လွဲတော်မူလို့ စာကို စီတယ်
ဒီ တစ်ခေါက် ရန်ကုန်ပြန်ရတာ စိတ်လှုပ်ရှားမှု အပြည့်နဲ့ပဲ။
ခါတိုင်း ရန်ကုန်တစ်ပတ် က သိပ်ပျင်းစာကောင်းတာ။
ခု က မင်းသားကြီးတို့လည်း ပါလာ။
ရွာ က အမျိုးတွေလည်း တွေ့ရ။
ဟိ။
ရွာရဲ့ ဆုပေးပွဲနဲ့ အလှူလည်းရှိတာကိုးနော့။ အဲဒီ အကြောင်း ချက်ချင်းရေးချင်ပေမဲ့ ကိုးနက်ရှင်က မအိုကေတဲ့ အပြင် ကိုယ်တိုင်ကလည်း အရှုပ် လုပ်လိုက် အလုပ်ရှုပ်လိုက်ကိုးးး
ခု တစ်လ ပြည့်မှ ပဲ ရေးရတော့မယ်။
နောက်မှ တစ်ယောက်ချင်းစီ အကြောင်း ကို စာစီပါဦးမယ်။ ဟိ (မက်ခုံးလှုပ်ကြလော့)
ခုကတော့ အလွဲလေးတွေ ရေးလိုက်ပါဦးမယ်။
~~~~~~~~~~~
ရောက်ပြီး နောက်ရက်က ဝေ က ထမင်းချက်ကျွေးမယ် ဆိုလို့ မွသဲ အိမ် ကို အရင် ဝင် ပြီးမှ ဝေ အိမ်သွားကြတာ။
လှေကားတက်တော့ သဲ က နောက်က၊ ကိုယ်က ရှေ့ကပေါ့လေ။
ခပ်တည်တည်နဲ့ ဘယ်အထပ်တုန်း သတိမထားဘူးး။ ဟိ။
တံခါး သွားခေါက်တာ။ “ဒေါက်ဒေါက်” ပေါ့။
အာ့ မွသဲ ရယ် ပြေးတက်လာပြီး “ချွိ အဲဒီ အခန်းဟုတ်ဘူး၊ အပေါ်တစ်ထပ်မှ” တဲ့။
ဟမ်မငီးးးး!! တံခါးလာမဖွင့်ခင် အပေါ်ကို အမြန်ပြေးတက်ရတယ်။
မပြီးသေးဘူးးး၊ ကိုဘလက်နဲ့ ကို နို ကို ဆင်းကြိုတော့ မလွဲဘူးး….
ဦးဆွေ လာတော့ ဆင်းကြိုတယ်။
ဝမ်းသာအားရ စကားတွေပြောနှုတ်ဆက်ပြီး တက်လာတာ၊ သူက ရှေ့က ကိုယ်က နောက်က။
အခန်းရှေ့ရောက်တော့ ဦးဆွေက လက်ကိုင်ဖုလေး ဆွဲလှည့်ပြီး အခန်းထဲ ဝင်သွားတယ်။
ကိုယ် လိုက် အဝင်မှာ သူက နောက်ပြန် ကုန်းကုန်းလေးထွက်လာတာနဲ့ ဝင်တိုက်တာပေါ့။
ပါးစပ်က ပြောလာသေးတယ်။ သွားဖြီးလေးနဲ့။
“ကန်တော့ နော် ကန်တော့၊ အခန်းမှားဝင်မိတာ” တဲ့။ ခွီးခွီး
ဘာတွေ မြင်ခဲ့ မှန်းတော့ မသိ။
ခု န က ကိုယ် မှားတဲ့ အခန်းကို သူ ထပ်မှားတာ။
:loll:
အဲဒီလိုလွဲလို့ သားအဖဖြစ်နေသလား မသိ။
ဟိ။
တော်သေးတယ်။ ကိုယ်တွေ လုပ်ပေါက်က မွဝေ အိမ်ပြောင်းပြေးရကိန်းးး

ဝေ အိမ်မှာ အဲဒီလို ကို တစ်ယောက်တည်း ဘူ့မှ မခေါ်ပဲ အရင် ထိုင်စားတာ ကို လက်ပူးလက်ကြပ် မွသဲ ရိုက်ထားတာ..
~~~~~~~~~
အလှူနေ့ မနက်…..
အဲဒီမနက်ခင်းများ စိတ်လှုပ်ရှားချက်ကယ်။
အွန်လိုင်းမှာ လှည့်ပတ်တော်ထားတဲ့ ဆွေမျိုး အစုံကို တွေ့ရတော့မှာကိုးးး
မပြန်ခင်ကတည်းက ကြိမ်းဝါးသွားတာ။
တစ်ယောက်ချင်းစီနဲ့ တွဲပြီး ဓာတ်ပုံရိုက်ပြီးရင် အယ်လဘမ်လုပ်ထားမယ်ဆိုပြီး အကြံဇိုးကြီးနဲ့။
ဟေးဟေးဟေးးး
ဆုပေးပွဲ ရှိတဲ့ နေရာရောက်တော့ နှုတ်ဆက်လိုက်၊ ပြေးဖက်လိုက်၊ ဖက်နမ်းလိုက်နဲ့ အတော်ပျော်စရာကောင်းတယ်။
လူတကာကို နှုတ်ဆက်လိုက် ဓာတ်ပုံတွဲရိုက်လိုက် စကားပြောလိုက် လက်ဆောင်တွေ လက်ခံလိုက်နဲ့ လက်ကို မလည်ပါဘူးးး
:chit:
ရွာသူတွေကတော့ အတော်ချောကြသဗျ။ ကိုယ့်ရွာသူမို့ ကိုယ်ပြောတာမဟုတ်။
အဲ၊ ရွာသားတွေကတော့ သန့်ကြ ခန့်ကြတာ ဓာတ်ပုံတွေက သက်သေပဲ မဟုတ်ပါလား ပိတ်သတ်ကြီးးး
:chit:
ဒီ မလှတဲ့ မက်နာ ပြရမယ်ဆိုကာမှ ပွဲမတိုင်ခင် တစ်ရက် နှုတ်ခမ်းတည့်တည့် ရေယုန်ပေါက်တော်မူသတတ်!!
အိမ်ကတော့ အားပေးတယ်။
အစားပုတ်ပြီး ကော်စားထားတဲ့ ဝက် နှုတ်ခမ်းနဲ့ တူသတဲ့။
တတ်နိုင်ဘူး အဲဒီ ဝက်ရုပ်နဲ့ပဲ သွားရမှာပဲ။
:g:

ရောက်တော့လည်း ကွကိုယ် စိုးရိမ်ပူပန်တာတွေ မေ့သွားပြီးးး ပျော်သလို နေတော့ ပြောတော့ တာပဲ။
ဟိ။
ထုံးစံအတိုင်း ကိုကိုကျောက်နဲ့ တွေ့တော့ ပြောစရာ အတင်း (အဲလေ) ပြောစရာသတင်းတွေ များလို့ စကားလက်ဆုံကျနေတာ
ကိုယ့် အလှည့် ဆုယူရမယ်ကို အော်ပြီးပြီ မှတ်ပြီး သွားယူ တော့……
ကိုယ် တစ်ယောက်တည်း ရှေ့ကြိုရောက်နေတာ။ ဟိ။
တိုက်တိုက်က မခေါ်ရသေးဘူးပြောမှ ရပ်နေရတယ်။
အဲဂလို စိတ်မြန်တာပါဆို။ ဟိ။
ပွဲထဲတော့ ဒီလောက်ပဲ လွဲတယ်။
:k:
ပွဲကနေ အလှူကူးတော့ အစက ကိုကို ကျောက် နဲ့ မမနှင်း ကားနဲ့ လိုက်မယ်ပြောထားတာ။
ဟို မတမ (ဂီ) က စိုင်းစိုင်းဖွင့်ပေးမယ် သူ့ကားနဲ့လိုက် ဆိုတော့ ဖောင်ကျွံပြီး လိုက်တာ။
ရိုးရိုးမလိုက်ဘူးးး၊ တဂျားကို စကားပြောချိန်ရအောင် ဇွတ်ခေါ်ပြီး ဂီ ကားပေါ်မှာ ပါသွားတာ။
ဘယ်သိမတုန်း၊ ရှေ့က မောင်းတဲ့ ဒင်းက လမ်းသိတယ်မှတ်တာပေါ့။
ဂျား ရယ် ကိုယ်ရယ် စကားတပြောပြောနဲ့ ကားက လမ်းပိတ်ကြီး မှာ ရပ်သွားမှ သတိပြန်လည်ပြီး ဘာဖြစ်တုန်းမေးတော့မှ ဒင်းက တစ်ခြား ကားကို
ဦးမိုက်ကားမှတ်ပြီး နောက်ကနေလိုက်သတဲ့ တော်ရေ.။
တင်လာတာလည်း မန်းလေး က ၂ ယောက်။
လမ်း မသေချာတဲ့သူ မောင်းတဲ့ ကားကို လိုက်လာတာ လုံးဝ လမ်းမသိတဲ့ ၂ ယောက်။
ငင်!! အဲ့ဒီကျမှ ဆက်ကြပါဦးးး၊ ဟိုဖုန်းဆက် ဒီဖုန်းလှမ်းမေးနဲ့ ပြန်ထွက်ရသေးးး
ကျုပ်ကို တင်လာလို့ လွဲတယ် လည်း အပြောခံရတယ်။
:j:
အာ့နဲ့ ကိုယ်ရော ဂျား ရော လမ်းမှာ မမူးစဖူး ကားတွေ မူးပြီး သန်လျင် တံတားပေါ်မှာ ဥဩ ဆွဲကြပါလေရော။
မူးမပေါ့။ သူ့ကုတ်ကြီး ထိုင်ခုံမှာ ချိတ်ထားတော့ နောက်က လေမရလို့ မူးတာ။
(ခရစ်ကတော့ ဩကြီး ဩလေး တူဝရီး တဲ့)
:r:
ဟိ။ ဂီ ကားက အဲ့ဒီမတိုင်ခင် တရက်ကမှ ဆေးထားတာတဲ့။ မှတ်ဟ!!
တညင် တံတား အမှတ်တရများ ဖြစ်သွားရှာပြီ။
:loll:
သန်လျင် က စုရပ် အရောက်မှာ မဟန်နိုင်လို့ ကမတ် (အမတ်မင်း) ကားပေါ် မဂရင်းရို့(စ) နဲ့ သွားထိုင်ရတယ်။
ဂျား နဲ့ ဂီ ကို ပစ်ပြီးး တကိုယ်တော် လစ်တာ သဘာဝ ရိပ်သာ ရောက်တဲ့ထိပဲ။ ဟိ။
သဘာဝရိပ်သာရောက်တော့ လျှောက်ကြည့်ကြတယ် ပေါ့လေ။
အဆောင်ဆောက်မဲ့နေရာတို့ ဆေးခန်းတို့ လက်ရှိ အဆောင်လေးတွေတို့ စသည်ဖြင့်ပေါ့။
သွားရင်းနဲ့ နောက်က ပိကျိပိကျိနဲ့ အသံကြားလို့ ဘာတုန်း နားစွင့်မိလိုက်တာ။
“နင်က ဘယ်ဘက်ယူ၊ ငါက ညာဘက် ယူမယ်”
“တော်ပါ့မလား”
“တော်ပါတယ်”
ငင်! ဘာတွေတုန်း?? 🙄
အနီးနား ရွာက ကလေးတွေထင်ပါတယ်။ ဟိ။
ကိုယ့် ဖိနပ်ကို လိုက်ကြည့်လာတာ တောက်လျှောက်။
အာ့ကို အာတီဒုံရယ် ကလေးတွေကို မေးတယ်။
“ဖိနပ် လိုချင်လို့လား”
“ဟုတ် လိုချင်တယ်”
“ဒီ မမ ကို ခေါ်ထားမလား”
“ဟုတ် ခေါ်ထားမယ်”
ဟယ်။ ကိုယ့် ကို စပွန်စာပေးချင်တဲ့ သူတွေ ပေါ်လာပဟ။
:n:
ဝမ်းသာအားရနဲ့ “မမက ထမင်း ၄ နပ်စားတယ်၊ ကျွေးမှာလား”
“ဟုတ်၊ ကျွေးမယ်”
ဟာ ပိုင်သကွာ။ ဟိုကလည်း ဖိနပ်ရရင် ပြီးရော ဘာဖြစ်ဖြစ် လိုက်လျောမဲ့ပုံ။
ဖိနပ် တကယ်ထားခဲ့ရတော့မှာလား မသိဘူးး လစ်မှ။
:c:
အဲဒါကို အလှူ ခန်းမနားထိ ပါလာလို့ “ဟိုမှာ မမအိတုန် ဖိနပ်လေးလည်း လှတယ်” တို့ ဘာတို့ အာရုံလွှဲရသေးတယ်။
အီးဟီးဟီးးးး
:s:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပြန်ကျ မမနှင်း အိမ်လိုက်ပြီး ကျောက် လက်ရာ ညစာဟင်း လိုက်စားမယ် ပေါ့။ အကြံကြီးတာ။
:sar:
ပစ္စည်းသိမ်းရမဲ့ ည ၁ နာရီ လေဆိပ် ဆင်းရမဲ့ လင်မယား ကို အားမနာ ခင်ဇော် အလိုက်မသိချက်က အဲဒီလို။
:mrgreenn:
အပြန်ကျတော့ လည်း အမှတ်မရှိ ဂီ ကားနဲ့ လိုက်တာ။
ကားပေါ်မှာ ဘယ်သူပါတုန်း ဆိုတော့ ကိုဘလှိုင်။ ဟိ။
အနေအေးချက်။
ကိုယ်တွေက ပေါက်ပေါက်ဖောက်သလို စကားပြောတာကို သူ က အေးအေးရယ်။
လမ်းမှာဗျာ။ စားထားသောက်ထားတာတွေက ပညာပြပါလေရော့။
အာ့နဲ့ ဂီ ကို အိမ်သာသွားချင်တယ် ပြောတာ.။
ဒင်း က ဘာပြောတယ်မှတ်တုန်းး၊
“ဦးကျောက် အိမ်ထိ အောင့်ထား” တဲ့ ။ အညှိုးတွေနဲ့ ပေါ့.။
:chee:
ခဏနေတော့ မှ ကိုဘလှိုင် ရယ်လေ ..
“ကိုဂီ ဘယ်နား ကား ခဏ ရပ်ပေးလို့ ရလဲ” ဆိုမှ ကိုဘလှိုင်ကျ အားနာသတဲ့လေ။
နီးရာ ရေခဲမုန့်ဆိုင် ရပ်ပြီး ဝင်ရတယ်။
အိမ်သာတက်ချင်ရုံ ဝင်လို့ မကောင်းလို့ ရေခဲမုန့် ကြော် ၂ ခု ဝယ်စားလိုက်ရပါရောလားးး။။
အာ့ ကြောင့် ဒင်း ကို မတမ လို့ ခေါ်တာ နည်းသေးတယ်။
ပြီးရင် ကိုယ့် ကို ၇၀၀ဝ ဖိုး သေးတည်ရပါတယ်လို့ နာမည် ဖျက်သေးတယ်။ ခွီးးးး
:l:
မပြီးသေးဘူးး…
အဲဒါ အပြီး ဒင်း အိမ်ကို ကားဝင်ထားမယ် ဆိုပြီး ထားတယ်။
အပြန် လမ်းထိပ်မှာ တက်ကစီနဲ့ ကိုကို ကျောက်(စ) ဆီ သွားမယ် ဆိုလို့ လမ်းထိပ်တင် ဆိုပြီး လမ်းလျှောက်မိပါတယ်။
လျှောက်လိုက်ရတာ အဝေးကြီးးး၊ လမ်းကူးလည်း မစောင့်ဘူးး
ကိုယ့်မတော့ ဟို စပွန်စာဖိနပ်ကြီးနဲ့ လျှောက်လိုက်ရတာ။
(အာ့ကြောင့် ဒင်းကို ပေးမဲ့ ဂျာပွန် ရာဘာ ဖိနပ်တောင် မပေးတော့ဘူးး စိတ်နာသွားတာ)
ကတောက်!!
👿
ကိုကို ကျောက် လက်ရာ အစစ် စားရလို့ ရယ်….
ယောက်ခမ ဆာ ကို တွေ့ရတာရယ်.. စိတ်လျှော့လိုက်တယ်။

ဟိ။
နောက်မှာ ကိုရဲ ရယ် နှင်းရယ် ပစ္စည်းသိမ်းတာကို မကူကြပဲ။ တဂျား ရိုက်ပေးထားတာ။
ရှူးးး
လက်စားချေချင်ဇော နဲ့ ဒင်း အကြောင်း များသွားပြီ။
~~~~~~~~~~~~~~~~~~~
မင်းသားကြီး ပြန်ပြီး ညက ချစ်မမတို့ ဟိုတယ်မှာ ညစာ ဘူဖေး ကျွေးတယ်။
ဓာတ်ပုံသာ ကြည့်တော့၊ ဟိ။
ဘယ်လောက် စားခဲ့တုန်း ဆိုတာ။
Bingo ကစားကြတော့ မယ်ဝါးရယ်၊ ဆူးရယ်၊ မမ ရယ် ပဲ နိုင်တယ်။
အဟင့်။
:h:
သများကို မဲ ကတ် စပွန်စာပေးတာက ယောက်ချို (ကိုပီချိုကြီး)။
ဟိ။
တစ်ယောက် ၃ ကတ်စီ ကိုင်တာကို အလွဲဓာတ်တွေ ကူးပြီး ယောက်ချို ဆုနဲ့ လွဲတယ်။
:mrgreenn:
ဒီ တစ်ခေါက် ပြန်ရတာ….
စားဖိုမှူး ၅ ယောက် ရဲ့ လက်ရာ အစစ်ကို စားခဲ့ရတယ်။
ကျောက်(စ)
ဝေ
သဲ
မမ
မွအိ
အဲဒါ တန်တယ်။ ခိခိ
:sar:
ဘဖောနဲ့ ကိုကို စွယ်ကို မတွေ့ရတာတော့ စိတ်မကောင်းဘူးးး
(လှမ်းချွဲလိုက်အူးမှ)
:mrgreenn:
ဟိ။
ကျန်တော့တွေ မပြောသေးဘူးးး
ခု က အလွမ်းပြေ ခြုံပြီး တင်လိုက်တာ။
54 comments
black chaw
February 12, 2015 at 3:35 pm
ရုံးပိတ်ရက်မို့ ပထမဆုံး နေရာလေး ဝင်ယူသွားပါတယ်။
ဖိနပ် အကြောင်း စိတ်အဝင်စားဆုံးပါပဲ။
အဲ့ ဖိနပ်အကြောင်းဖတ်ပြီး အားငယ်စိတ်ဝင်မိတယ်…။
တကယ်…။
ခင်ဇော်
February 12, 2015 at 3:43 pm
ဟိ။
ဖိနပ် အသစ်မရှိရှာဘု။
တနားပါဒယ်။
စပွန်စာလည်း မရှိရှာဘု။
:k:
မွသဲ ( 17082011 )
February 12, 2015 at 3:51 pm
ရုပ်ကလေးကလှချင်ရဲ့ဖိနပ်ကဖျက်ဖြစ်တွားဒါကိုးဘက်ရယ်။ ဒီတခါလာရင်ဖိနပ်စမူဆာရအောင်တောင်းသိလား။ ဟိဟိ။ အလွဲဒေထဲကန်တော်ကြီးကအလွဲလေးကောဟင်
ခင်ဇော်
February 12, 2015 at 3:59 pm
ကန်တော်ကြီး အလွဲကျတော့ …….
ဟိ။
အရိုက်ခံရမစိုးလို့ မပြောသေးဘူးးး
ဟီးဟီးဟီး
Mr. MarGa
February 12, 2015 at 3:52 pm
အလွဲလေး ိတဲ့
သေချာတယ် အလွဲကြီးတွေရှိဦးမှာ ငိငိ
နေပါဦး ကျနော်ကြားတာက ရေခဲမုန့်ဆိုင် တန်းဝင်တာမဟုတ်ပါဘူး
ကြားမှာ မျက်နှာပြောင်ပြောင်နဲ့ မီနီမတ်ထဲ ဝင်မေးသေးတယ်ဆိုလားလို့
(ပုံအတွက် ခွက်ဒစ်ပေးပါ ဒါဗျဲ :mrgreenn: )
ခင်ဇော်
February 12, 2015 at 4:02 pm
အဟီးဟီးးး
မိနိ မတ် ထဲ ဝင်ပြီး မေးတော့ အိမ်သာ မရှိဘူးတဲ့ တော်ရေ။
အာ့ကို ကိုယ်တွေ မယ် မက်နှာပြောင်ပြောင်နဲ့ ကူညီနိုင်ရင် ကူညီပါ ပြောတာတောင် မရ။
ဒီမှာ ဈေးဝယ်ပါ့မယ် ပြောတာလည်း ဟင့်အင်းတဲ့ ခေါင်းရမ်းတယ်။
:k:
နာ ပါလို့လားမသိ။
ဂီနဲ့ ကိုဘလှိုင် မက်နှာချောချောလေးတွေနဲ့ ဆို ရသင့်ပါတယ်အေ။
:mrgreenn:
အာ့နဲ့ပဲ ရေခဲမုန့်ဆိုင် ပြေးရတာပေါ့အေရယ်။

weiwei
February 12, 2015 at 4:53 pm
နဲနဲလေးတော့လွဲနေတယ် လွဲလွဲလေးပဲ ကောင်းပါတယ်
ခင်ဇော်
February 12, 2015 at 5:11 pm
ဆက်လွဲမယ်နော်
:k:
padonmar
February 12, 2015 at 5:36 pm
စိတ်ကျေနပ်ရင် ပြီးတာပဲ….
နေတတ်ရင် အေးဆေးလေး…..
ယေး…ယေး..ယေး..ယေးးးးးးးးးးးး
……………..
အဲဒီကလေးတွေ ရုံးခန်းနားထိ တရုံးရုံး…
ဖိနပ်ကြီး တကယ်ပေးမယ်ထင်လို့ လိုက်လာကြတာ….
ခင်ဇော်
February 12, 2015 at 6:11 pm
ဟိ။
အာတီဒုံ က မက်လုံးပေးလို့ လိုက်လာတဲ့ သူတွေ များလာတာ ချစ်သူရွေးမယ် ချစ်ဝဲလည် မလုပ်လိုက်ရဘူးး
:chit:
pooch
February 14, 2015 at 10:29 am
ဒါများ အဲ့ဖိနပ်ကို ကံစမ်းမဲ ဖောက်ပေးခဲ့တာတော့ မဟုတ်ဖူး :mrgreenn:
ခင်ဇော်
February 14, 2015 at 1:22 pm
ဒီ အရပ်နဲ့ ကိုက်တာ ဒီ ဖိနပ်လေးပဲ ရှိလို့
:mrgreenn:
ဦးကျောက်ခဲ
February 12, 2015 at 5:45 pm
ဟီ ဟိ လွဲတဲ့အကြောင်းကတော့ ပြောမကုန်… ကျောက်စ်ပါလွဲတယ်…
အလှုကအပြန် သာကေတဘက်ကပြန်မိလို့ လမ်းရှည်…
ကွဲစီနဲ့ ဟင်းစားဝင်ဝယ်တော့လည်း အလုံဆင်မင်းဈေးမှာ ဘာမှမရှိ…
အဲဒါနဲ့ ကြည့်မြင့်တိုင်ညဈေးမှာဝင်ဝယ်ပြီး အလောသုံးဆယ် ချက်ပါ၏…
ကြက်ကာလသမီး ရှယ်ချက်ပြီးကာမှ အိမ်ကဆြာသောင်း ဘူးသီးဟင်းခါးကိုရောလိုက်တော့…
:k:
မြစပဲရိုး
February 12, 2015 at 6:05 pm
ကြက်ကာလသမီး? ဘိုလိုချက်တုန်း။
စားချင်တယ် ကျောက်စ်။ :))
ဦးကျောက်ခဲ
February 12, 2015 at 6:31 pm
အဟိ… ဘာမှမထူးဆန်းပါဘူး… အရီးရဲ့
ကာလသားချက်လို ရှိသမျှ ပစ်ထည့်မလုပ်ပဲ …
ဆီ ဆား နနွင်း ငရုပ် ကြက်သွန် စပါးလင်ထုံးနဲ့ သေချာလုံးပြီး…
ကြက်သား အရည်ထွက်မှ ဘူးသီးထည့် … ဆီသံလေး ပြန်အောင် သာသာမွှေ…
ဘူးသီးနွမ်းမှ ရေစပ်စပ်ထည့်ပြီး အရသာပြင်တာပါ…
:k:
Ma Ma
February 13, 2015 at 3:49 pm
ကျောက်စ်ချက်တဲ့ကာလသမီးဟင်းကို ဆိတ်ဝင်စားတယ်။
အဲ- စိတ်ဝင်စားတယ်။
လွဲတော်မူလို့ စာကိုစီတာကိုဖတ်ပြီး
အလှူ နဲ့လွဲသွားတာကို လွမ်းတော်မူသွားပြီ။
ခင်ဇော်
February 13, 2015 at 3:53 pm
ချစ်မမ ပြောကာမှ သများ ဆိတ် ဘွရောက်တော့မို့ နည်းနည်းလိုတော့တယ်။

ဟိ။
အလှူ အသေးစိတ်ကို ပြန်စဉ်းစားပြီး စာစီပါအူးမယ်။
ဒါက ကိုယ့် အလွဲတွေပဲ ခြုံရေးလိုက်လို့ (ဆာရီ)
:mrgreenn:
ခင်ဇော်
February 12, 2015 at 6:12 pm
အဲဒီ နေ့က ညစာက သိပ်မစားဖူး
မစားဘူးနဲ့ အတော်ဝင်သွားသဗျ။
ကန်စွန်းရွက်ကြော်လည်း အတော်ကောင်းတယ်။
ဟိ
:k:
ဦးကျောက်ခဲ
February 12, 2015 at 6:35 pm
ကောင်းမှာပေါ့… ခရုဆီလေးနဲ့ ညှော်တိုက်ထားတာကိုး…
ကန်စွန်းရွက် ခြွေပေးတဲ့သူတွေကိုလည်း ကျေးကျေးပါ… အဟိ
:k:
ခင်ဇော်
February 12, 2015 at 6:36 pm
ကန်စွန်းရွက် ခြွေတဲ့ နှင်းနဲ့ မွန်မွန်လေးကြောင့်သာ ကောင်းသွားတာ။
စိတ်ရှည်ကြတယ်။
သများသာဆို စဉ့်တီတုံးပေါ် တင်ပြီး ဒါးနဲ့ ခုတ်ဖြတ်ပလိုက်မယ်။
ဟိ။
:k:
ခင်ဇော်
February 12, 2015 at 6:19 pm
ဒါနဲ့
ဆု တစ်ဆု ကို
ကိုကိုကျောက်က ပေး သများက ကိုယ်စားယူ မလုပ်ခဲ့လိုက်ရဘူးနော်။
အဟိဟိ
:k:
ဦးကျောက်ခဲ
February 12, 2015 at 6:37 pm
ကာဖြူးဧရိယာသွားရင် ထိပ်ပေါက်ခေါင်းကွဲ ဖစ်ချင်သလား ခင်ဇော်…
:k: အဟိ အဟိ
မွသဲ ( 17082011 )
February 12, 2015 at 7:01 pm
သများယူဒလေ ဒါ့ပုံဘယ်မဲ
မြစပဲရိုး
February 12, 2015 at 6:03 pm
ဒီရက် စိတ်ထဲ မွန်းကျပ် နေတာ ဒီ စာ ဖတ်လိုက်ပြီး အားပါးတရ ရီ နိုင်လိုက် တယ်။
ကျေးဇူးပါ ချစ် တူမတော်။
ရွာရဲ့ အချစ်တော် ဆည်းလည်း လေး နဲ့ တွေ့ရတာ အတော်ပျော်ဖို့ ကောင်းမယ်။
အရီး လဲ ဇီဇီ့ ကို အပြင်မှာ တွေ့ချင်လိုက်တာ။
သူများ ကားနောက် ကို မှားလိုက်တာ ကတော့ အရီး တူ လို့ မပြောရဘူး။
အရီး လဲ တစ်ခါသား မှားလိုက်မိပါ့။
နောက်တော့ အဲဒီ ကားထဲ က လူ ကလဲ မသကာင်္ တော့ဘူး ထင်ရဲ့။
လမ်းဘေး ကို ဆင်းပြီး ရပ်လိုက်ရော။
အဲဒီတော့ မှ သိတော့တာ။
မဟုတ်ရင် ဘယ်လောက်ထိ ဆက်လိုက်နေမယ် မသိ။
ထင်တော့ ထင်သား။ လမ်းအကြိုအကြား တွေ ဒီလောက် မဖြစ်သင့်ဘူးလို့။
အခန်းမှား ဝင်၊ မှားခေါက် အကြိမ်ပေါင်း မနဲ။
ဟင်းချက်ကောင်း တဲ့ စာဖိုမှူး တွေ ရဲ့ လက်ရာ တွေ အသေးစိတ် လဲ ရေးပါဦးလား။
ဝါး နဲ့ ဇီ ပုံလေး ချစ်ဖို့ ကောင်းလိုက်တာ။
ဖိနပ် ကိစ္စ ကတော့ ကလေး တွေ မပြော နဲ့ ပုံ ထဲ ကြည့်ပြီး တောင် သဘောကျ တယ်။
ဒီလောက် အမြင့် နဲ့ လမ်းလျှောက်ရတာ မနာဘူးလား။
တော်သေးတာပေါ့။
နာပြီး ခြေတုံးလုံး နဲ့ လျှောက်ဖို့ လုပ် လိုက်ရင် ဘေးက ကိုယ်တော် များ သူရို့ ဖိနပ် ချွတ်ပေးရတော့မှာ။
အဲဒါမှ ကြည့်ကောင်းရော။
အဆက်များ၊ အလွဲများ ဆက်မျှော် နေပါတယ်။
ခင်ဇော်
February 12, 2015 at 6:15 pm
အရီးရေ။
စာကျက်နေလား
စာမေးပွဲဖြေနေသလား
အပြင်မှာ တွေ့ချင်တဲ့ထဲ အရီးလည်း ရှေ့ဆုံးက ပါပါ့ဗျာ။
ခုဆို ဓာတ်ပုံတွေ အများဂျီး ရိုက်လာပြီး ဖဘမှာ တင်လိုက်တာ သူများတွေအမြင်ကပ်ကြတော့ မယ်။
နောက်မှ ပြဦးမယ်။
ဟိ။
ပွဲ လာတဲ့ထဲ ခင်ဇော် အတန် ဆုံးလို့ ပြောကြတယ်။
ရှိသမျှ သိသမျှလူတွေနဲ့ ဓာတ်ပုံတွဲရိုက်ပစ်တာ။
အဟီးဟီးးး
အလွဲတွေက ရှိသေးတယ်။
နောက်မှပဲ…
:chit:
မြစပဲရိုး
February 12, 2015 at 6:19 pm
စနစ်ပြောင်း၊ စာရင်းပိတ်။
ဝက် နှုတ်ခမ်း ဝုတ်ပါဘူး။
အေးချမ်းမေ လို့ ပြောတာကို။ :))
ခင်ဇော်
February 12, 2015 at 6:23 pm
ဟိ။
ကိုယ်တိုင်တော့ ပူလောင်မေ ပဲ။
သူတို့သာ မေးကြည့်တော့။
ဘာမှ မနားဘူးးး
သများကို ပြောကြတာ။
မောင်ဂီ ပြောသလို ပါးစပ်က အစားစားရင် စား၊ မစားရင် စကားများသtတဲ့
ဂျား ကတော့ သများကို ကြည့်ရင်း မူးသတဲ့။
ကမတ် က မောသတဲ့။
ဦးဆွေက ရုပ်ဆိုးသတဲ့
ကိုကိုကျောက်က ဝလာသတဲ့။
ဆာဆာကတော့ ချွေးမလေးကို လူမိုက်လို့ ဘူပြောလဲတဲ့။
ဟိ။
သများကို ချစ်တယ်ပြောတာဆိုလို့ ကိုနို နဲ့ ကိုဘက် ပဲ ရှိတော့တယ်။
ဟိ။
:k:
Mr. MarGa
February 13, 2015 at 9:04 am
ပူလောင်မေလည်းမဟုတ်
အေးချမ်းမေလည်းမဟုတ်တဲ့
ပျာယာမေ
ခင်ဇော်
February 13, 2015 at 9:56 am
ဂလောက် ပြာတာတောင်
ဓာတ်ပုံတွဲရိုက်တာ လူမစုံခဲ့ဘု။
:k:
အချစ်ကံခေပေမယ့် အနှစ်ကျန်စေချင်တဲ့ ဂီ
February 12, 2015 at 6:48 pm
ကျုပ်ကားက ဒီမှာ ပုံဇံတူမစိဝူး
လုပ်ရက်ပ
သေးလည်းတည်ရသေး
မာမီနဲ့လည်းမိတ်ဆက်ပေးရသေး
အဲ့မျက်ခွက်မှမထောက်
ထှောက်ခ်
:'(
ခင်ဇော်
February 12, 2015 at 7:03 pm
အဲဒါက အပြန်မှလေ

ဥဩတွန်တာ အသွားးးး
ဟိဟိဟိ
အားးးရထှာာာ
မွသဲ ( 17082011 )
February 12, 2015 at 7:03 pm
ဟဲ့ထရေဆိုင်မှာညီးအောက်ပိုင်းကွဲသွားဒါကောထည့်ပေါအူးလေ
ဟိဟိ ကားပေါဘာဒယ်
Kaung Kin Pyar
February 13, 2015 at 9:21 am
.အာ့တွေကြောင့် ဘယ်လောက်ပေတေပြီး အိပ်ချင်အိပ်ချင် ရုံးကိုမလာရမနေနိုင်တာ….။ .(အိမ်မှာ..ရွာဝင်လမ်း မဖြောင့်ဘူးလေ….)

.မချွိဒေါက်ကို ကလေးတွေမှ မှုတ်ဖူး….။ ကောင်းကင်ပြာလဲ ကြိုက်တယ်…..
.နောက်တစ်ခေါက်တွေ့ရင် ကလေးတွေအရင် ဦးအောင်ချွတ်ယူပြေးမှပဲ….၊
အစားအသောက်တွေကတော့ မစားလိုက်ရလို့ မသိဖူးးးး
🙁
ခင်ဇော်
February 13, 2015 at 9:42 am
ငွင်။
ဖိနပ် က ဆိုဒ် ဘယ်လောက် တုန်းး
ခိခိ။
တော်ပါ့မလားးး
ကလေးတွေကတော့ မတော်လည်း ယူမှာ ဗျဲ ဆိုလို့ ပြေးခဲ့ရတယ်။
ဟိ။
:mrgreenn:
အလင်းဆက်
February 13, 2015 at 10:16 am
ရွာရဲ့ ဆည်းလည်းမမဇီ ရေးထားတဲ့အဖြစ်ကလေးတွေကို
ပြုံးပြုံ့း ပြုံးပြုံးနဲ့ ထိုင်ဖတ်နေမိကြောင်း
နောက် ထပ် ရေး တင်မှာလေးတွေကိုလည်း ဖတ်ဖို့ မျှော်နေမိကြောင်း comment ရေးချင်လို့
ရေးဖို့ ကြိုးစားနေတာ
အင်တာနက်လိုင်းက စုတ်ပြတ်သတ်နေလို့
အခုထိ ရေးလို့ကို မရ
😆
ခင်ဇော်
February 13, 2015 at 10:34 am
အမှန်ဆို ဆက်ဆက်နဲ့
ကဗျာ
ကြမ်းပိုး
လူဇိုး
ဗားဂိုး
၄ ပုံရိုက်ရမှာနော်။
မမဂျီး ဆီမှာ ၂ ဖွဲ့ပဲ ပါလာတယ်။
:a:
အလင်းဆက်
February 13, 2015 at 1:05 pm
.နောက်တစ်နှစ်ပေါ့ဗျာ..
အဲ..နောင်နှစ်ဆိုရင်တော့… ကျနော်က တစ်ယောက်ထဲ ပွဲ မတက်ချင်ဘူးရယ်…
.ဖွေးဖွေးလေးတစ်ယောက်ကိုတော့ လက်ဆွဲပြီး ပွဲတက်ချင်တယ်…
.ဖြစ်နိုင်ရင်…ခင်ဝင့်ဝါလေးပါ….
အဟီဟိ ဟီဟီ
:k:
Wow
February 13, 2015 at 10:57 am
တောက်စားဒွေနင်းကန်စား တောက်ရမ်းဒွေ စပ်စလူးခါခဲ့ဒါဂို လွမ်းဒယ် ချစ်… 😥
ခင်ဇော်
February 13, 2015 at 11:00 am
ချစ် ရဲ့ တောက်တလွဲ ကိုရော ရေးဖို့ အစီအစဉ် ရှိဘူရားးး
Nyo Win
February 13, 2015 at 12:09 pm
လွမ်းတော်မူလို ့စာကိုစီတယ်..
ပန်းကမ္ဘာ အကြောင်းရယ်နှင့်..
ဥဩ တွန်သံကြားမိလိုက်သေး..
စပွန်စာ ဖိနပ်ရယ်နဲ ့
စူဆကာ ပစပ် ပါ ပါတော့..
အလှု ့တကာတွေအတွက် ရယ်တော့
အားကျမိသေး.. 🙂
ခင်ဇော်
February 13, 2015 at 12:19 pm
အာ့ဆို လက်ဖက်ရည် ၂ ခွက် တိုက်.။
ဟွန့် တိုက်ရမှာစိုးတော့ ပေါ်မလာဘူးး
:k:
Nyo Win
February 13, 2015 at 12:28 pm
တိုက်မယ် တိုက်မယ် နောက်တကြိမ်ကျရင်ပေါ ့ကွယ်…..:P
Mike
February 13, 2015 at 1:21 pm
.ဦးဖွတ်ကျား တို့ လွဲတာလည်းမပြောနဲ့လေ…ကိုယ့်ကားနောက်ကိုလိုက်မောင်းမယ်လည်းမပြောထားပဲ
.သွသူလိုက်လာတော့ ဒီကလည်းဘယ်စောင့်ခေါ်မတုန်း..သိမှမသိတာ..ကန်တော်ကြီးဇောင်းရောက်မှ
.ဖုန်းဆက်တော့ လမ်းညွှန်ပြောပြီး ရပ်စောင့်နေရတယ်… :k:
.အလှူ အပြန်တော့ ကလေးတွေနဲ့လိုက်ပြီး မပွေးချင်တော့တာနဲ့အာတီဒုံကိုတင်ပြီးပြန်ခဲ့လိုက်တယ်
.အန်တီ မမတို့မိုတယ်မှာတော့ မူးလို့ အပြန်ပါဆယ်ဆွဲလာတာတောင် ကွကို မမှတ်မိဘူး
.မနက်ဖေါ့ဘူးခွံတွေ့မှ အိမ်ကိုမေးရတယ်..ခိခိ :k:
ခင်ဇော်
February 13, 2015 at 1:24 pm
အာ့ဆို
မိုက်မိုက် တညားကို လက်ဆောင်ဆိုပြီး တစ်ခု ပေးလိုက်တယ်။
ဘာတုန်း မှတ်မိလား???
:mrgreenn:
Mike
February 13, 2015 at 2:02 pm
.နိုး..မှတ်မိဝူး..ဘာများပေးလိုက်မိပါလိမ့် 🙄
ခင်ဇော်
February 13, 2015 at 2:09 pm
RIT နှစ်ငါးဆယ်ပြည့်က ကီးချိန်းလေးး
ဘောင်းဘီအိပ်ထဲက ထုတ်ပေးလိုက်တာ။
ဟိ။
မူးနေတုန်းး
ယူခဲ့ပြီ။
ခိခိ :mrgreenn:
kai
February 13, 2015 at 2:43 pm
အာအိုင်တီဆိုလို့… ဝက်ဘ်ဆိုက်လုပ်နေတာ… မြန်မာပြည်အင်ဂျင်နီယာကျောင်းထွက်တွေ.. ကြွစေလို…
http://rit-alumni.org
ခင်ဇော်
February 13, 2015 at 2:53 pm
စု ကြမယ်လားးး
ဟီးဟီးး
Register က ဒီ တိုင်း လုပ်ရုံပဲလားး
:k:
kai
February 13, 2015 at 3:14 pm
နေဦး..။
တခုံ.. ၈ဝလား.. ၁၀ဝလားမသိ.. ကောက်မယ်လို့ပြောနေတာ.. မပြီးသေး..။ :k:
https://www.knotts.com/
Knott’s Berry Farm ကတော့.. ဒစ်စနေလိုပေမယ့် နည်းနည်းတောဆန်တယ်..။
ဒစ်စနေလန်းဒ်နဲ့လည်း.. နီးနီးလေး.. တမြို့နယ်ထဲ..။
ခင်ဇော်
February 13, 2015 at 3:23 pm
ဟုတ်။ ကောက်လေ။
ရတယ်။
အဲဒီထိလာဖို့ပဲ မဖြစ်နိုင်တာ။
:k:
Ma Ma
February 13, 2015 at 9:06 pm
ဖဘမှာ RIT-YIT-YTU Golden jubilee အကောင့်မှာ မန်ဘာ ၂၀၀ဝကျော်နဲ့ SWEL DAW YEIK (စွယ်တော်ရိပ်) FOUNDATION အကောင့်မှာ မန်ဘာ ၁၀၀ဝ နီးနီးရှိတယ်။
လောလောဆယ်တော့ အဲဒီပေ့ချ် ၂ခုလုံး atcive ဖြစ်သား။
Mike
February 13, 2015 at 2:29 pm
.ကောင်းသားပဲ..အမှတ်တရပေါ့..ကျုပ်မှာတစ်ခုအပိုရှိလို့..ခုမှရေးတေးတေးစဉ်းစားလို့ရတယ်..ငိငိ :mrgreenn:
Ma Ei
February 13, 2015 at 3:43 pm
ကိုယ့် အလှည့် ဆုယူရမယ်ကို အော်ပြီးပြီ မှတ်ပြီး သွားယူ တော့……
ကိုယ် တစ်ယောက်တည်း ရှေ့ကြိုရောက်နေတာ။ ဟိ။
တိုက်တိုက်က မခေါ်ရသေးဘူးပြောမှ ရပ်နေရတယ်။
အဲဂလို စိတ်မြန်တာပါဆို။ ဟိ။
ပွဲထဲတော့ ဒီလောက်ပဲ လွဲတယ်။
:k:
ကျန်သေးတယ်နော်…ဆုယူပြီးမှ ဓာတ်ပုံမရိုက်ရသေးလို့ နှစ်ခါပြန်ပေးရ ယူရတာလေးလေ…
:k:
ခင်ဇော်
February 13, 2015 at 3:45 pm
အဟီးဟီးဟီးး
ဟုတ်တယ်။
ရှက်ထာ။
လျှပ်စီး လက်နေတာကတော့ မပြောပါနဲ့တော့။
ဟိ။
မွအိ ကို အားနာထာ။
:mrgreenn: