Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အောင်သပြေလှိုင်ဂူဆီသို့ ..

weiweiFebruary 25, 20155min46920

လွိုင်ကော်သွားလည်မယ်ဆိုရင် သွားသင့်တဲ့နေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းကနေ ဆက်သွားရပါတယ်။ ကြတ်ဂူသွားတဲ့လမ်းနဲ့ လမ်းမကြီးအတူတူဖြစ်ပြီး လွိုင်ကော်ကနေသွားမယ်ဆိုရင် အောင်သပြေလှိုင်ဂူကို အရင်ရောက်မှာဖြစ်ပါတယ်။

 

လမ်းမကြီးကနေ လမ်းညွှန်ဆိုင်းဘုတ်အတိုင်းဝင်သွားရပါတယ်။ လယ်ကန်သင်းတွေကိုဖို့ပြီး လမ်းဖောက်လုပ်လက်စမို့လို့ ကားအသေးတွေအတွက် သွားလာရခက်နေပါသေးတယ်။ ဒါပေမယ့် မကြာခင် ပြီးသွားမှာပါ။ ညနေခင်းလေးရောက်သွားတော့ လူတစ်ယောက်မှ ရှိမနေလို့  တိတ်ဆိတ်နေတယ်။ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး အဲဒီကျောင်းကနေ မီးစက်နဲ့ မီးဖွင့်ပေးပါတယ်။

 

ကျွန်မတို့လဲ ပါလာတဲ့ဓါတ်မီးတွေယူသွားပြီး ဂူထဲဝင်သွားလိုက်ကြတယ်။ ကံကောင်းတာက ဖိနပ်စီးခွင့်ပြုထားပါတယ်။ အထဲမှာ အစိုဓါတ်ရှိနေတယ်။ လေဝင်လေထွက်က ကြတ်ဂူလောက်မကောင်းပေမယ့် ပိတ်ချင်းမြှောင်ထက်တော့ ကောင်းပါတယ်။ သဘာဝကျောက်ဂူအလှကို သဘာဝအတိုင်း တွေ့နိုင်ပါတယ်။ မြင်ဖူးသမျှ ဂူတွေထဲမှာတော့ အလှဆုံးပါပဲ။ အထဲမှာ သွားလာရခက်တဲ့နေရာတွေ ရှိနေပါသေးတယ်။ ဦးဇင်းလေးတစ်ပါးက ဝင်လာပြီး လိုက်ရှင်းပြပေးပါတယ်။ လူတွေက ကျောက်ခတ်ပန်းဆွဲတွေကို ချိုးပစ်ကြတယ်တဲ့။ လက်ကမြင်းတတ်တဲ့သူတွေအကြောင်းကြားရလို့ ဒေါသဖြစ်မိသေးတယ်။

 

ဓါတ်ပုံတွေအများကြီးရိုက်ခဲ့ပေမယ့် အတတ်နိုင်ဆုံး ကျောက်ဂူအလှပေါ်မယ့် ပုံတွေကို ရွေးတင်ပေးထားပါတယ်။

 

ပုံတွေကြည့်ပြီး သွားချင်စိတ်ပေါက်လာပါစေလို့ …

 

1
1

 

2
2

 

3
3

 

4
4

 

5
5

 

6
6

 

7
7

 

8
8

 

9
9

 

10
10

 

11
11

 

12
12
13
13

 

14
14

 

15
15

 

16
16

 

17
17

 

18
18

 

19
19

 

20
20

 

21
21

 

22
22

 

23
23

 

24
24

 

25
25

 

 

20 comments

  • ခင်ဇော်

    February 25, 2015 at 2:23 pm

    ဟာ။
    ဒါမျိုးက တိုးရစ်ကို ဒေါ်လာနဲ့ဖွင့်စားရမှာ။
    ဒီမှာလေ။
    အဲလို ကျောက်ပန်းဆွဲကို သံဆိုင်းတွေနဲ့ ဆွဲပြထားတာကို လူဝင်တယ်။
    ဂစ်။

    နောက်မှ ပြအူးမယ်။

    :a:

  • တောင်ပေါ်သား

    February 25, 2015 at 2:23 pm

    မရောက်ဘူးတဲ့နေရာမို့

    မြင်ခွင့်ရတာ ကျေးဇူးပါ အမဝေဝေရေ

  • အလင်းဆက်

    February 25, 2015 at 2:32 pm

    သွားချင်စိတ် ပေါက်ပါကြောင်း။။။
    အဲ့လို ဂူတွေထဲ ဝင်လိုက်ရင်…အေးနေတဲ့ သဘာဝ အအေးအရသာလေးကို ကြိုက်မိပါကြောင်း..

  • weiwei

    February 25, 2015 at 3:00 pm

    ​နောက်​ပိုင်​း လူသိများလာရင်​ ပင်​းတယလှိုဏ်​ဂူလို မဖြစ်​ရင်​ ​တော်​ပါြပြီ။ သဘာဝအတို်​း​လေးပဲ ရှိ​စေချင်​တယ်​။င

  • Novy

    February 25, 2015 at 4:02 pm

    လွိုင်ကော်သွားတုံးက မရောက်ခဲ့တဲ့ အောင်သပြေလှိုင်ဂူကို
    ဝေဝေရဲ့ ကျေးဇူးနဲ့ ရောက်ဘူးသွားပါပြီး
    သဘာဝရဲ့အငွေ့အသက်တွေ အများကြီးခံစားရပါတယ်ရှင်

  • kai

    February 25, 2015 at 4:15 pm

    ဝေမမက.. သတ္တိကမနည်း… ဂူတိုးဝါသနာပါတယ်နဲ့တူတယ်.. :k:
    ကျုပ်မတေ့ာ ကြည့်လိုက်ရင်ကို.. မွန်းလာသလိုလို..
    လန့်တာ..။

    • weiwei

      February 25, 2015 at 7:44 pm

      ​နောက်​ထပ်​ တစ်​ဂူကျန်​​သေးတယ်​။ မိုးချုပ်​သွားလို့ မသွားလိုက်​ရဘူး။

  • Mike

    February 26, 2015 at 9:49 am

    .သဘာဝအလှတရားကို ထိန်သိမ်းထားနိုင်သေးတာဝမ်းသာစရာ..

  • Ma Ma

    February 26, 2015 at 10:09 am

    သဂျီးပြောသလိုပဲ ဝေဝေ ဂူတိုးတာ ဝါသနာပါတယ်ထင်တယ်။ :k:
    ဒီရွာထဲရောက်ခါစတုန်းကလည်း တရုတ်ပြည်က လှိုဏ်ဂူအကြောင်း တင်ဖူးတာ မှတ်မိသေးတယ်။ 🙂

  • pooch

    February 26, 2015 at 11:11 am

    လှတယ် မဝေ ထမ်ဆမ်းဂူက ဒီထက်ပိုကြီးတယ် မှတ်တာပဲ အမရယ်
    ခုသွားမရဘူ ပိတ်ထားတယ်ပြောတယ်

    အောင်သပြေဂူက သဘာဝအတို်င်းကျန်နေသေးတယ်

  • မြစပဲရိုး

    February 27, 2015 at 3:44 am

    မြန်မာပြည်ထဲ ဂူ တွေ ဘယ်နှစ်ဂူ လောက်ရှိမယ် မသိ။
    အဖွား ရဲ့ မြို့လေးမှာလဲ ဂူ အသေးလေးတွေ ရှိတယ်။
    ဝေ က ခရီး သွားများသူမို့ ဂူ တွေ ဘယ်နှစ်ဂူ ရောက်ဖူးပြီလဲ စာရင်းလုပ် ကြည့်ပါလား။
    ဂူထဲ ကကျောက်ခက်ပန်းဆွဲ တွေ က အတော်လှတာနော်။

  • black chaw

    February 27, 2015 at 7:31 am

    မဝေ ရေ…။
    ဘားအံဘက်မှာလည်း အဲ့လို ဂူတွေ ရှိတယ်ဗျ…။
    သထုံကနေ ၁၂ မိုင်ပဲ ဝေးတဲ့ နေရာမှာ
    ဘုရင်ညီနောင် ဂူ ဆိုတာ…။
    လမ်းကလည်း ကောင်းလိုက်တာ ဖြူးနေရောပါပဲ…။
    အလွန်ကြီးမားတဲ့ ကျောက်တောင်ကြီးပေါ်က သဘာဝအတိုင်း
    ဖြစ်နေတဲ့ ဂူ ပေါ့…။
    အပြင်ပန်းက စွဲဆောင်နိုင်မှု မြင့်မားပါတယ်…။
    အထဲရောက်ရင်တော့ အထူးအဆန်း ဘာမှ မရှိ…။
    ဘုရား ရုပ်ပွားတော်တွေ ရှိတာလောက်ပဲ ဦးချ ဖို့ ရှိပါတယ်…။
    ကျွန်တော် တစ်ယောက်တည်း အမြင်အရ ပြောရရင်
    ဘုရားဖူးတွေ လာချင်လောက်အောင် စွဲဆောင်နိုင်တာမျိုး
    တစ်ခုခု ရှိနေသင့်တယ်လို့ ထင်ပါတယ်…။
    နောက်…ဘားအံ နဲ့ မော်လမြိုင်လမ်းပေါ်က
    ဆဒ္ဒန်ဂူဆိုတာလည်း…အဲဒီလိုပဲ…။
    ဂူကလွဲလို့ ထူးဆန်းတာဘာမှ မရှိ…။
    လမ်းကတော့ အထဲကို အတော် ဝင်ရတယ်…။
    မြေလမ်းပဲ…။ မိုးတွင်းဆို သွားလို့ရမယ်မထင်…။
    နိုင်ငံခြားသား အတော်များများ စိတ်ဝင်တစားလာကြတာ တွေ့ရပါတယ်…။
    ဆိုတော့…။
    သဘာဝအတိုင်း ဖြစ်နေတဲ့ ကျောက်ဂူကြီးတွေ က တန်ဘိုးတစ်ခုရှိနေပါပြီ။
    တစ်ခုခု ပေါင်းထည့်ပေးလိုက်ရင်
    ပို အဆင်ပြေသွားမယ်ထင်တယ်ခင်ဗျ…။
    ကျွန်တော်လည်း ရိုက်လာခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်မလို့ပါပဲ…။
    ကော်နက်ရှင် က ဆိုးလွန်းလို့ ပျင်းလာတာနဲ့ မတင်ဖြစ်တာပါ…။
    အခုတော့ မဝေ တင်တဲ့ ပုံလေးတွေကို ကြည့်ပြီးတော့…
    တင်ချင်စိတ် ပြန်ပေါ်လာတဲ့ အတွက် ကျေးဇူးပဲဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • Mr. MarGa

    February 27, 2015 at 8:40 am

    ဂူတွေကြည့်ပြီး တွေးမိနေတာ
    ဆင်းတုတွေမထားဘဲ တခြား စိတ်ဝင်စားနိုင်မယ့် ဆွဲဆောင်နိုင်မယ့်ဟာတစ်ခုခုထားရင် ပိုကောင်းမလား လို့
    🙄 🙄

    • kai

      February 27, 2015 at 9:36 am

      သေချာတာပေါ့ကွယ်..။
      မြန်မာတွေ.. မြင့်မြင့်မြင်..ဆန်းဆန်းထင်တိုင်း.. စေတီတွေ..ဆင်းတုတွေစွတ်တည်နေတာ… တရားကိုမြင်မှငါ့ကိုမြင်တယ်လို့.. ဟောတဲ့.. ဂေါတမဗုဒ္ဓကို.. နောက်နေသလားတောင်ထင်ရတယ်..။

      “Yo kho Vakkali dhammaṃ passati so maṃ passati”
      “O Vakkali, whoever sees the Dhamma, sees me [the Buddha].”

      ဆိုတော့..
      ကမ္ဘာ့ချမ်းသာတဲ့နိုင်ငံ.. ကမ္ဘာ့တိုးရစ်ဇင်မှာသွား..ငွေသုံးများနိုင်ငံသားတွေ.. အားလုံးလိုလိုက.. ထေရာဝါဒင်.. မဟုတ်တာများပါတယ်..။

      ဥပမာ။ ။ ကိုယ်တိုင်ကထေရာဝါဒဝင်.. ငွေချမ်းသာလာလို့.. ကမ္ဘာနိုင်ငံတွေလည်လည်သွားရင်.. ဂူတဂူ…. သဘာဝအလှမြင်လို့.. ထင်လို့.. အထဲဝင်မွှေတာ..ဖိနပ်ချွတ်ရမှာနဲ့.. ဂျီဆက်စ်ခရော့စ်တွေနဲ့..
      ကျောက်တုံးတွေနဲ့.. မီးခိုးတွေ.. အမေဇုံ.. မာယာနတ်ရုပ်တွေနဲ့..
      အဲလို.. ဂူတဂူကို.. လည်လည်စိတ်ပန်းဖြေသွားမလား..တွေးကြည့်စမ်းပါ.. ကွီ..။ :k:

  • ဦးကြောင်ကြီး

    February 27, 2015 at 10:04 am

    အယာတိုလာ ခိုမ်မေနီတေလျင် မြှုပ်ချဉ်ရို့ ဂူတဂူလောက် တွေ့လျင် ပေါပါ အေတီဝမ်…။

  • ဦးကျောက်ခဲ

    February 27, 2015 at 12:11 pm

    ကလောကို အတက်… ယင်းမာပင်နားမှာ ရည်းစားဓားမြဂူဆိုတာရှိတယ်…
    အလွန်လှလို့ မင်းသားဝင်းဦးတောင် ရည်းစားဓားမြဓာတ်ရှင်ရိုက်ဖူးသတဲ့…
    လမ်းကြုံရင် အလည်သွားကြည့်ပါ … တောလမ်းတော့ လျှောက်ရမယ်…
    :k:

  • Kaung Kin Pyar

    February 27, 2015 at 12:23 pm

    ပုံ ၅နဲ့၆က ကျောက်ပန်းဆွဲလိုဖြစ်နေတာတွေ ကိုင်ကြည့်ချင်လိုက်တာ…..။ ပုံ ၂၄ကလဲ တမင်လုပ်ယူထားတာတောင် ဒီလောက်လှမယ် မထင်…။
    မဝေကို အားကျပြီး အလောင်းတော်ကဿ ပသွားခဲ့တုန်းကအကြောင်း ရေးကြည့်ချင်တာ….။ ခရီးသွားပိုစ့်တွေကို စိတ်ဝင်စားပေမယ့်…မရေးတတ်လို့…လက်လျှော့လိုက်ရတယ်…။
    🙁

    • ဦးကြောင်ကြီး

      February 27, 2015 at 1:21 pm

      ကင်းကောင်ပြာနဲ့ ဂူအောင်းချဉ်လိုက်တာ..

  • Wow

    February 27, 2015 at 4:26 pm

    ပြင်ဦးလွင်ကဂူရယ်၊ ဘုရင့်ညီနောင်ဂူရယ် ရောက်ဖူးတာ ဂူထဲဝင်ရင် အောက်ဆီဂျင်နဲတော့ အသက်ရှုကျပ်တယ်.. ပီးတော့ ဂူ မှောင်ရိပ်ထဲက ရေစီးသံတွေက စိတ်ချောက်ချားခြင်စယာ :hee:

  • မွသဲ ( 17082011 )

    February 28, 2015 at 3:57 pm

    လှလိုက်တာ စိတ်ဝင်စားတယ် သွားချင်လိုက်တာ။ ဒါပေမဲ့ဂူထဲထိဝင်ရဲသေးဘူး။ ကြောက်နေတယ်။

Leave a Reply