ဆရာမင်းသိင်္ခမှ အတွေးတစ..
အရည်အချင်းမရှိပဲ ရာထူးတွေရထားတဲ့အတွက် ကံကောင်းအောင်ယတြာပဲအားကိုးလာကြတယ်။
ကိုယ့်အားနည်းချက်ပေါ်မှာစိုးတဲ့အတွက် ကိုယ့်ထက်ညံ့တဲ့သူတွေကိုပဲ ရာထူးတွေပေးတယ်။
ဒီလိုနဲ့ မြန်မာပြည်မှာ နဂါးတွေ၊ ဘိုးတော်တွေ၊ ဘုန်းကြီးလိမ်တွေခေတ်စားလာကြတယ်။
ဝန်ကြီးကိုးကွယ်တဲ့ဘိုးတော်၊ တိုင်းမှုးဆည်းကပ်တဲ့ ဘုန်းကြီးတွေနောက်မှာ လူတွေက ပြုံလိုက်နေကြတယ်။
ဘယ်ရုပ်ရှင်မင်းသား၊ မင်းသမီးကိုးကွယ်သတဲ့ ဆိုပြီးချောင်းပေါက်မတတ်သွားကြတယ်။
အဲဒီဝန်ကြီးတွေ၊ မင်းသားမင်းသမီးတွေဟာ အထင်ကြီးစရာကောင်းလား၊ သူတို့ကိုးကွယ်ပြီဆိုမှတော့ ဟန်ကျပါ့မလားဆိုတာ စဉ်းစားသင့်တယ်။
ဒီလိုနဲ့ ဂမ္ဘိရမဂ္ဂဇင်းတွေရောင်းအားကောင်းလာတယ်။ ထူးထူးဆန်းဆန်းတွေရေးနိုင်တဲ့စာရေးဆရာတွေ နာမည်ကြီးလာတယ်။
ဥပမာ ဆရာမင်းသိင်္ခဆိုပါတော့၊ သူ့စာတွေကို အင်မတန်နှစ်သက်တယ်၊ ဖတ်ရတာလည်းအရသာအလွန်ရှိတယ်။ ဒါပေမယ့် သူ့ကို ဘိုးတော် တစ်ပါးလို့တစ်ခါမှမထင်မိဘူး၊
သူဟာစာရေးကောင်းတဲ့စာရေးဆရာတစ်ယောက်လို့သာယူဆပြီး စိတ်ကူးကောင်းတယ်လို့ တော့သိပ် မထင်ပါဘူး။
ဥပမာ
မနုစာရီဆိုတာ သျှီဆိုတဲ့ဝတ္တုကနေလာတာ၊
ဆားပုလင်းနှင်းမောင်ဟာ ဦးစံရှားကနေမွေးလာတာ၊ (ဦးစံရှားနဲ့ ကိုသိန်းမောင်လည်း ရှားလော့ဟုမ်း၊ ဒေါက်တာဝပ်ဆင်ကနေလာတာပါ)
စနေမောင်မောင်ဟာ ပထမံဆရာသိန်းကနေ မွေးဖွားလာတာ၊
မဟာမြိုင်ခရီးသည်ဟာ James Hilton ရဲ့ Lost Horizon (ပျောက်ဆုံးနေသောမိုးကုတ်စက်ဝိုင်း) ကနေမှီးတာ၊
မေတ္တာရှင်မလေးပုဏ္တိရိက အပါအဝင် ပုဏ္ဏားဘကွန်း စတဲ့ဝတ္တုတွေဟာ တင့်တယ်ရဲ့ ကမ္မဖလ၊ ဟားမန်းဟတ်ဇ ရဲ့ သိဒ္ဓိတ္တ၊ ပေါ်လီယာနာ အစရှိတဲ့ ဂန္တဝင်ဝတ္တုကြီးတွေကနေ ပေါက်ဖွားလာတယ်ဆိုတာ သိနေတော့ သိပ်မထူးဆန်းပါဘူး။
အထူးသဖြင့် မြေလျှောက်ဝိဇ္ဇာရွှေမြသာ ဆိုရင် Papillon and Vingo စာအုပ်ထဲကစွန့်စားခန်းတွေကို ထပ်တူနည်းပါးမျှယူသုံးထားတာတွေ့ရပါတယ်။
သူရေးတဲ့စာအုပ်ထဲက ပရိသတ်အတွက် ထူးဆန်းလွန်းတဲ့ ယင်၊ ယန်သဘောတရားတွေဟာ သက်လုံရဲ့ စေ့ထားသောတံခါးများ ဆိုတဲ့စာအုပ်ထဲကနေ တဆင့်ဖောက်သည်ချတာပါ။
နည်းနည်းထပ်ပြောရရင် သူရေးလေ့ရှိတဲ့ တိဗက်တောင်တန်းတွေအကြောင်း၊ တယ်လီပသီအကြောင်းနဲ့ ထူးဆန်းထွေလာအကြောင်းတွေ၊ တိဗက်ဘုန်းတော်ကြီးတွေရဲ့အလေ့အထတွေဟာ ဗြိတိသျှနိုင်ငံသားစာရေးဆရာဖြစ်တဲ့ Lobsang Rampa ရဲ့ third eye ဆိုတဲ့အင်မတန်နာမည်ထင်ရှားတဲ့စာအုပ်ကို မှီးထားတယ်ဆိုတာ လောင်းဝံ့ပါတယ်။
( ဒါတွေဟာ မိမိ ရဲ့စာဖတ်ဗဟုသုတအပေါ်မှာ အခြေခံနှိုင်းယှဉ်ယူဆထားခြင်းသက်သက်ဆိုတာလည်းဝန်ခံပါတယ်။ မိတ်ဆွေတွေလည်း ဒီစာတွေကိုဖတ်ရှုဖူးရင် ကျွန်တော်နဲ့ သဘောချင်းတိုက်ဆိုင်မယ်လို့ထင်ပါတယ်၊)
ဒါပေမယ့်ဆရာမင်းသိင်္ခစာတွေဖတ်စဉ်က ဒီလိုစာတွေကိုမှီးခဲ့ကြောင်းလုံးဝမသိခဲ့တော့ စိတ်ကူးထဲမှာ သူ့ကိုအံ့ဩစရာလူသားတစ်ယောက်၊ ဒါမှမဟုတ် မိမိထက် သာလွန်တဲ့လူအဖြစ် ထင်မှတ်နေပါတယ်။
နောက်ပိုင်းစာဖတ်သက်ကလေးရလာတော့မှ ဪ.ဆရာမင်းသိင်္ခဟာ ဒီစာအုပ်တွေထဲက ဒါတွေရတာပါလားလို့သိလာပါတော့တယ်။
ဆိုလိုတာက အရင်က မင်းသိင်္ခကိုမှားယွင်းပုံဖော်မိတဲ့အတွက် အဲဒီအချိန် ဆရာသာ မသမာတဲ့အကြံအစည်နဲ့လိမ်မယ်ဆိုရင် ကျွန်တော်ငုတ်တုတ်မေ့မှာပါ။ (ဆရာ့ကိုစော်ကားခြင်းမဟုတ်ပါ၊ ဥပမာ) ဒါပေမယ့် အခုချိန် မှန်မှန်ကန်ကန်နားလည်လာတယ့်အခါမှ ဒီအဖြစ်မျိုးရောက်စရာမရှိတော့ပါဘူး။ ဒါကြောင့် မသိခြင်းရဲ့နှိက်စက်မှုဟာ တစ်ခြားဒုက္ခတွေနှိက်စက်တာထက်ပိုပါတယ်။
ဆရာဟာ ဘဝအတွေ့အကြုံစုံလင်ပြီးစာဖတ်အင်မတန်နာလေတော့ လူတွေဗဟုသုတပိုင်းအားနည်းတာကို ကောင်းကောင်းအသုံးချနိုင်သွားပါတယ်။ လူတွေရဲ့သည်းခြေကြိုက် ဗေဒင်၊ ယတြာတွေကို အဲဒီဂန္တဝင်ဝတ္တုကြီးတွေကိုမှီးထာတဲ့ဇာတ်လမ်းတွေကြားမှာ ထည်လဲသုံးရင်း ပရိသတ်ရဲ့ နှလုံးသားကိုသိမ်းကြုံးယူငင်သွားနိုင်ပါတယ်။
ဆရာမင်းသိင်္ခကိုယ်တိုင်လည်း သူ့ကိုအားကိုးယုံကြည်လာကြတဲ့ပရိသတ်အပေါ်မှာ အထိုက်အလျောက်သာယာလာခဲ့မယ်ဆိုတာ ငြင်းစရာအကြောင်းမရှိပါဘူး၊ အဲဒီသူ့ပရိသတ်တွေကြောင့် သူ့ကိုယ်သူသာမာန်စာရေးဆရာအဖြစ်ကနေ တစ်စုံတစ်ရာထူးခြားသူတစ်ယောက်အဖြစ် မှတ်ယူလာခဲ့ပါတယ်။ သူဟာ မှော်ဘီမရမ်းတလင်းမှာ သူ့ကိုယ်ပိုင်ပရိသတ်အခြံအရံနဲ့သီးသန့်နေထိုင်ရင်း အပြင်လက်တွေ့ဘဝနဲ့ကင်းကွာခဲ့ပုံရပါတယ်။ ဒါပေမယ့်ကျွန်တော်ထင်ပါတယ်။
ဆရာမင်းသိင်္ခဟာ သူ့ကိုဘိုးတော်တစ်ပါးလို့ထင်တာထက် စာရေးဆရာကြီးတစ်ယောက်လို့ထင်တာကို ပိုသဘောကျပါလိမ့်မယ်။ ထူးဆန်းတဲ့ ဝတ်စားဆင်ယင်ပုံ၊ လျို့ဝှက်ဟန်ရှိတဲ့သူနေထိုင်ရာ၊ သူ့ပဝတ်ဝန်းကျင်က ပရိသတ်တွေကြား သိမ်မွေ့တဲ့ဆက်သွယ်ပုံကတော့ သူပဲ သိနိုင်ပါလိမ့်မယ်။
နောက်ဆုံး ဝှီးချဲပေါ်မှာကွယ်လွန်ခါနီးအချိန်ကိုစောင့်ရင် ဝိပသနာကမ္မဋ္ဌာန်းကိုအားထုတ်ဖို့ အရှင်ဆေကိန္ဒဆီကိုအူယားဖားယားပြေးခဲ့ရရှာသူဖြစ်ပါတယ်။
ကွယ်လွန်သူဆရာမင်းသိင်္ခကို ကဲ့ရဲ့ဝေဖန်နေခြင်းမဟုတ်ပါ။ စာရေးဆရာတစ်ယောက်ဟာ သူလေးစားတဲ့ နှစ်သက်တဲ့ဘယ်စာကိုမဆို မှီးငြမ်း၊ ကိုးကားနိုင်ပါတယ်။ ဖတ်တဲ့စာဖတ်ပရိသတ်ကလည်း သူဟာ စာရေးကောင်းတဲ့စာရေးသူတစ်ယောက်အဖြစ် လေးစာကြည်ညိုရင်တော်ပါပြီ။ ဒီထက်ပိုပိုကဲကဲ ယုံကြည်အားကိုးလာရင်တော့ ကိုယ်တိုင်က အလိမ်ခံရပါတော့မယ်။
အခုတစ်လော နဂါးတွေ၊ အပူးအခွာတွေ၊ တောင်ဝှေးပေါ်ငုတ်တုတ်ထိုင်ပြတာတွေ၊ ရေပေါ်မှာ ဗောလောပေါ်ပြနေတဲ့ ဘုန်းကြီး အစရှိသဖြင့် အထူးအဆန်းတွေပေါများနေပါတယ်။
ကိုယ့်မှာသာ ထိုက်သင့်တဲ့ဗဟုသုတနဲ့ အနည်းအကျဉ်းပြည့်စုံမယ်ဆိုရင် တော်ရုံတန်ရုံအလိမ်မခံရတော့ပါဘူး။
ကိုယ်တိုင်အလိမ်မခံရသမျှ အဲဒီသူဟာ မိမိရန်သူမဟုတ်ပါ။
အသက်အရွယ်၊ ဆင်းရဲချမ်းသာမရွေး၊ ရာထူးအနိမ့်အမြင့်နဲ့မဆိုင်ပဲ သူရဲ့ အသိဉာဏ်နဲ့သာဆိုင်တဲ့ ယုံကြည်သလိုလုပ်နေတဲ့လုပ်ရပ်တစ်ချို့အပေါ်မှာ အပြင်းအထန်ဆန့်ကျင်လွန်းတာကလည်း ကိုယ့်အားနည်းချက်ဖြစ်နေတတ်ပါတယ်။
ဥပမာ ဦးစံလင်း ခေါင်းလောင်းရှာတယ်..ရှာပါစေ။
နဂါးတွေပူးတယ်ဆိုပြီးလုပ်တယ်.လုပ်ကြပါစေ။ ဒါပေမယ့် ဒီလူစုထဲမှာ ကိုယ်မပါသမျှ၊ လူတွေဟာကိုယ့်လို သိနေသမျှ လူလိမ်ပဲဖြစ်ဖြစ်၊ ထင်ရာမြင်ရာလုပ်နေသူပဲဖြစ်ဖြစ် အချိန်တန်ရင်တိမ်မြုပ်သွားရမှာပဲ၊
ပေါ့ပေါ့ပါးပါးလေးပဲ မြင်ပြီး သင်ခန်းစာတွေယူကြတာပေါ့။
21 comments
ကေဇီ
September 30, 2014 at 5:35 am
ဖတ်ရင်းး တပြုံးးပြုံးး နဲ့ ငြင်းးစရာ မရှိ…
ကျနော် တို့ မောင်နှမ နှစ်ယောက်လုံးးးက သူ့ ပရိတ်သတ်!!!
စာ မှာ ဘယ်အရာ ကိုယူ ပြီးးး ဘယ်ဟာတွေ ထားးခဲ့ ရမယ် ဆိုတာ သိဖို့ ပဲ လိုအပ်တာ……
ကျေးးဇူးး ကိုကြီးးမိုင်းးး!!!
:k:
ကိုပေါက်(မန္တလေး)
September 30, 2014 at 8:35 am
ကိုရင်မိုင်းရေ
1978 ခုနှစ်လောက်မှ ဆရာမင်းသိင်္ခရေးတဲ့ မနုစာရီကိုဖတ်ရပါတယ်။
ဒါကိုဘာသာပြန်လို့ပြောတော့ သူငယ်ချင်းတွေက ဝိုင်းဟားကြပါတယ်။
အဲဒီအချိန်မှာကျနော်က ဆာရိုက်ဒါဟက်ဂတ်ရဲ့ တောတွင်းစွန့်စားခန်း ဘာသာပြန်တွေကိုဖတ်ဘူးနေပါပြီ။
ဆားပုလင်းနှင်းမောင် တွေ ထွက်တော့ ဒီအကြောင်းတွေက ဆရာကြီးရွှေဥဒေါင်းဘာသာပြန်ပြီးသားတွေ
လို့ပြောတော့ အားလုံးက ကျနော်ကိုမယုံသင်္ကနဲ့ကြည့်ပြန်ပါတယ်။
ကျနော်ဆရာမင်းသိင်္ခစာအုပ်တွေကိုအမြဲဖတ်ပါတယ်။
စာအရေးအသား flow ကောင်းလွန်းလို့ပါ။
သူ့စာအုပ်ဖတ်မိရင်လက်ကမချ ချင်လောက်အောင်ဆွဲဆောင်နိုင်လွန်းလို့ပါ.
ကျနော်သူ့လို စာရေးတတ်ချင်ပါတယ်။
ဒါက မင်း သိင်္ခအကြောင်း။
ကိုမိုင်းရေ
လောက ကြီးမှာလူအမျုးိမျုးိ စိတ်အထွေထွေ
အကြောင်းအရာတစ်ခုရဲ့မှန်တယ် မှား တယ် သတ်မှတ်ချက်က
တိုင်းတာကြတဲ့ ပေတံတွေ အလိုက်ပြောင်းလဲ သွားမယ် လို့ ကျနော်ကတော့ ခံယူထားပါတယ်။
kogyi mind
September 30, 2014 at 9:00 am
မှန်ပါတယ်..ကိုပေါက်ရေ..
ဗဟုသုတလေ့လာလိုက်စားခြင်းဟာ တော်ရုံတန်ရုံအစွဲအလမ်းကို ခွာချနိုင်ကြောင်း၊ ထိုကဲ့သို့ကွာကျသွားလျှင်သွားသလောက် စိတ်ပိုင်းဆိုင်ရာ ကြည်လင်သန့်ရှင်းနိုင်ကြောင်း၊ ဒါကြောင့်ပဲ ဗာဟုသစ္စစ (အကြားအမြင်များခြင်းသည် မင်္ဂလာ) ဟုဟောကြားခဲ့သည်ထင်ပါကြောင်း၊
Wow
September 30, 2014 at 9:03 am
ဆရာကြီးရွှေဥဒေါင်းကတော့ စာဖတ်သူအပေါ် စေတနာဘယ်လိုထားတယ်ဆိုတာ သူ့ရဲ့တစ်သက်တာမှတ်တမ်းမှာ ဖတ်ပြီး လေးစားရဖူးပါတယ်။ ဆရာသော်တာဆွေကိုဆို အလကားအကျိုးမရှိ စာတွေရေးသူအဖြစ် ကြည့်မရဖြစ်တာ ဖတ်ဖူးပါတယ်။
မင်းသိင်္ခကတော့ စာပေမှော်လို့ပြောရမလား တကယ်တော်တယ်ဗျ။ သူရေးတဲ့ ကျောက်ရေတွင်းကရေတွင်း လေးဆိုလား အာ့အပြင်မှာ တကယ်ရှိတယ်ဗျ… ရာဇွင်ကတော့ မဟုတ်ဘူးပေါ့ဗျာ… တကယ်ရှိတဲ့ အရာတစ်ခုပေါ်ကို ပါးဇပ်ရာဇွင်သဘောမျိုးရေးသွားတာ တော်တယ်ဗျ.. သူမှီးတာလဲမှီးတာပေါ့ ကျနော်တို့ကိုလဲ ရော့မှီးဆိုပြီး ချပေးစာအုပ်တွေ သူ့လိုမှော်ဝင်အောင် ရေးနိုင်မှာ မုတ်ဖူးရယ်… သူ့ပါရမီပေါ့ဗျာ… :boss: 😆 :sar:
kai
September 30, 2014 at 9:22 am
ဆရာမင်းသိင်္ခက.. အဲဒီနာမယ်နဲ့ဝတ္တုထုတ်တာ.. အမှတ်မမှားရင်.. ဉာဏ်ဝင်းစာပေ..
သူက.. တခြားနာမယ်တွေနဲ့မပေါက်.. အဲဒီနာမယ်နဲ့..အဲလို.. စုတုပြုလိုက်မှ.. အောင်မြင်သွားတာလို့ဆိုရမယ်..။
သူ့ကိုယုံကြည်သူတွေထဲ.. အခုနာရေးကူညီမှုထောင်ထားတဲ့.. ကိုကျော်သူက.. လူထုအတွက်အကြီးမားဆုံးဆုလာဘ်ပါပဲ..။
ဆိုတော့..
မှိုင်းတကာ့မှိုင်းတွေထဲ.. ဘာသာရေးမှိုင်းက.. သံသရာမှောက်တယ်လို့သာ.. ပြောချင်တော့တာပါပဲ..။
( ကိုကြီးမိုင်း တော့မပါ..) :k:
ကိုယ်တိုင်အလိမ်မခံရတိုင်းရန်သူမဟုတ်.. ဆိုပေမယ့်…
မီဒီယာနဲ့..အများကိုယ်စားပြုသူတွေ.. ပြုချင်သူတွေကတော့.. သိရင်သိတာကိုထောက်ပြဖွင့်ချသင့်တယ်လို့.. ယူဆမိပါတယ်…။
ဒီလိုမှ.. ကိုယ့်အသိုင်းအဝိုင်း.. ဝင်းကျင်.. မြို့ရွာ.. (လွန်လွန်ကဲကဲပြောရရင်..) နိုင်ငံရဲ့ အတွေးအခေါ်ပိုင်းတွေ.. တိုးတက်လာမယ်မဟုတ်လား..။
ဥပမာ.. ရေကသိုဏ်းဆိုပြီး.. ရေကိုရွံ့ဖြစ်ဖြစ်.. ဆားဖြစ်ဖြစ်ထည့်ဖျော်.. သိပ်သည်းဆများအောင်လုပ်ပြီး..လူ ရေမမြုတ်အောင်လုပ်ပြတာမျိုး..
ရေဆူတယ်ဆိုပြီး.. မိုက်ခရိုဖုံးရဲ့အသံတုံခါမှု.. ဒါမှမဟုတ်.. ရေဆူဆေးပြားခိုးထည့်ပြီး.. ပရိတ်ရွတ်ပြတာမျိုး…
ရဟန္တာပါဆိုပြီးး.. မီးလျှို့လို့လောင်နေတဲ့..ခန္တာထဲက.. အရိုး(ကယ်လ်ဆီယမ်) ကို.. အုံးရေ(ကာဗွန်နိတ်အရည်) ဖြန်းပြီး… (ကယ်စီယံအောက်ဆိုဒ်)အလုံးတွေဖြစ်အောင်လုပ်ပြီး.. ထိုင်ကန်တော့ကိုးကွယ်ခိုင်းတာမျိုး…
သိသူတွေက.. တိတ်တိတ်မနေ.. လူသိအောင်ဖွင့်ပြောပြယုံတင်မဟုတ်… သာသနာကိုနာမယ်တတ်အလွဲသုံးစားလုပ်ရင်.. တာဝန်ရှိသူတွေ.. တရားစွဲသင့်လှတယ်ထင်ကြောင်း…။ :k:
kogyi mind
September 30, 2014 at 11:53 am
မစ္စတာ Kai ခင်ဗျား..ကိုကျော်သူ ဟာ ဘဘဦးသုခ ရဲ့ လမ်းညွန်ချက်ကြောင့် လူမှုရေးလုပ်တာလို့ထင်ပါတယ်၊ ဆရာမင်းသိင်္ခကိုယုံကြည်လို့ ဆိုရင် ဘဘဦးသုခရဲ့အခန်းမှေးမှိန်သွားနိုင်ပါတယ်။
kai
September 30, 2014 at 2:46 pm
ဟုတ်ပါတယ်.. ကိုကျော်သူလည်းအမြဲထည့်ပြောနေတာပဲလေ..
ဒါပေမယ့်.. ဒါပေမယ့်ပေါ့လေ..။
ဆရာမင်းသိင်္ခကားတွေမှာ.. သရုပ်ဆောင်တာများသွားလို့လားတော့မသိ…
ကိုကျော်သူက.. ဆရာမင်းသိင်္ခထဲက.. ဇတ်ကောင်နဲ့..ပိုပိုတူလာသလိုလို..
အင်း..
စိတ်ထင်တာပဲဖြစ်မှာပါ… :k:
ခင် ခ
September 30, 2014 at 4:02 pm
လက်ရှိကိုကျော်သူ ပုံစံကလဲ သဂျီးပြောလဲ ပြောစရာကိုး။
manawphyulay
September 30, 2014 at 9:25 am
အများအားဖြင့် စိတ်ကို မှော်ဝင်တောထဲကို ဆွဲခေါ်သွားလေ့ရှိတယ်…
Mr. MarGa
September 30, 2014 at 10:29 am
ငယ်တုန်းက ဖတ်တယ်ဗျ
သူ့ စာတွေက လူကို အဆုံးထိ ဆွဲဆွဲခေါ်သွားတာ
ခင် ခ
September 30, 2014 at 1:58 pm
စာအရေးကောင်းလွန်ရင် အပြင်မှာတောင် တကယ်ထင် ဆိုတဲ့ စာရေးဆရာထဲမှာ ဆရာမင်းသိင်္ခ လည်းပါတာပေါ့ဗျာ။
သူ့ဝတ္ထုတွေဆို သိပ်ကြိုက်ခဲ့တယ်လေ။
ဝင့်ပြုံးမြင့်
October 1, 2014 at 4:54 am
.ဆရာမင်းသိင်္ခ စာတွေကို ငယ်တုန်းက တအားကြိုက်တယ်။ ကြီးတော့ မကြိုက်ဘူး။ ဘာမှ အနှစ်သာရမရှိဘူး။ ဖတ်ကောင်းကောင်းနဲ့ဖတ်၊ ပြီးတော့ လူက ရူးချင်မူးချင်ဖြစ်သွားရော။ ပြီးတော့ သူ့လုပ်ရပ် မရမ်းတလင်းရယ်။ နောက်ပိုင်းထုတ်တဲ့ ဗေဒင်တွေရယ်ဟာ ငွေရှာကိရိယာသက်သက်ပဲ။ လူတွေကို ဘိုးတော်လိုလို ဘွားတော်လိုလို ဝါဒမှိုင်းသွင်းနေသလိုပဲ။
ဘယ်ဂါထာကို တစ်နေ့ ဘယ်နှခေါက်ရွတ်ရင် ဘာဖြစ်မယ်၊ ဘယ်လိုအစီအရင်ကို ဘယ်နေ့မှာ လုပ်ရမယ်စသဖြင့် ပြောတာဟောတာတွေဟာ သူလိုစကားပြောကောင်းစာရေးကောင်းတဲ့လူရဲ့ လက်ထဲမှာ အဆိပ်အတောက်ထက်တောင် ပိုဆိုးသေးတယ်။ လူများစုကြီးက ဒါတွေယုံနေတာ။ တလွဲဘာသာရေးပေါ့။ ဒါတွေကို ကို်ယ့်ဖာသာကိုယ် မယုံဘဲနေပေါ့လို့ ပြောရုံနဲ့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ —
လာပြီနော်၊ ကမာ္ဘ့နိုင်ငံရေးပညာရှင် ဂျော့အိုဝဲက တစ်ကမာ္ဘလုံးကို ချပြထားတဲ့ သီဝရီတစ်ခုရှိတယ်။ ဒါကို တစ်ကမာ္ဘလုံးက သိတယ်။ မြန်မာပဲ မသိဘူး။ အဲဒီ သီဝရီကတော့ – တိုင်းပြည်တွင်းက လူတွေကို ဘရိန်းဝပ်ရှ် မလုပ်ထားဘဲ အဲဒီတိုင်းပြည်ကို တစ်ပါတီအာဏာရှင်စနစ်နဲ့ အုပ်ချ ုပ်လို့ မရပါဘူး။- တဲ့။ အဲဒီမှာ ဒီလို စကားပြောကောင်းတဲ့ ဆရာတွေက တလွဲဘာသာရေးကို အသုံးချပြီး လူတွေကို ဘရိန်းဝပ်ရှ် လုပ်ထားတယ်။ ဒါကြောင့် ကိုယ်မယုံတိုင်း မပြီးဘူး။ တစ်ပြည်လုံးကိစ္စ။ တစ်ပြည်လုံးနီးပါးက လူတွေဟာ နတ်တွေ နဂါးတွေ ဘိုးတော်တွေ အကုန်လုံးကို တစ်မျိ ုး မဟုတ် တစ်မျိုး ယုံကြတယ်။ တစ်နေ့ကို ဘယ်ဂါထာ ဘယ်နှခေါက်ရွတ် စတဲ့ ယတြာတွေနောက် ကောက်ကောက်ပါအောင် လိုက်ကြတယ်။
—
.ဟေ့ ရေဆူတာလောက်တော့ လာမပြောနဲ့။ ဟိန္ဒြ ူ တွေ မီးနင်းတာကို မြင်ဖူးကြသလား မသိဘူး။ ကျောကို အပ်နဲ့ဖောက်။ အုန်းသီးတွေဆွဲတာ သူတို့ ဘာမှ မဖြစ်ကြဘူး။ ဆေးတွေဝါးတွေလည်း စားမထားကြဘူး။ ကိုယ့်ဘုန်းဘုန်းတွေ တန်ခိုးထက်လှချည်ရဲ့ ဆိုရင် အဲဒီ မီးနင်းပွဲတစ်ပွဲလောက် ပျက်သွားအောင် လုပ်ပြပါလား။
ကေဇီ
October 2, 2014 at 8:17 am
– တဲ့။
~~~~~~~~~~~
ဟိုနေ့က ရုပ်ရှင်ကြည့်ဖြစ်တယ်။
ရုပ်ရှင်ညွှန်းမို့တော့မဟုတ်ပါဘူးး ဟီးဟီးးး
အမှန်က တွေးမိတာလေးကိုလည်း ပို့(စ) တင်ဖို့ ရည်ရွယ်သေးတယ်။
ခုတော့ ဒီမှာပဲ ရေးလိုက်တော့မယ်။
Divergent တဲ့။ ရုပ်ရှင်က။ ခေတ်လွန်ကားတစ်ကားပါပဲ။
အဖွဲ့ တစ်ခု အုပ်ချုပ်တဲ့ ဒေသ(လို့ပဲထားပါတော့) မှာ အဖွဲ့ ၄ ဖွဲ့ ခွဲထားတယ်။
အဲဒီ အဖွဲ့ ၄ ဖွဲ့ထဲကမှ ဘယ် အဖွဲ့ထဲမှ အံမဝင်တဲ့ သူတွေကို ဒိုင်ဘာဂျင့်လို့ သတ်မှတ်ပြီး ပယ် တယ်။ (ပယ်တယ် ဆိုတာ အရှင်ပယ် အသေပယ် ပယ် ချင်သလိုပယ်တယ်)
ဆိုလိုချင်တာက ဘယ်လို နည်းနဲ့မှ ဘရိန်းဝပ် လုပ်လို့ မရတဲ့ သူက ဒိုင်ဘာဂျင့်ပဲ။
ပါးနပ်၊ ကိုယ်ရည်ကိုယ်သွေး ကောင်းပြီး သူများ လွှမ်းမိုးတာကို ငြိမ်မခံနိုင်တဲ့သူ ဒိုင်ဘာဂျင့် ၂ ယောက်ပဲ သူတို့ ရဲ့ လက်နက်ကိုင်အဖွဲ့ထဲရောက်လာရော သူတို့ အုပ်ချုပ်ရေးပျက်စီးသွားတာကို ရိုက်ပြတာ။
ဟုတ်တယ်။
တခြားအဖွဲ့ထက်စာရင်တော့ လက်နက်ကိုင်အဖွဲ့ထဲ ဦးနှောက်ရှိတဲ့သူရောက်လာတာဟာ ဖိနှိပ် ကိုယ့်သဘော အုပ်ချုပ်ချင်တဲ့ ခေါင်းဆောင်တွေ အတွက် ဒုက်ခပဲ။
အဲဒီတော့ ဘရိမ်းဝပ် အလုပ်ပေးရဆုံးက လက်နက်ကိုင် အဖွဲ့တွေကိုပဲ။
(ဘဘကြီးတို့ တော်သကွာ)
ဆိုတော့ ဘာသာရေးကတော့ သန့်စင်နိုင်တဲ့ ခေါင်းဆောင် အမြင့်ရောက်ဖို့ အရင်လိုအပ်တယ်။
ဘာပဲ ပြောပြော ကျနော်ဆီမှာက ဘုန်းကြီး ကိုးကွယ်တယ် ဆိုရင်တောင် မကိုးကွယ်နဲ့ တားဖို့ထက်
ကိုယ်တွေ ကိုးကွယ်တဲ့ ဘုန်းကြီး တနည်းအားဖြင့် သာသနာ သန့်ဖို့ လိုတာပေါ့။
ခု ပြောနေရရင် အုတ်ရောရော ကျောက်ရောရော ပြောနေရလို့ ဘယ်သူက လက်ခံမှာမဟုတ်။
ဆိုး……
ဟို ဘရိန်းဝပ် လုပ်ထားရတဲ့ လက်နက်ကိုင် အဖွဲ့ကြီး ခေါင်းပေါ်က ဆင်းဖို့သာ အရင် အရေးကြီးးး
:k:
ဝင့်ပြုံးမြင့်
October 2, 2014 at 10:42 am
ကေ – တခြားတိုင်းပြည်တွေမှာ ဘရန်းဝပ်ရှ်လုပ်ပေးနိုင်တဲ့ ခေါင်းဆောင်ကြီးတွေရှိတယ်။ ဒီတိုင်းပြည်မှာ ဒီလောက်တော်တဲ့ခေါင်းဆောင် လုံးဝမရှိဘူး။ ဒါကြောင့် ဘရိန်းဝပ်ရှ်လုပ်ခံထားရပြီးသား လူတွေကို အသင့်တက်အုပ်ချ ုပ် နိုင်တာ။ မြန်မာပြည်မှာက တခြားတိုင်းပြည်ကလို အကြမ်းနည်း မဟုတ်ဘဲ soft power နည်းနဲ့ ဖြစ်နေတာ။ အဲဒီဖြစ်တည်မှုကို ရှာဖွေ ဖော်ထုတ်ရမှာ။
အလင်းဆက်
October 1, 2014 at 8:16 am
ကျနော်လည်း ငယ်ငယ်ကသာ သူ ့စာအုပ်တွေကို ကြိုက်တာ
ကြီးတော့ သူ ရေးတာတွေက စိတ်ကူးယဉ်ဆန်လွန်းတာ တွေ ့တယ်
အဲ့ဒီနောက် အဲ့ဒီလိုင်းကို ကောက်ကိုင်ကို မကြည့်တော့တာပဲ။
သူက ဝတ္ထုရေးရင် တကယ်ရှိတဲ့နေရာတွေ လူတွေကို ထည့်ရေးတယ်
ဒါကြောင့်သူ ့ဝတ္ထုဟာ တကယ့်အဖြစ်အပျက်တွေလိုလို ထင်ပြီး ဖတ်ခဲ့ရတယ်။
အဲ့ဒီ စာဖတ်သူကို အယုံသွင်းပြီးရေးနိုင်တာကိုတော့ အားကျတယ်။
ပြီးတော့ သူ ့အပြော ကြားဖူးတာတခုက
သူဟာ စာရေးရင် ဆိုပြီးရေးတယ်တဲ့။
အသံနဲ့ ဆို ဆိုပြီးရေးတဲ့အတွက် အဲ့ဒီစာကို ဖတ်ရတဲ့သူတွေအတွက်
အရသာတမျိုးရှိလာတယ်။
သူ့စာကိုဖတ်ရင်းနဲ့ အသက်ကြီးကြီး ဦးလေးကြီးတစ်ယောက်က ကိုယ့်အနား လာပြောပြနေသလိုခံစားရတယ်ပေါ့။
ပြီးတော့ ဆိုပြီးရေးတဲ့အတွက် စာ ချောပါတယ်။
ကျနော် အဲဒီ ဆိုပြီးရေးတဲ့နည်းကို တခါတရံအသုံးချပါတယ်။
ရေးပြီးသားကို ပြန် ဆိုကြည့်ရင်
ထောင့်နေတဲ့နေရာတွေ ပေါ်လာတယ်။
အဲ့ဒါကို ဆိုလိုက် ပြင်လိုက် လုပ်ရင်းနဲ့ စာ ချောသည်ထက်ချောလာတယ်။
သူ ့ကို ကျနော် ဗေဒင်ပညာရှင်တို့ဘာတို့ဘက်မှာ
သိပ် အားကျငေးမောတာ မရှိ။
ကြာသပတေး နံတွေနဲ့ချည်း အမည်ပေး ထုတ်ဝေခဲ့တဲ့
သူ ့စာအုပ်တွေ လူထုကို ဖမ်းစားနိုင်စွမ်း
ရေးနိုင်စွမ်းကိုတော့ အသိအမှတ်ပြုထားတယ်။
:k:
kyeemite
October 1, 2014 at 1:42 pm
.“ကိုယ့်မှာသာ ထိုက်သင့်တဲ့ဗဟုသုတနဲ့ .အနည်းအကျဉ်းပြည့်စုံမယ်ဆိုရင် တော်ရုံတန်ရုံအလိမ်မခံရတော့ပါဘူး။”
.အမှန်ပဲကိုကြီးမိုင်းရေ…ဒါကြောင့်စာများမျာဖတ်ဖို့လူတိုင်းကိုတိုက်တွန်းပါတယ်
.ဖတ်ပြီးရင်လည်း ကာလာမသုတ်ကိုမမေ့သင့်ဘူးပေါ့
.ဆိုလိုတာက ပြောတိုင်း ရေးတိုင်း အလွယ်တကူမယုံလိုက်ဖို့ပါ
.ဒီနေ့ဒီအချိန်လို အင်တာနက်ခေတ်၊ ဖိုတိုရှော့ခေတ်မှာပိုဆိုးပါတယ်
.လူတွေအသိမှန်အတွေးမှန်လာအောင်စာပေနဲ့ ကိုကြီးမိုင်းတို့လို .အချက်ကျကျရေးပြမဲ့သူတွေအများကြီးလိုတယ်ဗျာ…ဗရာဗိုပါဗျို့ 😆
မြစပဲရိုး
October 1, 2014 at 11:53 pm
ဟိ
ဒီ လောက် ကောင်းတဲ့ Post မှာ ငြိမ်နေကြသလား လို့။
ဖွ ဗျစီ။ lol:-))
မင်းသိင်္ခ ကို ၂ ပိုင်းခွဲ ကြည့်လိုက်တာ ပိုပြီး ကောင်း ပါတယ်။
(၁) စာရေးဆရာ
(၂) ဗေဒင်ဆရာ ပေါ့။
စာရေးဆရာ အနေနဲ့ ကြည့်ရင်တော့ နောက်ထပ် “မင်းသိင်္ခ” တစ်ယောက် ထပ်ရ နိုင်ပါဦးမလားဘဲ။
သူဟာ သူ့ဟာသူ တစ်ခေတ် ထူထောင်နိုင်ခဲ့တဲ့ စာရေးဆရာကြီး ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး မဟုတ်လား။
မှီငြမ်း တာတောင် ကိုယ့် ဒေသ နဲ့ လိုက်အောင် မှီငြမ်း နိုင်မှ ပေါက်မြောက်နိုင်တာကိုး။
အဲဒီ ပါရမီ အစွမ်း သူ့ဆီ မှာ ရှိခဲ့ပါတယ်။
သူ့ စာတွေ ကို မကြိုက်သူ မရှိသလောက် လို့ လဲ ပြောလို့ ရမှာပါ။
ဗေဒင်ဆရာ အနေနဲ့ ကတော့ မပြောတတ်ပါ။
ဒီတော့ အဲဒါကို မဝေဖန် တော့ပါဘူး။
ဒါပေမဲ့ သူကြီးမင်း မိန့် လိုက်တဲ့
{မှိုင်းတကာ့မှိုင်းတွေထဲ.. ဘာသာရေးမှိုင်း } ကို လိုက်ပြီး နင်းပြီး ဖွ ချင်စိတ်ဖြစ်သွားလို့ ပါ။
ဗေဒင် ဆိုတာ နဲ့ “ဗုဒ္ဓဘာသာ” နဲ့ တွဲကြည့် လို့ မရပါလေ။
“ဗုဒ္ဓဘာသာ” မကိုးကွယ် တဲ့ သူများ လဲ ဗေဒင် လို အကြားအမြင် လို ကို စိတ်ဝင်စား တာ သိကြမှာပါ။
Zodiac Signs ဆို တာ အနောက်တိုင်း မှာ ရေပန်းစားပေါ့။
ညကျမှ ဆက်မည်။
မဟုတ်ရင် ထမင်း ငတ် တော့မည်။
သူကြီး မင်း ကို လှမ်းတွေ့ လိုက်လို့ တုတ် နဲ့ ထိုး လိုက်တာ။ lol:-)))
ဝင့်ပြုံးမြင့်
October 2, 2014 at 3:39 am
သဂျီး သုံးနေကျ အသုံးအနှုန်းတစ်ခုက ဘာသာရေး ဆိုတာဖြစ်နေလို့ပါ။ တကယ်က တလွဲဘာသာရေး လို့ သုံးရမှာ။ မြန်မာပြည်မှာ တလွဲဘာသာရေးက ပိုများပါတယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင် ဘာသာရေး လို့သုံးရင်လည်း မှန်နေတာပဲ။ လူတွေ လက်သင့်မခံနိုင်ဘူးပေါ့။ ဒါကြောင့် သဂျီးလည်း လူတွေနဲ့ အရမ်းကြီး အတိုက်အခံ မဖြစ်အောင် တလွဲဘာသာရေးလို့ သုံးသင့်ပါတယ်။
ဘာသာရေးစွက်ဖက်မှုဟာ သိပ်ကြောက်စရာကောင်းပါတယ် အမလတ်ရေ။ ဘာသာရေးဟာ ဒီမိုကရေစီရဲ့ ခေါင်းစဉ်အောက်မှာပဲ ရှိသင့်ပါတယ်။ လူတွေကို ဩဝါဒနဲ့ အုပ်ချုပ်လိုက်တဲ့အခါမှာ အုပ်ချုပ်ရတာ လွယ်သွားတယ်။ ဘာသာရေးဩဝါဒ ကို ဘယ်သူ အာခံရဲလဲ။ အမလတ်ရေ သမီးလေးကို ပုံပြင်လေးတစ်ပုဒ် ပြောပြပြီး (ဥပမာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ် ဆိုတဲ့အကြောင်း) သမီးလေး မျက်နှာကို အကဲခတ်ကြည့်ပါ။ သမီးလေး ငြိမ်နေလိမ့်မယ်။ ပုံပြင်လေးကို သက်ဝင်နေလိမ့်မယ်။ မိမိကိုယ်ကို အပြစ်ရှိခြင်း ဆိုတာကို အသာအယာရိုက်သွင်းပေးလိုက်ရင် ကိုယ်က နေရင်းထိုင်ရင်း ပိုမြင့်တဲ့လူဖြစ်သွားမယ်။ သင်္ကန်းဝတ်တစ်ပါးရဲ့ အားသာချက်ဟာ ဒါပါပဲ။ လူတွေကို ဩဝါဒခြွေပေးလိုက်တဲ့အခါ အပြစ်ရှိခြင်း မရှိခြင်းအကြောင်း ဩဝါဒခြွေပေးလိုက်တဲ့အခါ ကိုယ်ကတော့ သူတို့ထက် ပိုမြင့်သွားတယ်။ ဒီလိုဖြစ်အောင် ဝတ်စုံကိုလည်း ပြောင်းရတယ်။ သင်္ကန်းဝတ်ချင်ဝတ်၊ မဝတ်ချင်ရင် အဖြူ ဝတ် ဒါမျိုးပေါ့။ သူတို့ဆရာတွေ ပိုသိပါပေါ့။ လူတွေကို ဩဝါဒမှိုင်းတွေတိုက်ပြီး ဦးနှောက်တစ်ခုလုံးကို ဖျက်စီးပစ်လိုက်တာ။ ဒါကို စူပါဆရာကြီး မင်းသိင်္ခ မသိဘဲ နေပါ့မလား။ ဒါကြောင့် မရမ်းတလင်းဆိုတာ ပေါ်ထွက်လာခဲ့တာ။ ကျော်သူ အဖြူဝတ်တာကိုလည်း ကျမ ကြည့်မရဘူး။
—
ကျမတို့ လိုအပ်နေတာကတော့ ရိုးသားစွာ နိုင်ငံရေးလုပ်တာပါပဲ။ အထင်ရှားဆုံး ဥပမာပြရရင် အမေစု ပေါ့။ ဘာဟိတ်ဟန်မှ မရှိဘူး။ လူထဲက လူ။ ဒီလိုလူအတွက် ကော်ဇောနီ ခင်းပေးစရာ မလိုဘူး။ ဖင်ဘူးတောင်းထောင် ကန်တော့စရာ မလိုဘူး။ အဘအဘ ခေါ်ပြစရာ မလိုဘူး။ သူ့ကို ကြိုက်ချင်ကြိုက်မယ်၊ မကြိုက်ချင်မကြိုက်ဘူး။ ဒါပေမယ့် ရိုးသားစွာ နိုင်ငံရေးလုပ်ခြင်းကသာလျှင် တိုင်းပြည်ကို တော်တည့်စေမယ်လို့ ကျမ ယုံတယ်။
–
အရီးရေ
အောက်က လင့်ခ်ကလေးကိုလည်း သွားကြည့်ပါဦးနော်။ ကျမက နောက်ကျပြီးမြင်မှ ဖြစ်နေလို့။ ကျမ အပြစ်ပါ။ အယ်ဒီတာ့သင်ပုန်း – အောက်တိုဘာ ၂၀၁၄ ပါ။
http://myanmargazette.net/203881
—
ဪ မင်းသိင်္ခ နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သူမှီငြမ်းတာ တော်ချင်တော်မှာပေါ့။ ဒါပေမယ့် သူ့စာအုပ်တွေဟာ ဘယ်တော့မှ timeless ဖြစ်မှာ မဟုတ်ဘူး။ အနှစ်ပိုင်း မပါဘူး။ လူညံ့တွေကြားထဲ တော်နေတာပါ အရီးရယ်။ မြန်မာပြည်မှာက လူတွေကို စနစ်တကျ စာဖတ်တတ်အောင် သင်ပေးတာမှ မရှိတာကိုး။ ဂျပန် တို့ ဂျာမနီ တို့မှာဆိုရင် ကျောင်းသူကျောင်းသားတိုင်း စာကြည့်သင်းဝင်ရတယ်။ အဲဒီမှာ ဘာပြီးဘာဖတ်ဆိုတာ စနစ်တကျရှိတယ်။ ဘယ်အသက်အရွယ်မှာ ဘယ်ဟာတွေကို ဖတ်ပြီးတာမျိုး ဆိုတာ လူတိုင်းတပြေးညီဖြစ်နေတာ။ ကမာ္ဘကျော်စာအုပ်တစ်အုပ် အခုထွက်ရင် အခုချက်ချင်း ကောလိပ်တွေမှာ ဖတ်ကြဖို့ ပြဌာန်းပစ်လိုက်တာ။ ဒီမှာက အဲလို မရှိတော့ နည်းနည်းလေးကောင်းရင်ပဲ အထင်ကြီးနေတာ။ ကျမတို့ ဘာသာပြန်သမားတွေလည်း တာဝန်မကင်းဘူး။
မြစပဲရိုး
October 2, 2014 at 5:54 am
ရွှေဇီးကွက် ရဲ့ ယောကျာင်္း ကို ဂျင်းဘောင်းဘီ၊ တီရှပ် နဲ့ လဲ ပုံသွင်းကြည့်တယ်။
လယ်ဂတုံး ယောပုဆိုး လေးနဲ့လဲ မြင်ယောင်ကြည့်တယ်။
အလောင်းထမ်းနေသူ နဲ့ ပလဲသနံ မသင့် ဘူး ထင်နေမိတော့တာဘဲ။
ဒီတော့ အခုလို အဖြူရောင်ဝတ်စုံမှာ ကို မုတ်ဆိတ် တွေ နဲ့ ဖို့ရို့ဖားယား နဲ့ ကဘဲ အမြင်တင့် နေတော့တာဘဲ။
တစ်ခါတစ်ခါလဲ ခပ်လွဲလွဲ လေးကလဲ ကောင်းပါတယ်လေ။
အာ့လာ ထက်ပေါတာ။ :))
မြစပဲရိုး
October 2, 2014 at 5:24 am
ပြုံးညီမ ပြောတာနဲ့ အတော် အလေးအနက် ထား ပြောရမလို ဖြစ်သွားပြီ။
ဟိုဘက်က ကိစ္စ ကိုလဲ လွတ်သွားတယ် ထင်တယ်။
အချိန်ရချိန်ရောက်ရင် အစ ပြန်ဖော်ကြည့်ပြီး ပြန် ဆွေးနွေးချင်ပါသေးတယ်။
အခု ညနေ က ပြောချင်တာလေး အရင် အဆုံးသတ်လိုက်ချင်ပါရဲ့။
နောက်တော့ မပြုံး ပြောတဲ့ “သင်္ကန်းဝတ်တစ်ပါးရဲ့ အားသာချက်ဟာ ဒါပါပဲ။ ” ဆိုတာကို ဆက်ချင်တယ်။
ဒီရက်မှာ ဗေဒင်၊ ယတြာ တွေ အကြောင်းပြောရင်း ကိုယ်ကိုယ်တိုင် က ဒါတွေ ကို သက်ဝင်မှု မရှိတာ ပြောခဲ့ဘူးပါတယ်။
ဒါပေမဲ့ ဒါဟာ ကိုယ့်ရဲ့ စိတ်ခံစားချက် သက်သက် ဘဲ ဖြစ်သင့်တာ ဖြစ်ပြီး တစ်ခြားသူတွေ ရဲ့ သက်ဝင်မှု ကို ကဲ့ရဲ့ လှောင်ပြောင် ရှုံ့ချမှု တော့ မလုပ်သင့်ဘူး ထင်ပါတယ်။
မှားတယ်ထင်ရင် မှားကြောင်း အကျိုးအကြောင်းပြ ပြောဆိုတားမြစ်နိုင်ဖို့ ပထမဆုံး ကြိုးစားသင့်ပါတယ်။
နောက်တစ်ဆင့် ကတော့ အများကိုထိခိုက်တဲ့ အကြောင်း ဖြစ်လာရင်တော့ ဆိုင်ရာ ဥပဒေ နဲ့ ရင်ဆိုင်စေဖို့ အားထုတ်သင့်ပါတယ်။
ဒါတွေ က အစ ထဲ က ပြတ်ပြတ်သားသား ချမှတ်ထားတဲ့ အများသိပြီး စည်းကမ်းချက်တွေ ဖြစ်ဖို့တော့ လိုတာပေါ့။
မြန်မာပြည်မှာ က ဒါဟာ ထိပ်တန်းအားနည်းချက် ဆိုတာ ငြင်းမရဘူး။
ဒီလို နဲ့ဘဲ လိမ်ညာမှုတွေ ရောင့်တက်လာ။
ဒီမှာ အလိမ်ခံရရင် အလိမ်ခံရသူ ညံ့လို့
မိန်းကလေး မုဒိမ်းကျင့်ခံရရင် လျှပ်ပေါ်လော်လီနေလို့
ဆိုပြီး Victim ကို လွဲချတဲ့ အလေ့ က တရားဥပဒေ ကို ကောင်းကောင်း မနိုင်တဲ့ နေရာ တွေ မှာ ဖြစ်တာ။
ဘာအကြောင်းနဲ့ လိမ်လိမ်၊ လိမ်မှု ရဲ့ အပြစ်ခံစားစေရမယ်
ဘာအကြောင်း နဲ့ စော်ကား စော်ကား၊ သူများကို ထိခိုက်နာကျင်စေမှု နဲ့ အပြစ်ခံစားစေရမယ်။
နိုင်ငံ မှာ ဒီလို စနစ် မရှိ လို့သာ အလွယ်ချိုးဖောက်ရဲ နေတာမို့ အယုံလွယ်သူ တွေ ကို နည်းမျိုးစုံ သုံးပြီး လိမ်နိုင်နေတာပါ။
ဒါပေမဲ့ တစ်ဖက်ကပြန်ကြည့် ရင် အဲဒီလို လိမ်တာမဟုတ်ဘဲ ပညာရပ် တစ်ခု အနေ နဲ့ မှန်မှန်ကန်ကန် လေ့လာ နေသူ တွေ လဲ ရှိပါတယ်။
အဲဒီ ပညာ က အစွန်းရောက်ပြီး လူအများကို မထိခိုက်သ၍ ကြိုက်သလို လေ့လာခွင့်၊ လိုက်နာခွင့် ရှိသင့်ပါတယ်။
ဒီပညာ ကို ယုံသူ ရှိသလို မယုံလဲ နေလို့ ရပါတယ်။
ကိုယ်မယုံ လို့ ဆန့်ကျင်ချင်ရင် အချက်အလက် အသေသေချာရှာပြီး မဟုတ်ကြောင်း သက်သေပြပေါ့။
သက်သေပြစရာ အထောက်အထား မခိုင်လုံရင်တော့ ကိုယ့်စိတ်ထင်ရာ တစ်ချက် နဲ့ ကောက်ချက်ချပြီး ဒါဟာ မှားတယ်ပြောမရဘူး။
ဥပမာ – မိန်းမတစ်ယောက် သူ့ယောကျာင်္း ဖောက်ပြန် တာကို သိလို့ ကွဲ ချင်ပေမဲ့ သူ့ မှာ ကိုယ်ပိုင်အားမရှိရင် မကွဲရဲဘူး။
ဒါကြောင့် သူ အားသန်ရာ ဉာဏ်မှီရာ တနည်း အားကိုး ရာ ဗေဒင်မေး ယတြာချေ ပါတယ်။
အဲဒီလို လုပ်လိုက်တော့ သူ့စိတ်မှာ ယုံကြည်မှု ရသွားမယ်။
နောက်ပိုင်း စိတ်ဖိစီးမှု လျှော့သွားပြီး သူ့ ကိုယ်တော်ကြီး ကို အရင်ကထက် ပိုပြီး ကောင်းအောင် ပြုစု လိမ့်မယ်။
ဒီတော့ လက်သာရာ ကြိုက်တဲ့ အဲဒီမောင်မင်းကြီးသားက သူ့ဆီ ပြန်ရောက်လာမယ်။
ဒီတော့ ယတြာကောင်း တယ် ဖြစ် သပေါ့။
ဒါပေမဲ့ အကြောင်း ရင်းတစ်ခု ကနေ အကျိုး တော့ ဖြစ်သွားတာဘဲ။
မှားတယ်ခေါ်နိုင်မလား။
အမေရိကား က သူကြီးမင်းကတော့ ပြောမပေါ့။
မကောင်းရင် ကွာ လို့။
မြန်မာပြည် မှာ အလုပ်မရှိတဲ့ တစ်ခုလပ် မ ကို အစိုးရက မကျွေးထားဘူး လေ။
ဒါဟာ လဲ လူ တွေရဲ့ ယဉ်ကျေးမှု ကို ကွာခြားစေတဲ့ အကြောင်း တစ်မျိုးပါ။
ပြောရရင် အဲဒီ ဗေဒင်၊ ယတြာ ဆိုတာ
တစ်ချို့ အတွက် စိတ်ခွန်အား ယူနေတဲ့ အကြောင်း
တစ်ချို့ အတွက် ထွက်ပေါက်ရှာလိုက်ခြင်း အကြောင်းလို့ မြင်မိတယ်။
ဒါဟာ ဗုဒ္ဓ ရဲ့ သံသရာပြတ်ရာအဆုံးအမ ထက် လောကီထဲ နေရခိုက် ကောက်ရိုးတမျှင် ကို ဆွဲနေသလိုပါ။
မှန်တယ်လို့ မပြောနိုင်သလို မှားတယ်လဲ ဘယ်လို ပြောပါ့မလဲ။
လူတိုင်း က သံသရာထဲ လည်ပြီး ပျော်နေသမျှ ကိုယ်ထင်ရာ ကောက်ရိုး တွေ ဆွဲရင်း ဘဝ တွေ ဆက်နေကြတာဘဲ။
အဲဒီ ကိုယ်ထင်ရာ ကောက်ရိုး တွေ ဆွဲနေ တာကလဲ မပြုံးပြော တဲ့ ကိုယ်က ဘယ်အပိုင်းမှာဘယ်လို ဘရိန်းဝပ်ရှ် လုပ်ခံ နေလဲ ပေါ်မူတည်ပြီး မှီရာ နီးရာ ဆွဲ နေတာမဟုတ်လား။
ပြောချင်တာက အစ်မတို့ အားလုံး သူ့နည်း သူ့ဟန် နဲ့ ဘရိန်းဝပ်ရှ် ဖြစ်ပြီး နေပါပြီ။
ဒီမှာ နည်းနည်းပိုသာတဲ့ သူက တစ်နေရာထဲ ကွက်ပြီး အလျှော် မခံတာလိုက်တာဘဲ။
တစ်ချို့ကတော့ တစ်နေရာထဲ မှာ အလျှော်ခံ နေရတော့ ကွက်ပြီး လုံးပါးပါး သွားတာပေါ့။
တစ်ချို့ကလဲ အစွန်းတစ်ဘက်က နေ တစ်ခြား အစွန်း ကို ဘရိန်းဝပ်ရှ် တယ်မြင်
တစ်ဖက်ကလဲ အဲဒီ လူဘက် ကို ဘရိန်းဝပ်ရှ် ခံရတယ် မြင် နဲ့ သံသရာလည် နေပေါ့။
အခု တို့ တွေ ဖြစ်နေသလိုနေမှာ။
အမှန်တော့ တို့ ဘက်က ဘာမြင်လဲ ဆိုတော့ သူကြီးရော၊ မပြုံးရော အဝါရောင် ဆို ဘာဘဲ ဖြစ်ဖြစ် ဝါးလုံးနဲ့ရမ်း နေမိအောင် ဘရိန်းဝပ်ရှ် ခံနေရတယ် မြင်တယ်။
မပြုံး ကလဲ တို့ ကို အဝါရောင်ယူနီဖောင်း ရဲ့ မှိုင်းတိုက်ခံ ဘရိန်းဝပ်ရှ် ခံ နေရသူ မြင်မယ်။
ဒီတော့ တို့အားလုံး သူ့နည်းသူ့ဟန် ဘရိန်းဝပ်ရှ် ခံ နေရသူတွေလို့ ဆိုတာကို အရင် လက်ခံလိုက်ရအောင်။
ပြီးရင် ဆက်ပြီးတော့ မပြုံး ပြောတဲ့ “သင်္ကန်းဝတ်တစ်ပါးရဲ့ အားသာချက်ဟာ ဒါပါပဲ။” ကို ဆက်ကြစို့။
“သင်္ကန်းဝတ်” ဆိုတိုင်း ကိုယ့်ထက် သာတယ် လုံးဝ(လုံးဝ) ပြောလို့ မရတာ ကို အသေအချာ လက်ခံပါတယ်။
ဒါပေမဲ့ “သင်္ကန်းဝတ်” တာရဲ့ အကြောင်းရင်းက လောကီ ကို စွန့်ကြောင်း ရတာ ရှိတာ နဲ့ ရောင့်ရဲ သူဖြစ်ကြောင်း “သင်္ကန်းဝတ်” ပြီး တစ်ခြားလူ တွေ နဲ့ ကွဲအောင်နေပြရခြင်းပါ။
အဲဒါရဲ့နောက်မှာ တကယ်လက်တွေ့ကျင့်ကြံ ပြီး ဘယ်သူ့ကိုမဆို မေတ္တာစိတ် ထားနိုင်တဲ့၊ လောဘ မတက်တဲ့၊ မောဟကင်းတဲ့၊ ဒေါသမရှိတဲ့ ရဟန်း တွေ အများကြီးပါ။
တကယ်ဘဲ အကောင်းမြင်စိတ်နဲ့ လောကကြီးထဲ နေပျော်အောင်၊ လောကဓံ ကိုခံနိုင်ရည်ရှိအောင် ဟောပြနိုင်တဲ့ “ငါ” စွဲကင်းနေပြီဖြစ်တဲ့ ရဟန်းတွေ လဲ အများကြီးပါ။
ရဟန်း ပြောလိုက်စကား၊ ပြလိုက်တဲ့ တရား နောက်မှာ သူ ဘာလဲ မြင်လို့ ရပါတယ်။
အဲဒီလို ရဟန်း တွေကို မြင်ဘူး၊ သူတို့ တရား တွေ နာဖူး ခဲ့ရင် ဝါးလုံးရှည် နဲ့ ရမ်း နေတာကို လက်သင့်ခံလို့ မဖြစ်ပါဘူး။
သူတို့ အတွက် ကာကွယ်ပြီး ပြောရမဲ့ တာဝန်ရှိပါတယ်။
ဒါဟာ ဘရိန်းဝပ်ရှ် ခံနေရတယ် ဆိုလဲ လက်ခံပါတယ်။
ကိုယ့်ထက် ဖြူစင်တဲ့ စိတ်၊ မြင့်မြတ်တဲ့စိတ် ရှိတဲ့ သူ ရဲ့ အလျှော်ခံရလို့ ကတော့ ကိုယ်လဲ သူ့လို တစ်နေ့ ဖြူသွားနိုင်မှာလို့ ယုံကြည်ရင်းပေါ့။
ကဲ စကားလဲ ပြောလို့ ကောင်းပါတယ်။
သို့ပေသည့် တော်သေးပြီ ပြုံးညီမ ရေ။
အပြန်အလှန် စကား ကြားချင်ပါသေးတယ်။
ကိုကြီးမိုင်း ရဲ့ လိုရင်း တော့ ပျောက်သွားပြီလားမသိ။
:))
ဝင့်ပြုံးမြင့်
October 2, 2014 at 11:01 am
. ဟိဟိ အရီးလတ်ကြီး မရမ်းတလင်းအကြောင်း လုံးဝမသိဘူး။ ဒါကြောင့် အဘ ကို ဗေဒင်ဆရာလို့ လျှောက်ပြောနေတာ။ ခုနေသာ အဘ သေရွာကထလာရင် သူ့ကို ဗေဒင်ဆရာလို့ ပြောရကောင်းလားဆိုပြီး ချိတ်ချိ ုးတော့မှာ။ အဘက ဗေဒင်ဆရာ မဟုတ်ပါ။ အဘဟာ အထက်ပုဂိ္ဂုလ် ဂိုဏ်းဝင်ဆရာ ဖြစ်ပါတယ်။ အထက်ဂိုဏ်းတွေမှာ အဖြူ သက်သက်ဝတ်တာလည်း ရှိတယ်။ အဖြူ ဝတ်ပြီး ဆံပင်ကျင်စွယ် အရှည်ထားတာလည်း ရှိတယ်။ တချိ ု့ ဂိုဏ်းကတော့ အဖြူ မဝတ်ဘူး။ ဆံပင်ပဲ အရှည်ထားတယ်။ အဖြူ သက်သက်ဝတ်တာက ဝိဇ္ဇာဂန္ဓာရီ လားမသိဘူး။ အဘတို့က ဝိဇ္ဇာအရိယာ လား မသိဘူး။ မျှစ်မ အဲဒါတွေ လုံးဝနီးပါး မသိလို့ ရှင်းမပြတတ်ဘူး။ သေချာတာကတော့ ဒါတွေဟာ တလွဲဘာသာရေးရဲ့ ရေသောက်မြစ် ဆိုတာပဲ။
—-
. နေကြပါဦး။ သမီးမသိလို့ ရှင်းပြကြပါဦး ရွာသူရွာသားအပေါင်းတို့။ ဦးဦးကျော်သူက စီးပွားရေးတွေလုပ်၊ ငွေတွေရှိလာလို့ နာရေးကူညီမှုအသင်းလုပ်ပြီး လှူ နေတမ်းနေတာလား။ ဒါမှမဟုတ် နာရေးကူညီမှုအသင်းထောင်၊ ဖောင်ဒေးရှင်းပေါ့လေ။ အဲဒါလုပ်ပြီး အလှူ ခံနေတာလား။ သူတို့ ဘာနဲ့စားနေသလဲ။ ဘာစီးပွားရေးလုပ်သလဲ။ ဘာဖြစ်လို့ ကြီးပွားလာကြသလဲ။ သမီး တကယ်မသိလို့ပါ။ ဟိုလေ ဘီလ်ဂိတ် သူဌေးကြီးလိုမျိ ုး ပိုက်ဆံတွေရှိလို့ ပက်ပက်စက်စက်လှူ နေတာလား။