Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝတ်စုံမတူ – – – ရန်သူတဲ့လား

ရာမညMarch 4, 20151min58511

သူငယ်ချင်းရေ – – –

မင်းတို့က ကျောင်းတက်ခွင့်ရတဲ့ကျောင်းသားတွေပေါ့ကွာ
ငါတို့ကတော့ ကျောင်းဆက်မတက်နိုင်တဲ့ မင်းတို့အရွယ်တူကျောင်းသားမဖြစ်နိုင်တော့သူတွေပါ – – –

ကံကြမ္မာက ဒို့တွေကို စည်းခြားထားတော့ ဒီအချိန်မှာ သပိတ်မှောက်ကျောင်းသားနဲ့ သပိတ်တပ်ကိုတားရတဲ့သူတွေအဖြစ်နေကြတယ် – – –
ငါတို့ ရင်ထဲကဆန္ဒအမှန်တွေကိုရော မင်းတို့မြင်နိုင်ရဲ့လားသူငယ်ချင်း – – –
ငါတို့ရောပျော်နေမယ်ထင်သလားကွာ – – –
မင်းတို့က မိဘတွေရဲ့ထောက်ပံ့မှုအောက်မှာ ပညာတတ်တွေဖြစ်ဖို့ကြိုးစားနေချိန်မှာ ငါတို့က ထမင်းကြမ်းတနပ်အတွက် ကင်းပတ်နေရတယ်လေ – – –

မင်းတို့တွေဘွဲ့ရ ပညာတွေတတ်လာရင် မြင့်မားတဲ့ အခြေအနေတွေရနိုင်ပေမယ့် ငါတို့ကတော့ ဒီဘဝ ဒီမျှပါပဲ သူငယ်ချင်းရယ် – – –

မင်းတို့တောင်းဆိုနေတာတွေ ငါတော့ညဏ်မမှီဘူးကွာ – – –
ငါတို့အများစုက အတန်းပညာနိမ့်တော့ အတွေးအခေါ်ညံ့တယ်ပြောလဲ ခံရမှာပဲ သူငယ်ချင်းရယ် – – –
မြန်မြန်အဆင်ပြေပြီး နားလည်မှုတွေရသွားစေချင်တယ် – – –
မင်းတို့လည်း စာသင်ခန်းမြန်မြန်ဝင်ကြပီး ငါတို့လဲ လူဆိုးသူခိုးအစစ်တွေကို ဥပဒေအတွင်းကပဲ တားဆီးချင်ပါတယ် – – –

ဒီညတော့ ဒို့တွေ သူငယ်ချင်းတွေအဖြစ် နားလယ်မှုတွေတည်ဆောက်ပီး လူငယ်ပီပီ အဖြူထည်လေးနေချင်တယ်ကွာ – – –
ငါ့မှာ ကွမ်းနှစ်ယာကျန်သေးတယ် – –
ရော့ – – မင်းတရာ ငါတရာဝါးရင်း မနက်မိုးမလင်းခင်အထိ ရင်တွင်းစကားတွေပြောကြမယ်သူငယ်ချင်းရေ – – –

ပြန်တွေးကြည့်ရင် ငါရင်နာတယ်သူငယ်ချင်းရယ် – – –
မင်းတို့ ငါတို့တွေဟာ ရွယ်တူလူငယ်လေးတွေဖြစ်နေပါရက်နဲ့ မတူညီတဲ့ ဝတ္တရားတွေ တာဝန်တွေကြောင့် စည်းတခုခြားပြီး နေကြရတယ်ကွာ – – –

ငါ ဒီညကိုဘယ်တော့မှမမေ့ဘူး – – –
ငါ မိုးလင်းမှာကိုကြောက်တယ် – – –
မနက်လင်းရင် မင်းနဲ့ငါဟာ ဆန့်ကျင်ဖက်မှာ ကျောခိုင်းရတော့မယ် – – – သူငယ်ချင်းရယ် – – –

ဓတ်ပုံများက်ို ဧရာဝတီ ကမာရွတ် ကုမုဒြာ တို့မှကူးယူဖေါ်ပြပါသည် ။

IMG_257267129258595

IMG_257226426378601

IMG_256828156975304

11 comments

  • ဦးကြောင်ကြီး

    March 4, 2015 at 11:58 am

    .. ဒီမယ် ရဲမူး ယာမငြ…
    .. ယူနီဖောင်းဝတ်လုံထိန်း
    .. လခ၊ရိက္ခာ မရလျင်
    .. ပေးတာယူ
    .. ကျွေးတာစား
    .. ခိုင်းလျင်လုပ်
    .. ပြန်မပြောနဲ့
    .. အမိ်န့်အာဏာအောက်
    .. ဆက်ရှိဦးမလား
    .. သိခြင်ရဲ့….။

    .. ကျောင်းသားကွ
    .. တောင်းမစား
    .. တပြားမှမရ
    .. ပီတိစားတယ်လဲမပြော
    .. ပြည်သူ့မျက်ရည်
    .. မကြည့်ရက်လို့
    .. ကိုယ့်ကြမ္မာကိုယ်
    .. ဖန်တီးဖို့
    .. ငါတို့အားလုံးအဖေ
    .. ဦးဘဆိုတဲ့
    .. နုံခြာလှတဲ့ဘဝ
    .. လွတ်မြောက်ဖို့
    .. မိုင်ထောင်ချီခရီး
    .. ဖြတ်ကျော်နေတာ
    .. (ဒင်းရို့နဲ့)
    .. နှိုင်းအပ်မှနှိုင်း…။
    ကဗျာစာဆို ငါကွ ဦးကြောင်ကြီး

  • ခင်ဇော်

    March 4, 2015 at 12:15 pm

    လူချင်းတော့ အတူတူပါပဲ။
    ရပ်တည်တဲ့ ဘက် ကွာတာကိုး

    :a:

  • naywoon ni

    March 4, 2015 at 1:11 pm

    ဝတ်​စုံမတူလို့ မဟုတ်​ပါဘူး အစဉ်​လာ မဖျက်​ချင်​သူ​တွေရဲ့ အတ္တကြီးမှု​တွေပါ ။ ဒီမိုက​ရေစီ စစ်​စစ်​လိုချင်​ရင်​​တော့ ဓ​လေ့ ထုံးတမ်​း စဉ်​လာ တစ်​ချို့ က ဖြတ်​ချိုးခံရမှာပဲ ။ ဓ​လေ့ ထုံးတမ်​းစဉ်​လာ တစ်​ချို့ မဖျက်​သိမ်​းပဲ ဒီမိုက​ရေစီ မဖြစ်​နိုင်​ပါဘူး ။

  • ရဲဆိုတာလည်​း ပြည်​သူ့ဝန်​ထမ်​းပါ။
    ​ကျောင်​းသားသပိတ်​လိုက်​မဝိုင်​းချင်​ဘူးလို့ ငြင်​းဆန်​ခွင်​့မရှိသလို ​ကျောင်​းသားမိဘ အစ်​ကို​တွေလည်​း တပုံကြီးပါမှာပါ။သူ့တာဝန်​သူထမ်​း​နေသူနဲ့ မထမ်​းရ​သေးသူ​တွေကြား ဘာမှ မျက်​နှာငယ်​စရာမရှိ။ယုတ်​ညံ့သူနဲ့ မြင်​့မြတ်​သူလို့ ခွဲစရာကိုမလို။အဓိကက သိမ်​းကြုံးရမ်​းတတ်​တဲ့လူ​တွေအမြင်​ပါပဲ

  • မြစပဲရိုး

    March 4, 2015 at 2:38 pm

    ဒီနေ့ ဟာ ၈၈ လို မဟုတ်တော့တာ ကို အဲဒီလို အားလုံးကြွပြီး ပါမလား မျှော်နေတာ ကိုက လွဲ နေတာ။
    ဘာဘဲ ဖြစ်ဖြစ် အေးအေးချမ်းချမ်း နှစ်ဖက်လုံး မနာဘဲ ပွဲပြီးသွားတာဘဲ မြင်ချင်ပါတယ်။
    အစွန်းနှစ်ဖက် သမားတွေ ကတော့ ပွဲကြမ်းဖို့ ဆုတောင်း နေမှာ။
    နှစ်ဖက် လို့ ပြောတယ်နော်။

  • ဦးဦးပါလေရာ

    March 4, 2015 at 3:18 pm

    .သပိတ်နဲ့ပတ်သက်ပြီးမန့်ချင်လို့ ပိုစ့်လိုက်ရှာနေတာ ဒီမှာပဲ ပြောတော့မယ်…
    …..
    .တကယ်တော့ ကျုပ်က ဒီသပိတ်မှောက်တဲ့ အချိန်အခါကိုလဲမကြိုက်ဘူး
    .မှောက်ရမယ့် အနေအထားလို့လဲမထင်ဘူး..
    .သူတို့တောင်းတဲ့ ၁၁ ချက်ဟာ သူတို့တကယ်တောင်းတာလို့လဲ မယုံဘူး..
    .အဲသည် ၁၁ ချက်ထဲက အများစုအတွက် အခု အချိန်တန်ပြီလို့လဲမယူဆဘူး…
    .ဒီသပိတ်ကြောင့် တိုင်းပြည်/ ဒီမိုကရေစီရေး/ ကျောင်းသားအရေး တစ်ခုခု အမြတ်ထွက်မယ်လို့လဲ မထင်ဘူး
    .(အရှုံးပေါ်တယ်လို့ပဲထင်တယ်)
    ………..
    ..
    .အဲဒါ ထားပါတော့…
    .အခုမှတော့ ဒီအခြေဆိုက်နေပြီ
    .ကလေးတွေရော လူလတ်တွေရော လူကြီးတွေရော နေပူထဲ ဒုက္ခများနေပြီ..
    .ကျောင်းသားတွေရော ကျောင်းထွက်တွေရော ကျောင်းသားအဖေအရွယ်တွေရော အကုန် ကျုပ်တို့ နိုင်ငံသားများပါပဲ…
    .အခု သူတို့ကို ထွက်ပေါက်တစ်ခုခု ဖန်တီးပေးသင့်ပြီလို့
    .အစိုးရဖက်ကိုရော အစိုးရကို အကျပ်အတည်းဖြစ်အောင်လုပ်တဲ့ဖက်ကိုရော တိုက်တွန်းချင်မိတယ်..

    ..
    .ဒီပုံမျိုးနဲ့ ဒီလူတွေနဲ့တော့
    .ခြေဥလဲ ပြင်ဖြစ်ဦးမယ်မထင်
    .တမတ်သားလဲ ဒစ်စကောင့်ချဦးမယ်မထင်
    .ဘပြောင်တို့လဲ နဲနဲလေးမှ ထိုင်ခုံလှုပ်ဦးမယ်မထင်….
    .ဦးပါလေရာလဲ သေတဲ့အထိ ဒီမိုကရေစီအရိပ်အယောင်လေး မြင်ရတော့မယ်မထင်……
    :buu:

  • ဦးဦးပါလေရာ

    March 4, 2015 at 3:27 pm

    .နကိုကတဲကမှ ရဲထဲဝင်ချင်တဲ့လူရှားလွန်းလို့
    .နယ်ထိန်းဆရာကြီးတွေကို တစ်နှစ်ဆယ့်နှစ်ယောက်ခွဲတမ်း ချထားရတဲ့အထဲ
    .(တကယ်တော့ တစ်နှစ် တစ်ယောက်နှစ်ယောက်တောင် အနိုင်နိုင် မနည်းဝယ်ထည့်ထားကြရတာ။ အဲဒါလဲရဲတပ်ရင်းမရောက်မချင်း သူ့ဒါဏ်ကို ကြိတ်မှိတ်ခံကြရတာ…။)
    .ဒီလိုမျိုးဓါတ်ပုံကလို့အပ်တွေရိုက်ပြီးသာ အွန်လိုင်းကြပ်ကြပ်တင်
    .နောင်ကို ရဲမရှိတော့ပဲ လူမိုက်တွေချည်းပဲ တပိုင်စားပေးအုပ်ချုပ်ရတဲ့ခေတ်ရောက်ဦးမယ်…
    ………
    ..ရဲကို တော်တော်မုန်းကြ ဆဲချင်ကြတယ်ဟုတ် ….

  • padonmar

    March 4, 2015 at 8:48 pm

    တခုတော့ရှိပါတယ်။
    Image ဆိုတာ အဲဒီ ယူနီဖောင်းဝတ်တဲ့သူအများစု ပြုမူ ပြောဆိုနေထိုင်တဲ့ အတိုင်းထင်ပါတယ်။
    ရဲထဲလည်း ကောင်းတဲ့သူ၊သနားစရာလူတွေ ရှိမှာပါ။
    ဒါပေမယ့် နောက်လူ အများစုက ရဲထဲဝင်ရင် ဒုက္ခရောက်သူကို ငွေညှစ်လို့ ရမယ်ထင်ပြီး ဝါသနာမပါပဲ ဝင်ကြတဲ့သူတွေ များလာတယ်။အဲတော့ အများက မကောင်းမြင်တော့တာပဲ။
    အကောင်းမြင်စေချင်ရင် အဲဒီ ယူနီဖောင်းဝတ်ထဲ ကောင်းတဲ့လူတွေ များများဖြစ်လာဖို့ လိုပါတယ်။

  • Foreign Resident

    March 5, 2015 at 6:00 am

    အမှန်ကိုဘဲ ၊ ဒဲ့ပြောရရင် ၊
    ဝတ်စုံ မတူ လို့ ရန်သူ ဖြစ်နေကြတာ မဟုတ်ပါဘူး ။
    လုပ်ပုံ ( တွေးပုံ ) မတူလို့ ရန်သူ ဖြစ်နေကြတာပါ ။

    ရဲသားတို့ ၊ စစ်သားတို့ ဆိုတာ အကြမ်းဖျင်း ပြောရရင် ကြေးစားဘဲလေ ။
    ကိုယ် ရနေတဲ့ ပိုက်ဆံ ( အခွင့်အရေး ) နှင့် ၊ ကိုယ် လုပ်နေရတဲ့ အလုပ် ၊
    တန်တယ် ထင်ရင် ၊ လုပ်သင့်တယ်ထင်ရင် ၊ ကျေနပ်ရင် ဆက်လုပ်ပေါ့ဗျာ ။
    မတန်ဘူး ထင်ရင် ၊ မလုပ်သင့်ဘူးထင်ရင် ၊ မကျေနပ်ရင် ဆက်မလုပ်နှင့်ပေါ့ဗျာ ။
    ဒါပါဘဲ ။ ရှင်းရှင်းလေးပါ ။

    အဲ ၊ ခင်ဗျား မကျေနပ်လို့ ဆက်မလုပ်ချင်လို့ ထွက်ခွင်တောင်းလို့ ၊
    ထွက်ခွင့် မပေးဘူး ဆိုရင်တော့ ။ ဒါဟာ မတရားမှုဘဲ ။
    အဲလို မတရားမှု လုပ်တဲ့ အဖွဲ့ဆိုရင်တော့ ဆန့်ကျင် တော်လှန်ပေါ့ဗျာ ။
    ဒါပါဘဲ ။ ရှင်းရှင်းလေးပါ ။

    ထပ်ကွန့်ရရင် ၊ ရဲ ဆိုတာ မြန်မာပြည်မှာ ခေတ်အဆက်ဆက် ၊
    လူအများ အမုန်းခံခဲ့ရတဲ့ အဖွဲ့အစည်းဘဲလေဗျာ ။
    အဲဒီ လူမုန်းတဲ့ အဖွဲ့ကြီးထဲကို သိသိကြီးနှင့် ခင်ဗျား ဝင်ခဲ့တာဘဲလေ ။
    အခုမှတော့ သိပ်ခံစားမနေပါနှင့်တော့ဗျာ ။ ကိုယ့်ရွေးချယ်မှု ဘဲလေ ။

    အေး ၊ ခင်ဗျား ကြံဖန်ပြီး ဝမ်းသာချင်ရင်တော့ တစ်ခုတော့ ရှိတယ် ။
    အဲဒါက ၊ ရဲ ကို မုန်းတဲ့ အထဲမှာ ကျနော်တော့ မပါဘူးဗျ ။
    ကျနော် က ရဲ တွေကို သနားနေတာ ။ ကိုယ်ချင်းလဲ နဲနဲစာမိတယ် ။

    ပြီးခဲ့တဲ့ အပါတ်က ကျနော့် အဖေနှင့် ရဲစခန်းကို ကိစ္စ တစ်ခုနှင့်သွားတော့ ၊
    သူတို့လဲ ကူညီရှာပါတယ်လေ ( ကျနော်တို့ကို မို့လို့လား မသိ ) ။
    ကိစ္စ ပြီးတော့ ၊ အဲဒီက ရဲအုပ်ကို ဘာမှ မဆိုင် ၊ လိုလဲ မလို ဘဲနှင့် ၊
    ဘလိုင်းကြီး ငွေ ၁၀၀၀ဝ ပေးခဲ့တယ် ။ ရဲ ကို သနားလို့ ။

  • တောင်ပေါ်သား

    March 5, 2015 at 9:57 am

    ကျောင်းသားက ဘာအော်အော် ဘာတောင်းတောင်း
    မျက်စိစုံမှိတ် ထောက်ခံတဲ့အထဲ ကျုပ်မပါဘူး ၊
    လက်ရှိ လက်ပံတန်းသပိတ် ကျောင်းသားတွေနောက်မှာ ဘယ်သူတွေရှိနေသလဲ ၊
    ၈၈ တုန်းကလို ဗကပအကြွင်းအကျန်တွေပါပဲ ၊
    ဒီကဗျာနဲ့ ပတ်သက်လို့ပြောရရင် ( နိူင်ငံရေးခံယူချက်တွေ ဘာတွေ ဘေးဖယ်လိုက်ရင် )
    တကယ်ခံစားရတဲ့ကဗျာ ၊
    ဟိုးတုန်းက ကျုပ်သူငယ်ချင်း နှစ်ယောက်
    တစ်ယောက်က စစ်တပ်က တစ်ယောက်က ကေအိုင်အေ
    သူငယ်ချင်းတွေ ဘာတွေနားမလည်ဘူး
    တိုက်ပွဲမှာ တွေ့ရင်တောာ့ ဦးအောင် ပစ်ရမှာပဲပေါ့ ၊

  • Alinsett@Maung Thura

    March 6, 2015 at 7:39 pm

    ဝတ်စုံမတူလို့ ရန်သူဖြစ်ရတာထက်
    ဝတ်စုံတူပီး အကြံတူ ငါ့ရန်သူကွဆိုတာတွေက ပိုဆိုး
    ဘမာပျီမှာ တပုံကြီး
    ဝတ်စုံတူ
    ဦးတည်ချက်တူ
    လုပ်ဆောင်ချက် အတူတူနေရင်း
    ရန်သူ ဖြစ်နေတာတွေ
    အံ့ဩစရာ အိုဘယ့်ဘမာပျီ
    a he

    :k:

    ဘာရယ်မဟုတ်ဘူး။ ၁၂ ကျပ်ရအောင် ထင်ရာမြင်ရာ ဝင်ရေးတာ
    တခြားလည်း ရေးစရာနေရာ မကျန်တော့ဘူး
    သဂျီးကလည်း
    ပို့စ်တစ်ပုခ်ထဲ ကွန်မန့် ဘယ်နခုရေးရေး တစ်ခုစာအတွက်ပဲပေးတော့
    ကွန်မန့် မပေးရသေးတဲ့ပိုစ့်ပဲ လိုက်ရှာဖတ်ရ ပေးရတော့တာပဲ

    :kwi:

Leave a Reply