( မက်ဒေါနား အလွမ်းပြေ )
အခါတစ်ပါး မွေးထားသည့်ခွေး
ပေးသည့်အမည်ကား မက်ဒေါနား
သနားထိုထို မျက်နှာချိုလှ
သခင့်အလိုကျ နေပြသည့်ခွေး
ဈေးအပြန်ဆို မနှေးအမြန်ကြို
မကျွေးပဲမစား ခွေးဝဲစားသာသာပေမယ့်
ရှိခဲ့တဲ့ သူ့စည်းကမ်း
အထီးအနမ်းမခံပဲ အပျိုကြီးပဲဖြစ်မယ်ကြံမှ
အိမ်ထောင်ကကျ မွေးလာရခွေးကလေး
ရ ကောင်တဲ့ဟေး
ကံမပေးတဲ့ သူ့ဇာတာ
ခွေးလေးတွေခမျာ တဖြုတ်ဖြုတ်သေ
ဝေနေတဲ့မျက်ရည်တွေနဲ့ မိခင်ရဲ့ စိတ်ပေါ့
နောက်တော့ ကလေးတွေကုန်တဲ့အဆုံး
မပြုံးနိူင်တော့တဲ့လူလို ငူမလိုငိုင်တိုင်တိုင်
ထောပတ်မလိုင်အသာထားး ဘာအစားမှ မစားတော့ပဲ
ဝမ်းနည်းပူဆွေး ကလေးစိတ်နဲ့
နှင်းကျတဲ့ တစ်မနက်မှာ
လောကထဲက သူထွက်သွား
မက်ဒေါနားရေ ့ ့ ့ ့
နှင်းဝေတဲ့ဒီမနက် မင်းမျက်နှာကိုငါတွေး
ငြိမ်းအေးကမ႓ာမှာ ရှိစေကွာ ၊
17 comments
•*¨နန်းတော်ရာသူ •*¨
February 21, 2015 at 5:01 pm
ဟယ်
သနားစရာမက်ဒေါနား
မိခင်စိတ်ပေါ့ လူမှာမှမဟုတ်
သော်ဆိုလည်း ကလေးတွေနေမကောင်းရင် ကိုယ်ပါစားမဝင်ချင်
😥
တောင်ပေါ်သား
February 23, 2015 at 10:39 am
ဟုတ်ပ သော်သော်ရေ
မြစပဲရိုး
February 21, 2015 at 6:08 pm
ခွေး ဆိုတာ တကယ် အသိရှိ တာ၊ သိတတ်တာ လို့ ယုံတယ် ကိုမျိုးရေ။
ပြီးခဲ့တဲ့ ရက်က သတင်းတစ်ပုဒ် ထဲ ရထားဘူတာ တစ်ခု မှာ ခွေးလေးတစ်ကောင် ကို တစ်နေရာမှာ ကြိုးလေးချီပြီး ပစ်ထားခဲ့တာ။
သူ့နားမှာ suitcase လေးတစ်ခု နဲ့ ရေခွက်လေးတော့ ချပေးသွားတယ်။
နောက်မှ လူတွေ သတိထားမိသွားတာ။
ခွေးလေး က မျက်ရည်တွေ ကျလို့။
အဲဒီပုံလေးကြည့်ပြီး စိတ်ထဲ မကောင်းလိုက်တာ။
မက်ဒေါနား နဲ့ သူ့ကလေးလေး တွေ ကောင်းရာဘဝ ကို ရောက်ပါစေ။
တောင်ပေါ်သား
February 23, 2015 at 10:46 am
ခွေးဟာ လူနဲ့အနီးဆုံး သတ္တဝါလို့ ပြောရမယ်ထင်တယ် အရီးရေ ၊
စိတ်မကောင်းလွန်းလို့ ဘာကောင်မှ မမွေးဖြစ်တော့ဘူး ၊
သားက ပူဆာလို့ ယုန်တစ်ကောင်ဝယ်ပေးဘူးတယ် ၊
သူ့ကုတင်ပေါ်ကအဆင်း ယုန်လည်ပင်း တည့်တည့်နင်းမိလို့ သေပါရောလား ၊
သားခမျာ ၃ – ၄ ရက်လောက် ထမင်းတောင်ကောင်းကောင်းမစားနိူင် ၊
ခင်ဇော်
February 21, 2015 at 7:57 pm
သူတို့ ကြည့်တဲ့ အကြည့်လေးတွေက အရမ်းသနားဖို့ ကောင်းတယ်။
:g:
Ma Ma
February 21, 2015 at 8:40 pm
ဓာတ်ပုံလေးကျန်နေတာကိုး။
စာဖွဲ့တာပဲ ကောင်းလို့လား
အကြည့်လေးကပဲ သနားစရာဖြစ်နေလို့လား မသိဘူး
ဓာတ်ပုံကြည့်ပြီး သခင်မပြောနဲ့ ဘေးလူအနေနဲ့တောင် ဝမ်းနည်းမိတယ်။ 😥
တောင်ပေါ်သား
February 23, 2015 at 11:59 am
ဟုတ်တယ် အမရေ
ခွေးကိုလူတစ်ယောက်လိုကို သဘောထားပြီးမွေးခဲ့တာ ၊
အင်းးးးးးးး သံယောဇဉ် သံယောဇဉ်
အလင်းဆက်
February 22, 2015 at 12:23 pm
ကွန်ပြူုတာ ဖန်သားပြင်နား တအားကပ်နေလို့ မက်ဒေါနားနှာခေါင်းက… ကိုယ့်ကို နမ်းမိမတတ်…
.ခွေးလေးတွေကိုချစ်တယ်…
.အရင်က ဖွေးသေးသေးလေးတစ်ကောင်မွေးထားတာ..ခွေးကြီးကြီးတစ်ကောင်က ကိုက်လိုက်လို့…
အနာရင်းပြီး..သေသွားတာ…
အဲ့တုန်းက…ငိုတောင် ငိုချင်ခဲ့တာ…
အဲ့တုန်းက ကိုယ်က ကလေးကိုး…
မြစပဲရိုး
February 22, 2015 at 8:38 pm
ခွေး လား ဖွေးလား။ ရှင်းရှင်းရေးပါလေ။ lol:-))))
Mr. MarGa
February 23, 2015 at 11:24 am
ခင်ဖွေး တဲ့
:mrgreenn: :mrgreenn: :mrgreenn:
အလင်းဆက်
February 23, 2015 at 3:25 pm
ဟုတ်သားပဲ
အရီးပြောမှ တွေ့တယ်
.ဖွေးဖွေးကို ဘယ်လောက် စိတ်စွဲနေတယ်ဆိုတာ
အဲ့ဒါသာ ကြည့်ပါတော့ဂျာ
:k:
black chaw
February 22, 2015 at 6:56 pm
အော်…သနားစရာ့ ခွေးဇာတ် လေးတစ်ခုပေါ့နော်…။
တစ်ချို့သော ခွေးဇာတ်လေးတွေဟာ ချစ်ဖို့ သိတ်ကောင်းတာပဲ…။
တစ်ချို့သော လူတွေကပြကြတဲ့ ခွေးဇာတ်တွေကတော့ ရွံဖို့ သိတ်ကောင်းတာပဲ…။
မက်ဒေါနားဆိုလို့ ဆက်စီဖြစ်မလားလို့ ဝင်ဖတ်လိုက်တာ
သနားစရာ ခွေးဇာတ်လေး ဖြစ်နေလို့
ဒသနလိုလို ဘာလိုလို စာသားလေးတွေနဲ့
ကွန်းမန့်ရေးချပြီးသကာလ
နှုတ်ဆက်သွားပါတယ်ဗျာ…။
သင့်…
ဘလက်ချော…။
တောင်ပေါ်သား
February 23, 2015 at 10:48 am
ကျေးဇူးပါ ကိုဘလက်ရေ
Foreign Resident
February 22, 2015 at 10:08 pm
တကယ် စိတ်မကောင်း ဝမ်းနည်းမိပါရဲ့ဗျာ ။
ကျနော့်ကို ဗုဒ္ဓဘာသာ သင်တန်း တက်ဖေါ်တွေက ၊
” ခွေး ” လေးတွေကို သိပ်မချစ်ပါနှင့်တဲ့ ။
အရမ်းချစ် အရမ်း စိတ်ဆွဲရင် ၊ နောက်ဘဝ ခွေး သွားဖြစ်လိမ့်မတဲ့ ။
အင်းးးးးး ။ ဒါပေမယ့် ။
La Yeik
February 23, 2015 at 9:10 am
ချစ်စရာရုပ်ကလေးက သနားကမားလေး….
Mike
February 23, 2015 at 11:34 am
.ကဗျာဖွဲ့ကလည်းတော်တော်ကောင်း..တော်တော်ထိမိသဗျို့
တောင်ပေါ်သား
February 23, 2015 at 2:36 pm
အဘဖောရေ
အခုတော့ ဘာမှ မမွေးတော့ပါဘူး ၊ သံယောဇဉ်များတတ်လွန်းလို့
လရိပ်ရေ
သူ့မျက်နှာကိုက အရိုးခံမျက်နှာပေးမျိုးလေး
ကိုမိုက်ရေ
ခံစားချက်ကောင်းလို့ဖြစ်မှာပါ 🙂