kogyi mindJanuary 30, 20151min47314
ကျောင်းသားအရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့အမြင်တွေကို နည်းနည်းလေ့လာကြည့်တော့ -တချို့ကျောင်းသားတွေဟာ မြှောက်ပေးလို့လုပ်ရတာပါတဲ့။ လုံးဝလက်မခံပါ။ မြှောက်ပေးတိုင်းလုပ်ရအောင် ကျောင်းသားတွေက ခွေး တွေမို့လို့လား။ ဒါကြောင့် မြှောက်ပေးတိုင်းလုပ်နေတယ်လို့ သင်ထင်နေသမျှ ကျောင်းသားတွေကို နလပိန်းတုန်း၊အဆင့်၊ ခွေးအဆင့်၊ နွားအဆင့် လောက်သာ (သင်) သဘောထားသလားလို့ မေးချင်ပါတယ်။ -နောက် ရဲအရာရှိတစ်ချို့ရဲ့မှတ်ချက်က စိတ်ဝင်စားစရာပါပဲ။ ကိုယ့်ကျောင်းစာ ကိုယ်သင်ပြီး အချိန်တန်ဘွဲ့ယူ၊ ပြီးတော့ ကြိုးစားရင် ဘဝအဆင့်အတန်းမြင့်နိုင်တာမို့ ဒီကိစ္စတွေဟာ အစိုးရသည်းခံလို့ အခွင့်အရေးယူတဲ့သဘောနဲ့ လုပ်တာပါလို့ ဆိုပြန်ပါတယ်။ ရွာကြီးတစ်ရွာလိုဖြစ်နေတဲ့ ကမ္ဘာကြီးဟာ ဒီခေတ်မှာ ပြားနေတာကို သတိမမူမိတာ အံ့ဩစရာသိပ်ကောင်းတယ်။ နိုင်ငံတကာပညာရှင်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်မှ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်မှာကိုသိနေတဲ့နောက် မြန်မာပြည်က ဘွဲ့ဆိုတဲ့တန်ဖိုးအပေါ် စိတ်ပျက်၊ စိတ်ကုန်နေကြပါပြီ။ -နောက်ထပ်လက်နက်ကိုင်အဖွဲ့အစည်းက ရဲအရာရှိတစ်ယောက်ရဲ့ ကြုံးဝါးသံဟာ ပိုတောင်အံ့ဩစရာကောင်းပါတယ်။ ဒီကောင်တွေကို သေနတ်ပြောင်းဝအောက်မှာပဲထားသင့်တယ်၊ […]


kogyi mindSeptember 29, 20141min67721
အရည်အချင်းမရှိပဲ ရာထူးတွေရထားတဲ့အတွက် ကံကောင်းအောင်ယတြာပဲအားကိုးလာကြတယ်။ ကိုယ့်အားနည်းချက်ပေါ်မှာစိုးတဲ့အတွက် ကိုယ့်ထက်ညံ့တဲ့သူတွေကိုပဲ ရာထူးတွေပေးတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ နဂါးတွေ၊ ဘိုးတော်တွေ၊ ဘုန်းကြီးလိမ်တွေခေတ်စားလာကြတယ်။ ဝန်ကြီးကိုးကွယ်တဲ့ဘိုးတော်၊ တိုင်းမှုးဆည်းကပ်တဲ့ ဘုန်းကြီးတွေနောက်မှာ လူတွေက ပြုံလိုက်နေကြတယ်။ ဘယ်ရုပ်ရှင်မင်းသား၊ မင်းသမီးကိုးကွယ်သတဲ့ ဆိုပြီးချောင်းပေါက်မတတ်သွားကြတယ်။ အဲဒီဝန်ကြီးတွေ၊ မင်းသားမင်းသမီးတွေဟာ အထင်ကြီးစရာကောင်းလား၊ သူတို့ကိုးကွယ်ပြီဆိုမှတော့ ဟန်ကျပါ့မလားဆိုတာ စဉ်းစားသင့်တယ်။ ဒီလိုနဲ့ ဂမ္ဘိရမဂ္ဂဇင်းတွေရောင်းအားကောင်းလာတယ်။ ထူးထူးဆန်းဆန်းတွေရေးနိုင်တဲ့စာရေးဆရာတွေ နာမည်ကြီးလာတယ်။ ဥပမာ ဆရာမင်းသိင်္ခဆိုပါတော့၊ သူ့စာတွေကို အင်မတန်နှစ်သက်တယ်၊ ဖတ်ရတာလည်းအရသာအလွန်ရှိတယ်။ ဒါပေမယ့် သူ့ကို ဘိုးတော် တစ်ပါးလို့တစ်ခါမှမထင်မိဘူး၊ သူဟာစာရေးကောင်းတဲ့စာရေးဆရာတစ်ယောက်လို့သာယူဆပြီး စိတ်ကူးကောင်းတယ်လို့ တော့သိပ် မထင်ပါဘူး။ ဥပမာ မနုစာရီဆိုတာ သျှီဆိုတဲ့ဝတ္တုကနေလာတာ၊ ဆားပုလင်းနှင်းမောင်ဟာ ဦးစံရှားကနေမွေးလာတာ၊ (ဦးစံရှားနဲ့ ကိုသိန်းမောင်လည်း ရှားလော့ဟုမ်း၊ ဒေါက်တာဝပ်ဆင်ကနေလာတာပါ) စနေမောင်မောင်ဟာ ပထမံဆရာသိန်းကနေ မွေးဖွားလာတာ၊ မဟာမြိုင်ခရီးသည်ဟာ […]


kogyi mindJuly 27, 20141min50813
PR Vs FPTP —————- အချိုးကျကိုယ်စားပြုစနစ် Proportional Representation (PR) အကြောင်းကို ချက်ဘောက်မှာ လာမေးကြတဲ့ သူတွေရှိပါတယ်၊ အခြေခံဥပဒေအကြောင်းကို ရေးခဲ့ဖူးတာအကြောင်းပြုပြီး ပီအာ အကြောင်းလည်းရေးဖို့ တိုက်တွန်းတဲ့သူတွေလည်းရှိခဲ့ပါတယ်၊ ကြိုတင်ပြောလိုသည်မှာ မိမိသည် ဥပဒေပညာရှင်မဟုတ်ပါ၊ ကိုယ့်နိုင်ငံရဲ့အရေးကို စိတ်ဝင်စားတဲ့သာမာန်နိုင်ငံသားတစ်ယောက်သာဖြစ်ပါတယ်။ ဒါကြောင့် ပညာရပ်ဆိုင်ရာ ဝေါဟာရတွေမပါပဲ လိုတိုရှင်းသဘောလောက်ရေးသားပါ့မယ်။ ကောင်းတယ်၊ ဆိုးတယ်မပြောလိုပဲ ဖတ်သူများအနေဖြင့်စဉ်းစားရန်သာဖြစ်ပါတယ်။ ပီအာကျင့်သုံးလိုသူများကိုလေ့လာကြည့်လျှင် မြန်မာနိုင်ငံတွင် အုပ်စုနှစ်ခုသာရှိပါတယ်၊ အဲဒါကတော့ ၁) စစ်တပ် ၂၅% အင်အားဖြင့် ထာဝရတည်ရှိနေနိုင်မည့် လက်ရှိအာဏာရပါတီ ၂) လူထုထောက်ခံမှုကိုမရသောပါတီ တွေပဲဖြစ်ပါတယ်။ အုပ်စုနှစ်ခုစလုံး ပီအာ စနစ်ကျင့်သုံးလိုသော်လည်း ရည်ရွယ်ချက်ခြင်း မတူကြပါ။ ပီအာရဲ့အခြေခံသဘောကိုနည်းနည်းမဆွေးနွေးခင် လက်ရှိကျင့်သုံးနေတဲ့စနစ်ကိုနားလည်ဖို့လိုပါတယ်။ ကျွန်တော်တို့လက်ရှိသုံးနေတဲ့စနစ်ကို First-past-the-post voting – FPTP (ပြည်သူရွေးချယ်သည့်ကိုယ်စားလှယ်ကို […]


kogyi mindJune 30, 20141min39610
“တကတည်း၊ သူ့မြေးမှ သူ့မြေးဖြစ်နေလိုက်တာ။ ကျွန်မသားလည်း ရှင့် မြေးပါပဲ၊ အဘွားကြီးရဲ့” “နိုင်နိုင်လည်းငါ့မြေးပဲ၊ မောင်မောင်လည်း ငါ့မြေးပဲ။ ဒါပေမယ့် နင့်သားလုပ်ထားတာလည်း ကြည့်ပါဦးဟယ်” မောင်မောင်နဲ့ပတ်သက်ပြီး ဘွားအေကြီး ချွေးမဖြစ်သူ ”မယ်အုန်း” ကိုု လေပျော့လေးဖြင့်ဖြေရှင်းနေခြင်းပါ။ ဟုတ်တော့လည်းဟုတ်သည်။ မြေးချင်းတူတူပေမယ့် သမီးလတ် ကမွေးထားတဲ့ “နို့ညှာကောင်” မောင်မောင် သည်ဘွားအေကြီး၏ အချစ်ဆုံး။ အသည်းနှလုံး။ ဒီကလေးအခါလည်လောက်ကတည်းက ကံဆိုးသူ “သမီး” က မီးတွင်းထဲ ဆုံးသွားခဲ့သည်။ မောင့်မောင့်ထက် အကြီး “မလေးငယ်“ ကအိမ်ထောင်ခွဲသွားခဲ့ပြီ။ အဖေလုုပ်သူက ဝေးလံခေါင်ဖျားသော “ကြံခင်းမြို့၊ ဘိလပ်မြေစက်ရုံ” တွင် နေ့စားဝန်ထမ်း။ ခေတ်အခါကလည်း ဘာတွေဖြစ်နေမှန်းဘွားအေကြီးမသိ။ ရှစ်လေးလုံးဆိုလား၊ ရှစ်သုံးလုံးဆိုလား သူများတွေပြောနေတာကိုတော့ ကြားသည်။ ဒို့အရေး၊ ဒို့အရေးဟု အော်နေသံတွေက သူနေထိုင်ရာ “ရေကျော်” […]


kogyi mindJune 21, 20141min47012
ချို့တဲ့သော ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းလိုစိတ်ပိုရှိသည်ဟု မိတ်ဆွေတစ်ယောက်ကပြောဖူးသည်။ အင်မတန်ကောင်းမွန်သော ရည်ရွယ်ချက်ပင်ဖြစ်သည်။ ထိုမိတ်ဆွေ၏ စိတ်ကိုလည်း လေးစားမိပါသည်။ သို့မှသာ သာသနာဝန်အတွက်အားသွန်ခွန်စိုက်ထမ်းရွက်နေရှာမည့် ရဟန်းတော်များအတွက် ပစ္စည်းလေးပါးပြည့်စုံမည်မဟုတ်ပါလား။ ထိုအချက်ကိုအလေးအနက်မှန်ကန်ကြောင်း ပြရန်အတွက် ဒါနရှင်များ ဝိုင်းနေသည့် သာသာနာပြုကျောင်းတော်ကြီးများ၊ ဘုန်းတန်ခိုးထင်ရှားသည့် ဆရာတော်ကြီးများအား လှူ ရန်မလိုဟု နှလုံးသွင်းရန်မဟုတ်။ တရား၏ဂုဏ်တော်သည် ဆောက်တည်သူတို့အား ပူဇော်အထူးခံထိုက်သည့်အဖြစ်သို့ ပို့ဆောင်ပေးနိုင်သည်။ မြတ်စွာဘုရားလောက် လာဘ်သပ်ပကာရသည့် ပုဂ္ဂိုလ်သည် လောကသုံးပါးတွင်မရှိ။ သူမတူသော သီလ၊ သမာဓိ၊ ပညာ ဂုဏ် တို့ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်ထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား ဟုဆိုရပါသည်မဟုတ်လော။ ရဟန္တာတစ်ပါးနှင့် သာမာန်ရဟန်းတစ်ပါးကို သဒ္ဓါသည့်ပုဂ္ဂိုလ်ရွေးပါဟုဆိုလျှင် ရဟန္တာကိုရွေးချယ်သကဲ့သို့တည်း။ […]


kogyi mindJune 8, 20141min51213
အမျိုးအနွယ်ဟူသည်အဘယ်နည်း၊ မည်သည်ကို အမျိုးအနွယ်ဟု ခေါ်ပါသနည်း၊ အသားအရောင်၊ ဘာသာစကား၊ ယဉ်ကျေးမှု မတူသည်ကို ခေါ်ပါသလား၊ သို့တည်းမဟုတ် ဘာသာမတူကွာခြားခြင်းကို အမျိုးအနွယ်ဇာတ်မတူဟု ယူဆပါသလား၊ ဟိုးရှေးယခင်ကတည်းက အမျိုးအနွယ်အလိုက် ပေါင်းသင်းလက်ထက်ခြင်းကိုအစဉ်တစိုက်လက်ခံကျင့်သုံးလာကြသည်။ ထိုအမျိုးတို့မှာ ၁) ခတ္တိယ ခေါ် မင်းမျိုး၊ ၂) ဗြာဟ္မဏ ခေါ် ပုဏ္ဏားမျိုး၊ ၃) ဝေဿ      ခေါ် ကုန်သည်မျိုး၊ ၄) သုဒ္ဒ ခေါ် သူဆင်းရဲမျိုး ဟူ၍ အမျိုးလေးပါးခွဲခြားထားပါသည်။   ကာလရွေ့လျောလာသည့်မျက်မှောက်ခတ်တွင် အစိုးရအုပ်ချုပ်သူများကို ခတ္တိယဟု ခေါ်နိုင်ပါသည်။ ကျောင်းဆရာ၊ ပရော်ဖက်ဆာ၊ ပညာရှင်များကို ဗြာဟ္မဏဟုခေါ်နိုင်ပါသည်။ သူဋ္ဌေး၊ သူကြွယ်ကြီးများကို ကုန်သည်ဟု ခေါ်နိုင်ပါသည်။ ဝန်ထမ်းများနှင့် လက်လုပ်လက်စားများကို သုဒ္ဒ ဟုခေါ်နိုင်ပါသည်။ ထိုကဲ့သို့ခွဲခြားထားခြင်းသည် တသမတ်တည်း အတည်ဖြစ်နေမည်ဟု […]


kogyi mindMay 18, 20141min80243
“မြန်မာတွေလေ..သိတဲ့အတိုင်းပဲ” “မြန်မာပီပီ သိတ်ယုတ်တာပဲကွာ” “မြန်မာစိတ်လေ..မြန်မာစိတ်..သိပ်မနာလိုစိတ်ကြီးတာ” “ဒီမယ်..ကိုယ့်လူ၊ မင်းအလုပ်မှာ မြန်မာနှစ်ယောက်ရှိရင်နှစ်ဂိုဏ်းကွဲပြီးသားပဲ”     အဆိုပါစကားများကို မြန်မာများ၏ နူတ်မှ မြိန်ရည်ယှက်ရည်ပြောဆိုနေကြခြင်းဖြစ်ပါသည်။ တနေ့သ၌ကိစ္စတစ်ခုဆောင်ရွက်ရန်အပြင်သို့သွားစဉ် ဘေးနားမှာ မြန်မာနှစ်ယောက်က မြန်မာမကောင်းကြောင်း ပယ်ပယ်နယ်နယ်ပြောနေသည်ကို ကြားရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့အယူအဆရှိသည့်စကားများကို ကျွန်ုပ်အနေဖြင့်မကြာခဏလည်းကြားဘူးနေပါသည်။ မြန်မာများကို မြန်မာများကိုယ်တိုင် အထင်မကြီးတော့တာလား ဟုတွေးမိသည့်အခိုက် စိတ်ထဲတွင် လေးလံနောက်ကျိသွားပါတော့သည်။ ထို့ကြောင့်အောက်ပါအတိုင်းဆင်ခြင်သုံးသပ်လိုက်မှ စိတ်အနည်းငယ်ရွှင်လန်းလာပါတော့သည်။   ကျွန်ုပ်၏ယူဆချက်နှင့်တွေးတော့မှုသည် အသင်စာရှုသူတို့နှင့်သဘောထားချင်းတိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မည်။ သို့သော်အကြောင်းကြောင့်အကျိုးဖြစ်ရသည်။ အကျိုးကိုလိုသော် အကြောင်းတရားကိုပြင်ရမည် ဟူသည့် သီအိုရီအရ ယခုတွေးမိသည့်အချက်အလက်များသည် ဖတ်မိသည့်သူများအဖို့ တစုံတရာအကျိုးရှိလိမ့်မည်ဟု ယူဆပါကြောင်း။   ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ကိုလိုနီ၊ စစ်အာဏာရှင်ခေတ်မှ ယခုခေတ်ပြောင်းစပူပူနွေးနွေးအထိ ကျော်ဖြတ်လာရသောမြန်မာနိုင်ငံသည်ရင့်ကျက်မှုမျိုးစုံဖြင့် ထုသားပေသားကျခဲ့ပြီးဖြစ်ပါသည်။ ယဉ်ကျေးပါသည်ဟူသော […]