ကျနော်… customer
ကျွန်တော် = customer
။။။။။။။။။။။။။။။။။။။။။။။။။။။။
စကား(၁)
ဖုန်းနဲ့ ဖုန်း ဆက်စပ်အပိုပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ထဲ ဝင်လိုက်တယ်။
ဆိုင်ထဲက အရောင်းဝန်ထမ်းဖြစ်ပုံရတဲ့ အမျိုးသမီးငယ်နှစ်ယောက်က ဆိုင်ထဲ ဝင်လာတဲ့ ကျွန်တော့်ကို တစ်ချက်ပဲ…မော့ကြည့်လိုက်ပြီး
သူတို့ချင်း စကားဆက် တွတ်ထိုးနေတယ်။
ဆိုင်ထဲဝင်လာတဲ့သူကို ဘာအလိုရှိသလဲ…မေးဖို့ သူတို့မှာ တာဝန်မရှိသလိုပဲ.. ။
ကျွန်တော်လည်း..သူတို့ကို ဘာမှမပြောသေးဘဲ ဆိုင်ထဲက ဖုန်းကာဗာလေးတွေ ချိတ်ထားတဲ့စင်ပေါ်ကို လိုက်ကြည့်နေလိုက်တယ်။
ကျွန်တော့်ဖုန်းမှာ တပ်မယ့် ကာဗာများတွေ့မလားလို့။
ဒါပေမယ့် အလွယ်တကူမတွေ့ဘူး ။
ဒါနဲ့ အရောင်းဝန်ထမ်းဖြစ်သူကို မေးရတော့တာပေါ့ ။
”အဟမ်း … ကျွန်တော် ဖုန်းကာဗာလိုချင်တယ်။”
ကျွန်တော့် အသံကြားတော့မှ ထလာပြီး ဖုန်းအမျိုးအစားပြောတဲ့ ။
”ဖုန်းအမျိုးအစားက HUAWEI ၊ Honor C8817D ၊ ကျွန်တော်လိုချင်တာက frames ပုံစံလေး ၊ ဘောင်လေးပဲ ကွပ်ထားသလိုမျိုး Cover…. ”
”မရှိဘူး”
————————
စကား(၂)
ရှင်းတယ်။
ကျွန်တော့် စကားတောင်မဆုံးသေးဘူး ။
သူက မရှိဘူးလို့ ယတိပြတ်ပြောပြီး ဟိုတစ်ယောက်ဆီ လှည့်ထွက် / စကားဆက် တွတ်ထိုးနေတယ်။
ကျွန်တော်သဘောပေါက်သွားတယ်။
ဒီဆိုင်ရဲ့ ဝန်ဆောင်မှု ဒီလောက်ညံ့ဖျင်းလို့လည်း…ဆိုင်ထဲ ဝင်လာမိသူဆိုလို့ ကျွန်တော်တစ်ယောက်ထဲ ဖြစ်နေတာ ။
ဒီလို…ပြီးစလွယ်ရောင်းချတတ်တဲ့ဆိုင်မျိုးကို အကြောင်း သိသွားရင် ဘယ်သူမှ ထပ်မလာဘူး ။
————————
စကား(၃)
ကျွန်တော် (customer) လိုချင်တာကို ပြောပြတယ်။
ကျွန်တော် (customer) လိုချင်တာက ကျွန်တော်လိုချင်တာပဲ ဖြစ်တယ်။
”မရှိဘူး”ဆိုတဲ့ စကားကို ကျွန်တော် မလိုချင်ဘူး ။
မရှိဘူးဆိုတဲ့စကားအစား…
”ခဏလေးနော် ရှာကြည့်ပေးပါ့မယ်”တို့. . .
အဲ့ဒီ ပုံစံ မရှိရင်တောင်…
”အဲဒီပုံစံ ရမှ ဖြစ်မှာလား…. တခြားပုံစံထဲက ကောင်းတာလေးတွေ သုံးကြည့်ပါလား..” တို့… ပြောစေချင်တယ်။
customer ဘက်က ဒါရမှဖြစ်မှာလို့ ပြောရင်တောင်
(ရချင်တဲ့ဟာက မရှိဘူးဆိုတာ သေချာရင်တောင်)
” ဟုတ်ကဲ့…အခုလောလောဆယ်တော့ အဲဒီပုံစံလေးက ပစ္စည်းပြတ်နေလို့… နောက်နေ့မှာ..စုံအောင်တင်ထားပါ့မယ်..
.ဖြစ်နိုင်ရင်..နောက်တစ်ခေါက် လာအားပေးပါနော်..” ဆိုတာမျိုး…ပြောစေချင်တာ… ။
customer တွေအနေနဲ့ ကိုယ်လိုချင်တာကို ကိုယ့်စိတ်ကျေနပ်တဲ့အထိ ရချင်ရင်ရ၊ မရရင်တောင် အဲဒီလို စကားမျိုးကို ကြားချင်တာ ။
—————————
စကား(၄)
”မရှိဘူး”လို့ တုံးတိပြောချလိုက်တာထက်စာရင်…တခြားနားဝင်လည်းချိုမယ့်စကားမျိုး.. /
စိတ်ကသိကအောက် မဖြစ်စေတဲ့ စကားမျိုးနဲ့ ဒီဆိုင်ကို အသိအမှတ်ပြုထားလောက်အောင်…
အရောင်းဝန်ထမ်းတွေအနေနဲ့က ပြောတတ်သင့်တယ်မဟုတ်လား ။
အခုတော့… ဝယ်ချင်ဝယ် မဝယ်ချင်နေဆိုတဲ့အထာမျိုးနဲ့ ”ဈေးရောင်းသူ”လုပ်နေတာတွေ များနေပါလား ။
customer ကို ရေရှည်ဆက်ဆံနိုင်အောင် စည်းရုံးတဲ့နည်းမသုံးပဲ…
တစ်ခါဆက်ဆံမိလို့မှ နောက်ထပ်မဆက်ဆံချင်တော့လောက်အောင် ဖြစ်စေတဲ့ ပုံစံတွေနဲ့ ရောင်းနေတဲ့ ဝန်ထမ်းတွေ များလှပါလား… ။
အမှန်ဆို လှည်းတန်းလမ်းဆုံလိုနေရာမျိုးဟာ ဖုန်းနဲ့အပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှ အများကြီး…။
အများကြီးထဲကမှ…ကိုယ့်ဆိုင်ထဲကို ဝင်လာတဲ့ customer ကို အသိအမှတ်ပြုပြီး ဝန်ဆောင်မှုကောင်းကောင်းပေးသင့်/ ဆွဲဆောင်သင့်တယ်မဟုတ်လား ။
—————————-
စကား (၅)
ဒီလို ဝန်ဆောင်မှုညံ့ဖျင်းပုံမျိုးတွေနဲ့ဆိုရင်တော့လား…
ကျရှုံးမှုကိုသာ အောင်အောင်မြင်မြင်ရရှိပိုင်ဆိုင်ရလိမ့်မယ်လို့…..တွေးမိပါတယ်။
—————————–
Maung Thura
13/02/2015/11:49
37 comments
•*¨နန်းတော်ရာသူ •*¨
February 21, 2015 at 3:14 pm
သူများအလုပ်လေ ရောင်းရရမရရ သူပိုက်ပိုက်ဝင်တာကျလို့
အာ့ ဆိုင်တိုင်းနီးနီးပဲဟာ
🙂
အလင်းဆက်
February 21, 2015 at 3:30 pm
သူများအလုပ်ကို ကိုယ့် ကိုယ်ပိုင်အလုပ်လို သဘောမထားနိုင်ရင်
သဘောထားပြီး မလုပ်နိုင်ရင်
ကိုယ်ပိုင်အလုပ် လုပ်တဲ့အခါ
အဲ့ ပေါ့ပျက်ပျက် အကျင့်တွေ ပါပြီး
customer တွေ စိတ်ပျက်စရာဆိုင်ပဲ ဖြစ်လာဦးမယ် ထင်တယ်။
Ma Ma
February 21, 2015 at 4:59 pm
ကိုယ့်တာဝန်ကိုယ်သိပြီး လုပ်တာ သခင်စိတ်
သူများခိုင်းမှ လုပ်တာ ကျွန်စိတ် လို့….
ဆရာအောင်သင်းရဲ့ သခင်အောင်သင်းဆိုတဲ့ ဆောင်းပါးမှာ ဖတ်ဖူးတယ်။
🙁
အလင်းဆက်
February 22, 2015 at 12:05 pm
အမှန်ပဲနော်..တီမမ…
သူများခိုင်းမှလုပ်ပြီဆိုမှတော့..ကြိမ်တို့ပေးမှ သွားတဲ့ အကောင်မျိုးနဲ့ သိပ်မကွာတော့ဘူးပေါ့…
😆
ဒါနဲ့များ…သခင်မျျိုး..ဟေ့ အော်ချင်ကြသေး…
အဟိ
:k:
မြစပဲရိုး
February 21, 2015 at 6:14 pm
မြန်မာပြည်က ဆားဗစ် တွေ ခေတ်နောက်ပြန် ဆွဲ ဆွဲ လာတာ ကြာပါပေါ့။
စိတ်ဓာတ်တွေ ကို ပြုပြင်သင်ပေးဖို့လိုနေတာ။
ဒါဟာ Management ရဲ့ တာဝန်ဘဲ။
Management သူတို့ ရဲ့ စိတ်ဓာတ်တွေ ကို က အဆင့်မမှီ ဖြစ်နေ တော့ တာ ထင်ပါရဲ့ ဆက်ဆက် ရယ်။
Customer’s always right စရာ မလိုပါဘူး။
ဒါပေမဲ့ Customer ရဲ့ rights ကိုတော့ လေးစား ရမယ်။
အလင်းဆက်
February 22, 2015 at 11:57 am
Customer’s always right စရာ မလိုပါဘူး။
ဒါပေမဲ့ Customer ရဲ့ rights ကိုတော့ လေးစား ရမယ်။ ဆိုတဲ့ စကားလေး..ကောင်းလိုက်တာ အရီးရေ…
တိမ်မည်း
February 21, 2015 at 7:41 pm
ကျွန်တော်ကတော့ ပစ္စည်း အဝယ်နည်းသဗျ… ဆိုင်တွေ နဲ ့လည်း အဆက်အဆံ ပါးတယ်….
ဆိုင်ရောက်ရင်လည်း လိုချင်တာကို တုံးတိ ဝယ်တဲ့အကျင့်ရှိတော့ ဆိုင်ကလူတွေနဲ ့ အဆက်အဆံပါးတယ်…
အလင်းဆက် ဖြစ်စေချင်တဲ့ ဆိုင်ဝန်ထမ်းမျိုးကို တခါတလေ တွေ ့ဖူးပေမယ့် အရမ်း ရှားတယ်…
များသောအားဖြင့်တော့ အလှကုန်မှာ တွေ ့ဖူးတယ်… သာမာန် အရောင်းဝန်ထမ်း မဟုတ်တာလည်း ဖြစ်ချင်ဖြစ်မှာပါ…. မျက်နှာသစ်ဆေးလေ ဝယ်ချင်လို ့ မေးမိပါတယ်… သူ ရောင်းနေတာတွေ အကုန် ပြောသွားတယ်… ကို ကလည်း အင်မတန်မှ ပြက်သားတဲ့လူဆိုတော့ တအင်းအင်း နဲ ့ နားထောင် ပစ်လိုက်တာပဲ….
အလင်းဆက်
February 22, 2015 at 12:08 pm
ကတဲမိန်… သားသမီးသုံးယောက်အတွက် အသုံးအဆောင်တွေ ဝယ်ရင်…ဘယ်လိုဝယ်ဒုန်းဗျ..
:k:
ခင်ဇော်
February 21, 2015 at 7:53 pm
မိုင်းဆက်လေးတွေ အရင် ပြင်ရမှာ
၁) လုပ်ချင်တဲ့ အလုပ်ကို မလုပ်ရသေးခင် လုပ်နေတဲ့ အလုပ်ကို ပျော်အောင်လုပ်
၂) ဘယ်လောက် သေးဖွဲတဲ့ အလုပ်မဆို အမြဲ နိုင်သလောက် ကြိုးစားလုပ်
၃) လုပ်ရတဲ့ အလုပ်အပေါ်မှာ အာရုံ ထား
၄) အလုပ်ရှင် အပေါ် စေတနာထား
၅) ကိုယ့် ကာစတန်မာရဲ့ အရိပ်အကဲ သိအောင် ကြိုးစားသင့်တယ်။
အဲလောက် ဆိုရင်ကို ကိုယ့် အလုပ်အပေါ်ထားတဲ့ စေတနာက တစ်နည်းမဟုတ် တစ်နည်း အကျိုးပေးတယ်။
~~~~~~~~~~~~~~~~~~~
အရင်က မမဂျီးတို့ ရပ်ကွက်မှာ အခွေဆိုင် ၂ ဆိုင်ရှိတယ်။
စုံစုံလင်လင်တစ်ဆိုင်
မေးလိုက်ရင် အကုန်ရှိတယ်။
ဘယ်ရုပ်ရှင်ကောင်းလဲမေးးး
“အင်းး၊ အကုန်ကောင်းပါတယ် အမရဲ့၊ ရှာကြည့်လေ။ အကုန်တင်ထားတယ်” လို့ ပျင်းရိပျင်းတွဲဖြေတယ်။ နောက်မသွားတော့ဘူးး
:s:
နောက်ဆိုင်က အိမ်မှာ ဖွင့်တဲ့ ဆိုင် သေးသေးလေးးး
ရုပ်ရှင် ဝါသနာပါလို့ ဖွင့်တာ။
မင်းသား မင်းသမီး၊ ဇာတ်လမ်း အကုန် ညွှန်းနိုင်တယ်။
ကိုယ် မေးတဲ့ ကား မရှိရင် မှတ်ထားတယ်။
ဘယ်သူ ဘာကြိုက်လဲ မှတ်မိတယ်။
အဲတော့ ကြိတ်ကြိတ်တိုးလို့။
🙂
အလင်းဆက်
February 22, 2015 at 11:49 am
မမဂျီ းပြောတဲ့ အချက်ကလေးတွေ …အဲဒီလို ခပ်ညံ့ညံ့အရောင်းစာရေးမ တွေကို ပြချင်လိုက်တာ..
မောင်ဘလိူင်
February 24, 2015 at 2:02 pm
အခွေရောင်းတာဆိုလို့ဝင်ပြောဦးမယ်။ လှည်းတန်းတစ်ဝိုက် ရောင်းနေတဲ့သူတွေ
တော့ သူတို့တင်သမျှ အခွေ မကြည့်နိုင်လောက်ဘူး။ ကျီးလန့်စာစား ရောင်းနေရ
သကိုး။ ဝယ်သူအချင်းချင်း လက်တို့ညွှန်းတာလေးတွေ များများတင်ပြီး ရောင်းရတာ။
ဒီကားကောင်းလား ဘယ့်နှယ်လဲဆို.. ကာဗာလေး လှမ်းကြည့်..၊ အဲဒါ မှော်ကားခင်ဗျ၊
သရဲကားခင်ဗျ၊ ဟာသ ခင်ဗျ၊ အက်ရှင် ခင်ဗျ။ ကောင်းသဗျ ဘာညာလုပ်တော့တာ။
ကိုယ်သွားဝယ်ပြီဆို ဘေးကနေအကုန်ညွှန်းပေးတော့ သူတို့ အင်မတန်သဘောကျ
တယ်။ ကြိုက်တာယူသွား အစ်ကို၊ ကိုယ့်ဘာသာမှတ်ထား၊ ပေးချင်တဲ့နေ့ပေး။ ဒီလို။
အဟေးဟေး။
ခင်ဇော်
February 24, 2015 at 2:08 pm
ဟေးဟေးဟေးးး
ပြန်လို့ မြန်း
ဝါသနာပါရာ
စီးပွါးရေးတစ်ခုခု စဉ်းစားလို့
ဒီ စီးပွါးမြန်း လုပ်ဖြစ်ရင် မိုး ကို အရင်ဆုံး ခေါ်မယ်လို့(စ)!!
:k:
Wow
February 24, 2015 at 2:55 pm
ငယ်တော့ဝူး ဝီရိယစိုက်ထားမ
Wow
February 24, 2015 at 2:50 pm
အဟမ်းးးးး
လူလစ်တုံးဂလိုစည်းရုံးရေးမဆင်းပါနဲ့
ခင်ဇော်
February 24, 2015 at 2:52 pm
ခါတိုင်း ဒီ လို အချိန်တွေ နိ မလာတတ်ပါဘူးးး
မွသဲ ( 17082011 )
February 21, 2015 at 8:31 pm
အခုနောက်ပိုင်းအရောင်းစာရေးမတွေရဲ့အရည်အသွေးတွေကျလာတယ်။ စီးတီးမတ်မှာတောင် အရည်အသွေးမထိန်းနိုင်တော့ဘူး။ တခုခုဆိုရှာမပေးချင်တာနဲ့။ မသိတဲ့ပစ္စည်းဆို မရှာပေးပဲ ဒါမျိုးမတင်ဘူးတို့ပြောလွှတ်တာ
အလင်းဆက်
February 22, 2015 at 11:48 am
ဟုတ်တယ်။ စီးတီးမတ်လည်း အရည်အသွေး ကျလာတယ်။
တစ်ခါတစ်ခါ စိတ်တိုမိတဲ့အထိ…
ဂျက်စပဲရိုး
February 21, 2015 at 9:02 pm
ကနေ့ မနက်ပဲ gym တစ်ခု ရဲ့ reception counter ကို ရောက်လို့ မျက်လုံး စပ်စု ကြည့်လိုက်တာ။
ကောင်တာ က ဖုန်း ရဲ့ ဘေးမှာ စာကပ်ပြီး ရေးထားတယ်။
ဖုန်းဝင်ရင် ဘယ်လို နှုတ်ဆက် ဘယ်လို ဖြေ ဘယ်လို မိတ်ဆက် ရမယ်ဆိုတာ။
(Hi this is from . How may I assist you?) ဆိုပြီး။
နောက်ပြီးတော့ ဖုန်းကာဗာ သွားဝယ်တော့ ဆိုင်မှာ ချိတ်ထားတဲ့ ကာဗာလေး တစ်ခု သဘောကျလို့ ကိုင်ကြည့်နေတာကို This is expensive ဆိုပြီး ပြောခံလဲ ထိဖူးတယ်။ (ကိုယ့် ဥပဓိ နဲ့ ကိုယ် ဆိုတော့လဲ ခံရတာတောင် နည်းသေး လို့ပဲ တရားနဲ့ ဖြေပါတယ်လေ)
ဆက်ဆက် လိုချင်တဲ့ အရောင်းဝန်ထမ်း မျိုးကတော့ အတော် ရှားပါး ပစ္စည်း ဖြစ်နေပြီပဲ ခုနေခါမှာ။
အလင်းဆက်
February 22, 2015 at 8:23 am
မယုံသင်္ကာအကြည့်နဲ့ ဝယ်နိုင်ပါ့မလားဆိုတဲ့အထာတွေ ပေးနေကြတာလည်း ကြုံရပါတယ်။
ဝယ်သူဟာ အပြင်ပန်းကြည့်ပြီး ဝယ်နိုင်ပါ့မလားလို့ ကြို အထင်သေးတတ်တဲ့ ရောင်းသူတွေဟာ
ရောင်းချခြင်း အတတ်ပညာတော်တော် ညံ့ဖျင်းလို့ပါ။
တကယ်တော့ ကိုယ့်ဆိုင်ထဲ ဝင်လာသူဟာ
စုတ်စုတ်ပြတ်ပြတ် နွမ်းပါးပုံ ဖြစ်နေရင်တောင်
ရောင်းသူရဲ့မျက်နှာပေါ်မှာ မယုံသင်္ကာစိတ် ပေါ်မနေစေရပဲ
စိတ်ထဲကနေ လုံခြုံရေးစတိနဲ့ စနစ်တကျ ထုတ်ပြ ထုတ်ရောင်း ပြန်သိမ်း
.ရောင်းသူအဖြစ် ကျနော် လုပ်ခဲ့ဖူးပါတယ်။
သာမန်ဆိုင် မဟူုတ်တဲ့ ကျောက်မျက်ဆိုင်ပါ။
အဲ့ကျောက်မျက် သိန်းထောင်ချီကို လာဝယ်တတ်တဲ့သူတွေထဲမှာ ဝယ်နိုင်လိမ့်မယ်လို့မထင်ရတဲ့
နွမ်းပါးပုံတွေ အများကြီးတွေ့ဖူးတယ်။
စီးလာတဲ့ကားက သိန်းရာမကျော်ဘူး။
ဝယ်သွားတာက သိန်း ထောင်ကျော်တယ်
Taxi နဲ့လာပြီး သိန်းရာချီ ဝယ်သွားသူတွေလည်းရှိတယ်
ဝယ်နိုင်ပါ့မလားဆိုတဲ့ အတွေးနဲ့ မျက်နှာပေး မရှိသင့်ဘူး။
အတွေးရှိရင်တောင် မျက်နှာမှာ မပေါ်စေရပဲ ဖော်ရွေစွာ သတိထားရောင်းရမှာ. . .
La Yeik
February 23, 2015 at 9:12 am
အို…အဲလိုဆိုင်မျိုးက ပြန်ထွက်သွားရင် ရိုးရိုးမထွက်သွားနဲ့..ဖင်ခါပြီးသာ ထွက်သွားလိုက်…
အလင်းဆက်
February 23, 2015 at 9:27 am
တိန် တိန် (နှစ်ခါတိန်)
ဖင်ခါလို့ အနောက်က တစ်ခုခုနဲ့ ကောက်ပေါက်မှအခက်
ကောက်ပေါက်လိုက်တဲ့ပစ္စည်းက P6 တို့ iphone တို့ဆို ကိစ္စ မရှိ။ ယူသွားပြီး ထပ်ခါသွားလို့ရသေး
:k:
Kaung Kin Pyar
February 23, 2015 at 10:04 am
ဆိုင်ပိုင်ရှင်တွေရဲ့ Management Skill လဲ လိုအပ်တယ်….။ Customer တွေနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ ဝန်ထမ်းတွေကို Customer Service နဲ့ Communicationပိုင်း သင်ပေးသင့်တယ်…။ ကိုယ်တိုင်ပဲဖြစ်ဖြစ် အသိမိတ်ဆွေနဲ့ပဲဖြစ်ဖြစ်…ဆိုင်အခြေအနေနဲ့ အရောင်းဝန်ထမ်းရဲ့ ဆက်ဆံရေးကို အမြဲ သတိထား စောင့်ကြည့်သင့်တယ်…။ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်အခြေအနေကိုကအစ သိထားသင့်တယ်…။
အပြိုင်အဆိုင်တွေများလာတဲ့ ခုလိုအချိန်မျိုးမှာ…ဒီလို အသုံးမကျတဲ့ အရောင်းဝန်ထမ်းမျိုးဆက်ရှိနေတာ ကိုယ့်စီးပွားရေးကို တုတ်နဲ့ထိုးနေသလိုပဲ….။ ကိုယ်လဲ Training ပေးလို့မရ၊ Warning လဲ ပေးလို့မရတဲ့ Attitude မကောင်းတဲ့ ဝန်ထမ်းမျိုးကတော့ လွမ်းစရာမကောင်းဘူး…..။
အလင်းဆက်
February 23, 2015 at 1:51 pm
ဟုတ်ပါ့ဗျာ
အက်တီကျု အရေးကြီးပါကြောင်း
အက်တီကျုကောင်းတဲ့သူကို Management ကောင်းကောင်းနဲ့ တွန်းပေးလိုက်ရင်
ဘယ်လောက် တာသွားလိုက်လေမလဲ
အခုတော့. . .
ဗမာဈေးသည် ဈေးဆိုင်ပိုင်ရှင်တွေကိုယ်တိုင်ကလည်း
ရောက်နေတဲ့ နေရာလေးကို အဟုတ်ထင်ပြီး
စိတ်ကြီးဝင်
လိုအပ်ချက် ပြင်ဆက်ရမှာတွေ သိပ်ရုမစိုက်ကြဘူးလေ
လက်ဖက်ရည်ဆိုင် ဖွင့်တာ ဆယ်နှစ် ရှိပြီကွ ဆိုတာမျိုး လုပ်သက်ကို ုဂုဏ်ယူနေသေးတာ
လုပ်ကွက်ကဖြင့် ဒီလက်ဖက်ရည်ဆိုင်တစ်ဆိုင်က မတက်ဘူး
အဲ့လို ပိုင်ရှင်တွေလည်း များတယ်
တောင်ပေါ်သား
February 23, 2015 at 1:43 pm
လှည်းတန်းကဆိုင် ဟုတ်လား
ပြောစမ်း ဘယ်ဆိုုင်လဲ ?
ပညာသွားပေးပစ်မယ် ၊
( ဟိုကောင်မလေးဆိုင် မဟုတ်ပါစေနဲ့ ) 🙂
အလင်းဆက်
February 23, 2015 at 1:55 pm
ဆိုင်နာမည်တော့ မပြောတော့ပါဘူး။
ဝန်ဆောင်မှု ကောင်းတဲ့ ဆိုင်တော့ ပြောပြမယ်
စိတ်ကျေနပ်မှုရအောင် ရောင်းတတ်သူတေါွ
ဝန်ဆောင်မှုတွေ
စမတ်ကျမှုတွေရှိတဲ့ဆိုင်
လှည်းတန်း ဘူတာရုုံလမ်း(အင်းစိန်လမ်းမပေါ်)က
မိုဘိုင်းမားသား(Mobile Mother)
:kwi:
တောင်ပေါ်သား
February 23, 2015 at 2:04 pm
( လှည်းတန်း ဘူတာရုုံလမ်း(အင်းစိန်လမ်းမပေါ်)က
မိုဘိုင်းမားသား(Mobile Mother) )
မျက်စိလည်သကွယ် ၊ လှည်းတန်းဘူတာနားလား ?
အင်းစိန်လမ်း ဘူတာရုံလမ်းမှတ်တိုုင်နားလား ?
အင်းစိန်လမ်း နဲ့ ရွာမကျောင်းလမ်းဆုံမီးပွိုင့်ကဆိုင်မဟုတ်လား
အလင်းဆက်
February 23, 2015 at 2:17 pm
အင်း… အဲ့နားသေချာမညွှန်တတ်လို့…
အင်းစိန်လမ်းမပေါ်…ဟုတ်…
ဘူတာရုံလမ်းမှတ်တိုင်နား.. ဟုတ်တယ်…
ရွာမကျောင်းလမ်းဆုံလားဆိုတော့…မသိ…
လှည်းတန်းကနေ လမ်းလျှောက်သွားတာမို့… လှည့်တန်းထည့်ပြောမိတာ..
ဘူတာရုံလမ်းနားတော့ ဟုတ်တယ်ဗျ…
ရွာထဲက ကျော်ဟိန်းနဲ့တူတဲ့လူကြီးနေတဲ့နား…ထင်တယ်။
:k:
အဲဒါက…ဝန်ဆောင်မှု ကောင်းတဲ့ဆိုင်နော်..
ပစ္စည်းလည်း မှန်တယ်.. (ဆိုင်ဝန်ထမ်းကောင်မလေးတွေကို ပြောတာမဟုတ်)
ဈေးလည်းမှန်တယ်( ဆိုင်ဝန်ထမ်းကောင်မလေးတွေကို ပြောတာ မဟုတ်.. )
အာမခံချက်လည်း အပြည့်ပေးတယ် ( ဆိုင်ဝန်ထမ်းမလေးတွေကို ပြောတာမဟုတ်)
ဖုန်းနဲ့ အပိုပစ္စည်းများပြောပါတယ်…
:k:
Kaung Kin Pyar
February 23, 2015 at 3:33 pm
ဒါဆို နင်ပြောလိုတဲ့သဘောက အဲ့ဆိုင်က ဝန်ထမ်းကောင်မလေးတွေကတော့ ပစ္စည်းလဲမမှန်ဘူး၊ ဈေးလဲမမှန်ဘူး၊ အာမခံချက်လဲ မရှိဘူးဆိုတဲ့ သဘောလားဟေ….
ငါ သွားတိုင်မယ်…
အလင်းဆက်
February 23, 2015 at 4:54 pm
အဟိ… ။
အဲ့ဆိုင်က ကောင်မလေးတွေက ပစ္စည်းမှန်မမှန်…ဈေးတန်မတန်… အာမခံချက် ရှိမရှိ…
သေချာတောင် မစမ်းသပ်ခဲ့ပါဘူးကွယ်..
သူက မရှိဘူးဆိုတာနဲ့ ကိုယ်လည်း.. ဟုတ်ပြီ..ဆိုပြီး..လှည့်ထွက်လာခဲ့တာပဲ…
ဟို Mobile Mother က တော့..သေချာ စမ်းသပ်ခဲ့တယ်။
ကျနော့်ကို ရောင်းတဲ့ ကောင်မလေးဆို..ခပ်ချောချောလေးဗျ..
တိုင်းရင်းသူပုံစံလေး..
ပါးအို့နီနီလေးနဲ့ဆိုတာလို…
ဒီတော့..ဒီဖေကိုယ်ကလည်း.. ရိတိတိ ဆိုတာကြီး လုပ်ခဲ့သေး..
ဟေဟေ့…
(မှတ်ချက် ။ ရိတိတိ ဖြစ်သည်။ ရ ကျပ် တိတိ ဟု မဆိုလိုပါ။ ရ (ခုနှစ် နံပါတ်တွင် အဆံမပါပါ။ ရကောက်တွင် အဆံပါပါသည်။ ကျနော်က အဆံပါသော ရကောက်ဖြင့် ရိတိတိ လုပ်ခြင်းကိုသာ ဆိုလိုသည်။ ရ ကျပ်တိတ်ိ သွားလုပ်လျှင်… အဲ့ကောင်မလေးက ၈ ကျပ်တိတိ ပြန်လုပ်ထည့်လိုက်မှာကိုတော့ စိုးပါသည်။)
:k:
padonmar
February 24, 2015 at 12:31 am
ဝန်ထမ်းအများစုက အဲသလိုပဲ ဖြစ်နေကြတာတွေ့နေရတယ်။
ပိုင်ရှင်အနားရှိနေတာနဲ့ မရှိနေတာကျတော့လည်း ကွာပြန်ရော။
သခင်စိတ်မမွေးရင် ဘယ်တော့မှ သခင်ဖြစ်မှာမဟုတ်။
အလင်းဆက်
February 24, 2015 at 9:55 am
သခင်မျိုးဆိုပြီး သခင်စိတ်မမွေးနိုင်ကြဘူးလို့… တံဆိပ်ကပ် ခံရတာ..
သခင်စစ်ရင်.. ရှက်လို့ လဲသေပစ်ဖို့ကောင်း…
:k:
Ma Ei
February 24, 2015 at 3:57 pm
အဲ့ဒီ အရောင်းဝန်ထမ်းလေးတွေလည်း အလှကုန်ရောင်း ဝန်ထမ်းတွေလို အရောင်းပေါ်မှာ ကော်မရှင်ရရင်ဖြင့် ဆက်ဆက်ကိုလည်း အတင်းဆွဲ ရောင်းကြမှာပါကွယ်…
အလင်းဆက်
February 25, 2015 at 2:55 pm
အဲ့ဒါလည်း ဟုတ်တယ်ဗျ…
တကယ်တော့ သေချာစဉ်းစားကြည့်ရင်.. ငွေအတွက်တစ်ခုတည်းနဲ့ အလုပ်ကို တက်ကြွပြနေတာဟာလည်း..
လမ်းကြောင်းမှန်မဟုတ်သေးဘူးဗျ…
အလုပ်ကြောင့်…ရတဲ့ အကျိုးကျေးဇူးဟာ ငွေတစ်ခုတည်းမှ မဟုတ်တာ..
.ငွေတစ်ခုတည်းကြောင့် လုပ်နေရင်..အဲဒီအလုပ်ဟာ… သိပ်အကျိုးမရှိနိုင်ဘူးလို့..ကျနော်ယူဆတယ်။
😆
kai
February 24, 2015 at 4:20 pm
အဲလိုဆိုင်မျိုးကို.. အားမပေးပဲနေသင့်တာပေါ့..။
အားမပေးတဲ့သူများရင်.. ဆိုင်ပြုတ်မှာမို့.. ဆိုင်အပြုတ်မခံနိုင်တဲ့သူဌေးက.. ဆက်ဆံရေးမကောင်းထင်တဲ့.. ဝန်ထမ်းကိုအလုပ်ဖြုတ်ပစ်မှာပေါ့..
ပိုကောင်းတဲ့ဝန်ထမ်းခန့်မှာပေါ့..။ အဖြုတ်ခံရတဲ့ဝန်ထမ်းလည်း.. အတွေ့အကြုံတခုရမှာပေါ့…။
ဈေးကွက်စီးပွားရေးအလိုတော်အရသာ.. ဖြစ်ပါကြောင်း.. :k:
အလင်းဆက်
February 25, 2015 at 2:57 pm
ကျနော်တော့..အဲဒီလို ဝန်ဆောင်မှု ညံ့ဖျင်းတဲ့ ဆိုင်မျိုးဆို နောက်တစ်ခေါက် လုံးဝ မသွား…တော့ဘူးဆို..
:kwi:
Shwe Ei
February 25, 2015 at 3:50 pm
-အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ရမယ်ဆိုတဲ့ စိတ်ကူးမျိုး
-ပိုက်ဆံထက်..စေတနာက အဓိကကျတယ်ဆိုတဲ့ အတွေးအခေါ်မျိုး
-လူငယ်တွေ ခေါင်းထဲရောက် အောင်ရိုက်သွင်းပေးနိုင်ဖို့ လူကြီးတွေမှာ အဓိက တာဝန်ရှိပါတယ်
-အသက် ၂ဝကျော်လူငယ်တွေကို ပြောလို့နားမဝင်တော့ရင်..
-မူလတန်းခလေးတွေက စပြီးပြောပေတော့ 😛
အလင်းဆက်
February 25, 2015 at 4:11 pm
အလုပ်ကို ဝတ်ကျေတန်းကျေ လုပ်တတ်တဲ့သူမျိုး
စေတနာမထည့်ပဲ ငွေတစ်ခုထဲအတွက် လုပ်တတ်သူမျိုး
အရောင်းသမားတွေကို မြင်ရင်
ကိုယ့်အလှည့်ကျ ဒါမျိုး မဖြစ်စေရဘူးလို့ တွေးမိတာလေးက
ကိုယ့်အတွက် အမြတ်ပေါ့နော်
😆