မှတ်မှတ်သားသား စားဖွယ်များ – ပုဂံ
အရင်က ပြန်ရင် စုစုပေါင်း ၂ ပတ်မှာ ရန်ကုန် နဲ့ မန်းလေးကို တစ်ပတ်စီနေတာ။
မလောက် လို့ ဒီ တစ်ခေါက် ၂ ပတ် စီ နေတာလည်းးးးးးး မလောက်ဘူးး :mrgreenn:
ဒီ တစ်ခေါက်က ခရီးတိုတွေ များတယ်။
များပေမပေါ့။ မွေးမေလေ့က သူ့ အမျိုးတွေနဲ့ ပြန်ခေါ်တော့ ဆွေမျိုးချစ်ကြည်ရေးလိုက်လုပ်ရတာ နဲ့ ခင်ဇော်လည်း အစားစုံ အဲလေ နေရာစုံ သွားလိုက်ရရော။
စစ်ကိုင်း၊ မင်းကွန်း၊ ကောင်းမှုတော်
မြင်းခြံ
ပုဂံ
မေမြို့ မနားတမ်း သွားတယ်။
ကြားရက် မှာ သူငယ်ချင်းတွေ အမျိုးတွေ ကျွေးသမျှ မနားတမ်းစားတယ်။
တစ်ရက် ၄ နပ်ကို လူ မျှအောင် မပေးနိုင်ဘူးး
လူတွေ ပိုနေတယ်။
အချိန်မပေးနိုင် ဒိတ်မပေးနိုင်တဲ့ သူတွေ ကျန်ခဲ့တယ်။
အချိန်မပို အစာအိမ်မပိုဆိုတော့။
ပြောပါတယ်။
မန်းလေးပြန်ရင် တစ်လစာ ထမင်းစားရိတ်မကုန်အောင် ကျွေးထားနိုင်သူတွေရှိပါတယ်လို့။
(ဤကား အကြွားချပ်)
:sar:
ဒီထဲက မှ ပုဂံ အစားအသောက်လေးပဲ ရေးပါ့မယ်။ ရေးမှာ မဟုတ်ပါဘူးး၊ ဘာတွေ စားခဲ့တုန်းဆိုတာ ပြမှာ။
ရန်ကုန် ခရီးစဉ်ကတော့ အလှူပို့(စ) စားမြုံ့ပြန်မှ ပေါင်းရေးတော့မယ်။
:k:
ပုဂံ ခရီးစဉ်က ဟိုတခါ စလုံးလာလည်ပြီး အိမ်မှာ နေခဲ့တဲ့ သူငယ်ချင်းလင်မယား စီစဉ်လို့ အလကားပဲတင်း လူစိုက် ပါသွားတာ။
ဘယ်သွားချင်တုန်းမေးတော့ ပုဂံ ဓာတ်ပုံရိုက်ချင် (အဲ) ဘုရားဖူးချင်တာနဲ့ ပုဂံလို့ ပြောလိုက်တာ။
ဟိ။
အဲဒီ သူငယ်ချင်းမလေးနဲ့ ကိုယ်တွေ ကျောင်းတက်တုန်းကလည်း ပုဂံဇာတ်လမ်းရှိသမို့ အချင်းချင်းပဲ သဘောပေါက်ပြီး တဟီးဟီးတဟားဟားသွားခဲ့ရတဲ့ ခရီးပါ။
မွေးမေလေ့ ကတိတောင်းလို့ သေရည်သေရက် လုံးဝ မသောက်ပဲ သွားခဲ့တဲ့ ခရီးးး။
:g:
သောကြာည မောင်းပြီး သံတဲ ဟိုတယ်ကို ညသန်းခေါင်ရောက်၊ အိပ်၊
စနေမနက် အစောကြီးမှာ ဘုတ်သံတွေနဲ့ နိုးလာရော၊ အတော်လန်းဆန်းပြီး မနိုးစဖူးအချိန်တွေ နိုးလို့ မျက်နှာမသစ်ပဲ၊ အနွေးထည်ကြီးနဲ့ မြစ်ကမ်းကို ဆင်းပြီး ဓာတ်ပုံရိုက်လိုက်သေးးး
ဇီးကွက်တွေတောင် မအိပ်သေးပဲ ကြည့်နေလို့ သူတို့ပါပြန်ချောင်းရိုက်လာတာ။
ဟိုတယ် ဘူဖေးဘရိတ်ဖတ်ကို ဘာစားတယ်မှတ်တုန်းးး? မုန့်ဟင်းခါး ၃ ပွဲစားခဲ့တယ်။
အတူလာတဲ့ သူငယ်ချင်းတွေက လှောင်တော့ မြန်မာစာစားချင်နေတာလို့ ပြောတော့ ကောခံရတယ်လေ။
“နင် က ဘိုမဂျီး လားတဲ့?”
“အေး” လို့ ဆိုတော့
“ဘို အင် ကြီး” တဲ့။ အဲလို ချိုသာကြတာ။
ဘုရားကိုနား နား ဖူးပြီး ဓာတ်ပုံ နားနား ရိုက်ရတာ။
အစားအသောက်စားကလွဲရင် ကျန်တာလုပ်ရင် မောတတ်လွန်းလို့။
ဟေးဟေးဟေးးး
အဲဒီ စနေနေ့လည်စာကို သူငယ်ချင်းက “မျိုးမျိုး” မှာ သွားစားမတဲ့။
ကိုယ်က ဟိုတခါ ဂဂ ပြောဖူးတဲ့ ဆိုင်လေး စားချင်တာ။
အမေစု စားဖူးတယ် ဆိုတဲ့ ဆိုင်လေး။
သူတို့က မသိ။
😕
အဲဒါနဲ့ “မျိုးမျိုး” ဆိုလည်း “မျိုးမျိုး” ပေါ့။
မျိုးမျိုး ထမင်းဆီဆမ်း နဲ့ ဟင်းမျိုးစုံ
ဝက်ကြီးအင်းရပ်၊ ညောင်ဦးမြို့။
ဖုန်း – ဝ၆၁-၆၀၂၃၅/ ဝ၉-၂၀၄၂၄၈၅
ရောက်တော့ လက်သွားဆေးပြီး စားပွဲကို ပြန်လာတဲ့ အချိန်မှာ အောက်ပါ ဟင်းပွဲတွေက စားပွဲ အပြည့်ပါ။
ဟာ!!! ကိုယ်လည်း ဝမ်းသာအားရ နှိုက်မယ်ပေါ့။
လက်ကို ဖမ်းဆွဲ တားခံရပါတယ်။
“မိုင်ခိ” တဲ့။
“တို့စပ်တို့စပ် အကုန်မနှိုက်ရဘူး” တဲ့ဗျာ။ “စားမဲ့ဟင်းကိုပဲ နှိုက်ပြီး ကုန်အောင် စားပါ” တဲ့။
“နှိုက်မိရင် လျော် (အဲလေ) ပေးရပါတယ်” တဲ့။
:s:
ဟတ်ကဲ့။ ကျမ နှိုက်မိ အပြစ်ရှိ ကားမှာ အကယ်ဒမီရတော့မလို့ နည်းနည်းပဲ လိုပါတော့တယ်။
:ff:
ဒါနဲ့ မုဒ် ကတော့ ပျက်သွားတယ်။
မစားဘူးလား ဆိုလည်း “ဟေအေး စားမှာပဲ” ဆိုတဲ့ အမျိုးအစားကိုးးး
စားဖြစ်ပါတယ်။
:sar:
ဘာတွေ နှိုက်စားရမယ်တောင် မသိတော့ပဲ စားမိလိုက်တဲ့ နေ့လည်စာပေါ့ဗျာ။ လက်ရာကောင်းပါတယ်။
အချိုပွဲ အကြိုက်ဆုံးပါပဲ။ ပျားရည်နဲ့ ကြော်တဲ့ ငှက်ပျောသီးကြော်ပါ။ နာမည်ကြီးတယ် ပြောပါတယ်။
ညစာတော့ လောက နန္ဒာဘုရား နားက Black Rose ဆိုတဲ့ ဆိုင်မှာ စားဖြစ်တယ်။ အမှတ်ထင်ထင်မရှိလို့ မပြောတော့ဘူးး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္ဂနွေ နေ့လည် ပြန်တော့ ညောင်ဦး-ကျောက်ပန်းတောင်း လမ်းမှာ သူငယ်ချင်းတွေ မေးပါတယ်။
ထန်းရေဆိုင် ထိုင်မလားတဲ့။
၂ ခါမမေးရတဲ့ ကိုယ်ကလည်း အင်းပေါ့။ ဟိ။
:aa:
“လှိုင်” တဲ့။ ညွှန်းလိုက်တဲ့ လူက “လှိုင်” ဆိုတဲ့ ဆိုင် ဆိုတော့ တစ်လမ်းလုံး တလှိုင်လှိုင် ရှာလာကြတာ။
ဆိုင်တွေက တောက်လျှောက်ပဲ လမ်းမှာ။
စကားမစပ် အဲ ဒီ ဘက်က ရွာတွေက တော်တော်များများ ပြည်ခိုင်ဖြိုး ကျေးရွာဆိုပဲ။
တစ်ရွာလုံး ဦးနှောက်မရှိဘူးလို့ များ ကြေငြာရဲ သေးနော့။
ထားပါတော့။
:chee:
“လှိုင်” ရောက်ပြီ။
ဆိုင် အခင်းအကျင်းနဲ့ ပတ်ဝန်းကျင်လေးကတော့ ခိုက်ချင်စာလေးး
လာလာချင်း လက်ဖက်အုပ်လေး လာပေးတယ်။
ကိုယ်တွေက တခြားဆိုင်တွေလို မှတ်လို့ ဘာရလဲ ဆိုတော့ ထန်းရည်တဲ့။
ထန်းရည်တော့ သိတာပေါ့.။ ဘာစားစရာရတုန်းပေါ့။ လယ်ကြွက်၊ ဖား၊ ဂဏန်း။
ရဘူးတဲ့။
ငင်??
:n:
အဲဒါတွေက ကြိုမှာရတာတဲ့။ ကိုယ်တွေက အထာမသိ ဝင်ပြီး ဝေသာလီပြည် ဘီလူးစီးသလိုဖြစ်နေတာ။
:op:
ဗိုက်ကဆာနေလေတော့ မဖြစ်ချေဘူးးး၊
ကိုယ့် ရဲ့ သနားကမား ရုပ်ရည် (အဟွတ်၊ ဒီချောင်းနှယ်) အားကိုးပြီး
ဆိုင်က အဒေါ်ကြီးကို မျက်နှာလေး ငယ်ပြ (အဟွတ်၊ အဟွတ်) ဗိုက်ဆာကြောင်း ပြောတော့…..
သူ့သား ကို ဆိုင်ကယ်နဲ့ အသားကြော်တစ်ခုခု ဝယ်ခိုင်းပါတယ်။
😳
သူ့ကတော့ ထမင်း နဲ့ ဆီ ဆား နယ်ပေးမယ် ဆိုပြီး သူတို့ မီးဖိုလေးထဲ ဝင်သွားရော။
ထမင်းဆီဆမ်းရယ်၊
ကြက်သားကြော်၊ ဝက်သားခြောက်ကြော်ရယ်၊
အဲဒီ ကြက်က တောကြက်မို့ အတော်ချိုတယ်။
အဲဒါကို အားရဝမ်းသာ “အရပ်ကြက်၊ အရပ်ကြက်” ထအော်မိလို့ ဝိုင်းရီ ခံရသေးးး၊
ဪ။
ကိုယ်က တောလို့ သုံးရမှာ အားနာလို့ဟာပဲဟာပဲကို။
ဝက်သားက သဘာဝခြောက်မို့လားမသိ စားဖူးသမျှ အခြောက်ထဲ (ဟွာလေ၊ အသားခြောက်) အတော်ချိုတယ်။
:k:
လက်ဖက်ရယ်၊
ထန်းရည်ချိုရယ်
အတော်မြိန်တဲ့ နေ့လည်စာလို့ မှတ်မှတ်ရရ။
သူတို့က ဆိုင်မဟုတ်တော့ ပိုက်ဆံမယူပါဘူး တဲ့ဗျာ၊ ပေးချင်သလောက်ပေးး
ရောင်းတဲ့ ထန်းလျက်တို့ ထန်းခေါက်ဖာတို့ ဝယ်ချင်ဝယ် လို့ရပါတယ်တဲ့။
နောက်ခါ လာမယ်ဆို ကြိုဖုန်းဆက်ပြီး မှာထားလို့ ရသတဲ့။ စီစဉ်ပေးတယ် ပြောပါတယ်။
ဒီမှာ လိပ်စာကတ်ပါ။ (ပိုင်သကွာ)
စေတနာနဲ့ လက်ရာက အတော်ကောင်းတာမို့ မှတ်မှတ်ရရပါပဲ။
~~~~~~~~~~~~~~~~~~~~~~
များသွားပြီ။
ပုဂံ ခရီးမှာ ဒီ ၂ နေရာ မှတ်မှတ်ရရမို့ ရေးလိုက်တာ။
ဟိ။
နောက်မှ မန်းလေး နဲ့ ရန်ကုန်အကြောင်း ဆက်ဦးမယ်။
48 comments
Mr. MarGa
February 5, 2015 at 11:11 am
ပုဂံမှာတောင်
လွဲဖြစ်အောင် လွဲခဲ့သေးတာကိုး
လက်ဖက်အုပ်လေးနဲ့
ထမင်းဖြူဆီဆမ်းရယ် အကြော်အလှော်တွေရယ်ကို မြင်ပြီး အလွန့်အလွန် သွားရည်ကျသွားပါကြောင်း
(ကျန်တာက ဖဘမှာ နှိပ်စက်ထားလို့ ရင်မခုန်တော့ဘူးရယ်)
:mrgreenn:
ခင်ဇော်
February 5, 2015 at 11:55 am
ဒါလဲ တင်ထားပါတယ်။
ဟိ။
လွဲတာတွေက မှတ်ကို မမှတ်မိတော့ပါဘူးး
ဟိဟိ။
ပုဂံမရောက်တာ ၁ဝ နှစ်ရှိပြီ။
ဒီ တစ်ခေါက်ရောက်တော့ လွန်ခဲ့တဲ့ ၁ဝ နှစ်က ဟာလေးတွေ တရေးရေးးးးး ပြန်ပေါ်။
:k:
Mr. MarGa
February 5, 2015 at 11:57 am
ထမင်းနဲ့ ကြက်ကြော် မတင်ဘူးလေ 🙂
ဪ…….
“ဆယ်စုနှစ် တစ်ခုဟာ… မကြာလိုက်သလိုပဲ……” :mrgreenn:
Ma Ei
February 5, 2015 at 11:40 am
.ပုဂံ မှာ နေ့လည် ထမင်းစားတော့ ကားသမား ပို့တဲ့ဆိုင်က ရွှေမြန်မာတဲ့ ညံ့ချက် ..
.ကိုယ်ကဘဲ အစားသောက် ဇီဇာ ကြောင်နေလို့လား မသိ ဒါနဲ့ဘဲ
.ညစာကို တည်းတဲ့ Hotel ကုမုဒြာ မှာဘဲ နှစ်ရက်လုံးစားဖြစ်တော့တာ…အဆင်ကိုပြေလို့.
.ပုပ္ဖါးက ရန်ကုန် စားသောက်ဆိုင် စားကောင်းတယ်..ခြံကျယ်ထဲမှာ လဲစားလို့ရတယ်..
.သစ်ခွမျိုးစုံ၊ နဂါးမောက်သီးပင်တွေနဲ့ ရှုခင်းလဲလှလိုက်တာ…
.ပခုက္ကူ က ဟိုပင် မြန်မာ ထမင်းဆိုင်လဲ စားကောင်းတယ်…
ခင်ဇော်
February 5, 2015 at 11:53 am
ဟီးးး
မွအိ။
ကျနော် ပုပ္ပားကို မရောက်လိုက်ဘူးး
ပါလာတဲ့ သူငယ်ချင်းတွေက မျောက်ကြောက်လို့ လိုက်ပို့ဘူးး
ကုတ်တယ်တဲ့။
အာ့နဲ့ပဲ ရှာရှာဖွေဖွေစားလို့ရတဲ့ အစားအသောက်လေးတွေ ရှာစားရတယ်။
မှတ်ထားဦးမယ်။
နောက်တစ်ခေါက် ထပ်သွားမို့။
– ပုပ္ဖါးက ရန်ကုန် စားသောက်ဆိုင်
– ပခုက္ကူ က ဟိုပင် မြန်မာ ထမင်းဆိုင်
:sar:
nicolus agral
February 10, 2015 at 12:08 pm
ဟိုမင်းကြီးအမျိုးနေမှာပါအေ
ဟိုက ဟင်းခွက်သုံရာ
တူက ၁ လအတွင်း ဆိုင် သုံးရာမှန်းထားတာ
🙂
ခင်ဇော်
February 10, 2015 at 12:23 pm
အင်းးးဆို
သူက တရုတ်ပြေးမင်းး
နာ က စပွန်စာပေး မင်း
:k:
Kaung Kin Pyar
February 5, 2015 at 11:44 am
ထန်းရေကို တစ်ခါလား သောက်ဖူးတယ်…။ မှတ်မှတ်ရရ ဦးပိန်တံတားဘေးမှာ…။ သာက်တုန်းက..မနက်ပိုင်းပဲ.။ ဒါပေမယ့်..အနံ့ပြင်းတယ်၊ ချဉ်ခါးကြီး…ကြိုက်ဝူးးးး။ ကိုယ်ပဲ အင်မိသွားလား သိဝူး…။ ထန်းရည်ချိုဆိုတာတော့ သောက်ဖူးချင်သား…။
ငင်..အစားအသောက်ဘေးထားပြီး ဘာပြောမိနေလဲ မသိဘူး….။
မြန်မာထမင်းဟင်း လွမ်းသူတွေအတွက် မျိုးမျိုးကပုံလေးတွေက သဘောကျစရာ…
ဒါနဲ့…
မရမ်းသီးတွေ ပေါ်နေပြီ….။ မရမ်းသီးငါးပိချက် စားချင်လိုက်တာ….
🙁
ခင်ဇော်
February 5, 2015 at 11:51 am
ခိခိ။
ပြန်တော့ မရမ်းသီး ၁ဝ လုံးလားပဲ သယ်နိုင်လို့ ဘာလုပ်စားရမယ်မှန်း ဝေခွဲမရဘူးး
ထန်းရည် အခါးကြီးတော့ မကြိုက်၊
အချိုလေးက ဘယ်လောက်သောက်သောက် အဝင်ကောင်းလို့။
နောက်နေ့မှသာ အိမ်သာရှေ့ မှာ အိပ်ရာခင်းအိပ်ရတာ။
:k:
pooch
February 5, 2015 at 12:04 pm
ထန်းရည်ချိုကောင်းကောင်းကန်းကန်း သောက်ဖူးချင်တယ် တခါလား ပဲ မြည်းဖူးတယ်
အကြောင်းမသင့် လမ်းမသင့်နဲ့ မသောက်ဖြစ် မသောက်ရဘူး
ဒီတခါ ပြန်လာရင် ထန်းရည်သွားသောက်ရအောင်နော် ဆွိ :mrgreenn:
ဆွိတို့ လမ်းများပုံများ သများကျွေးမဲ့ ခေါက်ဆွဲအေးတောင် လာမစားနိုင်ရှာဘူး
ကော်ဖီအတွက်ကျေးဇူးပါ
ဘဆွေကိုလည်း ကျေးဇူးပါလို့
Mr. MarGa
February 5, 2015 at 12:06 pm
ကျနော် လာစားနိုင်ပါတယ်ခည…
ခေါက်ဆွဲအေးအေး ပူပူ ရပါတယ် လို့စ်
အာဟိ :mrgreenn: :mrgreenn:
ခင်ဇော်
February 5, 2015 at 12:07 pm
သွားမယ်။
ဟိ။
မန်းလေး နားက ထန်းတောကို မရောက်ဖူးဘူးးး
ကျောင်းတုန်းက သူငယ်ချင်းတွေက မိန်းကလေးတွေ မလိုက်ရဆိုပြီး မခေါ်လို့။
ဝယ်လာတာပဲ သောက်စားတယ်။
:sar:
လမ်းများတာတော့ မပြောနဲ့တော့ တီချယ်အိမ် ညကြီးမိုးချုပ်မှ ရောက်လို့ မခေါ်ရဲပဲ ပြန်ခဲ့ရတယ်။
အဲဒီလို။
ပု ရဲ့ ရိုးရာ အိတ် ၂ အိတ် အတွက်လည်း ကျေးကျေးပါလို့။
:chit:
lu lu
February 5, 2015 at 12:14 pm
ပုဂံရောက်ရင်ဝယ်ချင်တာကများ
သောက်ချင်တာက များ
ရိုက်ချင်တာလည်းများ
နေပူပူ မှာ ထန်းရည်လေးမော့ လိုက်တော့ ဘယ်ပြော
ကောင်းမလဲ ပုဂံနောက်တစ်ခေါက်ထပ်သွားချင်တယ်
ခင်ဇော်
February 5, 2015 at 12:17 pm
ဝယ်ချင်တာ များတာတော့ မပြောနဲ့။
ထီးလိုမင်းလို က ဈေးတန်းထဲ ၂ နာရီလောက် ကြာတယ်။
ဟိ။
ပုဂံမြို့ထဲတော့ မသောက်ဘူးး
ရိုက်ချင်တာများတာလည်း ဟုတ်တယ်။
ထပ်သွားဦးမယ်။
ဒီ တစ်ခေါက်က ဘုရားတွေ ရွေးဖူးခဲ့တာ။
:k:
Mike
February 5, 2015 at 1:46 pm
:op:
အလင်းဆက်
February 5, 2015 at 1:53 pm
http://www.rfa.org/burmese/news/political-party-names-on-village-signboards-unauthorized-02022015104123.html
မြန်မာဌာန | သတင်းများ
မြို့ရွာ ဆိုင်းဘုတ်များမှာ ပါတီအမည်ထည့်သွင်းမှု တရားမဝင်
===========
မို့နယ်နဲ့ ကျေးရွာအတော်များများရဲ့အမည်တွေမှာ နိုင်ငံရေးပါတီတစ်ခုရဲ့အမည်ကိုထည့်သွင်းပြီး ဆိုင်းဘုတ် တပ်ဆင်တာဟာ ပြည်ထောင်စုအစိုးရက တရားဝင်ခွင့်ပြုထားတာမဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။
နိုင်ငံရေးပါတီကြီးတစ်ခုက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြို့နယ်တွေနဲ့ ကျေးရွာတချို့ရဲ့ အမည်တွေမှာ သူတို့ရဲ့ပါတီအမည်တွေကိုထည့်သွင်းပြီး ဆိုင်းဘုတ်တပ်ထားတာကို အစိုးရက အရေးယူဖို့ ရှိ၊ မရှိ ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မေးမြန်းရာမှာ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားတဲ့ တိုင်းဒေသကြီး ပြည် နယ် မြို့ ရပ်ကွက် ကျေးရွာ ကျေးရွာအုပ်စု ကျေးရွာအမည်များကိုသာ အတည်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားပြီးလည်းဖြစ်ပါတယ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အတည်ပြုထားတဲ့ အမည်စာရင်းများအတိုင်းသာ လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားသွားမှာဖြစ်ပါတယ်၊ ဒီညွှန်ကြားချက်အပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များကလည်း ဆက်လက်ပြီး ဒီညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်တဲ့အခါမှာ အမိန့်တွေ ညွှန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက်ပြီး တကယ်လို့ဆောင်ရွက်ခြင်း မရှိရင်တော့ သက်ဆိုင်ရာ တည်ဆဲ ဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်”
ပဲခူး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမည်နဲ့ ပြည်ခိုင်ဖြိုးရွာ ၊ ပြည်ခိုင်ဖြိုးမြို့ဆိုပြီး အမည်တွေ ထည့်သွင်းထားတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
http://www.rfa.org/burmese
ခင်ဇော်
February 5, 2015 at 2:37 pm
ဟုတ်ပါ့အေ။
မျက်စိနောက်ထာရယ်။
ကလေးကလားးနဲ့။
သူခိုးရွာလို့ ကျေညာသလား အောက်မေ့ရတယ်။
:a:
အလင်းဆက်
February 5, 2015 at 1:56 pm
လက်ဖက်အုပ်လေး…စားချင်တယ်လို့..
အဲ့တာ ထပ်လာပြောတာ..
ဂဠ ု
:k:
မြစပဲရိုး
February 5, 2015 at 2:22 pm
I believe that you had a great delicious time in there. 😉
How do they know whether that dish was little tasted (may be one spoon) ?
I like those “Phar(s)” (from last photo) a lot and I used to keep them.
ခင်ဇော်
February 5, 2015 at 2:33 pm
ခိ။
ပျော်တာမှ တစ်လ နီးပါး အကုန်မြန်လိုက်တာ အရီးရယ်။
ဟင်းတွေက နည်းနည်းစီတို့ရင် ဘယ်သူသိတာမှတ်လို့ ဆိုပြီး စိတ်ပေါက်လိုက်သေးတယ်။
နောက်က စားရမဲ့သူတွေအားနာလို့သာ။
သများလည်း ထန်းခေါက်ဖာကြိုက်တယ်။
ဖန်စီလေးတွေထည့်ဖို့ဝယ်လာသေးတယ်။
:k:
ဦးကျောက်ခဲ
February 5, 2015 at 2:57 pm
အဟိ … ထန်းရည်သံကြားရင် လေချဉ်တက်လာသလိုပဲ…
ထန်းရည်ချိုးကို ကြက်သား ၊ အမဲသား ၊ ဝက်ပေါင်သားနဲ့ ချက်စားရင် လွှတ်ကောင်း…
ဒုတိယနှစ် ကျောင်းဘဝ … ရေဗူးထဲမှာ ထန်းရည်ခါးချည်း ထည့်သောက်တာ…
နေမွန်းတည့်တာနဲ့ ဗူးထဲကလည်း တစီစီ အသံပေး… လူလည်း နောက်ဆွဲဖြစ်…
မနက်ခင်းအချိုရည်ကို သံပုရာသီးညှစ်သောက် … အလွန်ကောင်း… ဂေ့ ဂေ့
:k:
ခင်ဇော်
February 5, 2015 at 3:16 pm
ဟာ။
ဟုတ်လားး
နောက်ခေါက်မှ သံပုရာညှစ်သောက်ကြည့်အူးမှ..
ဂေ့ ဂေ့
:k:
black chaw
February 5, 2015 at 3:18 pm
ပုဂံ ကို ခဏခဏ ရောက်ဖြစ်ပါတယ်။
သံတဲဟိုတယ် မှာလည်း ၄…၅ ကြိမ်လောက် တည်းဖူးပါတယ်။
သံတဲ ဟော်တယ် မှာ ည နေ ခင်း ဘီယာလေး မြုံ ့ရင်း
ဧရာဝတီ ကို ပြစ်မှားခဲ့ဖူးတာလည်း အကြိမ်ကြိမ် ပါ။
ဆိုတော့ ဒီပို ့စ် ဖတ်ပြီး
သင်္ကြန်မတိုင် ခင်
ပုဂံ ကို ရောက်အောင် သွားဖို ့ ဆုံးဖြတ်လိုက်ပါတယ်။
အဲ့ဒိ ကျရင် အခုလိုပို ့စ်မျိုးတင် နိုင်အောင်
ကြိုးစားပါ့မယ်။
ထန်းရေ အချို က တော့ ချိုလွန်းလို ့ အများကြီး
မ သောက် နိုင် ပါဘူး။
မနက်ပိုင်း ပုဂံ အထွက်က ထန်းလျက်ဆိုင် တွေမှာ
အလကားသောက်လို ့ ရပါတယ်။
ကဲ စာလည်းရှည်သွားပြီ။
နောက်တစ်ခါလာရင်
ဦးဘက် ကိုပဲ
အော်ဒါ ခေါ်ဖို ့ မ မေ့ပါနဲ ့။
ဒါပဲ။
ခင်ဇော်
February 5, 2015 at 3:33 pm
ခိခိ။
ဦးဘက် က ပုဂံရော အော်ဒါလိုက်လာခဲ့သေးလားဟင်?
အမှန်တိုင်းပြောရရင် ပုဂံကို မကျွမ်းကျင်ဘူးဗျ။
ခုမှသာ နည်းနည်း သိသလိုလိုဖြစ်တာ။
လမ်းတွေကို။
:mrgreenn:
kai
February 5, 2015 at 3:46 pm
ရန်ကုန်ရောက်ရင်..စားသင့်သော..စားခဲ့သောဆိုင်များရယ်…
မန္တလေးရောက်ရင်..စားသင့်သော..စားခဲ့သောဆိုင်များရယ်…
အစားသွားဆောင်းပါးလေး လုပ်ပါဦး…။ :k:
ခင်ဇော်
February 5, 2015 at 3:52 pm
လာမယ်နော်။
ဟိ။
ခုမှ ဖုန်း ၂ လုံးထဲက ဓာတ်ပုံတွေ ပြန်စုနေလို့။
:k:
kai
February 5, 2015 at 4:00 pm
ရန်ကုန်၊မန်းလေး.. နိုင်ဂျံဂါးကနေ.. လည်လည်ရောက်သူတွေ.. သွားနိုင်အောင်လိပ်စာရယ်…။
ဆိုင်တခုချင်းစီရဲ့.. ဟင်းအရသာ.. ဆိုင်အခင်းအကျင်း.. အပြင်အဆင်..အခြေအနေသုံးသပ်ချက်ရယ်…။
(ခြုံ ပြီး)ဈေးသင့်မသင့်ရယ်..။
၄-၅မျက်နှာစာလောက် ရေးပေးနိုင်ရင်…ပုံနှိပ် သတင်းစာထဲထည့်မလို့…။
ခရီးသွားဆောင်းပါးအစား.. အစားသွားဆောင်းပါးပေါ့…နော…။
စကားအတင်းစပ်..။
အဖမြန်မာပြည်က.. (ဘောဒီဝိတ်) ဘယ်နှပေါင်လောက်.. အပြန်လက်ဆောင်ပေးလိုက်သေးသလည်း..။ :k:
ခင်ဇော်
February 5, 2015 at 4:05 pm
ဪ။
ဂလို လို ချင်တာလားး
ဟုတ်။
သိပြီ။
ရန်ကုန်တော့ အာမ မခံဘူးး၊ ရောက်ဖြစ်တာ ဆိုင်အဟောင်းတွေ။
မန်းလေးက ဆိုင်သစ်တွေရောက်တယ်။
မေမြို့ရောက်တယ်။
ကောင်းတာတွေစုရေးလိုက်မယ်။
ဘော်ဒီဝိတ်ကတော့ မပြောတော့ဘူးး
ဟီး
မက်နှာတင် ၂ ဆ လောက် တက်သွားတယ်တဲ့။
မွသဲပြောတာ။
:k:
Foreign Resident
February 5, 2015 at 4:21 pm
အဘ တို့ ငယ်ငယ်တုန်းက ၊
ပုဂံ သံတဲက သရဲ ခြောက်တယ် နာမည်ရှိသကွဲ့ ။
ပုဂံ သံတဲ ရှေ့က ကွင်းပြင်နေရာဟာ ပုဂံခေတ်က လူသတ်ကုန်း တဲ့ ။
ခင်ဇော်
February 6, 2015 at 8:03 am
ဟုတ်။
ကြားဖူးတယ်။
ဟိ။
မကြောက်အားပါဘူး အဘရယ်။
ပြန်မှ သတိရတယ်။
:s:
မွသဲ ( 17082011 )
February 5, 2015 at 6:41 pm
လွမ်းလိုက်တာ ခင်ဇော်ရယ်။ လွဲတာကတော့ ခင်ဇော်တို့နေရာမရွေးပါလားကွယ်
ခင်ဇော်
February 6, 2015 at 8:02 am
နေရာမရွေး လွဲတတ်လို့ မလွဲရင် ခင်ဇော်အစစ်မဟုတ်ဘူးသာမှတ်။
လွမ်းလွမ်းနဲ့ လူမှားပြီး ကားတင်မစိုးလို့။
ဟေးဟေး
ကထူးဆန်း
February 5, 2015 at 9:42 pm
မျိူ းမျိ ူ းဆိုင် ပထမဆုံး တစ်ခေါက်တော့ ခံလိုက်ရတယ် .. ဘယ်သိမလဲ အဝစားဘဲ ထင်ပြီးဟိုနဲ နဲ ဒီ နဲ နဲ လျှောက် နှိုက်တော့ တော် တော် ရှင်းလိုက်ရတယ် …နောက်ပိုင်းတော့ စားမဲ့ဟာ ဘဲ ယူပြီး ကျန်တာအကုန်ဘေးဖယ်ထား လိုက်တယ် … အချိူ ပွဲ လည်း အလကား မထင်လိုက်လေနဲ့ charge လုပ်တာဘဲ ….သတိထားကြပါ ..
နောက် မိထ္ထီလာ က ရွှေအုန်းပင် ထမင်းဆိုင် နဲ့ မန်းတလေးက တူးတူး ထမင်းဆိုင်… အရံဟင်းတွေ ကိုု ပိုက်ဆံကောက်တာ … ရွှေအုန်းပင် က လာချတာ ဘာမှ မပြော ..အဝစား အကုန် ပါသလို နဲ့ .. ပြီးတော့မှ ပိုက်ဆံ ကောက်တယ် … တူးတူးက တော့ နဲနဲ ရိုးတယ် ..ဒါတွေ စားရင် ပိုက်ဆံပေးထပ်ပေးရမယ် ..ဒါတွေ ဆို ပေးစရာ မလို ဆိုတာပြောသေးတယ် … ဆိုတော့ အဝစား ဆိုပြီး လာချတိုင်း အကုန် မပါ .. သတိထားပါမှ …
ခင်ဇော်
February 6, 2015 at 8:01 am
ခိခိ။
ကျနော် နှိုက်တတ်တဲ့ (ဟင်းခွက်တိုင်းကို) အကျင့်နဲ့ဆို သေဘီ။
နည်းနည်းပဲ လိုတော့တယ်။
ခိခိ။
:k:
ဒီတစ်ခေါက် ရန်ကုန်မှာ ဓနုဖြူ ဒေါ်စောရီရော ခိုင်ခိုင်ကျော်ရော စားခဲ့ရတယ်။
ကောင်းတယ်။
အောင် မိုးသူ
February 6, 2015 at 9:33 am
အလို ပုဂံသွားတုန်းက အဲ့ဆိုင်မရောက်ခဲ့ဖူး နောက်တစ်ခေါက် သွားဦးမှပါ။ ကျတော်တို့သွားတုန်းက ဘုရားဖူးကားနဲ့ဖို့ ရောက် ဖူး ဆင်း ပဲ
ခင်ဇော်
February 6, 2015 at 9:37 am
ထပ်သွားး
အေးအေးဆေးဆေးဖူးးး
နာမည်ကြီး ဘုရားတွေက တစ်ရက်နဲ့လောက်တယ်။
နောက် ကိုယ်ဖူးချင်တဲ့ ဘုရားကို စာရင်းလေးနဲ့ မှတ်ပြီး နောက်တစ်ရက်သွားး
၂ ရက် ဆို ဖူးပါလေ့။
:k:
Ko chogyi
February 6, 2015 at 10:45 am
ဪ ပုဂံ ပုဂံ လွမ်းတယ်……
ခင်ဇော်
February 6, 2015 at 11:34 am
ယောက်ချိုနှယ်
ကိုယ့်ချွေးမလေး ကျော်ပြီး ပုဂံလွမ်းရတယ်လို့
:k:
Ma Ma
February 6, 2015 at 1:47 pm
အစာစားချင်စိတ်ကို……….
(၁) နေရာထိုင်ခင်း အခင်းအကျင်းက တမျိုးစွဲဆောင်တယ်။
(၂) ဟင်းပွဲအပြင်အဆင်က တမျိုးစွဲဆောင်တယ်။
(၃) ဟင်းအရသာက တမျိုးစွဲဆောင်တယ်။
တခါတရံမှာ ရှေ့၂မျိုးကို မကျော်လွှားနိုင်တာနဲ့ပဲ တကယ့်အရသာကို မြည်းစမ်းတဲ့အထိ မရောက်တော့ဘူး။
တကယ့်ရေရှည်မှာတော့ နံပါတ် ၃ စွဲဆောင်မှုက အခိုင်မာဆုံးပဲ။
တခါတလေမှာ
ခင်ဇော်
February 6, 2015 at 2:16 pm
ဟုတ်တယ်။
အဲဒီ အချက်တွေနဲ့ပဲ အစားအသောက် ကို ရော စားသောက်ဆိုင်ကိုပါ အကဲဖြတ်ရမယ်။
ကျန်းမာရေးနဲ့သန့်ရှင်းရေးကတော့ နောက်တစ်ချက်ပေါ့
:k:
တခါတလေမှာ………………………… ?????
kai
February 6, 2015 at 5:24 pm
နှစ်သစ်ရောက်တိုင်း.. ကလင်ဒါကိုလေ…
အဲဒီ မြန်မာထမင်းဟင်း.. မုန့်ပဲသရေစာ.. အစားအသောက်တွေနဲ့ထုတ်ချင်တာ…
(၁) နေရာထိုင်ခင်း အခင်းအကျင်းက လှလှ
(၂) ဟင်းပွဲအပြင်အဆင်က ကောင်းကောင်း
(၃) ဟင်းအရသာမြင်ရပြီး. .မျက်စိနဲ့စားလို့ရတဲ့အထိ.. ပြတ်ပြတ်သားသား.. အနီးကပ်..။
အဲ.. နှစ်သစ်ဆိုလို့.. မြန်မာနှစ်သစ်ကလင်ဒါ.. ဧပြီ to ဧပြီပြောတာနော…။
ထမင်းစားခန်းမှာချပ်ထား.. ရှယ်ပဲ..။
ခင်ဇော်
February 6, 2015 at 5:33 pm
ဓာတ်သေ ဆြာတွေ မြန်းးး
မော်လဒယ်ရိုက်ဖို့လောက်ပဲ စိတ်ပါနေကြတယ် ထင်ပါ့…!!!
:k:
Shwe Ei
February 6, 2015 at 4:16 pm
-ပုဂံကို ဟားနီးမူး အတွက် ချန်ထားတာ..ဟိ 🙂
ခင်ဇော်
February 6, 2015 at 5:30 pm
ဆောင်းးတွင်းးးပဲသွားးးးးနော်
:mrgreenn:
Crystalline
February 6, 2015 at 4:28 pm
အစားပုတ်.. :mrgreenn: ဒေါငိးလန်းကြီးရောက်ခဲ့သေးလား.. စိတ်ဝင်စားစိတ်ဝင်စားနေတယ်.. ဟင်းတွေကတော့ ဆီများသလိုပဲ..
ခင်ဇော်
February 6, 2015 at 5:18 pm
လိုက်ပို့ ခိုင်းးးတဲ့ သယ်ချင်းးးတိုင်းးး
ဒေါင်းးလန်းးကြီးးးကို မကြိုက်ဘူးးးပြောကြလို့
ဇကော ထမင်းးးပဲ စားးးခဲ့တယ်။
နောက်ရက်တင်မယ်
:mrgreenn:
Courage
February 7, 2015 at 3:30 pm
ဟုတ်ပါ့။ “မျိုးမျိုး” တို့ရဲ့ ပါးချက်က လှပ်နေတာပဲ။ လူတွေမှာ ဟိုနည်းနည်း ဒီနည်းနည်း စားပြီးမှ ပိုက်ဆံရှင်း ဆိုလို့ ကျန်သမျှတွေ နံကားအောင် စားခဲ့ရသေး။ ၁လပိုင်း ပြန်တုန်းက မန်ကျည်းရွက် ပေါ်ချိန်ဆိုတော့ မန်ကျည်းရွက်သုပ်ကတော့ ကောင့်ပါ့။ ငပျောသီး ပျားရည်ကျော်လဲ ကောင်းတာပဲ (ပိုက်ဆံပေးရတာ လွဲလို့)။
😀
ခင်ဇော်
February 9, 2015 at 9:57 am
ခိ
မျိုးမျိုးကို လူပြောများနေကြပါလားး
အရသာတော့ ကောင်းပါတယ်။
ဟင်းတိုင်းး
:sar: