( သူ နဲ့ ကျနော် ရဲ့ အချစ်ပြဇာတ် )
၁၉၈၃ အင်းစိန်ဂျီတီအိုင်တက်တုန်းကပေါ့ဗျာ ၊
ဝင်ခွင့်ဖြေရတုန်းက ကျောင်း ဦးစားပေး အင်းစိန် ဒုတိယ မန္တလေး ၊ မေဂျာ ဦးစားပေး အမ်ပီ ဒုတိယ အီးပီ ၊
အဲသမှာ ကျောင်းက အင်းစိန် မေဂျာက အီးပီရခဲ့ပါတယ် ၊
ကျောင်းသွားရင်လှည်းတန်းဘူတာကနေ မနက် ရ နာရီ ၅ မိနစ် မြို့ပါတ်နဲ့ ၊
ငယ်ကတည်းက ကျနော့်အဖြစ်ချင်ဆုံးဟာ ရထားစက်ခေါင်းမောင်း ၊ အခုဖြစ်နေတာနဲ့ တစ်ခြားစီ ၊
အဲ အဲသလို ရထားနဲ့ကျောင်းသွားတဲ့ကျနော် တစ်နေ့သောအခါမှာ သူနဲ့ စတွေ့ခဲ့ပါတယ် ၊
မနက်ခင်း မြို့ပြင်ထွက်တဲ့ရထားမို့ ရထားက အတော်ချောင်ပါတယ် ၊
သူကကျနော်နဲ့ မျက်နှာချင်းဆိုင် ၊ ပြတင်းပေါက်ကနေအပြင်ကိုငေးနေတဲ့ သူ့မျက်နှာလေးက အလှသား ၊
နှုတ်ခမ်းနီထွေးထွေး အသားဖြူဖြူလေးနဲ့ပေါ့ ၊
ကျနော် ခိုးကြည့်တာ မြင်သွားတော့ ရှက်သွားတယ်ထင်ပါရဲ့
အမယ် သူကလည်း ကျနော့် ပြန်ခိုးကြည့်သေးသဗျ ( တကယ်ပါ )
သူ ဘယ်ကလည်း မသိသေးပေမယ့် တီစကွဲယားကြီးနဲ့မို့ ဂျီတီအိုင်ကဆိုတာတော့ သေချာတယ် ၊
ကြို့ကုန်း အာအိုင်တီကျောင်းသူတွေ ရထားနဲ့လာတာတော့ မမြင်ဖူးဘူးလေ ၊
အင်းးး ဘယ်မေဂျာကလည်းဆိုတာကတော့ သိပ်မခက်ပါဘူး ၊
အင်းစိန်ဂျီတီအိုင်မှာ မိန်းကလေးတွေဟာ စီဗဲလ် ဒါမှမဟုတ် အီးစီ ၊ ဒီ ၂ ခုပဲမို့ပါ ၊
အီးစီက မိန်းကလေးများလား စီဗဲလ်ကလားပေါ့ ၊
ရွာမဘူတာရောက်တော့ ကျနော်က သူ့နောက်မှ ဆင်းတယ် ၊ ခပ်သွယ်သွယ် ကိုယ်လုံးလေးပါလား ၊
ကံဇာတ်ဆရာများ ဘယ်လောက်ကျီစယ်တယ်ဆိုတာ အဲဒီမနက်မှာပဲ သိလိုက်ရတယ် ၊
ဘူတာကနေ လမ်းလျှောက်လာရင်း ပြည်တော်သာရုပ်ရှင်ရုံရှေ့ကနေ သူ လမ်းဖြတ်အကူး
အင်းစိန် – မင်္ဂလာဒုုံတိုင်းခန်းမသွားတဲ့ ဗိုက်ပူဘတ်စ်ကားကို ကုန်ကားကြီးကအကျော်
လမ်းလယ်ခေါင်ရောက်နေတဲ့သူ ၊ ကုန်ကားကို သူ မမြင်ဘူး ၊
သူ့အနောက် လက်တစ်ကမ်းမှာရှိနေတဲ့ကျနော်က လှမ်းအဆွဲ ၊ ဒရိုင်ဘာက ဆဲသွားသေးသဗျာ ၊
တုန်နေတဲ့ သူ့ခမျာ မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖတ်ဖြူရော်နဲ့ ၊
ရုပ်ရှင်ထဲကအတိုင်း စိတ်ကူးယဉ်မဟုတ်ပဲ တကယ်ကြီးကို တိုက်တိုက်ဆိုင်ဆိုင် ၊
ရေးရင်း ရေးရင်း လွမ်းသဗျာ
( ရုံးဆင်းတော့မှာမို့ နောက်နေ့မှ ဆက်တင်မယ်နော် )
8 comments
Kaung Kin Pyar
February 23, 2015 at 4:56 pm
.ငမ့်…လုပ်သွားပြန်ဘီ….။ ရုံးဆင်းခါနီးမှ ကပ်တင်ရသလား အူးမျိုးရဲ့….
.ရွာထဲ ပျောက်နေပြီး ခုမှ ပြန်ပေါ်လာ….ဒမယ်…လပ်ဗ်ဆင်းလေးကို…အာရုံခံနေတာ….
.အာရုံတွေတောင် ဖရိုဖရဲဖြစ်ကုန်ပြီ…..
.ပြန်လျော်ပေးးးးးး
:byee:
တောင်ပေါ်သား
February 23, 2015 at 5:00 pm
အေးကွယ် ၊ အဲသလို ဖြစ်သွားတယ်
နောက်နေ့ဆက်တင်မှာပေါ့ လို့ 🙂
အလင်းဆက်
February 23, 2015 at 5:05 pm
ဆက်တင်မယ့်အပိုင်းကို နောက်နေ့ ကျနော် ရုံးဆင်းချိန်မှာ … အင်တာနက်ဆိုင် ဝင်ဖတ်မယ်နော်..
naywoon ni
February 23, 2015 at 7:15 pm
အင်း အဲ့ လက်ဆွဲ တဲ့အခန်း Cut ဗျာ
ဦးကျောက်ခဲ
February 23, 2015 at 7:33 pm
သွေးမရှိတော့သလို ဖြူဖတ်ဖြူရော်မျက်နှာနဲ့ ကိုဂျီးမြိုးကို လက်ပြန်ကျွေးသွားတယ်လား…
ဟီ ဟိ… နက်ဖြန် ဇတ်လမ်းပြီးမှ သေချာမန့်မယ် … အခု စတိ…
:k:
Mr. MarGa
February 24, 2015 at 9:48 am
တင်ပါတော့ဗျို့
Mike
February 24, 2015 at 11:03 am
.ဂွတ်စတတ်တင်း…..
.ဟုတ်ပ်ပင်း…ဂွတ်အဲန်းဒင်း.. :k:
.ဇဂါးအတင်းစပ်…ကျုပ်ကလည်းကျောင်းတက်တုန်းတလျှောက်…ရထားနဲ့တက်လာတာဗျ…
.ကျိုက်ကလဲ့ကနေ ကြို့ကုန်းနေ့စဉ်ပေါ့…လပေးကဒ်ကမှ ကိုးကျပ် .ပဲပေးရတယ်..ဒါတောင်သက်တမ်းမှန်မှန်မတိုးပဲ..ဒိတ်ပြင်စီးကြသေး..ဟေးဟေး :k:
ခင်ဇော်
February 24, 2015 at 11:10 am
ဒီ ခေါင်းစဉ်လေးဖတ်ပြီး မနေ့က ညနေတစ်ချိန်လုံး
သန်းနိုင်ရဲ့ သီချင်းစာသားကို ညည်းနေမိတယ်။
ဒီနေ့ ဆက်ဖတ်မယ်နော်။
:k: