မှတ်မှတ်သားသား အပိုင်းအစ များ – မေမြို့
မေမြို့ က ပုံတွေနဲ့ မှတ်မှတ်သားသား စားဖွယ်များကို မခွဲတော့ ဘူးး ပေါင်းရေးလိုက်တော့မယ်။
မေမြို့မှာ စားသောက်ဆိုင် အေးအေးဆေးဆေးထိုင်ချင်ရင်…
၁)Woodlands Restaurant
၂) ဒီဇင်ဘာခြံ
အဲဒီ ၂ ခုကို ညွှန်းပါမယ်။
၁) အတွက်ကတော့ ဟို အရင်တစ်ခေါက် က ကိုယ့်ပုံက လွဲရင် ဘာ ပတ်ဝန်းကျင် အနေအထားမှ မရိုက်ဖြစ်တာ တစ်ကြောင်းး၊
ဒီ တစ်ခေါက်တော့ မရောက်ဖူးတဲ့ ဒီဇင်ဘာခြံကို ဦးစားပေးသွားရတာ တစ်ကြောင်း ဓာတ်ပုံမပါပါဘူးးး
Woodlands က မြို့ထဲမှာပါ။ ကန်တော်ကြီးကနေပြီး လားရှိုးဘက် ထွက်တဲ့ လမ်းကို မောင်းတဲ့ လမ်းပေါ်မှာတင်ပဲ ရှိပါတယ်။ မေးရလွယ်၊ သွားရလွယ်ပေါ့။ တရုတ်စာ၊ ယိုးဒယားစာ၊ အဖျော်ယမကာ အကုန်ရတာမို့ နေ့လည်စာ ညစာ စားဖို့ အိုကေပါတယ်။
ဈေးတော့ နည်းနည်းကြီးတယ်။
၂) ဒီဇင်ဘာခြံကတော့ နာမည်ပိုကြီးပါတယ်။ ရုပ်ရှင်တွေလည်း အဲဒီမှာ လာရိုက်ကြတယ် ပြောတယ်။
မေမြို့ လားရှိုးလမ်းပေါ်မှာ ရှိတယ်လို့ပြောရမယ်။ မေမြို့ အထွက် တိုးဂိတ်ကို ဖြတ်ပြီးမှ တော်တော်မောင်းရသေးတာမို့။ ဟိ။
ပတ်ဝန်းကျန် အနေအထားကတော့ အောက်တွင်ရှူ့။
အစားအသောက်ကို မရိုက်ခဲ့နိုင်လို့ ပြောပဲပြမယ်။ Light Food လိုမျိုးသာ ရတာမို့……
– နွားနို့
– ဒိန်ချဉ်
– မလိုင်
– ပူတင်း
– ကော်ဖီ
– စတော်ဘယ်ရီ
– ပေါင်မုန့် စတာတွေက ခြံထွက် အစစ်ကနေ လုပ်ထားတာဖြစ်လို့ အတော်လတ်ဆတ်ပြီး စားကောင်းပါကြောင်းး။ ထိုင်ရတာလည်း အေးစိမ့်စိမ့်နဲ့ လတ်ဆတ်သော လေ ရှူပြီး ထိုင် စားသောက်လို့ရတာမို့ စိတ်ချမ်းသာစရာကောင်းကြောင်းး။
ဝိုင် တော့ ရတယ်။ Woodlands လိုတော့ ပုလင်းထောင်လို့ မရ။





(ဥကြောင်လာရင် ပြောတော့မယ်)
မေမြို့ အပိုင်းအစ များ ဓာတ်ပုံတွေကတော့ အိုဗာ အီဖက်မို့ သည်းခံ ကြည့်သွားကြပါရန် တောင်းပန်။
:k:

😉



ကန်တော်ကြီးထဲမှာ မွေးထားတာ ၅ ကောင်လောက်ရှိတယ်။

ဂိုဏ်းချုပ် သိုင်းကျင့်တဲ့ ဝါးရုံတော

ကန်တော်ကြီး က တောအုပ်ငယ်လေးထဲမှာ။


24 comments
Mr. MarGa
February 14, 2015 at 1:29 pm
မေမြို့ကိုဆိုင်ကယ်တစ်စီးနဲ့ပတ်တုန်းက woodland ကိုရောက်တယ်
အပြင်အဆင် အစားအသောက် ကြိုက်တယ် (အဲ့မှာ ဂျီးဒေါ်နဲ့လေပန်းရင်း ဖန်ခွက်ကျကွဲတာပေါ့ :mrgreenn: )
ဒီဇင်ဘာခြံကတော့ လူစည်နေတာမို့ မဝင်ခဲ့ဘူး
ဝန်ခံရရင် ဂလောက် သွားနေတာတောင် ကန်တော်ကြီးကို မနှံသေးဘူး
တစ်ကိုယ်တော် တက်သွားတုန်းကလည်း လူရှုပ်လို့ ကန်တော်ကြီးကို ရှောင်လာတာ
အင်းးး
နောက်တစ်ခါမှ အေးအေးဆေးဆေး သွားပါဦးမယ်လေ…
Mr. MarGa
February 14, 2015 at 1:37 pm
ပြောသာပြောရ မန်းက ဒီဇင်ဘာနှစ်ဆိုင်ကို သွားမယ်လို့တွေးထားတာ ခုထိမရောက်သေးဘူး
ခင်ဇော်
February 14, 2015 at 1:39 pm
ဪ။
ဂလိုကိုးးး
ဟိဟိ။
ဒီတစ်ခေါက် ကန်တော်ကြီးကို နှံ့တယ်ပြောရမှာက ဟို ကားလေး ငှါးလိုက်ပြီး ပတ်စီးတာကိုးး
ဟီးဟီးးး
ဒါတောင် ရွှံ့ညွံ့တော တို့ မိုးပျံ လမ်းတို့ မရောက်ခဲ့ဘူးးး
အချိန်မရလို့။
မာလာလာ ခြံတွေလိုက်ကြည့်နေတာ။
ဟိ
:k:
pooch
February 14, 2015 at 2:01 pm
မနက်ဖြန်မေမြို့တက်မလို့ ခြံလည်းသွားကြည့်ရအုန်းမယ်
ဟိုခရိုနီပိုင်တဲ့ The view ရယ် governor house ရယ် ဖိုတိုရှုမလို့
မစုံသေးရင်ပြန်လိုက်ခဲ့ပါ့လား :mrgreenn:
ပုံတွေကလှတယ် ဒါပေမဲ့ ကာလာတွေ ရဲနေသလားလို့ သေချာထည့်ထားတာလား
ခင်ဇော်
February 14, 2015 at 2:30 pm
ဟယ်
အဲဒီ ၂ နေရာ မရောက်ဖူးဘူးးး
ဓာတ်ပုံတွေက အိုဗာ အီဖက် ပါဆို။
ခိခိ။
ပုံမှန်မကြိုက်တဲ့ လူမိုက်မို့။
:k:
Ma Ma
February 14, 2015 at 2:52 pm
မေမြို့ကန်တော်ကြီးကို ရောက်ဖူးတယ်။
မြင်မြင်သမျှ လှနေရောပဲ။ 🙂
မယ်ပု နောက်ထပ် ဖိုတိုရှု့မှာကိုလည်း စိတ်ဝင်စားတယ်။
ပုံတွေ တင်မှာကို စောင့်နေတဲ့သူရှိတယ်နော်လို့ အသိပေးထားတာ။ 🙂
Mike
February 14, 2015 at 2:54 pm
.ကာလာတွေက သဘာဝလွန်နေသလားလို့..အာ့ လှဝူး မမချွိရ :))
.စိတ်မဆိုးကျေးနော်
ခင်ဇော်
February 14, 2015 at 6:45 pm
ခိခိ။
မမချွိ ဓာတ်ပုံလှရင် ပြီးတာပဲ။
စိတ်ဆိုးဘူးးး ဒါတွေကစမ်းထားတာ။
:k:
Mike
February 14, 2015 at 3:04 pm
.အင်း..မေမြို့မရောက်တာတော်တော်ကြာပြီ
.၂၀၁၂ဒီဇင်ဘာက မန်းလေးသွားတော့လည်း မေမြို့မတက်ဖြစ်ခဲ့
.သွားအုံးမယ်..ဒီနှစ်
ခင်ဇော်
February 14, 2015 at 6:46 pm
ကျနော်ကပန်းပွဲတော်နဲ့ ၁ပတ်လောက် လွဲသွားတယ်။
:a:
အလင်းဆက်
February 14, 2015 at 3:21 pm
မေမြို့ သို့မှုတ် ပြင်ဦးလွင်
သွားချင်လိုက်တာဗျာ
😆
ခင်ဇော်
February 14, 2015 at 6:47 pm
ခင်ဖွေး ခေါ်သွားလေ…
မြစပဲရိုး
February 14, 2015 at 5:43 pm
၁၉၉၅ လွန်ခဲ့သော နှစ် ၂ဝ က မေမြို့ ကို ရောက်ဘူးတယ်။
မန်း ကို အလုပ်နဲ့ သွားပြီး ဝင်လည်ကြတာ။
တည်းတဲ့ ဘတ်ဂျက် တည်းခိုခန်းနားမှာ အင်ဒီရန်နွယ်ဖွားတော်တော်များတာ သတိထားမိတယ်။
တစ်ခြားတော့မသိ။
နို့မလိုင် ကတော့ အဲဒီအရသာဘယ်မှာမှ မရ တော့ဘူး။ တစ်အားစစ်တာ။
သွားတာ နိုဝင်ဘာ မို့ မေမြို့မိုးတော့ မကြုံလိုက်ဖူး။ တစ်အားတော့ အေးတာ။
ဝယ်လာတဲ့ ဆွယ်တာ ရန်ကုန်ရောက်တော့ သုံးမရတော့။
ဒီမှာတော့ စတော်ဘယ်ရီပင်လေး တွေကို အနှစ်သက်ဆုံး။
အသေအချာ စနစ်တကျ စိုက်ထားတာနော်။
အတော်အရသာရှိမယ်။
ဒီမှာတော့ အလုံးကြီး တွေ လှပြီး လုံးဝ အရသာမရှိ။
ဝါးရုံတော က ဒုတိယ။
ဆက်လိုက် ဖို့ အသင့်နော်။ :))
ခင်ဇော်
February 14, 2015 at 6:49 pm
မလိုင်မုန့်ကတော့ သများ အကြိုက်
စတော်ဘယ်ရီက အတော်ချိုတယ်။
ဒီမှာကိုရီးယားသီးတွေ ပွတတ ဘာအရသာမှမရှိ။
🙂
မွသဲ ( 17082011 )
February 14, 2015 at 9:23 pm
colourful မေမြို့ ပိုပိုလွမ်းမိ
ခင်ဇော်
February 16, 2015 at 7:24 am
တင်နေတုန်း မွသဲ လွမ်းသွားတော့မယ်လို့ တွေးးမိ
:chit:
Crystalline
February 15, 2015 at 5:35 pm
မေမြို့မှာနေချင်တယ်… မြေဈေးကမကပ်နိုင်… နိုင်တဲ့နေရာမှာတော့မနေချင်းး… 😀
ခင်ဇော်
February 16, 2015 at 7:23 am
နိုင်တာလေး အရင် ဝယ်ထားပြီး စောင့်လိုက်ရင် အိုကေပါတယ်။
:k:
Kaung Kin Pyar
February 16, 2015 at 9:47 am
သွားတုန်းက ကန်တော်ကြီးထဲ မရောက်ဖြစ်ခဲ့……။ စုံအောင် နောက်တစ်ခေါက်ထပ်လည်အူးမယ်….။
ဒီဇင်ဘာခြံတော့ ကြိုက်တယ် မချွိရေ…..အကျယ်ကြီးမှ အကျယ်ကြီး….။ ပြီးတော့ အဲ့ဒိမယ် သဘောကျတာက…စတော်ဘယ်ရီပင်က ပြောသလိုပုံနဲ့…ခူးစားရင် သတိထားပေးဖို့ သတိပေးဆိုင်းဘုတ်လေးပါပဲ…။
မချွိပုံတွေ ကြည့်ပြီး ပြန်လွမ်းသွားပြီ…..။ ထပ်သွားအူးမယ်…။
:k:
ခင်ဇော်
February 16, 2015 at 9:53 am
ဟိ။
မလေးရှားမှာ ကင်မရွန် ဟိုင်းလန်းမှာ စတော်ဘယ်ရီ ကို အဆင့်ဆင့်နဲ့ စိုက်ထားတာ ရှိတယ်ပြောတယ်။
သွားကြည့်ချင်သေးတယ်။
ကိုယ်က ဒီလောက် မြေအကျယ်ကြီး မဝယ်နိုင် မစိုက်နိုင်ရင် တခြား အိုင်ဒီယာ ယူရမှာ။
ဟိ။
:k:
ခင်ဇော်
February 16, 2015 at 9:55 am
http://bestcoolasia.com/cameron-highlands-nature-tour-strawberry-park-rose-garden-tea-plantation-malaysia-tour-packages-2d1n/
ဒါမိုးး;
းဒါမိုး
Mr. MarGa
February 16, 2015 at 10:47 am
“ဆင်ကြံ” ကြံနေသကိုးးး
Ma Ei
February 16, 2015 at 10:18 am
ချစ်တဲ့ မြို့တွေထဲ မေမြို့လဲပါတယ်…
သဘာဝ အလှကို သဘာဝကာလာလေးတွေနဲ့ဘဲလှတယ်ထင်…
စိတ်ဆိုးနဲ့နော်…
ခင်ဇော်
February 16, 2015 at 11:33 am
စိတ်ဆိုးဘူးး;
ဟိဟိ
ကိုယ်လက်တည့်စမ်းထားတာကိုယ်ပဲသိ။
:chit: