကျွန်မ တို့ ပြောင်းချင်သလို တထစ်ချ ပြောင်းမယ်လို့ ဘယ်သူမှ အာမခံချက်မပေးနိုင်ပါဘူး။
ကစားပွဲ မှာလိုပေါ့။ တစ်ဖက် လူ ဘာလုပ်မယ် အတိအကျမသိနိုင်တာလေ။
ကျွန်မ လဲ ကျွန်မနိုင်ငံ ကို အင်မတန်ချစ်ပါတယ်။
ကျွန်မ နိုင်ငံ ကို သူများ တွေလို တိုးတက် စေချင်ပါတယ်။
ကျွန်မ ရဲ့ သွေးတူ မောင်နှမ တွေ ကို နေရတဲ့ ဘဝ လေး ကြောင့်ကျမှု နည်းပါး စွာ စိတ်အေးသက်သာ စွာ နေစေလိုပါတယ်။
ကျွန်မ တို့ မျိုးဆက် ကလေး တွေ ကို သူများနိုင်ငံ ကို အောက်ကျို့ ဝင် နေစရာ မလိုဘဲ ကိုယ့်မြေ ကိုယ့်ရေ မှာ တင့်တယ်စွာ ကြီးပြင်းကြတာ မြင်ချင်ပါတယ်။
ကျွန်မတို့ မြေ ဟာ လူလူချင်း ဖားယားပြီးမှ အလုပ်ဖြစ်ရတာ မဟုတ်ဘဲ ကြိုးစားသူ တွေ အတွက် အခွင့်အရေး ရှိတဲ့ နေရာမှန် ဖြစ်စေချင်ပါတယ်။
ဒီတော့ ကျွန်မ ပြောတာ ကို စိတ်မတွေ့ခဲ့ ရင်လဲ နားလည်ပေးနိုင်မယ် ထင်ပါတယ်။
ကျွန်မ တို့ အားလုံး ကို ခြုံ မြင်အောင် Box ထဲ က နေ ထွက်ပြီး ကြည့် ကြည့် ရအောင်။
အဲဒီမှာ အရေးကြီးဆုံး က သမိုင်း ကို ပြန်ကြည့်ခြင်း မဟုတ်လား။
အနောက်တိုင်း မှာ ကလေး တွေ ကို သမိုင်း သင်ရခြင်း အကြောင်း ပြောတာ အတော်စိတ်ဝင်စား ဖို့ ကောင်းတာမို့ ကြုံတုန်း မျှလိုက်ပါရစေ။
သမိုင်း ဆိုတာ ဒဏ္ဍာရီ မဟုတ်ဘဲ တကယ် လက်တွေ့ အကောင်အထည် နဲ့ ဖြစ်ခဲ့တာ မို့ အဲဒီ အကြောင်းတရား တွေ ကနေ ဖြစ်လာတဲ့ အကျိုးတရား တွေ ကို မြင်အောင် ကြည့်တတ်ဖို့ သင်ရပါတယ်။
သမိုင်းက တဆင့် ဆုံးဖြတ်ချက် တွေ ကို ပိုပြီး တိုးတက်အောင် အတွက် သင်ရပါတယ်။
သမိုင်း ကြောင်းထဲ က လေးစားစရာ အတုယူစရာ အကြောင်းတွေ၊ ပုဂ္ဂိုလ်တွေ ကို စံထားနိုင်ဖို့ သင်ရပါတယ်။
သမိုင်း ထဲ က အမှား တွေ ကို သင်ခန်းစာ ယူနိုင်ဖို့ သင်ရပါတယ်။
သမိုင်း က နေ လူ့အဖွဲ့အစည်း ရဲ့ ပြောင်းလဲလာမှု တွေ ကို မြင်နိုင်ဖို့ သင်ရပါတယ်။
ဒီတော့ ကျွန်မတို့ လဲ ကျွန်မတို့ ဖြတ်ခဲ့ ရတဲ့ သမိုင်း ကို အပေါ်က အချက် တွေ နဲ့ ယှဉ်ကြည့် နိုင်ပါတယ်။
ကျွန်မ တို့ မှားခဲ့ တဲ့ အမှားမျိုး ထပ်မဖြစ်ဖို့ ကျွန်မ တို့ဒီလို ဝိုင်းပြီး စကားပြောပေး၊ ဆွေးနွေးပေး သင့် တယ် ထင်ပါတယ်။
ကျွန်မ မှီ ခဲ့တဲ့ ၁၉၈၈ မှာ ရှိတဲ့ အခြေအနေ နဲ့ အခု ၂၀၁၅ ဟာ သိသိသာသာကြီး ကွာ နေပြီ ဆိုတာ သတိပြုမိတာမို့ အဲဒီလို မျိုး ပုံစံ ထပ်ချိုး လို့ တကယ်ဘဲ အောင်မြင် နိုင်/မနိုင် စဉ်းစားမိလို့ပါ။
၁၉၈၈ မှာ ဖြစ်လိုက်တာ က ကျောင်းသား တွေ ရဲ့ စည်း ကို အစိုး ရ က စပြီး တစ်ဖက်သတ် ကြီး အနိုင်ကျင့် ဖောက် လိုက်တာ။
ကျောင်းသား တွေ က အစိုးရ ရဲ့ တာဝန် တွေ ကို အသားလွတ် စည်းကျော် လိုက်တာ မဟုတ်ဘူး။
၁၉၈၈ မှာ လူတန်းစား က အားလုံးညီ တာ များတယ်။
သူဌေး ဆိုတာလဲ ပြောရလောက် အောင် ထူးပြီး ရွှေမှုံ စားမနေနိုင်ဘူး။
အစိုးရ ထိပ်ပိုင်း လူကြီး တွေ မှာလဲ ကြွေးကင်း တာ မဟုတ်။ အစိုးရ ကား ဆိုတာ စီးရတာလဲ ဖွတ်ချက်ချက်။
ကျောင်းတွေ ဆိုတာ ကလဲ ကျောင်းထဲ ဝင် ရင် ကျောင်းသား ဟာ အားလုံး ညီတာ များတယ်။
ဆရာမ ကို ဝေါကနဲ ထိုးပေးဖို့ အထိ တော်ရုံ ဘယ်သူမှ လာဘ် မရွှင်ဘူး။
ပြောရ ရင် အများစု က သူလဲ ငတ်၊ ကိုယ်လဲ ငတ် ဘဲ။
ဒီတော့ ကြပ်တည်းပြီး ကြွေးထူ လာတဲ့ ၉၉% သော ပြည်သူ တွေ အတွက် အပြောင်းအလဲ ကို သေလုမြောပါး တောင့်တ နေတာ မဆန်းပါ။
အဲဒီအချိန် ကိုယ့်ဟာကိုယ် နေနေ တဲ့ ကျောင်းသား တွေ ကို အလကား နေရင်း ဖိ တော့ ဟို က ကြွချိန် တစ်ပြည်လုံး မှာရှိတဲ့ လူတန်းစားပေါင်းစုံ က တွေဝေခြင်းမရှိ သူတို့ ဘက် ရပ်ခဲ့ တာ လေ။
အဲဒီတုန်း က ကျွန်မ အမေ ရဲ့ အစ်ကို က မဆလပါတီ မှာ တော်တော်လေး ရာထူးကြီးပါတယ်။
အစိုးရ ကား နဲ့ အိမ် ရတာ တောင်မှ သားသမီး ၅ယောက် နဲ့ မလောက်တာ သူ့အမေ့ ဆီက လစဉ် ပြန်တောင်း ရတဲ့ ဘဝ။
၈၈ အရေးအခင်း လဲ ဖြစ်ရော မဆလ ပြုတ် ရေး တို့ အရေး လက်သီးလက်မောင်း တန်း တဲ့ ကျောင်းသား တွေ ထဲ သူ့ သားနှစ်ယောက် ရော သူ့ တူ/တူမ တွေ ပါ ပါပါလေရော။
ကျွန်မ အခု ပြန်မြင်ယောင် ကြားယောင် ပါတယ်။
ကျွန်မ ဦးကြီး ရဲ့ မျက်ရည်တွေ ဝဲ ပြီး သူ့သား တွေ ကို ပြောခဲ့တဲ့ စကား။
မင်း တို့ ထမင်းငတ်တော့ မှာ သိရင်ပြီး တာဘဲ။
မင်းတို့ သဘော လုပ်နိုင်တယ် တဲ့။
သူ ခွင့်ပြု ခဲ့တယ်။
နောက်ဆုံးမှာ မဆလ ပြုတ်ချိန် သူလဲ အလုပ်လက်မဲ့ ပေါ့။
တစည ပါတီ အတွက် သူ့မွေးဇာတိ မှာ အမတ် အရွေးခံ ဖို့ ပြောကြတယ်။
သူပြန် အရွေးခံ လဲ နိုင်မှာပါ။
အဖွား စီးပွါးရေး လုပ်နေဆဲမြို့လေး က ငယ်ပြီး သူ့ ကိုလဲ ချစ်ကြတာကိုး။
ဒါပေမဲ့ သူကတော့ နိုင်ငံရေး လောက ကို လုံးဝ ကျောခိုင်းခဲ့ပါတယ်။
ပြောချင်တာ က အဖေ အလုပ်ပြုတ် ပြီး မိသားစု ဒုက္ခရောက် မှာ ကို သိရက် နဲ့ သမိုင်း ထဲ တာဝန်ကျေ ခဲ့ ကျောင်းသား တွေ ၈၈ မှာ အများကြီးရှိခဲ့တယ်။
အခု ၂၀၁၅ မှာရော။
အဲဒီလို လူ အားလုံး ကျောင်းသား အားလုံး က စည်းလုံး နေ တယ် တဲ့လား။
စဉ်းစားကြည့်ဖို့ပါ။
မြစပဲရိုး
January 31, 2015 at 1:27 am
နောက် တစ်ခု ၂၀၁၄ နှစ်ကုန် ပိုင်း မှာ ပညာရေး ဥပဒေ ကို ပြင်ဖို့ ဆိုတာကို
Guy Fawkes mask တွေ စွပ် ပြီး ထွက်လာခဲ့ တဲ့ ကျောင်းသား ဆိုသူ များ က အရင်ဆုံး စခဲ့တာ ဆိုတာ လေး လဲ စဉ်းစားကြည့်ပါ။
Guy Fawkes mask ဆိုတာ ပြည်တွင်း မှာ အလွယ် ဝယ်ရလောက်အောင် ဈေးမပေါဘူး။
မျက်နှာဖုံးစွပ် ပြီး ရန်ကုန်တက္ကသိုလ် ထဲ အသာလေး ဝင်ခွင့် ရတာ တော်ရုံ ပါဝါ မဟုတ်ဘူး။
ပြောရရင် ဆိုင်ချင်မှလဲ ဆိုင်ပါ့မယ်။
ဒါပေမဲ့ ပညာရေး ဥပဒေ ကို ပြင်ဖို့ တောင်းဆို တာ သူတို့ က ကနဦး အစပျိုး ပါ။
သူတို့ ဘယ်သူ တွေလဲ ရော သိကြရဲ့လား။
padonmar
January 31, 2015 at 1:51 am
ကလေးတွေ စာမကျက်ချင်လို့ဆိုပြီး မမြင်ပါဘူး။စားပွဲမှာထိုင် စာကျက်ရတာလည်း ပင်ပန်းသလို လမ်းလျှောက်ရတာလည်း ပင်ပန်းပါတယ်။
အဝေးကနေ သတင်းဖတ် ဓာတ်ပုံကြည့်နေရတဲ့ ကျမတို့မှာ နုနယ်တဲ့ မျက်နှာလေးတွေ အားမာန်အပြည့်ဆိုတာလည်း တွေ့ရပါတယ်။
ဒါပေမယ့် အဲသလို ကလေးတွေကို အားကိုးပြီးမှ ခေတ်ပြောင်းရမှာတော့ မလိုချင်ဘူး။
Ma Ma
January 31, 2015 at 7:33 am
kai says:
သုမနကျောမှာ ဒဏ်ရာတွေနဲ့မို့..
Courage says:
အရေးကြီးတာကတော့ ငြိမ်းချမ်းစွာ တောင်းဆိုခြင်းကနေ ဆူပူအုံကြွမှု မဖြစ်ဖို့ပါပဲ
မြစပဲရိုး says:
အဲဒီလို မျိုး ပုံစံ ထပ်ချိုး လို့ တကယ်ဘဲ အောင်မြင် နိုင်/မနိုင် စဉ်းစားမိလို့ပါ။
padonmar says:
အဲသလို ကလေးတွေကို အားကိုးပြီးမှ ခေတ်ပြောင်းရမှာတော့ မလိုချင်ဘူး။
အထက်က အဆိုတွေကို ထောက်ခံပါတယ်။
အခုအရေးမှာ ကျောင်းသားတွေက ခန္ဓာကိုယ်ကို လက်နက်အဖြစ်အသုံးချတယ်လို့ (ဘယ်မှာမှန်းမသိ) ဖတ်လိုက်မိတယ်။
ကျောင်းသားအရေးကို လက်ရှိအခြေအနေမှာ စီးပွားဖြစ်/လုပ်နေတဲ့သူတွေက မကြိုက်ကြဘူးလို့ ရေးထားတာကိုလည်း ဖတ်လိုက်ရတယ်။
သူတို့လေးတွေဟာ အရုပ်လေးတွေ မဟုတ်ဘူးလို့ ရေးထားတာကိုလည်း ဖတ်လိုက်ရတယ်။
စဉ်းစားကြစေလိုပါတယ်။ (ခွက်ဒစ်တူ ဘဖော) :e:
အလင်းဆက်
January 31, 2015 at 2:01 pm
အင်တန် ရေးသင့်တဲ့ ဆွေးနွေးသင့်အကြောင်းအရာကို ဖတ်ရလို့.. ကျေနပ်မိတယ်ဗျ..
.ဆွေးနွေးနိုင်သူတွေ ဆွေးနွေးတာကို လိုက်ဖတ်နေပါ့မယ်။
.နောက်ထပ် ဆွေးနွေးစေချင်တာ ရှိသေးတယ်..
ဦးဝီရသူ ကိစ္စ…
😆